Thursday, July 30, 2009

The Best Friend Library မိတ်ဆွေကောင်းစာကြည့်တိုက်

The Best Friend Library
မိတ်ဆွေကောင်းစာကြည့်တိုက်
ဦးဆောင်ဆရာတော်အရှင်ဣဿရိယ၏မွေးနေ့အမှတ်တရ
ကဗျာ နှင့် ဆောင်းပါးပြိုင်ပွဲ
မိတ်ဆွေကောင်းစာကြည့်တိုက်၏ဦးဆောင်နာယကဆရာတောအရှင်ဣဿရိယ၏
(၃၄)နှစ်ပြည့်မွေးနေ့အခမ်းအနားကို၂၀၀၉ ခုနှစ်၊ စက်တင်ဘာလ (၃)ရက်၊ ကောဇာသက္ကရာဇ်
၁၃၇၁ခုနှစ်၊တော်သလင်းလပြည့်နေ့တွင်ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ထိုမွေးနေ့ အမှတ်တရ
အတွက်ကဗျာနှင့်ဆောင်းပါးပြိုင်ပွဲများကိုထိုင်းနိုင်ငံရွှေ့ပြောင်းအလုပ်သမားများနှင့်ကျောင်းသား ကျောင်းသူများအားကျင်းပပေးမည်ဖြစ်ပါ၍၀င်ရောက်ယှဉ်ပြိုင်လိုသူများသည် ၂၀-၈-၂၀၀၉ ရက်
နေ့နောက်ဆုံးထား၍ စာမူများအား မိတ်ဆွေကောင်းစာကြည့်တိုက်သို့လာရောက်ပေးပို့ကြပါရန် အသိပေးကြေငြာအပ်ပါသည်။
ဆုပေးပွဲကိုဆရာတော်အရှင်ဣဿရိယ၏မွေးနေ့ပွဲတွင်ပေးအပ်ချီးမြှင့်မည်ဖြစ်ပါသည်။

ကဗျာနှင့်ဆောင်းပါးပြိုင်ရန် စည်းကမ်းချက်များ
၁။ကဗျာ၊ဆောင်းပါးများသည်ကိုယ်တိုင်ရေးစာမူများဖြစ်ရပါမည်။
၂။ဆောင်းပါးသည်A4 (သို့)လျှောက်လွှာ(၃)မျက်နှာခန့်အနည်းဆုံးရှိရမည်။
၃။မိမိကြိုက်နှစ်သက်သည့်ခေါင်းစဉ်ဖြင့်ရေးသားနိုင်သည်။
၎။သတ်မှတ်ထားသည့်၂၀-၈-၂၀၀၉ရက်နေ့အရောက်ပေးပို့ရပါမည်။
အသေးစိတ်သိရှိလိုပါကဆက်သွယ်ရန်
မိတ်ဆွေကောင်းစာကြည့်တိုက် ‚ 084 594 7752
ဘန်ခွန်လမ်း ‚ 085 707 1429
မဲဆော်ဈေးနှင့်မက်ခိုကုန်တိုက်ကြား ‚ 087 414 6521

Wednesday, July 29, 2009

သွေးကြောင်ရင်ဘေးရှောင်နေလိုက်

အာဇာနည်ပီသသည့်သင့်ရဲ့ သွေး
သတ္တိသွေးရဲရဲမွေးလော့
ဒီတခါနွှဲမဲ့သပိတ်
နောက်ဆုံးပိတ်မို့ 
သင့်ရဲ့ သွေး နီမနီ
အာဇာနည် ပီမပီ
ဒို့ သိချင်ပြီ။

သင့်သွေးမနီလို့ အာဇာနည်မပီသရင်
ဝါကျင့်ကျင့်သင့်သွေးရောင်
သွေးကြောင်ရင်
ဘေးရှောင်နေလိုက်
သင်လိုလူမိုက် ဒို့ နဲ့ မလိုက်လဲ
ဒို့ ကတော့
ဒို့ သံဃာတွေအတွက်
ဒို့ ကျောင်းသားတွေအတွက်
ဒို့ ပြည်သူတွေအတွက်
ဒို့ သွေးတွေပေးကာဆပ်
ဒို့ အသက်တွေပါ ထွက်ပါစေ
ဒို့ ဘဝကိုပေးကာဝေမည်
အာဇာနည်ပီသသူတို့ ရဲ့ သွေး
ရဲရဲနီသည် ရဲရဲမွေးသည်
လိုက်ရဲတဲ့သူ လိုက်ကြလော့………..။

မင်းသုည(ကွမ်းခြံကုန်း)

မိုက်သူတို့ရဲ့သွားရာလမ်း

မိုက်သူတို့ ရဲ့ သွားရာလမ်း

တို့ ပြည်သူတွေရဲ့ ဘဝကြမ္မာရိုင်း

မေ (၂)ရက် နာဂစ်မုန်တိုင်းကြောင့်

သေသူတွေသေ ကြေသူတွေကြေကြ

သန်းနဲ့ ချီတဲ့ပြည်သူတွေရဲ့ ဘဝ

ရေမှာခကြရ မြေမှာခကြရပေါ့---

ကယ်သူမဲ့ ဆယ်သူမဲ့တို့ ရဲ့ ဘဝ

ဒုက္ခတွေ ဗလပွနဲ့ 

သေမဲ့ ရက်ကိုလက်ရေချိုး

ကယ်မဲ့သူကို မျှော်ကိုးရင်း

ရင်းလိုက်ရတဲ့ အသက်တွေ

ရေလို့ ပင်မရ ဆုံးရှုံးကြရပေါ့---

သြော် န.အ.ဖ- န.အ.ဖ

ဘယ်သူတွေ ကြွကြွ

ဘယ်သူတွေ ဒုက္ခရရ

ဘယ်သူသေသေ ငတေမာရင်ပြီးရော

ထင်ရာပြောပြီး

နာဂစ်မှာဒုက္ခရောက်သူ ပြည်သူကိုလျစ်လျှူရှုပြီး

မိမိအာဏာတည်မြဲရေးသာအဓိက

ဒါဟာပဓါနဆိုပြီး

ထောက်ခံပွဲကို ဇွတ်တင်းနွှဲခဲ့ကြတယ်။

မည်သူမှ မထောက်ခံတဲ့မဲ

ထောက်ခံမဲပါဆိုပြီး

ကမ္ကာကို လိမ်ကာပြ

သြချလောက်ပါရဲ့ ---

ပြည်သူအချင်းချင်း ဝိုင်းကာကူ

နာဂစ်ပြည်သူကို

ပေးကြကမ်းကြ စွန့် ကြဲကြတဲ့ 

မြန်မာတွေရဲ့  မွန်မြတ်တဲ့စိတ်ဓာတ်

ကမ္ကာ့မှတ်ကျောက်စာရင်းတင်လောက်ရဲ့ 

ဒါပေမဲ့ ….န.အ.ဖ

သူများတွေလှူထားတဲ့ ..ဒါန

ဒုက္ခိတတွေ ပါးစပ်ထဲက

စွဲယူထုတ်လို့  ဝါးကာမျိုချ

ရိုင်းစိုင်းယုတ်မာကြပေါ့---

ကြွေတလှည့် ကြက်တခုန်

ဗုံလုံတလှည့် ငါးဖျံတလှည့်

မှန်ကင်းတလှည့် ထင်းတလှည့်မို့ 

ကိုယ့်အလှည့်ကျ မနွဲ့စတမ်း

လာမဲ့လမ်းဟာ လက်တကမ်းမှာမို့ 

ဒီတခါ ကိုယ့်အလှည့်ကျ

ရဲရဲသာခံ ကြပေရော့……

မင်းတို့ အတွက် မဟာအဝီစိ

အစဉ်အမြဲရှိတယ်

မိုက်သူတို့ ရဲ့ သွားရာလမ်း။ ။





မင်းသုည(ကွမ်ခြံကုန်း)

(နာဂစ်တစ်နှစ်ပြည့် နှစ်ပတ်လည်)

Sunday, July 26, 2009

မင်္ဂလာပါ

အားလုံးကို ကြိုဆိုပါတယ်