Friday, November 27, 2009

သံဃာတော်များ ဆက်လက်ဖိနှိပ်ခံနေရ

Friday, 27 November 2009 19:24 ဧရာဝတီ
သံဃာများ ဦးဆောင်သော ၂၀၀၇ခုနှစ် ဆန္ဒပြမှုများကို လက်တုံ့ပြန်သည့် အနေဖြင့် စစ်အစိုးရက ရဟန်းသံဃာများကို ဆက်လက် ဖိနှိပ်လျက် ရှိသည်။ စစ်အစိုးရသည် တရားပွဲများကို ပိတ်ပင်ခြင်း ၊ ခရီးသွားလာမှုများအပေါ် ကန့်သတ်ခြင်း စသည့် နည်းလမ်းများဖြင့် သံဃာများကို ဆက်လက် ဖိအားပေးနေသည်။


[၂၀၀၇ ခုနှစ်က ရန်ကုန်မြို့မှ ဆန္ဒပြ သံဃာများကို အာဏာပိုင်တို့ ချေမှုန်းခြင်း မပြုမီ တွေ့ရသည့် မြင်ကွင်းတခု] သံဃာတို့၏ မိသားစုဝင်များလည်း ဖိအားပေးခံနေရသည်ဟု ပြည်ပရောက် သံဃာတပါးက ဧရာဝတီသို့ မိန့်ကြားသည်။

“ဦးပဉ္ဇင်းမိဘတွေက မြို့နယ်အာဏာပိုင်တွေဆီကို လစဉ် သွားပြီး လက်မှတ်ထိုးရတယ်၊ ပြီးတော့ ဦးပဉ္ဇင်းဆက်သွယ်တာနဲ့ သူတို့ဆီကို အကြောင်းကြားရမယ်လို့လည်း အမိန့်ပေးတယ်။ ဦးပဉ္ဇင်းမိဘတွေကို အလုပ်ထုတ်ပစ်ဖို့ အလုပ်ရှင်ကိုလည်း ဖိအား ပေးခဲ့သေးတယ်” ဟု အိန္ဒိယအခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာကိုယ်စားလှယ်အဖွဲ့ (ABMRC) အတွင်းရေးမှူးဖြစ်သူ အရှင်ထာဝရက ဧရာဝတီသို့ ပြောပြသည်။

သက်တော် ၂၆ နှစ်ရှိ အရှင်ထာဝရသည် ဆန္ဒပြပွဲများအတွင်း ဦးဆောင်လှုပ်ရှားခဲ့ပြီး ABMRC ကို စတင် တည်ထောင်ခဲ့သည့် သံဃာတပါးဖြစ်သည်။

“၂၀၀၈ ဖေဖော်ဝါရီမှာ အာဏာပိုင်တွေက ဦးပဉ္ဇင်းပိုင်ဆိုင်သမျှ ပစ္စည်းအားလုံးကို သိမ်းသွားခဲ့တယ်၊ အဲဒီကတည်းက ဦးပဉ္ဇင်း သီတင်းသုံးတဲ့ ရန်ကုန်၊ သင်္ဃန်းကျွန်း ဇေယျသိဒ္ဓကျာင်းက သံဃာတော်တွေကို ကျောင်းကနေ ထွက်သွားဖို့ ဖိအားပေးခဲ့တာ အခုဆိုရင် ကျောင်းမှာ ဘုန်းကြီးအိုကြီးတပါးပဲ ကျန်တော့တယ်” ဟု အရှင်ထာဝရက ပြောသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့၌ စစ်အစိုးရက ဆန္ဒပြသူများကို နှိမ်နင်းသဖြင့် သံဃာ အများအပြားသည် ဖမ်းဆီးခံရမှုမှ လွတ်မြောက်နိုင်ရေးအတွက် ၎င်းတို့ သီတင်းသုံးရာ ကျောင်းတိုက်များမှ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။ နိုင်ငံမှ စွန့်ခွာခဲ့ရသည့် သံဃာများလည်း အများအပြား ရှိသည်။

တရားဝင် ထုတ်ပြန်ထားသော အချက်အလက်များအရ မြန်မာနိုင်ငံတွင် သံဃာ အရေအတွက် လေးသိန်းကျော် ရှိကြောင်း သိရသည်။ ဗုဒ္ဓဘာသာ ကိုးကွယ်သူ အများစု နေထိုင်သည့် မြန်မာပြည်တွင် သံဃာများသည် ယုံကြည်ကိုးစားမှု အခံရဆုံး ပုဂ္ဂိုလ်များ ဖြစ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး (ABMA) ကို စတင် တည်ထောင်ရာတွင် ပါဝင်ခဲ့သည့် အရှင်ဣဿရိယ က “စစ်အစိုးရက သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာကို ဖိနှိပ်စော်ကားနေတုန်းပဲ။ အခု လက်ရှိ သံဃာ အပါး ၂၅၀ ကျော်၊ သီလရှင် အပါး ၂၀ အဖမ်းခံထားရတယ်” ဟု ဆိုသည်။

သာသနာရေးဝန်ကြီးဌာနသည် သံဃာ့ မဟာနာယကအဖွဲ့မှတဆင့် သံဃာများကို ထိန်းချုပ်ထားသည်။ သံဃာများ ခရီးသွားလာခြင်း၊ တရား ဓမ္မ ဟောကြားခြင်း တို့နှင့် ပတ်သက်ပြီး ကန့်သတ်သည့် အမိန့်များကိုလည်း ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့ရှိ ရွှေည၀ါ ဗုဒ္ဓတက္ကသိုလ် ဋ္ဌာနမှူး အပါအ၀င် သံဃာတချို့သည် တရားဟောကြားခြင်း မပြုရန် တားမြစ်ခံထားရကြောင်း သိရသည်။

“ရွှေည၀ါဆရာတော်က သူ့ရဲ့ ‘တကယ့်လွတ်လပ်ရေး’ နဲ့ ‘မတရားမလုပ်ကြပါနဲ့’ အခွေတွေကြောင့် မနှစ် ကတည်းက ရန်ကုန်မှာ တရားပွဲတွေ အပိတ်ခံထားရတာ။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့တုန်းက လှည်းတန်းနဲ့ ကြည့်မြင်တိုင်မှာ လပြည့်နေ့ တရားပွဲတွေ လုပ်တော့လည်း ဆရာတော်ဟောဖို့ အပိတ်ခံရသေးတယ်” ဟု ရွှေည၀ါ၌ ပညာသင်ယူခဲ့သည့် ရဟန်းတော်တပါးက ဧရာဝတီသို့ ပြောပြခဲ့သည်။

သာသနာရေးဝန်ကြီးဌာနက သံဃာများ ပြည်ပခရီးသွားရောက်နိုင်ရေး အတွက် လိုအပ်သည့် အထောက်အထား စာရွက်စာတမ်းများ ထုတ်ပေးမှုကို ရပ်ဆိုင်းထားကြောင်းလည်း သိရသည်။

“အခုဆိုရင် အာဏာပိုင်တွေက သံဃာတော်တွေကို အနီးကပ် စောင့်ကြည့်နေကြတယ်၊ ပြီးတော့ ဗီဇာနဲ့ စကောလားရှစ်တွေ ရဖို့လည်း သိပ်ကိုခက်နေတယ်” ဟု ရန်ကုန်တွင် သီတင်းသုံးသည့် အရှင်ပညာသာမိက ဆိုသည်။ သူ၏ မိတ်ဆွေများကိုလည်း အာဏာပိုင်တို့က ဖိအားပေးနေသည်ဟု သိရသည်။

“ဆန္ဒပြပွဲတွေတုန်းက ပါခဲ့တဲ့ ဦးပဉ္ဇင်းရဲ့ မိတ်ဆွေတချို့ ဆိုရင် ဦးပဉ္ဇင်းနဲ့ ခပ်ခွာခွာနေကြပြီးတော့ အခုဆို လူဝတ်လဲသွားကြပြီ၊ ဒေါပုံက ဘုန်းကြီးကျောင်းမှာ ရှိတဲ့ ဦးပဉ္ဇင်း ပိုင်ဆိုင်သမျှ ပစ္စည်းအားလုံးလည်း အသိမ်းခံရတယ်” ဟု ၂၀၀၇ ဆန္ဒပြပွဲများအတွင်း ဦးဆောင်ပါဝင်ခဲ့သူ အရှင် နေမိန္ဒက မိန့်ကြားသည်။

မန္တလေးတိုင်းမှ ကျောင်းထိုင်ဆရာတော်တပါးက “အရပ်ဝတ်နဲ့ လုံခြုံရေးအရာရှိတွေက တချို့ သံဃာတော်တွေနဲ့ ဘုန်းကြီးကျောင်းတွေကို အနီးကပ်စောင့်ကြည့်နေကြတာ” ဟု ဧရာဝတီသို့ ပြောဆိုခဲ့သည်။

မန္တလေးတိုင်းအတွင်း သံဃာတော်များနှင့် အဆက်အသွယ်ရှိသည့် လူငယ်လေးဦး စက်တင်ဘာလတွင် အထိန်းသိမ်းခံခဲ့ရကြောင်း မန္တလေးရှိ ကျောင်းထိုင် ဆရာတော် တပါးထံမှ သိရသည်။

“သူတို့မိသားစုနဲ့ ဆွေမျိုးတွေကတော့ သူတို့အခုဘယ်မှာ ရှိနေသလဲဆိုတာ မသိကြဘူး” ဟု အဆိုပါ ကျောင်းထိုင်ဆရာတော်က မိန့်သည်။

အာဏာပိုင်များသည် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည့် ဦးအိန္ဒကကို ဖမ်းဆီးခဲ့ပြီးနောက် ၎င်း၏ ကျောင်းတိုက်ဖြစ်သည့် ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်းမြို့နယ်ရှိ မဂ္ဂင် စာသင်တိုက်ကို ပိတ်ပစ်ခဲ့ကြသည်။ ထိုစဉ်က အာဏာပိုင်တို့သည် စာသင်တိုက်အတွင်းရှိ သံဃာများ၊ သီလရှင်များ၊ ဆေးကုသမှုခံယူနေကြသော အိတ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ် ဝေဒနာရှင် အများအပြားကို အတင်းအကျပ် မောင်းထုတ်ခဲ့သည်။

၂၀၀၉ ခုနှစ် အောက်တိုဘာလတွင် ABMA အဖွဲ့ကြီးက ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ရဟန်းသံဃာများ နှင့် ဗုဒ္ဓဘာသာ အပေါ် စော်ကားမှုများအတွက် ၀န်ချတောင်းပန်ရန် ပျက်ကွက်ခဲ့သဖြင့် ဗုဒ္ဓဘာသာဝင်အဖြစ်မှ ထုတ်ပယ်ကြောင်း ကြေညာခဲ့သည်။

Thursday, November 26, 2009

ပြောင်းလဲခဲ့တဲ့ မြန်မာပြည်ရဲ့ ပညာရေးလောက

လွန်ခဲ့တဲ့ ဆယ်စု နှစ်တစ်တွေများကပေါ့...
စင်ကာပူ ၀န်ကြီးချုပ်ဖြစ်လာမယ့် သူဟာ တက္ကသိုလ်ကျောင်းသားဘ၀ကမြန်မာပြည်က ရန်ကုန် တက္ကသိုလ် ကိုကြည့်ပြီး သိပ် အားကျခဲ့တာရန်ကုန်တက္ကသိုလ်ကြီးဟာ ငါတို့နိုင်ငံမှာ ဆိုရင်ဘယ်လောက်များကောင်းလိမ့်မလဲ........
ဒီတက္ကသိုလ်ကြီးမှာသာ ဘွဲ့ယူခွင့်ရရင် ဘယ်လောက် ဂုဏ်ယူစရာ ကောင်းလိမ့်မလဲ....တဲ့ "
( တောင်းပန်‌ချင်တာက မကြာခင်မှာ ပြောင်းလဲလာမယ်လို့ မျှော်လင့်မိတဲ့ မြန်မာပြည် ရဲ့ အကြီးအမှူး
ဖြစ်ခွင့်ရတော့ မယ့် လူတွေရဲ့ စိတ်ထဲမှာ ဒီအတွေးမျိုးလေးရှိပေးရင်ဘယ်လောက်ကောင်းလိုက်မလဲနော်။)

ရည်ရွယ်တာက ဘယ်သူ့ ကိုမှမဟုတ်ပါဘူး။
ဒါပေမယ့် လို့ တွေးစေချင်တယ်လေ။

တခါက ကမ္ဘာ့ အကောင်းဆုံး တက္ကသိုလ် ၁၀၀ မှာတောင်ပါခဲ့ဘူးတဲ့ တစ်ချိန်က
ကျွန်တော်တို့ ရဲ့ တက္ကသိုလ်တွေ ဘယ်ရောက်ကုန်ပြီလဲလို့ ပါ။
ကျွန်တော့် ဘကြီးများပြောပြဘူးတဲ့ ၁၉၆၂ လောက်က သူတို့ RIT ရဲ့  နိုင်ငံခြားပြန် ဆရာတွေက
အဲဒီခေတ်ရဲ့ ငွေ ၁၀ -သိန်းလျော်ကြေးပေးပြီးတော့ အခု ထိပ်တန်းလို့ ပြောနေကြတဲ့ NUS တို့ 
Polytech တို့ ကို ပြောင်းသွားခဲ့ကြတယ် ...... ဒါတွေက Brain Streaming ပေါ့။
ရလဒ်ကတော့ တချိန်က ထိပ်တန်း ဒီနေ့ တော့ နံပါတ်စဉ်တောင်မရှိရတော့ဘူးလေ။

University ဆိုတာလေးကိုရှင်းပြချင်ပါသေးတယ်။
အခုခေတ်ပညာရှင်ဖြုတ်ဦးနှောက် တိုင်းပြည် ခေါင်းဆောင်များက ပညာရေး၊ကျန်းမာရေး၊နည်းပညာ အစ
ရှိသည်တို့ ကို University ဆိုပြီးခွဲပါလေရော။
တကယ်တော့ နိုင်ငံတာကာ University ကြီးတွေရဲ့ ခေါင်းစဉ်အောက်မှာတော့ ရှိသမျှ Institute တွေပါတယ်လေ။
အဲဒီ Institute တွေက Medical, Technical, Political, အစရှိသဖြင့်ပေါ့လေ။
ဒါပေမယ့်လို့ ကျွန်တော်တို့ မြန်မာပြည် မှာတော့ University တွေပေါလိုက်တဲ့ဖြစ်ချင်း .....
ရလဒ်ကတော့ အောက်မှာဖော်ပြခံရတဲ့အတိုင်းဘဲလေ။

အခုမြန်မာပြည်မှာ မာဆလာတွေ၊ ဒေါက်တို တွေ ပေ:လိုက်တဲ့ဖြစ်ခြင်း
တကယ်တော့ လူစဉ်မှီတဲ့ ဦးနှောက်ရယ်၊ အချိန်ရယ်၊ အခြေအနေတစ်ရပ်ရယ်(သပနက လုပ်သက်နဲ့ 
တက်ပြီးကျောင်းတက်စားဘွဲ့ အလကားယူနေသော ပုဂ္ဂိုလ်များသာ)၊ ငွေရယ် အကုန်ခံနိုင်ရင်
တော့လိုချင်တဲ့ ဘွဲ့ တလှေကြီးရနိုင်ပါတယ်။
ဒါကြောင့်လည်း လူတကာ အထင်မကြီးတဲ့မြန်မာပြည် ပညာရေးဖြစ်ခဲ့ရပြီလေ။

မှတ်သားဘူးတဲ့စကားလေးတစ်ခုကလည်းရှိပါသေးတယ်။
"အောင်ဆန်း တို့ ခေတ် စာသိပ်တတ်ကြတော့ လိမ်မှန်းသိနေတယ်လေ ဒါကြောင့် လွပ်လပ်ရေးကိုရအောင်
ယူနိုင်ခဲ့တာ။ "
"ပညာဆိုတာ အကောင်းဆိုး အကျိုးအကြောင်းဆင်ချင်စဉ်းစားတတ်ခြင်းလေ။"
အခုတော့ ပညာတွေသင်ပြီး ကိုယ့်ဝမ်းဝအောင်ကိုယ်မထိန်းကျောင်းနိုင်ကြတဲ့ ဘ၀မှာ လူတွေက ဘယ်တရားတွေ၊ လူမှုရေးတွေ .......
နိုင်ငံရေးက အစ စိတ်ဝင်စားနိုင်ဦးပါ့မလား။
ဒါက လက်တွေ့ မြန်မာပြည်မှာ ဘွဲ့ တွေကိုင်ပြီးမျှော်လင့်ချက်မဲ့ နေကြတဲ့ လူငယ်တွေရဲ့ လက်တွေ့ အခြေ
အနေလေ ..... သူတို့ ကတော့ ဒီလိုဖြစ်အောင်ကို တွန်းပို့ ထားကြတာ။
ဝမ်းမ၀တော့ ဘာကို စိတ်ဝင်စားနိုင်တော့မလဲနော်။
(ဒါကိုဘာကြောင့်ရေးရသလဲဆိုရင် ဘွဲ့ တွေတမကြီးကိုင်ပြီး ဆောင့် ကြွကြွ နဲ့ ရှိနေတဲ့ ဆရာ တချို့ နဲ့ 
လူတချို့ ကို မျက်စိထဲမှာကန့် လန့် ကခံနေလို့ ပါ ... တိုက်ဆိုင်မှုရှိရင် စဉ်းစားနိုင်အောင်ပါ။)

"အမုန်း မဖက် အပြုံးနဲ့ သာ အမှန်မြင်စေချင်သည်။"

တကယ်တက်ရတာ တန်တဲ့အမိမြေရဲ့ တက္ကသိုလ်တွေ ကိုတော့ ခင်ဗျား တို့ လည်းသိမှာပါနော်။


Subject: Fwd: အိုဘယ့်...ရန်ကုန်တက္ကသိုလ်
To:




Webometrics ရဲ့ ၂၀၀၇ခုနှစ် နှစ်လည်ထုတ်ဝေလိုက်တဲ့ အရှေ့တောင်အာရှ ထိပ်တန်း တက္ကသိုလ် ၁၀၀ ကို ကျွန်တော် ဖတ်ကြည့်လိုက်တဲ့အခါ ကျွန်တော့်မျက်စိကိုယ်ပင် မယုံနိုင်လောက်အောင် ဖြစ်သွားရတာကို ၀န်ခံပါရစေ။
အခု ၁၀၀ ထဲမှာ ထိုင်းနိုင်ငံက တက္ကသိုလ် ၄၁ခု၊ မလေးရှားက ၁၈ခု၊ အင်ဒိုနီးရှားက ၁၄ခု၊ ဖိလစ်ပိုင်က ၁၃ခု၊ စင်္ကာပူနဲ့ ဗီယက်နမ်က ၇ခုစီ ပါဝင်တယ်။ အဲဒီအထဲမှာ ကျွန်တော်တို့မြန်မာပြည်က တက္ကသိုလ်များကို မဆိုထားဘိ၊ ရန်ကုန်တက္ကသိုလ် တောင်မပါဘူး။
တစ်နှစ်ကို ၂ ကြိမ် ၂၀၀၄ခုနှစ်ကတည်းက စဉ်ဆက်မပြတ် စီစစ်တည်းဖြတ်လာတဲ့ အထက်ပါ စစ်တမ်းဟာ တက္ကသိုလ် အလိုက် ထုတ်လွှင့်ထားတဲ့ အင်တာနက်စာမျက်နှာ သတင်းအချက်အလက်များ၏ အရည်အသွေးကို အဓိက ဆန်းစစ်ခြင်း ဖြစ်တယ်။ လက်တွေ့ပြုလုပ်နေတဲ့ သိပ္ပံနှင့်နည်းပညာ ရှာဖွေတွေ့ရှိမှု၊ နိုင်ငံတကာအဆင့် သုတေသနလုပ်နိုင်မှု၊ သင်ကြားမှု အရည်အသွေး၊ နည်းပညာ ဖလှယ်မှု၊ အလုပ်အကိုင် ချိတ်ဆက်ထားရှိမှု စတဲ့ ကိစ္စရပ်များကို တပြေးညီ အင်တာနက်စာ မျက် နှာ မှာ လွှင့်တင်ထားဖို့ လိုအပ်ကြောင်းကိုလည်း အဆိုပါ စပိန်အခြေစိုက် သုတေသနအဖွဲ့ မှ အကြံပေးထားတယ်။




ရင်ထဲရှိတဲ့အတိုင်း ဆင်ဆာမဖြတ်ဘဲ ပြောရရင် … အမိမြန်မာပြည်က တက္ကသိုလ်အားလုံးကို မဆိုထားပါနဲ့အုံး၊ ရန်ကုန်တက္ကသိုလ်ကိုဘဲ ဦးတည်ပါစို့။

“အို… ကို ရန်ကုန်တက္ကသိုလ် …
မင်း .. အိပ်ပျော်နေတာလား၊ အိပ်ချင်ဟန်ဆောင်နေတာလား၊တမင်တကာ မသိချင်ယောင် ဆောင်နေတာလား၊
မင်းတစ်ယောက်တည်းရှိတယ်လို့များ မှတ်ထင်နေလားကွာ..
မင်းကိုယ်မင်း ဆန်းစစ်ဖို့ လိုနေတယ်ကွ ကမ္ဘာကြီး တစ်ခုလုံးကို မကြည့်ပါနဲ့အုံး
တို့ အရှေ့တောင် အာရှ ၁၁ နိုင်ငံနဲ့ ယှဉ်ကြည့်ပါအုံး
ဘာတွေတိုးတက်အောင်လုပ်ဖို့လိုတယ်ဆိုတာ ပြေးကြည့်စရာမလိုပါဘူး
မင်းအိပ်ပျော်နေတယ်ဆိုရင်လည်း နိုးချိန်တန်ပါပြီကွာ။
မင်း မသိချင်ယောင်ဆောင်နေရင်လည်း သိဖို့ တန်ပါပြီ
ကမ္ဘာကြီးက တဖြည်းဖြည်းနဲ့ ရွာကြီးဖြစ်လာပြီဆိုတာ မင်းနားလည်ဖို့တန်ပါပြီ
၁၉၄၀-၅၀ နှစ်များဆီက အရှေ့တောင်အာရှ ထိပ်တန်းတက္ကသိုလ်ဖြစ်ခဲ့တယ်ဆိုတာကို မမေ့တန်ကောင်းပါဘူး
မင်းအတိတ်မေ့နေတယ်ဆိုတာကိုလည်း ငါမယုံနိုင်ဘူးကွာ။

ဒီတသက် ခေါင်းမချခင်မှာ မင်းဆီမှာ စတေးခဲ့ရတဲ့ တို့ဘ၀တွေကို အများက ဂုဏ်ယူစရာ၊ အတုယူစရာဖြစ်အောင်
မင်း ဆောင်ကြဉ်းပေးနိုင်ပါစေ...

ထို့အတူမင်းကြုံတွေ့ရမဲ့ အခက်အခဲတွေကိုလည်း ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်ပါစေလို့….”တို့ ဆုတောင်းလိုက်ပါတယ်ကွာ။
အဆင့် ၁ မှ ၂၀ ရှိ အရှေ့တောင်အာရှ တက္ကသိုလ်များ၏ အဆင့်အတန်း


1 National University Of Singapore - Singapore
2 Nanyang Technological University - Singapore
3 Kasetsart University - Thailand
4 Chulalongkorn University - Thailand
5 Prince Of Songkla University - Thailand
6 Asian Institute Of Technology Thailand - Thailand
(တချိန်က နံပါတ်မပြောနဲ့  ဘယ်လိုမှ serial မရတဲ့ ကျောင်းတွေပါ။)
7 Chiang Mai University - Thailand
8 Thammasat University - Thailand
9 Assumption University Of Thailand - Thailand
10 Khon Kaen University - Thailand
11 Mahidol University - Thailand
12 Gadjah Mada University - Indonesia
13 Institute Of Technology Bandung - Indonesia
14 Universiti Sains Malaysia - Malaysia
15 Universiti Teknologi Malaysia - Malaysia
16 Multimedia University - Malaysia
17 University Of The Philippines Diliman - Philippines
18 Universiti Putra Malaysia - Malaysia
19 University Malaya - Malaysia
20 King Mongkut's Institute Of Technology Ladkrabang - Thailand

လွန်ခဲ့တဲ့ ဆယ်စု နှစ်တစ်တွေများကပေါ့...
စင်ကာပူ ၀န်ကြီးချုပ်ဖြစ်လာမယ် သူဟာ တက္ကသိုလ်ကျောင်းသားဘ၀ကမြန်မာပြည်က ရန်ကုန် တက္ကသိုလ် ကိုကြည့်ပြီး သိပ် အားကျခဲ့တာရန်ကုန်တက္ကသိုလ်ကြီးဟာ ငါတို့နိုင်ငံမှာ ဆိုရင်ဘယ်လောက်များကောင်းလိမ့်မလဲ........
ဒီတက္ကသိုလ်ကြီးမှာသာ ဘွဲ့ယူခွင့်ရရင် ဘယ်လောက် ဂုဏ်ယူစရာ ကောင်းလိမ့်မလဲ....တဲ့

စင်ကာပူမြို့တော်ကိုတည်ဆောက်တဲ့အခါ ငါတို့ Burma က Rangoon City ကို သူတို့ရဲံ ပညာရှင်တွေကိုယ်တိုင်
လာရောက်လေ့လာပြီးတော့မှ Rangoon City ရဲ့ ပုံစံကို အခြေခံယူပြီး singapore ကို တည်ဆောက်ခဲ့တာဘဲလေ......


လွန်ခဲ့တဲ့ ဆယ်စု နှစ်တစ်တွေများကပေါ့...
ထိုင်း ဘတ်ငွေ ၂၅ ဘတ်က Burma ငွေ တစ်ကျပ် တဲ့
အခုတော့ ထိုင်း တစ်ဘတ် က မြန်မာ ငွေ ၃၅ ကျပ် ဖြစ်သွားပြီ...

လွန်ခဲ့တဲ့ ဆယ်စု နှစ်တစ်တွေများကပေါ့...
ဘားမား ဘောလုံးအသင်းက မာဒေးကားမှာ ( အရှေ့တောင်အာရှ နှင့် အာရှ ထိပ်တန်းအသင်းများပါဝင်)ဆိုဘားမားဘောလုံး အသင်းရဲံ အောင်မြင်မှုကို အရှေ့တောင်အာရှ က ဘယ်အသင်း မီမှာတဲ့လဲအာရှမှာ ချန်ပီယုံဖြစ်ခဲ့တာတွေက ပုံပြင်တွေလား

လွန်ခဲ့တဲ့ ဆယ်စု နှစ်တစ်တွေများကပေါ့...
ကမ္ဘာကုလသမဂ္ဂ အဖွဲ့ကြီးမှာ Burmese တစ်ဦးရဲ့ သြဇာကမ္ဘာကို လွမ်းခဲ့တာတွေ..........
အခုတော့ မြန်မာကိုယ်စားလှယ်ဆိုရင် ....မျက်လုံးစိမ်းတွေနဲ့

လွန်ခဲ့တဲ့ ဆယ်စု နှစ်တစ်တွေများကပေါ့...
မယားတောသူ.........ကျွန်မှာကုလားတဲ့burma မှာ အလုပ်လာလုပ်တဲ့ နိုင်ငံခြားသားတွေတို့ ဘားမားတွေ သူတို့ကို အိမ်သာဆေးခိုင်းတာတို့ဘားမားတွေ အင်္ဂလန်သွားတယ်ဆိုတာက ပညာတော်သင်..ပညာရှင်အဖြစ်နဲ့အခုတော့........မောင်
မလေးမှာ အိုးတိုက်မှာလား စလုံးမှာ စားပွဲထိုးမှာလားဒူဘိုင်းမှာ တွင်းတူးမှာလား

လွန်ခဲ့တဲ့ ဆယ်စု နှစ်တစ်တွေများကပေါ့...

Burma ဆို OK
U Aung San ဆို Right
U Thant ဆို Right
U Nu ဆို Right

လွန်ခဲ့တဲ့ ဆယ်စု နှစ်တစ်တွေများကပေါ့...
...........................................
.................................................

အို so sorry.
I m stupid.
I m not Burma.now.
I m Myanmar.

Ha Ha ...
I m Myanmar.
Burma dead with her beauty.
Who kill?
Who kill?

ကံရဲ့အကျိုး တကယ်ရှိမရှိ

ကံရဲ့အကျိုး တကယ်ရှိမရှိ
ကံရဲ့အကျိုးတရား တကယ်ရှိမရှိဆိုတာကို လွယ်လွယ်နဲ့လက်ခံနိုင်ကြမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကုသိုလ်ကံတစ်ခုကိုပြုလုပ်လိုက်ရင် အဲသည်ကုသိုလ်ကံရဲ့ အကျိုးတရားဟာ ချက်ချင်းလက်ငင်းဆိုသလို့ အကျိုးပေး
မဟုတ်လို့ဘဲ။ ချက်ချင်း အကျိုးရသူက ရှားပါတယ်။

အဲဒါနဲ့ ပတ်သက်လို့ လူနှစ်ယောက်ရဲ့ဘ၀ကိုလေ့လာ ကြည့်ရအောင်ဗျာ။
အမြွာညီအစ်ကိုနှစ်ယောက်ဖြစ်တယ်။ မွေးတော့ အချိန်က ငါးမိနစ်သာခြားပါတယ်။
အမြွာညီအစ်ကိုဖြစ်ပေမယ့် တစ်ဦးနဲ့တစ်ဦးဟာ ရုပ်ဆင်တူတာကလွဲ့လို့ အကျင့်က လုံးဝမတူဘူး။အငယ်က
သောင်းကျန်း သလောက် အကြီးက အေးဆေးတယ်။
အစားအသောက်မှာလည်း အကြီးက အအေး၊ အချိုအဆိမ့်ကြိုက်ပြီး အငယ်က အပူအစပ်မှ ကြိုက်တယ်ဗျာ။
ညီအစ်ကိုနှစ်ယောက်ဟာ အမြွာမွေးပေမယ့် ပြဒါးတစ်လမ်း သံတစ်လမ်းပဲဗျို့။
စိတ်ဓါတ်လည်းလုံးဝမတူဘူး။ တစ်ဦးက ဒေါသကြီး၊ တစ်ဦးက သည်းခံစိတ်ရှည်တယ်။
အရွယ်ရောက်လေ မတူညီတာတွေက ကွာခြားလာလေရယ်ပါ။
မတူတဲ့အကြောင်းက စိတ်ဝင်စားစရာတော့မဟုတ်ဘူး။ စိတ်ဝင်စားစရာကိစ္စက ကံအကျိုးပေးမှု ကိစ္စရယ်ပါ။
အကြီးကောင်ဟာ ပညာတတ်၊ ဘွဲ့ရပါ။ မျိုးရိုးကောင်း အမျိုးသမီးတစ်ဦးနဲ့ အိမ်ထောငင်ကျခဲ့ပါတယ်။
အငယ်ကောင်က ပညာလည်း ဘွဲ့ရအောင် မသင်ဘူး။ဆယ်တန်းလည်း မအောင်ဘူး။အိမ်ထောင်ကျပြန်တော့
လည်း တစ်ခုလပ်နဲ့မှ ရတယ်။
အဲ့သည်လို့တွေ ဖြစ်နေကြပေမယ့် အကြီးကောင်ရဲ့ မိသားစု ဟာဆင်းရဲတယ်။ အဆင်မပြေဘူး၊ အိမ်ပိုင်နဲ့မနေနိုင်
ဘူး၊ မိဘအိမ်မှာပဲနေရတယ်။ အလုပ်လည်း နှစ်ယောက်လုံးရှိပါလျက် မပြည့်စုံဘူး။ အိမ်မြေ၀ယ်ဖို့ ကိုအခြေအနေက ပေး
မလာဘူး။
အငယ်ကောင်ကတော့ အင်း ကန်ထထရိုက်ဆီမှာ အင်းစာရေး ၀င်လုပ်ရာက ငွေစုမိပြီး မြေ၀ယ်တယ်။ အိမ်က
တဖြည်းဖြည်း ဆောက်လိုက်တယ်။ အိမ်ပိုင်နဲ့ဗျာ။
သူတို့နှစ်ဦး အသက်ကြီးလာကြတယ်။ သူတို့သားသမီးတွေကတောင် အိမ်ထောင်ကျလို့ မြေးရနေပါပြီ။
အကြီးကောင်ဟာ ဘာသာတရား သိပ်ကိုင်းရှိုင်းတာ၊ နေ့စဉ် ဘုရားဝတ်တက် မပျက်ဘူး။ ၀ါတွင်းဆို သက်သတ်
လွတ်စားတယ်၊လှူတယ်။ ဘာသာရေးကိစ္စလည်း ဆောင်ရွက်၊ သာသနာပြုရေးမှာ ရှေ့ဆုံးကပဲ။
ဟော။ အငယ်ကောင်က ဖဲရိုက်တယ်၊အရက်သောက်တယ်။ မိန်းမရှုပ်တယ်၊ အသက်ငါးဆယ်ရောက်မှ နောက်မိန်း
မယူတယ်။
နောက်မိန်းမယူပြီးမှ ကံများကောင်းချင်တော့ သိန်းထီထပေါက်သဗျ။
အဲသည်ထက် ပိုပြီး တစ်မြို့လုံး ပြောစရာဖြစ်သွားပုံကမဟာဒုတ် ဘုရားမဲကို သူကပေါက်သွားတာပါပဲ။
ဘုရားကို အခမ်းအနားနဲ့ပို့တဲ့နေ့က မြို့မှာ အရမ်းစည်တာပဲ့။ ဒိုးပတ်ဝိုင်း နှစ်ဝိုင်းနဲ့လေ။ သူ့အိမ်က ရွှေရင်အေးနဲ့ဧည့်
ခံတယ်။ ဆေး၊ ကွမ်း လိုသလောက်ပေးတယ်။ ထီကပေါက်ထားတော့ စိတ်ထင်သလို လုပ်တာပေါ့။ ဘုရား သူ့အိမ်
ရောက်တော့ သူမူးနေတယ်လေ၊ အဲ့ရော။
အတိက်ကံရဲ့ အကျိုးပေးက သူ့မှာ အားကောင်းလာပါတော့တယ်။
ဟော-- အတိတ်ကံ အားကောင်းရာက သူဟာ ပစ္စုပ္ပုန်ကံပါ ပြုလာနိုင်ပါရော။
အနီးအနားက ဆင်းရဲတဲ့ ရင်းနှီးတဲ့သူတွေကို ငွေရင်း အနည်းငယ်စီထုတ်ပေး။ ၀က်မွေးခိုင်း ၊ ဘဲမွေးခိုင်း ပြီးတော့
တစ်ယောက်တစ်ဝက်ယူ။ ရပ်ကွက်ဘောလုံးသင်းဆိုရင် သူကပဲ လေ့ကျင့်ချိန်ပြီး စားသောက်ရေး တာဝန်ယူထားတယ်။
သူတော်ကောင်း အစ်ကိုကြီးကတော့ နာမည်ကောင်း၊ အကျင့်ကောင်းပါလျက် အတိတ်ကံမရှိတော့ ဆင်းရဲနေရှာ
တယ်။ မကြာခဏ သူ့ဆီက ငွေလာချေးရတယ်။ ဒါပေမယ့် သူ့မိန်းမမျက်နှာကတင်းနေတော့ နောက်မလာတော့ဘူ။
ကံအကျိုးပေး တကယ်ရှိမရှိဟာ အဲဒါသာ ကြည့်တော့ဗျာ။
ကံအကျိုးပေး တယ်ရှိမရှိဟာ အဲဒါသာကြည့်တော့ဗျာ။
အချို့က အတိတ်ကံ အားကောင်းတယ်။
အချို့က ပစ္စုပ္ပန်ကံ အားကောင်းတယ်။
လူတွေမှာ ပြိုင်လို့မရတာ ကံအကြောင်းတရားပါပဲ။
အခုလုပ်တဲ့ ကံဆိုတာကလည်း အခုချက်ချင်း ထအကျိုးပေးချင်မှ ပေးတာရယ်ပါ။
အငယ်ကောင်ရဲ့ကံက ဆန်းတယ်။ဟုတ်တာရော၊ မဟုတ်တာရော လုပ်ရင် အကျိုးပေးနေတာပါပဲ။ သူ့အသက်
ငါးဆယ့်ခြောက်နှစ်မှာ လယ်ကွင်းထဲ့က လယ်သမားတစ်ယောက်ရခဲ့တဲ့ပစ္စည်း သူ့လာရောင်းရာက ၀ယ်လိုက်တယ်။
အဲဒါကို သူက အစိုးရဆီ ပြန်အပ်နှံ့တဲ့အခါ ငွေအဆပေါင်းများစွာ ရသွားခဲ့တယ်လေ။ အဲသည်တော့ ချမ်းသာ
ပြီးရင်း ချမ်းသာရင်းပဲ့ပေါ့။ ဘ၀တစ်သက်တာ ချမ်းသာသွားတယ်။
ဘိတ်ဆုံးမှာ ကံရဲ့ ဆန်းကြယ်ပုံကိုပြောရရင်တော့--
အငယ်ကောင်ရဲ့ ဇနီးက အရင်ဆုံးတယ်။ အငယ်ကောင်က အရက်ဒဏ် ပွေလွန်းတေလွန်းတဲ့ဒဏ်ကြောင့် အကြီး
ကောင်ထက်အရင်ဆုံးတယ်။
နောက်ဆုံးမှာ အကြီးကောင်ဟာ သူရဲ့လူမမည်သားသမီးနှစ်ယောက်ကို အုပ်ထိန်းရင်းနဲ့ သူ့စီးပွားအားလုံးကို ပိုင်
ဆိုင်ပြီး ချမ်းသာစွာ နေထိုင်သွားတော့တယ်လေ။


***သုတေသီ ဘုန်းမြင့်သွေး ရေးသားသော “ဘ၀၏ကံကောင်းခြင်း ကံဆိုးခြင်း” စာအုပ်မှကောက်နှုတ်ချက်ဖြစ်သည်။

*ကလျာဏ ကာရီ ကလျာဏံ၊
ပါပကာရီစ ပါပကံ၊
ယာဒိသံ ၀ပ္ပ ပလာဗီဇ။
တာဒိသံ ဟရတေ ဖလံ။

ကောင်းမှု ပြုလုပ်သူ
ကောင်းကျိုး ရတယ်။
မကောင်းမှု လုပ်သူ
မကောင်းကျိုး ရတယ်။
အကြင်မျိုးစေ့ကို စိုက်ပျိုးတယ်။
ထိုအသီးကို သုံးဆောင်ရတယ်။

(ဗုဒ္ဒမြတ်စွာ)

မသေခင် ဖြည့်ဆည်းရမည့် ဘ၀အရည်အသွေးများ*.........အားလုံးပဲလေ့လာနိုင်ပါစေ.....။“ပုရောဘေဒ သုတ္တန်”.

*မသေခင် ဖြည့်ဆည်းရမည့် ဘ၀အရည်အသွေးများ*.........အားလုံးပဲလေ့လာနိုင်ပါစေ.....။“ပုရောဘေဒ သုတ္တန်”.....

*မသေခင် ဖြည့်ဆည်းရမည့် ဘ၀အရည်အသွေးများ*
မြတ်စွာဘုရားရှင်က “မသေခင် သုတ္တန်” လို့ အဓိပ္ပါယ်ရတဲ့ “ပုရောဘေဒ သုတ္တန်” မှာ မသေခင် ဖြည့်ဆည်းရမယ့် ဘ၀ အရည်အသွေး တွေကို တစ်စုတစ်ဝေးတည်း ဟောကြားထား ပါတယ်။ မြင့်မြတ်တဲ့ လူသားတိုင်းနဲ့ မြင့်မြတ်လိုတဲ့ လူသားတိုင်း မဖြည့်မဖြစ် ဖြည့်ဆည်းရမယ့် စိတ်ဓါတ် အရည်အသွေး၊ ဘ၀ အရည်အသွေးတွေ ဖြစ်လို့ အကျဉ်းဆုံး ချုပ်ပြီး ပြောပြချင်ပါတယ်။

မသေခင်မှာ တဏှာကင်းအောင် ကြိုးစားရပါမယ်။ လုံးဝ မကင်းတောင် နည်းနိုင်သမျှ နည်းရပါမယ်။ အစွန်းထွက်တဲ့ တဏှာမျိုး၊ လွန်ကဲ ဖောက်ပြန်တဲ့ တဏှာမျိုး လုံးဝမဖြစ်အောင် သတိနဲ့ ထိန်းသိမ်းနိုင်ရပါမယ်။

ပြီးဆုံးခဲ့တဲ့ အတိတ်အကြောင်း၊ ဖြစ်မလာသေးတဲ့ အနာဂတ် အကြောင်းတွေကို မလိုအပ်ဘဲ တွေးတောနေပြီး စိတ်ပင်ပန်း မနေသင့်ပါဘူး။ မသေခင် ကိုယ်တကယ်ပိုင်တဲ့ ပစ္စုပ္ပန် တစ်ခဏလေးမှာပဲ စိတ်ကို တည့်တည့် ချထားပြီး လုပ်သင့် လုပ်ထိုက်တာကို အကောင်းဆုံး ဖြစ်အောင် လုပ်ရပါမယ်။

မသေခင်မှာ ကိုယ့်စိတ်ကိုယ် ဒေါသမီး မလောင်မြိုက်အောင် တိမ်းရှောင်နိုင်ရ ပါမယ်။ ထစ်ကနဲရှိ ဒေါသ ထွက်တာမျိုး မလုပ်သင့်ပါဘူး။ သူလည်း တစ်နေ့သေ၊ ကိုယ်လည်း တစ်နေ့သေမယ့်ကိစ္စ ဘာလို့ဒေါသ ထွက်နေဦးမှာလဲ။

နေရာတကာမှာ စိတ်ပူပန်တတ်တဲ့ သူလည်း မဖြစ်သင့်ပါဘူး။ တိုတောင်းလှတဲ့ ဘ၀လေးကို စိတ် ပူလောင်မှုတွေနဲ့ ဘာလို့ အချိန် ဖြုန်းပစ်မှာလဲ။ စိတ်အေးအေး၊ ခေါင်းအေးအေးနဲ့ အရာရာကို ယောနိသော မနသိကာရ ထားတတ်ဖို့ အရေးကြီးပါတယ်။

ရှိတဲ့ဂုဏ်နဲ့ပဲ ဖြစ်ဖြစ်၊ မရှိတဲ့ ဂုဏ်နဲ့ပဲ ဖြစ်ဖြစ် ကြွားတတ်ဝါတတ်၊ ဂုဏ်ပြိုင်တတ်တာ မျိုးလည်း ရှောင်ကြဉ်ရပါမယ်။ ကိုယ်လုပ်တာ၊ ကိုယ်ပိုင်တာ လူတကာ လှည့်ကြွားနေရတဲ့ အရသာက သေရင် ကိုယ့်အတွက် ဘာများ အကျိုးပြုနိုင်မှာ မို့လဲ။

လုပ်သင့်တာ မလုပ်ခဲ့မိ လေခြင်း၊ မလုပ်သင့်တာ လုပ်ခဲ့မိ လေခြင်းလို့ နောင်တရ စိတ် ပူပန်နေတာ မျိုးလည်း မဖြစ်သင့်ပါဘူး။ အသိမှန်၊ သတိမှန်ရတဲ့ အချိန်ကစပြီး လုပ်သင့်တာလုပ်၊ မလုပ်သင့်တာ မလုပ်ဘဲနေရင် မသေခင် ကိုယ့်ဘ၀ဟာ ကျေနပ်စရာ ကောင်းနေပါပြီ။

နှုတ်စောင့်စည်းသူ၊ စကားကို ဉာဏ်နဲ့ ချင့်ချိန် ပြောသူလည်း ဖြစ်ရပါမယ်။ အပိုစကားတွေ၊ အကျိုးမဲ့ စကားတွေကို စိတ်ထင်တိုင်း လျှောက်ပြောနေလို့ ကိုယ့်ပါးစပ်လည်း ကျက်သရေ ရှိမလာနိုင်သလို၊ မသေခင် ကိုယ့်ဘ၀လည်း ကျက်သရေ ရှိမလာနိုင်ပါဘူး။

မသေခင် ကာလလေးက တိုတိုလေးမို့ စိတ်ပျံ့လွင့် တွေးတောပြီးလည်း အချိန်မဖြုန်းသင့် ပါဘူး။ ကုန်သွားတဲ့ အချိန်က ပြန်မရနိုင်တဲ့ အတွက် လက်ထဲ ရောက်လာသမျှ အချိန်တိုင်းကို စိတ်တည်ငြိမ်မှု အပြည့်နဲ့ အကျိုးရှိရှိ အသုံးချတတ် ရပါမယ်။

ကိုယ့်ရဲ့ လက်ရှိဘ၀ကို မကျေနပ်ဘဲ မရေရာ မသေချာတဲ့ အနာဂတ်ဘ၀ကို ပုံဖော် တပ်မက်နေတာမျိုးလည်း လုံးဝ မဖြစ်စေသင့်ပါဘူး။ ကိုယ်နဲ့ ထိုက်တန်လို့ ရလာတဲ့ ကိုယ့်ဘ၀ကို ကျေကျေနပ်နပ် လက်ခံပြီး နေတတ်အောင် နေရပါမယ်။ ပစ္စုပ္ပန်ဘ၀ကို ဖန်တီးပေးလိုက်တဲ့ အတိတ်ကံရဲ့ ဖြစ်တည်ရာ ဘ၀တွေကိုလည်း စိတ်နာနေလို့ အပိုပါပဲ။

ကံ ကံရဲ့အကျိုးမရှိ၊ ရှေးဘ၀၊ နောက်ဘ၀မရှိ အစရှိတဲ့ အယူမှား မိစ္ဆာဒိဋ္ဌိ တွေလည်း ကင်းရှင်းနေရ ပါမယ်။ အယူမှားရင် အလုပ်မှားမယ်၊ အလုပ်မှားရင် အကျိုးတရားလည်း မှားပြီး ပစ္စုပ္ပန်မှာကော သံသရာမှာပါ ဆင်းရဲ ဒုက္ခတွေ ပင်လယ်ဝေရ ပါလိမ့်မယ်။

ကိလေသာ ဖြစ်မယ့်ကိစ္စ၊ အကုသိုလ် ဖြစ်မယ့် ကိစ္စတွေမှာ တွန့်ဆုတ်တဲ့သူ ဖြစ်ရပါမယ်။ ကိလေသာစိတ် မဖြစ်ရဲ၊ အကုသိုလ်အလုပ် မလုပ်ရဲတဲ့သူဟာ သူရဲကောင်း အစစ်ပါ။

ကိုယ့်ကို သူတစ်ပါးတွေ အထင်ကြီးအောင် မဟုတ်မမှန် လုပ်ကြံ လှုံ့ဆော်တာမျိုး လုံးဝ မပြုလုပ်ရပါဘူး။ အံ့ဖွယ် ထူးဆန်းတွေ လိမ်ညာ ဖန်တီးပြပြီး နာမည်ကြီး၊ လာဘ်ပေါ၊ ပရိသတ် များအောင် လုပ်ခြင်းဟာ ကိုယ့်ရဲ့ မသေခင်ဘ၀ကို အမဲရောင် ဆိုးနေတာပါပဲ။

လူသားတွေရဲ့ မသေခင် ဘ၀ကို အရုပ်ဆိုး၊ အကျည်းတန်စေတဲ့ မနာလို၊ ၀န်တိုမှု (ဣဿာ၊ မစ္ဆရိယ) ကိုလည်း တွန်းလှန်နိုင်ရပါမယ်။ ကိုယ့်ထက်သာ မနာလိုတဲ့စိတ်၊ ကိုယ့်လိုပြည့်စုံမှာ ၀န်တိုတဲ့စိတ် လွှမ်းမိုးနေတဲ့ သူဟာ မသေခင်က ပုပ်နေတဲ့ သက်ရှိ အလောင်းကောင်ပါပဲ။

ကိုယ်အပြုအမူ ကြမ်းတမ်းသူ၊ နှုတ်အပြောအဆို ကြမ်းတမ်းသူ၊ စိတ်နေ သဘောထား ကြမ်းတမ်းသူ မဖြစ်စေရ ပါဘူး။

ကိုယ်ကျင့်တရား မကောင်းသူ (သီလမရှိသူ) ကို ပတ်ဝန်းကျင်က ရွံရှာ စက်ဆုပ်ကြပါတယ်။ မသေခင်မှာ ပတ်ဝန်းကျင်က ရွံရှာစက်ဆုပ်တဲ့ ကိုယ်ကျင့်တရား ပျက်သူ မဖြစ်ပါစေနဲ့။

ချစ်ခင်နေသူ အချင်းချင်း၊ အဆင်ပြေနေသူ အချင်းချင်း ကွဲပြားအောင် လှုံ့ဆော်သူ၊ ကုန်းတိုက်သူ မဖြစ်ပါစေနဲ့။ သူ့ရေစက်နဲ့သူ၊ သူ့အကြောင်းဆက်နဲ့ သူ၊ ခင်ကြ၊ အဆင်ပြေနေ ကြတာကို မနာလို ၀န်တိုဖြစ်ပြီး ကွဲပြားအောင် ကုန်းတိုက်တဲ့ သူလောက် ကျက်သရေ ယုတ်တဲ့သူ လောကမှာ မရှိတော့ပါဘူး။

မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်လို့ ခေါ်တဲ့ တံခါး ခြောက်ပေါက်ကနေ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ သဘောတရားလို့ ခေါ်တဲ့ အာရုံ ခြောက်ပါးဆီကို တဏှာလောဘ အစရှိတဲ့ ကိလေသာ ရေအလျင်တွေ စီးဆင်း မသွားအောင် စောင့်ရှောက်နိုင် ရပါမယ်။ မြင်- မြင်ကာမျှ၊ ကြား- ကြားကာမျှနဲ့ ပြီးအောင် သတိပဋ္ဌာန် တရားကို ပွားများနိုင်ရင် ကိလေသာရေ စီးဆင်းမှု ရပ်တန့်သွားမှာပါ။

မာနလွန်ကဲပြီး အောက်ခြေလွတ် ဘ၀င်မြင့်နေတဲ့ သူလည်း မဖြစ်စေရပါဘူး။ မာနကြီးတယ် ဆိုတာ အထင်ကြီးတာပါ။ ပစ္စည်း၊ ရုပ်ရည်၊ ပညာ၊ အာဏာ သူများထက် သာတယ်လို့ ထင်နေတဲ့ အထင်ကြီးနေ တာပါ။ အထင်ဟာ အထင်ပါပဲ၊ တကယ်မဟုတ် ပါဘူး။

မသေခင်မှာ တစ်နေ့ထက် တစ်နေ့ ဉာဏ်ပညာ ကြီးမားသူ ဖြစ်အောင် ကြိုးစားနေရ ပါမယ်။ လောကီဉာဏ်သာ မက လောကုတ္တရာ ဉာဏ်ပါရမှ လူ့ဘ၀ ဖြစ်ရကျိုး နပ်ပါတယ်။

ဘယ်အရာမျိုး မဆို ကိုယ်တွေ့အသိ မပါဘဲ သူတစ်ပါးအပြောနဲ့ ယုံတတ်တဲ့ သူလည်း မဖြစ်စေရ ပါဘူး။ သိသင့် သိထိုက်တာ မှန်သမျှ သူတစ်ပါး ပါးစပ်မှာ လမ်းဆုံး၊ သူတစ်ပါး ပြောတာ ယုံနေရုံလောက်နဲ့ မပြီးဘဲ ကိုယ်တိုင်သိ၊ ကိုယ်တိုင် မြင်အောင် ကြိုးပမ်း အားထုတ်ရပါမယ်။

ဒါန၊ သီလ၊ သမထ၊ ၀ိပဿနာ ကုသိုလ် ကောင်းမှုတွေ ပြုလုပ်တဲ့ အခါမှာလည်း လာဘ်မျှော်တဲ့ စိတ်နဲ့ မပြုလုပ်ရပါဘူး။ လူမှုရေး လာဘ်လာဘလို့ ခေါ်တဲ့ ထင်ပေါ် ကျော်စောမှု၊ စီးပွားရာထူး တိုးတက်မှု၊ သံသရာ ကောင်းစားမှုတွေကို လုံးဝ မမျှော်ကိုးဘဲ သံသရာ ၀ဋ်ဆင်းရဲမှ လွတ်မြောက်လိုတဲ့ စိတ်၊ သတ္တ၀ါအများ ကောင်းစားစေ လိုတဲ့ စိတ်နဲ့ ပြုလုပ်ကြရပါမယ်။

အကောင်းအဆိုး လောကဓံ အမျိုးမျိုးနဲ့ တွေ့ကြုံလာတဲ့ အခါမှာလည်း စိတ်မတက်၊ စိတ်မပျက်ဘဲ တည်တည် ငြိမ်ငြိမ်နဲ့ ခံနိုင်ရည် ရှိရပါမယ်။

သက်ရှိသက်မဲ့ တစ်ခုခုအပေါ် တပ်မက်စွဲလမ်းတဲ့ တဏှာကို အကြောင်းပြုပြီး ဘယ်သူနဲ့မှ ဆန့်ကျင်ဘက် မဖြစ်စေရ ပါဘူး။ တဏှာတစ်ခုခုရဲ့ နောက်မှာ ဆင့်ပွား အကုသိုလ် စိတ်တွေ၊ မကောင်းမှု ဒုစရိုက်တွေ တွဲပါမလာအောင် ထိန်းသိမ်း နိုင်ခြင်းဟာ အဆင့်မြင့် ပုထုဇဉ်တွေရဲ့ အရည်အချင်း တစ်ခုပါပဲ။

အစားအသောက်နဲ့ ပတ်သတ်ပြီး တော့လည်း ဒါမစားရ မနေနိုင်၊ ဒါမသောက်ရ မနေနိုင် တမ်းတမ်းစွဲ မက်မောမှု ကင်းရှင်းရ ပါမယ်။ ရသ တဏှာကို ထိန်းချုပ် စောင့်စည်းနိုင်ရ ပါမယ်။

ကိုယ်အပြုအမူ ဖြစ်သမျှ၊ စိတ်အနေအထား ဖြစ်သမျှကို အမြဲ သတိကပ် ရှုမှတ်နိုင်တဲ့ အတွက်ကြောင့် ကြုံလာသမျှ အာရုံကောင်းဆိုး အမျိုးမျိုးကို မချစ်၊ မမုန်းဘဲ ဥပေက္ခာပြု အညီအမျှ ရှုနိုင်တဲ့သူ ဖြစ်ရပါမယ်။

ကိုယ့်အထက် လူနဲ့ နှိုင်းယှဉ်တဲ့ မာန၊ ကိုယ့်တန်းတူ လူနဲ့ နှိုင်းယှဉ်တဲ့ မာန၊ ကိုယ့်အောက်တန်း လူနဲ့ နှိုင်းယှဉ်တဲ့ မာန၊ မာနသုံးမျိုးလုံး ကင်းရှင်းရပါမယ်။

သေပြီးရင် အသက်ကောင်၊ ၀ိညာဉ်ကောင်လေး နောက်ဘ၀ လိုက်တယ်ဆိုတဲ့ သဿတ ဒိဋ္ဌိ၊ သေပြီးပြတ်တယ်၊ ဘာမှ မဖြစ်တော့ဘူး ဆိုတဲ့ ဥစ္ဆေဒ ဒိဋ္ဌိ၊ ဒီ ဒိဋ္ဌိနှစ်ပါးလည်း ကင်းရှင်းရပါမယ်။ ဒီ ဒိဋ္ဌိနှစ်ပါး ရှိနေရင် မသေခင် လုပ်ရမယ့် အလုပ်တွေ ကမောက်ကမ ဖြစ်ပြီး သံသရာမှာ ချောက်ကျရပါလိမ့်မယ်။

ကိုယ်နဲ့ ပတ်သတ် ဆက်စပ်နေတဲ့ သားသမီးစတဲ့ သက်ရှိ ပုဂ္ဂိုလ်တွေ၊ အိမ်၊ မြေ စတဲ့ သက်မဲ့ အရာဝတ္ထု တွေကို ငါ့သား၊ ငါ့သမီး၊ ငါ့အိမ်၊ ငါ့မြေဆိုပြီး ငါစွဲကြီးကြီး၊ ငါ့ဥစ္စာ အစွဲကြီးကြီးနဲ့ သိမ်းပိုက်ထားတဲ့ စိတ်မျိုး ကင်းရှင်းရပါမယ်။

ဘာအလုပ်ပဲ လုပ်လုပ် ကိလေသာကို ရှေ့တန်းတင်တဲ့ အလုပ်၊ ကိလေသာကို ဆရာတင်တဲ့ အလုပ်မျိုး မဖြစ်အောင် သတိထားရပါမယ်။

ကိလေသာ အရင်းမခံဘဲ အလုပ်လုပ်နေ ပါရက်နဲ့ သူတစ်ပါးတို့က ကိလေသာ အရင်းခံတယ်လို့ ထင်ယောင် ထင်မှား စွပ်စွဲလာရင်လည်း မတုန်မလှုပ် သည်းခံနိုင်ရ ပါမယ်။

“တစ်လောကလုံးမှာ ကိုယ်ပိုင်တာ ဘာမှမရှိပါလား” ဆိုတဲ့ အသိ စွဲစွဲမြဲမြဲ ရှိနေရပါမယ်။ အဲဒီအသိ စွဲစွဲမြဲမြဲ ရှိနေပြီဆိုရင် ရှိချင်တာ မရှိလို့လည်း မပူပန်တော့ဘူး။ ရှိပြီးတာ မရှိလို့လည်း မဆူညံတော့ ပါဘူး။

ချစ်ခြင်း၊ မုန်းခြင်းစတဲ့ ကိလေသာကို အရင်းခံပြီး မလုပ်သင့် မလုပ်ထိုက်တာ လုပ်တဲ့ အဂတိ လိုက်စားမှုလည်း ကင်းရှင်းရပါမယ်။ အဂတိရဲ့ လားရာဟာ ဒုဂ္ဂတိပါ။

လောကမှာ လူသားတွေ မလုပ်သင့် မလုပ်ထိုက်တာ လုပ်၊ လုပ်သင့် လုပ်ထိုက်တာ မလုပ် ဖြစ်နေကြတာဟာ အရင်းခံကတော့ ကိလေသာပါပဲ။ ကိလေသာ ခေါင်းပါးလာတာနဲ့ အမျှ မလုပ်သင့် မလုပ်ထိုက်တာ တွေလည်း ရှောင်ကြဉ်နိုင်လာ ပါလိမ့်မယ်။ လုပ်သင့် လုပ်ထိုက်တာ တွေလည်း ဆောင်ငင်နိုင်လာ ပါလိမ့်မယ်။

မလုပ်သင့်တာ အားလုံး အကြွင်းမဲ့ ရှောင်နိုင်ပြီး လုပ်သင့်တာ အားလုံး အကြွင်းမဲ့ ဆောင်နိုင်ပြီ ဆိုရင်တော့ အကြွင်းမဲ့ ဘ၀လွတ်မြောက်မှုကို ရပါပြီ။ သေခြင်းတရားက အကြွင်းမဲ့ လွတ်မြောက်ပါပြီ။ ထပ်တလဲလဲ တစ်သေတည်း သေနေရတဲ့ အဖြစ်ဆိုး၊ ဒုက္ခဆိုးတွေက ထာဝရ လွတ်မြောက်ပါပြီ။ အနှိုင်းမဲ့ နိဗ္ဗာန်မှာ အကြွင်းမဲ့ ပျော်စံနိုင်ပါပြီ။

ဒါကြောင့် မသေခင် လုပ်ရမယ့် အလုပ်တွေထဲမှာ အရေးအကြီးဆုံး၊ ပဓာန အကျဆုံးကတော့ ကိလေသာ ခေါင်းပါးရေး အလုပ်၊ ကိလေသာ အမြစ်ပြတ်ရေး အလုပ်ပါပဲ။

+++++++++++++++++++++++++++++++++++++++++++++++

ဆရာတော် အရှင်ဆန္ဒာဓိက ရေးသားတော်မူသော “မသေခင် ဘာလုပ်ကြမလဲ” စာအုပ်မှ ကူးယူဖော်ပြ ဓမ္မဒါန မျှဝေအပ်ပါတယ် ခင်ဗျာ။

Wednesday, November 25, 2009

Junta Continues War on Monks

http://www.irrawaddy.org/highlight.php?art_id=17286

By ARKAR MOE Wednesday, November 25, 2009

A war on monks is still underway in Burma, revenge for the monk-led peaceful mass demonstrations in 2007. The military junta continues to put pressure on monks and their family members, place bans on preaching the Dhamma and impose travel restrictions.

Ashin Thavara, the secretary of the India-based All Burma Monks’ Representative Committee (ABMRC), told The Irrawaddy on Tuesday: “My parents go to sign up at the township authority every month, and the authorities order my family to inform them whenever I contact them. They also pressured my parents' employer to fire them from their job.”
This picture, taken in June, shows a Buddhist monk offering prayers at Shwedagon pagoda in Rangoon. (Photo: Getty Images)

Ashin Thavara, 26, played a leading role in in the demonstrations and is a founding member of the ABMRC, which launched the demonstrations together with other monk organizations.

“The Burmese authorities confiscated all of my belongings in February 2008, they have pressured monks leave my monastery, Zeya Theikdi Monastery in Rangoon's Thingankyun Township. It now has only one old monk.”

On Sept. 27, 2007, the military government cracked down on the demonstrators and scores of monks were forced to flee their monasteries to escape arrest. Dozens of monks fled the country .

According to official data, there are now more than 400,000 monks in Burma, and its community, the Sangha, is considered one of the strongest and most revered institutions in the country.

Ashin Issariya, one of the founders of All Burma Monks' Alliance (ABMA), said: “The military junta still oppresses and insults monks and the Buddhist religion. There are currently more than 250 monks and more than 20 nuns in prison in Burma for their political activities."

The regime's Ministry of Religious Affairs seeks to control monks through the Sangha Maha Nayaka Committee (a state-sponsored Buddhist monks’ organization), which has issued orders restricting monks’ travel and ability to offer dhamma teachings.

Authorities have also banned individual monks, such as Shwe Nya War Sayardaw, the dean of Shwe Nya War Buddhist University in Rangoon, from delivering dhamma talks.

A monk who studied at the Buddhist University told The Irrawaddy on Thursday: “ Shwe Nya War Sayardawgyi has been banned from Dhamma talks in Rangoon since last year, because of his two Dhamma CDs, “True Independence” and “Don’t be Unfair.” Recently, he was also banned from presenting talks on full moon day in Hledan Township and Kyee Myin Daing Township on Nov. 19.”

The Ministry of Religious Affairs has also stopped issuing letters of recommendation, which are required, for a monk to travel to a foreign country.

A monk in Rangoon, Ashin Panyarsarmi, said, “Now the authorities are watching monks closely, and it's very difficult to get visas and scholarships.”

Ashin Nayminda, who played a leading role in the 2007 demonstrations, said the authorities told his friends that if they contacted him, they could be arrested.

"Some of my friends who took part in the demonstrations have stayed away from me and returned to lay life," he said. "All of my property in my monastery in Dawbon Township in Rangoon was confiscated.”

An abbot in Mandalay Division told The Irrawaddy on Thursday: “Plain clothes security officers are closely watching certain monks and monasteries."

He said four youths who were in contact with monks in Mandalay were detained in September. "Their family and relatives do not know where they are now," he said.

State authorities closed Maggin Monastery in Rangoon's Thingankyun Township in November 2007 after its abbot, Sayadaw U Indaka, was arrested for his involvement in the demonstrations. Monks and novices were evicted along with several HIV/ AIDS patients who were receiving treatment in the monastery at the time.

In October 2009, the All Burma Monks’ Alliance expelled Sen-Gen Than Shwe from the Buddhist faith because he had failed to issue an apology for his abuse of monks and the religion of Buddhism.

ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့ ဂုဏ်ယူနိုင်ဖို့ပါ

ဗုဒ္ဓဘာသာဝင်တွေအတွက်သတင်းကောင်းတစ်ခုမို.ကြိုးစားပြီးပြန်ဆိုတင်ပြလိုက်ပါတယ်...

ဆွစ်ဇာလန်နိုင်ငံ၊ဂျနီဗာမြို.အခြေစိုက်အပြည်ပြည်ဆိုင်ရာဘာသာရေးနှင်.
အသိဥာဏ်မြင်.မားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ.ကဗုဒ္ဓဘာသာအဖွဲ.အစည်းကို
" ကမ္ဘာ.အမွန်မြတ်ဆုံး/
အကောင်းဆုံး " ဘာသာတရားဆုချီးမြှင်.ခဲ.ကြောင်းသိရှိရပါတယ်..

အဆိုပါအထူးတစ်လည်ချီးမြှင်.တဲ.ဆုကိုကမ္ဘာ.ဘာသာပေါင်းစုံမှကိုယ်စားလှယ် ၂၀၀ ကျော်က
ရွေးချယ်ချီးမြှင်.ခဲ.ခြင်းဖြစ်ပြီးပို၍၀မ်းမြောက်အံ.သြဖွယ်ကောင်းသည်မှာပါဝင်ရွေးချယ်သည်.ဘာ
သာရေးခေါင်းဆောင်အများစုကအဆိုပါအဖွဲ.အစည်းတွင်အဖွဲ.ခွဲဝင်အနည်းဆုံးဖြစ်သောဗုဒ္ဓဘာ
သာကိုမိမိတို.ဘာသာထက်ကျော်လွန်ပြီးဆန္ဒမဲပေးခဲ.ကြခြင်းဖြစ်သည်...

ပါဝင်ဆန္ဒမဲပေးခဲ.သူလေးဦးကပြောဆိုခဲ.ရာတွင်...

အဆိုပါအဖွဲ.ကြီး၏သုတေသနညွန်ကြားရေးမှူး Jonna Hult က " ဒီကမ္ဘာ.အမွန်မြတ်ဆုံး၊အ
ကောင်းဆုံးဘာသာတရားဆုကိုဗုဒ္ဓဘာသာက ရရှိတာအံ.သြစရာမရှိပါဘူး...ဘာဖြစ်လို.လည်း
ဆိုတော.ကမ္ဘာပေါ်မှာဗုဒ္ဓဘာသာကြောင်.ဖြစ်ပွားပေါ်ပေါက်ခဲ.တဲ.စစ်ပွဲဆိုတာမရှိခဲ.ပါဘူး...
တစ်ခြားဘာသာများနဲ.မတူတာကအဲဒါပါပဲ...တစ်ခြားဘာသာတွေကအကယ်၍ဘုရားသခင်
သာမှားယွင်းခဲ.ယင်ဆိုတဲ.အတွေးနဲ.လက်နက်တွေကိုအရံသင်.ထားကြပါတယ်...ဗုဒ္ဓဘာသာ
ဝင်တစ်ယောက်ဟာ(ဘာသာရေးအတွက်နဲ.) စစ်တိုက်တာကိုတွေ.ရဖို.အတော်ခဲယဉ်းပါတယ်...
တစ်ခြားဘာသာဝင်တွေရဲ.အစဉ်အလာအလေ.အထနဲ.ဆန်.ကျင်စွာပဲဗုဒ္ဓဘာသာဟာကိုယ်
ကိုယ်တိုင်ကျင်.ကြံတဲ.တရားကိုသာသူများကိုဟောကြားခဲ.တာပါပဲ " လို.ဆိုခဲ.ပါတယ်...

Belfast မြို.မှ ကက်သလစ်ဘုန်းတော်ကြီး Ted O'Shaunghnessy ကတော.ကက်သလစ်သာ
သနာကိုမြတ်နိုးကိုကွယ်ပေမယ်.လူသားတွေကိုမေတ္တာဂရုဏာထားရန်ဟောကြားပြီးလူသားတွေ
ကိုပဲသတ်ဖြတ်ကာဘုရားသခင်ရဲ.အလိုဆန္ဒနားလည်ပါတယ်လို.ပြောကြတာကစိတ်အနှောက်အ
ယှက်အဖြစ်ရဆုံးပါပဲ...ဒါကြောင်.မွန်မြတ်တဲ.ဗုဒ္ဓဘာသာကိုမဲပေးခဲ.တာပါလို.အမိန်.ရှိခဲ.ပါတယ်....

ပါကစ္စတန်ကမွတ်ဆလင်ဘာသာရေးခေါင်းဆောင်Tal Bin Wassad ကလည်းဒီအဆိုကိုသဘော
တူထောက်ခံခဲ.ပါတယ်...အဆိုပါအဖွဲ.ကြီးရဲ.ပါကစ္စတန်နိုင်ငံမွတ်စလင်အစည်းအရုံးဆိုင်ရာမဲပေး
ရေးအဖွဲ.၀င်တစ်ယောက်ဖြစ်တဲ.သူက " ကျွန်တော်ဟာအစ္စလာမ်ဘာသာကိုနှစ်နှစ်ကာကာယုံ
ကြည်သူတစ်ယောက်ပါ...သို.သော်လည်းပုဂ္ဂိုလ်ရေးဆိုင်ရာခံစားချက်ထက်ဘာသာရေးကိုအ
ကြောင်းပြပြီးအမျက်ဒေါသတွေထွက်ကြ၊သွေးမြေကျကြရတာတွေကိုတွေ.မြင်ခံစားရပါတယ်...
ဗုဒ္ဓဘာသာဝင်တွေကတော.အဲဒါကိုသိမြင်နားလည်သဘောပေါက်ခဲ.ကြပါတယ်...ပြောရယင်
ကျွန်တော်.ရဲ.အရင်းနှီးဆုံးမိတ်ဆွေတစ်ချို.ဟာဗုဒ္ဓဘာသာဝင်တွေပါ "
လို.ပြောခဲ.ပါတယ်...

အစ္စရေးနိုင်ငံဂျေရုဆလင်မြို.ကဂျူးဘုန်းတော်ကြီး Shmuel Wasserstein ကတော. " ကျွန်
တော်လဲကျွန်တော်.ဘာသာဖြစ်တဲ.ဂျူဒါအစ်ဇင် ကိုနှစ်သက်မြတ်နိုးပါတယ်...ကိုယ်.ဘာသာ
မို.ကိုယ် ဒါဟာကမ္ဘာ.ပေါ်မှာအကြီးမြတ်ဆုံးဘာသာတရားလို.လည်းထင်ပါတယ်...ဒါပေမယ်.
ရိုးရိုးသားသားဝန်ခံရယင်ကျွန်တော်ဟာနေ.စဉ်ဂျူးဘာသာအရ၀တ်မပြုခင်ဝိပဿနာတရား
ကိုကျင်.ကြံအားထုတ်နေတာ ၁၉၉၃ ခုနှစ်ကတည်းကပါ...ဒါကြောင်.အခုလိုမဲပေးလိုက်ပါ
တယ် " လို.ပြောလိုက်ပါတယ်...

သို.သော်..စိတ်မကောင်းစရာအချက်တစ်ခုက အဆိုပါအဖွဲ.ကြီးအနေဖြင်.ထိုဆုကိုလက်ခံမည်.
သူတစ်ယောက်ကိုမျှမတွေ.ခဲ.ရပေ....သူတို.ဆက်သွယ်ပြောဆိုသမျှဗုဒ္ဓဘာသာဝင်အားလုံးက
ထိုဆုကိုလက်ခံဖို.ငြင်းပယ်ခဲ.ကြခြင်းဖြစ်သည်...


အဘယ်ကြောင်.ထိုဆုကိုလက်ခံရန်ငြင်းဆန်ရကြောင်းမေးမြန်ခဲ.ရာမြန်မာဗုဒ္ဓဘာသာအသင်း
ဘုန်းတော်ကြီးဂုရတ္တက " ယခုလိုမိမိတို.ဘာသာကိုအသိအမှတ်ပြုချီးမြှင်.သည်.အတွက်ဝမ်း
မြောက်ကျေးဇူးတင်ကြောင်း ...သို.သော်ဒီဆုကိုအမြတ်ဆုံးလွတ်မြောက်မှုနိက္ခမဓါတ်၊နိဗ္ဗာန
ဓါတ်ကြိုးစားအားထုတ်ကာရရှိနိုင်သည်.လူသားအားလုံးကိုမိမိတို.မျှဝေပေးအပ်ပါကြောင်း
..." မိန်.ကြားခဲ.ပါတယ်...

အဖွဲ.ကြီးအနေနဲ.ထိုဆုကိုလက်ခံရယူပေးမယ်.သူကိုဆက်လက်ဆက်သွယ်နေဦးမှာဖြစ်ကြောင်း
သိရှိရပါတယ်....


တရားအရသာသိတဲ.သူတွေကတော.ကိုယ်တိုင်ကိုလက်တွေ.ကျင်.ကြံအားထုတ်နေကြပြီ...
တရားမသိ၊အမှားပြည်.နေတဲ. ...ကျွန်တော်တို.ငမိုက်သားများကတော. ...
ဒီသံသရာရေယာဉ်ကြောမှာ ...မြောလို.ကောင်းနေဆဲ....



မူရင်းသတင်းလေးကတော.ဒီလိုပါ...

The Geneva-based International Coalition for the Advancement of
Religious and Spirituality (ICARUS) has bestowed "The Best Religion In
the World" award this year on the Buddhist Community.

This special award was voted on by an international round table of more than 200
religious leaders from every part of the spiritual spectrum. It was
fascinating to note
that many religious leaders voted for Buddhism rather than their own
religion although Buddhists actually make up a tiny minority of ICARUS
membership. Here are the comments by four voting members:


Jonna Hult, Director of Research for ICARUS said "It wasn't a surprise
to me that Buddhism won Best Religion in the World, because we could
find literally not one single instance of a war fought in the name of
Buddhism, in contrast to every other religion that seems to keep a gun
in the closet just in case God makes a mistake. We were hard pressed
to even find a Buddhist that had ever been in an army. These people
practice what they preach to an extent we simply could not document
with any other spiritual tradition."

A Catholic Priest, Father Ted O'Shaughnessy said from Belfast , "As
much as I love the Catholic Church, it has always bothered me to no
end that we preach love in our scripture yet then claim to know God's
will when it comes to killing other humans. For that reason, I did
have to cast my vote for the Buddhists."

A Muslim Cleric Tal Bin Wassad agreed from Pakistan via his
translator. "While I am a devout Muslim, I can seehow much anger and
bloodshed is channeled into religious expression rather than dealt
with on a personal level. The Buddhists have that figured out." Bin
Wassad, the ICARUS voting member for Pakistan 's Muslim community
continued, "In fact, some of my best friends are Buddhist."

And Rabbi Shmuel Wasserstein said from Jerusalem, "Of course, I love
Judaism, and I think it's the greatest religion in the world. But to
be honest, I've been practicing Vipassana meditation every day before
minyan (daily Jewish prayer) since 1993. So I get it."

However, there was one snag - ICARUS couldn't find anyone to give the
award to. All the Buddhists they called kept saying they didn't want
the award.

When asked why the Burmese Buddhist community refused the award,
Buddhist monk Bhante Ghurata Hanta said from Burma, "We are grateful
for the acknowledgment, but we givethis award to all humanity, for
Buddha nature lies within each of us." Groehlichen went on to say
"We're going to keep calling around until we find a Buddhist who
will accept it. We'll let you know when we do."

Friday, November 20, 2009

ကိုယ်ချင်းစာထားကြည့်

သည်တိုင်းပြည်ခို သည်ရေကိုသောက်
သည်မြေအောက်က ကူထောက်စီးပွား
ထုတ်ယူစားပြီး ပြည်ဖွားအိမ်ရှင်
ရန်သူထင် အသင်မှားနေပြီး။

အိမ်ရှင်ရိုကျိုး အိမ်ရှင်ကိုးသော
မျိုးရိုးဘာသာ သာသနာကို
ခြေရာနင်းလျက် အတင်းဖျက်
ရက်စက်လွန်းနေပြီ။

အိမ်ရှင်ကဖွား သမီးသားကို
မယားအဖြစ် လင်အဖြစ်ဖြင့်
အနှစ်ကိုနှုတ် အညစ်မြှုပ်လျက်
မွေးထုတ်ခလေး စပ်တူသွေးတွင်
အရေးချက်ခြာ မျိုးဘာသာအား
လုယူထား စော်ကားလွန်းနေပြီ။

*သင့်အိမ်ခိုလျက် သင့်ကိုဖျက် သင်လက်ခံမည်လော။
*သမီးပျော်ပါး သားပျော်ပါး စော်ကားခံမည်လော။

(အမျိုး၊ ဘာသာ ကာကွယ်တတ်စေဖို့ မဟာဗောဓိမြိုင်ဆရာတော်၏ ကဗျာဘဏ်တိုက်မှ ကူးယူဖော်ပြပါသည်။ )

ပြုံး ၂၀၀၉

ပြုံး ၂၀၀၉

မောင်စွမ်းရည်

နိုဝင်ဘာ ၁၉၊ ၂၀၀၉

အမေရိကန်ရဲ့ အရှင်၊ သခင်၊ ဘုရင်

အရင်းရှင် သမ္မတ

တက်ကြွပြီး ထက်လှတဲ့ ကိုလူမည်းကို

လူမွဲအများစုနဲ့ လူမဲအများစုနဲ့

ပညာတတ်အများစုနဲ့ ပညာမဲ့အများစုက

သူ့ကို စေတနာထား

အိုဘားမား၊ ဒို့ အိုဘားမား တဲ့
အများစုမဲကို ဆွဲ စု ခဲ့တယ်။

လူမဲကိုယ်စားလှယ်၊ လူမွဲကိုယ်စားလှယ်မို့

ဆိုရှယ်လစ်တဲ့၊ ကွန်မြူနစ်တဲ့

ခေတ်သစ်ပြက်လုံး၊ မပြုံးဘဲနဲ့

ဗုံးခွဲသလို ရယ်တုန်း

ရယ်လို့မှ မဆုံးခင်၊ ဗြုံးဆို နောက်တမျိုး

ကိုးလ လွယ်၊ ဆယ်လသားမှာ

အိုဘားမားသမ္မတ နိုဘယ်လ်ဆု ရသတဲ့။



ကမ္ဘာ့လက်နက်သခင်၊ အိမ်ဖြူတော်ဥကင်မှာ

ချိုးဖြူဝင်လို့ နားချေပေါ့၊

အားဆေးလား၊ တားဆေးလား၊ ဖျားဆေးလား မသိ

သတိနဲ့သာ ပြုံးပါလေ။



အခု နိုဘယ်လ်ဆုရသူဟာ မဖြူပါ

သူ မဖြူလည်း အိမ်ဖြူကတော့ အိမ်ဖြူပဲ

အိမ်မဲလည်း မဖြစ်၊ အိမ်နီလည်း မဖြစ်

ဆေးသစ်အဖြူနဲ့ ဖြူမြဲ ဖြူလျက်။



တရုပ်ပြည်မှာတော့ တပါတီ အရင်းရှင်

တီထွင်မှုအသစ်၊ ကွန်မြူနစ်ဒီမိုကရေစီ

“နီ” တာလည်း ရမယ်၊ “စီ” လည်း စီရမယ် ဆိုရင်

ဘယ်လိုလဲ။



နောက်မြီးဆွဲ ဗမာပြည်

“နီ” လည်း မနီ၊ “စီ” လည်း မစီ

ဒီမိုကရေစီဟာ သေနတ်ပြောင်းမှ သန္ဓေတည်

တရုပ်ကွန်မြူနစ်နဲ့ ရုရှားကွန်မြူနစ်တို့

ဗမာကွန်မြုနစ်ကို ချောင်ထိုး

စစ်အစိုးရနဲ့ ချစ်ကြည်

ဒါ “နစ်ဝါဒီ” လား၊ “စစ်ဝါဒီ” လား။



ဘာ ၀ါဒီမှ မဟုတ်၊ ကိုယ့်အကျိုးကို ကိုယ်လုပ်ခြင်းသာ

သူ့နိုင်ငံ၊ သူ့အမျိုး၊ သူ့အကျိုးသာ သူ့ဝါဒ

ငါ့နိုင်ငံ၊ ငါ့အမျိုး၊ ငါ့အကျိုးသာ ငါ့ ၀ါဒ ပေါ့။



အိုဘားမားဟာ “ဘားမား” မဟုတ်

သူ့အလုပ် သူ လုပ်မှာပါ

ငါတို့လည်း ငါတို့အလုပ်၊ ငါတို့ဘာသာ လုပ်ကြစို့။ ။

Thursday, November 19, 2009

ချင်းမိုင်မြို့ INEB နှစ်၂၀ပြည့်အစည်းအဝေးအမှတ်တရ

ချင်းမိုင်မြို့ INEB နှစ်၂၀ပြည့်အစည်းအဝေးအမှတ်တရ

သမိုင်းတစ်ခေတ်မှာပေါ်ထွက်ခဲသောခေါင်းဆောင်-2

ဤတွင် ဗိုလ်ချုပ်သည် တစ်စုံတစ်ရာကို စဉ်းစားမိဟန်ဖြင့်  စောစောကလောက် မျက်နှာထား မတင်း မာ တော့ သဖြင့် ကျွန်တော်လည်း အားတက်မိကာ ဆက်ပြောပါသည်။။
**ဒီလိုလုပ်ရင်မကောင်းဘူးလား ဗိုလ်ချုပ်၊ ရှမ်းအဘိုးကြီးလည်း စိတ်ချမ်းသာပြီးပြန်သွားနိုင်အောင် ဗိုလ်ချုပ်က အောက်ထပ်ခဏဆင်းပြီး တွေ့ လိုက်ပါ

၊ ပြီးတော့ အဘိုးကြီး လှူမယ့် ရွှေချောင်း အထုပ်ကို လက်ခံပြီး ကျေးဇူးတင်ကြေင်းပြောလိုက်ပါ၊ ကျွန်တော်က လက်ခံရရှိကြောင်း ပြောစာသဘော စာတစ်ကြောင်း ၊နှစ်ကြောင်း လက်နှိပ်စက်ရိုက်ပေးမယ်၊ အဲဒီမှာ ဗိုလ်ချုပ်က လက်မှတ်ထိုးပေးလိုက်ရုံပဲ၊ ဒီတော့ ရှမ်းအဘိုးကြီးဟာဝမ်းသာပြီးပြန်သွားလိမ့် မယ်၊သူပြန်သွားတာနဲ့ ရွှေချောင်းတွေကို ကျွန်တော်က ချက်ချင်းပဲ အဖွဲ့ ချုပ် ဘဏ္ဍရေှးမှူး မြန်မာ့ အလင်း ဦးတင် ဆီသွားအပ်လိုက်မယ်၊ အဖွဲ့ ချုပ်ရန်ပုံငွေအတွက် ဗိုလ်ချုပ်က ပို့ ခိုင်းတာပါလို့ ပြောမယ် ဒီလိုဆိုရင် ပြဿနာ ပြေလည်သွားနိုင်ပါတယ်**
ဤသို့ ကျွန်တော် က အကျိုးအကြောင်း ရှင်းပြတော့မှ ဗိုလ်ချုပ်သည် လက်ခံ သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြပါသည်။ကျွန်တော်လည်း ၀မ်းသာအားရ ဖြစ်လျက် အောက်ထပ်သို့ ပြေးဆင်းပြီး ရွှေချောင်းလက်ခံ ရရှိကြောင်း လက်နှိပ်စက် ဖြင့် ရိုက်၍အောက်တွင်ဗိုလ်ချုပ်လက်မှတ်ထိုးရန် * အောင်ဆန်း* ဟူသော အမည်ကို ကွင်းစ ကွင်းပိတ် နှင့် အသင့် ရိုက်ထားလိုက်ပါသည်။
ခဏကြာလျှင်ဗိုလ်ချုပ်သည် စွပ်ကျယ်အကျီင်္ပေါ်မှ ရှပ်အကျီင်္တစ်ထည် ထပ်ဝတ်လျက် ဆင်းလာရာကျွန်တော်လည်း ရှမ်းအဘိုးကြီး နှင့် မိတ်ဆက်ပေးလိုက်ပါသည်။
ထို့ နောက် ဗိုလ်ချုပ်နှင့် တိုင်ပင် ထားသည့် အတိုင်း အဘိုးကြီး လှူဒါန်းသောေ၇ွှချောင်းအထုပ် ကို ဗိုလ်ချုပ်က လက်ခံရင်း ပြုံးလျက်
****ကျေးဇူးအများကြီးတင်ပါတယ် ဦးကြီး ခင်ဗျား၊ ဦးကြီးတို့  ရှမ်းပြည်နယ် အပါအ၀င် တစ်နိုင်ငံလုံး လွတ်လပ်ရေး ရအောင် ကျွန်တော် အစွမ်းကုန် ကြိုးစားလုပ်ပါမယ်**
ဟုပြောပြီးနောက် လက်နှိပ်စက်ရိုက်ထားသော စာရွက်မှ သူ၏နာမည် အပေါ်နားတွင် *အောင်ဆန်း*ဟုလက်မှတ်ထိုးကာ ရှမ်းအဘိုးကြီးအား ပေးလိုက်သည်။
အဘိုးကြီးသည် မျက်လုံးများ ကြည်လင် တောက်ပြောင်လာအောင် အထူး ၀မ်းမြောက်ဝမ်းသာ ဖြစ်သွားပုံရပါသည်။ဗိုလ်ချုပ်ကိုလည်း မယုံကြည်နိုင်လောက်အောင် အံ့သြဟန်ဖြင့်  ငေးစိုက် ကြည့် နေရှာပါသည်။
*ဗိုလ်ချုပ် ဦးအောင်ဆန်းကို နာမည် ကြားတာ နဲ့ကြည်ညိုနေမိပါတယ်၊ အမှတ်တကယ် တွေ့ ရတော့  အသက် ငယ်ငယ်လေး ရှိသေးပါတကား လို့ အံ့သြ နေမိပါတယ်၊ တိုင်းပြည်လွတ်လပ်ရေးအမှတ်မုချ ရအောင် ဗိုလ်ချုပ် စွမ်းဆောင်နိုင်မယ်လို့ လည်း ယုံကြည်ပါတယ်**
ပြောပြောဆိုဆို ရှမ်းအဘိုးကြီးသည် ဗိုလ်ချုပ်အား လက်အုပ်ချီကန် တော့ရန် ကြမ်းပြင်ပေါ်သို့ ဒူးတုပ်ထိုင်ချလိုက်ရာ ဗိုလ်ချုပ်က လျင်မြန်စွာထ ၍ဆွဲထူ ကာ ပြန်ထ စေလိုက်ရပါသည်။
*မလုပ်ပါနဲ့  ဦးကြီး၊ ကျွန်တော် ငရဲကြီး နေပါဦးမယ် အခုကျွန်တော် တို့ ကို လာလှူဒါန်းတာကပဲ ဦးကြီး၇ဲ့ အလွတ်မွန်မြတ် တဲ့စိတ်ဓာတ်နဲ့  စေတနာဟာ ထင်ရှားနေပါပြီ**
ဤသို့ ဗိုလ်ချုပ်ကိုယ်တိုင်က နှစ်သိမ့် ပြောလိုက်မှ ရှမ်းအဘိုးကြီးလည်း နားလည်ဟန်ဖြင့် ခေါင်းညိတ် ပြီးနောက် နှုတ်ဆက်၍ပြန်သွားရှာပါသည်။
သည်တော့မှ ကျွန်တော်က ဗိုလ်ချုပ်အား ရှမ်းလူမျိုးတို့ သည် စစ်ပြီးကာလ တိုင်အောင် ပဒေသရာဇ် နယ်ရှင် စော်ပွားများအား တွေ့ လျှင်ထိုင် ၍လက်အုပ်ချီ ရှိခိုး ကန်တော့လေ့ ရှိကြောင်း ရှင်းပြလိုက်ရပါသည်။သူကိုယ်တိုင်လည်း 1946 ခု၊ ဒီဇင်ဘာလ ညောင်ရွှေမြို့ သို့ စည်းရုံးရေး ဟောပြောရန် အသွား တွင် ညောင်ရွှေ စော်ဘွားကြီးကို မြင်သူတိုင်းက မြေပြင်ပေါ်တွင် ဒူးတုပ် ကန် တော့ကြပုံကို သတိပြုမိသဖြင့်
***စော်ဘွားကြီး လွတ်လပ်ရေး ရပြီးရင်တော့ ဒီအလေ့ အထကို ပယ်ပစ်မှ ဖြစ်မယ်* ဗိုလ်ချုပ်က ညောင်ရွှေစော်ဘွားကြီးအား ပြောခဲ့ပါသေးသည်။
****
အထက်ဖော်ပြပါ ဖြစ်ရပ်ကို ပြန်လည် သတိရရင်း ၀တ်လုံဦးကျော်မြင့် ပြောသွားသော
***ဒီလို ထူးချွန်တဲ့ ခေါင်းဆောင် မျိုးဟာ သမိုင်းတစ်ခေတ် နှစ်ပေါင်း ငါးရာ တစ်ထောင်မှာမှ တစ်ယောက်တလေ ရှားရှားပါးပါး ပေါ်ထွက်တတ်တယ်** ဟူသော စကားသည် ဟုတ်မှတ်လိမ့် မည်ပါတကား ဟု တွေးမိပါသည်။
{ မှတ်ချက်။ ။ ထိုနေ့ က ရှမ်းအဘိုးကြီး ပြန်သွားပြီးနောက် ဗိုလ်ချုပ်အား ကြိုတင် ပြောထားသည့် အတိုင်း ကျွန်တော်သည် ရွှေချောင်း များပါသော အထုပ်ကို ချက်ချင်းပင် မြန်မာ့ အလင်း သတင်းစာတိုက် သို့ သွား၍ ဘဏ္ဍရေးမှူး ဦးတင်အား အကျိုးအကြောင်း ပြောပြရင်းပေးလိုက်ပါသည်။ မြန် မာ့အလင်း ဦးတင် ကလည်း အလွန်အံအား သင့် စွာဖြင့် .............**အဲဒီရှမ်းအဘိုးကြီး ဒီနေ့ မနက်ကပဲ ဖဆပလ အဖွဲ့ ချုပ်နိုင်ငံေ၇း ရန်ပုံငွေအတွက်ဆိုပြီးရွှေချောင်းတစ်ထုပ် လှူသွားခဲ့ ပြီးပြီ၊ ပြီးတော့ ဗိုလ်ချုပ်ဆောင်ဆန်းကို ခဏတွေ့ ဖူးချင်လို့  ဗိုလ်ချုပ် နေတဲ့ အိမ်ကို လမ်းညွှန်စမ်းပါ ဆိုတာနဲ့ ဦးကပဲ တာဝါလိန်း(နတ်မောက်လမ်း)(ယခု ကန်တော်ကြီးပတ်လမ်း ရှိဗိုလ်ချုပ်ကြေးရုပ်နား) အိမ်ကို ညွှန်ပြလိုက်ရတယ်၊ မောင်ရင်စိတ်ကူး ရတဲ့ အစဉ်အစဉ်က တကယ်ကောင်းတယ်၊ရှမ်းအဘိုးကြီး လည်း စိတ်ချမ်းသာ သွား မှာပဲ၊ အင်း မောင့် ရင့် ဆရာ ဗိုလ်ချုပ်ကတော့ တကယ့် ကို ရှာမှရှားတဲ့ ခေါင်းဆောင် တစ်ဦးဖြစ်တာ အမှန်ပဲကွယ့် *** ဟုကျွန်တော့အား ပြန်ပြောလိုက်သည်ကို ယနေ့ အထိ ပြန်လည် ကြားယောင်နေမိပါသည်။

အမေရိကန်ပြည်ထောင်စု ကမ္ဘာကျော် စတန်းဖို့ဒ် တက္ကသိုလ်တွင် ဦးသန့်အားဂုဏ်ပြုသည့် ဓါတ်ပုံပြပွဲ ပြုလုပ်ကျင်းပ

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန်

သမိုင်းတစ်ခေတ်မှာပေါ်ထွက်ခဲသော ခေါင်းဆောင်-1

1945 ခုနစ် ဖက်ဆစ် တော်လှန်းရေးပြီး၍ ဘုရင်ခံ*ဆာဒေါ်မန်စမစ်*၏ ဗြိတိလျှ အစိုးရ မြန်မာနိုင်ငံသို့ ပြန်ရောက်လာပြီးနောက် စစ်ပြီးခေတ်ပြန်လည် ဖွဲ့ စည်းမည့်  *ဘားမားအာမီ*ခေါ်မြန်မာနိုင်ငံစစ်တပ် ကို ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ဗိုလ်မှူးချုပ် (brigadier-General) ရာထူးဖြင့် တာဝန်ယူ ဦးစီးကွပ်ကဲပါရန် အရှေ့ တောင်အာရှရှိ မဟာမိတ် တပ်ပေါင်းစု သေနာပတိချုပ်ရေတပ် ဗိုလ်မှူးကြီး လော့ ဒ်မောင့် ဘက်တန်က စာဖြင့်ေ၇းသားကမ်းလှမ်းခဲ ပါသည်။

သို့ ရာတွင် ဗိုလ်ချုပ်က ယင်းသို့ ကမ်းလှမ်းခြင်းကို အထူးကျေးဇူးတင်ပါသော်လည်း သူ့ အနေဖြင့် လက် မခံနိုင်ပါကြောင်း ရည်မွန်ယဉ်ကျေးစွာစာပြန်ရေး ငြင်းပယ်ခဲ့ ပါသည်။
သူ့ ကိုယ်စား ၇ဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးကြီးက ဗြိတိလျှဗိုလ်ချုပ် နှင့် ပူးတွဲ၍တပ်မတော်ကို ကွပ်ကဲ အုပ်ချုပ် ရန် ဗိုလ်ချုပ်ကပင် စီစဉ် လိုက်သည်။ သူကိုယ်တိုင်ကတော့  ဖ-ဆ-ပ-လ အဖွဲ့ ချုပ်အမျိုးသားတပ်ဦးကြီး၏ ဥက္ကဠ အဖြစ် လွတ်လပ်ရေးကို မဖြစ်မနေ ကြိုးပမ်း ရယူမည်ဟု အခိုင်အမာ ဆုံးဖြတ်ထားပြီးဖြစ်၍ အချိန်ပြည့်နိုင်ငံေ၇းလုပ်နေသည်။အထူးသဖြင့်  တိုင်းရင်းသား စည်းလုံးညီညွတ်မှုအင်အားအပြည့်အ၀ ရရှိေ၇းအတွက် ကိုယ်တိုင်ဦးဆောင်၍ ကြိုးစားနေလေသည်။
တစ်နေ့ တွင် နတ်မောက်လမ်း ရှိ ဗိုလ်ချုပ်၏နေအိမ် သို့ ရှမ်းအမျိုးသား အဘိုးကြီး တစ်ဦးသည် အဖော်လူငယ်တစ်ယောက်နှင့် အတူ ရောက်လာပါသည်။ကျွန်တော်က အိမ်ရှေ့ ထွက်၍ဘာကိစ္စပါလဲဟုမေးသောအခါ ဗိုလ်ချုပ်အောင်ဆန်း နှင့် တွေ့ ချင်လို့ ပါဟု ပြန်ဖြေပါသည်။
ထိုအချိန်(စစ်ပြီးခါစ)က ဗိုလ်ချုပ်မှာ အလွန် အလုပ် များနေသလောက် တစ်နေ့ တစ်နေ့  သူ့ အိမ်သို့ လာပြီးဗိုလ်ချုပ်နှင့် တွေ့ ဆုံခွင့် တောင်းသူတွေ အထူးများလှပါသည်။အနယ်နယ် အရပ်ရပ် မှ နိုင်ငံေ၇းသမားများ၊တပ်မတော် ရဲဘော် ဟောင်းများ၊ နိုင်ငံခြားသတင်းထောက်များ၊F.S.S ခေါ်ဗြိတိလျှ စစ်ထောက်လှမ်းရေး အရာရှိများ စသည် ဖြင့် လူပေါင်းစုံနေ့ စဉ်လိုလို လာနေသဖြင့် ကျွန်တော်၏ တာဝန် မှာ တစ်ဦးချင်း အသေးစိတ်မေးမြန်းစိစစ်ပြီးအမှန်တကယ် ဗိုလ်ချုပ်နှင့် တွေ့ ပေးသင့် သည်ဟု ယူဆမှသာ တွေ့ ဆုံရန် စီစဉ်ပေးရခြင်း ဖြစ်ပါသည်။
ထို့ ကြောင့် ရောက်လာသူ ရှမ်းအဘိုးကြီး အား **ဘာကိစ္စရှိလို့ ပါလဲ* ဟုမေးလိုက်ရာ သူက
*ဗိုလ်ချုပ်အောင်ဆန်း သုံးစွဲဖို့  အတွက် လှူချင်လို့ ပါ**ဟုပြန်ဖြေပါသည်။


ဤတွင် ကျွန်တော်သည် ရှမ်းအဘိုးကြီးနှင့် ဗိုလ်ချုပ်တွေ့ ဆုံခွင့် မပေးသင့် ဟုတွေးမိပါသည်။ အဘိုးကြီးက ဗိုလ်ချုပ်သုံးစွဲ ဖို့ လှူချင်ပါသည်ဆိုလျှင်ဗိုလ်ချုပ်က လက်ခံမည် မဟုတ်ဟု ကျွန်တော် တစ်ထစ်ချ သိနေသောကြောင့် ပင်တည်း။
ဒီမယ် ဦးကြီး ၊ဗိုလ်ချုပ်သုံးဖို့ လှူချင်တယ်ဆိုလို့ ဦးကြီးရဲ့ စေတနာ သဒ္ဓါ တရားကိုလေးစားပါတယ်၊ ဒါပေမယ့် ဗိုလ်ချုပ်က ဒီလို သုံးစွဲ ဖို့ လှူတာမျိုးလက်မခံပါဘူး၊တစ်နည်းတော့ ရှိပါတယ် ဦးကြီးလှူချင်သပ ဆိုရင် ဗဟန်း ကိုယ့် မင်းကိုယ့် ချင်း လမ်း အမှတ် (8) က ဖ-ဆ-ပ-လ အဖွဲ့ ချုပ်ရုံးမှာ သွားလှူလို့ ရပါတယ်၊ ဒါကြောင့် ဦးကြီးတို့  အဖွဲ့ချုပ်ရုံးကိုပဲ ကြွကြပါ**

ကျွန်တော် ဤသို့ ပြောသော်လည်း ရှမ်းအဘိုးကြီးသည် လက်မခံဘဲ သူ၏လွယ်အိပ်ထဲမှ အထုပ်တစ်ထုပ်ယူ၍အသာ ဖြေပြပါသည်။
ထိုအထုပ်ထဲတွင် ၀င်းလက် တောက်ပြောင်လျက် အရည်အသွေး ကောင်းလှသော ရွှေချောင်းများ ကို တွေ့ လိုက်ရသဖြင့်  ကျွန်တော်ပင် အံသြသွားမိပါသည်။
**ဒီလိုပါ ဗိုလ်ကြီး၊ ကျုပ်က ဗိုလ်ကြီးပြောတဲ့ အတိုင်း အဖွဲ့ ချုပ်ကို ရောက်ပြီးရန်ပုံငွေ လှူခဲ့ ပြီးပါပြီ၊ဒါက ဗိုလ်ချုပ်တို့  မိသာစုမှာ ချွေတာ ခြစ်ခြုတ် စားသောက်နေရတယ်လို့  ကြားသိရပါတယ်၊ အခုဆိုရင်ဗိုလ်ချုပ်ဟာ တပ်က ထွက်လိုက်ပြီမို့  လစာ ၀င်ငွေရယ်ဆိုလို့  မရှိဘူးမဟုတ်လား၊ ဒါကြေင့်  သူလွတ်လပ်ရေး ရအောင် ဦးဆောင်ကြိုးစား ရာမှာ နောက်ဆံ မတင်း ဘဲ လုပ်နိုင်အောင်လို့  သူ့ မိသားစု သုံးစွဲဖို့ ဒီရွှေ တွေကို ကျုပ်လှူချင်ပါတယ်၊အဲဒါတော့ ဗိုလ်ကြီး က ဗိုလ်ချုပ်ကို မေတ္တာရပ်ခံပေးစေချင်ပါတယ်**
ရှမ်းအဘိုးကြီးက အသည်းနှလုံးမှ ထွက်လာသလို လှိုက်လှဲစွာ ပြောလိုက်သောအခါ ကျွန်တော်သည် သူ၏စေတနာကို အထူးပင် လေးစားချီးကျူးမိသည်နှင့် အမျှ အလွန်အားနာ သွားမိပါသည်။ ထို့ ကြောင့် ကျွန်တော်သည် ခေတ္တ စဉ်းစားရင်း အကြံတစ်ခု ရသဖြင့် ရှမ်း အဖိုးကြီးနှင့် အဖော်တို့ အား ဧည့် ခန်းတွင် ခေတ္တထိုင်စောင့် ခိုင်းပြီးနောက် ဗိုလ်ချုပ်ရှိနေသော အိမ်ပေါ်ထပ် သို့ တက်သွား၍ သတင်းပို့ လိုက်ပါသည်။
**ဗိုလ်ချုပ် ရှမ်းအဘိုးကြီး တစ်ယောက် လာနေတယ်၊ ဗိုလ်ချုပ်သုံးစွဲ ဖို့ ရွှေချောင်းတွေ လှူချင် လို့ တဲ့ ***
ကျွန်တော်၏စကားမဆုံးမီ ထင်သည့် အတိုင်း ဗိုလ်ချုပ်က ကြားဖြတ်၍ မျက်နှာထား တင်းတင်း နှင့် အပြစ်တင်ပါတော့ သည်။
ဟေ့ ကောင် ငါဒါမျိုး လက်မခံဘူးဆိုတာ မင်းသိသားနဲ့ ၊ လှူချင်ရင် ဖဆပလ အဖွဲ့ ချုပ်မှာ သွားလှူလို့ သာ ပြောလိုက်**
သာမာန်အားဖြင့် ကျွန်တော်သည် ဗိုလ်ချုပ်အား ပြန်ပြော လေ့ မရှိ။ ပြောသည့် အတိုင်းလုပ်တတ်သော်လည်း သည်တစ်ခါ တော့ ပြဿနာ ပြေလည်အောင် ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်ပါသည်။
**ဗိုလ်ချုပ်ပြောသလို ကျွန်တော်လည်း ပြောပါတယ်၊ ဒါပေမယ့် အဘိုးကြီးက ဖဆပလ အဖွဲ့ ချုပ်မှာ ရန်ပုံငွေ အတွက် လှူခဲ့ ပြီးပါပြီတဲ့ ၊ အခုဟာက ဗိုလ်ချုပ်ကို နာမည် ကြားရုံနဲ့ ကြည်ညို လေးစားလို့ ကိုယ်တိုင်တွေ့ ဖူးလိုတာက တစ်ကြောင်း ၊ဗိုလ်ချုပ်တို့  မိသားစု ဆင်းရဲကျပ်တည်း နေချိန်မှာ မိသားစု ကောင်းကောင်းမွန်မွန် စားသောက်နေထိုင် ပြီးဗိုလ်ချုပ် လည်း စိတ်အေးလက်အေး လွပ်လပ်ရေးရဖို့ လုပ်နိုင်အောင်လို့ လှူတာပါလို့ ပြောတယ်၊ပြီးတော့ ဒီလိုလှူတဲ့ အတွက်သူ့ အနေ့ နဲ့  ဘာအခွင့် အရေး ဘယ်လို အကျိုးကျေးဇူးမှ မမျှော်လင့် ဘဲစေတနာ သန့် သန့် နဲ့ လှူတာပါလို့ ပြောရှာပါတယ်*****

ဆက်လက်ဖော်ပြပါမည်.

Thursday, November 12, 2009

ငါးမူးတန်းမှ ရုပ်ရှင်ကြည့် ခဲ့ သောဗိုလ်ချုပ်အောင်ဆန်း-

ဗိုလ်ချုပ်ရဲ့ နှိမ့် ချတတ်တဲ့ စိတ် ။ အဆောင်အယောင် ပကာသန မမက် မော တဲ့ စိတ်။
အဲဒါလေး ဝေမျှချင်လို့ ပါ..
တက္ကသိုလ်နေ၀င်းရေးတဲ့  စာအုပ်နာမည်လေး က အမှတ်တရဗိုလ်ချုပ်အောင်ဆန်း တဲ့  ........
သူရေးထားတာ ဒီလိုဗျ.............

ထို့ နေ့ ကား 1946 ခု စက်တင်ဘာလ 26 ရက်နေ့ ပင်တည်း။
ထို အချိန်က မြန်မာနိုင်ငံသည် လွပ်လပ်ရေးမရသေး။
ဗြိတိလျှ ဘုရင်ခံ အုပ်ချုပ်ဆဲပင်ဖြစ်ရာ အစိုးရအဖွဲ့ (၀န်ကြီးအဖွဲ့ ) ကို ဘုရင်ခံ အမှု ဆောင် ကောင်စီ ဟုခေါ်သည်။ သဘာပတိက ဘုရင်ခံဖြစ်ပြီး ဗိုလ်ချုပ် က ဒုတိယ သဘာပတိ အမည် ဖြင့် ဝန်ကြီးအဖွဲ့ကို ဦးစီး ကွပ်ကဲရသည်။ သို့ ရာတွင် ဘုရင်ခံ သည် အမည် ခံ *သဘာပတိ* သာဖြစ်ပြီး နိုင်ငံခြားေ၇း၊ကာကွယ်ေ၇း၊ ၀န်ကြီးဌာနများကို ဗိုလ်ချုပ်အောင်ဆန်းကပင် ကွပ်ကဲရသည်။တစ်နည်းအားဖြင့်  ဗိုလ်ချုပ်အောင်ဆန်း သည် ၀န်ကြီး ချုပ်အာဏာ ကို ရရှိထားပြီးဖြစ်သည်။ တရားဝင် လွတ်လပ်ရေး မရသေး၍ သာ ၀န်ကြီးအဖွဲ့  ကို ဘုရင်ခံ၏ အမှု ဆောင် ကောင်စီ ဟုခေါ်ခဲ့ ခြင်းဖြစ်သည်။
ထိုနေ့ က အလုံလမ်း ဘုရင် ခံအိမ်တော် မှ တာဝါလိန်းလမ်း (ယခု နတ်မောက်လမ်းသွယ်) (ကန်တော်ကြီးဗိုလ်ချုပ်ကြေးရုပ်နား) နေအိမ်သို့ ပြန်ရောက်ရောက်ချင်း ဗိုလ်ချုပ်သည် ကျွန်တော့ အား ခေါ်၍ နှစ်ယောက်ချင်းညွှန်ကြားချက်ပေးပါသည်။
*ဟေ့ ရောင် ဒီနေ့ ကစပြီး ငါဟာ အစိုးရအဖွဲ့ ခေါင်းဆောင် ၀န်ကြီး ဖြစ်လာပြီ ၊ မင်းကလည်း ငါ့ ရဲ့ ပီအေ အဖြစ် တစ်ရက် နှစ်ရက် အတွင်း ပြန်တမ်းထွက် လာ လိမ့် မယ်၊ အစိုးရအဖွဲ့ အနေ နဲ့  ငါတို့ မှာ အဆောင် အယောင် အခွင့် အရေးတွေ ရလာလိမ့် မယ်၊ ငါ အခု ပြောနေတာကို မင်းမြဲမြဲ မှတ်ထားစမ်း၊ အာဏာ ရလာတယ်ဆိုရင်ပဲ ငါတို့ ကို ချဉ်း ကပ် အကူ အညီ တောင်းတာတွေ လည်းလာလိမ့် မယ် ၊ ဒီတော့ ငါ့ရဲ့ ဆွေ မျိုးတွေ ငါ့ မိန်းမ ဘက်က ဆွေမျိုးတွေ ၊ပြီးတော့ မင်းနဲ့ ပါတ်သတ် တဲ့  အပေါင်းအသင်းတွေ အားလုံး ဘယ်သူ့ ကိုမှ မတရား အခွင့် အရေး မပေးရဘူး၊ သူတို့ အကူအညီ တောင် တာကို လုပ်မပေးရဘူး၊ မင်းတို့ ငါ တို့ ကလည်း ဘယ်သူ့ ဆီကမှ အကူအညီ မယူရဘူး၊ အဲဒါ အိမ်မှာ အားလုံးကိုပြောထားလိုက် ၊ငါအခုပြောတဲ့ အတိုင်းမလိုက်နာရင် မင်းနဲ့ ငါနဲ့  အသိပဲ**
ဤသို့ လျှင်ဗိုလ်ချုပ်သည် ကျွန်တော့ အား တိကျ ပြတ်သားစွာ အမိန့် ပေးခဲ့ ပါသည်။
ကျနော်သည် ဗိုလ်ချုပ် အမိန့် ပေးသည့် အတိုင်း လိုက်နာ ရပါသည်။ သူ၏ဇနီး ဒေါ်ခင်ကြည်ကိုလည်း
**မမကြည် အိမ်မှာ ချက်ဖို့  ဆန်မရှိရင် ကျနော်တို့ ၇ဲဘော်တွေ ကြံဖန် ရှာပေးပါ့ မယ်၊ ဆန်အိတ် တွေ ဆီပုံးတွေနဲ့ နောက်ဖေးပေါက်က အိမ်ပေါ်တက်လာမယ့်  စီးပွားရေးသမားတွေကိုတော့ လုံးဝ လက်မခံပါနဲ့ ၊ဗိုလ်ချုပ်က ဒီအတိုင်းကျွန်တော့ ကို ပြောထားလို့ ပါ** ဟု တိုးတိုးတိတ်တိတ် ပြောခဲ့ ပါသည်။
ထို့ နောက်မကြာမီ နတ်မောက်မှ ဗိုလ်ချုပ်တို့ နှင့်  ဆွေမျိုးနီးစပ် တော်သူ အချို့  ရန်ကုန် ရောက်လာပါသည်။ အမှန်တော့ သူတို့ သည် အင်္ဂလိပ် ခေတ်က * အောင်ဆန်း ဟာ ထောင် နှုတ်ခမ်းလျှောက်နေတဲ့ ကောင်ပဲ* ဟုပြောတတ်ကြသည်။ ယခု အစိုးရ အာဏာ ရလာမှ အခွင့် အရေး ရလိုရငြား လာကြခြင်း ဖြစ်သည်။ ကျွန်တော်ကလည်း ဗိုလ်ချုပ် အမိန့် ပေးထားသည့် အတိုင်း ပြတ်ပြတ်သားသား ပြောလိုက်တော့ မှ လက်လျှော့  ပြီးပြန်သွား ကြတော့ သည်။
ဗိုလ်ချုပ်အောင်ဆန်း သည် အင်္ဂလိပ်စာ ၀ါသနာပါပြီး အထူး ကျွမ်းကျင်အောင် လေ့ လာထားသကဲ့ သို့  ကျွန်တော်နှင့် စကားပြောလျှင်လည်း ရံဖန်ရံခါ အင်္ဂလိပ် လိုပြောတတ်သည်။
26-9-46 နေ့ က ဘုရင့် ခံအိမ်တော်မှ အပြန် ကျွန်တော့ အား ညွှန်ကြားချက်ပေးပြီးနောက်
Rembember that I pratise what i preach!
ဟု အင်္ဂလိပ် လို အဆုံးသတ် ခဲ့ ပါသည်။
အဓ္ဓိပ္ပာယ်ကတော့  * ငါ ငါဟာ့ တပည့် တွေ နဲ့  ရဲဘော်တွေကိုသွန်သင်သလို ငါကိုယ်တိုင်လည်းလိုက်နာတယ်ဆိုတာမှတ်ထားပါ* ဟူ၍ပင်ဖြစ်ပါသည်။

ယင်းသို့  26-9-46 နေ့ က ဗိုလ်ချုပ် အင်္ဂလိပ်လို ပြောခဲ့ သည်ကို နောက် တစ်လနီးပါးကြာမှပြန်လည်သတိရစေသည့် အကြောင်းကားဤသို့ ပါတည်း။

ထိုအချိန်၌ဗိုလ်ချုပ်အောင်ဆန်း သည်အတွင်းဝန်ရုံး တွင်အစိုးရ အဖွဲ့ အကြီးအကဲအဖြစ် နေ့ စဉ် ရုံးထိုင် နေပြီဖြစ်သည်။ ကျှန်တော်ကလည်း သူ့ ရုံးခန်းကပ်လျက် သီးသန့်  အခန်းငယ်လေးတစ်ခုတွင် ထိုင်ရပါသည်။ ဗိုလ်ချုပ်က အလိုရှိ၍ လျှပ်စစ်ခေါင်းလောင်း နှိပ်လိုက်လျှင် ကျွန်တော်သည် ဘေးပေါက်မှ သူထိုင်ရာ စားပွဲဆီသို့ သွက်လက်စွာဝင်သွားရပါသည်။
တစ်နေ့ မွန်းလွဲ သုံးနာ၇ီ ခန့် တွင် ဗိုလ်ချုပ်က လှမ်းခေါ်သဖြင့် ကပျာကယာ ပြေးဝင်သွားရာ

* ဟေ့ ဒီနေ့  ညဘက် ငါတို့  ချိန်းထားတဲ့  အစည်းအဝေး ရှိသေးသလား တခြားဘာကိစ္စတွေရှိသလဲ* ဟုဗိုလ်ချုပ်ကမေးသဖြင့် ကျွန်တော်လည်း အသင့် ပါလာသော ဒိုင်ယာရီ မှတ်တမ်းစာအုပ် ကို ကြည့် ပြီး ပြန်ဖြေလိုက်ရပါသည်။

*အစည်းအဝေးမရှိဘူး ဗိုလ်ချုပ်၊ တခြား ဘာကိစ္စမှလည်း မရှိဘူး၊ ဒီနေ့ ည အားပါတယ်*

*ဟုတ်လား၊ ဒါဖြင့် ဟန်ကျတာပဲ၊ ဒီနေ့ ည ငါရုပ်ရှင် ကြည့် ချင်တယ်ကွာ*

*ဘယ်ရုံက ဇာတ်ကားကြည့် ချင်တာလဲ ဗိုလ်ချုပ်*
*ပလေဒီယံရုံ မှာ ပြနေတဲ့ အင်္ဂလိပ်ဟာသကားကြည့် ချင်တယ်၊ အပျင်းပြေပေါ့ ကွာ* ဒါဆိုလွယ်ပါတယ်၊ အဲဒီ ရုံက မန်နေဂျာနဲ့ ကျွန်တော် သိတယ်၊ အခုကြိုတင်ပြီး ဖုန်းဆက်ထားလိုက်မယ်* ပြောပြောဆိုဆို ကျွန်တော်သည် စားပွဲပေါ်ရှိ တယ်လီဖုန်း စကားပြောခွက် ကိုကောက်ကိုင်လိုက်စဉ် ဗိုလ်ချုပ်က ခပ်ဆတ်ဆတ် ဟန့် တားပါသည်။

*ဟေ့ ရောင်တယ်လီဖုန်းကို ပြန်ချလိုက်စမ်း*

ကျွန်တော်လည်း တယ်လီဖုန်းကို ကပျာကယာ ပြန်ချလိုက် တော့ မှ ဗိုလ်ချုပ်က ဆက်ပြောပါသည်။

* ဘာလဲ မင်းက ရုံမန်နေဂျာ ကို တယ်လီဖုန်း ဆက်ပြီး မေတ္တာလက်မှတ်တောင်းမလို့  မဟုတ်လား၊မတောင်းရဘူး၊ရုပ်ရှင်ကြည့်ရင် ပိုက်ဆံနဲ့ လက်မှတ်ဝယ်ကြည့်ရမယ်၊မေတ္တာလက်မှတ်တောင်းတယ်ဆိုတာ အခွင့် အရေးယူတာတစ်မျိုးပဲ
၊မင်းတို့ ငါတို့ အနေနဲ့  မေတ္တာလက်မှတ်တောင်းရင် မန်နေဂျာက လက်မှတ်နှစ်စောင် မဟုတ်ဖူး ဆယ်စောင်ဆိုလည်း ပေးမှာပဲ၊ မင်းက အရှည်ကိုမစဉ်းစားဘဲကိုး၊ ရုပ်ရှင်ရုံပိုင်ရှင်တို့ ၊မန်နေဂျာတို့ ဆိုတာ စီးပွားရေးသမားတွေကွ၊ အာဏာရှိတဲ့ လူဆိုရင် မျက်နှာလို မျက်နှာရ လုပ်တတ်တယ် သူတို့ က အခွင့် အရေးတစ်ခု ပေးပြီးရင် ဆယ်ခုပြန်တောင်းလိမ့် မယ်၊ ဒါမျိုးတွေ ငါမကြိုက်ဘူး၊ မင်းမှာ ပိုက်ဆံဘယ်လောက်ရှိသလဲ*
ဗိုလ်ချုပ်က မေးသဖြင့် ကျွန်တော်လည်း အကျီင်္ အိတ်ထဲသို့  နှိုက်ကြည့်ရာ ငွေစက္ကူ ကျပ်တန် သုံးရွက် ထွက်လာပါသည်။
*** *ဘယ်လောက်လဲကွ၊ သုံးကျပ်မဟုတ်လား ၊ဒါဆိုရင် ဖြစ်တယ် မင်းမမကြည်နဲ့ ကလေးတွေက လိုက်မှာမဟုတ်ဘူး၊ဒီတော့  မင်းနဲ့ ငါ နှစ်ယောက်ပဲ ညနေ ခြောက်နာရီ ခွဲပွဲ မှာငါးမူးတန်း က လက်မှတ်ဝယ်ကြည့်ကြမယ်၊ ငါးမူးတန်း လက်မှတ်နှစ်စောင် ဆိုတော့ တစ်ကျပ် ပဲကုန်မှာမို့  မင်းမှာ နှစ်ကျပ် တောင်ကျန်အုန်းမယ်၊ အဲဒီ အတိုင်း သာ စီစဉ်ပေတော့ ***
ဗိုလ်ချုပ်က အဆုံးအဖြတ်ပေးလိုက်သဖြင့် ကျွန်တော်လည်း ဘာမှ ပြန်မပြောသာတော့ ပါ၊

(ထိုခေတ်ကေ၇ှ့ ဆုံးတန်းသည် တစ်မတ်တန်း နောက် ငါးမူးတန်း ဖြစ်သည် ဗိုလ်ချုပ်သည် ယခင် တို့ ဗမာ အစည်းအရုံးတွင် နေရစဉ်က မူ တစ်မတ်တန်း မှ ကြည့်သည် ဆို၏။ ယခု မူ ၀န်ကြီးဖြစ်နေ၍ ငါးမူးတန်းမှ ကြည့်ခြင်းဖြစ်ပေသည်၊)

ထို နေ့ ညနေက ပလေဒီယံရုံသို့ ကျွန်တော်တို့ ရောက်သွား သောအခါ အနည်းငယ်နောက်ကျနေသဖြင့်  ငါးမူးတန်း ၏ရှေ့ဆုံး တန်းမှသာ လက်မှတ်ရပါသည်။ငါးမူးတန်း ၏ရှေ့ ဆုံးတန်း ဆိုသည်မှာ တစ်မတ်တန်း ၏နောက်ဆုံးတန်း နှင့် ဘာမျှ မခြားတော့ ။ သို့  သော ဗိုလ်ချုပ်က ဘာမှ မပြော၊ထိုင်ကြည့်ရရင် ပြီးတာပဲဟု ဆိုကာ ခပ်တည်တည် ပင် ၀င် ထိုင် ကြည့်လိုက်ပါသည်။
ထိုခေတ်က ရုပ်ရှင် ပြချိန်မှာ နေ့ လယ် 12 နာရီ ခွဲ၊ မွန်းလွဲ 3 နာရီ ခွဲ ၊ညနေ 6 နာရီ ခွဲ နှင် ည ကိုးနာရီ ခွဲ စုစုပေါင်း လေးပွဲပြသည်။
အချိန် တန်၍ ရှပ်ရှင်ရုံအတွင်း မှောင်သွားပြီး စတင် ပြပါလေပြီ။ မှောင်သည်ဆိုသော်လည်း ခေတ္တ္တမျှအကြာတွင် မျက်စိ ကျင့် သား ရ၍ ရုံအတွင်း မြင်သင့် သလောက် မြင်ရပါသည်။ ဤတွင် ကျွန်တော် တို့ ရှေ့ တစ်မတ်တန်း မှ ပရိသတ် သည် ငါးမူးတန်း ရှေ့ ဆုံးတန်း မှ ဗိုလ်ချုပ်အောင်ဆန်း ကိုသတိပြု မိကြတော့ သည်။ နေ့ စဉ် လိုလို သူ၏ ဓာတ်ပုံ သတင်းစာ ထဲမှာ ပါနေသဖြင့် မှတ်မိနေကြဟန်တူသည်။ ထို့ ကြောင့် တစ်မတ်တန်း နောက်ဆုံးမှ လူများ ရုပ်ရှင် ပိတ်ကားကို မကြည့်ဘဲ ဗိုလ်ချုပ်အောင်ဆန်း ကိုသာ နောက်ပြန်လှည့် ကြည့် နေ ကြသည်။ ဗိုလ်ချုပ် က မူ ဘာက မှ သတိပြုမိပုံ မရဘဲ ရုပ်ရှင် ပိတ်ကားကိုသာ အာရုံစိုက် ကြည့် နေ့ သည်။ ကျွန်တောလည်း ဘာလုပ်ရမှန်း မသိ ခက်နေတော့ သည်။
မိနစ် အနည်းငယ် ကြာသော အခါ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ငါးမူးတန်း မှ ရုပ်ရှင် ကြည့်နေသည်ဟူသော သတင်းမှာ ရုံမန်နေဂျာ ရုံးခန်း သို့ ရောက်သွားတော့ သည်။
မန်နေဂျာမှာ ဦးမြဟန် ဆိုသူ(ယခု ကွယ်လွန်) မှာ ကျွန်တော နှင့် ခင်မင် သဖြင့်  ချက်ချင်း အောက်ထပ်သို့ ပြေးဆင်းလာပြီး ရုံးဝန်ထမ်း တစ်ဦးအား ကျွန့် တော့ ကို အပြင်သို့  ခေတ္တထွက်လာ ခဲ့ ရန် ခေါ်ခိုင်း ပြီး အပြစ်တင်ပါတော့ သည်။
*ဘယ်လိုလုပ်လိုက်တာလည်းသူငယ်ချင်း ၊ဗိုလ်ချုပ် ရုပ်ရှင် ကြည့် မယ်ဆိုရင် စောစောက ငါ့ ဆီ ကြိုတင် ဖုန်းဆက်ရောပေါ့ ၊ ဘာကြောင့် မဆက်တာလဲ **
*အေးငါလည်း မင်းစီ ဆက်မလို့ ပါပဲ ဗိုလ်ချုပ်က မဆက်ရဘူးလို့ ငါ့ ကို ဟောက်တယ် ၊မေတ္တာလက်မှတ် တောင်းပြီးးး ရုပ်ရှင် ကြည့်တာဟာ အခွင့် အရေးတစ်မျိုးယူတာပဲတဲ့ .၊နောင်တစ်ချိန် ကျရင် မင်းတို့ လို စီးပွားရေးသမား တွေက မတရား အခွင့် အရေး တွေ တောင်းလာလိမ့် မယ်တဲ့ ၊ ဒါကြောင့် ငါ့ မှာရှိတဲ့ ပိုက်ဆံသုံးကျပ်ထဲက တစ်ကျပ်ပဲ ကုန်အောင် ငါးမူးတန်းက ၀င်ကြည့် ကြတာပါကွ...

ဗိုလ်ချုပ်ပြောတာမှန်သင့် သလောက် မှန်ပါတယ်၊စီးပွားရေးသမားဆိုတာကတော့ အကြံအဖန် လုပ်ဖို့ ၊ မတရားအခွင့် အရေးတောင်းဖို့ အမြဲအကွက်ချောင်းနေတာပဲ၊ ဒါပေမယ့် ကွာ မင်းဆရာ ဗိုလ်ချုပ်ကို သွားပြောစမ်းပါ၊ ငါက အင်းယားဟောလ်ရှေ့ မှာ နေတဲ့ ရုပ်ရှင် ကုမ္ပဏီ ပိုင် ရှင် ဒေါ်မမရဲ့ သား မြဟန်၊ ဒီရုံကိုလည်း ငါတို့ ပဲ ပိုင်တယ်၊ ငါတို့  အလုပ်က ရုပ်ရှင်နဲ့ ပဲပတ်သတ်တော့  သွင်းကုန်၊ လိုင်စင် တောင်းတာမျိုးလို ဘာအခွင့် အရေးမှ ယူဖို့ လည်း မလိုဘူး၊ အခုလိုအင်္ဂလိပ်ကားဆိုတာကလည်းရုံမပြည့် ဘဲအပေါ်ထပ်(ဒီစီ) သီးသန့် တန်းမှာနေရာတွေ အများကြီးလွတ်နေတယ်၊ိုဗိုလ်ချုပ်လို နိုင်ငံခေါင်းဆောင်ကြီးအနေနဲ့  ငါးမူးတန်းရှေ့ ဆုံးတန်းမှာထိုင်ကြည့်နေတာ မသင့် တော်တဲ့ အပြင် လုံခြုံေ၇းရှုထောင့် ကကြည့်ရင်လည်း လုံးဝမကောင်းပါဘူး၊ ဒီတော့  ဘာအခွင့် အရေးမှ မတောင်းပါဘူး ဆိုတဲ့ အာမခံချက်လည်းပေးပါမယ်၊ ဗိုလ်ချုပ်ကို အပေါ်ထပ် ဒီစီ တန်းမှာ တက်ကြည့်ဖို့ သွားပြောပေးစမ်းပါသူငယ်ချင်း ***

မန်နေဂျာ ဦးမြဟန် က အတင်းပြောသဖြင့်  ကျွန်တော်လည်း ရုံထဲ ပြန်ဝင်ကာ ပိတ်ကားပေါ်မှ ဟာသ ကွက်များကို ကြည့်ပြီး သဘောကျကာရယ်မော နေသူ ဗိုလ်ချုပ်၏လက်မောင်းကို အသာ ဆွဲလိုက်ပါသည်။
**ဟေ့ ကောင် ဘာတုန်းကွ၊ရုပ်ရှင်ကြည့်ကောင်းနေတုန်း ဘာဖြစ်ပြန်ပလဲ**
ဗိုလ်ချုပ်က စိတ်တိုဟန် ဖြင့် ကျွန်တော့် အား ငေါက်ရာ ကျွန်တော်လည်း မန်နေဂျာ ဦမြဟန် ပြောသည့် အတိုင်း ခပ်တိုးတိုး ရှင်းပြလိုက်ရပါသည်။
ဗိုလ်ချုပ်သည်ရုတ်တရတ် ဘာမှ ပြန်မပြောသေးဘဲ ခေတ္တမျှပိတ်ကားပေါ်မှရုပ်ရှင်ကိုသာ ဆက်ကြည့်ရင်း စဉ်းစားနေဟန် တူပါသည်။ မန်နေဂျာ ဦးမြဟန် ၏မိခင် ဒေါ်မမ ကို လူချင်း မရင်းနှီး သော်လည်း သူသိနေသည်။ ထို့ ပြင် 1936 ကျောင်းသားများ သပိတ် အရးတော်ပုံတုန်းက ကျောင်းသားများအား သွယ်ဝိုက်၍ ကူညီခဲ့ ကြောင်း ကိုလည်း သိထားသည်။ ယခု မန်နေဂျာ ဦးမြဟန်က ဘာအခွင့် အရေး မှ မတောင်းပါဘူး ဟု အာမခံချက် ပေးပါတယ်ဟူသော စကားကိုသဘောကျသွားဟန်ဖြင့်  ဗိုလ်ချုပ်သည်ထိုင်ရာမှ ထလိုက်သည်။
**ဟေ့ ကောင် အပေါ်တက်မယ်ဆိုရင်လည်း မြန်မြန်တက်ကွာ ၊မင်းက ရှေ့ကသွား၊ အချိန်ကြာရင် ရုပ်ရှင် ဇာတ်လမ်း ဇာတ်ကွက် တွေ လွတ်ကုန်ဦးမယ်****
သူပြောသည့် အတိုင်း ကျွန်တော်လည်း ခပ်သွက်သွက် လျှောက်ထွက်ကာ ဦးမြဟန် လွတ်ထားသော ရုံဝန်ထမ်း လူငယ်တစ်ဦး နှင် အတူ ဒီစီ ခေါ် အပေါ်ထပ် နှစ်ကျပ်တန်း သို့ တက်ကြည့်ကြပါသည်။
ရုပ်ရှင် ပြီး၍ အပြန်တွင် ကားပေါ်၌ ဗိုလ်ချုပ်က
***မင်းသိတဲ့ အတိုင်း ငါတို့ က ရုပ်ရှင် ကို မေတ္တာလက်မှတ်တောင်းပြီး အလကားကြည့်တာမဟုတ်ဖူး၊ ငါးမူးတန်းက လက်မှတ်နှစ်စောင် ၀ယ်ပြီးကြည့်တယ်၊ နောက်မှ မင်းသူငယ်ချင်း မန်နေဂျာက အတင်းလာခေါ်ပြီး အပေါ်ထပ် တက်ကြည့် ဖို့ ခေါ်တော့  သူ့ အမေကြီးကိုလည်း အားနာလို့ တက်ကြည့်ခဲ့ တာပါ*** ဟုပြောခဲ့ ပါသေးသည်။
ဤသို့  ပြောနေစဉ် ကျွန်တော်သည် (26-9-46) နေ့ ကဗိုလ်ချုပ်ကိုယ်တိုင်က
***ဟေ့ ငါ့ ရဲဘော်တွေ ငါ့ တပည့် တွေကို ပြောသလို ငါကိုယ်တိုင် လုပ်တာကွ.*** ဟု အင်္ဂလိပ် ဘာသာဖြင့် ပြောဆိုခဲ့ ပုံကို ပြန်လည် သတိရကြားယောင်နေမိပါသတည်း။

Wednesday, November 11, 2009

ခုတ်မယ်၊ ထစ်မယ်၊ ပါးပါးလှီးမယ်

ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည် ရတနာသုံးပါးကို ကြည်ညိုလေးစား ဦးခိုက်ကြသော်လည်း ကံနှင့် ပတ်သက်၍ ယုံကြည်မှု အားနည်းမှုများကို တွေ့ရသည်။ ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် ကောင်းတာလုပ် ကောင်းကျိုးပေးမည်၊ မကောင်းတာလုပ် မကောင်းမှုများ အကျိုးရမည်ဟူ၍ ဟောကြားခဲ့တော်မူသည်။ မိမိ၏ ကံသာလျှင် မိမိ၏ ကိုယ်ပိုင်ပစ္စည်း၊ ကိုယ်ပိုင်ဥစ္စာများဖြစ်သည်။ ကောင်းကျိုး၊ ဆိုးကျိုး တို့သည် ကံတရားပေါ်၌သာ တည်လေသည်ဟူ၍ မြတ်စွာဘုရားရှင်၏ ဒေသနာတော်များရှိခဲ့သည်။

သို့သော် . . . . .''ဟာ ... မင်းတို့က တတ်လည်း တတ်နိုင်ရဲ့သားနဲ့၊ ပိုက်ဆံလည်း ရှိသားနဲ့ ဘာလို့ ဒီနာရေး ကူညီမှု အသင်းကိုမှ သွားပြီး အကူအညီ တောင်းရတာလဲ'' ဘာဖြစ်လို့ ကိုယ်ပိုင် အခေါင်း (Coffin) နဲ့ မီး မသဂြိုလ်တာလဲ''စသည် ... စသည် စကားသံများ၊ တီးတိုး သံများသည် ကျွန်တော့် အဒေါ်ဝမ်းကွဲတော် သူ၏ နာရေးကိစ္စတွင် အဒေါ်၏ သားဖြစ်သူ၊ ကျွန်တော်၏ ညီဝမ်းကွဲအား သူတို့၏ ပတ်ဝန်းကျင် အသိုင်းအဝိုင်း တစ်ချို့မှ ပြောကြားလိုက်သော စကားရပ်များပင် ဖြစ်တော့သည်။ ကျွန်တော်၏ ညီဝမ်းကွဲမှ ကျွန်တော့်အား ပြန်လည်၍ ပူဆွေးသောက အပူမီးများထဲမှ အားယူကာ တီးတိုး ပြန်လည် ပြောပြ၍ ကျွန်တော် သိလိုက်ရခြင်းပင်။
ဤတွင် ကျွန်တော့်တွင် ရှင်းပြရန် တာဝန်ရှိလာသည်။ ကျွန်တော့် ကိုယ်ပိုင်ဉာဏ်၊ ကိုယ်ပိုင် အသိနှင့် ရှင်းပြသည်ထက် ကျွန်တော်တို့၏ ခေါင်းဆောင်ကြီးဖြစ်သော၊ ကျွန်တော်တို့ ကြည်ညို လေးစားသော မန္တလေးမြို့၊ ဗြဟ္မစိုရ်ကျောင်းတိုက် ဆရာတော်ကြီး မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ ဘဒ္ဒန္တတိက္ခ ဟောကြားခဲ့သော ယဿ သတို့သား တရားတော်ထဲမှ လူများ အယူသီး ပုံများ၊ အစွဲကြီးပုံများ၊ တလွဲ ဆံပင် ကောင်းမှုများကို ထုတ်နှုတ် ရှင်းပြ ပါမည်။
ဆရာတော်ကြီးသည် ဤယဿ သတို့သား အရဟတ္တဖိုလ်တည်ခန်း တရားတော်ကို အမျိုး၊ ဘာသာ ၊ သာသနာ အတွက် ဟောကြား ခြင်းပင်ဖြစ်သည်။ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးများသည် ရတနာ သုံးပါးကို ကြည်ညို လေးစား ဦးခိုက်ကြသော်လည်း ကံနှင့် ပတ်သက်၍ ယုံကြည်မှု အားနည်း မှုများကို တွေ့ရသည်။ ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် ကောင်းတာလုပ် ကောင်းကျိုး ပေးမည်၊ မကောင်းတာ လုပ် မကောင်းမှုများ အကျိုး ရမည် ဟူ၍ ဟောကြား ခဲ့တော်မူသည်။ မိမိ၏ ကံသာလျှင် မိမိ၏ ကိုယ်ပိုင် ပစ္စည်း၊ ကိုယ်ပိုင် ဥစ္စာများဖြစ်သည်။ ကောင်းကျိုး၊ ဆိုးကျိုး တို့သည် ကံတရား ပေါ်၌သာ တည် လေသည် ဟူ၍ မြတ်စွာ ဘုရားရှင်၏ ဒေသနာ တော်များရှိခဲ့သည်။
သို့သော် လူအများစုသည် နာရေး ကိစ္စများတွင် အယူသီး ကြသည်။ နာရေး ကိစ္စကြောင့် စီးပွား ပျက်တယ်၊ လူသေ တတ်တယ်၊ ထိခိုက် နစ်နာမယ်၊ ပျက်စီး ဆုံးရှုံး တတ်တယ်၊ နိမိတ် မကောင်းမှုတွေ ဖြစ်စေတယ် ... စသည် ... စသည်ဖြင့် ဘိုးဘေး ဘီဘင် လက်ထက်ကတည်းက အယူ သီးမှုများ၊ အရိုး စွဲမှုများ၊ အမှား စွဲများ ရှင်သန်လာခဲ့သည်။
ယနေ့ခေတ် လူ တော်တော် များများသည် အဆင်း၊ အနံ့၊ အသံ၊ အရသာ၊ အတွေ့အထိ ဟူသော အာရုံ ငါးပါးထဲတွင် နစ်မွန်း နေကြကာ မိမိကိုယ်ကို မိမိတို့ သုဘ (သို့မဟုတ်) မင်္ဂလာဟု ထင်နေ ကြသည်။ မြင်နေကြသည်။ အမှန် စစ်စစ် ရှင်သူ၊ သေသူတို့ အားလုံးသည် အသုဘ (သို့မဟုတ်) အ မင်္ဂလာများသာ ဖြစ်တော့သည်။ အဘယ်ကြောင့်ဆိုသော် မိမိတို့အားလုံး ရေမချိုးဘဲနှင့် ရက်ပေါင်း (နှစ်ဆယ်) ခန့် နေကြည့်သော် မိမိတို့ ခန္ဓာမှ အပုပ်နံ့များ တထောင်းထောင်း ထွက်နေတော့မည်။ ရုပ်တရား၊ နာမ်တရား အားလုံးသည် အသုဘ ချည်းပင် ဖြစ်တော့သည်။ မည်သည့်အရာမှ တည်မြဲမှုကို မဆောင်နိုင်ချေ။
မြတ်စွာဘုရားရှင်သည် လူများ ၉၆ ပါးသော ရောဂါ ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ ရှေးယခင်ကာလ ကမ္ဘာဦးစ ကာလတွင် လိုချင်တပ်မက်မှုကြောင့် ဖြစ်ပေါ်သောရောဂါ၊ ဆာလောင်မွတ်သိပ်ခြင်းကြောင့် ဖြစ်ပေါ်သော ရောဂါ၊ အိုမင်းရင့်ရော်မှု ရောဂါ ဟူ၍ သုံးမျိုး သာရှိခဲ့သည်ဟူ၍ ဟောကြား ခဲ့သည်။ ဤတွင်မှ တိရစ္ဆာန်များကို သတ်ဖြတ်စားသောက်ခြင်းမှ အစပြု၍ ရောဂါ ၉၆ ပါးတို့သည် လူတို့တွင် ဖြစ်ပေါ်လာရတော့သည်။
မြတ်စွာဘုရားသည် လူမသာကို အိမ်ထဲသို့၊ ရပ်ကွက်ထဲသို့ သွင်းရာ၌ 'ခိုက်သည်' ဟူ၍ မဟောကြားခဲ့ပါ။ အမှန်စင်စစ် တိရစ္ဆာန်မသာ (ဥပမာ - ကြက်၊ ဝက်၊ ပုရစ်...) ကို ဝမ်းဗိုက်အတွင်းသို့ သွင်းမှသာ ခိုက်မည်ဖြစ်သည်။ ဒူလာ အညောင်းရောဂါသည် သည် ကြက်သားစားကြည့်၊ သွေးတိုးရောဂါရှိလျှင် ဝက်သာ စားကြည့်၊ ပုရစ်စား ကြည့်လျှင် သေသည် အထိ ခိုက်မည် ဖြစ်သည်။ ဦးနှောက်သွေးကြော ပြတ်၍ သေသည် အထိ ခိုက်မည်ဖြစ်သည်။ ဤတွင် မြတ်စွာဘုရား၏ အယူနှင့် လူအတော် များများ၏ အယူတို့သည် ဆန့်ကျင်ဘက် ဖြစ်နေတော့သည်။
ဆုံးပါးသွားတဲ့ လူမသာကို အိမ်ထဲ မသွင်းကောင်းဘူး၊ အိမ်ရှေ့က မဖြတ်ရဘူး၊ အိမ်ပေါက်ဝက မထုတ်ရဘူး ဟူ၍ အယူသီးမှုများနှင့် ရှုပ်ထွေး နေတော့သည်။ ရွာ အပြင်ဘက်တွင် သေလျှင် ရွာထဲ မသွင်းရဘူး၊ အရပ် အပြင်ဘက်တွင် သေလျှင် အရပ် ထဲ မသွင်း ကောင်းဘူး။ သွင်းလျှင် ရွာ နာတယ်၊ အရပ် နာတယ်၊ အိမ်သူ အိမ်သားတွေ ခိုက်တယ် ဟူ၍ မည်သည့် ကျမ်းဂန်တွင်မှ မပါရှိပါ။ သို့သော် အားလုံး အားလုံး နီးပါး အယူသီးမှုက စိုးမိုး လွှမ်းခြုံမှုကို ခံနေရသည်။
ဤသို့ဆိုလျှင် မနက်တိုင်း မနက်တိုင်း အိမ်ရှင်မများ ဈေးမှ အပြန်ကို ကြည့်လိုက် စေချင်သည်။ ခြင်းတောင်းလေးနှင့် ဈေးဝယ် ပြီး ပြန်လာ သည့်အခါတွင် ခြေထောက်လေး နှစ်ချောင်းကို ဈေးခြင်းတောင်း အတွင်းမှ အပေါ်ပေါ်အောင် ဟင်းသီးဟင်းရွက်များကို အောက်မှ ခုကာ ပြန်လာပုံကို တွေ့ကြရမည်ဖြစ်သည်။ ဤ ခြေထောက်ကား ကြက်၊ ဝက် စသည့် တိရစ္ဆာန်၏ ခြေထောက်ပင်။ ဤသို့သော ကြက်၊ ဝက်၊ ဆိတ်၊ ငါး စသည့် တိရစ္ဆာန် မသာပေါင်းစုံတို့ကို မိမိတို့အိမ်တွင်းသို့ ဂုဏ်ယူဝင့်ကြွားစွာ သွင်းကြသည်။ အဆုံးစွန်ဆုံး မြွေ မသာ လည်းသွင်း၊ ပုရစ်မသာ လည်းသွင်း၊ ဖား မသာလည်း သွင်းကြတော့သည်။
'လူမသာတော့ မသွင်းဘူးတဲ့' လူသေလျှင် အိမ် နောက်ဘေး သယ်သွား၊ ပြီးရင် တံစက်မြိတ် ရေ လက်ပြန် ရေနှင့် ရေချိုးပေး၊ ဆပ်ပြာတိုက်၊ ရေသုတ်၊ အဝတ်အစား ဝတ်ပေး၊ သနပ်ခါး လိမ်း၊ ဆံပင် ထုံးပေး၊ နှုတ်ခမ်းနီ၊ ပါးနီ ဆိုးပေး၊ နှင်းဆီပန်း ပန်ပေးနှင့် စသည့်ဖြင့် သေသွားမှ ကြင်နာပြ၊ ဂရုစိုက်ပြ နေကြ တော့သည်။ အလောင်း လှအောင် လုပ်တာတဲ့၊ ပြုံးပြုံးလေး သေမှ အလောင်းလှတာတဲ့။ နောက်မှ ခေါင်း ကဆံပင်ကို ဖြတ်ပြီး ခြေထောက် နှစ်ချောင်းကို တုပ်တော့သည်။ ဘာဖြစ်လို့လဲ မေး ကြည့်တော့သူ့ကို အိမ်မှာ နှစ်ညတောင် သိပ်ထားရဦးမှာတဲ့။ သေတာတောင် အချုပ်အနှောင် ခံရတဲ့ ဘဝ၊ အမှန်စင်စစ် တရားလေး တွေ့ပြီး ပြုံးပြုံးလေးသေမှ အလောင်းလှမည်ဖြစ်သည်။
ယခုမူ ဈေးမှ သယ်လာသော တိရစ္ဆာန် မသာများကို အိမ်ထဲသွင်း၊ မီးဖိုချောင်ထဲ သယ်၊ ရေဆေး၊ ဓားသွေး၊ ခုတ်ထစ် ပိုင်းဖြတ်၍ ချက်ပြုတ်၊ စားပွဲပေါ် တင်ကာ မိသားစု ဝိုင်းဖွဲ့ပြီး စားသောက်ကြသည် မဟုတ်ပါလား၊ အရိုးကိုပင် နူးနေအောင်လုပ်ပြီး စားကြသည်။ ပါးစက်ထဲ ညက်ညက် ကြေအောင်ဝါး၊ မျိုချ၊ ဝမ်းဗိုက်ထဲသို့ ရောက်သွားတော့သည်။ ဤနေရာတွင် လူ့ဝမ်းဗိုက်သည် တိရစ္ဆာန်တို့၏ သင်္ချိုင်းပင်၊ လူ့ပါးစပ်သည် တိရစ္ဆာန်တို့၏ မီးသင်္ဂြိုလ်စက်ပင်ဖြစ်တော့သည်။ တိရစ္ဆာန်မသာကျတော့ ဝမ်းဗိုက်ထဲသို့ ထည့်ပြီး လူမသာ ကျတော့ အိမ်ထဲသို့ပင် အသွင်းမခံမှုတို့သည် အဆိုးဝါးဆုံးသော အယူသီးမှု။ မိစ္ဆာဒိဋ္ဌိ အယူဝါဒမှ ဆင်းသက်လာမှုပင် ဖြစ်တော့သည်။
တစ်ဖန် လူသေ ပါးစပ်ထဲသို့ ငွေတစ်မတ် ထည့်ခြင်းသည် ''ကူးတို့ခ'' ဟု ဆိုကြပြန်သည်။ လူသေ အသက်မရှိသော ခန္ဓာသည် ငွေတစ်မတ်နှင့် မည်သည့် ကားကို စီး၍ ရမည်နည်း။ အချို့သော သူတို့က ပါးစပ်ထဲမှ ငွေတစ်မတ်ကို နှိုက်ယူ ပြန်သည်။ Lucky ကောင်းတယ်တဲ့၊ ငွေပွားတယ်တဲ့၊ နောက် နာရေး မော်တော်ယာဉ်လည်း ရောက်ရော ခြေက မထုတ်ရဘူး၊ ခေါင်းက မထုတ်ရဘူး၊ တံခါးဘောင်နဲ့ မထိရဘူး၊ အိမ်နံရံနဲ့ မထိရဘူး၊ လှေကားက မဆင်းရဘူးနှင့် ''ဘူး'' များ ပဲ့တင် ထပ်လျှင်ပင်၊ နောက်ကြေးစည်ထု၊ ကနဖျင်း ဖျက်ခြင်းများ ပြုလုပ်တော့သည်။
ရေအိုးခွဲ လိုက်ခြင်းသည် သေသူအား အိမ်သို့ ပြန်မလာ နိုင်အောင် အိုးစား ခွဲခြင်းဟု ဆိုသော်လည်း မော်တော်ယာဉ်ပေါ်သို့ တင်သောအခါ ခေါ်မသွားရဘူး၊ ပစ်သွား ပြီလား ဟူ၍ ငိုကြ ယိုကြ နှင့်ပင်၊ အယူအစွဲ၊ အယူသီးမှုတို့နှင့် ဆန့်ကျင်ဘက် လုပ်ရပ်များပင်၊ သုဿာန်တွင် ဝေငှသည့် ယပ်တောင်၊ လက်ကမ်းစာစောင်မှ အစ အကုန်ယူကြသည်။ သေသူ၏ ပုဆိုး၊ လုံချည်၊ အင်္ကျီ၊ ခုတင်၊ ခြင်ထောင်၊ မွေ့ရာများကို ဘုန်းကြီးကျောင်းသို့ ပို့ခြင်းသည် အိမ်မှာ ခိုက်မှာ စိုး၍ ဖြစ်သည်ဟု ယူဆကြသည်။ ကန့်လန့်ကာ (ခန်းဆီး)ချုပ်၍ ဦး/ဒေါ်... ဘယ်သူ၏ ကောင်းမှုဟု စာတမ်းထိုးကာ ဘုန်းကြီးကျောင်း မျက်နှာစာအောက်မှာ ကုသိုလ်ရအောင်ဆွဲပေး၊ ချိတ်ပေးရန် တောင်းဆို လျှောက်ထားကြသည်။
အိမ်တွင် ခိုက်မှာ စိုး၍ ဟု ဆိုကြသည်။ ဤသို့ဆိုလျှင် ဘုန်ကြီးကျောင်းများ၊ ဘုန်းကြီးများ ကျတော့ ခိုက်ချင် ခိုက်ပါ စေဟူသော သဘောများ လားဟု စဉ်းစားမိပြန်သည်။ ဤကဲ့သို့ ခိုက်မှာကို ကြောက်ကြလျှင် သေဆုံးသွားသူ၏ လက်စွပ်၊ လက်ကောက်၊ ဆွဲကြိုး စသည်တို့ ဘယ်များ ရောက်ကုန်ပြီလဲ၊ ဘုန်းကြီးကျောင်းသို့ ခိုက်မှာစိုးလို့ဟူ၍ ပေးပို့လှူဒါန်းခြင်းကို မမြင်မိချေ။
ရပ်ကွက်ထဲတွင် ဆုံးပါးသွားပါက နာရေးမော်တော်ယာဉ်ကို 'ဒီဘက်က မထွက်ရဘူး၊ ဟိုဘက်က ထွက်' ဆိုတဲ့ စကားမျိုး ရပ်ကွက်တိုင်း လိုလိုတွင် အစဉ်ကြားရမြဲ၊ အဘယ်ကြောင့်ဆို ဒီဘက်အခြမ်းက သေသူတွေ များနေလို့ဗျာ၊ ကဲ .. အဲဒါဆိုရင်တော့ ဒီတစ်ခါ ဟိုဘက်က လူတွေ သေစေလိုတဲ့ သဘောလားဗျာ၊ အကယ်၍ များ ဒီဘက်ကလည်း အထွက်မခံ၊ ဟိုဘက်ကလည်း အထွက် မခံခဲ့လျှင် မည်ကဲ့သို့ သင်္ဂြိုလ်မည်နည် ဟု စဉ်းစားစေချင်သည်။
ဤသို့သော အစွဲအလမ်း၊ အယူသီးမှုတို့ကြောင့် ရှေးယခင်ကတည်းက မြန်မာလူမျိုးများတွင် 'နာရေး ကူညီမှုအသင်း' ဟူ၍ မရှိခဲ့ခြင်းပင်။ အမှန်မှာ ဈာပန ပြချသည့် အလုပ်သည် အမှန်တကယ် မြင့်မြတ်သော အလုပ်ပင် ဖြစ်သည်။ အနိမ့်ကျဆုံးသော ကုသိုလ်အလုပ်သည် မြင့်မြတ်သော ဖြူစင်သော စိတ်ဓါတ်ရှိသူတို့၏ အလုပ်ပင် ဖြစ်တော့သည်။ ဆင်းရဲ ဒုက္ခရောက်နေသူတို့အား သနားညှာတာ ရိုင်းပင်းကူညီ သူတို့ပင် ဖြစ်တော့သည်။ သူတစ်ပါး၏ ဒုက္ခကို ကယ်တင်သူတို့ အလုပ်သည် နာရေးကူညီမှု အသင်း၏ လုပ်ရပ်ပင် ဖြစ်တော့သည်။
ဤသည်ကို ဂုဏ်မရှိသော အလုပ်၊ ခိုက်သည့်အလုပ်... ဟူ၍ အယူသီး ကြသည်။ သုဘရာဇာဟူ၍ ခေါ်ကြသည်။ မေးချင်၊ ခေါ်ချင်၊ ဆေးဖော် ကြောဖက်ပင် မလုပ်ချင်ကြပေ။ ဤသည်မှာ တရားသဘောနှင့် ဝေးစွာ အယူ သီးကြခြင်းပင် ဖြစ်တော့သည်။ မြန်မာလူမျိုးများသည် လူအယောက် ၁ဝဝ တွင် ၉ဝ ခန့်ရှိသည်။ ဥပမာ - အလောင်း တစ်လောင်းအတွက် ကုန်ကျစရိတ်မှာ ငါးထောင်ကျပ် ကုန်ကျမည်ဆိုလျှင် အလောင်း ၂ဝ တွက် ငွေတစ်သိန်း ကုန်မည်။ တစ်နှင်လျှင် ၃၆၅ သိန်း ကုန်ရမည် ဖြစ်သည်။ ဤသို့ တစ်နှစ်လျှင် အနည်းဆုံး ၃၆၅ သိန်းဝင်မည့် ကုမ္ပဏီများ၊ ဖက်စပ် လုပ်ငန်းများ မရှိနိုင်၊ မည်သည့် ကုမ္ပဏီလုပ်ငန်းမှ ဤသို့ မမြတ်နိုင်။
သို့သော် ကျွန်တော်တို့သည် ဤသို့ မြေမြှုပ်ခ၊ မီးသင်္ဂြိုလ်ခ များယူ၍ ဘဝကို ရပ်တည်ကြသော သူများမဟုတ်၊ မိမိ ဝမ်း တစ်ဝမ်း မိမိရှာဖွေစားသောက်ရင်းနှင့် စေတနာ့ ဝန်ထမ်း အခမဲ့ ကုသိုလ် ယူနေ ကြသူများပင် ဖြစ်သည်။ ကျွန်တော်တို့၏ နာရေးကူညီမှုအသင်းကြီးသည် လူမျိုး၊ ဘာသာမရွေး၊ ဆင်းရဲ-ချမ်းသာမရွေး ခုနှစ်ရက် သားသမီးတို့၏ နာရေး ကိစ္စ အဝဝကို အခမဲ့ ကုသိုလ်ဖြစ် လုပ်ဆောင်ပေးနေသော အသင်းအဖွဲ့ပင် ဖြစ်သည်။ ဤကဲ့သို့ အခမဲ့ သယ်ယူပို့ဆောင်ပေးခြင်း၊ အခမဲ့ ကုသိုလ်ယူခြင်း၊ အခမဲ့ နာရေးကူညီခြင်း လုပ်ငန်းများတွင် အယူသီးမှုများ၊ အစွဲ မှားမှုများ၊ မိစ္ဆာဒိဋ္ဌိ အယူဝါဒများသည် အတားအဆီး၊ အနှောင့်အယှက်၊ အဟန့်အတားများ ပင် ဖြစ်တော့သည်။
ထို့ကြောင့် 'လူ့ဘုံ ထုထုံးစံ၊ ကဲ့ရဲ့ဒဏ်ဖြင့်၊ ရန်မာန် ပိတ်သည်း၊ ခရီးခဲ၌၊ စိတ်ဇွဲ သန်သန်၊ နောက် မပြန်ဘဲ၊ ရဲမာန် ရဲဆေး၊ ရဲ စိတ် မွေးလျက်၊ ရဲသွေး နီနီ၊ စီရရီဖြင့် ဦးတည်မပျက်၊ ရှေ့သို့ဆက်လော'့ ဟူသော မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး (အမရပူရ)၏ သြဝါဒ ဆုံးမစာအရ ကျွန်တော်တို့သည် ကျွန်တော်တို့၏ အနှောင့်အယှက်၊ အတား အဆီးများဖြစ်သော အယူသီးမှု၊ အစွဲအလန်း၊ မိစ္ဆာဒိဋ္ဌိ အယူဝါဒများကို ဖြူစင် သန့်ရှင်း ထက်မြတ်သော တရား ဓမ္မတည်းဟူသည့် ဓားဖြင့် ခုတ် တန်ခုန်၊ လှီး တန်လှီး၊ ဖြတ် တန်ဖြတ်၍ ခုနှစ်ရက်သားသမီးတို့၏ နာရေး (လူမှုရေး) တို့ကို ရိုးမြေကျသည် အထိ ရဲစိတ်၊ ရဲမာန်မွေးကာ ပန်းတိုင် ရောက်သည် အထိ ရှေ့ဆက် လျှောက်လှမ်းတော့မည်ဟု သံဓိဋ္ဌာန် ချမှတ်လိုက်သည်။
(ခုတ်မယ်၊ ထစ်မယ်၊ ပါးပါးလှီးမယ်။)
အားလုံးကို လေးစားဦးညွတ်လျက်
ကျော်သူ ( Actor )

Monday, November 9, 2009

နောက်ဆုံးရ နိုင်ငံရေးအကျဉ်းသားစာရင်း၊ အောက်တိုဘာ

နောက်ဆုံးရ နိုင်ငံရေးအကျဉ်းသားစာရင်း၊ အောက်တိုဘာ

နွားဝါဒ ( ဆောင်းပါး )

နွားဝါဒ

Sunday, November 8, 2009

ဒါတွေ မမေ့မှ စိတ်ချမ်းသာမယ်

(၁) ငါဟာ ငါ့ဘ၀မှာ အရေးပါတဲ့သူ ဖြစ်တယ်။ ငါ့မိသားစုဘ၀မှာလည်း အရေးပါတဲ့သူ ဖြစ်တယ်။ ငါ့အသိုင်းအဝိုင်းမှာလည်း အရေးပါတဲ့သူ ဖြစ်တယ်။ ဘာတွေလုပ်ပေးနိုင်လို့ အရေးပါတာလဲ။ ဘာမှ ထူးထူးခြားခြား လုပ်ပေးနိုင်လို့ မဟုတ်ပါဘူး။ သွားရင်းလာရင်းနဲ့ စိတ်ချမ်းသာစရာလေးတွေကို ငါပြောနိုင်တယ်။ တခါတလေ ကိုယ်တတ်နိုင်တဲ့အကူအညီ ပေးနိုင်တယ်။ ငါ့ကြောင့် နည်းနည်းလေးဖြစ်ဖြစ် စိတ်ချမ်းသာမှု ရစေချင်တယ်။ ငါ့ဘ၀မှာ ငါဟာ အရေးအပါဆုံးလူ မဟုတ်ရင် ဘယ်သူက ငါ့ဘ၀မှာ အရေးအပါဆုံး ဖြစ်မလဲ။ ငါဟာ ဘာမှ အသုံးမကျတဲ့သူလို့ ငါ့ကိုယ်ငါ သဘောထားရင်ဘယ်လိုလုပ် စိတ်ချမ်းသာမလဲ။ ဘယ်လိုလုပ် စိတ်အား တက်မလဲ။

(၂) ငါ ဘယ်သူ့ကိုမှ ဒုက္ခမပေးမိအောင် သတိထားတယ်။ တယောက်ကိုတယောက် ဒုက္ခပေးနေကြရင် ဒီလောက် လူတွေများတဲ့ လောကကြီးမှာ ဘယ်နေလို့ ဖြစ်တော့မလဲ။ ဒါကြောင့် စိတ်ချမ်းသာမှုမပေးနိုင်ရင် ရှိပါစေတော့ စိတ်ဆင်းရဲမှုတော့ မပေးမိအောင် သတိထားပါတယ်။

(၃) ဒီနေ့ဟာ အရေးအကြီးဆုံးနေ့ပဲ။ ဒီနေ့ကို တန်ဖိုးထားမှ နေ့တိုင်းတန်ဖိုးရှိတဲ့နေ့ ဖြစ်မယ်။ နေ့တိုင်း တန်ဖိုးရှိတဲ့နေ့ဖြစ်မှ ငါ့ဘ၀ဟာတန်ဖိုးရှိတဲ့ ဘ၀ဖြစ်မယ်။ ဒါကြောင့် ဒီနေ့ တန်ဖိုးရှိတာ လုပ်မယ်။ ပညာရှာမယ်။ မိတ်ဆွေကောင်းရှာမယ်။ စိတ်ချမ်းသာအောင် နေမယ်။ မွေးနေ့မှာ Happy Birth Day ပျော်ရွှင်စရာမွေးနေ့လို့ ပြောကြတယ်။ ပျော်လည်းပျော်ကြတယ်။ နေ့တိုင်း အဲဒီလို ပျော်လို့ မဖြစ်ဘူးလား။ မဖြစ်နိုင်စရာအကြောင်း ဘာရှိသလဲ။ နေ့တိုင်း မွေးနေ့လို့သဘောထားမယ်။

(၄) ဒီနေ့လုပ်ရမယ့် အလုပ်တွေကို အကောင်းဆုံးဖြစ်အောင် လုပ်မယ်။ လူတွေကိုအကောင်းဆုံး သဘောထားနဲ့ ဆက်ဆံမယ်။ ငါနဲ့တွေ့ရတဲ့ လူတွေဟာ ငါ့လိုပဲ ဘ၀ကို ရုန်းကန်ပြီး နေသွားကြတယ်။

(၅) ကိုယ်တတ်နိုင်တာကို ပျော်ပျော်ရွှင်ရွှင် စိတ်ပါလက်ပါ၊ ရိုးရိုးသားသားစေတနာနဲ့ လုပ်မယ်။ မတတ်နိုင် တာကို မတတ်နိုင်ဘူးလို့ သဘောထားမယ်။ အဲဒီလို မတတ်နိုင်တဲ့ အတွက်ကြောင့် စိတ်ဆင်းရဲ မခံဘူး။

(၆) ဒီနေ့ အကူအညီလိုတဲ့ ငါ့မိတ်ဆွေတယောက်ကို အကူအညီပေးမယ်။ လူ့ဘ၀မှာတဦးကိုတဦး အကူအညီ ပေးပြီးနေသွားမှ အားလုံး အဆင်ပြေမယ်။ ငါကလည်း ဘယ်သူ့ကိုမှ အကူအညီမပေးဘူး။ ဘယ်သူ့ဆီကမှလည်း အကူအညီ မယူဘူး ဆိုပြီး နေလို့ မဖြစ်ဘူး။

(၇) ငါ ခင်သလို ငါ့ကို မခင်ကြဘူးလို့ အပြစ် မတင်ဘူး။ သူတို့ မခင်တာဟာ ငါ့အတွက် စိတ်ဆိုးစရာ မဟုတ်ဘူး။

(၉) ဒီနေ့ဟာ ငါ တကယ်နေရတဲ့နေ့ပဲ။ ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှုဟာ အပြင်မှာ မရှိဘူး။ အတိတ်မှာ မရှိဘူး။ အနာဂတ်မှာ မရှိဘူး။ အခု ပစ္စုပ္ပာန်မှာပဲ ရှိတယ်။ ငါ့ကိုယ်ကိုငါ ကျေနပ်နေတယ်။ ငါ့ဘ၀ကိုငါ ကျေနပ်နေတယ်။ငါ့ စိတ်ချမ်းသာမှုဟာ ငါ့တာဝန်ပဲဆိုတာ ငါသိတယ်။ ငါစိတ်ချမ်းသာနေမှ ငါနဲ့တွေ့ရတဲ့ သူတွေကို စိတ်ချမ်းသာမှု ပေးနိုင်မယ်။ အနည်းဆုံးတော့ ငါ့အပြုံးဟာ လှိုက်လှဲတဲ့အပြုံး ဖြစ်စေရမယ်။

(၁၀) ငါဟာ ငါ့ရဲ့ အကောင်းဆုံးမိတ်ဆွေဖြစ်နိုင်သလို အဆိုးဆုံးရန်သူလည်း ဖြစ်နိုင်တယ်။ သူများက ငါ့ကို နေရာမရွေး အချိန်မရွေး ဒုက္ခမပေးနိုင်ဘူး။ ငါ့စိတ်ကိုငါ မထားတတ်ရင် အချိန်မရွေး နေရာမရွေး စိတ်ဆင်းရဲနိုင်တယ်။ ငါ့စိတ်ကို ငါသိလို့ စိတ်ထားတတ်ရင်လည်း နေရာမရွေး အချိန်မရွေး စိတ်ချမ်းသာနိုင်တယ်။

(၁၁) ဘယ်လိုသဘောထားရင် စိတ်ချမ်းသာမယ်။ ဘယ်လိုတွေးရင် စိတ်ချမ်းသာမယ်။ ဘာလုပ်ရင် စိတ်ချမ်းသာမယ်။ ဘယ်သူနဲ့ပေါင်းရင် စိတ်ချမ်းသာမယ်ဆိုတာကိုအမြဲ လေ့လာရမယ်။ စိတ်ချမ်းသာတဲ့ သူတွေကို လေ့လာမယ်။ အဆင်ပြေနေတဲ့သူတွေကို လေ့လာမယ်။

(၁၂) ကိုယ့်ဘ၀ ကိုယ့်နေရာ ကိုယ့်အခြေအနေကို ဘယ်သူနဲ့မှ မလဲချင်ဘူး။ လဲချင်နေရင် စိတ်ဆင်းရဲနေတယ်။ ငါ့ဘ၀ကို ငါ ကျေနပ်တယ်။ဘယ်သူ့ဘ၀နဲ့မှမလဲနိုင်ဘူးဆိုရင် စိတ်ချမ်းသာတယ်။

(၁၃) ကိုယ့်ကို သူများ ချီးမွမ်းတဲ့အခါ နှစ်သက်ပါတယ်။ ဒါပေမယ့် အဲဒါသိပ်အရေးကြီးတယ်လို့ သဘောမထားဘူး။ ချီးမွမ်းတာခံရဖို့ မလုပ်ဘူး။ ကိုယ်စိတ်ဝင်စားတာ၊ ကိုယ်ဝါသနာပါတာ၊ ကိုယ်လုပ်ချင်တာကို လုပ်တယ်။ချီးမွမ်းရင် ကျေနပ်ပါတယ်။ဒါပေမယ့် ငါလုပ်တာကို ချီးမွမ်းမှာလား၊ ကဲ့ရဲ့မှာလားလို့ မတွေးဘူး။

(၁၄) ငွေ ဘယ်လောက်လိုချင်တယ်လို့ မတွေးတော့ဘူး။ ဒီအလုပ်လုပ်ရင် ငွေဘယ်လောက်ရမလဲလို့ မတွေးဘူး။ ဒီအလုပ်ကို ချစ်လို့ လုပ်တယ်။

(၁၅) ကိုယ့်စိတ်မှာဖြစ်တဲ့ ခံစားမှုနဲ့ပတ်သတ်ပြီး ဘယ်သူ့မှာမှ တာဝန်မရှိဘူး။ ငါ့စိတ်ကိုငါ ချမ်းသာအောင် ထားနိုင်တယ်။ ငါ့စိတ်ချမ်းသာမှုကို သူများ ဖျက်ဆီးလို့ မရဘူး။ ငါစိတ်မချမ်းသာရင် အဲဒါ ဘယ်သူ့မှာမှ တာဝန်
မရှိဘူး။ ငါ့စိတ်ချမ်းသာမှုဟာ ငါ့တာဝန်ပဲ။ ငါဒုက္ခရောက်တာ သူတို့ကြောင့်လို့ တွေးသလား။ အဲဒီလို တွေးနေရင် စိတ်ဆင်းရဲနေတယ်။ စိတ်ချမ်းသာတဲ့သူ မဖြစ်သေးဘူး။ ငါ့စိတ်မှာဖြစ်တဲ့ ခံစားမှုအတွက် ငါ့မှာပဲ တာဝန်ရှိတယ်။ ဘယ်သူ့ကိုမှ အပြစ်တင်ဖို့မလိုဘူး။ အဲဒီလို သဘောထားကို ပြတ်ပြတ်သားသား ထားနိုင်တဲ့သူဟာ စိတ်ချမ်းသာတဲ့သူ။ ငါ့ကို စိတ်ဆင်းရဲအောင် လုပ်ကြတယ်။ ငါ့ကို စိတ်ဆင်းရဲအောင် မလုပ်ကြနဲ့လို့ ပြောတဲ့ သူဟာ စိတ်ဆင်းရဲနေတဲ့သူ။ စိတ်ချမ်းသာအောင်နေတတ်သူတွေမှာရှိတဲ့ အချင်းအရာ လက္ခဏာ တွေဟာ ဘာတွေလဲ။ စိတ်ချမ်းသာအောင် နေတတ်တဲ့သူဟာ-

Boldness: သတ္တိရှိတယ်။ ဆုံးဖြတ်ရဲတယ်။ ပြောရဲတယ်။ လုပ်ရဲတယ်။
Brightness: အသိဉာဏ် တောက်ပြောင်တယ်။
Cheerfulness: ရွှင်လန်းတယ်။
Common sense: ပင်ကိုယ်ဉာဏ်ရှိတယ်။
Confidence: ကိုယ့်ကိုယ်ကို ကိုယ် ယုံကြည်မှုရှိတယ်။
Control: မိမိကိုယ်ကို ထိန်းသိမ်းနိုင်တယ်။ အခြေအနေကို ထိန်းသိမ်းနိုင်တယ်။
Enthusiasm: စိတ်အားထက်သန်တယ်။ တက်ကြွတယ်။
Forgiveness: ခွင့်လွှတ်နိုင်တယ်။
Friendliness: ခင်ခင်မင်မင် ဆက်ဆံတတ်တယ်။
Gratitude: ကျေးဇူးသိတတ်တယ်။ တန်ဖိုးထားတတ်တယ်။ အသိအမှတ်ပြုတယ်။
Joyousness: ကြည်လင်ရွှင်လန်းတယ်။
Kindness: ကြင်နာတတ်၊ ညှာတာတတ်တယ်။
Mental fitness: စိတ်ဓာတ် ကြံ့ခိုင်တယ်။
Optimist: အကောင်းမြင်တယ်။ အဖြစ်ကိုမြင်တယ်။ အပြုသဘောရှိတယ်။
Patience: စိတ်ရှည်တယ်။ စောင့်ထိန်းနိုင်တယ်။
Peacefulness: စိတ်ငြိမ်းချမ်းတယ်။
Power: စိတ်စွမ်းအားကြီးတယ်။
Productiveness: အလုပ်များများလုပ်နိုင်တယ်။
Wisdom: ဉာဏ်ပညာရှိတယ်။

ဒီအရည်အချင်းတွေ ဒီဂုဏ်တွေကြောင့် စိတ်ချမ်းသာတဲ့သူဟာအခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားနိုင်တယ်။ အခက်အခဲကို ရင်ဆိုင်ဖြေရှင်းရတာကို သဘောကျတယ်။