Monday, January 11, 2010

လူမှူ့ပေါင်းသင်းဆက်ဆံရေးနှင့်အတွေးအခေါ်မြင့်မားရေးသင်တန်း ဗီဇနှင့်ပတ်ဝန်းကျင်

ဗီဇနှင့်ပတ်ဝန်းကျင်
လူသားတိုင်သည် မွေးဖွားလာကတည်းက ဘ၀အခြေခံဗီဇ အကျင့်စရိုက်များဖြင့် လူဘ၀ ပတ်ဝန်းကျင်တွင် ပြုမူပြောဆို ထိတွေ့ဆက်ဆံကာ ဖြတ်သန်းသွားရသည်မှာ မလွဲဧကန်ဖြစ်ပေသည်။
လူသားတို့တွင် မွေးရာပါဗီဇစရိုက် ကောင်းတဲ့သူများရှိသလို မွေးရာပါ ဗီဇ အကျင့်စရိုက် မကောင်း တဲ့သူများလည်းရှိသည်။

လူသားတို့ ပတ်ဝန်းကျင်သည်လည်း ကောင်းတဲ့ပတ်ဝန်းကျင်ရှိသလို မကောင်းတဲ့ ပတ်ဝန်းကျင်လည်း ရှိသည်။ အဘယ်ကြောင့်ဆိုသော် ပတ်ဝန်းကျင်သည် ဗီဇအပေါ် သက်ရောက်လွှမ်းမိုး နိုင်သောကြောင့်ဖြစ်သည်။ အခြေခံ ဗီဇ ကောင်းပေမယ့်လည်း ပတ်ဝန်းကျင်မကောင်းသဖြင့် သာဓက ဇာတ်ဝထ္ထုများရှိသလို အခြေခံ ဗီဇ မကောင်းပေမယ့်လည်း ပတ်ဝန်းကျင်နဲ့ထိတွေ့ကာ ပတ်ဝန်းကျင်၏ ပြုပြင်ပြောင်းလဲမူကြောင့် တိုးတတ်မြင့်မားသောဘ၀ကို ပိုင်ဆိုင်သွားကြသည့် သာဓက ဇာတ်ဝထ္ထုများလဲ ရှိသည်။ သာဓက တစ်ခုဆိုရသော် ကျွန်ုပ်တို့ ဗုဒ္ဓဘုရားရှင်လက်ထက်ပင်ဖြစ်သည်။ အဇာတသတ်မင်းနှင့် အနာထပိဏ် သူဌေး၏ သား ကာလ သတို့သားတို့ဖြစ်သည်။ သူတို့နှစ်ဦး၏ ဇာတ်ဝထ္ထုသည် ဗီဇနှင့် ပတ်ဝန်းကျင်ကို ကောင်းစွာရူမြင်နိုင်သည်။ ထို့ကြောင့် သူတို့နှစ်ဦအကြောင်းကို သုံးသပ်တင်ပြရခြင်း ဖြစ်ပါသည်။
အဇာတသတ်သည် ဗီဇပါရမီဓာတ်ခံ အလွန်ပင်ကောင်းပါသည် သောတပန်ဖြစ်လောက်အောင်လဲ ပါရမီဓာတ်ခံ ရှိသူဖြစ်ပါသည်။ အဖသတ်ကံကိုသာ မကျူးလွန်ခဲ့ရင် သောတပန် ပုဂ္ဂိုလ်ဖြစ်မယ်လို့ မြတ်စွာ ဘုရားဟောကြားထားတာရှိပါသည်။ ဒီလောက်ပါရမီဓာတ်ခံကောင်းတဲ့ အဖကိုသတ်တဲ့အထိ စိတ်ရိုင်းဝင်း သွားတာဟာ ဘာကြောင့်လဲဆိုတော့ ဒေဝဒတ်ဆိုတဲ့ မကောင်းတဲ့ပတ်ဝန်းကျင်ကြောင့်ပါပဲ။ ဒါကြောင့် ပတ်ဝန်းကျင်ကောင်းရဖို့ဆိုတာ အင်မတန်မှအရေးကြီပါတယ်။ နောက်တစ်ယောက်က ကာလသတိုးသားဆိုတာ သဒ္ဓါတရားနှင့်ပြည့်စုံတဲ့ မြတ်စွာဘုရားရဲ့ ဒကာအရင်းဖြစ်တဲ့ အနာထပိဏ် သူဌေးရဲ့သားပါဘဲ။ အနာထပိဏ် ရဲ့သားဖြစ်ပေမယ့် သူမှာ အဇာတသတ်လောက်တော့ ဗီဇ ဓာတ်ခံမကောင်းပါဘူး ။ အိမ်သို့ မြတ်စွာဘုရား ကြွလာသောအခါ ဖူးမြော်ခြင်းငှါလည်း အလိုမရှိပါဘူး။ တရားတော်ကို နာကြားခြင်းငှါလည်း အလိုမရှိပါဘူး။ ဒီလောက်ပါရမီဓာတ်ခံ မကောင်းတဲ့သူကို သောတာပတ္တိဖိုလ် ရအောင် ပြုပြင်ပြောင်းလဲပေးနိုင်တာဟာ သူ့ဖခင် အနာထပိဏ်သူဌေးနဲ့ မြတ်စွာဘုရား တည်းဟူသော ပတ်ဝန်ကျင်ကောင်း မိတ်ဆွေကောင်းကြောင့်သာ သောတာပတ္တိဖိုလ်ကို ရရှိ ရောက်ရှိသွား ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဗီဇနှင့်ပတ်ဝန်းကျင်တွင် ပတ်ဝန်းကျင်ကောင်းရရန် အထူးလိုအပ်ကြောင်း တင်ပြလိုက်ရခြင်းဖြစ်ပါသည်။
မင်းစစ်အောင် ( ဥဿာ)

0 comments:

Post a Comment