Monday, January 11, 2010

လူမှူ့ပေါင်းသင်းဆက်ဆံရေးနှင့်အတွေးအခေါ်မြင့်မားရေးသင်တန်း

ဗီဇနှင့်ပတ်ဝန်းကျင်
အဖေအမေတူမှ ဆင်းသက်လာသော မောင်နှမ အားလုံး မတူညီတဲ့ ဗီဇ တစ်ခုစီရှိကြပါတယ်။ အချို့က အဖေနှင့်တူတယ် တစ်ချို့က အမေနှင့်တူတယ် ။ တစ်ချို့က တစ်မူထူးခြားစွာ အဖိုးအဖွား ၊ ဦးလေး အဒေါ် တို့နှင့်သွားတူသူများလဲ ရှိကြပါတယ်။ မည်သို့ပင်ဆိုစေကာမူ လူတစ်ဦးတစ်ယောက်ဆီမှာ မတူညီတဲ့ ဗီဇ တစ်မျိုးစီတော့ရှိကြပါသည်။

ဗီဇမှာ မွေးရာပါ ကောင်းတဲ့ဗီဇ ရှိသလို မကောင်းတဲ့ ဗီဇလည်း ရှိပါတယ် အချို့ကျတော့ ပတ်ဝန်းကျင်ကြောင့် ဗီဇပြောင်းလဲ မူတွေရှိခဲ့ပါတယ်။ ပတ်ဝန်းကျင် ဖျက်စီးမူကြောင့် ကောင်းတဲ့ ဗီဇ ပျောက်ဆုံးသွားသလို ပတ်ဝန်းကျင် အသိပေးမူကြောင့် ကောင်းတဲ့ ဗီဇ ရှိ လာသူများလဲ ရှိပါတယ်။
ကျနော်တို့ ငယ်စဉ် ကလေးဘ၀ကတည်းက ကျေးညီနောင် ပုံပြင်လူတိုင်းနီပါးကြားဖူးကြလိမ့်မယ် ထင်ပါတယ်။ တစ်မိဘထဲမွေးဖွားလာသော ကျေးညီနောင် လေမုန်းတိုင်း တိုက်ရာမှ တစ်ယောက်တစ်နေ ရာဆီရောက်ရှိသွားခဲ့ပါတယ်။ တစ်ကောင်းက ရသေ့ဆီရောက်ပြီး တစ်ကောင် က လူဆိုး ၊ သူခိုး ၊ ဓါးပြ ၊ တွေဆီကို ရောက်ရှိသွားပါသည်။ တစ်မိဘထဲ မွေးဖွားလာသော ကျေးညီနောင်သည် ပတ်ဝန်းကျင် အခြေနေမတူညီမူကြောင့် ကျေးညီနောင်၏ ဗီဇသည်လည်း ပြောင်းလဲသွားပါသည်။ တိရစ္ဆာန်တောင်မှ ပတ်ဝန်းကျင်ရဲ့ အခြေနေမကောင်းမူကြောင့် ပျက်စီးသွားတဲ့ တိရိစ္ဆာန်ရှိသလို လိမ္မာနေသော တိရစ္ဆာန်လဲ ရှိပါသည်။ ကျနော်တို့ လူသားပတ်ဝန်းကျင်တွင် ပို၍ ကြောက်စရာကောင်းပါသည်။ ပတ်ဝန်းကျင်ရဲ့ ပြောဆို ဖျက်စီးမူကို မိမိ ကိုယ်ပိုင်အသိဥာဏ်နှင့် ကိုယ်ပိုင် ဆုံးဖြတ်နိုင်မှ မိမိ ကိုယ်ကို ထိန်းနိုင်မှာဖြစ်ပါသည်။
ဒီနေရာမှာ ကျနော်တို့ စဉ်းစားစရာတစ်ခုရှိပါသည် ဗီဇနှင့်ပတ်ဝန်းကျင် ဘယ်ဟာ ပိုအရေးကြီပါ သနည်း။ ကျနော်အထင်တော့ ပတ်ဝန်းကျင်က ပို၍ အရေးကြီသည်ဟု ထင်ပါသည်။ ကျနော်တို့ ကလေး ဘဝကတည်းက ပတ်ကျင်ရဲ့ အပြုအမူ၊ အပြောအဆိုပုံတွေကို လေ့လာ အတုခိုးပြီ လုပ်တတ်ကြတာ ကလေးတိုင်းလိုလိုပါပဲ။ လူတစ်ချို့က ကိုယ်ကောင်းရင် ခေါင်းမရွေ့ပါဘူးတဲ့ ပတ်ဝန်းကျင်ရဲ့ ဝေဖန်သံတွေကို မိမိ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ ဆိုတာ မိမိကိုယ်ကို အရင်စဉ်းစားပါ။ ပတ်ဝန်းကျင်မှ ကောင်းတဲ့စကားပဲပြောပြော ဆိုးတဲ့စကားပဲပြောပြောမိမိကိုယ်ပိုင်အသိဥာဏ်နှင့်စဉ်းစားတွေးခေါ်ဆုံးဖြတ်နိုင် အောင် ကြိုးစားရင်း ပတ်ဝန်းကျင်နှင့် အဆင်ပြေအောင် နေနိုင်လိမ့်မယ်လို့ ထင်ပါသည်။
စည်သူ

0 comments:

Post a Comment