Thursday, September 30, 2010

ကွန်ပျူတာသင်တန်း computer class

computer class


The Best Friend has always been involved in education. In Burma, its members taught languages and other courses. Since we started operating from Thailand in 2008, this has continued. We now provide free education from our library in Mae Sot and we run schools in the surrounding area.

Computer courses form an important part of our free education. Especially for Burmese people – who come from a country with no press freedom, a high censorship of the media and hardly any free access to the internet and ‘real’ news stories – learning how to work with computers and gain access to the Internet is important. The Best Friend helps people with this.

The internet is an opening into the world. It gives people information and helps them develop themselves, gain knowledge, form opinions and find out the truth. Internet = knowledge = freedom.

Due to its success, many of our computer classes are too crowded at the moment. Students have to wait for their turn to use a computer or have to share one. We are currently looking to buy more (secondhand) computers. In Thailand these can be purchased for around € 80 each.

Please help us teach even more students and make a little donation. Your gift will contribute to a little bit more freedom!

Sunday, September 26, 2010

King Zero - 2nd Anniversary Saffron Revolution

ရွှေဝါရောင်သုံးနှစ်ပြည့်နှစ်ပတ်လည်အထိမ်းအမှတ်




http://www.irrawaddy.org/bur/index.php/multimedia/2010-05-12-05-57-48/4141-2010-09-25-06-20-09

Thursday, September 16, 2010

ဆရာအောင်သင်းဟောပြောပွဲ အသံဖိုင်

01 AungThin_MaGway.mp3

Saturday, September 11, 2010

သီအိုလိုဂျီ မလိုကြောင်း စတီဖင်ဟော့ကင်း ပြော

လက်ရှိ ကမ္ဘာ့ နံပါတ်တစ် ရူပဗေဒပညာရှင် စတီဖင်ဟော့ကင်းက ဘုရားသခင်က စကြာဝဠာကို မဖန်ဆင်းခဲ့ကြောင်းနှင့် ရှေးဟောင်း ဘာသာရေးဆိုင်ရာ လေ့လာမှုပညာ (theology) မလိုအပ်တော့ကြောင်း သူ့ရဲ့ စာအုပ်အသစ် The Grand Design တွင် ဖော်ပြလိုက်သည်။

သောကြာနေ့ CNN သတင်းဌာနမှ လာရီကင်းနှင့် အင်တဗျူးတွင် အသက် ၆၈ နှစ်ရှိ ဟော့ကင်းက “ဂေါ့ဒ် တည်ရှိကောင်း တည်ရှိမယ်၊ ဒါပေမဲ့ သိပ္ပံပညာက ဖန်ဆင်းရှင်မလိုဘဲ စကြာဝဠာကြီးအကြောင်း ရှင်းပြနိုင်တယ်” ဟု ဆိုသည်။

သူ့စာအုပ်တွင် ကမ္ဘာမြေဆွဲငင်အား တည်ရှိမှု၊ နေတစ်ခုကို ဂြိုဟ်များက လှည့်ပတ်မှု သီအိုရီကို ကိုးကားပြီး အကြောင်းတိုက်ဆိုင်သဖြင့် မိမိတို့ နေအဖွဲ့အစည်းရှိ ကမ္ဘာဂြိုဟ်တွင် တည်ရှိနေခြင်းဖြစ်ကြောင်း ထောက်ပြသည်။ အဲဒီသဘောအရ စကြာဝဠာဟာ သူ့ဖာသာ ဖန်ဆင်းတာ ဖြစ်တယ်၊ ဘယ်အရာကမှ ဖန်ဆင်းတာ မဟုတ်ဘူး။ စကြာဝဠာနှင့် လူသားတွေ တည်ရှိခြင်းဟာ ‘အလိုအလျောက် ဖန်ဆင်းခြင်း’ (spontaneous creation) ကြောင့် ဖြစ်တယ်ဟု ရေးသားထားသည်။

ဟော့ကင်းက “အရင်က ဘာသာရေး လွှမ်းမိုးချုပ်ကိုင်ထားတဲ့ မေးခွန်းတွေကို သိပ္ပံပညာက ဖြေပေးလာနေတယ်။ အရင်က ဖြေရှင်းမရတဲ့ ပုစ္ဆာတိုင်း ဘုရားသခင်ဆီ ခေါင်းငှါးကြရတယ်။ အခု သိပ္ပံနည်းကျ ချည်းကပ်မှုကသာ ပြီးပြည့်စုံတယ်။ ဘာသာရေး သီအိုလိုဂျီတွေ မလိုတော့ပါဘူး” ဟု လာရီကင်းကို ရှင်းပြသည်။

ယခု သူ့စာအုပ်မှာ စကြာဝဠာ ဖွဲ့စည်းလည်ပတ်နေပုံနှင့် လူသားတွေမှာ စကြ၀ဠာရဲ့ မည်သည့်နေရာတွင် ရှိပုံ တို့ကို တင်ပြထားသည်။သူ့အယူအဆမှာ M-theory အပေါ် အခြေခံကြောင်း ပြောသည်။ M-theory ဆိုသည်မှာ ‘ဂေါဒ့် ဖန်ဆင်းတာ မဟုတ်ဘဲ၊ ဘာမှမရှိတာထဲမှ ထွက်ပေါ်လာသော စကြ၀ဠာများကို’ ဆိုလိုသည်။ M-theory သည် အရာရာတိုင်းအတွက် သီအိုရီ တစ်ခု (a theory of everything) ဖြစ်သည်။

ဟော့ကင်း အမြင်က “စကြာဝဠာတွေဟာ ဘာမှ မရှိတာတွေထဲက ထွက်လာတာ။ အခြေခံကိုက ဘာမှကို မရှိတာ ဖြစ်တဲ့အတွက် တစုံတရာ ရှိပါတယ်လို့ ပြောမယ့် ဂေါဒ့် မလိုတော့၊ ဂေါ့ဒ် ၀င်ပါစရာ မလိုတော့” ဟု တင်ပြသည်။

စတီဖင်ဟော့ကင်း စာအုပ်အသစ်မှာ ကမ္ဘာအနှံရှိ ပရိတ်သတ်များကြား ပွဲဆူနေပြီး၊ ယခုလို ခရစ်ယာန် ဘာသာနှင့် အစ္စလမ်ဘာသာ ဂေါ့ဒ် အားပြိုင်မှုများ ကြီးမားနေသော ကာလတွင် သိပ္ပံပညာသည် မည့်သည့်ဂေါ့ဒ်မှ မလိုအပ်ကြောင်း သီအိုရီအထောက်အထားနှင့် ရေးသားတင်ပြချက် ဖြစ်သည်။

သတင်း CNN
စတီဖင်ဟော့ကင်း နှင့် CNN တွေ့ ဆုံမှု ကို ဤနေရာတွင် ကြည့်ရှု နိုင်သည်/
http://freedomnewsgroup.com/

Wednesday, September 8, 2010

သွေးစည်းညီညွတ်မှုရဲ့ အောင်ပွဲ



ရဟန်းရှင်လူ ကျောင်းသား ပြည်သူအပေါင်းတို့ အခုပြထားသောဖြစ်ရပ်မှန် ဗွီဒီယိုလေးကိုသေချာစာကြည့်စေချင်ပါတယ်။
ကျွဲနှင့်ခြင်္သေ့ဆိုတာ အားလုံးသိကြသည့်အတိုင်း သဘာဝကိုက ကျွဲတွေဟာခြင်္သေ့ရဲ့အစာဖြစ်ပါတယ်။ဒါပေမဲ့သူတို့မျိုးနွယ်
ကျွဲလေးခြင်္သေ့တွေရဲ့ မတရားအဆွဲခံထားရတာကိုမလိုလားပါဘူး။ဒါကြောင့်သူတို့မျိုးနွယ်ကျွဲလေးပြန်ရရေးသည်သာအဓိက
ဆိုပြီးကြောက်တဲ့ကြားကပင်သတ္တိရှိရှိပြန်လာပြီးအသေခံကာပြန်လည်တိုက်ခိုက်ခဲ့လို့ သူတို့ကျွဲလေးပြန်လည်လွတ်မြောက်လာ
သလို ခြင်္သေတွေလည်း ခွေးပြေးဝက်ပြေးထွက်ပြေးခဲ့ကြရပါတယ်။ဒါဟာ သွေးစည်းညီညွတ်မှုရဲ့အောင်ပွဲဖြစ်ပါတယ်။
တိရစ္ဆာန်ဖြစ်တဲ့ကျွဲတွေတောင်သူတို့မျိုးနွယ်မပပြောက်ရေးအတွက်သူတို့တာဝန်ကျေပွန်စွာထမ်းဆောင်ကြသေးရင် ကျွန်တော်
တို့ကိုယ့်ကိုယ်ကိုမြင့်မြတ်ပါတယ်လို့ခံယူထားကြတဲ့လူသားတွေဟာ ပိုလို့တောင်တာဝန်ကိုကျေပွန်စွာထမ်းဆောင်သင့်ပါသေးတယ်။
ယနေ့မြန်မာနိုင်ငံမှာ စစ်တပ်ကအနိုင်ကျင့်ဗိုလ်ကျနှိပ်စက်သတ်ဖြတ်ဖမ်းဆီးထောင်ချ မုဒိမ်းကျင့် လုပ်ချင်တာမှန်သမျှအကုန်လုံးထင်
ရာဆိုင်းနေကြသည့်အတွက် ကြာရင်မြန်မာတစ်မျိုးသားလုံးဘ၀ဆုံးတော့မှာဖြစ်ပါတယ်။ယနေ့ထောင်ကျနေကြသည့် သံဃာတော်
များ၊ကျောင်းသားခေါင်းဆောင်များ၊အမျိုးသားခေါင်းဆောင်များ၊အာဇာနည်သူရဲကောင်းအပေါင်းတို့ထောင်ထဲမှလွတ်မြောက်ရေးသည်
ရဟန်းရှင်လူကျောင်းသား ပြည်သူအပေါင်းတို့တွင်တာဝန်ရှိပါသည်။ထိုတာဝန်ကိုလစ်လျူရှုကာမနေသင့်ကြပါ။တာဝန်သိရင်တာဝန်ရှိတယ်
တာဝန်ကိုသူတော်ကောင်းသူမြတ်လောင်းတွေသာသိကြသည်ဆိုသည့်အတိုင်း ကိုယ့်ကိုယ်ကိုမြင့်မြတ်သည်ဟု ခံယူထားသူများသည်
အပြောမဟုတ် အလုပ်ဖြင့်သက်သေပြကာ တိုက်ပွဲဝင်ကြရန်အချိန်ကျရောက်နေပါပြီ။ယခုမကြာသေးခင်က ပဲခူးမှာ လူငယ်လေးနှစ်
ယောက်အားမြို့လယ်ခေါင်မှာတောင် အလကားသက်သက်မဲ့စစ်တပ်ကပစ်သတ်သွားခြင်းသည် ဘယ်ရဟန်းသံဃာ၊ကျောင်းသား
ပြည်သူ မည်သူကိုမှဂရုမစိုက်စရာမလိုဟု စိန်ခေါ်လိုက်ခြင်းဖြစ်ပါသည်။ထိုစိန်ခေါ်မှုကိုဘာမှမတုန့်ပြန်ပဲ အညံ့ခံကာနေကြမည်ဆိုလျှင်
မိမိတို့ရရှိထားတဲ့လူ့ဘ၀ဟာ ပြန်လည်တိုက်ခိုက်အောင်မြင်သွားသော ကျွဲတွေလောက်တောင်မမြင့်မြတ်တဲ့ဘ၀တွေအဖြစ်နိဂုဏ်းချုပ်
ကြရတော့မည်ဖြစ်ပါတယ်။ဒါကြောင့် အလကားအနိုင်ကျင့်ဗိုလ်ကျစိုးမိုးနေသော ဗိုလ်သန်းရွှေနှင့်နောက်ပါလူယုတ်မာအုပ်စုကို
ရဟန်းရှင်လူ ကျောင်းသား ပြည်သူအပေါင်းတို့သွေးစည်းညီညွတ်စွာဖြင့် အောင်မြင်စွာချီတက်ဆန္ဒပြတိုက်ထုတ်ကြပါစို့ဟုတိုက်တွန်း
နိုးဆော်လိုက်ရပါသည်။
စစ်အာဏာရှင်စနစ်ဆိုးအောက်မှအမြန်ဆုံးလွတ်မြောက်ကြပါစေဟုဆန္ဒပြုရင်း..........

ပြည်သူ့စေတမာန်

အရေးကြီးပြီညီနောင်အပေါင်းတို့ သွေးစည်းကာညီစေညီကြစို့

Tuesday, September 7, 2010

သာသနာရေး နိုင်ငံ့အရေး၊ ရွှေဝါသွေးတို့ သဘောထား


မြင့်မောင် | အင်္ဂါနေ့၊ စက်တင်ဘာလ ၀၇ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၅၁ မိနစ်
နယူးဒေလီ (မဇ္ဈိမ)။ ။ ရွှေဝါရောင် သံဃာ့အရေးအခင်း ၃ နှစ် ပြည့်ချိန်သည် နအဖ အစိုးရ၏ ၂ဝ၁ဝ ရွေးကောက်ပွဲ မဲဆွယ်ချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ ထို့ကြောင့် လက်ရှိ နိုင်ငံရေး၊ သာသနာရေး အခြေအနေများအပေါ် ပြည်တွင်းပြည်ပ သံဃာ့အရေး ဆောင်ရွက်နေသည့် ရဟန်းတော်များ၏ အမြင်ကို သိရရှိရန် မဇ္ဈိမက ဆက်သွယ်မေးမြန်းထားပါသည်။

Monday, September 6, 2010

ပဲခူးမြို့ လူငယ်နှစ်ဦးအား န အ ဖ စစ်တပ်မှ လူမဆန်စွာအတင်းအဓမ္မရက်ရက်စက်စက်ပစ်သတ်သွားသည်

ပြည်သူလူထု၊ကျောင်းသားနှင့် ဆရာတော်သံဃာတော်အရှင်မြတ်များဘုရား
န အ ဖ စစ်တပ်မှအခုလိုလူမဆန်စွာယုတ်မာနေမှုကိုတက်ညီလက်ညီ ၀ိုင်းဝန်းတွန်းလှန်ပစ်ကြပါစို့

Saturday, September 4, 2010

ဘု​ရား​သ​ခင်​သည်​​ စ​ကြာ​ဝ​ဠာ​ တစ်​ခု​လုံး​အား​ ​ဖန်​တီး​ခဲ့​သူ​​ မ​ဟုတ်​ဟု​ ​စ​တီ​ဖင်​​ ဟော့​ကင်း​ ​ပြော



ဘု ​ရား​သ​ခင်​သည်​ ​စ​ကြာ​ဝ​ဠာ
တစ်​ခု​လုံး​အား​ ​ဖန်​ဆင်း​ခဲ့​သူ​ ​မ​ဟုတ်​ကြောင်း



စ​တီ​ဖင်​ဟော့​ကင်း​က​ ​အ​ခိုင်​အ​မာ​ ​ပြော​ကြား​လိုက်​သည်​။ ​ဘာ​သာ​ရေး​ ​အ​ယူ​အ​ဆ​များ​ကို​ ​ဆန့်​ကျင်​သည့်​ ​အ​ဆို​အား​ ​ဗြိ​တိန်​၏​ ​အ​ကျော်​ကြား​ဆုံး
သိ​ပ္ပံ​ပ​ညာ​ရှင်​ကြီး​က၎င်း​၏​ ​ရောင်း​အား​အ​ကောင်း​ဆုံး​ ​စာ​ရင်း​ဝင်
The​ Grand​ Design ​စာ​အုပ်​တွင်​ ​ရေး​သား​ဖော်​ပြ​ခဲ့​သည်​။
ဟော့ကင်း​က​ ​ခေတ်​သစ်​ရူ​ပ​ဗေ​ဒ​တွင်​ ​ဖန်​ဆင်း​ရှင်​ဆို​သော
ဝေါ​ဟာ​ရ​အ​တွက်​ ​နေ​ရာ​မ​ရှိ​ဟု​ ​ဝေ​ဖန်​သုံး​သပ်​ထား​သည်​။
မိ​မိ​တို့​ ​အ​သက်​ရှင်​ ​ရပ်​တည်​နေ​ခြင်း​၊​ ​စ​ကြာ​ဝ​ဠာ​ကြီး
တည်​ရှိ​နေ​ခြင်း​သည်​ ​အ​လို​အ​လျောက်​ ​ပေါ်​ပေါက်​လာ​သည်​ဆို​သော
ကိ​စ္စ​သာ​ ​မှန်​ကန်​သော​ ​အ​ကြောင်း​ရင်း​ဖြစ်​ကြောင်း​ ​ဟော့​ကင်းက
ပြော​ကြား​ထား​သည်​။ ​ယင်း​စာ​အုပ်​ကို​ ​အ​မေ​ရိ​ကန်​ ​ရူ​ပ​ဗေ​ဒ
ပ​ညာ​ရှင်​ ​လီ​ယို​နက်​မို​လို​ဒီ​နို​က​ ပူး​ပေါင်း​ကူ​ညီ
ရေး​သား​ခဲ့​သည်​။

အ​သက်​ ​၆၈​ ​နှစ်​ရှိ​ ​ဟော့​ကင်း​သည်​ ​ဘု​ရား​သ​ခင်​အ​ပေါ်​ ​ယုံ​ကြည်​ခြင်း​ ​ရှိ​မ​ရှိ​ဆို​သော​ ​အ​ချက်​အား
အ​မြဲ​တမ်း​ ​ရှောင်​လွှဲ​ဖြေ​ဆို​လေ့​ ​ရှိ​သော်​လည်း
ယ​ခု​ဖော်​ပြ​ချက်​က​ ​ဘာ​သာ​ရေး​အ​ရ​ ​တိုက်​ခိုက်​မှု​တစ်​ခု​ဟု
ယူ​ဆ​ဖွယ်​ရာ​ ​ဖြစ်​လာ​သည်​။ ၎င်း​က​ ​၁၉၉၂​ ​ခု​နှစ်​က​ ​ထုတ်​ဝေ​ခဲ့​သည့်
စာ​အုပ်​တွင်​ ​ဖော်​ပြ​ထား​သော​ ​နေ​တစ်​ခု​ကို​ ​ဂြိုဟ်​များ​က
လှည့်​ပတ်​မှု​ ​သီ​အို​ရီ​ကို​ ​ကိုး​ကား​ပြီး
အ​ကြောင်းတိုက်​ဆိုင်​သ​ဖြင့်​ ​မိ​မိ​တို့​သည်​ ​နေ​အ​ဖွဲ့​အ​စည်း​ရှိ
က​မ္ဘာ​ဂြိုဟ်​တွင်​ ရှင်​သန်​နေ​ခြင်း​ဖြစ်​ကြောင်း​ ​ထောက်​ပြ​ထား​သည်​။
ခ​ရစ်​ယာန်​ ​သိ​ပ္ပံ​ပ​ညာ​ရှင်​များ​က​ ​ပ​ရော်​ဖက်​ဆာ​ ​ဟော့​ကင်း​သည်
ဘု​ရား​သ​ခင်​အ​ပေါ်​ ​အ​မြင်​တွင်​ ​လွဲ​ချော်​မှု​များ​ ​ရှိ​နေ​ကြောင်း
ဝေ​ဖန်​ခဲ့​ကြ​သည်​။ Society​ for​ Ordained​ Science ​မှ​ ​ပ​ညာ​ရှင်
ဂက်​ဘာ​ဘား​က​ ​ဘု​ရား​သ​ခင်​၏​ ​ဖန်​တီး​မှု​နှင့်​ ​သိ​ပ္ပံ​ပ​ညာ​၏
ဖန်​တီး​မှုဥ​ပ​ဒေ​တွင်​ ​ကွာ​ဟ​ချက်​ ​ရှိ​သည်​ဟု
မိ​မိ​မ​ယုံ​ကြည်​ကြောင်း​၊​ ​သိ​ပ္ပံပ​ညာ​၏​ ဥ​ပ​ဒေ​သ​သည်
ဘု​ရား​သ​ခင်​၏​ ​ဖန်​ဆင်း​မှု​ ဥ​ပ​ဒေ​နှင့်​ ​ထပ်​တူ​ကျ​ကြောင်း
တုန့်​ပြန်​ခဲ့​သည်​။ 

နိုင်ငံ ​တ​ကာ​ ​သိ​ပ္ပံ​နှင့်​ ​ဘာ​သာ​ရေး​ ​အ​ဖွဲ့​မှ​ ​ပ​ရော်​ဖက်​ဆာ​ ​ဂျော့​အီး​လစ်​က​မူ​ သု​တေ​သီ
တစ်ဦး​အ​တွက်​ ​အ​ခက်​ခဲ​ဆုံး​ ​အ​ခြေ​အ​နေ​မှာ​ ​ပ​ညာ​ရပ်​ပိုင်း​နှင့်
ဘာ​သာ​ရေး​တို့​ကြား​ အ​ထိ​အပါး​မ​ရှိ​ဘဲ​ ​မိ​မိ​၏​ ​တွေ့​ရှိ​ချက်​ကို
တင်​ပြ​ရန်​ဖြစ်​ကြောင်း​၊​ ​မိ​မိ​အ​နေ​နှင့်​ ​ဘာ​သာ​ရေး​ဖက်​မှ
ရပ်​တည်​ပါ​က​ သိ​ပ္ပံ​ပ​ညာ​ရပ်​၏​ ​အ​ချို့​သော​ ​အ​ချက်​အ​လက်​များ​ကို
မျက်​ကွက်​ပြု​ ​လက်​လွှတ်​ရန်​သာ​ရှိ​ကြောင်း​ ​ပြော​ဆို​သွား​သည်။

လူထုအသံ (http://peoplemediavoice.net)