Friday, December 24, 2010

ကျောင်းပေါင်းစုံစကားပြောစွမ်းရည်ပြိုင်ပွဲဖိတ်ကြားလွှာ

၆၃ နှစ်မြောက်လွတ်လပ်ရေးနေ့ အကြို ကျောင်းပေါင်းစုံ စကားပြောစွမ်းရည်ပြိုင်ပွဲအား
မိတ်ဆွေကောင်းစာကြည့်တိုက်မှကြီးမှူးကျင်းပပြုလုပ်မည် ဖြစ်ပါ၍ အောက်ပါအစီအစဉ်အတိုင်း
ကြွရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။

ညီညာမှ ပြည်သာမည်

မြန်မာဆိုတာ ဟိုရှေးယခင် ထဲက
ဇွဲ သတ္တိ အားမာန်တွေနဲ့ ပြည့်စုံခဲ့ကြတာပါ
ဒို့မြန်မာတွေ နိုင်ငံ့အရေးမှာ
အမြဲတမ်းနိုးကြားကြဖို့ အမှန်တကယ်လိုအပ်ပါပြီ။
လူတိုင်းလူတိုင်းဟာ တိုင်းပြည်ရဲ့ဖခင်
ဗိုလ်အောင်ဆန်းလို အာဇာနည်စိတ်ဓာတ် မွေးမြူကာ
နိုင်ငံအတွက် နောက်မဆုတ်ကြပဲ
ကြိုးစားအာထုတ်ဖို့ လိုပါတယ်။
ညီညာမှ ပြည်သာမည် ဟု စကားအတိုင်း
တိုင်းပြည်နှင့် လူမျိုးအပေါ် သစ္စာတရား ခိုင်မြဲစွာဖြင့်
နိုင်ငံ့အရေး ဒို့အရေးဟု ရင်ဝယ်ပိုက်ကာ
တိုင်းရင်းသား ညီအစ်ကို မောင်နှမအားလုံး
ညီညီညာညာနဲ့ ပြည်တခွင်သာယာအောင်
ဆောင်ရွက်ကြပါလို့ ဆန္ဒပြုလျှက်။

ဖိုးကျော် - မန်း

Thursday, December 23, 2010

ဒေါ်လာစားသူ တို့ရန်သူ

တစ်ခါတစ်ရံ Facebook မှာ ကိုယ်က Politics ဆန်ဆန် အရေးအသားလေးတွေ
ရေးမိရင်၊ သူငယ်ချင်းတွေ ရေးထားတဲ့ Post လေးတွေမှာ ၀င်ပြီး comment ပေးမိရင် အုပ်စု (၂)
စုကွဲတာကို သတိထားမိပါတယ်။ ကွဲတာလည်းကွဲပေါ့။ ဘာဖြစ်လဲ အမြင်မတူဘူးလို့ သတ်မှတ်ပါတယ်။ ၀င်ရေးမိတဲ့
ကိုယ့်ကိုလည်း ဆဲလိုက်ကြတာမိုးကို မွှန်နေတာပါဘဲ။ ဒါတွေက အကြောင်းမဟုတ်ခဲ့ပါဘူး။ သူဆဲ ကိုယ်ဆဲ
ဆဲခဲ့တာပါဘဲ။ အကြောင်းရှိတာက သူတို့တွေသိမ်းကြုံးပြောလိုက်ကြတဲ့ စကားပါ။“ခင်ဗျားတို့ ဒေါ်လာစားတွေက”
ဆိုတဲ့ စကားပါ။အဲဒီ စကားကျတော့ အကြောင်းရှိလာပါတယ်။

သူတို့ဆိုလိုချင်တာက ကိုယ်တို့ကဘဲ ဒေါ်လာတွေအလကားနေအလကား ထိုင်စားပြီးတိုင်းပြည်ကြီးကို ပျက်စီးရာ ပျက်စီးကြောင်း
အားအားယားယားကြံစည်နေကြတယ်လို့ အဓိပ္ပာယ်သက်ရောက်စေတယ်။“ခင်ဗျားတို့ ပြည်ပမှာ နေပြီးတော့ အသံကောင်းဟစ်မနေနဲ့” လို့လည်း တစ်ခါတစ်ရံ ပြောကြတယ်။ပြည်ပကနေ ကောင်းစားနေပြီးတော့ မြန်မာပြည်ကြီး ဘာဖြစ်တယ် ညာဖြစ်တယ် ပြောကြတယ်ပေါ့
ဆိုလိုချင်တာက။ဒီစကားကြားရတိုင်း ရင်နာတယ်။အဲဒီလို သိမ်းကြုံးပြီးပြောတတ်တဲ့
သူတွေကိုလည်း စဉ်းစားကြည့်မိတယ်သူတို့ကရော ဘာစားနေလို့လဲ ပြီးတော့ သူတို့ကရော ဘယ်အရပ်ဒေသက မို့လို့လဲ။

ဒေါ်လာကိုစားစား၊ ရင်းဂစ် ကိုစားစား၊ ပေါင်စတာလင်ကို စားစား အလကား စားရတာတစ်ခုမှ မပါဘူး။ ဘ၀တစ်ခုလုံးကို လောင်းကြေးထပ်ပြီးမှ၊ မျက်ရည်တွေကိုရင်းနှီးပြီးမှ စားရတာဖြစ်ပါတယ်။ခံစားချက်တွေ၊ ၀ါသနာတွေ အကုန်စွန့်လွှတ်ပြီးမှပြည်ပဆိုတာကို ရောက်လာခဲ့ကြရတာဖြစ်ပါတယ်။ ကြိုက်တဲ့သူမေးကြည့်ဒေါ်လာတွေစားနေရလို့ အဆင့်မြင့်မြင့်နေရလို့ပျော်တဲ့ကောင် တစ်ကောင်မှမပါဘူး။ အညာသား အညာကိုလွမ်းတယ် အောက်သားအောက်ပြည်ကို လွမ်းတယ်။အဲယားကွန်းခန်း Company ထဲကနေ ချွေးတပြိုက်ပြိုက်ကျ အလုပ်လုပ်နေရတဲ့စက်ရုံအလုပ်ရုံတွေအဆုံး ရှိရှိသမျှ မြန်မာလူမျိုးအားလုံး ကိုယ့်နိုင်ငံကို သောက်မြင်ကပ်လှချည်ရဲ့ အလကားတိုင်းပြည်ကြီးပါ ထွီ ထွမ် လုပ်ပြီး ထွက်လာခဲ့တဲ့သူတစ်ယောက်မှ မရှိပါဘူး။အဆင်မပြေနိုင်တဲ့ ဘ၀အမောတွေ တင်ရှိနေရစ်ခဲ့တဲ့
အကြွေးတွေ မိသားစုမျက်နှာလေးတွေ မြင်ယောင်ပြီး လေယဉ်ပေါ်ကို ဟန်လုပ်တက်သွားခဲ့ကြရတာပါ။

Monday, December 20, 2010

“လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်”

လွတ်လပ်တဲ့အာရှအသံမှ စီစဉ်တင်ဆက်သော

အပတ်စဉ် အမေး အဖြေ အစီအစဉ် (ဒီဇင်ဘာ ၁၀ရက်၊ ၂၀၁၀) မိုးမခ ဒေါ့ကွန်


မေးခွန်းမေးသူ။ ။ ဒေါ်မာမာအေး (အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ်နေ၊ နိုင်ငံကျော် အဆိုတော်)

Q: ညီမလေး စုရေ၊ ဒီလို အရေးတကြီး အလုပ်များနေတဲ့အချိန်မှာ ဖြေရလွန်းလို့ စိတ်မောလူမောဖြစ်နေမယ့် ညီမလေးကို မမေးရက်ပါဘူးဟယ်။ မှာတော့ မှာချင်ပါတယ်။ ညီမရဲ့ အသက်ဟာ အများ လူထုအတွက်၊ အချက်ဖြစ်နေလို့မို့ ကိုယ့်အသက်ကို ကိုယ်တိုင်စောင့်ရှောက်ပါ။ အရဲမကိုးပါနဲ့နော်။ ပြည်သူ့ခေါင်းဆောင် အတွက် နောက်လိုက်ကောင်းတယောက်အဖြစ် ဝန်းရံ ရပ်တည်နေပါတယ်။ ဒါပါဘဲ။ အမျိုးသားနေ့မှာ ပြောတဲ့ စကားပါ။ အောင်မြင်ပါစေနော်။

A: မမ အနေနဲ့ ကျမအတွက် စေတနာနဲ့ စိုးရိမ်ပေးလို့ အများကြီးပဲ ကျေးဇူးတင်ပါတယ်။ ဒီလိုစိုးရိမ် ပေးတဲ့လူတွေရဲ့ စေတနာကိုလဲ လေးစားသောအားဖြင့် ကျမလဲ ဂရုတစိုက်နဲ့နေသွားမှာပါ။ ကျမတို့ကို ဝန်းရံပေးတာကိုလဲ တကယ့်.. ကိုပဲ အားတက်ရပါတယ်။ ဒီလို ဝန်းရံပေးမှလဲ ကျမတို့အောင်မြင်မှုကို အမြန်ဆုံး ရနိုင်ပါမယ် ဆိုတာကတော့ မမကို အထူးအထွေပြောဖို့ မလိုပါဘူးလို့ ကျမထင်ပါတယ်နော်။

Sunday, December 19, 2010

သုခမှတ်စု

ဦးသုခ U Thu Kha - သုခမှတ်စု NoteOfThuKha

Saturday, December 18, 2010

ဗုဒ္ဓဘာသာဝင်အတွက် ဘာသာရေုးပြဿနာ အမေးအဖြေ အပိုင်း (၂)

ဦးလောကတိဿဖြေသည်

၁။( မေး ) ( သိက္ခုာပုဒ်မညီသော ရဟန်းများ )
အရှင်ဘုရား၊ ၀ိနည်းသိက္ခာပုဒ်နှင့်မညီသော ရဟန်းသံဃာများကို ဝေဖန်ပြောဆို ပြစ်တင်ရှုတ်ချလျှင် အပြစ်ဖြစ်ပါသလား၊
( ဥပမာ ) ဓားပြတိုက်ရာတွင် လက်ထောက်ချခြင်း၊ ဆင်းရဲ ချမ်းသာမကြည့်၊ မတရား ဘက်လိုက်သဖြင့် မှန်ကန်သော ဆင်းရဲသား ပိုမို နစ်နာဆုံးရှုံးခြင်း )
( ဥိးခင်မောင်သိန်း-ညောင်ရွှေမြို့ )

( ဖြေ )
ဘုန်းတော်ကြီး ဦသီလ ထေရုပ္ပတ္တိ-၌
ဟဲ့-ငတိုး၊ ရှင်ဘုရင်ကြီးတဦးမှာ သားတော် ၂-ပါးရှိတယ်။
အကြီးက တရားရှိတယ်၊ ခင်မင်ကြည်ညိုသူ များတယ်၊
အငယ်က တရားမရှိဘူး၊ မုန်းတီးသူတွေ များတယ်၊

ထိုလူယုတ်မာလေးကို လက်ဖြင့်သွားလုပ်လျှင် ဘယ်လိုဖြစ်မလဲ။
( သူ့အဖေ ရှင်ဘုရင်ကြီးက လက်ဖြတ်ပါလိမ့်မယ် ဘုရား။)

ဆဲရေးတိုင်းထွာလျှင်ကော၊
( အာဟက်ခံရပါလိမ့်မယ်ဘုရား )

Friday, December 17, 2010

ဗုဒ္ဓဘာသာဝင်အတွက် ဘာသာရေုးပြဿနာ အမေးအဖြေ အပိုင်း (၁)

ဗုဒ္ဓဘာသာဝင်တို့ သိသင့်သောဘာသာရေးအမေးအဖြေ

ဘဒ္ဒန္တတိလောကသာရ.ဖြေသည်



၁။( မြန်မာလူမျိုးနှင့် မြတ်စွာဘုရား )


( မေး ) ဆရာတော်ဘုရား ဗုဒ္ဓ-အလောင်းအလျာသည် အန္တိမဘ၀ နောက်ဆုံးကာလ၌ ခတ္တိယနှင့် ဗြဟ္မဏအမျိုးတို့၌သာ ဖြစ်ရသည်-ဟု စာအုပ်တအုပ်၌ တွေ့ပါသည်။
သို့ပါ၍ မြန်မာလူမျိုး ဘုရားဖြစ်နိုင်-မဖြစ်နိုင် သိလိုပါသည်ဘုရား။
( မျိုးညွှန့်-မြန်မာခရီးသွားလုပ်ငန်းဌာန၊ ရန်ကုန် )

( ဖြေ )
ဓမ္မတာအားဖြင့် ဘုရားအလောင်းတော်များ လူ့ပြည်တွင် ပဋိသန္ဓေ နေတော်မူခါနီး၌ ကြည့်ခြင်းကြီး ငါးပါးဖြင့် ကြည့်လေ့ရှိသည်။
ယင်းတို့မှာ ၁။ ကာလ-ဘုရားဖြစ်ရာ ကာလ ( အသက်တသိန်းတန်းနှင့် တရာတန်း ကြားကာလ )
၂။ ဒီပ-ကျွန်းလေးကျွန်းတွင် ဇမ္ဗူဒိပ်ကျွန်း
၃။ ဒေသ-ဇမ္ဗူဒိပ်ကျွန်း၏ အချက်အချာ မဇ္ဈိမဒေသ
၎။ ကုလ-အမျိုးလေးပါးတွင် ခတ္တိယနှင့် ဗြဟ္မဏမျိုး
၅။ မာတု အာယုပရိစ္ဆေဒ-မယ်တော်၏ ဆယ်လနှင့် ခုနစ်ရက် အသက်အပိုင်းအခြား-ဟူ၍ ငါးပါးဖြစ်သည်။

Monday, December 13, 2010

၂၁ ရာစု ပင်လုံ စိန်ခေါ်မှု မဟုတ်လို့ ဒေါ်စုကပြော

၂၁ ရာစု ပင်လုံ စိန်ခေါ်မှု မဟုတ်လို့ ဒေါ်စုကပြော
ဒီဇင်ဘာ ၁၁ BBC
၂၁ ရာစု ပင်လုံညီလာခံဟာ စင်ပြိုင် လွှတ်တော်၊ စင်ပြိုင် အစိုးရ မဟုတ်သလို ထိပ်တိုက်ရင်ဆိုင်မှု၊ စိန်ခေါ်မှုလဲ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပြီး ဒီလို နားလည်မှု လွဲမှား နေတာဟာ အဓိက ပြသနာဖြစ်လို့ ဒါကို ပထမ ရှင်းလင်းအောင် လုပ်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အမျိုးသားရင်ကြားစေ့ရေး အတွက် စုစည်းမှုဖြစ်တယ်ဆိုတာကို တပ်မတော်နဲ့ တခြား အဖွဲ့အစည်းတွေ နားလည်အောင် ကြိုးစားမယ်လို့ ပြောပါတယ်။

ဒီဇင်ဘာလ ၁၁ ရက်နေ့ ယူကေနိုင်ငံ လန်ဒန်မြို့မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ယူကေက ဦးစီးကျင်းပတဲ့ တယ်လီဖုန်းနဲ့ ဆက်သွယ် ဆွေးနွေးမေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်သူတွေ မေးတဲ့ မေးခွန်းတွေကို ဖြေရင်း အဲဒီလို ပြောခဲ့တာဖြစ်ပါတယ်။

ဒုတိယပင်လုံညီလာခံအကြောင်းအပြင် နိုင်ငံရေးရှေ့ဆက်လုပ်ဆောင်မှု၊ တိုင်းရင်းသားတွေ ဒေသတွေ အရေး ၊ စတဲ့မေးခွန်းတွေကိုလဲ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါတယ်။

လူငယ်တွေနဲ့ပတ်သက်လို့ ပြောရာမှာတော့ လူငယ်တွေအနေနဲ့ အချိန်ကို တန်ဘိုးရှိရှိ အသုံးချဖို့၊ အနာဂါတ်ဟာ လူငယ်တွေရဲ့ လက်ထဲမှာ ရှိတာမို့ ကိုယ်ကိုကိုယ် တိုင်းပြည်ရဲ့ အနာဂါတ်အဖြစ် တိုင်းပြည်ရဲ့ မျှော်လင့်ချက်အဖြစ် တန်ဘိုးထားပြီး ပြုစုပျိုးထောင်ကြဖို့ကိုလဲ မှာကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ၊ NLD အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်တို့နဲ့ ၃ နာရီ ကြာ တယ်လီဖုန်းဆွေးနွေးပွဲကို UK က တိုင်းရင်းသားလူငယ်တွေ အပါအဝင် အဖွဲ့ ၁၆ ဖွဲ့က ကိုယ်စားလှယ်တွေ Amnesty International , Christian Solidarity Worldwide စတဲ့အဖွဲ့တွေက စုစုပေါင်းလူ ၈၀ လောက်တက်ရောက်ခဲ့ကြပါတယ်။

ိုကိုးလေးလုံးဆရာတော် အရှင်နေမိန္ဒ အကျဉ်းထောင်မှာပျံလွန်တော်မူ

နိုင်ငံရေး အကျဉ်းသားများ

2010-12-11 RFA

ကိုးလေးလုံး လူထုလှုပ်ရှားမှုမှာ ပါဝင် တယ်ဆိုပြီး ၁၉၉၉ ခုနှစ် စက်တင်ဘာ လမှာ ထောင်ဒဏ် အနှစ် (၂၀) ချမှတ်ခံ ခဲ့ရတဲ့ ပဲခူးမြို့ သနပ်ပင်ဇာတိ သံဃာ တော် အရှင်နေမိန္ဒဟာ မော်လမြိုင် အကျဉ်းထောင်မှာ ဒီဇင်ဘာလ (၈) ရက်နေ့က ဘ၀နတ်ထံ ပျံလွန်တော်မူ သွားပါတယ်။

အဖမ်းဆီးခံရစဉ် စစ်ကြောရေးစခန်းမှာ ညှဉ်းပန်းနှိပ်စက်တာ ခံခဲ့ရပေမယ့် အရှင်နေမိန္ဒဟာ အကျဉ်းထောင်တွင်းမှာ ရဟန်းသံဃာ ဘ၀နဲ့ပဲ သိက္ခာပုဒ်ကို ဆက်လက်စောင့်ထိန်းပြီး နေထိုင်ခဲ့တယ်လို့ ဆရာတော်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

မော်လမြိုင်အကျဉ်းထောင်မှာ အနာတွေပေါက်ပြီး ကျန်းမာရေး ချို့တဲ့လာပေမယ့် ထောင်အာဏာပိုင်တွေက အရှင်နေမိန္ဒကို ဆေးကုသခွင့်နဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ အလုံအလောက် မပေးခဲ့ဘူးလို့လည်း သိရပါတယ်။

ထောင်ဒဏ်ကျခံနေရချိန်မှာ အခုလို ပျံလွန်သွားတဲ့ အရှင်နေမိန္ဒနဲ့ ပတ်သက်လို့ RFA ၀ိုင်းတော်သား ကိုဥာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။