Tuesday, March 30, 2010

ကြောက်စရာကောင်းတယ်ဆိုတဲ့ စနေဂြိုဟ်

ကြောက်စရာကောင်းတယ်ဆိုတဲ့ စနေဂြိုဟ်

စနေဂြိုဟ်သည် နေမှ မိုင်သန်းပေါင်း ၈၈၆-သန်းဝေးသည်။ ကမ္ဘာမှ မိုင်သန်းပေါင်း ၇၅၀-ဝေးသည်။ ကမ္ဘာထက် အဆ ၈၀- ပိုကြီးသည်။ စနေဂြိုဟ်၏အချင်းမိုင်မှာ ၇၃၀၀၀-ခန့်ရှိသည်။ သိပ်သည်းဆမှာ ကမ္ဘာ၏ ရှစ်ပုံတစ်ပုံသာ ရှိသည်။ ထို့ကြောင့် စနေဂြိုဟ်ကို ရေထဲချလိုက်လျှင် ပေါလောပေါ်နိုင်သည်။ အပူချိန်မှာ သုညအောက် ၂၅၀ံဖာရင်ဟိုက်သာရှိသည်။ ထို့ကြောင့် စနေဂြိုဟ်တွင် သက်ရှိတို့ မနေနိုင်ပေ။ စနေဂြိုဟ်သည် နေကို လှည့်ပတ်ရာတွင် တစ်ပတ်ပြည့်ရန်အတွက် နှစ်ဆယ့်ကိုးနှစ်ခွဲ ကြာသည်။ ထို့ကြောင့် စနေဂြိုဟ်၏ တစ်နှစ်သည် ကမ္ဘာမြေ၏အရေအတွက်ဖြင့်၂၉-နှစ် ခြောက်လ ကြာသည်။ သို့သော် စနေဂြိုဟ်တစ်ရက်သည် ၁၀-နာရီ ၁၅-မိနစ်သာ ရှိသည်။ စနေဂြိုဟ်နှင့်ပတ်သက်၍ သိပ္ပံနည်းကျ သိရှိသမျှကား ဤမျှသာဖြစ်သည်။
(မြန်မာ့စွယ်စုံကျမ်း)
ဝေါဟာရလီနတ္ထဒီပနီတွင် -`ထိုစနေကြယ်ဗိမာန်ကား ၁၀င်္ခန့်ကြီးသည်။ အလယ်တွင် ပတ္တမြားလုံးသဏ္ဌာန်ရှိသည်။ အနားမှာ ဖြူစင်လှသော ပိတ်ရစ်သကဲ့သို့ ဖွေးဖွေးပြင်ပြင် မြင်သည်။ အလုံးအ၀န်းမဟုတ်၊ ကြက်ဥသဏ္ထာန် ခပ်လျားလျား ထင်သည်။ ဟု ဆိုထားသည်။
မြန်မာ့အယူအဆတွင် နေ့ခုနစ်နေ့၏ သတ္တမမြောက်နေ့ကို စနေနေ့ဟု သတ်မှတ်သည်။ ထိုစနေနေ့သည် ကဆုန်၊ တော်သလင်း၊ ပြာသိုလတို့တွင် ရက်ရာဇာဖြစ်၍ တန်ခူး၊ ၀ါခေါင်၊ နတ်တော်လများတွင် ပြဿဒါးဖြစ်သည်။ စနေဂြိုဟ်မင်း စီးသော ယာဉ်မှာ နဂါးဖြစ်သည်။ ထိုဂြိုဟ်၏ သက်တမ်းမှာ ၁၀-နှစ် ဖြစ်သည်။ ထိုဂြိုဟ်၏ တည်ရာအရပ်မှာ အနောက်တောင်အရပ်ဟု ဆိုသည်။ ကိုယ်စားပြုအက္ခရာမှာ တ၊ ထ၊ ဒ၊ ဓ၊ န ဖြစ်သည်။
မြန်မာလူမျိုးတို့သည် စနေကို အလွန်ကြောက်ကြသည်။ မိမိတို့နှင့်မိုင်သန်းပေါင်း ၇၅၀-ဝေးသည့်နေရာမှ ဂြိုဟ်တစ်လုံးက သန်းပေါင်းထောင်ချီနေသည့် လူသားထုကြီးကို စိုးမိုးချုပ်ကိုင်နိုင်သည်ဟု ယုံကြည်နေခြင်းမှာ ယုတ္တိမတန်လှပေ။ စကြ၀ဠာကြီးနှင့် နှိုင်းယှဉ်လျှင် ဖုန်မှုန့်ကလေးလောက်ပင် ပမာဏမရှိသော နေရာတစ်ခုမှ ပြုလုပ်သော ယတြာတစ်ခုက မိုင်ပေါင်း သန်း ၇၅၀ ကွာဝေးသော စနေဂြိုဟ်ကြီးကို ပြုပြင်ပေးနိုင်သည်ဆိုခြင်းမှာလည်း ယုတ္တိမရှိလှပေ။
သားသမီးမွေးသည့်အခါ အကြီးဆုံးကလေးသည် စနေဖြစ်ခဲ့လျှင် သားဦးစနေ မီးလိုမွှေသည်ဟု အပြစ်မဲ့သော ကလေးကို ပုဒ်မကြီးကြီးတပ်ကာ ဖခင်ဖြစ်သူက ဓားထမ်း၍ ကလေးကို ကျော်သည်။ အဖကို ပြန်သတ်သော အဇာတသတ်အပေါ် ထားသည့် ဗိမ္ဗိသာရမင်းကြီး၏ မေတ္တာကို စံနမူနာ ယူဖို့ မေ့နေကြပုံရသည်။ အမည်ပေးလျှင်လည်း စနေနံနှစ်ထပ်ဖြင့် အမည်ပေးလျှင် ခိုက်တတ်သည်ဟု ပြောကြသည်။ သို့ဖြစ်လျှင် ဘုရားရှင်၏ညီတော် နန္ဒက ဘာကြောင့်မခိုက်သနည်း။
လတစ်လကို စနေဖြင့် စလျှင် မီးဘေးအန္တရာယ်ရှိသည်။ ထိုလတွင် မင်္ဂလာကိစ္စများကို ရှောင်ရှားကြသည်။ ဘုရားရှင်သည် သာသနာတော်၏အစ ဓမ္မစကြာတရားတော်ကို စနေနေ့တွင် ဟောတော်မူခဲ့ပါသည်။ ထိုတရားဦးဟောသော မဟာသက္ကရာဇ် ၁၀၃-ခု ၀ါဆိုလသည် စနေဆန်းသောလပင် ဖြစ်ပါသည်။ ထိုတရားမှာ ယနေ့တိုင် ထင်ရှားလျက် ရှိပါသည်။
စနေဂြိုဟ်မင်း စီးနင်းသောယာဉ်မှာ နဂါးဟု ဆိုကြသည်။ သုညအောက် ၂၅၀ံဖာရင်ဟိုက်တွင် ထိုနဂါး အသက်ရှင်နိုင်ပါရဲ့လား၊ စဉ်းစားစရာပင်ဖြစ်ပါသည်။ နဂါးဟုဆိုလျှင် အာခံတွင်းမှ မီးဝင်းဝင်းတောက်လျှက် အခိုးအလျှံနှင့်အစွမ်းပြတတ်သော သတ္တ၀ါဟု ယုံကြည်ထားကြရာ သူ့အခိုးအငွေ့များဖြင့် သူ့ကိုယ်ကိုနွေးထွေးအောင် စွမ်းဆောင်ဖို့ပင် လုံလောက်ပါရဲ့လား။
စနေဂြိုဟ်၏ တည်ရာအရပ်သည် အနောက်တောင်အရပ်ဟု ဆိုကြသည်။ ထိုအနောက်တောင်သည် မည်သည့်နေရာကို ဗဟိုပြု၍တိုင်းတာသည့် အနောက်တောင်နည်း။ ယင်းအချက်ကို အစွဲပြု၍ ရန်ကုန်တွင် နေသောစနေသား၏ အနောက်တောင်သည် ဧရာဝတီတိုင်းဟုဆိုလျှင် ဧရာဝတီတိုင်းသား၏ အနောက်တောင်သည် ပင်လယ်ပြင်သာ ဖြစ်တော့မည်။ စနေအရပ်မတည့်ဟု ဆိုသဖြင့် ရှောင်ရမည်ဆိုလျှင် စနေသားချင်းအတူတူ ရန်ကုန်မွေးစနေသားက ဧရာဝတီတိုင်းသို့ မသွားကောင်းဘူးလား။ ကမ္ဘာမြေကို ဗဟိုပြု၍တိုင်းတာသော အနောက်တောင်လား။ စဉ်းစားစရာပင်။ ယင်းသို့မစဉ်းစားပါက အသွားကြပ်အလာကြပ် ဖြစ်တတ်ပါသည်။
ဘုရားအလောင်းတော်သည် တနင်္လာနေ့တွင် တောထွက်ခဲ့ပါသည်။ လုံးဝနှစ်ခါမပြန်ခဲ့ပါ။ ပြဿဒါးဖြစ်သည့် ဗုဒ္ဓဟူးနေ့တွင် ဘုရားဖြစ်ခဲ့ပါသည်။ စနေဆန်းသော ၀ါဆိုလ၏ စနေနေ့တွင် တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော်မူခဲ့ပါသည်။ ပုတိဖွားဘုရားရှင်သည် ယနေ့တိုင် ထင်ရှားကျော်စောလျက် ရှိပါသည်။ သူတော်ကောင်းတို့ သတိချပ်သင့်ပါသည်။
ကောင်းသည့်အလုပ်ကိုလုပ်လျှင် ကောင်းသည့်အကျိုးကို ခံစားရမည်။ မကောင်းသည့်အလုပ်ကိုလုပ်လျှင် မကောင်းသည့်အကျိုးကို ခံစားရမည်၊ လောကအတွင်းနေလျှင် လောကဓံကို ခံစားရပါမည်။
အ၀ိဇ္ဖာနှင့်၊ တဏှာရင်းခံ၊ ဥပါဒါန်၊ ကံကြောင့်ရုပ်နာမ်ပေါ်၊
အပင်မှမျိုး၊ မျိုးမှအပင် အမျှင်မပြတ် ဆက်စပ်သည့်ဟန်၊ ကံကြောင့်နာမ်ရုပ်၊ နာမ်ရုပ်ကြောင့်ကံ အတန်တန် ဖြစ်ပြန်နည်းအလျော်။
ဗြဟ္မာသိကြား၊ စသည်များက ထင်ရှားပြုပြင် စီရင်ဖန်ဆင်း အကြောင်းရင်းကြောင့် လူနတ်များစွာ သတ္တ၀ါတို့ ဖြစ်လာရမှု မဟုတ်ဟု ဉာဏ်ဖြင့်ရှု၍မျှော်။ (မိုးကုတ်ဆရာတော်ဘုရားကြီူး)
http://forverfriends.ning.com/profiles/blog/list?user=1kcoyo5ja1d66

Monday, March 29, 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဋ္ဌာနချုပ်)အစည်းအဝေး နောက်ဆုံးအခြေအနေ

မတ်လ ၂၉ ရက် (တနင်္လာနေ့ နေ့လည် ၂ နာရီ နောက်ဆုံးသတင်း)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဋ္ဌာနချုပ်)အစည်းအဝေး နောက်ဆုံးအခြေအနေ



ယနေ့ ၂ နာရီအချိန် သတင်းရရှိသည့် အခြေအနေများအရ

တိုင်း (၇) တိုင်း၊ ပြည်နယ် (၇)ခုက ကိုယ်စားလှယ်များ ၊ အီးစီ၊ စီအီးစီ တို့၏ ယနေ့ ပါတီမှတ်ပုံတင်သင့် မတင်သင့် ကို ၀ိုင်းဝန်းဆုံးဖြတ် မဲပေးကြရာ ပါတီမှတ်ပုံမတင်ရေးကို ၉၅ ရာခိုင်နှုန်းဖြင့် အပြတ်အသတ် ဆုံးဖြတ် အတည်ပြုလိုက်ကြောင်း ကြားသိရသည်။ ယနေ့အစည်းအဝေးတွင် ဦးအောင်ရွှေ တဦးမှအပ စီအီးစီ၊ စီစီ ၁၁၀နှင့် လူငယ်ငါးဦး စုစုပေါင်း ၁၁၅ ဦး တက်ရောက်အတည်ပြုဆုံးဖြတ်ချက်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

ယင်းအစည်းအဝေးတွင် ဦးဝင်းတင်က.. “ရွေးကောက်ပွဲအတွက် မှတ်ပုံမတင်ဘူးဆိုရင် ပါတီအနေနဲ့ ခြေပြတ်မယ်.. လက်ပြတ်မယ်.. မှတ်ပုံတင်မယ်ဆိုရင်တော့ ခေါင်းပြတ်မယ်.. ခြေပြတ်တာ လက်ပြတ်တာ အတု လုပ် ပြီး အလုပ်ဆက်လုပ်လို့ရတယ်.. ခေါင်းပြတ်သွားရင်တော့ ခေါင်းအတုလုပ်လို့မရဘူး.. ”ဟု ပြတ်ပြတ်သားသား မိန့် ကြား ခဲ့သည်။

လက်ရှိအချိန်အထိ အဖွဲ့ချုပ် အဖွဲ့ဝင်များ၊ လူငယ်များ နှင့် ပြည်သူလူထု ၅၀၀ ကျော်သည် အဖွဲ့ချုပ် ရုံးရှေ့ တွင် အခြေအနေကို စောင့်ဆိုင်းလျက်ရှိနေပြီး နအဖ ဘက်မှ လုံခြုံရေးများလည်း အများအပြား ၀န်းရံစောင့်ကြပ်လျက် ရှိနေသည်။ ယနေတက်ရောက်သူ အဖွဲ့ဝင်တဦးက…

“ကျမတို့ ပါတီ ရဲ့ ရပ်တည်ချက်ကို ပြတ်ပြတ်သားသား သိရပြီ.. ရှေ့ ကျမတို့ ဘာဆက်လုပ်မယ်.. ဘာလုပ်သင့်တယ်ဆိုတာကို ဆုံးဖြတ်ကြမယ်..လုပ်သင့်လုပ်ထိုက်တာကို ဆက်လုပ်သွားရမယ်.. ရှေ့ကို ကျမတို့ ရဲရဲရင့်ရင့် ပြတ်ပြတ်သားသား လုပ်စရာရှိတာတွေ လုပ်ရတော့မယ်..” ဟု ပြောသည်။

သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မနက်ဖြန် မတ်လ ၃၀ ရက်နေ့ထိ ဆက်လက် ဆွေးနွေးသွား မည်ဖြစ်ပြီး ရှေ့လုပ်ငန်းစဉ်ကို ပြတ်ပြတ်သားသား အဖြေရှာ ဆောင်ရွက်ဖွယ်ရှိသည်ဟု လူထုက မျှော်လင့်လျက်ရှိ သည်။

Saturday, March 27, 2010

မေတ္တာဟူသည်

မူကြိုကျောင်း တစ်ကျောင်းမှာရှိတဲ့ ဆရာမ တစ်ယောက်ဟာ
သူ့အတန်းထဲကကလေးတွေနဲ့ ဂိမ်းတစ်ခုဆော့ဖို့ စီစဉ်ခဲ့တယ်။
အတန်းထဲမှာရှိတဲ့ကလေးတိုင်းဟာ ကျောင်းကိုလာတိုင်းအာလူး
ထည့်ထားတဲ့ အိတ်တစ်လုံးစီယူလာရမယ်လို့ဆရာမကပြောတယ်။
အာလူးတစ်လုံးစီမှာသူတို့သိပ်မုန်းတယ်ဆိုတဲ့လူရဲ့နာမည်ကိုရေး
ရမယ် ။ ဒါကြောင့် သူတို့တစ်ယောက်စီရဲ့ အိတ်မှာပါမယ့် အာလူး
အရေအတွက်ဟာ သူတို့ လူဘယ်နှယ်ယောက်လောက်မုန်းသလဲ
ဆိုတာပေါ်မှာမူတည်နေတယ်။

နောက်နေ့မှာ ကလေးတိုင်းဟာ နာမည်ရေးထားတဲ့ အားလူးတွေကိုယ်စီသယ်လာကြတယ်။ တချို့က(၂)လုံး၊
တချို့ကျ (၃)လုံး၊(၅)လုံးထိယူလာတဲ့လူတောင် ရှိတယ်။ ဆရာမက အဲဒီအာလူးအိတ်ကို သူတို့ဘယ်သွားသွား
ကိုယ်နဲ့မကွာ ယူသွားရမယ်လို့ မှာတယ်။ အိမ်သာတက်ရင်လည်းမချန်ခဲ့ရဘူး။ တစ်ပတ်တိတိလုပ်ရမယ်တဲ့။

ရက်အနည်းငယ်ကြာတော့ ကလေးတချို့က စပြီး စောဒကတက်လာတယ်။အာလုံးအပုတ်တွေကနေအနံ့ထွက်
လာပြီကိုး။ တချို့ကျ အာလူး(၅)လုံးတောင်သယ်ရတာဆိုတော့ လေးလံနေကြတာပေါ့။ တစ်ပတ်ပြည့်တော့ဂိမ်း
ကပြီးပြီလေ။ ဒါကြောင့် ကလေးတွေလည်း စိတ်လက်ပေါ့ပါးသွားတာပေါ့။

ပြီးခဲ့တဲ့ တစ်ပတ်လုံးလုံး အာလူးအိတ်ကြီး သယ်ပြီးလျှောက်သွားနေတာဘယ်လိုခံစားရလဲလို့ဆရာမကမေးတော့
သူတို့ရဲ့ စိတ်ပျက်စရာကောင်းတဲ့အတွေ့ အကြုံတွေကို ပြောပြကြတယ် ။ ဘယ်ကိုပဲသွားသွား အဲဒီ လေးလည်း
လေးနံလည်းနံတဲ့ အားလူးအိတ်ကြီးကို ဘယ်သူက သယ်သွားချင်ကြမှာတုန်း။

ဒီတော့ ဆရာမက ဒီဂိမ်း ကစားရခြင်းရဲ့ ရည်ရွယ်ချက်ကို ရှင်းပြတယ်။အခုမင်းတို့ ခံစားခဲ့ရတဲ့ အခြေအနေဟာ ဘာနဲ့တူသလဲဆိုတော့လူတစ်ယောက်ပေါ်မှာထားတဲ့ အာဃာတ အမုန်းတွေကို သားတို့ရဲ့နှလုံးသားထဲမှာထည့်ပြီး
လျှောက်သွားနေတာနဲ့ တူတယ်။ အကယ်၍ အဲဒီအာလူးပုတ်ရဲ့ အနံ့အသက်ကို တစ်ပတ်လေးတောင်မှ မခံနိုင်ဘူး
ဆိုရင် သားတို့စဉ်းစားကြည့်စမ်း။

အမုန်းအာဃာတတွေကို မင်းတို့ရဲ့ နှလုံးသားထဲမှာဘ၀တလျှောက်လုံး သယ်သွားမယ်ဆိုရင် ဘယ်လိုနေမလဲ။
လူတွေအပေါ်မှာထားတဲ့ အမုန်းတွေကို လွှင့်ပစ်လိုက်ပါ။ ဘ၀တလျှောက်လုံး အဲဒီဒုက္ခကို သယ်မသွားပါနဲ့။
ခွင့်လွတ်ခြင်းဆိုတာ အမြင့်မြတ်ဆုံး စိတ်ဓါတ်ပါ။မင်း မကြိုက်ဘူးဆိုတဲ့လူကိုတောင် မေတ္တာထားပါ။မေတ္တာစစ်
မေတ္တာမှန်ဆိုတာ ပြီးပြည့်စုံတဲ့လူကို ချစ်တာမဟုတ်ပါဘူး။ မပြည့်စုံတဲ့သူကို ပြည့်ပြည့်၀၀ ချစ်တာပါ။


mail တစ်ခုကို ပြန်လည်ခံစားခြင်းဖြစ်ပါတယ်...........
ရပ်ဝေးမြေခြားမှာရောက်ရှိနေတဲ့သူငယ်ချင်းများနဲ့
အမိရင်ခွင်ထဲကညီကိုမောင်နှမများအားလုံး........
အောင်မြင်မှုပန်းတိုင်များ ထာဝရဆုပ်ကိုင်နိုင်ပါစေ
လို့ဆုမွန်ကောင်းတောင်းပေးရင်း....................

ခင်မင်လေးစားစွာဖြင့်......... မိုးထက် ............

Wednesday, March 24, 2010

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကောက်နှုတ်ချက်များ

“အခုဒီဥပဒေတွေဟာ NLD အတွက် ကြီး မားတဲ့ စိန်ခေါ်မှုတွေ အများကြီးပါနေပါ တယ်။ ဒီလို စိန်ခေါ်မှုတွေကို ကျမအနေနဲ့ စိတ်မပျက်ပါဘူး။ ဒီလို ကြီးမားတဲ့ စိန်ခေါ်မှု တွေကို ရင်ဆိုင်ဖို့ အင်အားတရပ်ကိုတောင် မှ ပြန်လည်မွေးမြူရာရောက်ပါတယ်။ ပြည် သူလူထုကလည်း အဲသလို သဘောထားပြီး ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အထူးသဖြင့် အဖွဲ့ချုပ်ဒီမိုကရေစီလိုလားသူများနဲ့ တသား တည်း ရင်ဆိုင်ဖို့ လိုအပ်ပါတယ်”


(ဒေါ်အောင်ဆန်းစုကြည် - ဦးဉာဏ်ဝင်းမှ တဆင့် ပြည်သူသို့ ပြောကြားချက်)



'' အန်ကယ်တို့  ကျမ ကရှေ့  ကိုရောက်နေရင်လည်း ကျမနောက်က လိုက်ပါ။ အန်ကယ်တို့ က ရှေ့ ကရောက်နေရင်လည်း အန်ကယ်တို့ နောက်က ကျမလိုက်ပါမယ်။''
အောင်ဆန်းစုကြည် မှ ဦးအောင်ရွှေ တို့ အဖွဲ့ ကို တိုက်တွန်းချက်
၅.၁.၂၀၀၉ နေ့စွဲပါ ကိုမိုးသီးဘလော့မှ…
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ထူထောင်ခဲ့တာဟာ ပြည်သူလူထုလိုချင်တဲ့
ဒီမိုကရေစီ လှုပ်ရှားမှု အောင်မြင်ရေးအတွက် ထူထောင်ခဲ့တာပဲ ဖြစ်တယ်။
ပည်သူလူထုနဲ့ ကျမတို့ တစည်းတရုံးထဲ မလုပ်နိုင်လို့ရှိရင် ကျမတို့ အဖွဲ့ချုပ်ကြီးဟာ
ဖျက်ဖို့ပဲ ရှိတော့တယ်။ အဲဒီတော့ အဖွဲ့ဝင်များဟာ ပြည်သူလူထုရဲ့
သဘောထားကို နားလည်ရမယ်။ ပြည်သူလူထုရဲ့ သဘောအတိုင်း လုပ်ရမယ်။
(အဖွဲ့ချုပ်ရုံး၊ သထုံမြို့ ၁၄-၁၂-၈၈)

အဖွဲ့ချုပ် ရည်ရွယ်ချက်ကိုကလည်း ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ဖို့
သက်သက်မှ မဟုတ်ဘဲ။ ၁၈ ရက် စက်တင်ဘာ စစ်အဏာသိမ်းပြီးတဲ့
နောက်ပိုင်းမှာ ပြန့်ကြဲသွားတဲ့ ဒီမိုကရေစီ အင်အားတွေကို တစုတရုန်းတည်းဖြစ်အောင် စုစည်းပြီး၊
အဲ့ဒီစုစည်းထားတဲ့ အင်အားတွေကို စနစ်တကျဖြစ်အောင်
ပေါင်းပြီးတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ
ကျင်းပနိုင်မယ့် အခြေအနေမျိုးကို ဖန်တီးပေးဖို့ပါပဲ။
(အဖွဲ့ချုပ်ရုံး၊ ပုဂံမြို့ ၂-၁၁-၈၈)

ဒီမိုကရေစီ စနစ်မှာ အမတ်လုပ်ချင်သူတွေဟာ အပင်ပန်း အဆင်းရဲ ခံနိုင်ရမယ်။
အစွမ်းကုန် အလုပ်လုပ်ရမယ်။ ကိုယ်ကျိုးမငဲ့ဘဲ အများအကျိုးကို
ပီပီပြင်ပြင် ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်ရမယ်
(မြတောင်း ကျောင်းတိုက်၊ မန္တလေး ၆-၁၁-၈၈)

“ မြင်ရင်လဲမြင်တယ်ဆိုပြီး ရပ်ကြည့်မနေပါနဲ့။
လျစ်လျှူမရှုထားကြပါနဲ့။
တတ်နိုင်ရင် တတ်နိုင်တဲ့ဘက်က
ရပ်တည်ပေးကြပါ။
ဒါတွေဟာ အားလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ ”


“ ကျွန်မတို့က နိုင်ငံရေးသမားတွေပဲ
နိုင်ငံရေးအရ လူ့အဆင့်အတန်းကို
ကျွန်မတို့က မြှင့်တင်နိုင်ရမယ်။
နိုင်ငံရေးအရ လူ့အဆင့်အတန်းကို
မြှင့်တင်နိုင်မှ ကျွန်မတို့ဟာ
လူဖြစ်ရကျိုးနပ်တယ်လို့ သတ်မှတ်နိုင်မယ်။
ဒီလိုစိတ်ထားမထားနိုင်ရင်တော့
ကိုယ့်ကိုကိုယ် နိုင်ငံရေးသမားလို့လည်း မခေါ်သင့်ဘူး။
နိုင်ငံရေးနယ်ထဲမှာလည်း ၀င်ပြီးတော့ မလုပ်သင့်ဘူး။ ”


“ “ အသက်ရှင်ရကျိုးမနပ်ဘဲ
နေရမယ့်အစား
သေရတာပဲ ကောင်းတယ် ” ဆိုတဲ့
စိတ်ဓါတ်ထားပြီး
အသက်ရှင်ရကျိုးနပ်မယ့်
ဒီမိုကရေစီအကျိုးဖြစ်အောင်
အားလုံးဝိုင်းဝန်းကြိုးစားကြပါ။ ”

“ မြန်မာနိုင်ငံမှာ
နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်ဘဲ
အမျိုးသားရင်ကြားစေ့ရေးမပါဘဲ
ကျင်းပတဲ့ရွေးကောက်ပွဲဟာ
တရားဝင်မှာ မဟုတ်ကြောင်း
ကုလသမဂ္ဂအနေနဲ့
ဆုံးဖြတ်သင့်တယ်လို့ ပြောလိုလိုက်ပါတယ်။ ”


“ လူငယ်တွေဟာ မှန်မှန်ကန်ကန်နဲ့ တိတိကျကျအလုပ်ကို လုပ်သွားရမယ်။ ကိုယ့်အလုပ်လုပ်တဲ့အခါကျရင် အများကြိုက်စေချင်လို့ လုပ်တာမဟုတ်ဘူး။ ပေါ်ပြူလာဖြစ်ချင်လို့ လုပ်တာမဟုတ်ဘူး။ ရာထူးရာခံ လိုချင်လို့ လုပ်တာမဟုတ်ဘူး။ နာမည်လိုချင်လို့ လုပ်တာမဟုတ်ဘူး။ ယုံကြည်ချက်အရ မှန်တယ်ထင်လို့ လုပ်တာသာဖြစ် ရမယ်။ ကိုယ့်ရဲ့ယုံကြည်ချက်အရ မှန်တယ်ထင်လို့ လုပ်လို့ရှိရင် ဘယ်သူက ဘယ်လိုဘဲ အန္တရာယ်ပြုပြု၊ ခံနိုင် ရည်ရှိရမယ်။ ဘယ်သူက ဘယ်လိုပဲ ကိုယ့်ကိုပုတ်ခတ်ပုတ်ခတ် ခံနိုင်ရည်ရှိရမယ်။ ဒီလိုခံစားချက်တွေနဲ့ လုပ် သွားမှသာ လူငယ်များဟာ တိုင်းပြည်အကျိုးထမ်းဆောင်နိုင်မှာ ဖြစ်တယ်။ ”

ဒေါ်အောင်ဆန်းစုကြည်
( ၁၉၈၉ ဧပြီလက ချင်းခရီးစဉ် NLD လူငယ်များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သော မိန့်ခွန်း )

“ တိုင်းပြည်တစ်ပြည်ကို အုပ်ချုပ်တဲ့ ခေါင်းဆောင်ဟာ
ပြည်သူလူထုရဲ့ထောက်ခံမှုနဲ့အုပ်ချုပ်တာပဲဖြစ်ရမယ်။
လက်နက်အားကိုးနဲ့အုပ်ချုပ်တယ်ဆိုတာ မဖြစ်သင့်ဘူး ဆိုတာ
မွေးကတည်းက ကျွန်မကိုသင်ထားတဲ့၊ သိခဲ့တဲ့
သင်ခန်းစာပါပဲ။ ”

“ လုပ်လည်းလုပ်ရမယ်၊ ခံလည်းခံရမယ်၊ ကိုယ်လုပ်လို့ကိုယ်ခံတယ်ပေါ့။
မလုပ်ပဲနဲ့ခံတာတော့ ခံရကျိုးမနပ်ဘူး။
အဲ့ဒီတော့ ပထမလုပ်လိုက်၊ လုပ်ပြီးမှ ခံမယ်။ ”

“ ရှေ့ဆောင်တယ်ဆိုတာ တိုင်းပဲဖြစ်ဖြစ်၊ မြို့နယ်ပဲဖြစ်ဖြစ်၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်းဖြစ်ဖြစ်၊ ရှေ့ ဆောင်ပြီဆိုမှဖြင့် ကိုယ်ဟာတခြားသူတွေထက်ပိုပြီးတော့ ကြိုးစားရမယ်။ တခြားသူတွေထက်ပိုပြီးတော့ စွန့်စား ရမယ်။ ကိုယ့်ရဲ့ရှေ့ဆောင်နေပါတယ်ဆိုတဲ့ အနေအထားကို ကိုယ်ကနေပြီးတော့ သိက္ခာရှိရှိနဲ့ ထိန်းသိမ်းသွား ရမယ်။ ”


“ ခံရဲတာ
သတ္တိ ဆိုတာ မှန်ပါတယ်
ဒါပေမယ့်
လုပ်ရဲတဲ့သတ္တိလည်း
ကျွန်မတို့ ရှိရပါမယ်။ ”
ဒေါ်အောင်ဆန်းစုကြည်

“ အခုအခြေအနေ ကျွန်မတို့ နိုင်ငံတစ်နိုင်ငံလုံးဟာ ထောင်ချည်းဘဲ။ ဒီထောင်ကြီးထဲကနေ ထောင်သေးလေး ကို ၀င်သွားရမှာ ဘာဖြစ်လို့ ကြောက်နေရမှာလဲလို့ ကျွန်မတို့ပြန်မေးရပါမယ်။ ”


“ လူနဲ့တူအောင် မနေနိုင်တဲ့ နိုင်ငံမှာ နေရမှတော့
နေရကျိုးလည်း မနပ်ပါဘူး။
အဲ့ဒါကြောင့်မို့ သတ္တိရှိရှိနဲ့ ကျွန်မတို့ရဲ့ လမ်းစဉ်အောင်မြင်ရေးအတွက် လုပ်ကြပါ။ ”


“ ကျွန်မတို့ရုန်းကန်ခဲ့ရတာတွေ
အနစ်နာခံခဲ့ရတာတွေဟာ
အနစ်နာခံရကျိုးနပ်အောင်လို့
ကျွန်မတို့ထပ်ပြီးတော့
ပိုပြီးတော့ ၀ိရိယထုတ်ပြီးတော့
ကြိုးစားသွားရမှာ ဖြစ်ပါတယ်။ ”


“ နိုင်ငံရေးအတွက် ကိုယ့်ရဲ့ဘ၀ကို
အနစ်နာခံ စွန့်လွှတ်ရတယ်ဆိုတာ
ဒါ အင်မတန်မှ သိက္ခာရှိပါတယ်။
အင်မတန်မှလဲ ကျေနပ်မှုရှိစရာပါ။
အားလုံး ပြန်ပြီးတော့ စဉ်းစားကြပါ။ ”




နိုင်ငံရေး အသိအမြင်ဆိုတာ လူမှုရေး အသိအမြင်ပဲ ဖြစ်ပါတယ်။
ကိုယ်ဟာ အိမ်နီးနားချင်း တယောက် ပီသလို့ ရှိရင် တဖြေးဖြေးနဲ့
လူမှုရေးကနေ စပြီးတော့ နိုင်ငံရေးသမားကောင်းတစ်ယောက် ပီသနေမှာပဲလို့ ကျမမြင်ပါတယ်။
(မြောက်ဥက္ကလာပမြို့နယ်၊ ၁၀-၁၂-၈၈)

ဒီမိုကရေစီစနစ်ဆိုတာ လူတိုင်းတယောက်နဲ့ တယောက် လေးစားတဲ့ စနစ်ပါပဲ
(မြောက်ဥက္ကလာပမြို့နယ်၊ ၁၀-၁၂-၈၈)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ထူထောင်ခဲ့တာဟာ ပြည်သူလူထုလိုချင်တဲ့
ဒီမိုကရေစီ လှုပ်ရှားမှု အောင်မြင်ရေးအတွက် ထူထောင်ခဲ့တာပဲ ဖြစ်တယ်။
ပည်သူလူထုနဲ့ ကျမတို့ တစည်းတရုံးထဲ မလုပ်နိုင်လို့ရှိရင် ကျမတို့ အဖွဲ့ချုပ်ကြီးဟာ
ဖျက်ဖို့ပဲ ရှိတော့တယ်။ အဲဒီတော့ အဖွဲ့ဝင်များဟာ ပြည်သူလူထုရဲ့
သဘောထားကို နားလည်ရမယ်။ ပြည်သူလူထုရဲ့ သဘောအတိုင်း လုပ်ရမယ်။
(အဖွဲ့ချုပ်ရုံး၊ သထုံမြို့ ၁၄-၁၂-၈၈)

လူ့အခွင့်အရေးဆိုတာ လူတိုင်း ပိုင်ဆိုင်ခွင့်ရှိတယ်။ ကိုယ်တင်မဟုတ်ဘူး၊
ကိုယ့်ရန်သူများပင်လျှင် လူ့အခွင့်အရေး ရှိရမယ်။ အဲဒီတော့ တနေ့
ကျမတို့ရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကြီး အောင်မြင်သွားတဲ့ အခါကျရင်
ရှုံးတဲ့လူတွေဟာ သူတို့အခွင့်အရေးတွေကို ပြည့်ပြည့်၀၀ ခံစားနိုင်ရမယ်။
ဒါဟာ ကျမတို့ရဲ့ ဒီမိုကရေစီ တာဝန်ဖြစ်တယ်
(အဖွဲ့ချုပ်ရုံး၊ သထုံမြို့ ၁၄-၁၂-၈၈)

မက်လုံးပေးပြီးတော့ စည်းရုံးမှုမျိုးကို ကျမ မလိုချင်ဘူး။
ငါတို့ အစိုးရတက်ရင် ဒါတွေ လုပ်ပေးမယ်ဆိုတဲ့ စည်းရုံးမျိုးတော့ မလုပ်ကြပါနဲ့
(အဖွဲ့ချုပ်ရုံး၊ သထုံမြို့ ၁၄-၁၂-၈၈)

ဒီမိုကရေစီစနစ် ထူထောင်တဲ့ အခါကျရင် ကျောင်းတိုင်းကျောင်းတိုင်းမှာ
ကိုယ်တိုင်းပြည်မှာ ရှိတဲ့ ဘာသာထဲက အနည်းဆုံး ဘာသာနှစ်ရပ်ကို
လူတိုင်းလူတိုင်း သင်မယ်။ ဗမာနဲ့ ရှမ်းဖြစ်ဖြစ်၊ ဗမာနဲ့ ကရင်ဖြစ်ဖြစ်၊ ဗမာနဲ့ မွန်ဖြစ်ဖြစ် သင်သင့်တယ်
(အဖွဲ့ချုပ်ရုံး၊ ကျိုက်ထိုမြို့ ၁၄-၁၂-၈၈)

မွန်၊ ဗမာ၊ ကရင်၊ ကချင်၊ ရှမ်း စသည်ဖြင့် ခွဲခြားပြီး မတွေးပါနဲ့။ ငါတို့အားလုံးဟာ
ပြည်ထောင်စုတိုင်းရင်းသားများ ဖြစ်တယ်ဆိုပြီးတော့ စိတ်ထဲမှာ ထားပြီး
အတူတူလုပ်သွားစေချင်တယ်။ ဒီမိုကရေစီ နိုင်ငံတခု ဖြစ်သွာတယ်ဆိုလို့ရှိရင်
တိုင်းရင်းသားလူမျိုးအားလုံးရဲ့ အခွင့်အရေးများကို ကျမတို့ ပြည့်ပြည့်စုံစုံပေးချင်တယ်။
တိုင်းရင်းသားလူမျိုးများရဲ့ ဘာသာရေး၊ ယဉ်ကျေးမှု စသည်ဖြင့်
ကျမတို့ အားပေးချင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အများအတွေးအခေါ်၊
အများယဉ်ကျေးမှုတွေနဲ့ တည်ဆောက်ထားတဲ့ နိုင်ငံကြီးဟာ ဘယ်သူတွေရဲ့
အတွေးအခေါ်နဲ့ ဘယ်သူတွေရဲ့ ယဉ်ကျေးမှုနဲ့ တည်ဆောက်ခဲ့တဲ့
နိုင်ငံကြီးထက် အများကြီး ခိုင်ခံ့လာပေမယ်၊ အများကြီးလည်း တိုးတက်နိုင်မယ်၊ အများကြီးလည်း
ကျမတို့အတွက် အဖိုးတန်နိုင်မယ်လို့ ယုံကြည်ပါတယ်။
(အဖွဲ့ချုပ်ရုံး၊ ကျိုက်ထိုမြို့ ၁၄-၁၂-၈၈)

ကျမတို့ဟာ ကျမတို့ရဲ့ နိုင်ငံထဲမှာ အကျဉ်းသားဖြစ်နေရတယ်ဆိုတာ
ကမ္ဘာက သိစေချင်တယ်
(၂၀-၇-၈၉)

ကျမ ဒီနေ့က စပြီးတော့ ပြည်သူလူထုနဲ့ ပွင့်ပွင့်လင်းလင်း ဆက်ဆံပါရစေ။
ကျမ နိုင်ငံခြားမှာ နေခဲ့တယ်ဆိုတာလည်း မှန်ပါတယ်။နိုင်ငံခြားသားနဲ့
အိမ်ထောင်ကျတယ်ဆိုတာလည်း မှန်ပါတယ်။ ဒါပေမဲ့ ဒါလေးအတွက်နဲ့
ကျမ တိုင်းပြည်အပေါ်မှာထားတဲ့ မေတ္တာဟာ ဘယ်လိုမှ ကျဆင်း မသွားနိုင်ပါဘူး
(ရွှေတိဂုံစေတီအနောက်ဘက်မုခ် လူထုအစည်းအဝေးပွဲကြီး ၂၆-၈-၈၈)

နိုင်ငံရေးလောကနဲ့ ဝေးဝေးကင်းကင်း နေခဲ့ချင်ပါတယ်။
အဲ့ဒီလို ဝေးဝေးကင်းကင်း နေချင်ခဲ့လျက်သားနဲ့ အခုမှ
ဘာဖြစ်လို့ ဒီအရေးအခင်းမှာ ၀င်ပါနေသလဲလို့ မေးစရာရှိပါတယ်။
အဲဒီဟာကတော့ ဒီအရေးအခင်းဟာ တတိုင်းပြည်လုံးနဲ့
ဆိုင်တဲ့အရေးအခင်းဖြစ်ပါတယ်။
ကျမမှာလည်း ဖေ့ဖေ့ရဲ့ သမီးလုပ်နေပြီးတော့ ခေါင်းရှောင်ပြီးတော့
နေလို့ မဖြစ်တော့ဘူး။ ဒီအရေးခင်းကြီးဟာ တကယ်တော့
ဒုတိယလွတ်လပ်ရေးတိုက်ပွဲကြီးလို့ ခေါ်ရင်လည်း ဖြစ်ပါတယ်
(ရွှေတိဂုံစေတီအနောက်ဘက်မုခ် လူထုအစည်းအဝေးပွဲကြီး ၂၆-၈-၈၈)

ကျမဟာ ကျမအဖေရဲ့ အစဉ်အလာအတိုင်း ဒီမိုကရေစီ တိုက်ပွဲကို ၀င်လို့နွှဲခဲ့ရပါတယ်။
အဲဒီတော့ ဒီမိုကရေစီရဖို့ရန် ပြည်သူလူထုအားလုံး စည်းလုံးညီညွတ်ဖို့ လိုပါတယ်။
ညီညွတ်ရင် ဘာမဆို ဖြစ်နိုင်ပါတယ်။
(ရွှေတိဂုံစေတီအနောက်ဘက်မုခ် လူထုအစည်းအဝေးပွဲကြီး ၂၆-၈-၈၈)

လှုပ်ရှားမှုကြီးကို ဦးဆောင်ခဲ့တဲ့ ကျောင်းသားတွေနဲ့ ပတ်သက်လို့
ကျမပြောစရာလေးတွေရှိပါတယ်။ ကျောင်းသားလူငယ်များဟာ
အင်မတန်မှ တော်ပါတယ်။ သူတို့ရဲ့ လက်ရုန်းရည်ကိုလည်း ပြပြီးပါပြီ။
အခုလည်း ဆက်ပြီးတော့ သူတို့ရဲ့ နှလုံးရည်ကို ပြမယ်ဆိုတာ ကျမ ယုံကြည်ပါတယ်
(ရွှေတိဂုံစေတီအနောက်ဘက်မုခ် လူထုအစည်းအဝေးပွဲကြီး ၂၆-၈-၈၈)

အစိုးရဆိုတာ ပြည်သူလူထုဆန္ဒနဲ့ ကိုက်ညီမယ့် တိုင်းပြည်အကျိုးကို
ဆောင်ရွက်ဖို့ အချိန်ကန့်သက် စေခိုင်းထားတဲ့ သစ္စာအရှိဆုံး ပြည်သူ့ဝန်ထမ်းပဲဖြစ်ရမယ်
(အဖွဲ့ချုပ်ရုံး၊ နတ်မောက်မြို့ ၁-၁၁-၈၈)

အဖွဲ့ချုပ် ရည်ရွယ်ချက်ကိုကလည်း ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ဖို့
သက်သက်မှ မဟုတ်ဘဲ။ ၁၈ ရက် စက်တင်ဘာ စစ်အဏာသိမ်းပြီးတဲ့
နောက်ပိုင်းမှာ ပြန့်ကြဲသွားတဲ့ ဒီမိုကရေစီ အင်အားတွေကို တစုတရုန်းတည်းဖြစ်အောင် စုစည်းပြီး၊
အဲ့ဒီစုစည်းထားတဲ့ အင်အားတွေကို စနစ်တကျဖြစ်အောင်
ပေါင်းပြီးတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ
ကျင်းပနိုင်မယ့် အခြေအနေမျိုးကို ဖန်တီးပေးဖို့ပါပဲ။
(အဖွဲ့ချုပ်ရုံး၊ ပုဂံမြို့ ၂-၁၁-၈၈)

မြန်မာမင်းတွေထဲမှာ ကျန်စစ်သားနဲ့ ဘုရင့်နောင်ဟာ သိပ်ချီးကျုးဖို့ကောင်းတယ်။
သူတို့နှစ်ယောက်စလုံးဟာ ကျန်စစ်သားဆိုရင် အနော်ရထာ၊
ဘုရင့်နောင်ဆိုရင် တပင်ရွှေထီးကို ပုန်ကန်ခြားနားနိုင်တဲ့ အရည်အချင်းရှိတယ်။
ဒါပေမဲ့ ကျန်စစ်သားရော ၊ ဘုရင့်နောင်ပါ သစ္စာရှိကြပါတယ်။
လူတော်တယောက်၊ အရည်အချင်းရှိတဲ့ လူတယောက်ဟာ သစ္စာရှိဖို့ သိပ်အရေးကြီးတယ်
(အဖွဲ့ချုပ်ရုံး၊ ပုဂံမြို့ ၂-၁၁-၈၈)

စစ်ရှုံးပြီးစ ဂျပန်ဘုရင်ပြောခဲ့တဲ့ စကားတခု ရှိပါတယ်။
ကျုပ်တို့ဟာ မခံနိုင်တဲ့ ကိစ္စတွေကို ခံနိုင်ရည်ရှိအောင် လုပ်ရမယ်။
မဖြစ်နိုင်တဲ့ ကိစ္စတွေကို ဖြစ်နိုင်အောင်လုပ်နိုင်တဲ့ အရည်အချင်းရှိရမယ်တဲ့။
အဲ့ဒီလိုပဲ ကျမတို့ ပြည်သူလူထုကလည်း ဒုက္ခဆင်းရဲခံပြီး ဇွဲရှိရှိ၊ သတ္တိရှိရှိနဲ့
မဖြစ်မနေ ကြိုးစားလုပ်ဆောင်ကြမယ်ဆိုရင် ဘာမှ မအောင်မြင်နိုင်စရာ မရှိပါဘူး
(အဖွဲ့ချုပ်ရုံး၊ ကျောက်ပတောင်း ၂-၁၁-၈၈)


အဆိုးဆုံးအစိုးရဆိုတာ ပြည်သူလူထု ရွံရှာမုန်းတီးတဲ့ အစိုးရ၊
ဒီထက် နဲနဲကောင်းတာက ပြည်သူလူထုက ကြောက်တဲ့ အစိုးရ၊
ဒီထက်ပိုပြီးကောင်းတာက ပြည်သူလူထု ချီးမွန်းတဲ့ အစိုးရ၊
အကောင်းဆုံးကတော့ ပြည်သူလူထုက ရှိမှန်းတောင် မသိတဲ့ အစိုးရတဲ့။
ကျမတို့ အိမ်တအိမ်မှာ ဆိုလို့ရှိရင် အမေလိုပေါ့။
အမေရှိမှန်းတောင် သတိမထားမိဘူး။
စားချိန်တန် စားမယ်။ ၀တ်ချိန်တန် ၀တ်ရမယ်။ အားလုံး အဆင်သင့်ပဲ။
အဲ့ဒီလို ဖြစ်နေရမယ်။ နားလည်ထားရမယ်။
(အဖွဲ့ချုပ်ရုံး၊ မြင်းခြံ ၃-၁၁-၈၈)

ဒီမိုကရေစီ စနစ်ဆိုတာ လူတိုင်း တယောက်နဲ့ တယောက် လေးစားတဲ့ စနစ်ပါပဲ။
(မြောက်ဥက္ကလာပ မြို့နယ် ၁၀-၁၂-၈၈)


တချို့က ဒီမှာ တမျိုးပြော၊ ဟိုမှာ တမျိုးပြော၊ ဒီမှာ ဒီဟာလုပ်မယ်ပြော၊
ခု ဒီမှာ ဟိုဟာ လုပ်မယ်ပြော၊ စိတ်တွေက ပြောင်းလိုက်၊
အပြောတွေက ပြောင်းလိုက်၊ ဒါတွေကို သူတို့က ဒါ နိုင်ငံရေးပဲလို့ပြောတယ်။
ကျမကတော့ ဒါ နိုင်ငံရေးပဲလို့ နားမလည်ဘူး။
ဒါ ကလိမ်ကကျစ်လုပ်တာပဲလို့ နားလည်တယ်။
ဒီလိုနိုင်ငံရေးတွေကို ကျမတို့ လက်ခံလို့ မဖြစ်ဘူး
(အဖွဲ့ချုပ်ရုံး၊ ပေါင်မြို့ ၁၄-၁၂-၈၈)

နိုင်ငံရေး ပရိယာယ်ဆိုတာ တကယ် သေချာကြည့်လိုက်တော့
ကလိမ်ကကျစ်လုပ်တာချည်းပဲ။ ဒီ နိုင်ငံရေး ပရိယာယ်ဆိုတာလည်း
အထင်မကြီးပါနဲ့။ ပရိယာယ်ဆိုတဲ့ စကားလုံးကို ကျမ မကြိုက်ဘူး။
ကိုယ့်ကိုထိပါးလာရင်လည်း ခံနိုင်ရည်ရှိရမယ်။ မှန်မှန်ကန်ကန်ပဲလုပ်ပါ
(အဖွဲ့ချုပ်ရုံး၊ ပေါင်မြို့ ၁၄-၁၂-၈၈)


နောက်တိုင်းပြည်ကောင်းကျိုးအတွက်ဆိုရင် ခုကနေစပြီးတော့
ကျမတို့ လက်ခံမယ့် ခေါင်းဆောင်များဟာ စကားတည်ရမယ်။
စကားမှန်ရမယ်။ အများသဘောကို လိုက်နာရမယ်။
အဲ့ဒီလို ခေါင်းဆောင်မျိုးသာ ကျမတို့ လိုချင်ပါတယ်
(အဖွဲ့ချုပ်ရုံး၊ ပေါင်မြို့ ၁၄-၁၂-၈၈)


ဗမာလူမျိုးများဟာ လူမျိုးစုကြီး ဖြစ်နေလို့ တိုင်းရင်းသားများကို လေးစားပါ။
တိုင်းရင်းသားများရဲ့ ယဉ်ကျေးမှုကို လေးစားပါ။ စိတ်ဝင်စားကြပါ။
လေ့လာကြပါ။ အဲ့ဒီလို တယောက်နဲ့ တယောက်ရဲ့ ယဉ်ကျေးမှု၊
တယောက်နဲ့ တယောက်ရဲ့ ယုံကြည်ချက်များကို လေ့လာနားလည်မှ
ကျမတို့အချင်းချင်း တကယ့် သဘောထားတူတွေ အဖြစ်နဲ့ ရနိုင်မှာပါ။
(မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၊ မော်လမြိုင်မြို့)


တိုင်းပြည်တပြည်ကို အုပ်ချုပ်တဲ့ ခေါင်းဆောင်ဟာ ပြည်သူလူထုရဲ့
ထောက်ခံမှုနဲ့ အုပ်ချုပ်တာပဲ ဖြစ်ရမယ်။ လက်နက်အားကိုးနဲ့
အုပ်ချုပ်တယ်ဆိုတာ မဖြစ်သင့်ဘူးဆိုတာ မွေးကတည်းက ကျမကို သင်ထားတဲ့၊
သိခဲ့တဲ့ သင်ခန်းစာပါပဲ။
(မြို့နယ်အဖွဲ့ချုပ်ရုံး၊ အောက်လမ်မကြီး၊ မော်လမြိုင်မြို့)


မှန်ကန်တဲ့ နိုင်ငံရေး စနစ်မှာ ကျမတိုပ လိုချင်တဲ့
ခေါင်းဆောင်တွေကို ကျမတို့ ဖော်ထုတ်ရမယ်။
လိုချင်တဲ့ပုံ သွင်းရမယ်။ ကိုယ်လိုချင်တဲ့ပုံ ကိုယ်မသွင်းလို့ရှိရင်
ခေါင်းဆောင်လုပ်တဲ့သူများက တိုင်းပြည်ကို သူတို့ လိုချင်တဲ့ပုံ
သူတို့ သွင်းသွားလိမ့်မယ်။ အဓိပ္ပာယ်က ဘာဖြစ်မလဲဆိုတော့ အာဏာရှင်စနစ်ကြီး ဖြစ်သွားမှာပဲ။
(မြို့နယ်အဖွဲ့ချုပ်ရုံး၊ အောက်လမ်းမကြီး၊ မော်လမြိုင်မြို့)


ဒီ မြန်မာပြည်ကြီးဟာ ဘာဖြစ်လို့ ဒီလောက်တောင်မှ နှစ်ဆယ်ခြောက်နှစ်လုံးလုံး
တပါတီအာဏာရှင်စနစ် အောက်မှာ နေခဲ့ရလဲ။ ဘာဖြစ်လို့ ဒီလိုဆင်းရဲ ဒုက္ခတွေကို
ခံခဲ့ရသလဲဆိုတာ ကျမစဉ်းစားတယ်။ တခါပြန်ပြီးတော့ စဉ်းစားလို့ရှိရင် ပြည်သူလူထုကြီးက အချင်ချင်း မညီလို့ပဲ။

အစိုးရဟာ မတရားသဖြင့် လုပ်သလား၊ မဟုတ်မမှန်တဲ့ ကိစ္စတွေကို လုပ်သလား။
ကိုယ်မလုပ်ဘဲနဲ့ သူများတွေကို လုပ်ရင်လည်း မခံရဘူး။ ကိုယ့်ရန်သူကိုပင် မတရားလုပ်လို့ရှိရင် မခံရဘူး။
ဒီနေ့ ကိုယ့်ရန်သူကို လုပ်တယ်။ နောက်နေ့ ကိုယ့်ကိုလုပ်ရင် လုပ်လိမ့်မယ်။
(မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ သံဖြူဇရပ် ၁၆-၁၂-၈၈)

အောင်ဆန်းစုကြည်၏ တပ်မတော်သားများသို့ ပန်ကြားချက်
မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့အတွက် ကြိုးပမ်းခဲ့တဲ့ ခေါင်းဆောင်ကြီးများဟာ ကျွန်မတို့ နိုင်ငံကို ဒီမိုကရေစီ နိုင်ငံအဖြစ်နဲ့ ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ လွတ်လပ်ရေးရဖို့အတွက်လည်း ပြည်သူလူထုနဲ့ တပ်မတော်သား များ အားလုံးလက်တွဲပြီးတော့ ကြိုးပမ်းခဲ့လို့ ရခဲ့တာ ဖြစ်ပါတယ်။ အခုအချိန်မှာ ဒီမိုကရေစီရရှိရေးအတွက် ပြည်သူလူထုနဲ့ တပ်မတော်လက်တွဲပြီး လုပ်ဖို့သာလိုပါတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကြီးထွားပုံကို ကမ္ဘာက သိကြပါတယ်။
ဒီမိုကရေစီနိုင်ငံဆိုတာဟာ ပြည်သူလူထုက နေပြီးတော့ တင်မြှောက်တဲ့ အစိုးရကနေ အုပ်ချုပ်တဲ့နိုင်ငံဖြစ်ပါတယ်။ တပ်မတော်သားများဟာလဲ ပြည်သူလူထု ကြားထဲ ကနေ ပေါက်ဖွားလာတဲ့သူများ မို့လို့ ပြည်သူလူထု ရွေးကောက်ပွဲတင်မြှောက်ထားတဲ့ အစိုးရများဟာ တပ်မတော်သားများကို ထိုက်ထိုက်တန်တန် ဂုဏ်ရှိရှိ သိက္ခာရှိရှိ ထားမယ်ဆိုတာ ယုံမှားသံသယရှိစရာ လုံးဝမလိုပါဘူး။ အခုအချိန်မှာ ဆိုလို့ရှိရင် တချို့လူတွေဟာ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တပ်မတော်ကြားထဲမှာ စိတ်ဝမ်းကွဲအောင်လို့ အမျိုးမျိုး ပြောကြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားအတွက် မလိုလားသယောင်ယောင်၊ တပ်မတော်ရဲ့ အကျိုးစီးပွားကိုပဲ မလိုလား သယောင်ယောင် ပြောကြပါတယ်။ ဒါပေမဲ့ ကျွန်မတို့ဟာ အစဉ်တစိုက် မြန်မာနိုင်ငံနဲ့ မြန်မာ့တပ်မတော်ကို ဂုဏ်သိက္ခာရှိရှိနဲ့ ရပ်တည်စေချင်တဲ့အဖွဲ့ ဖြစ်ပါတယ်။
ကျွန်မတို့တပ်မတော်ဟာ စကတည်းက ပြည်သူလူထုရဲ့ နွေးထွေးမှုကို ခံယူနိုင်မှသာလျှင်၊ ဒီတပ်မတော် ထူထောင်ခဲ့ရတာဟာ အကျိုးရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ တပ်မတော်အနေနဲ့ ဒီမိုကရေစီ ရရှိရေးအတွက် ပြည်သူလူထုရဲ့ အကျိုးကို မျှော်ကိုးပြီးတော့ ကြိုးပမ်းသင့်တယ်လို့ ကျွန်မတို့ ထင်ပါတယ်။ နိုင်ငံတနိုင်ငံအတွင်းမှာ ပြည်သူလူထုနဲ့ တပ်မတော်၊ တပ်မတော်နဲ့ ပြည်သူလူထု တသားတည်းရှိမှသာလျှင် ငြိမ်းချမ်းမှုလည်း ရှိနိုင်မယ်။ တိုးတက်မှုလည်းရှိနိုင်မှာ ဖြစ်ပါတယ်။ တကယ်တော့လည်း တပ်မတော်ဆိုတာ တခြားနိုင်ငံက အဖွဲ့အစည်းမဟုတ်ဘဲ ဒီနိုင်ငံထဲက အဖွဲ့အစည်း၊ တခါတလေ တပ်မတော်နဲ့ ပြည်သူကို ခွဲခြားပြီး ပြောတာကို ကျွန်မတို့ နားမလည်ပါဘူး။ တပ်မတော်သားများဆိုတာဟာ ပြည်သူလူထုက ပေါက်ဖွား လာတာ ဖြစ်ပါတယ်။ ပြည်သူလူထုနဲ့ တပ်မတော်ကို ခွဲခြားချင်တဲ့ စိတ်ဓာတ်ဟာ အင်မတန်မှ ဆိုးဝါးတဲ့ စိတ်ဓာတ်ဖြစ်ပါတယ်။ တပ်မတော်နဲ့ နိုင်ငံရေးသမားများ ကြားထဲမှာလည်း စိတ်ဝမ်းကွဲအောင် လုပ်တယ် ဆိုတာဟာ မလိုလားအပ်တဲ့ကိစ္စ ဖြစ်ပါတယ်။
နိုင်ငံတနိုင်ငံမှာ နိုင်ငံရေးသမားများ ရှိမှသာလျှင် နိုင်ငံရေးဘက်ကနေပြီး ပီပီပြင်ပြင် လုပ်နိုင်မှာပါ။ ဒါကြောင့် မို့လို့ နိုင်ငံရေးသမားများနဲ့ နိုင်ငံရဲ့ အစိုးရကို ပီပီပြင်ပြင်ဖြစ်အောင် လုပ်မယ်၊ နိုင်ငံရေးသမားများရဲ့  လုံခြုံရေးကို
တာဝန်ယူရတဲ့ တပ်မတော်ကြားထဲမှာဆိုရင် နားလည်မှု အများကြီးရှိဖို့ လိုပါတယ်။ ဒီလို နားလည်မှုရှိဖို့ ကျွန်မတို့ အစဉ်တစိုက် ကြိုးစားနေပါတယ်။ ကျွန်မတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာ ဆိုလို့ရှိရင် မြန်မာ့တပ်မတော်ထဲမှာ အဆင့်မြင့် အမှုထမ်းခဲ့တဲ့ အရာရှိများ များစွာရှိပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ တပ်မတော်ရဲ့ လိုအပ်ချက်များကို ကောင်းမွန်စွာ နားလည်ပါတယ်။
၁၉၉၉ခုနှစ် သြဂုတ်လ (၇)ရက်


(အထက်ပါ စာသားများကို ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘလ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည် ရေးသားထုတ်ဝေထားတဲ့
ကြောက်ရွံ့ခြင်းမှ လွတ်မြောက်ရေး စာအုပ် နှင့် ဘလော့များမှ ပြန်လည်ကူးယူ ဖော်ပြထားပါသည်)
ပြန်လည်တင်ပြခြင်းဖြစ်ပါသည်။
အလင်းဆက်(၂၄.မတ်လ.၂၀၁၀)

Thursday, March 18, 2010

နအဖ စစ်အုပ်စုကျင်းပမည့်ရွေးကောက်ပွဲနှင့်ဗလာနတ္ထိလူ့အခွင့်အရေး

မြန်မာနိုင်ငံသူနိုင်ငံသားများ အသက်သွေး ချွေး ဘ၀တွေစတေးကာ ထောင်ကျခံနှိပ်စက်ခံပြီးတိုက်ပွဲဝင်နေ
ကြတာဟာ လူသားတွေမှာသာပိုင်ဆိုင်တဲ့ အခွင့်အရေးကြီးလေးရပ်ပြည့်ပြည့်၀၀ ရရှိဖို့ဖြစ်ပါတယ်။အခြေခံ
ဒီအခွင့်အရေးလေးရပ်ဟာတိရစ္ဆာန်တွေမှာမရှိပါဘူး။လူသားနှင့်တိရိစ္ဆာန်ကိုပိုင်းခြားပေးလိုက်တာဟာလဲ
ဒီအခွင့်ရေးကြီးလေးရပ်ပါပဲ။ဒါကြောင့် ယနေ့ နအဖ ကျင်းပမဲ့ရွေးကောက်ပွဲဟာ ဒီအခွင့်ရေးလေးရပ်ပေတံ
နှင့်ညီမညီ စမ်းစစ်သင့်ပါတယ်။


ကဲစမ်းစစ်ကြည့်ကြရအောင်………
၁။လွတ်လပ်စွာပြောဆိုခွင့်…..နအဖ စစ်အုပ်စုရဲ့ရွေးကောက်ပွဲကလွတ်လပ်စွာပြောဆိုခွင့်တကယ်ပေးသ
လား။လုံးဝမပေးပါ။သူတို့မွေးထားတဲ့ အေးလွင်အုပ်စုစည်းရုံးရေးသွားစဉ် စစ်အုပ်စုရဲ့လက်ကိုင်ဒုတ် ကြံဖွတ်
တွေ စွမ်းအားရှင်တွေ ၀ိုင်းရိုက်လို့ အခုစည်းရုံးရေးတောင်မလုပ်ရဲတော့ဘူး။အခု နအဖ ထုတ်ပြန်ထားတဲ့
ရွေးကောက်ပွဲဥပဒေတွေဟာ တရားမျှတမှုမရှိပါဘူး၊တစ်ဖက်သက်အနိုင်ကျင့်ရေးထားတယ်ဆိုတာကို
ကလေးကအစသိပါတယ်။ဒါပေမဲ့ဘယ်သူတွေ ပြောဆိုဝေဖန်ရဲလဲ။ပြောဆိုဝေဖန်လို့ရပါသလား။လုံးဝမရပါ။
ဒါဆိုရင်မိမိတို့ရဲ့ဘ၀ဟာတိရိစ္ဆာနဲ့ဘာမှမခြားနားပါဘူး။တိရိစ္ဆာန်မှာက ဘာသာစကားမရှိလို့ သူတို့တိရိစ္ဆာန်
လောကသားအချင်ချင်းဘယ်ဟာမှားတယ် ဘယ်ဟာမှန်တယ်ဆိုတာကိုမပြောနိုင်ပါဘူး။သူတို့ကပြောဆို
နိုင်တဲ့စွမ်းရည်မရှိလို့မပြောဆိုနိုင်တာဘာမှ မစမ်းပေမဲ့ ပြောဆိုနိုင်စွမ်းရှိပါလျက် ဘာမှမပြောနိုင်ဘူး ပြောခွင့်
မရှိဘူးဆိုရင် ကျနော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေအားလုံးကိုယ့်နောက်ကိုယ်စမ်းကြည့်ဖို့လိုပြီ၊ အမြီး
ပေါက်မပေါက်ကိုပါ။ကဲအမြီးမပေါက်ချင်ရင် လူသားစင်စစ်လူပီသချင်တယ်ဆိုရင် လွတ်လပ်စွာပြောဆိုခွင့်
ကိုအသက်ပေးတိုက်ကြပါ။
၂။လွတ်လပ်စွာရေးသားခွင့်….နအဖ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်စွာရေးသားခွင့်ပေးပါသလား။
လုံးဝမပေးပါ။မည်သည့်စာစောင် မည်သည့်စာအုပ် မည်သည့်သတင်းစာမှာမှ လွတ်လပ်စွာရေးသားခွင့်မ
ပေးပါ။သူတို့အုပ်စုသာထင်သလိုကြိုက်သလိုလွတ်လပ်စွာရေးနေသော်လည်း ပြည်သူ့ဖက်ကိုယ်
ကားလုံးဝရေးခွင့်မပေးပါ။ဒါဟာတစ်ဖက်သက်အနိုင်ကျင့်ခြင်းပါပဲ။ကျနော်တို့ပြည်သူတွေဟာတိရစ္ဆာန်တွေ
မဟုတ်ပါဘူး။တိရိစ္ဆာန်တွေမှာ စာရေးသားခြင်းအတက်ပညာမရှိလို့မရေးနိုင်တာ မရေးရတာမစမ်းပေမဲ့
စာရေးသားနိုင်တဲ့အတက်ပညာတွေတက်ထားပါလျက် ကိုယ့်လူမျိုးကိုယ့်နိုင်ငံအတွက်ဘာမှရေးသားခွင့်
မရှိဘူး မရေးရဘူးဆိုတာဟာ မိမိတို့ပြည်သူတွေကို လူရာမတွင်းတာပဲ ။ပြည်သူတွေကိုတိရစ္ဆာန်တွေ
လိုသဘောထားတာပဲ။မိမိတို့လူသားတွေသာ ပိုင်ဆိုင်တဲ့လွတ်လပ်စွာရေးသားခွင့်ကို နအဖ စစ်အုပ်စု
ရဲ့ရွေးကောက်ပွဲတွေမှာ လုံးဝကိုမတွေ့ဘူးဆိုတာ ကလေးကအစသိပါတယ်။လူသားတွေသာပိုင်ဆိုင်တဲ့
လွတ်လပ်စွာရေးသားခွင့် ကိုရအောင်တိုက်ယူကြပါ။လူသားစင်စစ်လူပီကြချင်ကြပါတယ်ဆိုရင်ပေါ့….
၃။လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်......ပြည်သူအားလုံးဒီအခွင့်ရေးရကြပြီလား။လုံးဝမရပါ။အားလုံးသိ
ကြတဲ့အတိုင်း ကိုယ်ကြည်ညိုကိုးကွယ်တဲ့သံဃာတော်တွေ နအဖ စစ်အကျဉ်းထောင်ထဲမှာ မြတ်စွာဘုရား
ရှင်ရဲ့ မေတ္တာသုတ်ဓမ္မတရားတော်ကိုရွတ်ဆိုမိရုံနဲ့ထောင်ထဲမှာနှစ်ရှည်အကျဉ်းကျခံနှိပ်စက်ခံနေရတဲ့သံဃာ
တော်တွေကိုလွတ်ပေးပါ။အပစ်မရှိပဲဖမ်းထားကြတယ်လို့ဘယ်သူတွေပြောရဲပါသလဲ။သံဃာ့မဟာနာယက
ကြီးတွေကိုယ်တိုင်တောင်မပြောရဲဘူး။သံဃာမဟာနာယကကြီးတွေကိုယ်တိုင် မြတ်စွာဘုရားရှင်ဟော
ခဲ့တဲ့မင်းကျင့်တရားဆယ်ပါးကိုဟောခွင့်မရှိလို့မဟောရဲကြဘူး။တရားပွဲတွေနအဖပါမစ်မပေးလို့မဟောရဘူး
မတရားချိပ်ပိတ်ခံထားရတဲ့ဘုန်းကြီးကျောင်းတွေ၊အခုထိပြန်မဖွင့်ပေးသေးဘူး။သံဃာတော်တွေကိုဆွမ်း ကပ်လို့ထောင်ထဲချတာ အားလုံးသိကြတဲ့အတိုင်းဘယ်မှာလဲလွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်။
တိရိစ္ဆာန်တွေမှာဘာသာတရားမရှိလို့မရတာမစမ်းပေမဲ့ ဘာသာတရားရှိတဲ့လူသားတွေမှာဒီအခွင့်
အရေးမရရှိတာ မိမိရနေတဲ့ဘ၀ဟာ တိရစ္ဆာန်ဖြစ်နေရတာနဲ့အတူတူပါပဲ။အမြီးမပေါက်တာ
တစ်ခုပဲကျန်ပါတော့တယ်။ဒါကြောင့်မိမိတို့လိုသားတွေသာပိုင်ဆိုင်တဲ့လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်
ပြန်လည်ရရှိဖို့အသက်ပေးတိုက်ယူကြပါ။
၎။လွတ်လပ်စွာတွေးခေါ်ခွင့်…….ဒီအခွင့်အရေးကောရကြပြီလား။လွတ်လပ်စွာတွေးခေါ်ခွင့်က ကိုယ်စိတ်ထဲ
ကိုယ်တွေးတာဘယ်သူသိတာမှတ်လို့လဲ နအဖ အုပ်စုတွေကမင်းကိုလွတ်လပ်စွာမတွေးခေါ်ရဘူးလို့ချုပ်
ချယ်နေလို့လားလို့မေးစရာရှိပါတယ်။ဟုတ်ကဲ့ဖြေပါမယ်ချုပ်ချယ်နေပါတယ်။ဘာကြောင့်လဲ..ကျနော်တို့
ပြည်သူတွေအားလုံးသိကြတဲ့အတိုင်း မိမိကတွေးခေါ်ယူဆတယ်ဆိုတာ လွတ်လပ်စွာပြောချင်လို့ လွတ်လပ်
စွာရေးချင်လို့ပါ။မိမိတွေးခေါ်တာမှန်သမျှမရေးရဘူးမပြောရဘူးဆိုတာသိနေတဲ့အတွက် မိမိတွေးခေါ်
နေလဲအလကားပါပဲဆိုပြီးအတွေးအခေါ်တွေကိုပါသတ်ပစ်လိုက်ရာရောက်ပါတယ်။
ဒါကြောင့်မြန်မာလူမျိုးတော်တော်များများဟာတွေးခေါ်စဉ်းစားရမှာကိုသေမှာထက်ကိုကြောက်နေကြပါ တယ်။မတွေးခေါ်ရဲကြတော့ပါဘူး။ဒီလုပ်ရပ်ဟာမှန်လားမှားလားဆိုတာကိုတွေးခေါ်စဉ်းစားမှုမရှိကြတော့ပါဘူး။အထက်ကအမိန့်ဆိုပြီးခိုင်းတာမှန်သမျှမှားမှားမှန်မှန်မစဉ်းစားပဲအကုန်လုပ်ကြတာပါပဲ။နအဖ စစ်အုပ်စုထဲမှာလဲတော်တော်များများဟာလူမပီသကြတော့ပါဘူး။လူသားတွေသာပိုင်ဆိုင်တဲ့လွတ်လပ်စွာ တွေးခေါ်ခွင့်ဆိုတာကိုသူတို့တော်တော်များများမေ့ကုန်ကြပါပြီ။တိရစ္ဆာန်တွေလိုပဲထူးမခြားနားဘ၀တွေနဲ့နိ ဂုဏ်းချုပ်နေကြပါတယ်။တချို့ပါမောက္ခတွေ၊ဆရာဝန်တွေ၊စစ်ဗိုလ်တွေ၊ဘွဲ့ရတွေတော်တော်များများဟာ
ဘာမှပညာမတက်တဲ့ ဘာမှအတွေးအခေါ်မရှိတဲ့ ကိုယ့်လူမျိုးကိုယ်ပြန်သတ်နေတဲ့ လူယုတ်မာကြီး
ဦးသန်းရွှေခိုင်းတာမှန်သမျှလိုက်လုပ်နေကြတာဟာလွတ်လပ်စွာတွေးခေါ်ခွင့်မြန်မာနိုင်ငံမှာပျောက်နေ
ခဲ့တာကြာခဲ့လို့ဖြစ်ပါတယ်။သူတို့လုပ်ရပ်တွေမှန်သလားမှားသလားမတွေးခေါ်နိုင်ကြတော့ပါဘူး။တိရိစ္ဆာန်
တွေလိုပါပဲ။ဘာမှမတွေးခေါ်ကြတော့ပါဘူး။ဒါကြောင့်သူတို့တွေသေကြတဲ့အခါမှာလဲ ဘာမှသမိုင်းမှတ်တမ်း
မကျန်ပဲ တိရိစ္ဆာန်တွေလိုပဲ ခွေးသေ ၀က်သေ သေကြရတာဖြစ်ပါတယ်။ဒါကိုယ်သူတို့ရဲ့အာဏာရှင်ဖခင်ကြီး
ဗိုလ်နေ၀င်းကလမ်းပြခဲ့ပြီးဖြစ်ပါတယ်။ဒါဟာမြန်မာနိုင်ငံမှာလွတ်လပ်စွာတွေးခေါ်ခွင့်မရှိခြင်းရဲ့အကျိုးဆက်
တွေဖြစ်ပါတယ်။
နအဖ စစ်အုပ်စုကျင်းပမဲ့ရွေးကောက်ပွဲဟာဒီအခွင့်အရေးလေးရပ်လုံးဝပေးမထားပါဘူး။ဒါကိုယ်သိပါလျက်
လုံးဝအညံ့ခံကြမည်ဆိုလျှင်မိမိတို့ရလာတဲ့လူဘ၀ဟာ တိရိစ္ဆာန်ဘ၀နဲ့ဘာမှမခြားနားပါဘူး။လူသားတွေ
မှာသာပိုင်ဆိုင်တဲ့လူအခွင့်အရေးကို လူသားတွေဖြစ်တဲ့ပြည်သူတွေကိုယ်တိုင်တိုက်ပွဲဝင်ဆန္ဒပြကြိုးစားကြ
မှသာလျှင်ဧကန်မုချရရှိမှာဖြစ်ပါတယ်။အချောင်ရေတာခိုစိတ်ဓါတ်ဖြင့်မရရှိနိုင်ပါ။မိမိတို့လူသားတွေသာ
ပိုင်ဆိုင်တဲ့လူ့အခွင့်အရေးလေးရပ်ကို မိမိတို့မြင့်မြတ်တဲ့လူသားတွေကိုယ်တိုင်ဆန္ဒပြတိုက်ပွဲဝင်ကြိုးစား
ကာရအောင်နိုင်အောင်ယူနိုင်ကြပါစေဟုဆန္ဒပြုရင်း…………………..
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

Wednesday, March 17, 2010

သတင်းစာဆရာကြီးဘဘဦးဝင်းတင်ရဲ့ ‘ဘာလဲဟဲ့ လူ့ငရဲ’ စာအုပ်

U Win Tin's book

Monday, March 15, 2010

NLD should send out a clear message to the people now!

NLD should send out a clear message to the people now!
Share
Yesterday at 8:35pm
The NLD must send out a clear message to the people now. If they want to participate in the elections or not. We are all listening. This is a very important time for our country and the NLD is a very important party for us. In the 1990 elections almost everyone voted for them.

Now all people and monks are listening and waiting what message the NLD will give to us. They need to give a clear message about how we should act now. If we hear their message we can follow them. NLD should lead the people.

It is not for monks to lead in politics. We only support the people who are suffering. The monks can not change the political system, only a political party can do that.

Also Daw Aung San Suu Kyi and U Win Tin should give out a clear message to the people now. If we can not participate in the upcoming elections because of this unjust law we should demonstrate against it! Like this Daw Aung San Suu Kyi should say to the people, now is the time to demonstrate against this law. This is no law under international standards. It was written especially to stop the NLD and Daw Aung San Suu Kyi from participating in the elections.

If NLD and Aung San Suu Kyi dont give out a clear message now, we must loose. If they do we must win. Many monks and people will follow them. Because the people are suffering. They do not have enough money for food. They are in a very very difficult situation. They are waiting for someone they can follow.

Ashin Issariya

Thursday, March 11, 2010

The Best Friend Library

Photobucket

Thursday, March 4, 2010

The Best Friend Library

The Best Friend Campaign 2009 Leaflet 123