Saturday, September 3, 2011

အကျင့်ဆိုး

အကျင့်ဆိုး
အလုပ်လုပ်ရာဝယ် အစကသာရယ် အဆုံးထိအောင်ပင်  မကြံချင်တယ်
အားရှော့ကာရယ် ပေါ့ရော့တာရယ် ……အဲ့ဒါ  အကျင့်ဆိုးတဲ့။

တစ်ယောက်ကဒီလို တစ်ယောက်ကဟိုလို အမျိုးမျိုးအဖုံဖုံ ဂုဏ်ပြိုင်တယ်
နည်းလမ်းအပိုတွေ စည်းကမရိုသေ နှစ်တွေကုန်ခဲ့တယ်။

ဒီလိုအကျင့်ဆိုး စိတ်မျိုးထားလို့ သံသရာရှည်လာတယ်
မြန်မာပြည်မှာကွယ် ကောင်းအောင်အကျိုး မနောကရွယ်   ခေါင်းဆောင်တဦးက ပြောသမျှနာခံမယ်။

ငယ်သူက နည်းလွှဲအမှားဆို အကြီးအကဲများကို မရိုသေတယ်
ရွယ်တူရင်  အသင်းအပင်းဖွဲ့နှောင်    အချင်းချင်းတည့်အောင် မပေါင်းကြတယ်
သေချာစွာ နောက်တထစ်မှတ်ကွယ်      ကောက်ကျစ်တတ်တဲ့ဝါသနာရယ်
ဂုဏ်ပါဝါ မိုးလောက်မကယူ    ကိုယ့်အောက်ကလူ နှိပ်စက်တယ်
သူလုပ်တော့အရာရာ မတွင်ကျယ်………  အများတကာလုပ်တော့  ရှုပ်ဖို့ကြံတတ်တယ်…… အာကျယ်တာတွေရယ်
ပြည်ခွင်တရိုးမှာ တန်ခိုးမမှိန်ဝယ် ဒီအကျင့်ဆိုးတွေ ချိုးနှိမ်ကာ ပျောက်ပယ်။

အလိုက်မသိတာတွေရယ် ကိုယ့်ဖို့တောကိုယ်သိတယ် ……နောက်လူတော့ပြစ်ကာပယ် ဒီလူမျိုးအကျင့်ဆိုးတယ်။
ရှေးစကားတွေကိုပယ် ခေတ်အလိုက်တော့သူနားမလည် ……ဆရာ့ကိုလည်း ပစ်ကာပယ် ဒီလူစားအလွန်းများတယ်

ကမ္ဘာမှာလည်းရှိပါတယ် မြန်မာမှာလည်းအလွန်တရာပေါပါတယ် ………
မြန်မာနိုင်ငံကြီးကိုကွယ် ဒီအချိုးမျိုး လူတိုင်းပစ်ခွါ………….ဒို့တိုင်းသစ်မှာ ဆန်းဆစ်ဖို့လိုတယ်။
ဗိုလ်ချုပ်အောင်ဆန်း ရေးခိုင်း၍    /   တေးရေးဆရာ =  ရွှေတိုင်ညွှန့် ရေးသားသည်။  

0 comments:

Post a Comment