Friday, September 9, 2011

ငိုချုပ်ကျော်ဆန်း၏အရှက်မရှိမျက်နှာ


တရုတ်ရေအားလျှပ်စစ်ကုမ္ပဏီ Sinohydro Bureau 11Co;Ltd အထိ ဆန္ဒန်ဆင်မင်းဇာတ် သွားရောက်ကပြခဲ့တဲ့ ငိုချုပ်ဆင်ကျော်ဆန်းနဲ့အဖွဲ့ရဲ့ ရိုက်ချက်....

Sinohydro Bureau 11Co;Ltdရဲ့ မြစ်ဆုံစီမံကိန်း မြင်ကွင်းတခု..
တရုတ်ရေအားလျှပ်စစ်ကုမ္ပဏီ Sinohydro Bureau 11Co;Ltdမှ "fierce battle Myitkyina" ရုပ်သံဖိုင်ပါလင့်ခ်အား ဖျက်သိမ်းလိုက်ခြင်း...

ပြီးခဲ့တဲ့ သြဂုတ်လ (၂၄)ရက်နေ့က ကျွန်တော့်ဘလော့(ဂ်)မှာ တရုတ် ရေအားလျှပ်စစ်ကုမ္ပဏီ Sinohydro Bureau 11Co;Ltd "fierce battle Myitkyina"ဆိုတဲ့ ရုပ်သံဖိုင်ကို အများသိအောင် ထုတ်ဖော်တင်ပြခဲ့ပါတယ်...။ အဆိုပါ Sinohydro Bureau 11Co;Ltdရဲ့ မြစ်ဆုံဆည်စီမံကိန်း ရုပ်သံဖိုင်ကို ကူးယူဖော်ပြခဲ့သလို ကုမ္ပဏီလိပ်စာနဲ့ တကွ ထိုစဉ်က ဤကဲ့သို့ အများသိစေရန် ဖော်ပြခဲ့ပါတယ်...။ 

(ကုမ္ပဏီလိပ်စာ http://www.cwb11.com/index.html ဒီမှာလည်း သွားရောက်ကြည့်ရှုနိုင်ပါတယ်။...။ http://www.cwb11.com/modelinfo/detail_3_104_40.html ပြည်တွင်းမှ ဒေါင်းလုပ်လုပ်ချင်ရင်...

ကျွန်တော် Youtubeမှာ တင်မရဖြစ်နေတဲ့ အဆိုပါရုပ်သံဖိုင်ကို   Freedom Burmaမှ ကိုရဲမင်းထွန်းတို့မှ အများသိစေရန် Youtubeမှာ ပြန်လည် ဖော်ပြပေးခဲ့ပြီး ရယူတဲ့လင့်ခ်ကိုပါ ဖော်ပြပေးခဲ့တဲ့အတွက် ကျေးဇူး အထူးတင်ခဲ့ရပါတယ်.။ http://www.freedomburma.org/2011/08/blog-post_24.html 
၂၀၁၀ ရှန်ဟိုင်း EXPOသို့ ရောက်ရှိစဉ်က
တချို့လည်း အဆိုပါကုမ္ပဏီရဲ့ မြစ်ဆုံဆည်သတင်း၊ ဓာတ်ပုံ တင်ပြီးချိန်မှာ နည်းပညာအကူအညီနဲ့ ဗီဒီယိုဖိုင်ကို ရယူသွားကြသလို၊ အဆိုပါရုပ်သံဖိုင်ဟာ ဖေ့စ်ဘွတ်နဲ့ အီးမေးလ်များသို့ ပြန့်နှံသွားခဲ့ပါတယ်။ တချို့သတင်းဋ္ဌာနများမှ မြန်မာ၊ အင်္ဂလိပ် (၂)ဘာသာနဲ့ ပြန်ဆို ဖြန့်ချီ၊ ထုတ်လုပ်ခဲ့ကြပြီး အင်တာနက်မှာ အများပြည်သူမှ လက်ရှိကြံ့ဖွံ့အစိုးရနဲ့ တရုတ်ကုမ္ပဏီတွေ မည်သို့မည်ပုံ ကြိတ်ကြံစည် နေကြတယ်ဆိုတာကို အများသိခွင့်ရအောင် ဖော်ပြပေးခဲ့တဲ့ အတွက် ကိုယ်ကိုယ်တိုင်လည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရပါတယ်..။

 ဒီမှတ်တမ်းတွေဟာ  လက်လှမ်းမှီ ရိုက်ကူးတင်ပြဖို့ အင်မတန်ခက်ခဲတဲ့ အတွက် စီမံကိန်းမှာ ပါဝင်ပတ်သက်နေတဲ့ တရုတ်ကုမ္ပဏီတွေနဲ့ မြန်မာကုမ္ပဏီတွေမှတပါး.. အဆိုပါဒေသမှာ ရှိတဲ့ အဖွဲ့အစည်းတွေ၊ ပြည်သူတွေ ရိုက်ကူး မှတ်တမ်းတင်ဖို့ အင်မတန် ခက်ခဲပါတယ်...။ ယနေ့မှာတော့ အဆိုပါ ရုပ်သံမှတ်တမ်းကို ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ Sinohydro Bureau 11Co;Ltdရဲ့  ယခင်ဖော်ပြခဲ့တဲ့ http://www.cwb11.com/modelinfo/detail_3_104_40.html ရုပ်သံသတင်း နေရာမှာ မြန်မာပြည်မှ စာပေစိစစ်ရေးတွေ ကြောင့်လား ဒါမှမဟုတ် မီဒီယာကို မသမာနည်းနဲ့ ကိုက်ပြီး ဆင်ကြံကြံနေတဲ့ ပြန်ကြားရေးဝန်ကြီး ငိုချုပ်၊ ဆင်ကျော်ဆန်းကြောင့်ပဲလား မသိ ဗီဒီယို ဖိုင်ပါတဲ့ လင့်ခ် ပျောက်ခြင်းမလှ ပျောက်ဆုံးနေပြီး ဖျက်သိမ်း ထားတာကို တွေ့ရပါတယ်..။

အဆိုပါ တရုတ်ရေအားလျှပ်စစ် ကုမ္ပဏီဟာလည်း မြန်မာဝက်ဆိုဒ်တွေနဲ့ သတင်းဋ္ဌာနတွေမှာ အဆိုပါ သတင်းရုပ်သံတွေ ဖော်ပြပါရှိနေတယ်ဆိုတာ မြန်မာဘက်က အသိမပေးရင် တရုတ်ကုမ္ပဏီဘက်က သိနိုင်စရာ အကြောင်းမရှိပါဘူး...။ ပြီးခဲတဲ့ လေး၊ ငါးရက်ခန့်က အဆိုပါ တရုတ်ကုမ္ပဏီဝက်ဆိုဒ်မှ အဆိုပါ မြစ်ဆုံသတင်းရုပ်သံအား သွားရောက်ကြည့်ရှုသူ ၂ထောင်ကျော် ရှိနေတာကို တွေ့ရှိခဲ့ရပါတယ်...။ ယနေ့သတင်းတွေမှာ ဖော်ပြပါရှိတဲ့ မီဒီယာကို လွတ်လပ်ခွင့် မပေးနိုင်သေးပါဘူးဆိုတဲ့ ငိုချုပ်ဆင်ကျော်ဆန်းနဲ့အဖွဲ့မှ ဆန္ဒန်ဆင်မင်းဇာတ်ကို တရုတ်ပြည်အထိ သွားရောက် ကပြပြီး၊ တရုတ်ကုမ္ပဏီက ရုပ်သံဖိုင်ကိုပါ ဆင်ဆာပိတ်ခဲ့ပါတယ်..။ တရုတ်ပြည်အထိ ခြေလှမ်းကျယ်တဲ့  ငိုချုပ်ဆင်ကျော်ဆန်းရဲ့ ဆင်ဆာအဖွဲ့ (ခ)ဆင်ကြံအဖွဲ့  ကံဇာတာ ဂြိုလ်စီးပြီး  အင်ကြင်းပန်းတွေပဲ ခေါင်းပေါ်ကျမလား၊ ခါချဉ်ကောင်တွေပဲ ခေါင်းပေါ်ကျမလား၊ သွားလေသူ ဗိုလ်ချုပ်တွေလို ဘယ်တော့များ ဆင်နင်းပြီး မြင်းအကန် ခံရကိန်း ကျရောက်လာတော့မလဲ ဆိုတာကတော့ မကြာမှီ မြင်တွေ့ရတော့မှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

0 comments:

Post a Comment