Monday, October 31, 2011

Light a Candle for Ashin Gambira













Monday 31 October 6–9 p.m.
Urgend humanitarian intervention needed Everyone remembers images of the hundreds of thousands of saffron-robed monks marching through the streets of Burma, chanting the Metta Sutta in 2007. One of the main organizers of the peaceful uprising was Ashin Gambira. We now have very alarming details of his current condition in prison.
Ashin Gambira, a young Buddhist monk and a leader of the All Burma Monks’ Alliance (ABMA), has been sentenced to 63 years in prison for his role in organizing these peaceful protests. He has not committed any crime for which he deserves to be imprisoned.
He is one of around 200 Buddhist monks that are still behind bars and subjected to regular mistreatment. U Gambira is currently being held in the remote Kalay Prison, far from his family and friends. He is suffering from serious back and head pain as a consequence of repeatedly being interrogated and tortured.
After prisoners who were released from Kalay Prison on 12 October reported about the deteriorating health of the monk U Gambira, Wong Kai Shing, Executive Director of the Asian Human Rights Commission, wrote an open letter to Burma’s president U Thein Sein. In this letter he asked for the “prompt transfer back to a facility in Yangon where Ashin Gambira can receive appropriate treatment and also be close to his family”.
Fellow inmates have told of the monk “suffering from fits, in which he frequently cries out in pain and clutches at his head. The prison authorities then have to hold him down to administer a drug via injection, perhaps a sedative, after which he goes quiet and falls unconscious. When he comes out of unconsciousness, he slurs his speech.”
Both the physical and mental health of U Gambira seem to be in very precarious situations. He clearly requires urgent medical treatment and an end to the abuse at the hands of the prison authorities. There is no hospital and no staff doctor at Kalay Prison.
To raise awareness about Ashin Gambira and all of the political prisoners in Burma, we ask you all to light a candle on Monday 31 October. Meet with friends in public, or light a candle at home. Then upload a photo of the candle to our event page to show your support for the call to free Ashin Gambira and all political prisoners in Burma immediately.
by Alexandra Rösch

Sunday, October 30, 2011

Interview with former political prisoner & Monk – U Kovida

“ ဘုန်းဘုန်းတို့ကတော့ အာဃာတ မထားပါဘူး။ပြုသူအသစ် ခံသူ အဟောင်း ” တဲ့ 

ဦးကောဝိဒ နှင့် အင်တာဗျူး
မိုးမခ အထောက်တော်၊ ရန်ကုန်။ အောက်တိုဘာ ၃၀၊၂၀၁၁
ဒဂုံမြို့သစ် (အရှေ့ပိုင်း ) တက္ကသီလာ မဟာဇေယျ သိဒ္ဓိပဋ္ဌာန်းကျောင်းတိုက်မှ ဆရာတော် ဦးကောဝိဒ ဟာ ၂၀၀၇ ခုနှစ် သံဃာ့အရေးအခင်းကာလ တုန်းက ကျောင်းမှ သံဃာငယ်တွေ စီတန်းလှည့်လည် ပရိတ်ရွတ် တဲ့ကိစ္စမှာ ကျောင်းထိုင် ဆရာတော် တဦးအနေနဲ့ ရော မြို့နယ် သံဃာ့နာယက ဥက္ကဋ္ဌ တဦးအနေနဲ့ပါ တာဝန်ရှိတယ်လို့ စွပ်စွဲခံရပြီး ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရပါတယ်။
အင်းစိန်ထောင်တွင် ၁၃ လတာ နေရပြီး နောက ၅၀၅ (ခ) (သာသနာညှိုးနွမ်းမှု၊ နိုင်ငံတော် အကြည်ငြိုပျက်စေမှု) နဲ့်ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ အဲဒီနောက် သရက်ထောင်သို့
ပြောင်းရွှေ့ခံရပြီး ၄ နှစ်တာကာလ အကျဉ်းကျခံခဲ့ရာမှ လွတ်ရန်ရက်ပိုင်းအလို ယခုလ ၁၂ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးခဲ့ပါတယ်။
ဆရာတော်ရဲ့ စစ်ကြောရေး အတွေ့အကြုံ၊ ထောင်အတွေ့အကြုံများကို မေးမြန်း ဖေါ်ပြပေးလိုက်ပါတယ်။
မေး ဆရာတော်ရဲ့ အဖြစ်အပျက်ကို နည်းနည်း ပြောပြပေးပါဘုရား
ဖြေ ၂၀၀၇ စက်တင်ဘာမှာ ဘုန်းဘုန်းတို့က မြို့နယ်သံဃာ့နာယက ဂိုဏ်းပေါင်းစုံ စည်းကမ်းထိမ်းသိန်းရေး အဖွဲ့ဝင် ဒွါရဂိုဏ်းကပါ။
 ဓါတ်ဆီ ၁ ဂါလံကို ၁၅၀၀ ရောင်းနေရာကနေ ၃ ထောင်တင်လိုက်တော့ ဦးဇင်းလေးတွေ ကနေပြီး ဆွမ်းခံထွက်ရင် ကားခတောင်းတယ်။ တင်လည်း မတင်တော့ဘူး၊ ဒကာဒကာမတွေလည်း စားဝတ်နေရေး ဈေးကြီးပြီး အခက်အခဲတွေတွေ့ကြတယ်။ ဖုန်းကြီးတွေက ရွှေတိဂုံဘုရားကနေ စတာပေါ့။ ရွှေတိဂုံဘုရားမှာ စုပြီးတော့ သွားကြတာပေါ့။ ကလေးတွေပေါ့ ၊ ဘုန်းဘုန်းတို့ကတော့ မပါပါဘူး။ ဘုန်းဘုန်းတို့က မြို့နယ် သံဃာ့နာယက ဥက္ကဋ္ဌ ဆိုတော့ မပါဘူး။ စာသင်သားတွေပေါ့။ သွားကြလာကြ၊ အရေးအခင်းကြီးတွေ ဖြစ်တော့ ဘုန်းဘုန်းတို့ကို တိုင်းဥက္ကဋ္ဌ ဆရာတော်တွေက တင်းတာပေါ့။
တင်းပြီးတော့၊ မြို့နယ်တိုင်းမှာ တော်တော်လေး ဖြစ်နေကြပြီ၊ အဲဒီတော့ မြို့နယ်သံဃာ့နာယက ဆရာတော်တွေက ထိန်းကြပေါ့။ တချို့မြို့နယ်မှာလည်းပဲ ပရိတ်မရွတ်ရသေးဘူး ဆိုရင် တနေ့လောက်တော့ ရွတ်ပေါ့။ နောက်နေ့တွေ ဆက်တိုက်မရွတ်နဲ့၊ တိုင်း ဒု ဥက္ကဋ္ဌ ဆရာတော်က အဲဒီလို အမိန့်ရှိတယ်။ အမိန့်ရှိတော့ ဘုန်းကြီးတို့က ကိုယ့်မြို့နယ် ရောက်တော့ စာတွေဘာတွေ ရိုက်ပြီး ကျောင်းတိုင်ွး ပို့တာပေါ့၊ မြောက်ပိုင်း ၇၊ ၈ လမ်းဆုံမှာ စုပြီးတော့ မြို့ဦးစေတီ အရောက်ပေါ့။ ဖိနပ်လည်း မစီးဘူး။ အဲဒီ ပရိတ်ရွတ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ၉ လပိုင်း စက်တင်ဘာ ၁၇ ရက်နေ့ ရွတ်ကြတာ၊
ဘုန်းဘုန်းတို့လည်း တိုင်းက မှာတဲ့အတိုင်းပေါ့။ တရက်ရွတ်တာ၊ ဒါပေမယ့် သံဃာ အငယ်တွေကတော့ ထိန်းလို့ မနိုင်ဘူး။ ရွှေတိဂုံဘုရား သွားလိုက်၊ ကြေးသွန်းဘုရားသွားလိုက်၊ ထိန်းလို့ မနိုင်ဘူး၊ မြို့နယ်တိုင်းမှာ စုပြီး သွားကြတာပဲ။ ဒါကတော့ ကလေးတွေကိုး၊ လူကြီးတွေ သွားတာမတွေ့ပါဘူး။
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ၂၇ ရက်နေ့ လောက်မှာ ဘုန်းဘုန်းတို့ ကျောင်းကို မနက် ၆နာရီ ၁၀ မိနစ်မှာ စစ်တပ် တပ်မ ၇၇ ကအလုံးအရင်းနဲ့ ၀င်စီးတာ၊ ရဲတပ်ရင်းတွေလည်း
ပါတယ်။ ကျောင်းပေါ်ကို တက်လာတဲ့ စစ်သားတွေဟာ အကုန်လုံး မူးမူးရူးရူးနဲ့ ၊ လူမှန်းသူမှန်းကို မသိဘူး၊ ဘုန်းကြီးတွေကို ခေါင်းကိုရိုက်တယ်။ ကျောင်းသားတွေကို ရိုက်ထုတယ်။ တချို့ကျောင်းသားတွေ ကွဲတယ်။ သွေးတွေတောင်မှ ခုထက်ထိ ရှိသေးတယ်။
ဘုန်းဘုန်းတို့ ရှိတဲ့ သေတ္တာတွေကို ဖွင့်တယ်။ သေတ္တာတွေထဲက ပစ္စည်းတွေ ကင်မရာတွေ၊ ကက်ဆက်တွေ ရေဒီယိုတွေ၊ နောက် ကျောင်းသားလေးတွေ အပ်ထားတဲ့ မလေးရှားတို့ စင်ကာပူတို့ သွားလို့ အပ်ထားတဲ့ သေတ္တာတွေထဲက ပစ္စည်းတွေ အကုန်ယူတာ၊ သေတ္တာတလုံးယူတယ်။ ဘုန်းဘုန်းမှာ ကျောင်းဆောက်နေတဲ့ ထိုင်ဝမ်က တရုတ်တွေက ဒေါ်လာ ၁ သောင်းလှူထားတယ်။ ကျောင်းဆောက်နေတယ်။ ဒေါ်လာ ၄ ထောင်လောက်ကျန်တယ်။ မြန်မာငွေက ၈ သောင်းပေါ့။ အဲဒါတွေကို နှိုက်ပြီး ယူသွားတယ်။
ဘဏ်စာအုပ်တွေကိုလည်း သိမ်းသွားတယ်။ နောက် တရားရုံးရောက်တော့ ဘဏ်စာအုပ်တွေကို ပြန်ပေးတယ်။ ပိုက်ဆံတွေတော့ တပြားမှ ပြန်မရဘူး။
နောက် ဘုန်းကြီးက အပေါ်ထပ်မှာ သူတို့ သေနတ်တွေနဲ့ ချိန်ပြီး တက်လာတယ်။ ဘုန်းကြီး မျက်နှာကြက်မှာ ပုန်းနေတယ်။ မသိဘူး၊ နောက် ကလေးတွေကို ရိုက်မေးတော့
ဘုန်းကြီး မျက်နှာကြက်မှာ ဆိုတော့ ဆင်းလာတယ်။ ဆင်းလာတဲ့ အချိန်မှာ ဘုန်းဘုန်းကို နောက်ပြန်လက်ထိတ်ခတ်ပြီး လက်သီးနဲ့ ပိတ်ထိုးတယ်။ ခုတောင် ဒဏ်ရာတွေရှိသေးတယ်။ မျက်စေ့မှာ၊ မျက်သားတက်တဲ့ ဒဏ်ရာ။