Thursday, October 13, 2011

ဆိုင်ကယ်စီးပြ၊ ဖားခုန်ပြ ဆိုလည်း လုပ်ပေးရတယ်"

မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ အောက်တိုဘာလ ၁၃ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၄၁ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။        ။ ၂ဝဝ၇ ခုနှစ် “ရွှေဝါရောင်တော်လှန်ရေး” အတွင်း  ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်
ငွေကြာယံ ကျောင်းတိုက်ကို လုံထိန်းရဲများနှင့် စစ်တပ်က ဝင်ရောက်စီးနင်းပြီး သံဃာတော်များကို ဖမ်းဆီးခဲ့သည်။      
အစိုးရကို ဆန့်ကျင်သော ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြမှုကို ဦးဆောင်သူများဟု စွပ်စွဲပြီး ထောင်ချခံရသည့် ဦးဇင်းတပါးဖြစ်သော ဦးဣဿရိယ (ငွေကြာယံ)မှာ ရှမ်းပြည်နယ် ကျိုင်းတုံထောင်တွင်မှ  ဗုဒ္ဓဟူးနေ့တွင် လွတ်မြောက်လာခဲ့သည်။
ခြောက်နှစ်ခွဲ ထောင်ဒဏ်ချခံရပြီးနောက် လေးနှစ်ကျော်အကြာတွင် လွတ်မြောက်လာခဲ့သော ထောင်တွင်း ရဟန်း ဝတ်ချွတ်ခြင်းခံခဲ့ရသူ ဦးဣဿရိယကို မဇ္ဈိမသတင်းထောက် ကျော်ခက ဆက်သွယ် မေးမြန်းထားသည်။


အရှင်ဘုရားရဲ့ ဘွဲ့အမည်နဲ့ ဘယ်လိုဖြစ်ပြီး အကျဉ်းကျခဲ့ရတယ်ဆိုတာ သိပါရစေဘုရား။

“ဦးဇင်း ဘွဲ့အမည်ကတော့  ဦးဣဿရိယ ပါ။ လူနာမည်ကတော့ အောင်ကိုငြိမ်း။ အဖမ်းခံရတာကတော့ ၂၀၀၇ ခုနှစ် ရွှေဝါရောင် စီတန်း လှည့်လည်တဲ့ အထဲမှာ ပါတာပေါ့။ ပါတော့ စက်တင်ဘာ ၂၆ ရက်နေ့မှာ ဦးဇင်းတို့
ကျောင်းကို တကျောင်းလုံး ဝင်စီးတာလေ။ အဲဒီအထဲမှာ ဦးဇင်းလည်း ပါသွားတယ်ပေါ့။ အဲဒီအထဲမှာမှ ဦးဆောင်တဲ့ ကိုယ်တော်ခုနှစ်ပါးကို ရွေးထုတ်ပြီး ထောင်ခြောက်နှစ်ခွဲ ချတော့ ပါသွားတာပေါ့”

saffron
၂ဝဝ၇ ခုနှစ် “ရွှေဝါရောင်တော်လှန်ရေး” ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြနေသည့် သံဃာတော်များကို တွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)
အဖမ်းခံရပုံနဲ့ စစ်ကြောရေးမှာ တွေ့ကြုံခဲ့ရပုံကို ပြန်ပြောပြနိုင်မလား ဘုရား။

“အဖမ်းခံရတဲ့ စက်တင်ဘာ ၂၆ ရက်ည ၁၂ နာရီ ဝန်းကျင်မှာ ဦးဇင်းတို့ တကျောင်းလုံးကို စစ်တပ်က ဝင်စီး လိုက်တယ်။ မြင်ကွင်းကတော့ ဒကာကြီးရယ် … အနိဋ္ဌာရုံပါပဲ။ ဘုန်းကြီးကျောင်းနဲ့ပင် မတူတော့ပါဘူး။ သံဃာ
တွေကို ဝင်စီး၊ ဆွဲထုတ်တာတွေဟာ မြင်မကောင်းဘူး။ တချို့ ကိုယ်တော်တွေ ဆိုရင် ဆွဲချတော့ သင်္ကန်းတွေ
လည်း မရှိတော့ဘူး။ တချို့ ဦးဇင်းလေးတွေဆို ရိုက်နှက်ပြီး တိရစ္ဆာန်လိုပဲ ဆွဲထုတ်သွားတာ ဖိနပ်မပါ သင်္ဃန်းမပါ ကိုယ်လုံးတီးတွေပါပဲ။ စစ်ကြောရေးရောက်မှ တချို့ကို မြင်ကောင်းအောင် သင်္ကန်းလေး ပြန်စီးပေးတာ”

“ဦးဇင်းတို့တွေ ဆိုရင် စစ်ကြောရေးမှာ ဝင်ကတည်းက လူဝတ်လဲပစ်လိုက်ပြီး သုံးလလောက် ဖိနပ်မစီးရဘူး။
သူတို့က ဘုန်းကြီးမှန်း ဘာမှန်းတွေလည်း မသိကြဘူး။ ဆိုင်ကယ် စီးပြ၊ ဖားခုန်ပြ ဆိုလည်း လုပ်ပေးရတယ်။
ခြေထောက်နဲ့ ကန်တာ ကျောက်တာတွေကတော့ တော်တော်များတယ်။ တကိုယ်လုံးကို မဲနေအောင်ကို လုပ်ကြ တာ။ ပြန်ပြောရတာတောင် စိတ်ထဲ မချိဘူး ဒကာကြီးရယ်။ နှိပ်စက်ခံရတာကတော့ ဦးဇင်းတို့ ငွေကြာယံကျောင်း တိုက်က မိတဲ့ကိုယ်တော်တွေ အကုန်လုံးပါပဲ။ နောက်ပိုင်း ဓါတ်ပုံတွေထဲမှာ ပါလာတဲ့ ဦးဇင်းလေးတွေလဲ ဖမ်းပြီး
နှိပ်စက်ထောင်ချခံရတာပဲ”


ရွှေဝါရောင် နှစ်ပတ်လည် လေးနှစ်ကျော်သွားပြီ ဆိုတော့ သပိတ်မှောက်ခဲ့တာက ပျက်ပြယ်သွားပြီ
လို့ သဘော သက်ရောက်လား။


“ဘယ်တော့မှ ပျက်ပြယ် မသွားပါဘူး။ ဘာကြောင့်လည်း ဆိုတော့ ပြည်သူလူထုတွေရဲ့ လိုအပ်ချက်တွေကို ဆူပူသောင်းကြမ်းတဲ့နည်းနဲ့ မဟုတ်ပဲ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တဲ့ ရဟန်း၊ သံဃာတွေနဲ့ ပြည်သူလူထုကို
အစိုးရက ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့အတွက် သံဃာနဲ့ လူထုက ဘယ်တော့မှ ဒီမြင်ကွင်းကို မေ့ပျောက်
လို့ ရမှာမဟုတ်ပါဘူး။ ရွှေဝါရောင် မျိုးဆက်တွေက ဘယ်တော့မှ ပျောက်ပျက် မသွားဘူးဆိုတာ ဦးဇင်း ယုံကြည် ပါတယ်”


အခု အရှင်ဘုရားတို့နဲ့ အတူ နိုင်ငံရေး အကျဉ်းသား တခြားဘယ်သူတွေများ ပါသေးလဲဘုရာ့။ ကျန်နေခဲ့တာရော ရှိလား ဘုရား။

“အခုဦးဇင်းတို့ ကျိုင်းတုံက အကျဉ်းသား အယောက် ၁၄၄
ဦးဇင်းတို့ တကျောင်းလုံးကို စစ်တပ်က ဝင်စီး လိုက်တယ်။ မြင်ကွင်းကတော့ ဒကာကြီးရယ်
… အနိဌာရုံပါပဲ။ ဘုန်းကြီးကျောင်းနဲ့ပင် မတူ
တော့ပါဘူး။ သံဃာတွေကို ဝင်စီး၊ ဆွဲထုတ်တာ
တွေဟာ မြင်မကောင်းဘူး။ တချို့ ကိုယ်တော်
တွေဆိုရင် ဆွဲချတော့ သင်္ကန်းတွေလည်း မရှိ
တော့ဘူး။ တချို့ ဦးဇင်းလေးတွေဆို ရိုက်နှက် ပြီး တရိစ္ဆာန်လိုပဲ ဆွဲထုတ်သွားတာ ဖိနပ်မပါ သင်္ဃန်းမပါ ကိုယ်လုံးတီးတွေပါပဲ။ စစ်ကျောရေး
ရောက်မှ တချို့ကို မြင်ကောင်းအောင် သင်္ကန်း
လေးပြန်စီးပေးတာ။
ယောက်ထဲက ယုံကြည်ချက်နဲ့ အကျဉ်းကျနေတဲ့သူက
ဦးဇင်းရယ်၊ ဦးဝင်းဆွေ - အင်းစိန် NLD၊ ဦးသုတဉာဏ
(ခေါ်) ဦးသန်းဇော်၊ သူလဲ ဘုန်းကြီးပဲ။ ကိုစိုးမင်းဦး
ရွှေပြည်သာ NLD လူငယ်အဖွဲ့ကရယ်ပဲ ပါပါတယ်။ အထဲမှာ
ရွှေဝါရောင်တုန်းက ကျတဲ့ သံဃာ လေးပါး ကျန်နေခဲ့
သေးတယ်”


နိုင်ငံတကာနဲ့ မြန်မာအတိုက်အခံအဖွဲ့တွေက
ယုံကြည်ချက် ကြောင့် အကျဉ်းကျနေကြတဲ့ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေကို လွှတ်ပေး
ဖို့ မကြာခဏ တိုက်တွန်း ပြောဆိုပေမယ့်
လည်း မြန်မာအစိုးရက မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသား မရှိပါဘူးလို့ ကာကွယ်ပြောဆိုနေတာ တွေနဲ့ ပတ်သက်ပြီး။


“နိုင်ငံရေးဆိုတာကြီးကိုတော့ ဦးဇင်းတို့က သိပ်ပြီးတော့ စာမဖွဲ့တတ် ပါဘူးဗျာ။ ဒါပေမဲ့ ဦးဇင်းက ယုံကြည်ချက် ဆိုတာကိုတော့ အရမ်းကြိုက်တယ်ဗျ။ ဥပမာဗျာ … ရဟန်းဝတ်ထားတဲ့ ရဟန်းတပါးဟာလည်း လွတ်မြောက်မှုပဲ၊ ကားဒရိုင်ဘာ တယောက်ကလည်း သူ့လွတ်မြောက်မှု အတွက် ကြိုးစားနေတာပဲ။ ဆိုက်ကားသမားလည်း ဆိုက်ကားသမားက လွတ်မြောက်မှု အတွက် ကြိုးစားနေတာ။ အကုန်လုံးက လွတ်မြောက်မှု အတွက်ချည်းပဲ။
အဲဒီတော့ ဦးဇင်းတို့ကလည်း ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေ ကင်းဝေးအောင် ယုံကြည်ချက်နဲ့ လုပ်ပြီး
ထောင်ထဲကျလာတာပဲ ဒါပဲ ပြောချင်တယ်။ သူတို့အစိုးရ အနေနဲ့ နိုင်ငံရေး အကျဉ်းသားဆိုတာ မသုံးချင်ပေမယ့် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ လူတွေဆိုတာ ကိုတော့ လက်ခံရလိမ့်မယ်”


ထောင်ထဲမှာရော ကျန်းမာရေး၊ စာဖတ်ခွင့်နဲ့ စားဝတ်နေရေး အခက်ခဲ့တွေ ကြုံတွေ့ရတာများ
ရှိလားဘုရား။


“ရွေးကောက်ပွဲ မစခင်ကာလလေးမှာ အဲဒါတွေက တော်တော်လေး ကောင်းခဲ့တယ်ဗျ။ ရွေးကောက်ပွဲပြီး သွားတော့ အဲဒါတွေက ပြန်ခက်ခဲလာတယ်ဗျ။ ထောင်မှူးကြီး ဦးဇော်ဦးကလေ နောက်ပိုင်း ကျုပ်တို့ကို လုပ်မပေးချင်တော့
ဘူးဗျ။ ချုပ်ချယ်မှု အပိုင်းတွေက ပါလာတာပေါ့ဗျာ”

“သူတို့ ထောင်ဝန်ထမ်း တယောက်က သူစားဖို့ မုန့်ဟင်းခါးတပွဲ သယ်လာတယ်။ အဲအခါမှာ ဦးဇော်ဦးက ဘာလုပ်
လဲ ဆိုတော့ ဒီမုန့်ဟင်းခါးကို ပေးမသယ်ဘူး။ စားချင်ရင် ထောင်ဗူးဝမှာပဲစား။ ဟိုရောက်ရင် မင်းက နိုင်ငံရေးသမား
တွေ ကျွေးရင် ကျွေးမယ်ဆိုတဲ့ သဘောပေါ့ဗျာ။ အဲဒါမျိုးတွေတော့ ရှိတယ်ဗျ။ ရွေးကောက်ပွဲ မတိုင်ခင်ကတော့
တော်တော်လေး အဆင်ပြေတယ်။ လုပ်ပေးတယ်။ ဘာသဘောလဲတော့ မသိဘူးပေါ့ဗျာ”

“နောက်တခုက ဦးဇင်းက ထောင်ထဲမှာ ကဗျာ အပုဒ် ၆၀ လောက်ရှိတယ် ရေးထားတာ။ သူတို့က သိမ်းထားပေး
မယ်ဆိုပြီး ယူထားတာ အခုထောင်က ထွက်တော့ သွားတောင်းတာ။ ထောင်ပိုင်ကြီးစီမှာ လိုလို၊ ထောင်မှူးစီမှာ လိုလိုနဲ့ ဘော်လီဘော ပုတ်နေကြတယ်။ ကျုပ်ကတော့ ထောင်ပိုင်ကြီးနဲ့ မျက်နှာချင်းဆိုင် ပြန်တွေ့အောင်
စောင့်ပြီး ကျုပ်ကဗျာတွေ မရရအောင် ပြန်ယူမယ်”


အရှင်ဘုရားတို့ အနေနဲ့ ထောင်ထဲမှာ စာစောင်တွေလဲ ဖတ်ခွင့်ရတယ်ဆိုတော့ အစိုးရသစ်ရဲ့
လုပ်ဆောင်မှုတွေကို အားရကျေနပ်တာတွေ ရှိလား။ လက်ရှိ အုပ်ချုပ်နေတဲ့ သမ္မဦးသိန်းစိန်ကိုရော အယုံအကြည် ရှိပါသလား ဘုရား။


“ဦးဇင်းရဲ့ တပါးထဲ အမြင်ကို ပြောပါ ဆိုရင်တော့
ဦးဇင်းရဲ့ တပါးထဲအမြင်ကို ပြောပါ ဆိုရင်
တော့ ကောင်းပါတယ်ဗျာ။ ဟိုအရင်က
ဆိုရင် သဘောက ဘာမှလုပ်လို့ မရဘူး
ဗျာ။ ခုဆို မြစ်ဆုံ စီမံကိန်း ရပ်နားလိုက်ရ
တယ်။ အစောပိုင်းက ဆိုရင် သူတို့ဘာ
သူတို့ လုပ်ထားတဲ့ ကိစ္စဗျာ။ အခုလို ပြည်သူ လူထု အသံကို နားထောင်ပြီးတော့ လုပ်တယ် ဆိုတာ ကောင်းတယ်လို့ ဦးဇင်းကတော့ ယူဆတယ်။ ရှေ့လျှောက်လည်း နိုင်ငံရေး
ပဲ လုပ်လုပ်၊ စီးပွားရေးပဲ လုပ်လုပ် အလိုက် အထိုက်တော့ ကောင်းမယ်လို့ ထင်တာပေါ့
ဗျာ။
 ကောင်းပါ တယ်ဗျာ။ ဟိုအရင်က ဆိုရင် သဘောက ဘာမှလုပ်လို့
မရဘူးဗျာ။ ခုဆို မြစ်ဆုံစီမံကိန်း ရပ်နားလိုက်ရတယ်။ အစောပိုင်းကဆိုရင် သူတို့ဘာသူတို့ လုပ်ထားတဲ့ကိစ္စဗျာ။ အခုလို ပြည်သူလူထု အသံကို နားထောင်ပြီးတော့ လုပ်
တယ် ဆိုတာ ကောင်းတယ်လို့ ဦးဇင်းကတော့ ယူဆတယ်။
ရှေ့လျှောက်လည်း နိုင်ငံရေးပဲ လုပ်လုပ်၊ စီးပွားရေးပဲ
လုပ်လုပ် အလိုက်အထိုက်တော့ ကောင်းမယ်လို့ ထင်တာ
ပေါ့ဗျာ”

“အခုဆိုရင် အရင်တုန်းက ဦးဇင်းတို့အနေနဲ့ အာဇာနည်နေ့၊ လွတ်လပ်ရေးနေ့ တွေကြမှ ရှားရှားပါးပါးမြင်ရတဲ့ ဒကာမ ကြီး ဒေါ်အောင်ဆန်းစုကြည် ဆိုရင် အခု ဂျာနယ်တွေပေါ်
မှာ ပြည်သူတွေ မြင်ခွင့်ရနေပြီဗျာ။ အဲဒါကြောင့် ဒီလောက်
ထိတော့ ဦးဇင်းတို့ အနေနဲ့ ကောင်းတယ်လို့ မြင်ပါတယ်”


ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံကြတဲ့ အပေါ်မှာရော အရှင်ဘုရားတို့ အမြင်က ဘယ်လို ရှိပါသလဲဘုရား။

“မတူတာတွေကို ညှိပြီးတော့ ပေါင်းတယ် ဆိုတာကတော့ဗျာ။ တော်တော်ကြိုက်ပါတယ် ဦးဇင်းတို့က ဘုန်းကြီး ဆိုတော့လေ တခြားဟာတွေလဲ သိပ်မပြောချင်ပါဘူး။ အာဏာပိုင်တွေအနေနဲ့ ဘာပဲဖြစ်ဖြစ် ဒေါ်စုနဲ့ ညှိညှိနှိုင်းနှိုင်း လုပ်မယ်ဆိုရင် ဦးဇင်းတို့ က ကြိုက်ပါတယ်”


အရှင်ဘုရားအနေနဲ့ ခုထွက်လာပြီးတဲ့နောက်မှာရော ရဟန်းအဖြစ်နဲ့ ဆက်နေသွားမလား။ လူဝတ်ကြောင် ဘဝနဲ့ နေဖို့ရှိလား။ နိုင်ငံရေး၊ လူမှုရေး ကိစ္စတွေမှာ ဆက်လက် လုပ်ကိုင်ဖို့ရော ဆန္ဒရှိလား ဘုရား။

“ဦးဇင်းတို့က သင်္ဃန်းတွေ ဆွဲချွတ်၊ နှိပ်စက်ခံ ကာလတွေကတည်းက သင်္ဃန်းကိုသာ ချွတ်တာ ဦးဇင်းတို့က သိက္ခာချပြီး ထွက်ထားတာ မဟုတ်ဘူး။ လူမထွက်ဘူး။ ဦးဇင်းပဲ။ မြတ်စွာဘုရား လက်ထက်က ဗာဟီယဒါရုစိ
ပရိဗိုဇ်ဆို ဓါးမြတိုက်ခံရလို့ သစ်သားတောင် ပတ်လာရသေးတာ။ ဦးဇင်းတို့ အခုဝတ်ထားတဲ့ အဝတ်အစား
ဆိုတာ ဟီရိ၊ သြတ္တပ္ပတရား အကုန်လုံးလဲ လုံတယ်လေ။ ဒါအကျဉ်းထဲ အကြပ်ထဲမှာ လုပ်လာတဲ့အခါပေါ့။
ဒါပေမဲ့ ကျုပ်က အခုချိန်ထိ ဘုန်းကြီးပဲ။ ပျံတော်မူရင်လည်း ဘုန်းကြီးပဲ။ နောင်ဘယ်အချိန် ထိပဲဖြစ်ဖြစ် ဘုန်းကြီး ဘဝနဲ့ပဲနေမယ်လို့ပဲ ဆုံးဖြတ်ထားတယ်”


အရှင်ဘုရားကတော့ အခုလက်ရှိ ကိုယ်တွေ့ကြုံခဲ့ရသူဖြစ်တော့ ထောင်ဆိုတဲ့ အရာဟာ ရဟန်း၊ သံဃာတော်တွေ အတွက် ဘယ်လိုအရာမျိုးလို့ ဆိုလိုချင်ပါသလဲဘုရား။

“မရောက်သင့် မရောက်ထိုက်တဲ့ နေရာပေါ့ဗျာ။ ဦးဇင်းအမြင်ကတော့ ထောင်ဆိုတဲ့ အရာဟာ လေ့လာမှုအနေနဲ့လဲ မသွားသင့်ဘူး။ အခုလို အကျဉ်းသားအနေနဲ့လည်း မရောက်သင့်ဘူးလို့ မြင်တယ်။ ထောင်ဆိုတာကြီးက အရာ
အားလုံးကို ချုပ်နှောင်ထားတဲ့ အရာကြီးဗျာ။ နောက်ပိတ်ဆုံး အနေနဲ့ ဦးဇင်းတို့သည် သိက္ခာမချဘူး ဟုတ်လား။ အဲလိုနေတဲ့ အခါမှာ ထောင်ပိုင်လာတဲ့ အခါမှာ ထိုင်ပေးရတာတို့ ဘာတို့ ရှိတာပေါ့ဗျာ။ သူ့တို့အနေနဲ့ ဘုန်းကြီး
ကျောင်း ရောက်ရင် ဘုန်းကြီးကျောင်း။ အာဏာပိုင်ထဲရောက်ရင် အာဏာပိုင် စည်းကမ်း ဆိုတာ ရှိတယ်ဗျ။
အဲတော့ သူတို့အတွက်လည်း အရမ်းအပြစ်ကြီးတယ်ဗျ။ ကျုပ်တို့ အနေနဲ့ကလည်း အရမ်းအပြစ်ကြီးတယ်ဗျ။
အဲတော့ ကျုပ်ကတော့ ဘယ်လိုဘုန်းကြီးပဲ ဖြစ်ဖြစ်၊ ဒီဘဝမှာပဲ ဖြစ်ဖြစ်၊ နောင်ဘဝမှာပဲဖြစ်ဖြစ် ထောင်ထဲမှာ ဒီလိုသံဃာတွေကို ဘယ်တော့မှ မတွေ့ပါရစေနဲ့လို့ ဦးဇင်း ဆုတောင်းခဲ့တယ်ဗျာ”


အစိုးရသစ်က အကျဉ်းသားတွေကို အခုလိုလွှတ်ပေးလိုက်တဲ့အပေါ်မှာ ဘယ်လိုမြင်လဲ။

“မြတ်စွာဘုရား လက်ထက်ကတောင်မှ ပါဒသမင်ဗျာ၊ ဘုရားရှေ့မှာ သူငိုတယ်။ ရယ်တယ် ဆိုတာ ဖြစ်တယ်။ အခုလည်း ဦးဇင်းတို့လည်း ငိုတယ်၊ ရယ်တယ်ပဲ ဖြစ်ချင်တာဗျ။ ဘာဖြစ်လို့လည်းဆိုတော့ ဆိုလိုတာက
ခုလွှတ်တာ ကျုပ်တို့အဖွဲ့တွေ အကုန်လုံး မပါခဲ့ဘူးဗျ။ မပါခဲ့တော့ ဦးဇင်းတို့အဖွဲ့တွေ အရမ်း ဝမ်းနည်းရတာ
ပေါ့ဗျာ။ ရယ်တယ် ဆိုတာကတော့ ဦးဇင်းတို့ အပြင်ရောက်လာတဲ့အခါ ဦးဇင်းတို့ မိသားစုတွေ၊ ဆွေမျိုး အသိုင်းအဝိုင်းတွေနဲ့ ဆုံကြရမှာဆိုတော့ ဦးဇင်းတို့အနေနဲ့ အဲဒါတော့ အရမ်းဝမ်းသာပါတယ်”
အပြင်လောကမှာ ဝိနည်းတော်တွေနဲ့ နေထိုင်နေကြရတဲ့ ရဟန်း၊ သံဃာတွေဟာ ထောင်ထဲရောက်သွား
တဲ့ အခါမှာ ကြုံတွေ့ရတဲ့ အခက်အခဲလေး မိန့်ပါလားဘုရား။


“အကုန်လုံးပါပဲဗျာ။ ထောင်ထဲမှာက အပြင်လောကနဲ့က တခြားစီပဲဗျာ။ အပြင်မှာ ဘုန်းကြီးများစွာက ဟင်းလေး အဆင်ပြေပြေ စားနေရပေမယ့် ထောင်ထဲမှာက တာလဘောနဲ့ ပြီးနေခဲ့ရတဲ့ ရက်တွေက အများကြီးပဲလေ။    ကျုပ်ဆိုရင်ဗျာ နေတော့ အညာသား၊ မုံရွာသား။ နေတော့ ရန်ကုန်၊ ပို့တော့ ကျိုင်းတုံဆိုတော့ ကဲဘယ်နှယ့်လုပ်ကြမတုန်း။ မိသားစုက ဘယ်လိုလာမတုန်း၊ ဘယ်လိုလုပ် အဆင်ပြေမတုန်း ဒါတွေရှိတာပေါ့ဗျာ”

0 comments:

Post a Comment