Friday, November 11, 2011

မြန်မာ ၇ ဦးကို တရုတ်စက်ရုံမှာ လှောင်ပိတ် ခိုင်းစေ

တရုတ်နိုင်ငံ Zhejiang ပြည်နယ်ရှေ့ပိုင်း Yuyao မြို့ ချည်ထည်စက်ရုံတခုမှာ ကျွန်အဖြစ်ခိုင်းစေခံထားရတဲ့ မြန်မာနိုင်ငံသား ဆယ်ကျော်သက် ၇ ဦးကို တရုတ်ရဲတွေက ကယ်ဆယ်ခဲ့ကြောင်း ရှန်ဟိုင်းနေ့စဉ် သတင်းဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။အဲဒီစက်ရုံက ထွက်ပြေးလွတ်မြောက်လာတဲ့ မြန်မာဆယ်ကျော်သက် နှစ်ယောက် (ကျား မ ဖော်ပြမထား) အဝေးပြေးလမ်းပေါ်မှာ ၃ ရက်ကြာလမ်းလျှောက်ပြီး ငတ်ပြတ် အားနည်းနေတာကို ရဲတွေက တွေ့ရှိခဲ့ပါတယ်။
ဒီကလေးနှစ်ယောက်ကို အလုပ်ပေးမယ်ဆိုပြီး တရုတ်-မြန်မာ နယ်စပ်ကနေ ခေါ်ခဲ့ကြောင်း၊ စက်ရုံရောက်တဲ့အခါ နိုင်ငံကူးလက်မှတ်ကို သိမ်းထားလိုက်ပြီး မိုဘိုင်းဖုန်းတွေကိုလည်း အလုပ်ရှင်က သိမ်းယူထားလိုက်ကြောင်း၊ ထွက်ပြေးလို့ မရအောင် အစောင့်တွေ ချထားကြောင်း သိရပါတယ်။

တခြား မြန်မာအလုပ်သမားတွေနဲ့အတူ ပိတ်လှောင်ခံထားရပြီး လုပ်ခလည်း မရရှိကြပါဘူး။ လုပ်ခတောင်းမိရင် အရိုက်ခံရတယ်လို့ ဆယ်ကျော်သက်တွေက ပြောပါတယ်။

တရုတ်ရဲတွေက ချည်ထည်စက်ရုံကို ဝင်ရောက်စီးနင်းခဲ့ကြပြီး အသက်မပြည့်သေးတဲ့ တခြားမြန်မာ အလုပ်သမား ၅ ဦးကို ထပ်တွေ့ခဲ့ကြပါတယ်။

“အလုပ်အခြေအနေက တော်တော်ဆိုးတယ်။ စက်ရုံက ရွံ့တွေ အမှိုက်တွေနဲ့ ဝက်ခြံလိုပဲ” လို့ တရုတ်ရာအရာရှိက ပြောပါတယ်။

စက်ရုံပိုင်ရှင်က ရဲတွေ မရောက်ခင် ထွက်ပြေးသွားပါတယ်။ ဒီကိစ္စကို တရုတ်ရဲတွေက ဆက်လက်စုံစမ်းနေပါတယ်။
http://www.irrawaddyblog.com/2011/11/blog-post_6748.html 

0 comments:

Post a Comment