Wednesday, November 30, 2011

ဓမ္မစကား ခေတ်လူများ၏မှတ်စု ဂျာနယ် အမှတ်စဉ်(၂)

အောက်တိုဘာဓမ္မစကား မိမိဘ၀တိုးတက်အောင်မြင်ကြီးပွားလိုလျှင် မြတ်စွာဘုရားဟောကြားတော်မူခဲ့သော ကံ၊ ဥာဏ်၊ ၀ီရိယ စကားသုံးလုံးကို ကောင်းစွာသဘောပေါက်နားလည်အောင် ကြိုးစားဖို့လိုပါသည်။ မြန်မာနိုင်ငံသားအများစုသည် ဆင်းရဲလည်းကံ၊ ချမ်းသာလည်းကံဟုဆိုကာ ဘာဖြစ်ဖြစ်ကံတစ်ခုတည်းကိုသာ ပုံချထားကြသည်မှာ လုံးဝကောင်းသောလက္ခဏာ မဟုတ်ပေ။ မြတ်စွာဘုရားရှင်သည် ကံနှင့်ပါတ်သတ်၍ဟောကြားထားသည်မှာ- `စေတနာဟံ ဘိက္ခဝေ ကမ္မံဝဒါမိ´ ချစ်သားရဟန်းတို့ ကံဆိုတာတခြားမဟုတ်ဘူး၊ စေတနာကိုပင်လျှင်ကံလို့ဟောတော်မူတယ်။ မိမိဘာလုပ်လုပ် စိတ်စေတနာကောင်းလေးနှင့်လုပ်မယ်၊ စိတ်စေတနာကောင်းလေးနှင့်ပြောမယ်၊ စိတ်စေတနာကောင်းလေးနှင့်ကြံမယ် ဆိုရင်မိမိရဲ့ကံတွေဟာကောင်းလာမှာဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲ စိတ်စေတနာဆိုးတွေနဲ့ပြောမယ်၊လုပ်မယ်၊ကြံမယ်ဆိုရင် ကံတွေဟာအမြဲတမ်းဆိုးနေမှာဖြစ်ပါတယ်။ မိမိလုပ်ငန်းပေါ်မှာ ကံရယ် ဥာဏ်ရယ် ၀ီရိယရယ် ညီမျှစွာသုံးပြီးလုပ်ပါ။ ကမ္ဘာမှာအောင်မြင်ကျော်ကြားနေသူမှန်သမျှကိုကြည့်လျှင် ကံ၊ ဥာဏ်၊ ၀ီရိယသုံးပါးကို ညီမျှစွာသုံးပြီး အစွမ်းကုန် ကြိုးစားကြကြောင်း တွေ့ရှိရမှာဖြစ်ပါတယ်။ ဒါကြောင့် သင်တကယ်အောင်မြင်ကြီးပွားလိုလျှင် မိမိကိုယ်ကို ကံကိုလွဲချပြီး မညာပါနဲ့။ မိမိကိုယ်ကို လုံလ၊ ၀ီရိယမရှိဘဲ အပျင်းကြီးကာ ညှာမနေပါနဲ့။ မိမိပိုင်ဆိုင်ထားတဲ့ ကံ၊ ဥာဏ်၊ ၀ီရီယသုံးပါးကို လက်ကိုင်ထားကာ မိမိချမှတ်ထားသောပန်းတိုင်သို့ မရောက်မချင်းလျှောက်မယ်၊ ဘယ်တော့မှနောက်ပြန်မလှည့်ဘူး ဆိုသော စိတ်ဓါတ်ဖြင့်ကြိုးစားမည်ဆိုလျှင် သင့်ကို တစ်နေ့တစ်ချိန်မှာ အောင်မြင်ကျော်ကြားကြီးပွားနေသူတစ်ယောက် အဖြစ် ကျိန်းသေမုချတွေ့မြင်ရမည်ဖြစ်ကြောင်းကို ဓမ္မစကားလက်ဆောင်ပါးရင်း…............. မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

0 comments:

Post a Comment