Saturday, December 31, 2011

“ ၂၀၁၁ ’’ သေဆုံးခြင်း

“ ၂၀၁၁ ’’ သေဆုံးခြင်း
နီရဲတဲ့သွေးစက်တွေနဲ့ ..။
ပူနွေးတဲ့ မျက်ရည်စက်တွေနဲ့..။
သေနတ်သံတွေ တဒိုင်းဒိုင်းကြားမှာ
အရိုးတွေ အပြိုင်းပြိုင်းထတွေနဲ့..။
နာကြင်မှုတွေကြောင့်
တဟီးဟီး ညီးသံတွေနဲ့..။
စွန့်စားမှုတွေကြောင့်
တဟိုက်ဟိုက် မောဟိုက်သံတွေနဲ့..။
“ ၂၀၁၁”ဆိုတဲ့ သက္ကရာဇ်
ဟောဒီကမ္ဘာကြီးကို
သူပစ်သွားပြီ။
ငလျင်၊ မီးတောင်
မုန်တိုင်းနှင့် ဒီရေတွေပေါတဲ့
ဟောဒီကမ္ဘာကြီးကို
သူထားခဲ့ပြီ။
(ပြီးတော့) သူလက်ထက်မှာပြည့်တဲ့
သန်း ၇၀၀၀ ကုန်သော လူသားတွေကိုလဲ
သူမေ့ထားခဲ့ပြီ။
ဟောဒီကမ္ဘာကြီးကို သူရဲ့နှုတ်မှ
“ ၂၀၁၂ မှာ ပျော်ရွှင်ခြင်းတွေနဲ့ဖြတ်သန်းနိုင်ပါစေ” ဟုဆုတောင်းပြီး
သူသေသွားလေသည်။
မောင်ပြည်ချစ်
(၃၁.၁၂.၂၀၁၂)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေး မိန့်ခွန်း

NLD Party's Charity Music Concert

NLD Party's Charity Music Concert from Htoo Tay Zar on Vimeo.

Thursday, December 29, 2011

အခုအစိုးရသစ် တကယ့်ပြည့်သူ့အစိုးရဟုတ်မဟုတ်စမ်းသပ်လိုက်ပြီ ဘယ်လိုဖြေရှင်းပေးမှာလဲ

ဓါတုပစ္စည်းအန္တရာယ် သတိမမူမိ၍ မီးသတ်တပ်ဖွဲ့ဝင်များ ကျဆုံးရ

by Mizzima မဇ္ဈိမ on Thursday, December 29, 2011 at 8:37pm
ကျော်ခ | ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၂၉ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၄၉ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။        ။ ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် မင်္ဂလာတောင်ညွှန့်မြို့နယ်၌ လူ ၂၀ ကျော် သေဆုံးခဲ့သော နိုင်ငံပိုင် ဓါတုပစ္စည်း သိုလှောင်ရုံ မီးလောင်ပေါက်ကွဲမှုတွင် ဂိုဒေါင်အတွင်းရှိ ဓါတု ပစ္စည်းများ၏ အန္တရာယ်ကို သတိမမူမိသဖြင့် မီးသတ်တပ်ဖွဲ့ဝင် ၅ ဦးကျဆုံးကာ ကျဆုံးခဲ့ရသည်ဟု သက်ဆိုင်ရာ ဌာနများကပြောသည်။

ဒီမိုကရေစီတကယ်သွားချင်ရင် စစ်တပ်ကလူတွေအကျင့်ပြင်ဖို့လိုပြီ

 စစ်တပ်ကကားဖြင့်တိုက်မိ၍၇အရွယ်ကလေးငယ်သေဆုံးနှစ်ဦးဆေးရုံပို့ထားရclick

ရန်ကုန် စက်ဆန်းမီးကြောင့် အိမ်ထောင်စု ၁၀၈၀ စု၊ ဆုံးရှုံးမှု တန်ဖိုး သိန်း ၁၁၃၆၊ ပျက်စီးအိမ် ၁၂၄ လုံးရှိကြောင်းသိရ

ရန်ကုန် စက်ဆန်းမီးကြောင့် အိမ်ထောင်စု ၁၀၈၀ စု၊ ဆုံးရှုံးမှု တန်ဖိုး သိန်း ၁၁၃၆၊ ပျက်စီးအိမ် ၁၂၄ လုံးရှိကြောင်းသိရ
› မြန်မာ့သတင်း » စက်ဆန်းမီးကြောင့် အိမ်ထောင်စု ၁၀၈၀ စု၊ ဆုံးရှုံးမှု တန်ဖိုး သိန်း ၁၁၃၆၊ ပျက်စီးအိမ် ၁၂၄ လုံးရှိကြောင်းသိရ အက်ဆစ်ကန် အနီး မီးငြှိမ်းသတ်နေသည့် မီးသတ်ဝန်ထမ်းများ မီးလောင်မှုအပြီး စုံစမ်းစစ်ဆေးမှုများအရ မီးလောင်မှုဖြစ်ပွားရခြင်းမှာ သိုလှောင်ပစ္စည်းများ အပူလွန်ကဲခြင်းကြောင့် ဖြစ်ကြောင်း အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ “လုံခြုံရေး မီးတစ်လုံးပဲရှိတဲ့နေရာက ၀ါယာရှောခ်မဖြစ်နိုင်ပါဘူး။ ၀ါယာရှော့ခ်ဆိုရင် ဖြူးပြတ်ရမယ်။ ကျွန်တော်တို့စစ်ဆေးတွေ့ရှိမှုအရ ၀ါယာရှော့ခ်လုံးဝ မဟုတ်ပါဘူး”ဟုမင်္ဂလာတောင်ညွန့် လျှပ်စစ် (၂)မှ လက်ထောက်အင်ဂျင်နီယာ ဦးတင်ထွန်းက သုံးသပ်သည်။ နောက်ဆုံးရရှိသော သတင်းအရ အိမ်ထောင်စု ၁၀၈၀ စု၊ ဆုံးရှုံးမှု တန်ဖိုး သိန်း ၁၁၃၆၊ ပျက်စီးအိမ် ၁၂၄ လုံးရှိကြောင်းသိရသည်။ နေအိမ်များ ပျက်စီးဆုံးရှုံးရခြင်းမှာ မီးလောင်မှုကြောင့် မဟုတ်ဘဲ ပေါက်ကွဲမှုကြောင့်ပျက်စီးဆုံးရှုံးခြင်းဖြစ်ကြောင်းသိရသည်။ ရန်ကုန်တစ်မြို့လုံးတုန်ဟီး အောင် ပေါက်ကွဲခဲ့သည့် အက်ဆစ်ကန်နေရာကို တွေ့ရစဉ်။ ပေါက်ကွဲမှူကြောင့် မြေတွင်းကြီးမှာ ၁၀ ပေခန့်အနက်ရှိသည်။ထိုကျင်းအနီးတစ်ဝိုက်ရှိ (ပေ ၅၀၀ခန့်အတွင်းရှိ) အဆောက်အအုံအားလုံး နီးပါးမှာလည်း မုန်တိုင်းတိုက်ခတ်ခံရသည့်အလား ပြိုကျပျက်စီးနေသည်ကိုတွေ့ရသည်။

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်၊ ကူးတို့ဆိပ်လမ်း၊ ပုဇွန်တောင်ချောင်း အနီးမှာ ရှိတဲ့ ဂိုထောင်တွေ မီးလောင် ပေါက်ကွဲမှု ဖြစ်ပါတယ်။

Christmas 2011- Mae Sot with The Best Friend.mp4

Wednesday, December 28, 2011

ရောင်းစရာဘာကျန်သေးလဲ ?

တရုတ်၊ မြန်မာ ဆွေမျိုး၊ ပေါက်ဖော် ရေနံပိုက်လိုင်း စီမံကိန်း....


 တရုတ်ရေနံကုမ္ပဏီရဲ့ ကျောက်ဖြူ ကူမင်းရေနံပိုက်လိုင်း စီမံကိန်းမှ ရေးသားထားတဲ့ ဆောင်းပါးအား အများဖတ်ရှုလေ့လာနိုင်ရန် အတွက် ဆီလျော်အောင် ဘာသာပြန်တင်ပြလိုက်ပါတယ်...။

ဒီမိုဝေယံ
တရုတ်၊ မြန်မာ ဆွေမျိုး၊ ပေါက်ဖော် ရေနံပိုက်လိုင်း စီမံကိန်း....

၂၀၁၁ အောက်တိုဘာ (၁)ရက်နေ့မှာတော့ မြန်မာတရုတ်၊ ရေနံပိုက်လမ်း သွယ်တန်းရေးရဲ့ အစိတ်အပိုင်းဖြစ်တဲ့ လေးခုမြောက် စီမံကိန်းဖွင့်ပွဲ အခမ်းအနားကို ရှမ်းပြည်မြောက်ပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်..။
တောင်တန်းတွေ မြစ်တွေရဲ့ ကြားထဲမှာ ရှိနေတဲ့ တရုတ်၊ မြန်မာ မိတ်ဆွေကောင်း ဆက်ဆံရေးဟာ ယနေ့အထိ မယိုင်မလဲ၊ မထိမခိုက် တည်ရှိနေပါတယ်..။ ရှေးက တရုတ်စစ်သူကြီး ချန်ရီမြန်မာပြည်ကို ပထမဦးဆုံး အကြိမ်ရောက်ခဲ့စဉ်က ကဗျာ ၁၀ပုဒ်ထက်မနည်း ရေးသားခဲ့တဲ့ပါတယ်။ အဲ့ဒီအထဲက ကဗျာတပုဒ်ထဲမှာ အဆုံးအစမရှိ ချစ်ချစ်ခင်ခင် အတူတကွ မြစ်ရေကို အတူတူ သောက်ကြပါစို့တဲ့။ ဒီကဗျာဟာ ခုချိန်မှာတော့ ဆွေးမျိုးပေါက်ဖော် ဆိုတဲ့ အနေအထားနဲ့ နှစ်နိုင်ငံသားတွေ အတူတကွ ဖြတ်ကျော်ခဲ့ကြပါပြီ။ ယနေ့အချိန်မှာတော့ စီးပွားရေးနဲ့ ကုန်သွယ်ရေး အသစ်ဖြစ်စဉ်တွေဟာ ၂နိုင်ငံအကြား ဖွံဖြိုးမှုတွေနဲ့အတူ ဖြစ်ပေါ်လာပါပြီ။ လွန်ခဲ့တဲ့ (၆)နှစ်ကစပြီး  ၂နိုင်ငံအကြား သဘောတူညီမှုရခဲ့တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းတွေဟာ နောက်ဆုံးမှာတော့ အသေးစိတ် စီမံချက်တွေနဲ့အတူ အမှန်တကယ် ထွက်ပေါ်လာပါပြီ..။

Monday, December 26, 2011

သင်ဘယ်လိုလူလဲ ?..........


အတွေးအမြင်စာစဉ် အမှတ်(၂၃၃)
နှစ်ဖက်သုံး အစွမ်းထက်လှသည့် အရာများနှင့်လူ
          သမိုင်းမတင်မီကပင် ရှေးဦးလူသားတို့သည် မီးကိုစတင်တွေ့ရှိခဲ့သည်။မိုးကြိုးပစ်ခြင်း၊မီးတောင်ပေါက်ကွဲခြင်း၊ ဥက္ကာပျံ ကြယ်တို့ကြွေကျခြင်းတို့ကြောင့်မီးဖြစ်ပေါ်လာသည်။ရှေးဦးလူသားတို့သည် ထိုမီးတို့ကိုမြင်သော် ထွက်ပြေးကြသည်။နောင်အ ခါသိလိုစိတ်ကြောင့်မီးအနီးသို့ချဉ်းကပ်လာကြသည်။မီးကြောင့် လူသားတို့ထွက်ပြေးသလို သားရဲတို့ထွက်ပြေးစေခြင်း၊ရာသီ ဥတုအအေးဒဏ်ကိုကာကွယ်နိုင်ခြင်းနှင့်ညအချိန်ကြောက်စိတ်ကိုပယ်ဖျက်နိုင်ခြင်းဟူသောမီး၏အကျိုးးကိုသိလာသည်။ထို့ နောက်မီးဖြင့်သားစိမ်းကိုကင်စားတတ်လာသည်။ထို့အတူ မီးကိုကူးယူပြီးကြာရှည်စွာထိန်းထားနိုင်လာ၏။မီးမရှိတော့သောအခါ ပွတ်တိုကမှုကြောင့် မီးဖြစ်လာပုံကိုသိလာပြီး သစ်သားခြင်း၊မီးခတ်ကျောက်စသဖြင့်အသုံးချလာ၏။
          ဤကားသမိုင်းအစ၌ လူသားတို့အတွက် အကျိုးပြုနိုင်သောမီးကိုတွေ့၇ှိခြင်းနှင့်အသုံးခတတ်လာခြင်းဖြစ်၏။မီးက လူသားအတွက်အကျိုးပြုသော အစေအပါးဖြစ်လာသလို မီးလောင်မှုကြောင့်လူသားတို့၏အသက်အိုးအိမ်၊ စည်းစိမ်ချမ်းသာကို ဖျက်ဆီးသောအကျိုးမဲ့စေသည့် ရန်သူဖြစ်လာပြန်သည်။သမိုင်းတွင်ခရစ်နှစ် ၆၄ ကရောမမြို့ကြီးမီးလောင်မှု၊၁၆၆၆ ခုနှစ်က လန်ဒန်မြို့ကြီးမီးလောင်မှု၊၁၉၃၂ ကတိုကျိုမြို့ကြီးမီးလောင်မှုတို့သည် အကြီးမားဆုံးသောမီးလောင်မှုများဟုမှတ်တမ်းတင် ထား၏။

Sunday, December 25, 2011

မပြောချင်ပဲပြောရအုံးမယ်…..အပိုင်း(၁)


မပြောချင်ပဲပြောရအုံးမယ်…..အပိုင်း(၁)

          အခုတလော ရွှေည၀ါဆရာတော်ကိစ္စနဲ့ပတ်သတ်ပြီး မ ဟ န ဆရာတော်ကြီးများ အကြောင်း ကို တော်တော် များများ ဝေဖန်ပြောဆိုရေးသားလာကြတယ်။ပြောနေကြသူတွေ အားလုံးကိုမေးကြည့်ရင် မပြောချင်ပဲပြောနေကြရတာဖြစ်ပါတယ်။ကိုယ့်သာသနာရဲ့ထေရ်ကြီးဝါကြီးဆရာတော်ကြီးများကို မည်သူမဆိုကောင်းသတင်းကိုသာပြောချင်ကြပေမည်။မကောင်းသတင်းကိုမပြောချင်လို့အောင့်အီးသည်းခံခဲ့ ကြသည်မှာကာလတော်တော်ကြာခဲ့ပါပြီ။ကြာလေဆိုးလေဖြစ်လာလို့အခုတော့အားလုံးကမပြောချင်ပဲပြောလာ ကြရပေပြီ။ စာရေးသူကိုလည်း သတင်းဌာနတစ်ခုကမေးလို့ မပြောချင်ပဲပြောလိုက်ရသေးတယ်။မပြောမပြီးမတီးမမြည်၊ ပြောရေးရှိက ပြောအပ်လှ၏ဆိုသလို ပြောမှပြီးမည့်အရာများကို မပြောချင်လည်းပြောကိုပြောရပေမည်။မြတ်စွာဘုရားရှင်၏ ဂုဏ်တော် ကိုးပါးမှာ တစ်ပါးအပါအ၀င်ဖြစ်တဲ့ သုဂတ ဂုဏ်မှာ မြတ်စွာဘုရားရှင်သည် စကား ၆ ခွန်းရှိသော်လည်း ၄ ခွန်းကိုပယ်ပြီး ၂ ခွန်းကိုတော့ ဘယ်လိုပဲဖြစ်ဖြစ်ပြောဆိုပါတယ်။
          မြတ်စွာဘုရားပြောဆိုတဲ့စကားနှစ်ခွန်းကတော့ (၁) မှန်တယ် သူများမနှစ်သက်ဘူး အကျိုးရှိတယ် စကားတစ်ခွန်း။
(၂)မှန်တယ် သူများနှစ်သက်တယ် အကျိုး၇ှိတယ် စကားတစ်ခွန်း နှစ်ခွန်းဖြစ်ပါတယ်။ နံပါတ်တစ်စကားနဲ့ပတ်သတ်ပြီး မြတ်စွာဘုရားကို ပုဏ္ဏားတစ်ယောက်က မေးဘူးတယ် မြတ်စွာဘုရား မှန်တယ် အကျိုးရှိတယ် ဆိုတာတော့ဟုတ်ပါပြီ ဒါပေမဲ့ သူများမှမကြိုက်နှစ်သက်တာ ဘာလို့ပြောတာလဲဘုရားလို့လျှောက်ပါတယ်။မြတ်စွာဘုရားက ဥပမာပေးပြီးပြန်မေးပါတယ်။ အသင်ပုဏ္ဏား သင်ရဲ့ရှေ့မှာ ကလေးတစ်ယောက်က အိုးချမ်းကွဲတစ်ခုကိုမျိုချလိုက်တယ်ဆိုပါစို့ လည်ချောင်းမှာတစ်နေရင် သင်ဘယ်လိုလုပ်မလဲတဲ့…ပုဏ္ဏားကတပည့်တော်ရအောင်ကြိုးစားထုတ်ရမယ်ဘုရား။ကလေးရဲ့ခေါင်းကိုသေ သေချာချာကိုင် ထားပြီးသွေးတံရဲရဲနဲ့ပဲရအောင်ထုတ်ရမယ်လို့လျှောက်ပါတယ်။ကလေးမနှစ်သက်ပဲနဲ့ ဘာလို့အဲဒီလိုလုပ်ရပါသလဲပုဏ္ဏားလို့ မေးတော့ ကလေးရဲ့ချမ်းသာရရေး အကျိုးကိုကြည့်ပြီး မနှစ်သက်ပေမဲ့လုပ်ရပါတယ်ဘုရားလို့လျှောက်တော့ မြတ်စွာဘုရားက ဟုတ်တယ်ပုဏ္ဏား တစ်ခါတစ်ရံမှာ မကြိုက်နှစ်သက်လဲ အကျိုးကိုကြည့်ပြီးပြောရတယ်လို့မိန့်ဆိုခဲ့ဘူးပါတယ်။
          အခုလဲ မ ဟ န ဆရာတော်ကြီးများကို သာသနာ့အကျိုးနိုင်ငံအကျိုးကို ကြည့်ပြီးမပြောချင်လဲပြောရအုံးမှာဖြစ်ပါတယ်။
ဦးဇင်းရဲ့ဆရာတော် တစ်ပါး မ ဟ န ဆရာတော်တွေနဲ့ပတ်သတ်ပြီးပြောပြတာလေးကို အမှတ်ရနေမိပါတယ်။ဆရာတော်က မြတ်စွာဘုရားလက်ထက်က ဒေ၀ဒတ်သည် မြတ်စွာဘုရားထံမှာ သံဃာတော်တွေကို အုပ်ချုပ်ဖို့ အာဏာလွဲပေးဖို့တောင်းတော့ မြတ်စွာဘုရားကပြောတယ် ..ငါ့ရှင်ဒေ၀ဒတ် ငါဘုရားကိုယ်တော်တိုင် သံဃာတော်တွေကို အာဏာထားပြီးမအုပ်ချုပ်ဘူး ၊သူတို့ မှာကိုယ်စီကျင့်ကြံဖို့ ဓမ္မနဲ့ဝိနယ ၇ှိနေတယ်လို့ ပြောခဲ့ပါတယ်။မြတ်စွာဘုရားကိုယ်တိုင်မလွဲခဲ့တဲ့အာဏာ မ ဟ န ဆရာတော် တွေလက်ထဲရောက် ပျက်ပြီပေါ့ကွ။ဒီအဖွဲ့ကြီးပေါ်လာပြီးတဲ့နောက်ပိုင်း ကောင်းကျိုးထက်ဆိုးကျိုးကပိုများတယ်လို့ဆရာတော် ကဆိုပါတယ်။ကျောင်းလှုမှုတွေ ပိုများလာတယ်။မလိုလားအပ်ပဲ ကျောင်းတွေကိုအာဏာသုံးပြီးချိတ်ပိတ်ပြစ်လာတယ်။ သမိုင်းကိုပြန်ကြည့်ပြန်ရင်လည်း အမြဲတမ်းလိုလို သံဃာတော်များဘက်က သာသနာတော်ဘာက်က မကြည့်ဘဲ န အ ဖ စစ်ဗိုလ်ကြီးများခိုင်းတဲ့အတိုင်း အမြဲတမ်းလိုက်လုပ်တာကိုတွေ့ရပါမယ်။

ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ နိုင်ငံတော် သံဃမဟာနာယက (၁၅)ပါးစုံညီ အစည်းအဝေးမှ ရွှေညဝါဆရာတော်ကြီးအား အရေးယူဆောင်ရွက်ရန် ဆုံးဖြတ်ချက်အား ခေတ္တဆိုင်းငံ့ထားမည်..

Friday, December 23, 2011  ဒီမိုဝေယံ  5 comments


ဗုဒ္ဓဟူးနေ့တိုင်း ကျင်းပတဲ့ နိုင်ငံတော် သံဃမဟာနာယက (၁၅)ပါးစုံညီ အစည်းအဝေးမှ ရွှေညဝါဆရာတော်ကြီးအား အရေးယူဆောင်ရွက်ရန် ဆုံးဖြတ်ချက်အား ခေတ္တဆိုင်းငံ့ထားမည် ဖြစ်ပြီး လာမည့် တပေါင်းလမှာ ပြုလုပ်မယ့် နိုင်ငံတော် သံဃမဟာနာယက (၄၇)ပါးစုံညီ အစည်းအဝေးမှာ ရွှေညဝါဆရာတော်ကြီး၏ အသနားခံစာအား အားလုံးစုံညီ ဆုံးဖြတ်မည် ဖြစ်ကြောင်း သိရှိရပါသည်...။

Christmas on the rubbish dump of Mae Sot




On December 24th The Best Friend distributed donations to the people on the rubbish dump of Mae Sot.
With monetary donations from Australia and Germany we were able to buy rice, blankets, biscuits, balloons and give out soup to around 100 families.
With these photos we would like to sincerely wish all of our friends a very happy Christmas and all the best for the coming new year! May you all be well and happy.
Thank you all for your support!

ယုတ်မာသောသူများသည် တရားပွဲများကိုလိုက်လံပိတ်ပင်တားဆီးနေကြပါသည်။

ယုတ်မာသောသူများသည် တရားပွဲများကိုလိုက်လံပိတ်ပင်တားဆီးနေကြပါသည်။ ပြည်သူပြည်သားများအားလုံး တာဝန်သိသိသစ္စာရှိရှိဝိုင်းဝန်းကာကွယ်ကြပါ။

Saturday, December 24, 2011

တာဝန်နှင့် ၀တ္တရား

တာဝန်နှင့် ၀တ္တရား
ကျွန်တော်တို့ နေ့စဉ်ပြောဆိုသုံးစွဲနေသော တာဝန်၊၀တ္တရား ဟူသည့် ဝေါဟာရနှစ်ခုအကြောင်းကို အနည်းငယ်တင်ပြပါရစေ။ တာဝန်ဆိုသည်မှာ လူတစ်ဦးတစ်ယောက်က မိမိအပေါ်တစုံတစ်ခုသော အလုပ်မျိုးကို မိမိလုပ်ဆောင်ရန်ပေးဆောင်လာသော အရာတစ်ခု(သို့)ထိုအလုပ်ကို မိမိမလုပ်လျှင် မိမိအတွက်သာကို အကျိုးများဆုပ်ယုတ်ပျက်စီးတတ်၍ မလုပ်မဖြစ်ရသော အလုပ်ဖြစ်ပြီး၊ ၀တ္တရားဆိုသည်မှာတော့ မည်သူတစ်ဦးတစ်ယောက်မှ ပေးအပ်ထားခြင်းမရှိဘဲ မိမိအသိစိတ်ဖြင့် လုပ်ကိုင်ဆောင်ရွက်သည့်အရာဟု ကျွန်တော်မှ အဓိပ္ပါယ် ဖွင့်ချင်သည်။
အရွယ်ပမာဏ အလွန်သေးငယ်သော ပုရွက်ဆိတ်ကလေးများ၊ ပျားပိတုန်းများ၊ ချကောင်များ နှင့် စာကလေးငှက်များတို့ကား မိမိတို့၏ နေစရာအဆောက်အဦနှင့် စားစရာ စားနပ်ရိက္ခာများကို သူတို့အားလုံးကိုယ်စီကိုယ်ငှ စုပေါင်းဆောင်ရွက်၍ တာဝန်ထန်းဆောင် ကြရသည်။

Friday, December 23, 2011

သတ္တိရှိသော အနုပညာရှင်များရဲ့ဖန်တီးမှု ( အဲဒီအခန်းဖြတ်)

Thursday, December 22, 2011

ဓမ္မစကား ခေတ်လူများ၏မှတ်စု ဂျာနယ် အမှတ်စဉ်(၄)


ဓမ္မစကား
          မြတ်စွာဘုရားရှင်၏စကားတွေတွေကိုနားလည်ဖို့ မိမိတို့ရဲ့လေ့လာမှုစွမ်းအားတွေမြှင့်တင်ပေးဖို့ လိုပါသည်။ မြတ်စွာဘုရားရှင်၏၀ါဒသည် ၀ိဘဇ္ဇ၀ါဒဖြစ်သည်။ ၀ိဘဇ္ဇ၀ါဒဆိုသည်မှာ ဘယ်အရာမှားသည်၊ ဘယ်အရာမှန်သည် အကြောင်း အကျိုးစီစစ် ဝေဘန်ပိုင်းခြား ခွဲခြမ်းစိပ်ဖြာခြင်းကို ဆိုလိုပါသည်။
          မြတ်စွာဘုရားရှင်သည် ၄၅၀ါပတ်လုံး မနေမနားဟောဖော်ညွှန်ပြခဲ့သော တရားတော်များမှာ ဓမ္မက္ခန္ဓာအားဖြင့် ၈၄၀၀၀၊ ပိဋကတ်အားဖြင့် သုံးပုံကျန်ခဲ့ပါသည်။ မြောက်များလှစွာသော တရားတော်များထဲမှ သဒ္ဓါဆိုတဲ့ အရေးအကြီးဆုံးစကားလုံးတစ်လုံးကို လေ့လာဆွေးနွေးတင်ပြပါမည်။
          မြန်မာနိုင်ငံသားအများစုနားလည်သဘောပေါက်နေကြသည်မှာ ပေးကမ်းလှူဒါန်းသူကို သဒ္ဓါတရား ကောင်းသူဟု သဘောပေါက်နေကြပါသည်။ သဒ္ဓါရဲ့အဓိပ္ပါယ်မှာ ယုံကြည်မှုဖြစ်ပါသည်။ ဘုရား၊တရား၊ သံဃာ ရတနာသုံးပါးအပေါ်မှာ ယုံကြည်မှု၊ ကံကံ၏အကျိုးကိုယုံကြည်မှု မိမိကိုယ်ကိုယုံကြည်မှုဖြစ်ပါသည်။
          ယုံကြည်မှုဆိုသည်မှာ လေ့ကျင့်ပေးဖို့လိုပါသည်။ ရတနာသုံးပါးအပေါ်မှာ ယုံကြည်မှုရှိတဲ့သူသည် ရတနာသုံးပါးရဲ့ ဆိုဆုံးမလမ်းညွှန်ပြသမှုတွေကိုသိအောင်ကြိုးစားခြင်း၊ ကျင့်သုံးခြင်းကိုဆိုလိုပါသည်။ မိမိကိုယ်ကို ပြန်လည်စမ်းသပ်ဝေဖန်ဖို့ ရတနာသုံးပါးက ညွှန်ပြပေးသောအရာများကို ဘယ်လောက် လေ့လာကျင့်သုံးပြီးပြီလဲ၊ မိမိအတွက် ဘာတွေရပြီလဲ၊ သေသေချာချာဆန်းစစ်ပါ။ ဝေဘန်ပါ။ မိရိုးဖလာ ဗုဒ္ဓဘာသာလောက်နဲ့ ကျေနပ်မနေကြပါနဲ့။ အဖေအမေက ကန်တော့ပါဆိုလို့ ကန်တော့တာလား ကိုယ်ကို တိုင်က သေချာလက်တွေ့ကျင့်သုံးကြည့်လို့ အကျိုးရှိတာတွေတွေ့ရှိလို့ လေးစားပြီးကန်တော့တာလား။ မိမိကိုယ်ကိုသေသေချာချာဝေဘန်ဆန်းစစ်ပါ။ ကံကံ၏အကျိုးတရားအပေါ်မှာ ယုံကြည်မှု၊ ကံဆိုတာ ကမ္မ= အလုပ်ဆိုတဲ့ပုဒ်ကဆင်းသက်လာခြင်းဖြစ်ပါသည်။ ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုးတွေ ခံစားရမယ်။ မကောင်းတာလုပ်ရင် မကောင်းတဲ့အကျိုးကို ခံစားရမယ်လို့ ယုံကြည်ပြီးတော့ မကောင်းတာတွေ မမှန်တာ တွေမလုပ်ဘဲနဲ့ ကောင်းတာတွေကိုယုံယုံကြည်ကြည်နဲ့ ကိုယ်တိုင်ဆုံးဖြတ်ပြီးရွေးချယ်လက်ခံတာကို ဆိုလိုခြင်းဖြစ်ပါသည်။ အဖေအမေကပြောလို့ ဆရာတွေကပြောလို့ လူကြီးတွေ အာဏာရှိတဲ့သူတွေက ပြောလို့လက်ခံတာမျိုးမဟုတ်ပဲ မိမိကိုယ်တိုင် စဉ်းစားပြီးဝေဘန်ပြီး ယုံယုံကြည်ကြည်နဲ့ ကျင့်သုံး လိုက်နာ ခြင်းကို ဆိုလိုပါသည်။
          မိမိကိုယ်ကိုယုံကြည်မှုဖြစ်ပါသည်။ ရတနာသုံးပါးက မိမိကိုယ်ကိုကောင်းစွာယုံကြည်ဖို့ အမြဲသင်ပြ ပေးပါသည်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိရင် ဘာမှလုပ်လို့မရပါဘူး။ ဘာမှအောင်မြင်မျာလဲမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ယုံကြည်မှုကို အမြဲတမ်း လေ့ကျင့်တည်ဆောက်မြှင့်တင်ပါ။ ကိုယ့်ရဲ့ယုံကြည်မှုစွမ်းအား မြင့်လေ ကိုယ့်ရဲ့အောင်မြင်မှုစွမ်းအား မြင့်မားလေဖြစ်လာပါမည်။ မြတ်စွာဘုရားရှင်သည် “ငါသည် ဘုရားဖြစ်အောင် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကာ အပင်ပန်းခံ၊ ဆန်းရဲခံကျင့်သုံးနိုင်သည်”လို့ မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ကြိုးစားတည်ဆောက်ခဲ့လို့ လောကရဲ့အနှိုင်းမဲ့ကျေးဇူးရှင် မြတ်စွာဘုရားအဖြစ်ကို ရခဲ့ခြင်းဖြစ်ပါသည်။ ယုံကြည်မှုအမြင့်မားဆုံးအဆင့်အတန်းအမြင့်ဆုံး ဗုဒ္ဓကို ကိုးကွယ်ဆည်းကပ်ခွင့်ရနေ ကြတဲ့ ဗုဒ္ဓရဲ့တပည့်တွေဖြစ်ပြီး ယုံကြည်မှုတွေ အဆင့်အတန်းတွေနိမ့်နေတာဟာ လုံးဝကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။ ကမ္ဘာမှာ လူ(၂)မျိုးပဲရှိပါသည်။ မိမိကိုယ်ကို ယုံကြည်မှုရှိတဲ့သူနဲ့ မိမိကိုယ်ကို ယုံကြည်မှု မရှိတဲ့သူပဲဖြစ်ပါသည်။ မိမိကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ကြိုးစားအားထုတ်နေတဲ့သူတွေကို တနေ့တခြား အောင်မြင်ကျော်ကြားလာတာကို တွေ့ရပြီး မိမိကိုယ်ကို ယုံကြည်မှုမရှိတဲ့သူတွေကိုတော့ တနေ့တခြား ဆုတ်ယုတ်နိမ့်ကျလာတာကိုတွေ့ရမှာဖြစ်ပါသည်။ ဒါကြောင့် မြတ်စွာဘုရားရှင်ဟောကြားခဲ့တဲ့ သဒ္ဓါ တရားကိုသေချာနားလည်သဘောပေါက်အောင် ကြိုးစားလေ့ကျင့်ကာ ယုံကြည်မှုများ ခိုင်မြဲလာမည်ဆိုလျှင် သင့်ကို တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အောင်မြင်ကျော်ကြားသူအဖြစ် တွေ့မြင်ရမည်ဖြစ်ပါကြောင်းကို ဓမ္မစကား လက်ဆောင်ပါးရင်း . . . .
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

Wednesday, December 21, 2011

အရှင်ခေမာနန္ဒ (မိုးသု-မန္တလေး) သို့ အိတ်ဖွင့်ပေးစာ..

အရှင်ခေမာနန္ဒ (မိုးသု-မန္တလေး) သို့ အိတ်ဖွင့်ပေးစာ..


ခုရက်ပိုင်းအတွင်း အရှင်ခေမာနန္ဒ (မိုးသု-မန္တလေး)ဆိုတဲ့ ကိုယ်တော်မှ အများအကျိုး၊ သာသနာအကျိုးအတွက် ထမ်းရွက်လုပ်ဆောင်နေတဲ့ ရွှေညဝါဆရာတော်နဲ့ ဒယ်အိုးဆရာတော်တို့အား အသရေဖျက် လုပ်ကြံ့ရေးသားမှုများ တစ်ချို့သော အင်တာနက် စာမျက်နှာတွေနဲ့ Facebook မှာ ပျံ့နှံနေတဲ့ အတွက် အဆိုပါ သာသနာဝန်ထမ်း ဟူသော နာမပုဒ်ကိုမှ မထောက် မဟုတ်တမ်းတရား စွပ်စွဲနေမှုအား ပြန်လည်ရေးသားထားတဲ့ ပေးစာကို တင်ပြလိုက်ရပါတယ်..။ ဒီနေရာမှာ ကျွန်တော်တို့လေးစား ကြည်ညိုရတဲ့ ရွှေညဝါဆရာတော်ကြီးဟာ ဘယ်သူဆိုတာကို မသိသေးတဲ့ သူများအတွက် ပြန်လည်ပြောပြပါရစေ..။

ကျွန်တော်တို့ ၈၈၈၈ အရေးတော်ပုံကြီးအတွင်းက ရွှေညဝါဆရာတော်ကြီးဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများသမဂ္ဂရဲ့ အတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့ပြီး ထိုစဉ်က နာမည်ကျော် ကုန်သွယ်ရေးရုံး ပစ်ခတ်မှုအတွင်း ပိတ်ဆို့ခံနေရတဲ့ တပ်မတော်သားများအား ကယ်တင်ခဲ့တဲ့ အထဲမှာ ဦးဆောင်ပါဝင်ခဲ့သူပါ။ အရေးအခင်းအပြီး သရက်တော ကျောင်းတိုက်အတွင်း ဆရာတော် ရောက်ရှိနေစဉ် စစ်တပ်မှ ဝိုင်းဝန်းပိတ်ဆို့ ထားစဉ်မှာ ဆရာတော်ဟာ အားလုံးကို ငဲ့ပြီးအဖမ်းခံခဲ့ပါတယ်..။ အင်းစိန်ထောင်အတွင်း (၄၅)ရက်ကြာ တိုက်ပိတ်ခြင်းကို ခံခဲ့ရပါတယ်..။ ပြန်လည်လွတ်မြောက်လာချိန်မှ စပြီး ယနေ့အထိ ဘာသာ၊ သာသနာ၊ လူမျိုး၊ တိုင်းပြည်အကျိုးကို ယနေ့ထက်တိုင် ထမ်းရွက်လုပ်ဆောင်နေပါတယ်..။ ရွှေညဝါဆရာတော်ကြီးဟာ ဒီလို နိုင်ငံရေး အစဉ်အလာရှိတဲ့ ဆရာတော်တပါးဖြစ်ပါတယ်..။ ယခုလို အခြေအနေမျိုးမှာ  နာမည်ကျော် ဆရာတော်(၂)ပါးအား သက်ဆိုင်ရာများမှ မတရား စွဲချက်တင် လုပ်ဆောင်နေချိန်မှာ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ မဟုတ်မမှန် လုပ်ကြံရေးသားနေတဲ့ အရှင်ခေမာနန္ဒ (မိုးသု-မန္တလေး)ရဲ့ နောက်ကွယ်မှာ မည်သူတွေ ရှိနေမလဲ ဆိုတာကတော့ အဆိုပါ ရေးသားသူသာ အသိဆုံး ဖြစ်ပါလိမ့်မယ်..။

ဆရာကြီး ဦးသုခ (အတ္ထုပ္ပတ္တိ)

ဆရာကြီး ဦးသုခ (အတ္ထုပ္ပတ္တိ) လင့် click

Tuesday, December 20, 2011

မစ္စတာတက်ဆင် ဗိုလ်စုတ်မှုးကြီးသန်းရွေ(ကြိုးကိုင်)နှင့်တွေ့ဆုံ

မစ္စတာတက်ဆင်နှင့်ဗိုလ်စုတ်မှုကြီးသန်းရွှေ (ကြိုးကိုင်)တို့တွေ့ဆုံ
thaksin_thanshweထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း တက်ဆင်ရှင်န၀ပ်သည်၊ ပြီးခဲ့တဲ့ ကြာသပတေးနေ့က မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန် အပါဝင် အရင်စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့နှင့် လည်း တွေ့ဆုံ ခဲ့သည်ဟု ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာက ဖေါ်ပြပါသည်။ မစ္စတာ တက်ဆင်သည် ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်န၀ပ်၏

Monday, December 19, 2011

ဆရာအောင်သင်း (ယနေ့လူငယ်နှင့်ယနေ့ရသစာပေ)

ညီညွတ်ရေး

ယောမင်းကြီးဦးဘိုးလှိုင် အတ္ထုပ္ပတ္တိနှင့် ရာဇဓမ္မသင်္ဂဟကျမ်း

MgHtin ယောမင်းကြီးဦးဘိုးလှိုင် အတ္ထုပ္ပတ္တိနှင့် ရာဇဓမ္မသင်္ဂဟကျမ်း

ရာဇဓမ္မသင်္ဂဟကျမ်း(English)| ရဟန်းတော် (မော်ဒန်တောရ)

ရာဇဓမ္မသင်္ဂဟကျမ်း | ရဟန်းတော် (မော်ဒန်တောရ)

ပန်းတိုင်ရှိရာ (အမျိုးသားအောင်ပွဲ)

Sunday, December 18, 2011

န၀တက တရားဥပဒေ အလွဲသုံးစားလုပ် မဟနက ဘုရားဥပဒေအလွဲသုံးစားလုပ်

ပံ့သကူ ရှင်ငယ် (ဥတ္တရဒီပ)


သံဃာဂုဏ်တော်ကိုးပါးတွင် တပါးနှင့်မျှမညီဟု သံဃာ့မဟာနာကက အဖွဲ့ကြီးကို သမိုင်းကစွဲချက်တင်လေတော့မည်။
၁။ လောကဟိတ လောကသုခ ဗဟုဇနဟိတ သုခ အရေးတို့ကို သုပ္ပဋိပန္နဂုဏ်နှင့်အညီ မကျင့်၊ စစ်အာဏာရှင် အရေးကိုသာ တစိုက် မတ်မတ် ပြုကျင့်ခဲ့ကြခြင်းသည် ပထမစွဲချက်၊
ပြည်သူတို့ချမ်းသာရန်၊ အမျိုးသားခြင်းသင့်မြတ်ရန် ၂၀၀၇ စက်တင်ဘာတွင် မေတ္တာပို.ခဲ့ကြသော သံဃာများအား မညှာမတာ ဖိနှိပ် သတ်ဖြတ်မှုကို ၀ိနည်းနှင့်လျှော်ညီစွာ သံဃာခြင်းမယိုင်းပင်းပဲ မိမိတို၏နေရာမြဲရေးသာ အာဏာရှင်အလိုကျ ဆောင်ရွက်ပေးခဲ့ကြခြင်းက ထိုစွဲချက်အတွက် သက်သေပင်။
၂။ သာသာနာတော်ကြီးအပေါ် သံဃာထုအပေါ်၌ ဥဇုပ္ပဋိပန္နဂုဏ်နှင့် ရိုးဖြောင့်စွာမကျင့်၊ အာဏာရှင်အလိုကျ ၀ိနည်းဥပဒေတွေကို လိုသ လိုအသုံးချကာ ရှေးဘာသာခြားမင်းများကဲ့သို့ သာမဂ္ဂီတွေအပေါ် နှိပ်ကွက်နေခြင်းများ။

တကယ်ပြောင်းလဲပြီလား

မဟနလား ... သွား

မဟနလား ... သွား
အရှင်ကုသလသာမိ (ပျော်ဘွယ်)
ဒီဇင်ဘာ ၁၈၊ ၂၀၁၁
သမိုင်းရဲ့ အမည်းစက်ဖြစ်မှာ စိုးရိမ်ပေမယ့် တကယ့်ကို မဟာအမည်းစက် ဖြစ်ခဲ့ပြီ။ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့တဲ့။ စက်တင်ဘာ သံဃာ့အရေးအခင်းမှာလည်း ကိုယ့်ပေါင်ကို လှန်ထောင်းတာဖြစ်မှာစိုးလို့ နည်းနည်းပဲ ပြောခဲ့တယ်။ ပြည်သူတွေကလည်း ခပ်ကြိတ်ကြိတ်ပဲ အံကျိတ်ပြီး သည်းခံခဲ့တယ်။ အခုလည်း ရွှေည၀ါဆရာတော်ကို ထုတ်ပြန်လိုက်တဲ့ ထုတ်ပြန် ချက်က အတော်ကို ကျက်သရေမဲ့နေတယ်။ ဖတ်ရသူတိုင်းက မဟနဆိုတာ ဘာလဲ၊ ဘယ်လဲ မေးကုန်ကြပြီ။

အပြောင်းအလဲလေးတွေ တွေ့လာရပြီဆိုပြီးတော့ ပြည်သူတွေ မျှော်လင့်ချက်လေးတွေ နည်းနည်းဖြစ်လာနေတဲ့အချိန်၊ လူတိုင်းက အမှန်တရားဘက် ရဲရဲဝံ့ဝံ့ ရည်တည်လာတဲ့အချိန်မှာ ဒီ မဟနအဖွဲ့က ဘာဖြစ်လို့ အခုချိန်ထိ ညစ်ပတ်စုတ်ပဲ့နေရသလဲ။

ရွှေည၀ါဆရာတော်၏သာသနာရေးဆောင်၇ွက်ချက်များမှတ်တမ်း

သတ္တိရှိသော ပညာရှိသူရဲကောင်းဦးဘိုးလှိုင်

အတွေးအမြင် အမှတ် (၂၃၆)

သန့်ရှင်းသောအစိုးရနှင့် ယောမင်းကြီး
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ မိန့်ခွန်းများကို လေ့လာပြီးပြောရလျှင် လတ်တလော အချိန်တွင် မြန်မာနိုင်ငံ၌ ကောင်းမွန် သန့်ရှင်းသော အစိုးရတစ်ရပ်ကို ဖော်ထုတ်ကာ ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုကို ရယူရန် ကြိုးပမ်းနေသည့် လက္ခဏာရှိသည်။
          ကောင်းမွန်သော အုပ်ချုပ်ရေး(good governance) ဆိုသည်မှာ အစိုးရ လုပ်ငန်းများ ဆောင်ရွက်နေသူတို့၏ အရည်အချင်းအရည်အသွေးပိုင်းနှင့် သက်ဆိုင်သည်။သန့်ရှင်းသောအစိုးရ (clean government)ဆိုသည်မှာ အဂတိတရား လိုက်စားမှုကင်းစင်ခြင်း၊တစ်နည်းအားဖြင့် ကိုယ်ကျင့်တရားနှင့်သက်ဆိုင်သည်။

Saturday, December 17, 2011

သာသနာ့အာဇာနည် ရွှေည၀ါဆရာတော်အား အသက်ပေးကာကွယ်ကြမည့်သံဃာတော်များနှင့်တပည့်ဒါယကာဒါယိကာမများ

Friday, December 16, 2011

More than 10.000 signatures asking for forgiveness for Shwe Nya Wah Sayadaw


Shwe Nya Wah Sayadaw told radio Free Asia today that he has collected over 10.000 signatures from monks and lay people yesterday and sent to the Maha Nayaka Sangha Council. The signatures are all in support of him, asking for forgiveness. 

သံဃာ့ မဟာနာယကအဖွဲ့ ဥက္ကဋ္ဌထံ ရွှေညဝါဆရာတော် မေတ္တာရပ်ခံစာပို့

ရန်ကုန် ကြည့်မြင်တိုင် သာဓုကျောင်းတိုက်က ဖယ်ရှားပေးဖို့ သံဃာ့ မဟာနာယကအဖွဲ့က စာထုတ်ထားတဲ့ ရွှေညဝါ ဆရာတော် ဦးပညာသီဟက သံဃာ့ မဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ထံ မေတ္တာရပ်ခံစာတစ်စောင် ဒီကနေ့ ပေးပို့လိုက်ပါတယ်။

RFA
ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် သာဓု ပရိယတ္တိ စာသင်တိုက်၏ ကျောင်းထိုင်နာယက ရွှေညဝါဆရာတော် အရှင်ပညာသီဟ။
မေတ္တာရပ်ခံစာနဲ့အတူ ရွှေညဝါဆရာတော်ကို ထောက်ခံကြတဲ့ သံဃာတော်တွေအပါအဝင် ဒါယကာ ဒါယိကာမတွေရဲ့ လက်မှတ်ပေါင်း တစ်သောင်းနှစ်ထောင်ကိုပါ ပူးတွဲပေးပို့ခဲ့ကြောင်း ရွှေညဝါဆရာတော်က အာရ်အက်ဖ်အေကို မိန့်ပါတယ်။

သာသနာ့အာဇာနည် ရွှေည၀ါဆရာတော်အား အသက်ပေးကာကွယ်ကြမည့်သံဃာတော်များနှင့်တပည့်ဒါယကာဒါယိကာမများ

ယနေ့ ရွှေညဝါဆရာတော်ကြီးအား စိုးရိမ်မှုနဲ့ ရောက်ရှိလာကြတဲ့ ရဟန်းသံဃာ၊ ဒကာ၊ ဒကာမများနှင့် သတင်းမီဒီယာ၊ လူထုပရိသတ်များရဲ့ ကျောင်းတွင်း၊ ကျောင်းပြင်မြင်ကွင်း... (ဓာတ်ပုံ)


ဆရာတော်ကျောင်းရဲ့ ဝေယျာဝစ္စဒါန ကုသိုလ်ပြုလုပ်ပေးနေကြတဲ့ ဆရာတော်ကို ကြည်ညိုတဲ့ စေတနာရှင်များမှ လုံခြုံရေး ပြန်လည် ယူပေးနေရတဲ့ အနေအထားမြင်ကွင်း..