Tuesday, May 31, 2011

ဘ၀မှာ မရှိမဖြစ်တဲ့သူငယ်ချင်းများ

သူငယ်ချင်း မိတ်ဆွေတွေနဲ့ပတ်သက်တဲ့ စကားတစ်ခွန်းက ဒီလိုဆိုထားပါတယ်။
"သူငယ်ချင်းမိတ်ဆွေများရင် လျှောက်တဲ့လမ်းက ဖြောင့်သွားတယ်"တဲ့။


သူငယ်ချင်း မိတ်ဆွေတွေ အသစ်တိုးတာ မင်္ဂလာတစ်ပါးပါ။ လူတိုင်း သူငယ်ချင်းအသစ်တွေနဲ့ ခင်မင်ရင်းနှီးနိုင်ဖို့ မျှော်လင့်ကြတယ်။ ဒါပေမဲ့ (American Sociological Review,ASR)က သူတို့လေ့လာဆန်းစစ်ခဲ့တဲ့ ဆန်းစစ်ချက်အရ အခုခေတ်လူတွေမှာ သူငယ်ချင်းတွေ နည်းသထက်နည်းခဲ့ကြတာကို တွေ့ရတယ်။ လေ့လာဆန်းစစ်ခံရသူ ၄ပုံ၁ပုံက သူတို့မှာ သူငယ်ချင်းနည်းရတဲ့အကြောင်းက ဘယ်သူ့ကိုမှ ယုံကြည်လို့မရကြောင်း ဆိုထားကြတယ်။

ကယ်တင်ရှင်အမေ

ကယ်တင်ရှင်
အမေ......
ရေနစ်နေတဲ့မြန်မာပြည်ကြီးကို
လှေတစီးနဲ့
အမေတယောက်ထဲ
ကယ်ဆယ်နေတဲ့အချိန်မှာ
မလိုစိတ်ထား
အမုန်းပွားနေသူတွေက
ငဲညှာထောက်ထားမှုမရှိပဲ
လှိုင်းကြာမှာမျောစေခဲ့တယ်၊
အမေ.........
အသိဥာဏ်မရှိတဲ့လူတစုရဲ့
ရက်စက်မှုတွေကြောင့်
ကျွန်တော်တို့လူထုလည်း
တစတစနဲ့
မလှပတဲ့ဘ၀ကိုရောက်ခဲ့ရပြီ
ဒီလူတွေဟာ
လူထွားပေမဲ့ပညာမရှိတဲ့သူတွေပါ
ဒီတော့
ကျွန်တော်တို့လူသားတွေဟာ
အရူးစကားနားထောင်နေရင်း
မထူးခြာတဲ့ဘ၀မှာပဲ
အချိန်ကုန်ခဲ့ရတယ်။
အမေ.........
အမေ့တာဝန်ကျေပါပြီ
မြန်မာပြည်အတွက်
ပေးဆပ်ခဲ့တာကဘ၀နဲ့ခန္ဒာသာမက
ဆင်းရဲချမ်းသာမရွေး
လူသားတွေနဲ့အတူ
နေပေးခဲ့တဲ့သူပါ
အမေ.......
အမေဟာမေတ္တာရှေ့ထားလို့
သစ္စာစကားတွေပြောခဲ့တယ်
မှားနေတဲ့မြန်မာပြည်
ဒီမိုကရေစီရနိုင်ဖို့
ကိုယ်ကျိုးမဖက်
အများအတွက်သာ
ရှေ့ဆောင်ကာလမ်းပြရင်း
မှန်းမရတဲ့လွတ်လပ်ရေးကို
အမေတွေးလို့ဝမ်းသာနေ
ဒုက္ခတွေကြားမှာ
ခံစားနေရတဲ့လူသားတွေကို
နေရာမရွေးကယ်တင်တတ်တဲ့
အမေ့အတွက်
အမှတ်တရအနေနဲ့
ကဗျာတပုဒ်ရေးလို့
လေးစားစွာဂုဏ်ပြုလိုက်တယ်အမေ။

မိုးလူး(မန္တလေး)

အရှင်ဂမ္ဘီရ အစာငတ်ခံဆန္ဒပြ

စစ်ကိုင်းတိုင်း ကလေးမြို့အကျဉ်းထောင်တွင် ထောင်ဒဏ် နှစ်ရှည် ကျခံနေရသော၂၀၀၇ ခုနှစ်စက်တင်ဘာ သံဃာ့ လှုပ် ရှားမှု ဦးဆောင် ဆရာတော် တပါးဖြစ်သည့် အရှင်ဂမ္ဘီရ အပါအ၀င် နိုင်ငံရေးအကျဉ်းသားတချို့သည် အကျဉ်းသား အခွင့် အရေးများအတွက် မေလ ၂၇ ရက်နေ့မှ စတင်ပြီးအစာငတ်ခံ ဆန္ဒပြနေကြောင်း သိရသည်။

gambia400
၁၉၉၉ ခု ဇူလိုင်လတွင် ရိုက်ကူးထားသော အရှင် ဂမ္ဘီရ နှင့် မိသားစု။ (၀ဲမှယာ) အရှင် ဂမ္ဘီရ အစ်မ ၊ မယ်တော် ဒေါ်ရေး၊ အစ်ကို ကိုအောင်ကျော်ကျော် နှင့် အမည်မသိ သံဃာတော် တပါး၊ အရှင် ဂမ္ဘီရ(ယာစွန်)(ဓာတ်ပုံ - မိုးမခ)
ထိုဆန္ဒပြသည့်နေ့တွင် အရှင် ဂမ္ဘီရ၏ နှမဖြစ်သူ မခင်သူဌေးသည် ကလေးမြို့ အကျဉ်းထောင်သို့ ထောင်ဝင်စာ သွား ရောက်တွေ့ဆုံစဉ် ထောင်ဝင်စာ တွေ့ခွင့်မရခဲ့ကြောင်း၊ သို့သော် ပါဆယ်ပေးခွင့်ရခဲ့သော်လည်း ပစ္စည်းလက်ခံသည့် အကြောင်းကြားစာ၌ အရှင်မ္ဘီရ ၏ လက်မှတ်မဟုတ်ဘဲ အမည်သာရေးထားပြီး မိသားစုမှ ပေးလိုက်သောစာအုပ်များကိုသာ ယူထားလိုက်ကြောင်း၊ အခြား အစားအစာများကို လက်မခံလိုက်ကြောင်း အရှင်ဂမ္ဘီရ ၏ မိခင်ဖြစ်သူ ဒေါ်ရေးက ဧရာဝတီ ကို ပြောသည်။

ဇေယျာသော်၏ သူရဲကောင်း

 စနေနေ့၊ မေလ ၂၈ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၅၅ မိနစ် ဟစ်ပ်ဟော့ပ် အဆိုတော် တူပက်ရှာကူး Tupac Shakur သည် ၁၉၉၆ ခုနှစ်၌ အမေရိကန်တွင် လူဆိုးဂိုဏ်းအချင်းချင်း ပစ်ခတ်ရာမှ သေနတ်ထိမှန်သေဆုံးခဲ့သည်။ ယင်းသည် မျှော်လင့်ချက်ကင်းမဲ့နေသည့် လူမည်းလမ်းသူရဲဂိုဏ်းများ၏ တကယ့်သရုပ်မှန်နှင့် သူလို ငွေကြယ်ပွင့်တို့အကြား ပဋိပက္ခ တနည်းအားဖြင့် အာဖရိကန်နွယ်ဖွား အမေရိကန်လူမျိုး အဆိုတော် ကျင်လည်ရာ ငရဲဘုံ၏ အစိတ်အပိုင်း တရပ်လည်း ဖြစ်သည်။

Monday, May 30, 2011

၁၉၆၇ခုနှစ်က ရိုက်တာ သတင်းဋ္ဌာနက ရိုက်ကူးထားတဲ့ မြန်မာ့ဂုဏ်ဆောင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဦးသန့် (ရုပ်သံဖိုင်)

ဥပဓိရုပ်၊ အရည်အချင်း၊ နိုင်ငံတကာရဲ့လေးစားမှုဂုဏ်ပါရရှိတဲ့ မြန်မာ့ဂုဏ်ဆောင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဦးသန့် ပြည်တွင်းပရိသတ်များ ဒေါင်းလုပ်လုပ်ချင်ရင် http://www.mediafire.com/?vcovldaaj9ky8tv ရိုက်တာ သတင်းဋ္ဌာနက ရိုက်ကူးထားတဲ့ ကျွန်တော်တို့ နိုင်ငံ့ဂုဏ်ဆောင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဦးသန့် .... ရဲ့ ရုပ်သံမြင်ကွင်းတွေပါ...။ ပထမပိုင်းမှာတော့ ၁၉၆၇ခုနှစ်က ဖေဖော်ဝါရီလက ရန်ကုန်မြိုသို့ ခေတ္တအားလပ်ရက်အတွင်း ပြန်လည်ရောက်ရှိလာပြီး မိခင်ကြီး ဒေါ်နန်းသောင်အပါအဝင် မိသားစုဝင်များနဲ့ ပြန်လည်တွေ့ဆုံခဲ့တဲ့ ရုပ်သံပါ...။ ဒုတိယပိုင်းမှာတော့ ၁၉၆၇ခုနှစ် ဇွန်လက အီဂျစ်၊ အစ္စရေး ကိစ္စကိုဝင်ရောက် ဖြေရှင်းပေးခဲ့ရစဉ်က ရုပ်သံပါ...။ ကျွန်တော်တို့ နိုင်ငံမှာ ကမ္ဘာကလေးစားရတဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဦးသန့် ဟာ ၁၉၆၁ခုနှစ်မှာ နိုဝင်ဘာလမှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ်ခန့်အပ်ခံရပြီး ၁၉၇၁ခုနှစ် ဒီဇင်ဘာလအ ထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်...။ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ တခေတ်တခါက ဦးသန့်ကဲ့သို့ ကမ္ဘာသိ ကမ္ဘာကလေးစားရတဲ့ ပုဂ္ဂိုလ်ကြီးတွေ ရှိခဲ့သလို... ယနေ့အချိန်မှာတော့ နှစ်စဉ်ကမ္ဘာ့ လူဆိုးစာရင်း အာဏာရှင်စာရင်းမှာ အမြဲ ပထမ၊ ဒုတိယ၊ တတိယ လူဆိုး စာရင်းဝင်တွေလည်း ထိပ်ကနေရှိပါတယ်...။ ယနေ့အချိန်ခါမှာ ကျွန်တော်တို့ လူမျိုးတွေ မျက်နှာငယ်ရ၊ အနှိမ်ခံနေရတာတွေဟာ ဘာကြောင့်ဆိုတာ အားလုံးသိပြီးတဲ့ အတိုင်း အထွေအထူး ပြောနေစရာ မလိုတော့ပါဘူး။ ယနေ့ခေတ် လူငယ်လူရွယ်တွေ သိရှိနိုင်ဖို့ မြန်မာ့ဂုဏ်ဆောင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဦးသန့်ရဲ့ ရှားပါး ဗီဒီယိုဖိုင်ကို ရှာဖွေတင်ပြလိုက်ပါတယ်...။ ဒီမိုဝေယံ

မြန်မာ့လွတ်လပ်ရေးအတွက် အပြီးသတ်ကြိုးပမ်းခဲ့ရသော သမိုင်းဝင်နေ့ရက်များ




မြန်မာ့လွတ်လပ်ရေးကို အရယူလိုက်နိုင်သည့် သမိုင်းစာမျက်နှာ များစွာအနက်မှအချို့ကို (၆၂)မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အမှတ်တရ ထုတ်နှုတ် ဖော်ပြလိုက်ရပါသည်။  ၁၈၈၆ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံးအား ဗြိတိသျှတို့က သိမ်းပိုက်ခဲ့ပြီးနောက် နည်းမျိုးစုံဖြင့် လွတ်လပ်ရေးပြန်လည်ရရှိရန်အတွက် နှစ်ပေါင်းရှည်ကြာစွာ လက်ရုံးရည်၊ နှလုံးရည်ကြိုးပမ်းမှုများဖြင့် စွမ်းဆောင်ခဲ့ကြရာ ၁၉၄၂ ခုနှစ်တွင် ဂျပန်တို့၏ အကူအညီဖြင့် ဗြိတိသျတို့ကို မြန်မာ့မြေမှ တိုက်ထုတ်နိုင်ခဲ့ကြပေသည်။

ဆွန်ယက်ဆင် (၁၈၆၆-၁၉၁၂)

မူရင်းဆောင်းပါးရှင် ကျန်းလန်ရှင်းသည် တရုတ် နိုင်ငံသားဖြစ်ပြီး၊ ဗဟိုပညာရေးသိပ္ပံ အင်စတီကျု ၏ အယ်ဒီတာဘုတ်အဖွဲ့ဝင်၊ ပညာရေးသမိုင်း လေ့လာမှု တွဲဖက်ဒါရိုက်တာ၊ အကြီးတန်း သုတေသန ပညာရှင် ဖြစ်သည်။ ဆွန်ယက်ဆင်၏ ပညာရေး အမြင်များကို ပြုစုရေးသားရာတွင် ထွန်းတောက်ခဲ့သော တော်လှန်ရေးခေါင်းဆောင်ဘ၀၊ ဒီမိုကရေစီနှင့် သိပ္ပံနည်းကျ ပညာရေး၊ ဆွန်ယက်ဆင်၏ ပညာရေးဆိုင်ရာ တော်လှန်သော အယူအဆများ၊ ပြည်ပမှ ကျောင်းသားများကို ညီညွတ်စေခြင်း၊ ပညာရေး တန်းတူညီမျှမှု၊ ပညာရေးနှင့် ဖွံ့ဖြိုးရေး၊ ဆွန်ယက်ဆင်၏ ပညာရေးရှုထောင့်စုံ ဟူ၍ ခေါင်းစဉ်ငယ်များဖြင့် တင်ပြခဲ့ပါသည်။ ဘာသာပြန်သူအနေဖြင့် အပိုင်းလေးပိုင်း ခွဲတင်ပြမည်ဖြစ်ရာ အပိုင်း ၁ အဖြစ် ဆွန်ယက်ဆင်၏ ထွန်းတောက်ခဲ့သော တော်လှန်ရေး ခေါင်းဆောင်ဘ၀ အပိုင်းကို ဦးစွာ ဖော်ပြလိုက်ရပါသည်။ ဘာသာပြန်ဆိုသူ)

မြန်မာနိုင်ငံ ပညာရေးနိမ့်ကျသွားရခြင်းအကြောင်းနှင့် သမိုင်းတရားခံများ

ကိုလိုနီခေတ် ပညာရေးကို ကျွန်ပညာရေးဟု ခေါ်ခေါ်၊ ဘာပဲခေါ်ခေါ် ပညာရေးမှာ ကမ္ဘာ့အဆင့်ကို ကောင်းကောင်း မှီခဲ့ဖူပါသည်။ ကိုလိုနီခေတ်က ဘွဲ့ရခဲ့သူများသည် လွတ်လပ်ရေး ရပြီးနောက် ရန်ကုန်တက္ကသိုလ်တွင် ဆရာများ ဖြစ်လာခဲ့ကြသည်။ ဆရာများ၏ သင်ကြားပေးခြင်း ခံရသော တပည့်များမှာလည်း ကမ္ဘာ့အဆင့်ကို မီခဲ့ကြသည်။ ဦးနု အစိုးရက အင်္ဂလန်၊ အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျ၊ စသော နိုင်ငံများသို့ ပညာတော်သင်များ စေလွှတ်သည်။

Sunday, May 29, 2011

သမိုင်းသက်သေ မှတ်တမ်းပုံရိပ်များ

၁၉၈၈ အရေးအခင်းကာလ အတွင်းက ရိုက်တာ သတင်းဋ္ဌာနက ရိုက်ကူးထားတဲ့ မှတ်တမ်း ရုပ်သံမြင်ကွင်းများ

http://www.demowaiyan.co.cc/ ထိုစဉ်က လူထုဆန္ဒပြပွဲများ၊ ဦးစိန်လွင်၊ ဒေါက်တာမောင်မောင် ကြေငြာချက်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်တာဗျူးနဲ့ ဗိုလ်ချုပ်စောမောင်ရဲ့ အာဏာသိမ်း ကြေငြာချက် စသည်တို့ ပါဝင်တဲ့ ရှားပါး ရုပ်သံဖိုင်တွေပါ.... ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကြီးကို မမှီ၊မသိရှိလိုက်တဲ့ ယနေ့ခေတ် လူငယ်များ လေ့လာသိရှိနိုင်ဖို့ ရှာဖွေ တင်ပြလိုက်ပါတယ်... ဒီမိုဝေယံ

ဗုဒ္ဓဘာသာဝင် လူငယ်များအတွက် ဗုဒ္ဓဘာသာ မိတ်ဆက်

ဒီစာစုလေးကို ဗုဒ္ဓဘာသာဝင် လူငယ်များလို့ ခေါင်းစဉ်တပ်လိုက်ခြင်းဟာ တစ်ခြားဘာသာဝင် လူငယ်များနဲ့ ယှဉ်လိုက်ရင် ဗုဒ္ဓဘာသာဝင် လူငယ်များ အနေနဲ့ ကိုယ့်ဘာသာအကြောင်း ဘာမှဂဃဏန မသိဘဲ ဖြစ်နေလို့ သူတို့သူတို့လေးတွေကို ရည်ရွယ်ပြီး တင်ပြပေးလိုတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

Saturday, May 28, 2011

၁၉၆၀ခုနှစ်က ဝန်ကြီးချုပ်ဦးနုရဲ့ ပါလီမာန်ဒီမိုကရေစီ အစိုးရ ကျမ်းသစ္စာကျိန်ဆိုပွဲ မြင်ကွင်း (ရုပ်သံ)

၁၉၆၀ခုနှစ် ပါလီမာန်ဒီမိုကရေစီ အစိုးရ ကျမ်းသစ္စာကျိန်ဆိုပွဲ ရုပ်သံ... ဒေါင်းလုပ် လုပ်ချင်ရင်.. http://www.mediafire.com/?d9wvwba354a1faq ၁၉၅၈ခုနှစ် ကသမိုင်းတရားခံ ဦးနေဝင်းရဲ့ အိမ်စောင့် အစိုးရမှအာဏာ လွှဲပြောင်းရရယူပြီး ၂နှစ်အကြာ ၁၉၆၀ ဖေဖော်ဝါရီလမှာ ကျင်းပတဲ့ ရွေးကောက်ပွဲအတွင်း ဦးနုရဲ့ သန့်ရှင်း ဖဆပလ မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုနဲ့ ၁၉၆၀ခုနှစ် ဧပြီလ ၄ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ဝန်ကြီးချုပ်ဦးနု ဦးဆောင်တဲ့ အစိုးရသစ်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား ရုပ်သံပါ...။ သမ္မတက မန်းဝင်းမောင်ဖြစ်ပြီး ဝန်ကြီးချုပ်ဦးနု၊ နိုင်ငံခြားရေးဝန်ကြီး စော(၀်)ခွန်ချို၊ ဘဏ္ဍာရေးဝန်ကြီးဦးတင်၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး ဦးရာရှစ် စတဲ့ လူမှန်နေရာမှန် ဝန်ကြီးအဖွဲ့မှ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြပါတယ်...။ ပြည်တွင်း သတင်းထောက်များလည်း လွတ်လွတ်လပ်လပ်လပ် ဓာတ်ပုံ ရိုက်ယူ မှတ်တမ်းတင်ခွင့်ကို ရရှိခဲ့တာပါ..။ (ကြည့်ချင်ရင် Click) ပါလီမာန် ဒီမိုကရေစီခေတ် ကျမ်းသစ္စာ ကျိန်ဆိုပွဲနဲ့ ၂၀၁၁အာဏာရှင် ဒီမိုကရေစီခေတ် ကျမ်းသစ္စာ ကျိန်ဆိုပွဲနဲ့ ဘာတွေကွာနေသလဲ နှိုင်းယှဉ်ကြည့်ကြပါ..။ ယနေ့ခေတ်တံခါးပိတ် လွှတ်တော်နဲ့ တကယ့်ပြည်သူတွေ ရွေးကောက်တင်မြောက်ခဲ့တဲ့ လွှတ်တော် ဘာတွေကွာပါလဲ။ ရိုးရိုးလေးပါ ဘာအဆောင်အယောင်မှ မပါပါဘူး...။ ဘယ်သူမှလည်း ကျောက်ရုပ်တွေလို အသက်မရှိတဲ့လူတွေလို တစုံတရာကို ကြောက်ရွံနေရသလို လှုပ်ရှားသွားလာခြင်း မရှိကြပါဘူး။ ရုပ်သံထဲက ဝန်ကြီးချုပ်ဦးနု အိန္ဒိယကို ချစ်ကြည်ရေး မထွက်ခင်မှာ ရန်ကုန်လေဆိပ်ကို လိုက်ပါပို့ဆောင်ကြတဲ့ ဝန်ကြီးဦးဝင်း (ကွယ်လွန်သူ ခေတ်ပြိုင် အယ်ဒီတာ ဦးတင်မောင်ဝင်း ဖခင်) အပါအဝင် သံတမာန်များလိုက်ပါ ပို့ဆောင်ကြပါတယ်...။ ရုပ်သံ အဆုံးပိုင်းမှာ စစ်ယူနီဖောင်းနဲ့ သမိုင်းတရားခံ ဦးနေဝင်းကို မြင်တွေ့လိုက်ရတဲ့ အချိန်မှာတော့ ငါတို့တိုင်းပြည်တော့ မကြာခင်မှာ ရေတိမ်နစ် ရတော့မှာပါလားဆိုတာ တွေးမိရင်း စိတ်မသက်မသာ ဖြစ်ရပါတယ်...။ အရင်ခေတ်နဲ့ ပါလီမာန် ဒီမိုကရေစီခေတ်နဲ့ အာဏာရှင်ဒီမိုကရေစီခေတ် အခြေအနေတွေနဲ့ ကွာခြားချက်လေးတွေကို နှိုင်းယှဉ်ပြတာပါ...။ အမှန်အကန်နဲ့ အကြံအဖန် ပါလီမာန်နှစ်ခု မြင်ကွင်းပါ...။ ပြန်တမ်းတတယ် ဆိုတာထက် ကျွန်တော်တို့ နိုင်ငံမှာ လူတိုင်း ကိုယ်စီကိုယ်ငှ တန်းတူညီမျှ လူတန်းစေ့ နေထိုင် စားသောက်နိုင်ဖို့ ကောင်းမွန်တဲ့ စံနစ်တစ်ခုအတွက် ကျွန်တော်တို့အားလုံး ကိုယ်စီကိုယ်ငှမှာ တာဝန်ရှိကြောင်း တင်ပြလိုက်ရပါတယ်..။ အာဏာရှင် ဒီမိုကရေစီခေတ် ကျမ်းသစ္စာ ကျိန်ဆိုပွဲ ကိုဒီမိုဝေယံ ဆိုက်မှကူးယူဖေါ်ပြပါသည်။

ဗုဒ္ဓ၀ါဒီအကြောင်းတစေ့တစောင်း

ဗုဒ္ဓ၀ါဒီအကြောင်းတစေ့တစောင်းလို့ ခေါင်းစဉ်လေးတပ်ပြီးကတည်းက ကျနော့်လို သာမာန်ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့အနည်းငယ် သိသလို... မသိသေးသောသူများ အကယ်၍ ရှိခဲ့ပါက သိစေလိုသောစေတနာဖြင့် ဤစာစောင်လေးကို ရေးဖြစ်ခြင်းဖြစ်သည်။
ဗုဒ္ဓဘာသာတစ်ယောက်အနေဖြင့် ဗုဒ္ဓ၀ါဒကို ကျနော်နားလည်သလို ပြောရမယ်ဆိုရင် အကျဉ်းအားဖြင့် (၃)ချက်လောက်တော့ သိဖို့လိုအပ်ပါတယ်-
(၁) သဗ္ဗပါပဿ အ ကရဏံ = မကောင်းမှုမှန်သမျှကိုမပြုလုပ်ခြင်း
(၂) ကုသလဿူပ သမ္ပဒါ = ကောင်းမြတ်တဲ့ကုသိုလ်များကို မဖြစ်မနေလုပ်ဆောင်ခြင်း
(၃) သ စိတ္တ ပရိယောဒပနံ = မိမိစိတ်ကိုဖြူစင်စေခြင်း
ဧတံဗုဒ္ဓါနသာသနံ - အဲဒါတွေဟာ ဗုဒ္ဓရဲ့အဆုံးအမ (ဗုဒ္ဓ၀ါဒီ)တွေပါဘဲ အဲဒီ ဗုဒ္ဓရဲ့ဝါဒလမ်းစဉ်တွေကို လိုက်နာကျင့်သုံးသောသူတွေဟာ ဗုဒ္ဓ၀ါဒီတွေပဲ ဖြစ်ပါတယ်။
ဗုဒ္ဓ၀ါဒီလို့ဆိုပြန်တော့ ဗုဒ္ဓအကြောင်း အကျဉ်းအားဖြင့် သိဖို့လိုအပ်လာပြန်တယ်။ “ဗုဒ္ဓ”ဆိုသည်မှာ - သိသူ - အလုံးစုံကိုသိသောသူဟု ကျနော့အနေနဲ့ နားလည်ထားပါတယ်။ အဲဒီတော့ အလုံးစုံကိုသိရုံနဲ့မပြီးသေးဘဲ သူသိတာတွေကို သူတပါးအားလည်း သိအောင်တတ်အောင် ဟောပြောညွှန်ပြဆုံးမနိုင်တဲ့ ပုဂ္ဂိလ်ထူး ပုဂ္ဂိလ်မြတ်ဟု နားလည်ရပါမယ်။ ဗုဒ္ဓဘုရားရှင်သည် ဗုဒ္ဓဖြစ်ဖို့အရေးကို လွယ်လွယ်ကူကူနဲ့ဖြစ်လာခဲ့ရသည် မဟုတ်ပါ။ ဘ၀ပေါင်းအသင်္ချေနှင့် ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းဖြင့် ပါရမီတော်တွေကို ဖြည့်ကျင့်ခဲ့ရပါတယ်။ နောက်ဆုံးဘ၀ဖြစ်သော သိဒ္ဓတ္တမင်းသား ဘ၀မှာတောင်မှ ဖခင်ဖြစ်တဲ့ သုဒ္ဓေါဓနမင်းကြီးက သားတော်ကို ဘုရားမဖြစ်စေချင်ပဲ စင်္ကြာဝတေးမင်း သာ ဖြစ်စေလိုတဲ့ဆန္ဒကြောင့် သားတော်ဘုရားဖြစ်မည့်အရေးကို အမျိုးမျိုးတားဆီးနှောက်ယှက် ကန့်ကွက်ဖျက်စီးခဲ့ပါတယ်။ သို့သော်လည်းပဲ ဘုရားအလောင်းတော်ဖြစ်သည့် သားတော်သည် ဘ၀ပေါင်း အသင်္ချေက ဖြည့်ကျင့်ခဲ့သော ပါရမီတွေရဲ့အဟုန်ကြောင့် သက်တော် ၂၉နှစ်အရွယ်၌ ထီးနန်း စည်းစိမ်နှင့်တကွ သားမယားတို့ကိုပါ စွန့်ခွာပြီး တောထွက်တော်မူခဲ့ပါတယ်။
တောထွက်ပြီး တရားကျင့်ကြံလိုက်တာ ၆နှစ်တာကာလမှာ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါတယ်။ ဘုရားအဖြစ်သို့ ရောက်ရှိကာစ ပထမ၀ါ၌ ဗာရာဏသီပြည်အနီး ဣသိပတနမိဂဒါရုံမှာ ပဉ္စ၀ဂ္ဂီငါးဦးကို ဟောပြောခြွေချွတ် သွန်သင်ပြသပြီး သာသနာ့ဘောင်သို့ သွတ်သွင်းတော်မူခဲ့ပါတယ်။ အဲဒီနောက် သူဌေးသား ယသ၊ ၀ိမလ၊ သုဗာဟု၊ ပုဏ္ဏဇိ၊ ဂ၀မ္ပတိ စတဲ့ ခေါင်းဆောင်ငါးဦးနှင့်အတူ နောက်လိုက် ၅၀ တို့ကိုလည်း ဟောပြောညွန်ပြကာ မြင့်မြတ်သော သာသနာ့ဘောင်သို့ သွတ်သွင်းခဲ့ပါတယ်။ အဲဒီ ပထမ၀ါမှာ ပဉ္စ၀ဂ္ဂီငါးဦး၊ သူဌေးသားငါးဦး။ နောက်လိုက် ၅၀ စုစုပေါင်း သံဃာ ၆၀ ရခဲ့ပါတယ်။
ဘုရားရှင်တစ်ပါးတည်းဖြင့် စတင်ခဲ့သော ဤသာသနာတော်ကြီးသည် ဘုရားရှင် ပရိနိဗ္ဗာန်စံသည့် အချိန်တွင် ဘုရားရှင်၏ ဈာပါနကို လာရောက်ဖူးမျှော်ကြသော သံဃာအရေအတွက်သည် (၇)သိန်း ရှိပြီး အကြောင်းကြောင်းကြောင့် ကြွမလာနိုင်တဲ့ သံဃာတော်များနဲ့ ပေါင်းလိုက်လျှင် (၈)သိန်းခန့်ထိ ရှိခဲ့ပါသည်။
ဘုရားရှင်သက်တော်ထင်ရှား ရှိစဉ်အခါမှစ၍ ယခုအချိန်ထိဆိုလျှင် သာသနာနှစ်ပေါင်း (၂၅၅၁)နှစ် ရှိခဲ့ပြီ ဖြစ်ပါသည်။ ယခုသာသနာနှစ် (၂၅၅၁)နှစ် မြန်မာသက္ကရာဇ် (၁၃၆၉)ခုနှစ်မှာဆိုလျှင် မြန်မာပြည်ရှိ သံဃာအရေအတွက်ဟာ (၄)သိန်းခွဲခန့်ရှိပြီး ယိုးဒယားရှိ သံဃာ (၁သိန်း၂သောင်း)၊ သီဟိုဍ္ဍ်ရှိသံဃာ (၃သောင်း)၊ လာအိုနှင့် ကမ္ဘောဒီးယား (၅သောင်း) စုစုပေါင်း ထေရ၀ါဒ သံဃာ (၆သိန်းခွဲ) ခန့်ရှိနေပါတယ်။ အဲဒီအထဲမှာ မြန်မာပြည်ရှိသံဃာအရေအတွက်ဟာ အများဆုံးဖြစ်တဲ့ အတွက် မြန်မာပြည်ဟာ သာသနာ့ခံတပ်ပဲဆိုတာ ယုံမှားဖွယ်ရာမရှိပါဘူး။ အဲဒီလိုသာသနာ အထွန်းကားဆုံး အခိုင်မာဆုံးဖြစ်တဲ့ ယနေ့မြန်မာပြည်မှာ လက်ရှိနအဖအစိုးရကြောင့် ပျက်စီးဆုံးရှုံးဖို့ အခြေအနေတွေဖြစ်လာပါပြီ။
ဒါကြောင့် မိမိတို့အနေဖြင့် ဗုဒ္ဓ၀ါဒီစစ်စစ်လို့ ခံယူကြတယ်ဆိုရင် သာသနာ့တာဝန်ကို ခက်ခဲပင်ပန်းစွာ ထမ်းရွက်နေကြတဲ့ ရှင်ရဟန်းတို့ကို အထူးစောင့်ရှောက်ကြ၊ ကာကွယ်ကြရပါမယ်။ ပြီးခဲ့တဲ့ ဆန္ဒပြရက် (၁၇ စက်တင်္ဘာ ၂၀၀၇) မှ (၂၉ စက်တင်္ဘာ ၂၀၀၇)နေ့ထိ ဆန္ဒပြခဲ့ကြတဲ့ သံဃာတွေကို နအဖအစိုးရ သတင်းထုတ်ပြန်တဲ့နေရာမှာ မြန်မာပြည်ရှိသံဃာအားလုံးထဲမှ (၂ ရာခိုင်နှုန်း) သာရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့ ဆန္ဒပြရက်တွေအတွင်း မြင်တွေ့ခဲ့ရသော သံဃာတော်တွေဟာ ရန်ကုန်တစ်မြို့ထဲမှာတင် သိန်းနဲ့ချီရှိပြီး သံဃာအများဆုံး ရှိတဲ့ မန္တလေး၊ နောက် ရခိုင်ပြည်နယ်သံဃာများနဲ့ အခြားမြို့ကြီး မြို့လေးများမှာရှိတဲ့ သံဃာတော်များလည်း ပါဝင်ခဲ့ကြလို့ နအဖဘက်ကိုလိုက်တဲ့ သံဃာကလွဲရင် မြန်မာပြည်ရှိ သံဃာအားလုံးနီးပါး ပါဝင်ခဲ့ကြပါတယ်။ ဒါကို နအဖက မျက်နှာပြောင်ပြောင်နဲ့ (၂ ရာခိုင်နှုန်း)ကလွဲရင် ကျန်တဲ့ သံဃာတွေဟာ အတုတွေပါလို့ စွပ်စွဲလိုက်တာနဲ့ အတူတူပါဘဲ။
တဆက်တည်းမှာပဲ ကျောင်းတိုက်များစွာကို ၀င်ရောက်ဖျက်စီးပြီး သံဃာတော်တွေကို ဖမ်းဆီး ချုပ်နှောင် နှိပ်စက်ညှင်းပန်း သတ်ဖျက်ခဲ့ကြပါတယ်။ လူဝတ်လဲတဲ့ သံဃာတော်တွေကို လူဝတ်လဲပြီးရင် ရဲဖက်စခန်း၊ ထောင်စသည်တို့ကို ပို့လိုက်ကြပါတယ်။ အဲဒီဖမ်းဆီးထားတဲ့ သံဃာတွေကို အတုတွေပါလို့လည်း ပြောသေးတယ် နောက်ပြီး အဓမ္မလူဝတ်လဲ သိက္ခာချ လုပ်နေတယ်ဆိုတာ သံဃာတုတွေမဟုတ်ပါဘူး။ သံဃာအစစ်တွေပါလို့ ၀န်ခံတာနဲ့အတူတူပါပဲ။ ဒီကြားထဲ နအဖ ဗိုလ်ချုပ်ကြီးတွေက ဗုဒ္ဓ၀ါဒီလို့အမည်ခံလိုက်ချင်သေးတယ်။ ဗုဒ္ဓ၀ါဒီစစ်စစ်အမှန်တကယ် ဖြစ်ခဲ့တယ်ဆိုရင် အထက်မှာ ဆိုခဲ့သလို “မကောင်းမှုမှန်သမျှကို မပြုလုပ်ခြင်း” လို့ဆိုထားပါတယ်။ ဒါကို အလွယ်ဆုံးကျနော့် အနေနဲ့ နားလည်ရမယ်ဆိုရင် ကိုယ့်ကိုကိုယ်နဲ့ နှိုင်းပြီး ကိုယ်ချင်းစာကြည့် စေချင်ပါတယ်။
ဥပမာ - နအဖဗိုလ်ချုပ်ကြီးများအနေနဲ့ ကိုယ့်မိဘ ကိုယ့်ညီအစ်ကိုမောင်နှမ ကိုယ့်သားမယားတွေကို သူတပါးက မတရားဖမ်းဆီး ချုပ်နှောင်နှိပ်စက် ညှင်းပန်းသတ်ဖျက်နေမယ်ဆိုရင် ခံနိုင်ပါ့မလား။ သွေးရူးသွေးတန်းနဲ့ ဘာမှ မစဉ်းစားပဲ ဗုဒ္ဓ၀ါဒီအမည်ခံပြီး ကိုယ်ချင်းစာစိတ်ကင်းစွာနဲ့ ဗုဒ္ဓ၀ါဒီတို့ရဲ့ အထွတ်အမြတ်ဖြစ်တဲ့ ဘုရားသားတော်တွေနဲ့တကွ ကျောင်းသားပြည်သူတွေကိုပါ ရက်ရက်စက်စက် ညှင်းပန်း သတ်ဖြတ်နေတာဟာ ဗုဒ္ဓ၀ါဒီတို့ရဲ့ လမ်းစဉ်နဲ့ လားလားကြီးဆန့်ကျင်နေတယ်ဆိုတာ ထင်ရှားပါတယ်။ အယောင်ပြလှူတန်းနေခြင်းသည် ဗုဒ္ဓ၀ါဒီစစ်စစ်မဟုတ်ပါ။
“ကောင်းတဲ့ကုသိုလ်တရား” မှန်သမျှကို လုပ်ကိုလုပ်ရမယ်ဆိုတဲ့နေရာမှာလည်း အလွယ်ဆုံးနားလည် ရမယ်ဆိုရင် ကုသိုလ်(ကုသလ) = အပြစ်ကင်းစင်ခြင်းတဲ့... အဲဒီတော့ ဒါန၊ သီလ၊ ဘာဝနာ စတဲ့ ကောင်းမှုကုသိုလ်တွေကို ပြုရပါမယ်။ နအဖ ဗိုလ်ချုပ်ကြီးတွေကတော့ ဒါနတွေတော့ပြုပါတယ် (အယောင်ပြ)။ ဒါပေမယ့် ဘာဝနာကို မပြောနဲ့ သီလဆိုတာကို လုံးလုံးမရှိလို့ ဗုဒ္ဓ၀ါဒီစစ်စစ်မဟုတ်ဘူး ဆိုတာ ပေါ်လွင်ပြန်ပါတယ်။
“မိမိစိတ်ကို ဖြူစင်စေခြင်း” ဆိုတဲ့ နေရာမှာလဲဘဲ သီလတွေဆောက်တည်၊ ဘာဝနာတွေ ကျင့်ကြံမှသာ စိတ်တွေဖြူစင်လာမှာပါ။ နအဖ ဗိုလ်ချုပ်ကြီးတွေအနေနဲ့ တိုင်းပြည်တာဝန်တွေ ထမ်းနေရတာ ကြီးလေးများပြားလွန်လို့ ဘာဝနာတရားတွေကို ကျင့်ကြံချိန်မရဘူးပဲ ထားပါတော့ သီလ ဆောက်တည်လို့ရပါတယ်။ သီလရှိပြီး ယောနိသောမနသိကာရ လို့ခေါ်တဲ့ သင့်တော်မှန်ကန်အောင် နှလုံးသွင်းမယ်ဆိုရင်လည်း စိတ်ဟာအတော်လေး ဖြူစင်နိုင်ပါတယ်။ စိတ်ဖြူစင်တဲ့လူတွေလုပ်တဲ့ လုပ်ရပ်တွေ၊ ပြောတဲ့စကားတွေကမှ မှန်ကန်နိုင်မှာပါ။ အခု နအဖရဲ့လုပ်ရပ်တိုင်း၊ ပြောတဲ့စကား အခွန်းတိုင်းဟာ စိတ်မဖြူစင်တဲ့လူ (စိတ်ယုတ်မာရှိတဲ့လူတွေ) လုပ်တဲ့လုပ်ရပ်နဲ့တစ်ထပ်တည်း ဖြစ်နေတဲ့အတွက် ဗုဒ္ဓ၀ါဒီတို့ရဲ့ လမ်းစဉ်နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ပြီးသားဖြစ်နေပြန်ပါတယ်
ဒါကြောင့်မို့လို့...
(၁) မကောင်းမှု မှန်သမျှကို မပြုလုပ်ခြင်း
(၂) ကောင်းမြတ်တဲ့ ကုသိုလ်များကို မဖြစ်မနေလုပ်ဆောင်ခြင်း
(၃) မိမိစိတ်ကို ဖြူစင်စေခြင်း
ဆို့တဲ့ အကျင့်တရားတွေကို လိုက်နာကျင့်သုံးပါမှ ဗုဒ္ဓ၀ါဒီ စစ်စစ်မည်ပေသည်။
မြန်မာပြည်မှာ ပိဋကတ်သုံးပုံဆောင်နိုင်တဲ့ သံဃာတော်များ (၁၁)ပါးထိ ပေါ်ထွန်းခဲ့ပါတယ်။ ဤမျှ များပြားသော ပိဋကတ်သုံးပုံဆောင်ခဲ့သော သံဃာတော်များပေါ်ထွန်းစေရန် အချိန်များစွာ စောင့်ခဲ့ရပါတယ်။ ဤမှခဲယဉ်းစွာ၊ အချိန်များစွာပေးခဲ့ရသော ဆောင်ရွက်ခဲ့ရသော သာသနာတော်ကြီးသည် နအဖ စစ်အစိုးရ၏ လက်ချက်ဖြင့် အလွယ်တကူနှင့် ပျောက်ပျက်သွားရန် မသင့်တော်ပါ။ ထို့ကြောင့် ဗုဒ္ဓ၀ါဒီ ပုဂ္ဂိုလ်အားလုံးတို့သည် မိမိတို့ စွမ်းနိုင်သ၍ အသက်ပေးကာ သာသနာတော်ကြီး မပျက်သုန်းရေးအတွက် ၀ိုင်းဝန်း၍ ကာကွယ်စောင့်ရှောက်ကြရမည် ဖြစ်ပါသည်။

ဗုဒ္ဓ၀ါဒီဖိုးကျော်

အဓမ္မတရားကို အသက်ပေးအာခံခဲ့သူ အာဇာနည်အရှင်မြတ် ဦးဝိစာရ

အဓမ္မတရားကို အသက်ပေးအာခံခဲ့သူ အာဇာနည်အရှင်မြတ် ဦးဝိစာရ
မိမိယုံကြည်သက်ဝင်ရာ ဘာသာ၊ သာသနာအတွက် အသက်ပေးဆပ်ဝံ့သူ မိမိလူမျိုးတို့ မ
တရားမင်းလက်အောက်တွင် ဘာသာ၊ သာသနာ အပါအ၀င် လူနေမှုဘ၀ အဖက်ဖက်မှ
နိမ့်ပါးဆိုးရွားနေချိန်တွင် မိမိ၏ သီလ၊ သိက္ခာကို စောင့်ထိန်းပြီး သာသနာနှင့်လူမျိုးအ
တွက် အစာငတ်ခံကာ အဓမ္မတရားကို အသက်ပေးအာခံခဲ့သူမှာ အာဇာနည်အရှင်မြတ်
ဦးဝိစာရပင်ဖြစ်သည်။
အကျင့်ထူးရှိသူ ဟု အဓိပ္ပာယ်ရသော ရဟန်းဘွဲ့ပိုင်ရှင် ဦးဝိစာရကို ဦးပြားနှင့် ဒေါ်ဇလပ်တို့
မှ မုံရွာခရိုင်၊ ချောင်းဦးမြို့အပိုင် ကမ်းနိမ့်ရွာတွင် မြန်မာသက္ကရာဇ် ၁၂၅၀ (ခရစ်နှစ် ၁၈၈၈)
တန်ခူးလပြည့်ကျော် ၆ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်ခဲ့သည်။
ဉာဏ်ရည်ထက်မြတ်ခြင်း၊ လုပ်ရည်ကိုင်ရည်ရှိခြင်း၊ အများအကျိုးဆောင်ရွက်တတ်ခြင်းတို့
ကြောင့် ဦးဝိစာရလောင်းလျာ မောင်လှကျော်သည် အသက် ၁၈ နှစ်အရွယ်တွင် ပထမ
အိမ်ထောင်ကျခဲ့သည်။ အဆင်မပြေဖြစ်ပြီးနောက် ဒုတိယအိမ်ထောင်ပြုခဲ့ပြန်သည်။ သို့
သော် လူ့လောက၊ လူ့ဘ၀ကြီးကို ငြီးငွေ့လျှက် ရဟန်းခံလိုသော မောင်လှကျော်သည် အ
သက် ၂၃ နှစ်အရွယ်တွင် မိဘများနှင့် ဇနီးသည်တို့ကို ခွင့်တောင်းကာ ရဟန်းဘောင်သို့
ဝင်ခဲ့သည်။
ဦးဝိစာရ၏ အမျိုးသားရေးစိတ်ဓါတ်သည် ၁၂၈၀ ( ၁၉-- ) ပြည့်တွင် မန္တလေးအိမ်တော်ရာ
ဘုရားပွဲတော်ကြီးသို့ အင်္ဂလိပ်လူမျိုး၊ မန္တလေးရာဇ၀တ်ဝန် မစ္စတာ စတီးဝပ်ဆိုသူသည်
နောက်ပါပုလိပ်များခြံရံကာ ဘုရားရင်ပြင်ပေါ်သို့ ဖိနပ်ခြေနင်းများစီး၍ တတ်ရောက်သည်
ကိုကြုံရပြီး နိုးကြားခဲ့ရသည်။
ဦးဝိစာရသည် ၁၂၈၂ ( ၁၉-- ) လောက်တွင် ပခုက္ကူမှနေ၍ သံဃာ့သမဂ္ဂအဖွဲ့သို့ဝင်ပြီး မ
လှိုင်၊ ပန်းအိုင် နယ်တွင် အစိုးရတို့၏ မြေအခွန်တော်သစ်နှင့်ပတ်သက်ပြီး နိုင်ငံရေးတရား
ဟောကြားခဲ့သည်။ အစိုးရအကြည်အညိုပျက်အောင် ဟောပြောမှုကြောင့်ဆိုကာ ဦးဝိစာရ
နှင့် ဦးပုည ကိုယ်တော်နှစ်ပါးအား ထောင်ဒဏ် ( ၆ ) လစီ အပြစ်ပေးခဲ့ကြသည်။
ဆရာတော်ဦးဝိစာရသည် ၁၉၂၆ မှ စတင်ကာ အင်္ဂလိပ်အစိုးရ၏ အာဏာဖီစံမှု ဥပဒေပုဒ်မ
ဖြင့် ထောင်ဒဏ်အကြိမ်ကြိမ်အပြစ်ပေး ခံခဲ့ရသည်။ သာယာဝတီထောင်နဲ့အကျဉ်းကျနေ
စဉ် ဦးဝိစာရက ၁ ၊ ၂ ၊ ၁၉၂၇ ဥပုဉ်နေ့တွင် ဗုဒ္ဓဘာသာရဟန်းတော်တို့၏ ၀ိနည်းသိက္ခာပုဒ်
နှင့်အညီ သိမ်တစ်ခုခုသို့ ကြွရောက်ဥပုဉ်ပြုနိုင်ရန် စီစဉ်ပေးစေလိုကြောင်း အရေးပိုင်ထံသို့
စာတစ်စောင်ရေးသားပေးပို့လိုက်သည်။ အာဏာပိုင်တို့က ခွင့်မပြုခဲ့သဖြင့် ဆွမ်းဘုန်းမပေး
ပဲ အစာငတ်ခံ ဆန္ဒပြ အရေးဆိုတော့သည်။
အာဏာပိုင်တို့က ရန်ကုန်ထောင်ကြီးသို့ ပို့ဆောင်ခဲ့ပြီး ဦးဝိစာရသည် ဆက်လက်အစာငတ်
ခံ ဆန္ဒပြခဲ့ရာ ရက်ပေါင်း ( ၄၀ ) မြောက်နေ့တွင်မှ ထောင်အာဏာပိုင်တို့က ဥပုဉ်ပြုခွင့်ကို
အလျော့ပေးလိုက်သဖြင့် ဆွမ်းပြန်စားခဲ့သည်။ ၁၉၂၇ မေလ တွင် အင်းစိန်ရုံးက ဆရာ
တော်ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ နှစ်နဲ့ ၉ လ အပြစ်ပေးကာ ရန်ကုန်ထောင်ကြီးသို့
ပို့လိုက်သည်။ အကျဉ်းသားဖြစ်သည်နှင့်တပြိုင်နက် သင်္ကန်းများချွတ်၍ ထောင်ဝတ်လဲရ
မည်ဟု ထောင်အာဏာပိုင်များက ဆိုသောအခါ ငြင်းဆန်ခဲ့သည်။ နောက်ဆုံးအင်္ဂလိပ်အ
ရာရှိ ၄ ယောက်၏ သင်္ကန်းဆွဲချွတ်ခြင်းကို ခံခဲ့ရသော်လည်း ထောင်အ၀တ်အစားကို မ
ဝတ်ပဲ ဗလာကိုယ်လုံးတီးသာ သီတင်းသုံးခဲ့သည်။
ဤကဲ့သို့ သင်္ကန်းချွတ်ခံလိုက်ရသောအခါ ဦးဝိစာရသည် မိစ္ဆာအစိုးရတို့ကား ဗမာပြည်နှင့်
လူမျိုးတို့ကို ၎င်းတို့၏ခြေထောက်အောက် ထားရုံအားမရသေးပဲ ဗုဒ္ဓဘုရားရှင်တို့၏ သာသ
နာတော်ကြီးကိုပါ လက်တွေ့ဖျက်ဆီးကြလေသည် တကားဟုဆိုကာ မျက်ရည်မဆယ်နိုင်
ချုန်းပွဲချ ငိုကြွေးတော်မူခဲ့သည်။
သို့ရာတွင် မိစ္ဆာအစိုးရတို့သည် ထောင်အပ၍ အမျိုးမျိုးသော ဖိနှိပ်ချုပ်ချယ်ရေး ဥပဒေပုဒ်
မများဖြင့် ရဟန်းတော်များအား တရားမဲ့ ဖမ်းဆီး၊ အပြစ်ပေးရုံမက ထောင်အတွင်း၌လည်း
မြတ်စွာဘုရား ခွင့်ပြုသတ်မှတ်ပေးအပ်တော်မူသော ၀တ်ရုံသင်္ကန်းကို အတင်းအဓမ္မချွတ်၍
ထိပါးစော်ကားခံနေရခြင်းကြောင့် သာသနာတော်ကြီးသည် မကြာခင် ပျက်ဆီးရတော့မည်။
ငါတို့သည် ဤသို့ငိုကြွေးနေရုံဖြင့် သာသနာ့ဆူးရန်များသည် သူု့အလိုအလျောက်ကင်းစင်
ကွယ်ပျောက်သွားလိမ့်မည်မဟုတ်ပေ။
ရှေးသရောအခါက ပါဋလိပုတ်ပြည်သား ရဟန်းသူမြတ်များသည် သာသနာ့ဘေးရန် အန္တ
ရာယ်ကြီး ဆိုက်ရောက်လာသောအခါ အသက်အသေခံကာ သာသနာတော်အတွက် အ
သက်ပေးလှူတော်မူခဲ့ကြသည့် ထုံးဟောင်း သာဓကကို များစွာသတိရ ဆင်ခြင်မိသဖြင့်
ငါသည်လည်း ထိုနည်းတူစွာ အမျိုးဘာသာ၊ သာသနာတော်ကြီးအတွက် အသက်စွန့်လွှတ်
တော့မည်။ ရန်သူ့အလိုကျ လူဖျင်း၊ လူညံ့တို့၏ ဓလေ့စရိုက်ကဲ့သလို့ အဓမ္မမင်းတို့အား ၀န်
ချတောင်းပန်ခြင်း၊ သာသနာ့တံခွန်သင်္ကန်းချွတ်၍ ထောင်အ၀တ်လဲလှယ်ခြင်းကိုလည်း
ကောင်း အလျော့ပေးအညံ့ခံ၍ ငါတစ်ကိုယ်တည်းအတွက် လုံးဝမရှာကြံလို။ မည်သို့ပင်
ညှင်းပန်းနှိပ်စက်ကြ၍ ကာယဒုက္ခဝေဒနာကို ခံစားရပါစေ၊ ခန္တီပါရမီကို ဆောက်တည်၍
ဆွမ်းဘုန်းမပေးပဲ အသက်ဇီဝိန်ချုပ်သည်အထိ အားလုံးသော ထောင်တွင်းရောက် သံဃာ
တော်များနှင့် သာသနာတော်ကြီး၏အကျိုးစီးပွားကို ရှေ့ရှု၍ အစာငတ်ခံရန် အဓိဌာန်ပြုအံ့
ဟု စိတ်ပိုင်းဖြတ်ကာ ဆွမ်းမစားတော့ပေ။
အစားမစားပဲ ရက်ပေါင်း ၄၀ ကျော်လာသည့်အတွက် ဦးဝိစာရခင်ဗျာ ဂုံနီခင်းအိပ်ရာပေါ်
တွင် ဗုန်းဗုန်းလဲတော့သည်။ ထို့နောက်ဆရာတော်ကို တံတားလေးစိတ်ရောဂါအထူးကု
ဆေးရုံသို့ ၁၉၂၈ နေ့တွင် ပို့လိုက်ပြီး နည်းပေါင်းစုံဖြင့် နှိပ်စက်ညှင်းပန်း ဆဲရေးကြသည်။
ထို့နောက်ဆရာတော်အား သင်္ကန်းပြန်ပေးအပ်လိုက်ပြီး ၁၉၂၈ တွင် အိန္ဒိယပြည် မေဒနီ
ထောင်သို့ပို့ခဲ့သည်။ ၁၈ ရက် ၂ လ ၁၉၂၉ တွင် ရန်ကုန်ထောင်သို့ ပြန်ပို့ပြီး နောက်ပိုင်း ဆ
ရာတော်အား လွှတ်လိုက်သည်။
မဟတ္တမဂန္နီကြီး၏ အကြံပေးတိုက်တွန်းချက်နှင့် အိန္ဒိယအမျိုးသားကွန်ဂရက်ကြီးမှ ဆေး
ဝါးကုသပေးရန် စီစဉ်ဖိတ်ကြားချက်အရ ဦးဝိစာရသည် ၆ ရက် ၄ လ ၁၉၂၉ တွင် အိန္ဒိယ
သို့ကြွရန် သင်္ဘောဆိပ်အဆင်းတွင် သုံးခွမြို့၌ ဟောပြောသောတရားများသည် အစိုးရ
အကြည်ညိုပျက်စေသောကြောင့် ပုဒ်မ ၁၂၄ ( က ) အရ တတိယအကြိမ် အဖမ်းခံရပြန်
သည်။
ရန်ကုန်ထောင်တွင် အကျဉ်းကျခိုက် နိုင်ငံရေးသမားများကိုထားလေ့ရှိသော အထူးခန်း၌
နေခွင့်ပြုရန်တောင်းဆိုရာမရသဖြင့် အစာငတ်ခံဆန္ဒပြခဲ့ပြန်သည်။ ထောင်အာဏာပိုင်များ
မှတစ်ဆင့် မြန်မာပြည်ဘုရင်ခံထံသို့ ထပ်မံ၍တောင်းဆိုချက် ၃ ချက်ကို တောင်းဆိုလိုက်
သည်။ ၎င်းတို့မှာ - - -
( ၁ ) ထောင်ဒဏ်အပြစ်ပေးခံရသော ရဟန်းတော်များအား သင်္ကန်းဝတ်ခွင့်ပေးရန်
( ၂ ) ထောင်အတွင်း၌ ၀ိနည်းတော်အရ တစ်လ ၂ ကြိမ် ဥပုဉ်နေ့တိုင်း ဥပုဉ်ပြုခွင့်ပေးရန်
( ၃ ) နိုင်ငံရေးရာကိစ္စများနှင့်ပတ်သက်၍ ထောင်အတွင်းရောက် ရဟန်းများအား ထိုက်
တန်သောသတင်းသုံးခွင့်ပြုရန် တို့ဖြစ်သည်။
သို့သော်အာဏာပိုင်တို့က မလိုက်လျောခဲ့သဖြင့် ဆရာတော်သည် ရဟန်းတို့ဆောက်
တည်အပ်သော ပါတိမောက္ခသံဝရသီလ ပျက်ဆီးမည်ကို စိုးရိမ်၍ အသက်ကို အသေခံခြင်း
ကသာ မြတ်သည်ဟု ဆုံးဖြတ်ပြီး အစာငတ်ခံကာ သပိတ်မှောက်ခြဲ့ပန်သည်။
ဆရာတော်အမှုကို ရုံးတင်သောနေ့ ၁၈ ရက် ၆ လ ၁၉၂၉ တွင် ဆရာတော်ဆွမ်းဘုန်းမပေး
သည်မှာ ၈၁ ရက်ရှိပြီဖြစ်၍ မထနိုင်သောကြောင့် ဟံသာဝတီစက်ရှင် တရားသူကြီးသည်
ထောင်အတွင်းသို့ ၀င်ရောက်ကာ ဦးဝိစာရအား တစ်ကျွန်းပို့အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၆
နှစ် အပြစ်ပေးလိုက်သည်။ သင်္ကန်းကိုအတင်းချွတ်ယူကြသဖြင့် ခါးတွင်အ၀တ်မရှိသာ ပက်
လက်သာ သတင်းသုံးနေခဲ့ရရှာသည်။
ဦးဝိစာရနှင့်ပတ်သက်၍ သိရှိရန် ၁၇ ရက် ၈ လ ၁၉၂၉ နေ့တွင် ၀ံသာနုသတင်းစာတိုက်မှ
ကိုယ်စားလှယ်များသည် ထောင်အတွင်းသို့ ၀င်ရောက်ဖူးမျှော်ကြသောအခါ အရိုးနှင့်အရေ
မျှသာကျန်၍ အားအင်လုံးဝကုန်ခမ်းနေသော ဆရာတော်ဦးဝိစာရကို တွေ့ရ၍ အလွန် စိတ်
ထိခိုက် တုန်လှုပ်ခဲ့ရသည်။
ဝံသာနုသတင်းစာတိုက်မှတကာများကို ဆရာတော်က ပက်လက်နေရာမှမိန့်ကြားရာတွင် -
သာသနာတော်အရေးအခွင့်အတွက် ပါဋလိပုတ်ပြည် ရဟန်းတော်များ အသက်စွန့်လွှတ်
တော်မူခဲ့ကြဖူးသည့် လမ်းစဉ်အတိုင်း ငါတို့သည်လည်း အသက်စွန့်လွှတ်၍ မြတ်သော
အဓိဌာန်ပါရမီကို ပြည့်မြောက်အောင် ဆောက်တည်လျက်နေခြင်းဖြစ်ကြောင်း၊ ယခုအ
တိုင်းဆိုလျှင် ဥပုသ် ၂ ပတ်မျှသာ ငါ၏အသက်နှင့်ခန္ဓာတွဲရှိနေနိုင်တော့မည်။ သာသနာ
တော်၏ မျက်နှာကိုထောက်ထား၍ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာအတွက် ကြိုးစား
ဆောက်ရွက်ကြပါ - ဟု မိန့်တော်မူခဲ့လေသည်။
ဝံသာနုသတင်းစာမှ ၎င်းတို့တွေ့မြင်ကြားသိခဲ့ရသမျှကို တိုင်းပြည်သို့ ပြန်လည်အသိပေး
ရေးသားတင်ပြခဲ့သဖြင့် လွှတ်တော်အပါအ၀င် ရဟန်းရှင်လူများအားလုံး မခံမရပ်ဖြစ်လာ
ကြသည်။
ရန်ကုန်အကျဉ်းထောင်အတွင်း ဆွမ်းမသုံးဆောင်ပဲ နေခဲ့သည်မှာ ရက်ပေါင်း ၁၄၀ ကျော်
ကြာပြီးဖြစ်၍ ဝေဒနာအပြင်းအထန် ခံစားရသည်ဟု သတင်းရ၍ အထူးသံဃာ့အကျိုး
ဆောင် တာဝန်ခံ တွံတေးကျောင်းဆရာတော် ဦးကေတုနှင့်အတူ ဦးစိုးသိန်း ( ဂျီစီဘီအေ )
နှင့် အာလံဦးလာဘတို့သည် ထောင်အတွင်း ၀င်ရောက်ကြည်ညိုခွင့်ရခဲ့သည်။
ဦးကေတုနှင့် ဦးလာဘတို့သည် မမြင်ရက် မကြည့်ရက်နိုင်အောင် ပုံပန်းသဏ္ဍာန် ယိုယွင်း
ပျက်ဆီးနေရှာပြီဖြစ်သော ဦးဝိစာရ၏ နားအနီးကပ်၍ တပည့်တော်တို့ လာရောက်ကြည့်ရှု ပါသည်ဟု လျှောက်ထားရာ မျက်လုံးအိမ်ကို အနိုင်နိုင်ဖွင့်ကာ အားယူ၍ လေသံတိုးတိုးဖြင့်
မျက်…. မှန်… အ… လှူ… ခံ …. ပါ။ သဗ္ဗအာပတ္တိ …. ယော … အာ …. ရော …. စ …
ယာ…. မိ ...။ တိုင်း …. ပြည် … ကို …. လိမ် …. မာ … ရစ် … ကြ …. ပါ … လို့ …. မှာ…
ကြား… လိုက် … ပါ … တယ် - ဟု နောက်ဆုံးမိန့်ကြားခဲ့ပါတယ်။
အရှင်မြတ်ဦးဝိစာရသည် ဗုဒ္ဓဘာသာရဟန်းတော်များ၏ ၀ိနည်းသိက္ခာပုတ်နှင့်အညီ ရသင့်
ရထိုက်သော ထောင်တွင်း အခွင့်အရေးများကို အာဇာနည်ပီပီ ဇွဲကြီးကြီးဖြင့် ရက်လ ရှည်
ကြာစွာ အစာငတ်ခံတိုက်ပွဲဝင်နေရာမှ ၁၆၆ ရက်မြောက်သော ၁၉ ရက် ၉ လ ၁၉၂၉ ၊
ကြာသပတေးနေ့ည ၈ နာရီ ၂၀ မိနစ်အချိန်တွင် ရန်ကုန်ထောင်ကြီးအတွင်း၌ ပြန်လွန်
တော်မူခဲ့သည်။
သက်တော် ၄၁ နှစ်အရွယ်တွင် ရဟန်းတော်များထောက်တွင်းအခွင့်အရေးအတွက် အစာ
ငတ်ခံကာ ဆန္ဒပြရင်း ကံတော်ကုန်ရှာသော ဆရာတော်ဦးဝိစာရ၏ ရုပ်ကလာပ်ကို ၈ ရက်
၂ လ ၁၉၃၀ ညနေ ၄ နာရီခွဲတွင် ရွှေတိဂုံဘုရားအနီး ကန်တော်မင် ပန်းခြံ၌ သင်္ဂြုံလ်ပူဇော်
ခဲ့ရာ ရဟန်းရှင်လူ ၁ သိန်းကျော် လာရောက်ဂါဝရပြုခဲ့ကြသည်။
ဦးဝိစာရအထိမ်းအမှတ်ကျောက်တိုင်တည်ဆောက်ထားပုံမှာ ဦးဝိစာရ၏ အလိုဆန္ဒနှင့်
အညီ အမျိုးသားစည်းလုံးညီညွတ်ရေးသင်္ကေတအဖြစ် ပေါ်လွင်ထင်ရှားစေမည့် စုစည်း
ချည်နှောင်ထားသော ထင်းစည်းပုံသဏ္ဍာန်ပင်ဖြစ်သည်။ ၁၉၄၃ ခုနှစ် အောက်တိုဘာလ ၂
ရက်နေ့တွင် ကျင်းပခဲ့သော အာဇာနည်ဆရာတော် ဦးဝိစာရအထိမ်းအမှတ်ကျောက်တိုင်
နှင့် ကြေးရုပ်ဖွင့်ပွဲအခမ်းအနားသို့ ထိုစဉ်က စစ်ဝန်ကြီးဖြစ်နေသော အမျိုးသားခေါင်း
ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တတ်ရောက် ဂုဏ်ပြုဂါဝရပြုခဲ့သည်။
စစ်ဝန်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ ဂုဏ်ပြုမိန့်ခွန်းတွင် - ကျွန်ုပ်တို့သည် မင်္ဂလာတရားတော်
အရ ပူဇော်ထိုက်သူကိုပူဇော်ရမည်ဆိုသည့်အတိုင်း ပူဇော်သကာယပြုကြခြင်းသာဖြစ်
ကြောင်း၊ ကျွန်ုပ်တို့၏ ဤသို့လာရောက်ပူဇော်ခြင်းမှာလည်း အာဇာနည်ပုဂ္ဂိုလ်၏ အနိုင်မခံ
အရှုံးမပေးလိုစိတ်၊ မျိုးချစ်စိတ် အမြုတေစိတ်များကို ချီးကျုးပူဇော်နေခြင်းပင် ဖြစ်ကြောင်း၊
အရှင်ဦးဝိစာရသည် အသက်စွန့်လွှတ်စဉ်အခါက အဖော်မပါ တစ်ကိုယ်တည်းသာဖြစ်
ကြောင်း။
အင်္ဂလိပ်လူမျိုးတို့ အုပ်စိုးမှုကို ယခုကဲ့သို့ ပျက်ဆီးဆုံးပါးသွားလိမ့်မည်ဟု မည်သူမျှ မထင်
ကြ၍ အင်္ဂလိပ်များအား မည်သို့မျှ ဆန့်ကျင်ဘက်မပြုဝံ့သောအချိန်အခါတွင် အရှင်ဦးဝိစာရ
ကိုယ်တော်ကြီးတစ်ပါးတည်း ပေါ်ပေါက်လာခဲ့ပြီး မည်သူချီးမွမ်းချီးမွမ်း၊ မည်သူကဲ့ရဲ့ကဲ့ရဲ့
ဘာကိုမျှ ဂရုမစိုက်ပဲ ငါလိုချင်တာမရရင် အသက်အသေခံမယ်ဆိုတဲ့ အာဇာနည်စိတ်ကို
ချီးကျူးဂုဏ်ပြုရမည်ဖြစ်ကြောင်း။
ယခုအခါမှာလည်း ကျွန်ုပ်တို့ရှေ့လုပ်ငန်းစဉ်အတွက် အရှင်ဦးဝိစာရကဲ့သို့ စိတ်ဓါတ်မျိုး
မွေးမြူကြဖို့ အလွန်အရေးကြီးကြောင်း၊ ယခုအခါ အစစအရာရာရှားပါးကြောင်း နေရေး၊
စားရေး၊ သွားရေး၊ လာရေး အလွန်ခက်ခဲကြောင်း။
သို့သော်လည်း ၎င်းအခက်အခဲများကို ဂရုမစိုက်ပဲ လွတ်လပ်ရေးကြီးအတွက် အရိုးကြေ
ကြေ အရေခမ်းခမ်း တစ်ယောက်တည်းကျန်ကျန် အသက်အသေခံကြိုးစားကြရမည်ဟု
စိတ်နှလုံးဒုန်းဒုန်းချပြီး အရှင်ဦးဝိစာရကဲ့သို့ အာဇာနည်အမြုတေစိတ်ဓါတ်ကို ယနေ့မှစ၍
မွေးမြူကြစေလိုကြောင်း မိန့််ကြားခဲ့ပါသည်။
အမျိုးဘာသာ၊ သာသနာအတွက် ဇွဲသတ္တိရှိရှိဖြင့် အသက်အသေခံကာ ဆန္ဒဖော်ထုတ်ရဲပြီး
တိုက်ပွဲဝင်ခဲ့သော အာဇာနည်ဆရာတော် ဦးဝိစာရ၏ စိတ်ဓါတ်မျိုး၊ ဓိတ်ဓါတ်ကား ယနေ့
ခေတ် အဓမ္မအာဏာရှင်တို့အုပ်စိုးရာ မြန်မာနိုင်ငံအတွင်းရှိ ရဟန်း၊ ရှင် ၊ လူ၊ ကျောင်းသား
အားလုံးအတွက် အာဇာနည်အမြုတေစိတ်ဓါတ်နှင့်ပတ်သက်၍ နမူနာယူဖွယ်၊ ဂုဏ်ယူဖွယ်
ပင်ဖြစ်ပါတော့သည်။
ဘလော့ခ်ဂါ အလင်းဆက်
အကြံပြုသူ။။ ဘလော့ခ်ဂါ ဒီမိုဝေယံ၊ ဘလော့ခ်ဂါ ခမိခဆဲ
၈ . ၉. ၂၀၀၉

Friday, May 27, 2011

ကမ္ဘာကျော်တို့ရဲ့ တန်ဖိုးရှိသောစကားများ

(၁)   သင်တို့သည် တဲများထဲ၌ အိပ်မနေကြနှင့်၊ ကမ္ဘာကြီးသည် ရှေ့သို့သွားနေတယ်၊ ကမ္ဘာကြီးနှင့်အတူ ရှေ့သို့ ချီတက်သွားကြပါ။        (မာဇင်နီ )

(၂)   လုံလ၀ီရိယရှိခြင်းက ကံကောင်းခြင်းရဲ့ မိခင်ဖြစ်တယ်။  ( ဆာဗန်တီ )

(၃)   တရားမျှတသောသူသာလျှင် စိတ်ငြိမ်းချမ်းခြင်းကို ရတယ်။ ( ဒီဆိုင်ရပ်အီးရပ်မတ် )

(၄)   ဥာဏ်ပညာရှိသူ၏ ဦးတည်ချက်မှာ ပျော်ရွှင်ကျေနပ်မှုကို ခိုင်မြဲအောင်လုပ်ရန်ထက် ထိခိုက်နစ်နာမှုကို ရှောင်ရှားရန် ဖြစ်တယ်။          ( အရစ်စတိုတယ် )

(၅)   မိမိကိုယ်မိမိ ယုံကြည်ခြင်းဆိုတာ အောင်မြင်သူအတွက် ပထမဦးဆုံးသော သော့ချက်ပဲ။  ( နီကီတာခရုရှက် )

ဒီမိုကရေစီစနှစ်ကိုသွားပါပြီဆိုတဲ့ သိန်းစိန် ၀န်ကြီးချုပ်ဦးနုကဲ့သို့ ဒီလိုမိန့်ခွန်းတွေပြောရဲလား

မပြောရဲရင် သွားလေရာထမိန်ဝတ်သွားပါ။

ဝန်ကြီးချုပ်ဦးနုသည် တိုင်းပြည်အုပ်ချုပ်စဉ် တိုင်းပြည်တွင်းလှည့်လည်၍မိန့်ခွန်းပြောသည့်အခါ အောက်ပါဒီမိုကရေစီသဘောတရား
(၇)ချက်ကိုအမြဲတိုင်းထည့်ပြောလေ့ရှိပါသည်။
၁။နိုင်ငံတစ်နိုင်ငံဟာ လူတစုသာပိုင်တဲ့ ပစ္စည်းမဟုတ်ဘူး။ နိုင်ငံသူ နိုင်ငံသားအားလုံးစုပေါင်းပြီးပိုင်တဲ့ အားလုံးပိုင်ပစ္စည်းဖြစ်တယ်။
၂။ဒီလိုပိုင်တာကြောင့် နိုင်ငံသူနိုင်ငံသား လူများစုက ကြည်ကြည်ဖြူဖြူ ရွေးကောက်တင်မြောက်ခြင်းကို ခံရတဲ့ပုဂ္ဂိုလ်သို့မဟုတ် အဖွဲ့ကသာလျှင် ဒီတိုင်းပြည်ကို အုပ်ချုပ်နိုင်ခွင့်ရှိတယ်။
၃။အုပ်ချုပ်တဲ့အခါ ထင်သလို အရမ်းမအုပ်ချုပ်ရဘူး။ပြည်သူလူထုက ကြည်ကြည်ဖြူဖြူ ရွေးကာက်တင် မြောက်ထားတဲ့ အမတ်တွေက ရေးဆွဲပြီး အတည်ပြုပြဌာန်းထားတဲ့ ဥပဒေအရ တိုက်ဖျက်ပိုင်ခွင့် အစရှိတဲ့ ပြည်သူလူထု တရပ်လုံးရဲ့ မွေးရာပါမူလ အခွင့်အရေးများကို ခိုင်ခိုင်လုံလုံ အာမခံထားတဲ့ ဥပဒေတွေရှိရမယ်။
၎။ပြည်သူလူထုဟာ ဂုဏ်သိက္ခာ ရှိတဲ့လူတွေလို နေနိုင်အောင် လွတ်လပ်စွာ ဟောပြောခွင့်၊ ကိုးကွယ်ခွင့်၊ စီးပွါးရှာဖွေခွင့်၊ မတရားဖိနှိပ်ချုပ်ချယ်မှုများကို ဥပဒေအရ တိုက်ဖျက်ပိုင်ခွင့် အစရှိတဲ့ ပြည်သူလူထု တရပ်လုံးရဲ့ မွေးရာပါမူလ အခွင့်အရေးများကို ခိုင်ခိုင်လုံလုံ အာမခံထားတဲ့ ဥပဒေတွေရှိရမယ်။
၅။အရွယ်ရောက်သူတိုင်း မဲပေးနိုင်ခွင့်ရှိရမယ်။
၆။ပြည်သူလူထု လူများစုရဲ့ ထောက်ခံမှုကို မရတဲ့ အစိုးရအဖအခွဲ့ဟာ အလိုအလျောက် ရာထူးကနှုတ်ထွက် ပေးရမယ်။
၇။အခုပြောခဲ့တဲ့ အဓိကအချက်တွေကို လက်ခံနိုင်တဲ့ နိုင်ငံရေးသဘောတရားဟာ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းဆိုတဲ့ လောကပါလတရားတွေကို အခြေခံထားတဲ့ သဘောတရားဖြစ်တယ်။ ဒီသဘောတရားကို ဒီမိုကရေစီလို့ခေါ်တယ်။ ဒီမိုကရေစီ မရှိတဲ့နိုင်ငံမှာ လူဖြစ်ရတာဟာ ဂွေးသင်းခံထားရတဲ့ နွားဖြစ်တာနဲ့အတူတူပါပဲ။ မခြားနားပါဘူး ။ အဲဒါကြောင့် ဒီမိုကရေစီဖျက်ဆီးသူမှန်သမျှကို ခံချရမယ်။တိုက်ထုတ်ရမယ်။

ပြည်သူလူထုကြီးခင်ဗျား အခုတက်လာတဲ့ အစိုးရသစ်ဟာ ခုဖေါ်ပြခဲ့တဲ့ အချက်တွေနဲ့ ကိုက်ညီပါသလား။
စဉ်းစားဝေဖန်ဆုံးဖြတ်၍ မညီပါက ဒီမိုကရေစီရရှိရေးအတွက်အားလုံး ပူးပေါင်းပါဝင်တိုက်ပွဲဝင်ကြပါ။
မှတ်ချက်။      ။ ၀န်ကြီးချုပ်ဟောင်း ဦးနု ရေးတဲ့ တာတေစနေသားစာအုပ်မှ ကူးယူဖေါ်ပြပါသည်။

Thursday, May 26, 2011

သုံးနားမညီတဲ့ ပညာရေး

 http://www.maukkha.org/index.php?option=com_content&view=article&id=1638:2011-05-26-00-17-11&catid=131:essay&Itemid=384
ဇွန် ၁ ရက် နေ့ ဆိုရင် ကျောင်းတွေ ပြန်ဖွင့်တော့မယ်။ စာသင်ခန်းထဲ ၀င်ရမှာကို ကျမ ရင်လေးနေတယ်။ ဆရာမ တစ်ယောက်ဘ၀ကို ခုံခုံမင်မင် လုပ်ခဲ့ပြီးကာမှ ဘာကြောင့် ဒီလို ဖြစ်နေရတာလဲ။
အသက် ၄၀ ကျော် လာလို့လား။ ဆရာ ဆရာမ တစ်ယောက်မှာ ရှိရမယ့် ကျွမ်းကျင်မှုတွေ မရှိလို့ပဲလား။ ပညာသင်ကြားရေး အပေါ်မှာ စိတ်ဓာတ်တွေ ဘာကြောင့် ကျနေမိတာလဲ။

Wednesday, May 25, 2011

Hip Hop အဆိုတော် ဇေယျာသော် ဘာကြောင့် နိုင်ငံရေးလုပ်သလဲ


အင်တာဗျူး မေ ၂၃၊ ၂၀၁၁ မိုးမခ

ဟစ်ဟော့ အဆိုတော် ဇေယျာသော်ဟာ သူ့နဲ့ အမြင်တူသူ လူငယ်တစု ဖွဲ့စည်းခဲ့တဲ့ Generation Wave မျိုးဆက်သစ် လူငယ်များ အစည်းအရုံး လှုပ်ရှားမှုများကြောင့် ၂၀၀၈ ခုနှစ် မတ်လမှာ ထိန်းသိမ်းခံရပါတယ်။ ထောင်ဒဏ် ၄ နှစ်ကို ကော့သောင်းအကျဉ်းထောင်မှာ ကျခံနေရစဉ် ယခုလ ၁၇ ရက်နေ့ သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုး ထုတ်ပြန်တဲ့ ထောင်ဒဏ် ၁ နှစ် လွတ်ငြိမ်းချမ်းသာခွင့်မှာ အကျုံးဝင် လွတ်မြောက်လာပါတယ်။

ဇေယျာသော်က သူ နိုင်ငံရေးနယ်ပယ်ထဲ ဘယ်လို ရောက်သွားသလဲ၊ ဘယ်လို ခံယူချက်ကြောင့် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ တယောက် ဖြစ်သွားသလဲ ဆိုတာကို Yangon Press International ကို ပြောပြထားပါတယ်။

သတိရကြပါ ရွှေမြန်မာတို့....



 
သတိရကြပါ ရွှေမြန်မာတို့.... 

အပ္ပမာဒေန သမ္ပာဒေထ လို့ပြောလိုက်တိုင်း အာမဘန္တေ လို့အကြိမ်ကြိမ် ပြောခဲ့ကြကတိပေးခဲ့ကြတဲ့ ရွှေမြန်မာတွေ ဒီစကားလုံးကို ဘယ်လိုနားလည်လို့ ဘယ်လိုသဘောပေါက် နေကြတယ်ဆိုတာတော့ မသိပါဘူး။ ဒါပေမဲ့ ရွှေမြန်မာအများစုကြည့်လိုက်တော့ ဒီစကားလုံးကိုကောင်းကောင်းသဘောမပေါက်ဘူး လို့ခံစားမိပါတယ်။ ဒီစကားလုံးဟာ မြတ်စွာဘုရား ရှင်ရဲ့ စကားတော်တွေ ထဲမှာအရေးကြီးဆုံးစကား။ မြတ်စွာဘုရားရှင် အပြောများဆုံးစကား ပြီးတော့ ပရိနိဗ္ဗာန်ပြုကာနှီးဆဲဆဲအချိန်ထိ အရေးကြီးဆုံးမှာခဲ့တာ ဒီစကားပါပဲ။ ဒီလောက်အရေးကြီးဆုံးစကားကို ဒို့ရွှေမြန်မာတွေ ဘာလို့ လေးလေးနက်နက် မစဉ်းစားကြတာလဲလို့ ဒီစကားလုံးရဲ့ ကြီးမားကျယ်ပြန့်တဲ့ အဓိပ္ပါယ်တွေကို စဉ်းစားတွေးခေါ်နေချိန် ဦးဇင်းလေးဒါ RANGOON ROAD ရန်ကုန်လမ်းလေ လို့ စကားသံ ၀င်လာတာနဲ့ အတွေးစ ပြတ်သွားပါတယ်။ အေးဦးဇင်း စကာင်္ပူမှာ အသွားချင်ဆုံးနေရာဟာ ဒီနေရာပါပဲ။ 

ဦးဇင်းတရားဟောတိုင်း စကားတွေပြောတိုင်း ဒီအကြောင်းကိုအမြဲထည့်ပြောနေတာ။ စင်္ကာပူနိုင်ငံဟာ ရန်ကုန်ကို ပုံစံယူပြီး တည်ဆောက်ခဲ့ရတာ။ မြန်မာနိုင်ငံဟာ စင်္ကာပူရဲ့ စံပြနိုင်ငံတစ်ခုဆိုတာကို နောင်နှစ်ပေါင်း နှစ်ဆယ်ကြာရင် မြန်မာကို မှီရမယ်ဆိုတဲ့ စင်္ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယုပြောခဲ့တဲ့ စကားတွေဟာ ယနေ့ထက်ထိ သမိုင်းသက်သေအဖြစ် ကျန်ရစ် နေပါသေးတယ်။ ဒီစကားတွေကို ဒို့လူမျိုးတွေ ပမာဏ မေ့လျော့သွားကြပြီလား။ မမေ့မလျော့ သတိတရားရှိရှိ နေကြပါမယ် လို့ အတန်တန် ကတိပေးပြီး နေကြတဲ့ ရွှေမြန်မာတွေ ကြည့်လိုက်တော့ သူတို့နဲ့ မဆိုင်သလို သူတို့မဟုတ်သလို ပျော်ပျော်ပါးပါး မေ့မေ့ပျောက်ပျောက် စားသောက်နေကြတာ တွေတွေ့ရပါတယ်။ တချိန်က ငါတို့နိုင်ငံဟာ အာရှမှာ မြန်မာဟေ့လို့ ၀င့်ဝင့်ထည်ထည် ဂုဏ်သိက္ခာရှိရှိနဲ့ နေခဲ့တာ။ အခုတော့ မြန်မာဆိုရင် ဘယ်နိုင်ငံကမဆို အထင်သေးအမြင်သေး မျက်နှာတွေနဲ့ ကြည့်နေကြပြီ။ တချိန်က ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေက သက်စွန့်ကြိုးပန်း စည်းလုံးညီညွတ်စွာနဲ့ တိုက်ထုတ်ခဲ့ကြလို့ တိုင်းတစ်ပါး ကျွန်ဘ၀ကလွတ်ပြီး ကမ္ဘာက အထင်ကြီး လေးစားခံခဲ့ကြရတယ်။ အာရှမှာ ဒီမိုကရေစီစနစ်ကို စောစီးစွာကျင့်သုံးနိုင်ခဲ့တယ်။ အဲဒီအချိန်က မြန်မာနိုင်ငံမှ ခေါင်းဆောင်ကြီးတွေ ကမ္ဘာ့ငြိမ်း ရေးတွေမှာ ရှေ့ဆောင်ပြီးတော့ ပါဝင်ဆောင်ရွက်နိုင်ခဲ့ကြတယ်။ FROM BURMA လို့ လက်မထောင် ပြီး ဂုဏ်ယူဝင့်ကြွား ပြောနိုင်နေနိုင်ခဲ့ကြတယ်။ 

အခုတော့ လုံးဝ ပြောင်းပြန်ဖြစ်သွားပြီ FROM BURMA လို့ပြောခါနီးအလိုလို နှုတ်တွေအနေကြတယ်။ စိုးရိမ်နေကြတယ်။ မျက်နှာတွေ ညိုးငယ်နေကြရတယ်။ ဒါဟာဘာကြောင့်လဲ။ သေသေချာချာ ပြန်စဉ်းစားကြပါ။ လေးလေးနက်နက် တွေးခေါ်ကြပါ။ အပြန်အလှန် မေးမြန်းကြပါ။ ငါတို့ဟာ တစ်ချိန်က ကမ္ဘာ့အလယ်မှာ ဂုဏ်ယူဝင့်ကြွား လက်မထောင်ပြီး နေနိုင်ရာကနေ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ကျွန်လိုက်ခံနေကြရတာ ဘာကြောင့်လဲ။ ဒီလိုပဲ ကျွန်ဘ၀နဲ့ နိဂုံးချုပ် ကြတော့မှာလား။ တချိန်က ခေါင်းဆောင်ကြီးတွေ တာဝန်ကျေခဲ့ကြလို့ တိုင်းတစ်ပါးကျွန်ဘ၀ ကလွတ်မြောက်ပြီး ကမ္ဘာ့အလယ်မှာ ၀င့်ဝင့်ထည်ထည် နေနိုင်ခဲ့တာ ငါတို့လက်ထက်ကျမှ တိုင်းတစ်ပါး ထက်ဆိုးတဲ့ တို့ကိုးကွယ်တဲ့ ရဟန်းသံဃာတော်တွေကိုပါသတ် ထောင်ထဲချနှိပ်စက် ပြီးတော့ ဒို့လူမျိုးတွေ ရောက်လေရာမှာ မျက်နှာငယ်နေရအောင် ကျွန်ဇတ်သွင်းထားတဲ့ စစ်အာဏာရှင်တွေကို မတော်လှန်နိုင် ကြတော့ဘူးလား။ ဒီလိုပဲရောက်လေရာမှာ ရတဲ့ပိုက်ဆံလေးနဲ့ ကျေနပ်နေကြတော့မှာလား။ ငါတို့ဟာကျွန်လူမျိုး မဟုတ်ဘူး  ငါတို့ဟာ အမျိုးဂုဏ် ဇာတိဂုဏ်နဲ့ ပတ်သတ်လာရင် အသက်ကိုပင် ပဓာနမထား ကိုယ်ကျိုးစွန့်လွှတ် တိုက်ပွဲဝင်ကြတဲ့ သခင်မျိုးတွေဖြစ်တယ် ဆိုတာကို ပမာဒ မေ့လျော့ကုန်ကျပြီးလား။ ရက်ပေါင်း ၁၆၆ ရက်တိုင်တိုင် အစာမစားပဲ အစာငတ်ခံဆန္ဒပြ တိုက်ပွဲဝင် သွားတဲ့ သာသနာ့ အာဇာနည်ဆရာတော် ဦးဝိစာရ ပြန်လွန်တော်မူခါနီး မှာသွားတဲ့ လိမ္မာရစ်ကြပါဆိုတဲ့စကားဟာ မမေ့မလျော့ သတိတရားရှိရှိ ညီညီညွတ်ညွတ် တိုက်ပွဲဝင်ကြပါ။ အချင်းချင်းရန်မဖြစ်ကြပါနဲ့ မမိုက်ကြပါနဲ့ လို့ ပြောချင်းသာ ဖြစ်ပါတယ်။ စစ်အာဏာရှင်ကို တော်လှန်နေကြသူ အချင်းချင်း ရန်ဖြစ်နေကြ တိုက်ခိုက်နေကြဖို့ အချိန်မဟုတ်ပါဘူး။ ယနေ့ပြည်နယ် အသီးသီး တိုင်းအသီးသီး မြို့ရောတောရော လှည်းနေ လှေအောင်း မြင်းဇောင်းပါမကျန် စည်းလုံးညီးညွတ်စွာဖြင့် တပြိုင်နက်တည်း သပိတ်တိုက်ပွဲ ဆင်နွဲကြမည်ဆိုလျှင် စစ်အာဏာရှင် စစ်ကျွန်ဘ၀က ကျိန်းသေမုချ လွတ်မြောက်မှာ ဖြစ်ပါတယ်။ ကမ္ဘာ့အလယ်မှာ မြန်မာဟေ့လို့ ၀င့်ဝင့်ထည်ထည် တင့်တင့်တယ်တယ်နဲ့ ပြန်လည်ပြီးတော့ နေနိုင်လာမှာဖြစ်ပါတယ်။

အပ္ပမာဒေန သမ္ပာဒေထ မမေ့မလျော့ သတိတရားနဲ့ နေကြလို့ဆိုတဲ့အခါမှာ အာမဘန္တေ မမေ့မလျော့ သတိတရားနဲ့နေကြပါမယ်လို့ ပြောခဲ့ ကတိပေးခဲ့ကြတာကို မမေ့ပါနှင့်။ လောကီဖြစ်တဲ့ အမျိုးဂုဏ် ဇာတိဂုဏ် တွေ အပေါ်မှာရှိရမဲ့ သတိတရားကိုတောင်မထားနိုင်ဘူးဆိုရင် ဒီထက်အဆပေါင်းမြောက်များစွာ ခက်တဲ့ လောကုတ္တရာနယ်ပယ် ရုပ်နာမ် တရားတွေ စက္ကန့်မလပ် ဖြစ်ပျက်နေတဲ့ အပေါ်မှာသတိ တရားရှိဖို့ဟာ ပိုတောင် မလွယ်ပါသေးတယ်။ ခပ်လွယ် ကတိမပေးကြပါနဲ့ ကိုယ်နိုင်တဲ့ ကတိပေးပြီး ကိုယ်နိုင်တဲ့ဝန်ကို အရင်ထမ်းကြပါ။ မြန်မာနိုင်ငံသားအားလုံး တာဝန်ကျေကြဖို့ အချိန်တန်ပါပြီ။ ကျနော်တို့တာဝန် မကျေရင် ကျနော်တို့ရဲ့ နောက်လာမဲ့ မျိုးဆက်သစ်တွေ ဒီလိုဘဲ ဆက်ပြီး ကျွန်ခံနေကြရအုံးမယ်။ မျက်နှာငယ်နေ ကြရအုံးမယ်... စိုးရိမ်နေကြရအုံးမယ်။ တာဝန်သိရင် တာဝန်ရှိတယ်၊ တာဝန်ကို သူတော်ကောင်း သူမြတ်လောင်းတွေ သိကြသည်။ သိသည့်အတိုင်းလည်း ထမ်းဆောင်ကြပါသည်။ တာဝန်သိသိ သစ္စာရှိရှိဖြင့် တက်ညီလက်ညီ မမေ့မလျော့ သတိ တရား လက်ကိုင်ထား၍ စစ်အာဏာရှင်များကို တိုက်ထုတ်နိုင်ကြပါစေဟု ဆန္ဒပြုရင်း....

မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

အချင်းချင်း လက်ဆင့်ကမ်း ဖြန့်ဝေပေးကြပါ ရန်တိုက်တွန်းနှိုးဆော်ပါသည်။

ဝေဖန်အကြံပြုစာများ ရေးပို့မည်ဆိုလျှင်.... king.issariya@gmail.com www.king-zero.com 

Tuesday, May 24, 2011

အပြောကောင်းတာလား အကောင်းပြောတာလား

သုဘာသိတာစ ယာ ၀ါစာ၊
ဧတံ မင်္ဂလမုတ္တမံ။
ကောင်းသောစကားကို ပြောဆိုခြင်းသည်
မြတ်သောမင်္ဂလာ ဖြစ်၏။
လူသားတို့ နေ့စဉ်နေထိုင်လုပ်ကိုင် ကူးလူးဆက်ဆံနေကြရာ၌ တစ်ဦးနှင့်တစ်ဦး နားလည်သဘောပေါက်မှုသည် ပဓာနကျ၏။ ထိုနားလည်သဘောပေါက်မှုကို စကားလုံးများက ကိုယ်စားပြုပေးကြ၏။ ပြောဆိုဆက်ဆံ ဆိုသည့်အတိုင်း ဘာသာစကား တစ်ခုခုကို ပြောဆို၍ ဆက်ဆံကြရ၏။ ထိုပြောဆိုသော စကားသည် မှားသည်လည်း ရှိ၏။ မှန်သည်လည်း ရှိ၏။ ကောင်းသည်လည်း ရှိ၏။ မကောင်းသည်လည်း ရှိ၏။ ဘုရားရှင်ကတော့ ကောင်းသောစကားကို ဆိုခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်ကြောင်း မင်္ဂလာသုံးဆယ့်ရှစ်ပါးတွင် ထည့်သွင်း၍ မိန့်တော်မူခဲ့သည်။
ကောင်းသောစကား ဟူသည် အဘယ်နည်း၊ ကောင်းသောစကား ဟူသည်မှာ ၀စီသုစရိုက်လေးပါး ပင်တည်း၊ လိမ်ညာလှည့်ဖြားသော စကားမျိုးသည် မုသာဝါဒ- မကောင်းသောစကားမျိုး ဖြစ်၏၊ ထိုစကားမျိုးကို ရှောင်ကြဉ်၍ သစ္စ၀ါစာ-မှန်မှန်ကန်ကန် ပြောဆိုခြင်းသည် ကောင်းသောစကား ဖြစ်၏၊ အချင်းချင်း အထင်လွဲအောင်၊ သွေးကွဲအောင်၊ အချစ်ပြယ်အောင်၊ စည်းလုံးမှု ပျက်ပြားအောင် ကုန်းချောခြင်း၊ ခြေထိုးခြင်း၊ သွေးထိုးခြင်း၊ သွေးခွဲခြင်း၊ သပ်လျှိုခြင်း၊ တို့မီးရှို့မီးလုပ်ခြင်း စသော စကားမျိုးသည် ပိသုဏ၀ါစာ-မကောင်းသော စကားမျိုး ဖြစ်၏။

မောက္ခ ပညာရေး

တက္ကသိုလ်တို့၊ ကောလိပ်တို့ဆိုတာ ကျောင်းသားအများစု အတွက်တော့ မိတ်ဆွေသစ်ဖွဲ့ဖို့၊ ဘွဲ့လက်မှတ် အတွက် ကြိုးကုတ်ဖို့၊ ချစ်သူ့နယ်မြေ ထူထောင်ဖို့၊ ကဗျာရူးစာရူး စတင်ဖို့၊ ဘွဲ့လက်မှတ်ရဖို့၊
သူပုန်ထဖို့ စတဲ့ နေရာတွေပေါ့။
သို့သော်  အမေရိကန် တက္ကသိုလ်တွေက အချို့သော ကျောင်းသားများကျတော့ ရည်းစားနဲ့ အချိန်ဖြုန်း မနေအားဘဲ သူတို့ တက္ကသိုလ် အဆောင်မှာ နေကြစဉ်မှာပဲ မီလျံနာတွေ ဖြစ်အောင် စလုပ်ခဲ့ပါတယ်။

မခ် ဇာခါဘဂ် ဆိုရင် ဟားဗတ်တက္ကသိုလ် တက်နေတုန်း facebook အတွက် အိုင်ဒီယာ ရပြီး နေ့မအား ညမအား အခန်းအောင်း ကြိုးကုတ်ခဲ့သူပါ။ အခု သူ့ရဲ့ လူမှုကွန်ယက် ၀ဘ်ဆိုဒ်ကို နေ့စဉ် လူသန်း ၄၀ ကျော် ကြည့်နေပြီး၊ ဒေါ်လာ ၅ ဘီလျံနီးပါး ချမ်းသာတဲ့ ဇောတိကလေး ဖြစ်နေပါပြီ။

အညတရ သူရဲကောင်းဆုရရှိသူ အညတရသူရဲကောင်း ဆရာတော် ဦးဣန္ဒက

မြန်မာနိုင်ငံအတွင်း အနယ်နယ် အရပ်ရပ်က အကျဉ်းထောင်များ အတွင်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား (၂၂၀၀) ကျော်ရှိပါတယ်။ လူသိထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတွေရှိသလို တစ်ချို့မှာလည်း နာမည် မထင်မရှားနဲ့ လူထုအတွက် ဘဝတွေပေးဆပ် တိုက်ပွဲဝင်ပြီး အသက်တွေ၊ ခန္ဓာတွေ၊ မိသားစုဘဝတွေ ဘဝတွေပေးဆပ် တိုက်ပွဲဝင်ခဲ့တဲ့ အညတြသူရဲကောင်းတွေ အများအပြားရှိပါတယ်။ ပြည်သူကို နှိပ်စက်ညှင်းပန်းတဲ့ အာဏာရှင်အစိုးရတွေ ရှိနေသရွေ့တော့ ဒီလို ပြည်သူတွေအတွက် ပေးဆပ် တိုက်ပွဲဝင်နေတဲ့ အသြတြ သူရဲကောင်းတွေ အမြဲမပြတ် ပေါ်ထွက်နေမှာပါပဲ။

ထိုသို့ နာမည်မထင်မရှား လူမသိသူမသိ အညတရသူရဲကောင်းတွေကို လေးစားဂုဏ်ပြုတဲ့အနေနဲ့ ပထမအကြိမ် အညတရသူရဲကောင်းဆုချီးမြှင့်ရေး အခမ်းအနားကို ပြည်တွင်းမှာ အောင်မြင်စွာ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာ ဖွဲ့စည်းထားတဲ့ အညတရသူရဲကောင်းများ ဆုချီးမြှင့်ရေးကော်မတီမှ ယခုတစ်ဖန် ဒုတိယအကြိမ်မြောက် ဆုချီးမြှင့်ရေးအခမ်းအနားကို ကျင်းပပြုလုပ်ရန် စီစဉ်လျှက်ရှိပြီး ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားများနဲ့ ပြည်ပနိုင်ငံအသီးသီးမှ စိတ်ပါဝင်စားတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားအသီးသီးကိုလည်း ဖိတ်မန္တက ပြုထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ (၁၇) ရက် မြန်မာနှစ်ဆန်း တစ်ရက်နေ့က ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ပထမအကြိမ် အညတရသူရဲကောင်း ဆုပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ဆုရရှိသူ မိသားစုဝင်များအား ကိုယ်တိုင်ချီးမြှင့် ပေးအပ်ခဲ့ပါတယ်။ ထို့အတူ အဆိုပါ လူမသိသူမသိ အညတရသူရဲကောင်း (၃) ဦးရဲ့ ဓာတ်ပုံနဲ့ ကိုယ်ရေးအကျဉ်း တစ်ချို့ကို ဖော်ပြလိုက်ပါတယ်။

အညတရ သူရဲကောင်းဆု ရရှိခဲ့သူ အညတရ သူရဲကောင်း ဆရာတော် ဦးဣန္ဒက။
ဆရာတော် ဦးဣန္ဒကဟာ မဂ္ဂင်ကျောင်းတိုက် နောက်ဆုံးဆရာတော်ဖြစ်ပြီး၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလက အဖမ်းခံလိုက်ရတာပါ။ အဲဒီနောက် ထောင်ဒဏ် (၂၆) နှစ်နဲ့ လာရှိုးထောင်မှာ အကျဉ်းကျခံနေရပါတယ်။

ဆရာတော် ဦးဣန္ဒကသည် အမည်နာမ မထင်မရှားဖြစ်နေသည့် အညတရသူရဲကောင်းစစ်စစ် ဖြစ်ပါသည်။

(သတင်းပေးပို့ လာသော ကိုမင်းထက်ဇော်နှင့် ဒီမိုဝေယံအား ကျေးဇူးတင်ရှိပါသည်)

၂၀၁၁ ပြည်သူ့ဂုဏ်ရည်ဆု ဘိက္ခူမာတာအမည်ရှင် ဒေါ်ရှု ရွေးချယ်ခံရ

၂၀၁၁ ပြည်သူ့ဂုဏ်ရည်ဆု ဘိက္ခူမာတာအမည်ရှင် ဒေါ်ရှု ရွေးချယ်ခံရ


နိုင်ငံရေးကြောင့် အကျဉ်းကျခံနေရသည့် သံဃာတော်များကို ထောင်ဝင်စာတွေ့ကာ အကူအညီပေးခဲ့သည့် ရန်ကုန်မြို့နေ ဒေါ်ရှုအား ယခုနှစ် ပြည်သူ့ဂုဏ်ရည် ဆုရှင်အဖြစ် ချီးမြှင့်လိုက်သည်။
 
အဆိုပါ ဆုကို မြန်မာနိုင်ငံအတွင်း လူထုအကျိုးပြု လုပ်ငန်းများ လုပ်ကိုင်နေသည့် စေတနာ့ဝန်ထမ်း များအား ရည်ရွယ် ချီးမြှင့်ခြင်း ဖြစ်ပြီး ယခုနှစ်အတွက် ဒေါ်ရှုနှင့်အတူ အလုပ်သမား၊ လယ်သမား အရေး ဆောင်ရွက်ပေးနေသည့် ရှေ့နေဦးဖိုးဖြူ အပါဝင် ၅ ဦးကို ဆန်ခါတင် ရွေးချယ်ထားရာ ဒေါ်ရှုက ထောက်ခံ မဲ ၄၃. ၉၁ ရာခိုင်နှုန်းဖြင့် ဆုချီးမြှင့်ခြင်း ခံခဲ့ရကြောင်း အမေရိကန်နိုင်ငံ အခြေစိုက် ဆုပေးအပ်ပွဲကျင်းပ ရေး ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဆုရွေးချယ်ရာတွင် နိုင်ငံပေါင်း ၄၀ တွင် ရောက်ရှိနေသော မြန်မာနိုင်ငံသား ၂ ၅၀၂၂၈ ဦးက အင်တာနက် မှ တဆင့် မဲပေးခြင်းဖြစ်ပြီး အမေရိ ကန်ပြည်ထောင်စု Westwood College မှ ပရော်ဖက်ဆာ R. Hoo ခေါင်းဆောင်သည့် အဖွဲ့က မဲများကို စိစစ်ကာ ဆုရရှိသူကို ထုတ်ပြန်ခြင်း ဖြစ်သည်ဟု အဆိုပါ ကြေညာ ချက်တွင် ဖော်ပြထားသည်။

မဲပေးကြသည့် နိုင်ငံငံစုစုပေါင်း = ၄၀ နိုင်ငံ
စုစုပေါင်း လက်ခံရရှိသည့် မဲအရေအတွက် = ၂၅၀၂၂၈ မဲ
ပထမ မဲအများဆုံး ရရှိသူ - စုစုပေါင်းမဲ၏ ၄၃.၉၁ %
ဒုတိယ မဲအများဆုံး ရရှိသူ - ၂၅.၇၅ %
တတိယ မဲအများဆုံး - ၁၅.၃၆ %
စတုတ္ထ မဲအများဆုံး - ၁၀.၃၇ %
ပဉ္စမ မဲအများဆုံး - ၀.၃၉ % ဖြစ်ပါသည်။

ဆန္ဒမဲလာရောက်ပေးကြသည့် ဧည့်ပရိသတ် ၀င်ရောက်မှု အများဆုံး နိုင်ငံများမှာ -

၁။ အမေရိကန်ပြည်ထောင်စု - စုစုပေါင်းမဲ၏ ၄၁.၁၀ %
၂။ စင်ကာပူ - ၂၁.၈၆ %
၃။ ထိုင်းနိုင်ငံ - ၆.၄၆ %
၎။ ဂျပန် - ၃.၁၆%
၅။ ၾသစေၾတးလ် - ၃.၀၈ %
၆။ မြန်မာနိုင်ငံ - ၁.၁၃ %

ဆုအဖြစ် ငွေသား အမေရိကန်ဒေါ်လာ ၁ သောင်းနှင့် ပြည်သူ့ဂုဏ်ရည် ဆုတံဆိပ်ကို ချီးမြှင့်မည်ဖြစ် သည်။

ဒေါ်ရှုက အကျဉ်းကျခံ သံဃာတော်များအတွက် အစားအသောက်၊ ဆေးဝါး စသည်တို့အား ကူညီနေ သည်မှာ ၃ နှစ်နှင့် ၇ လရှိပြီ ဖြစ်ပြီး ထိုသို့ ကူညီရခြင်းမှာ သံဃာများသည် ငယ်စဉ်ကတည်းက မိသားစု နှင့် ဝေးကွာခဲ့ရ၍ အကျဉ်းကျ ခံနေစဉ်တွင်လည်း မိသားစုက လာရောက်တွေ့ ဆုံရန် ခက်ခဲသည့် အတွက် ဖြစ်သည်ဟု ဧရာဝတီသို့ပြောသည်။

“ဆုရလို့အတိုင်းမသိ ၀မ်းသာမိပါတယ်။ မျှော်လည်း မမျှော်မှန်းပါဘူး၊ ထင်လည်း ထင်မထားဘူး” ဟု ၎င်းက ဆိုသည်။

ယခုအချိန်အထိ အင်းစိန်ထောင်အပါအ၀င် ကျိုင်းတုံ၊ ဗန်းမော်၊ မြိတ်၊ မြင်းခြံ၊ ကလေး၊ ပြည်၊ သာယာဝတီ အစရှိသည့် ထောင်များ မှ နိုင်ငံရေး အကျဉ်းသား သံဃာတော် အပါး ၁၀၀ ကျော်ကို ဆွမ်းကွမ်း၊ ဝေယျာဝစ္စများ ထောက်ပံ့နေသည်ဟု ဒေါ်ရှုကပြောသည်။

အကျဉ်းကျ သံဃာများအနေဖြင့် ၎င်းတို့အား ထောင်တွင်း ဒုက္ခရောက်နေစဉ် အဟာရ ပြည့်ဝစေရန် စောင့်ရှောက်သည့် အတွက် အတိုင်းမသိ ၀မ်းသာကြကြောင်း၊ ရွှေဝါရောင်တော်လှန်ရေးအပြီး တရားရုံး တွင် အမှုရင်ဆိုင်ရသည့် သံဃာအိုကြီးများကို တွေ့မြင် ရကတည်းက လှူဒါန်းချင်စိတ် ဖြစ်ပေါ်လာခြင်း ဖြစ် ကြောင်း ပြည်သူ့ဂုဏ်ရည်ဆုရှင် ဒေါ်ရှုက ဆက်လက်ရှင်းပြသည်။

အကျဉ်းကျ သံဃာတော်များက ၎င်းတို့၏ မွေးသမိခင်ပြီးလျှင် ဒေါ်ရှုကို ဒုတိယ မိခင်အဖြစ် သတ်မှတ်ကာ ဘိက္ခူမာတာဟု ခေါ်ဝေါ် သုံးစွဲကြကြောင်း သိရသည်။

ဒေါ်ရှုသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်တဦးဖြစ်ပြီး ယခုအချိန်အထိ နိုင်ငံရေးနှင့် အကျဉ်းကျ ခံနေရသည့် သံဃာတော်များအတွက် ငွေကျပ် သိန်းပေါင်းများစွာ အကုန်အကျခံ သုံးစွဲခဲ့ကာ ယခုရရှိသည့် ဆုငွေကိုလည်း ဆက်လက်သုံးစွဲ မည်ဖြစ်ကြောင်း ပြောသည်။

သီရိလင်္ကာနိုင်ငံ ဥတ္တရသီရိ ကျောင်းတိုက်မှ သံဃာတော်တပါးဖြစ်သော ဦးပညာဒီပက “ဒီနေ့ မနက်ပဲ ဒကာမကြီး ဒေါ်ရှု ပြည်သူ့ဂုဏ်ရည်ဆု ရတဲ့အကြောင်း ကြားလိုက်ရပါတယ်။ ဒီလို ကိုယ်ကျိုးစွန့်ပြီး နောက်ကွယ်ကနေ ဒီမိုကရေစီ အရေးအတွက် ဆောင်ရွက်ပေးနေသူကို ထိုက်တန်တဲ့ ဂုဏ်ပြုမှုရအောင် ဖော်ထုတ်ရေးသား ပေးခဲ့တဲ့ ဧရာဝတီ အဖွဲ့သားတွေကိုလည်း ဦးပဉ္ဇင်းတို့ ကျေးဇူးတင်တယ်” ဟု မိန့်သည်။

ပြည်သူ့ဂုဏ်ရည်ဆုကို ယမန်နှစ်က စတင်ချီးမြှင့်ခဲ့ခြင်း ဖြစ်ပြီး နာရေးကူညီမှု အသင်း (ရန်ကုန်) မှ ဦးကျော်သူက ပထမဆုံး ဆု အဖြစ် အမေရိကန်ဒေါ်လာ ၇ ထောင် ချီးမြှင့် ခံခဲ့ရသည်။
ဒီနှစ် ဆန်ကာတင် ငါးဦးကတော့ ဒေါ်ရှု ။ အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေကို စောင့်ရှောက်ပေးနေတဲ့ မဖြူဖြူသင်း၊ NLD လူမှုထောက်ကူပြုအဖွဲ့ ၊လူ့အခွင့်အရေး ရှေ့နေ ကိုဖိုးဖြူနဲ့ နိုင်ငံကျော် လူရွှင်တော်နဲ့ လူမှုရေး အကျိုးဆောင် ကိုဇာဂနာတို့ ဖြစ်ပါတယ်
 
ပြည်သူ့ဂုဏ်ရည်ဆုရှင် ဒေါ်ရှုနှင့် ပတ်သက်၍ “ဘိက္ခူမာတာ” ဆိုသည့် ဆောင်းပါးကို ဧရာဝတီ သတင်း ထောက် မင်းနိုင်သူက ရေးသားခဲ့ပြီး ဖြစ်ရာ ဤနေရာတွင် ဖတ်ရှုနိုင်သည်။

source by citizenofburma and irrawaddy

Sunday, May 22, 2011

ကွာလာလမ်ပူမှာဗုဒ္ဓဘာသာတို့ကျင်းပတဲ့ပွဲကို ဒီလိုတွေ့လိုက်ရပြီ

၁၃၇၃ ခုနှစ် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ် ဗုဒ္ဓပူဇနိယပွဲတော် ကြီးကို မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တွင် စည်ကားသိုက်မြိုက် ခမ်းနားအောင်မြင်စွာဖြင့် နိုင်ငံ တကာမှ ဗုဒ္ဓဘာသာဝင်အပေါင်းတို့ စည်းလုံးညီညွတ်စွာ လက်တွဲ ကျင်းပသော မြတ်ဗုဒ္ဓ၏ ဖွား ပွင့် ဟောစံ ဗျာဒိတ်ခံ နေ့ထူးနေ့မြတ်တွင် မလေးရှားနိုင်ငံ တမန်ဆွန်ဂိုင်းဘီစီဒေသ ရှိ သတိပဋ္ဌာနဓမ္မရိပ်သာ သည်လည်း တိရတန ဗုဒ္ဓဘာသာ မြန်မာအဖွဲ့နှင့် အတူပူးပေါင်းကာ ဆင်နွဲ ခဲ့ကြသော မှတ်တမ်းတင် ပုံရိပ် များကို ဝေဝေဆာဆာဖြင့် တင်ဆက်လိုက်ရပါသည် ။
http://forverfriends.ning.com/profiles/blog/show?id=2863689%3ABlogPost%3A3591279&xgs=1&xg_source=msg_share_post

Wednesday, May 18, 2011

ကွန်ပျူတာ အင်္ဂလိပ်စာ ထိုင်းဘာသာ သင်တန်းဆင်းပွဲ

Around 100 Burmese students received a certificate for successfully completing a basic Thai class,computer and English class at our Library & free education Center in Mae Sot.
The Best Friend Library – Mae Sot is a library and information center operated completely through the efforts of volunteers and donations from supporters. It is a hotspot for Burmese migrants, refugees and interested people from all over the world who come here to learn more about the situation of Burmese migrants and Burma.
The library offers daily free English, Thai and computer classes and free internet access. It is located in the centre of Mae Sot with its busy market.

Tuesday, May 17, 2011

နိုင်ငံရေးဆိုတာ လုပ်သင့်တယ် ဆိုတဲ့ ဇေယျာသော်

မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (GW) ခေါင်းဆောင်လည်းဖြစ် ဟစ်ပ်ဟော့ပ် အဆိုတော်လည်းဖြစ်သူ အသက် ၃၁ နှစ်ရှိ ဇေယျာသော် အင်္ဂါနေ့က ကော့သောင်းထောင်မှ  လွတ်မြောက်လာသည်။

 ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ၂ဝရက်နေ့က ကိုဇေယျာသော်အား နိုင်ငံခြားငွေကိုင်ဆောင်မှု ပုဒ်မ ၂၄/၁ အရ ထောင် ဒဏ် ၁ နှစ်၊ တရားမဝင်အသင်းဖွဲ့စည်းမှုပုဒ်မ ၆/၈၈ ဖြင့် ၅နှစ် စုစုပေါင်းထောင်ဒဏ်၆နှစ် ချမှတ်ခဲ့သည်။ ထို့နောက်
 မြန်မာပြည် တောင်ဘက်စွန်း တနင်္သာရီတိုင်းရှိ ကော့သောင်းထောင် သို့ပြောင်း ရွှေ့လိုက်သည်။

ကုလသမဂ္ဂဋ္ဌာနချုပ်ရုံး၌ ကျင်းပမည့်ဗုဒ္ဓနေ့အခမ်းအနား

ုကုလသမဂ္ဂဋ္ဌာနချုပ်ရုံး၌ ကျင်းပမည့်ဗုဒ္ဓနေ့အခမ်းအနား
မြတ်စွာဘုရားရှင် ဘုရားအဖြစ်သို့ရောက်တော်မူသည့် နှစ်ပေါင်း ၂၆၀၀ တိတိ ပြည့်သည့်နေ့ ။

မွေးဖွားချိန်မှ စ၍ ရေတွက်လျှင် နှစ်ပေါင်း ၂၆၃၅ နှစ် ။

ပရိနိဗ္ဗာန်ဝင်စံတော်မူသည့်နှစ်ပေါင်း ၂၅၅၅ ပြည့်သည့်နေ့...

ဗုဒ္ဓဘာသာဝင်တို့အတွက် ထူးခြားသည့် နေ့ထူးနေ့မြတ်..

မနက်ဖြန် အမေရိကန်နိုင်ငံ ကုလသမဂ္ဂဋ္ဌာနချုပ်ရုံး၌ အမေရိကန်နိုင်ငံရောက် မြန်မာသံဃာတော်များ၊ သီရိလင်္ကာ ၊ လာအို ။ကမ္ဘောဒီးယား ထိုင်း တရုတ် တိဗက် ထိုင်ဝမ်မှ သံဃာတော်ပေါင်း ၉၀ ခန့် ကြွရောက်၍ ကမ္ဘာ့သူ ကမ္ဘာသားများအတွက် မေတ္တာဖြန့်ဝေကြမည်ဖြစ်ပါသည်။

မနက်ပိုင်း ၆-၃၀ တွင် သံဃာတော်များ စုဝေးကြပြီး ကုလသမဂ္ဂဋ္ဌာနချုပ် တိုးချဲ့အဆောက်အအုံရှေ့ရှိ Dog Hommorskjold ပန်းခြံသို့ ကြွရောက်တော်မူကြပါမည်။

နံနက် ၇ နာရီတွင် သံဃာတော်များအား ဆွမ်းလောင်းလှူကြပါမည်။

နံနက် ၉ နာရီတွင် ကုလသမဂ္ဂခန်းမကြီးအတွင်း အစည်းအဝေး စတင်မည်ဖြစ်သည်။

နေ့ ၃ နာရီအချိန်တွင် ကုလသမဂ္ဂအတွင်းရေးချုပ် ဘန်ကီမွန်းကိုယ်တိုင် တက်ရောက်၍ သဘာပတိမိန့်ခွန်းပြောကြားမည်ဖြစ်ပြီး နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ဗုဒ္ဓဘာသာခေါင်းဆောင်ကြီးများက မိန့်ခွန်းပြောကြားပါမည်။

မိန့်ခွန်းအပြီးတွင် (Peace, Harmony And Co-existence) ခေါင်းစဉ်ဖြင့်

မြန်မာနိုင်ငံမှ သီတဂူဆရာတော်ကြီး

သီရိလင်္ကာနိုင်ငံမှ ဆရာတော်တပါး

မွန်ဂိုလီးယား ဂိုဏ်းချုပ်ဆရာတော်

ခရစ်ယာန် ရှုဒေါင့်မှ ဖိလစ်ပိုင်နိုင်ငံကိုယ်စားလှယ်

ဟိန္ဒူရှုဒေါင့်မှ အိန္ဒိယနိုင်ငံကိုယ်စားလှယ်

အစ္စလာမ်ရှုဒေါင့်မှ ပါကစ္စတန်နိုင်ငံကိုယ်စားလှယ် နှင့် သုတေသီပညာရှင်များက ဆွေးနွေးကြမည်ဖြစ်သည် ။

(ယနေ့ အမေရိကန်နိုင်ငံ တနင်္ဂနွေနေ့တွင် ကမ္ဘာ့နိုင်ငံ အသီးသီးမှ ကြွရောက်တော်မူလာကြသော သံဃာတော်များဟာ နယူးရောက်ရှိ မြန်မာဘုန်းတော်ကြီးကျောင်းများ ဟိုတယ်လ်များတွင် အသင့်ရောက်ရှိနေပြီ ဖြစ်ပါတယ်)

ဗုဒ္ဓဘာသာဝင်တို့အတွက် ထူးမြတ်တဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ ဥပုသ်သီလ ခံယူဆောက်တည်ခြင်း၊

၇တနာသုံး ဂုဏ်တော်ကို အာရုံပြုခြင်း ၊ တရားဘာဝနာကျင့်ကြံပွားများခြင်းဖြင့် ကုသိုလ်ကောင်းမှု အထူးပြုနိုင်ကြရန် နှိုးဆော်အပ်ပါသည်...

*အရှင်တိက္ခဥာဏာလင်္ကာရ (ခေတ္တ-နယူးရောက်) အမေရိကန်နိုင်ငံ ထံမှ သတင်းရရှိပူဇော်ပါတယ်..။*

၁၃၇၃- ကဆုန်လပြည့်
စာရေးသူ သစ္စာအလင်း
http://forverfriends.ning.com/profiles/blog/show?id=2863689%3ABlogPost%3A3500826&xgs=1&xg_source=msg_share_post

Friday, May 13, 2011

စိတ်ဓါတ်ကျရင် ဒါလေးဖတ်ပါ

http://forverfriends.ning.com/profiles/blog/show?id=2863689%3ABlogPost%3A3256420&xgs=1&xg_source=msg_share_postအိုးအိမ် မဲ့ လမ်းဘေး ဘဝ မှ ဟားရ်ဗားဒ် Harvard တက္ကသိုလ် သို့ --လင်းလင်း
--/25,Apr, 2011

- Liz Murray အား (New York )နူးယောက် ပြည်နယ် ဘရော်းစ်(Bronx) မြို့ တွင် ၁၉၈၀ ၌ မွေဖွားခဲ့ သည်။
သူမ ၏ မိဘများမှာ ဆေး၊ ဘိမ်း စွဲသူများ ဖြစ်ပြီး မိသားစု အတွက် ထောက်ပံ့ မည့် အစား ရသမျှ မရှိစလောက်သော ဝင်ငွေ များကို သူတို့  ခဏသာ စိတ်ဖြေ ရာ အဖြစ်သာ အသုံးပြုသည်။

လိဇ် (Liz) နဲ့ သူမ၏ အမ (Lisa) တို့ နှစ်ဦးမှာ အစာငတ် ပျက် တစ်လှည့်  အသက်ကို ကြုံရာ ဆက်နေရရှာသည်။
အဝတ်အစား ဝတ် ရန် မရှိသဖြင့်  တစ်ထည်တည်းရှိသော အဝတ် တစ်စုံကို နေ့ တိုင်း ညစ်ပတ် နံစော်နေသည် အထိ ဝတ်သည်။
စတိုးဆိုင်များမှ လွင့် ပစ်သော အစားအစာ များကို ကောက်စားရင်း တစ်နေ့ တာ ဘဝကိုတင် မျှော်လင့် ချက်ကင့် မဲစွာ ဆက်နေရသည်။


မည်သို့ ပင် ခက်ခဲစေကာမူ လိဇ် (Liz) အမ (Lisa ) တစ်ယောက် ကျောင်းကို အဆက်မပြတ် တက်နေခဲ့ သည်။ သို့ သော် စိတ်ပျက် စရာကောင်းသော သူတို့ မသားစု ၏ အငှားခန်း ၊ မိဘနှစ်ပါး ၏ သားသမီးအပေါ် ပြုစုစောင့် ရှောက်မှု ဝတ္တရား ခေါင်းပါးခြင်း၊ သွန်သင် လမ်းပြမှုလုံးဝမရှိခြင်းတို့ ကြောင့်  လိဇ် ကျောင်းတက်ချင် စိတ် မရှိပါ။

မိဘ အုပ်ထိန်းမှု အောက် တွင် မှီခို ကျောင်းတက်ရမည့်  အရွယ် ၉ နှစ် သမီး လိဇ် တစ်ယောက် ရပ်ကွပ် စတိုး ဆိုင် များ တွင် တစ်ဆိုင်ဝင် တစ်ဆိုင် ထွက် ကာ ဆိုင်နောက်ဘေး အမိုက်သိမ်း သန့် ရှင့် ရေး စသော ရရာ အလုပ်ကို လုပ်ခဲ့ သည်။

Thursday, May 12, 2011

ဘယ်ကရဲဘော်လဲ.

ဘယ်ကရဲဘော်လဲ


သူ့မယုံရ ကိုယ့်မယုံရ

သံသယတွေပိုက်

ဟိုတစ သည်တစပြိုကွဲ

ဘယ်ကရဲဘော်ဖြစ်မ

ှာလဲ။



တီးတိုးတီးတိုး

သဖန်းပိုး

ကွယ်ရာတမျိုး ရှေ့တမျိုး

ခြေထိုးမတော် ချော်လို့လဲ

ဘယ်ကရဲဘော် ဖြစ်မှာလဲ။



နေရာပိုင်မှု အပြိုင်လု

လူထုအတွက် ပြည်သူ့အတွက်တဲ့

အရှက်ကနည်း၊ သွေးကခွဲ

ဘယ်ကရဲဘော် ဖြစ်မှာလဲ။



ခြေပုန်းခုတ်လို့ ဂုတ်ပေါ်တက်

မျက်နှာနှစ်ဖက် လျှာနှစ်ခွ

နှစ်ဖက်လွှနဲ့ သတ်လျှိုခွဲ

ဘယ်ကရဲဘော် ဖြစ်မှာလဲ။

ဘယ်ကရဲဘော်လဲ..........



တင်မိုး

၁၆.၃.၂၀၀၀ (ကြာသာပတေး ညနေခင်း)

Thursday, May 5, 2011

မေတ္တာဟူသည်

မူကြိုကျောင်းတစ်ကျောင်းမှာရှိ တဲ့ ဆရာမတစ်ယောက်ဟာ သူ့အတန်းထဲက ကလေးတွေနဲ့ ဂိမ်းတစ်ခုဆော့ဖို့ စီစဉ်ခဲ့တယ်။ အတန်းထဲမှာရှိတဲ့ ကလေးတိုင်းဟာကျောင်းကိုလာတိုင်း အာလူးထည့်ထားတဲ့ အိတ်တစ်လုံးစီ ယူလာရမယ်လို့

ဆရာမကပြောတယ်။ အာလူးတစ်လုံးစီမှာ သူတို့သိပ်မုန်းတယ်ဆိုတဲ့လူရဲ့ နာမည်ကို ရေးရမယ်။ ဒါကြောင့် သူတို့တစ်ယောက်စီရဲ့အိတ်မှာ ပါမယ့် အာလူးအရေအတွက်ဟာ သူတို့ လူဘယ်နှယ်ယောက်လောက်မုန်းသလဲ ဆိုတာပေါ်မှာမူတည်နေတယ်။

နောက်နေ့မှာ ကလေးတိုင်းဟာ နာမည်ရေးထားတဲ့ အားလူးတွေ ကိုယ်စီသယ်လာကြတယ်။ တချို့က(၂)လုံး၊ တချို့ကျ (၃)လုံး၊ (၅)လုံးထိယူလာတဲ့လူတောင် ရှိတယ်။ ဆရာမက အဲဒီအာလူးအိတ်ကို သူတို့ ဘယ်သွားသွား ကိုယ်နဲ့မကွာ ယူသွားရမယ်လို့ မှာတယ်။ အိမ်သာတက်ရင်လည်း မချန်ခဲ့ရဘူး။ တစ်ပတ်တိတိလုပ်ရမယ်တဲ့။

ရက်အနည်းငယ်ကြာတော့ ကလေးတချို့က စပြီး စောဒကတက်လာတယ်။ အာလုံးအပုတ်တွေကနေ အနံ့ထွက်လာပြီကိုး။  တချို့ကျ အာလူး (၅)လုံးတောင်သယ်ရတာဆိုတော့ လေးလံနေကြတာပေါ့။ တစ်ပတ်ပြည့်တော့ ဂိမ်းကပြီးပြီလေ။ ဒါကြောင့် ကလေးတွေလည်း စိတ်လက်ပေါ့ပါးသွားတာပေါ့။

ပြီးခဲ့တဲ့ တစ်ပတ်လုံးလုံး အာလူးအိတ်ကြီး သယ်ပြီးလျှောက်သွားနေတာ ဘယ်လိုခံစားရလဲ လို့ ဆရာမကမေးတော့ သူတို့ရဲ့ စိတ်ပျက်စရာကောင်းတဲ့ အတွေ့အကြုံတွေကို ပြောပြကြတယ်။ ဘယ်ကိုပဲသွားသွား အဲဒီ လေးလည်းလေး နံလည်းနံတဲ့  အားလူးအိတ်ကြီးကို ဘယ်သူက သယ်သွားချင်ကြမှာတုန်း။ ဒီတော့ ဆရာမက ဒီဂိမ်း ကစားရခြင်းရဲ့ ရည်ရွယ်ချက်ကို ရှင်းပြတယ်။ အခုမင်းတို့ ခံစားခဲ့ရတဲ့ အခြေအနေဟာ ဘာနဲ့တူသလဲဆိုတော့ လူတစ်ယောက်ပေါ်မှာထားတဲ့ အာဃာတ အမုန်းတွေကို သားတို့ရဲ့ နှလုံးသားထဲမှာထည့်ပြီး လျှောက်သွားနေတာနဲ့ တူတယ်။ အကယ်၍ အဲဒီ အာလူးပုတ်ရဲ့ အနံ့အသက်ကို တစ်ပတ်လေးတောင်မှ မခံနိုင်ဘူးဆိုရင် သားတို့စဉ်းစားကြည့်စမ်း။ အမုန်းအာဃာတတွေကို မင်းတို့ရဲ့ နှလုံးသားထဲမှာ ဘ၀တလျှောက်လုံး သယ်သွားမယ်ဆိုရင် ဘယ်လိုနေမလဲ။

လူတွေအပေါ်မှာထားတဲ့ အမုန်းတွေကို လွှင့်ပစ်လိုက်ပါ။ ဘ၀တလျှောက်လုံး အဲဒီဒုက္ခကို သယ်မသွားပါနဲ့။ ခွင့်လွတ်ခြင်းဆိုတာ အမြင့်မြတ်ဆုံး စိတ်ဓါတ်ပါ။ မင်း မကြိုက်ဘူးဆိုတဲ့လူကိုတောင် မေတ္တာထားပါ။ မေတ္တာစစ် မေတ္တာမှန်ဆိုတာ ပြီးပြည့်စုံတဲ့လူကို ချစ်တာမဟုတ်ပါဘူး။မပြည့်စုံတဲ့ သူကို ပြည့်ပြည့်၀၀ ချစ်တာပါ။
 အားလုံးသော သူငယ်ချင်းများ ခွင့်လွတ်ခြင်းဆိုတဲ့ အမြင့်မြတ်ဆုံး စိတ်ဓါတ်ကို ပိုင်ဆိုင်ထားနိုင်ပါစေ............http://chocolatemyotaw.ning.com/profiles/blog/show?id=3019402%3ABlogPost%3A3610039&xgs=1&xg_source=msg_share_post


Tuesday, May 3, 2011

ဆိုက်ကားသမား ဒဿသနဆရာ ဆရာမြသန်းတင့်

ဆိုက်ကားသမားဒဿနဆရာ

ညို့မှောင်နေသည့်သူ့မျက်နှာပေါ်

မှမျက်လုံးများသည်တဖျက်ဖျက်တောက်နေကြသည်။ဆံပင်ဖရိုဖရဲ၊ အ၀တ်အစားခပ်နွမ်းနွမ်းနှင့် ခုံဖိနပ်ကိုစီးထားသည့်တိုခပ်နွမ်းနွမ်းအဆင်အပြင်ထဲမှနေ၍
သူ့မျက်နှာသည် ကြည်လင်လတ်ဆတ်ကာ နှစ်လိုဖွယ်
ကောင်းနေသည်။သူသည်ကျွန်တော်တို့စာရေးဆရာတစ်သိုက်ကိုအကဲခတ်နေသည်။တစ်ခါတစ်ရံတွင်
ဆေးပေါ့လိပ်တိုကို မီးညှိပြီး ကျွန်တော်တို့ပြောနေသော စကားများကို
နားစွင့်နေတတ်သည်။
တစ်ခါတရံတွင်လည်းသူ့နှုတ်ခမ်းမွှေးကိုပွတ်သပ်ရင်းကျွန်တော်တို့ပြောနေသည့်
စကားများကို နားစွင့်တတ်သည်။
ဗိုလ်တဲပေါ်ကို ရောက်စတုန်းက ကျွန်တော်သူ့ကို သတိမထားမိ။

Monday, May 2, 2011

မေဒေးနေ့  နိုင်ငံတကာ အလုပ်သမား


http://www.maukkha.org/index.php?option=com_content&view=article&id=1580:2011-05-02-04-53-12&catid=120:2010-10-11-07-37-22&Itemid=374

ဂျာကာတာ။ မေဒေးနေ့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ လမ်းများပေါ်တွင် အလုပ်သမား ၅ သောင်းကျော်က ‘လုပ်ခ၊ အလုပ်၊ အိမ်မြေ’ စတဲ့ ကြွေးကြော်သံများနှင့်အတူ သမ္မတနှင့် ဒုသမ္မတ နှုတ်ထွက်ပေးရေး
တောင်းဆိုခဲ့ကြသည်။ နှစ်စဉ် မေ ၁ ရက်နေ့တိုင်း အင်ဒိုနီးရှား အလုပ်သမားများက မပျက်မကွက် ဆန္ဒပြကြခြင်း ဖြစ်သည်။

သမ္မတ အိမ်တော်ဆီ ချီတက်လာတဲ့ လူအုပ်ကြီးနဲ့ ရဲများ လမ်းတွင် ထိပ်တိုက်ပဋိပက္ခဖြစ်ခဲ့သည်။ နောက်ဆုံး ဆန္ဒပြ အလုပ်သမားများ သမ္မတ အိမ်တော်ဝင်းရှေ့ ရောက်ရှိခဲ့ပြီး ကားတာယာများကို မီးရှို့ခဲ့ကြသည်။ အလုပ်သမားအဖွဲ့ ၆၆ ဖွဲ့က ဆန္ဒပြသူများနှင့် ထပ်မံပေါင်းစည်းခဲ့သည်။

အလုပ်သမားများက အနိမ့်ဆုံး လုပ်ခလစာ(minimum wages) ကို တိုးမြှင့်သတ်မှတ်ပေးဖို့၊ ကုမ္ပဏီတွေမှ ပြင်ပအလုပ်သမား ငှားရမ်းလုပ်ကိုင်မှု လျှော့ချဖို့၊ သမဂ္ဂများများရဲ့ အခွင့်အရေး ရရှိဖို့၊ အင်ဒိုနီးရှား နိုင်ငံသားအားလုံး အတွက် လူမှု့ဘ၀လုံခြုံရေး စနစ် ဥပဒေအတိုင်း အကောင်အထည် ဖော်ပေးဖို့ တောင်းဆိုခဲ့ကြသည်။ ဆက်ပြီး သမ္မတ ယဒ်ဟိုယိုနို နှင့် ဒုသမ္မတ ဘိုအာဒီယိုနို တို့ နှုတ်ထွက်ပေးရေးကို တောင်းဆိုခဲ့သည်။
အင်ဒိုနီးရှားတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အလုပ်သမားများအတွက် အနိမ့်ဆုံးလစာ သတ်မှတ်ထားချက်မရှိ။ ပြည်နယ် ခရိုင်အသီးသီးက တစ်ကျောင်းတစ်ဂါထာ ပုံစံဖြင့် လာစာနှုန်း သတ်မှတ်ထားမှုသာ ရှိသည်။ တနင်္ဂနွေ မေဒေးနေ့ ဆန္ဒပြမှု အတွက် အစိုးရက လုံခြုံရေးရဲ ၇၀၀၀ ကျော် ချထားခဲ့သည်။