Sunday, July 31, 2011

ဂုဏ်


Saturday, July 30, 2011

စဉ်းစားဆင်ခြင်မှု မရှိဘဲ သင်ယူခြင်းဟာ လုပ်အားဆုံးရှုံးခြင်းပါပဲ' တဲ့

Written by ဒေါက်တာခင်မောင်ညို
''ဘာဆီဂျင်လဲ'' ''အောက်ဆီဂျင်ပါ'' ''ဘာတိုးပါသလဲ'' ''ဓာတ်တိုးပါတယ်'' ''ဘာဒိုင်အောက်ဆိုဒ်ပါလဲ'' ''ကာဗွန်ဒိုင်အောက်ဆိုဒ်ပါပဲ'' ''ဘာလိုချင်ပါလဲ'' ''ဟေလိုချင် ပါပဲ'' ကျူရှင်တွေရဲ့ အသံပါ။ ကျူရှင်တွေ အများကြီးရှိသည့် 'ကျူရှင်တန်း'ဟု ခေါ်သော ဆိပ်ကမ်းသာလမ်း အလယ်ဘလောက် နှစ်ခုကို လျှောက်သွားလျှင် ဒီအသံတွေကို ကြားကြရမှာပါ။ ကျောင်းသားတွေ အင်မတန် သဘောကျပြီး ရှေ့ကအမေးကို နောက်က လိုက်အော်ကြသည့် စနစ်ပါပဲ။ ''ဘာလိုချင်လဲ'' ဟု ဆရာမက မေးလိုက်လျှင် အတန်းထဲက ကျောင်းသားအားလုံးသည် ''ဟေလိုချင် (Halogen)ပါပဲ''ဟု ဖြေကြပါသည်။ (Halogen)သည် ဓာတုဗေဒ ပစ္စည်းအစု ဖြစ်သည်။ ထိုနည်းကို ''ဘာ Method''ဟု ခေါ်ပါသည်။ ကျူရှင်ကို လာစောင့်သော မိဘများသည် သားသမီးများ စာဆိုနေသံကို ကြားသောကြောင့် ကျေနပ်ကြသည်။ ထိုနည်းကို ဆရာတစ်ယောက်က အောက်ပါအတိုင်း သုံးသပ်ပြထားသည်။ ''ဆရာတွေကလည်း သဘောကျတယ်။

Friday, July 29, 2011

စုံစမ်းစစ်ဆေးရေးကောက်မရှင် (CoI) ဖြစ်ပေါ်လာရေးတောင်းဆိုရန်

8888 Action Alert 27072011-2015

Thursday, July 28, 2011

ငါးပါးမမှောက်ကြပါစေနဲ့ (ရွှေည၀ါဆရာတော်)

ငါးပါးမမှောက်ကြပါစေနဲ့ တရားတော် (ရွှေညဝါဆရာတော်) by Demo Waiyen ၂၀၁၀ခုနှစ် ဒီဇင်ဘာလ ၁၉ရက်နေ့က ရှောက်ပင်ခြံမှာ ဟောကြားခဲ့တဲ့ တရားတော် ဖြစ်ပါတယ်....။ ဆရာတော်ရဲ့ တရားတော်တွေကို သေသေချာချာ နားကြားကြည့်ကြပါ.. တရားတော်ဖိုင် ဒေါင်းလုပ်လုပ်ရယူရန် http://www.mediafire.com/?x8j58gsjx9fydls Posted by ဒီမိုဝေယံ

၂၀၀၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုရဲ့ ဦးဆောင်သံဃာ ဖြစ်တဲ့ အရှင် ဂမ္ဘီရ ခေါ် ဦးစန္ဒောဘာသ

၂၀၀၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုရဲ့ ဦးဆောင်သံဃာ ဖြစ်တဲ့ အရှင် ဂမ္ဘီရ ခေါ် ဦးစန္ဒောဘာသ ဟာ လက်ရှိမှာ ထောင်ဒဏ် ၆၈ နှစ် ကျခံနေရပါတယ်။ အရှင်ဂမ္ဘီရ အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ ဖြစ်ကြတဲ့ သား (၃) ယောက်ကို မြန်မာပြည် အနှံ့က အကျဉ်းထောင်တွေမှာ လိုက်ပြီး ထောင်ဝင်စာတွေ့နေရတဲ့ မိခင် ဒေါ်ရေးကို ပြောဆိုချက်တွေကို ရိုက်ကူးတင်ဆက်ထားပါတယ်။

Wednesday, July 27, 2011

*ဟိုတစ်နေ့က နာဂစ်ဆီသို့*


*ဟိုတစ်နေ့က နာဂစ်ဆီသို့*
၂၀၀၈ ဟိုတစ်နေ့က
ကျွန်တော်တို့ ဒေသတလွှား
ထူးထူးခြားခြား
ဘာဖြစ်ခဲ့သေးလဲလို့
မေးမေး မမေးမေး
ဖြေချင်ပြောချင်သူပါ။
လူ၊တိရစ္ဆာန်၊အဆောက်အဦ၊သစ်ပင်တွေကို
ရောသမ မွှေသွားတာ
နာဂစ် ဆိုက်ကလုံးမုန်တိုင်းပေပဲ။
တစ်နာရီလျှင် မိုင်၁၃၀နှုန်းတဲ့။
ဒါကြောင့်ပါပဲ
အိမ်တွေကို
သူ့လက်ဖနောင့်ကြီးတွေနဲ့
ဆောင့်ဆောင့်ပြီးတွန်းတော့
တောင့်တဲ့အိမ်ကတော့
အောင့်ခံတယ်
မတောင့်တဲ့ ကျွန်တော်တို့အိမ်စု
တစစီလွင့်
အစ ဘယ်ရှာရ မပ။
ဟ…ဟိုမှာကြည့်ပါဦး
အိမ်ရှေ့အိမ်ပြိုပြီ
အနားကအိမ်တွေ ဘယ်မတုန်း
တို့အိမ်ကော ဘာထူးတုန်း
ပြေးကြရအောင်
ဘယ်ပြေးမလဲ
အားကိုးစရာက ဘုန်းကြီးကျောင်း
ကောင်းပြီ။
ဘုန်းကြီးကျောင်းဆီကို…။
အလို…မုဒ်ဦးဘယ်နားမှာပါလိမ့်။
ပိတ်နေတဲ့ အပင်ကြီးတွေ
ကာနေတဲ့ အကိုင်းကြီးတွေ
”အမေရေ…ဒီဘက်ကလာ”
”ဝေ…ငါ့သားဘယ်မှာလဲ”
”ဗျာ..သားဒီမှာပါ”
ခေါ်သံထူးသံတွေက တညံညံ
သန်းခေါင် ကျော်လောက်တော့ရှိမယ်
တွယ်ကပ်စရာ ကျောင်းဝန်းထဲအရောက်
          ”ဝေါ … ဝေါ”
ဟော … ဘာသံပါလိမ့်
”ရေတွေ တက်လာပြီ”တဲ့
ခုမှသိတယ်၊ ဟုတ်ပေသားပဲ
ဒူးလောက်ထိရေတွေ
အမြန်ပင်ကျောင်းမပေါ်အရောက်သွား
ကံသီပေလို့
ကံမသီတဲ့ လူအများ
ကံစီမံရာဘဲ…။
သက်ကြီးအို၊ မိန်းမသားနှင့်ကလေး
အင်မတန် သနားစရာပေပ။
ကူးရင်း၊ခတ်ရင်း၊ တွယ်ရင်း၊ ကပ်ရင်း
သေလေကြသည် အတုံးအရုံးပဲ။
ဒါတင်မကသေးပါ…။
ဗလအင်အား၊ ကြီးမားတဲ့ယောက်ျား
ဖြစ်ပါစေဦးတော့
”လွတ်မြောက်အောင်ပြေးကွ
 မလွတ်ရင်သေပြီမှတ်”ဟု ကြိမ်းမောင်း
သူ့ရဲ့မဟာမိတ် ဒီလှိုင်းလုံးကြီးတွေနဲ့
ခြင်္သေ့တစ်ကောင်လို ခုန်အုပ်ပြီး
မိကျောင်း တစ်ကောင်လို မျိုပြစ်သည်မှာ
မနုဿလူသားတွေခမျာ
ရေဇလာ အန္တရာယ်ကြောမှာ
ပက်လက်တင်မက၊ မှောက်ခုံကတစ်ဖုံ
အစုံအညီ မျောကြရပြီ။
သေကြရပြီ။
ဒုက္ခရောက်ကြရပြီ။
သြော် . . . သဘာဝအန္တရာယ်
လွန်ဆန်လို့မရလေတော့
သူ့လက်ခုပ်ထဲကရေပေါ့။
မတွေးချင်တော့ပါ
တွေးကြည့်ရင် …
ဟိုတစ်နေ့က အလား ထင်မှားမိတယ်။
                                                ဆွေ(ကွမ်းခြံကုန်း)

၂၀၀၈ခုနှစ်၊ မေလ၂ရက်နှင့် ၃ရက်နေ့တွင် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းရှိ မြစ်ဝကျွန်းပေါ်ဒေသများသို့ ၀င်ရောက်တိုက်ခက်ခဲ့သော နာဂစ် ဆိုက်ကလုံးမုန်တိုင်းသို့ ပြန်လည်လွမ်းဆွတ်ခြင်း။

Tuesday, July 26, 2011

ရွှေဟင်္သာတောရ စတုတ္ထစံကျောင်း ဆရာတော် ဘဒ္ဒန္တ၀ိမလ ၏ သြ၀ါဒကထာ

မှားယွင်းမှုဟူသည်
မောဟမကင်းသူ လူတိုင်းနှင့် ဆက်ဆံ၏။
သူတစ်ပါးမှားလျှင်
အမှန်ရောက်အောင် ငါပြင်မည်။
 ငါမှားလျှင်
 သူတစ်ပါး အပြင်ကို ငါခံမည်။
 ငါ့ကို  ပြု ပြင်သူကို
ငါ့ဆရာဟု အသိအမှတ်ပြုမည်။
 သူတစ်ပါးအကျိုးကို ငါလိုလားမှ
 ငါ့အကျိုးကို သူတစ်ပါး လိုလားမည်။
 ငါ့တာဝန်ကို ငါကိုယ်တိုင်သိ၍
 ဆောင်ရွက်မည်။
ငါ့ အလိုသို့သာ တစ်ဖက်သတ်လိုက်သူမှာ
 ငါ့မိတ်ဆွေမဟုတ်။
 သုခ၏ မျိုးစေ့ဖြစ်သော ဒုက္ခကို
 ရဲဝံ့စွာ ငါခံယူမည်။
 ဒုက္ခ၏ မျိုးစေ့ဖြစ်သော သုခကို
 ရဲဝံ့စွာ ငါရှောင်ရှားမည်။
 ငါ့ အလုပ်နှင့် တူသောအကျိုးကို
 မချွတ် ငါရမည်။
ညောင်တုန်းမြို့၊ရွှေဟင်္သာတောရ စတုတ္ထစံကျောင်း ဆရာတော် ဘဒ္ဒန္တ၀ိမလ ၏ သြ၀ါဒကထာ

Monday, July 25, 2011

အကျယ်ချုပ်ကျ ဦးခင်ညွန့်၏ နောက်ဆုံးအခြေအနေ

ဆိုင်းငံ့ ပြစ်ဒဏ်နှင့် နေအိမ်အကျယ်ချုပ် ကျနေသော စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း၊ ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်က စားဝတ်နေရေး အခက်အခဲကြောင့် ဇနီးနှင့် သမီးအား စီးပွားလုပ်ကိုင်နိုင်ရေး လွတ်လပ်စွာ သွားလာခွင့်ပြုရန် မေတ္တာရပ်ခံခဲ့ကြောင်း နေပြည်တော်နှင့် နီးစပ်သည့် အသိုင်းအ၀န်းမှ သိရသည်။

ဗုဒ္ဓဘာသာကောင်းတစ်ယောက်၏ စွမ်းအား

Shwe Nya War Sayartaw by demowaiyan ဗုဒ္ဓဘာသာကောင်း တစ်ယောက်၏ စွမ်းအား.. (ရွှေညဝါဆရာတော်) (အသံဖိုင်) အဆုံးအမသြဝါဒပေးသူကို မသူတော်တွေများ မုန်းတီး၍ ရှုံချ၍ ဟန့်တား၍ ပိတ်ပင်၍ နှောင့်ယှက်၍တဲ့။ မုန်းတီးတယ် ဆိုတဲ့စကားလုံးကိုချဲ့ရင် မုန်းတီး၍ ရှုံချ၍ ဟန့်တား၍ ပိတ်ပင်၍ လို့ အဓိပ္ပါယ်ရတယ်...။ မသူတော်များက မုန်းတီးတာကိုမှ တို့က ကြံ့ကြံ့ခံ၍ ကြိုးစားအားထုတ်ကြတယ်..။ ဘာသာရေးတွင် ရဟန်းသည် ခေါင်းဆောင်ဖြစ်၏တဲ့..။ ခေါင်းဆောင်သည် မှန်ကန်တဲ့ဖက်က ခေါင်းထောင်ခွင့် မရှိဘူးတဲ့။ ငါမှန်တယ် ငါဟုတ်တယ် တရားမျှတတယ်ဆိုပြီး နည်းနည်းလေးမှ ခေါင်းသွားမထောင်နဲ့ ထောင်ခွင့် မရှိဘူး..။ ခေါင်းဆောင်ဆိုပြီး ခေါင်းငုံနေခဲ့ရတဲ့ အခါမျိုးတွေ မနည်းဘူး။ ခေါင်းထောင်ခွင့်မရတဲ့ ခေါင်းဆောင်ပါတဲ့။ အဲ့ဒီတော့ ရဟန်းသည် ဘာသာရေးတွင် ခေါင်းဆောင်ဖြစ်၏ဆိုတာ ဒီကနေ့တော့ အပြည့်အဝ မမှန်သေးဘူး... နောင်သောအခါ ဘယ်အချိန်မှများ မှန်လာမလဲဆိုတာ မပြောတတ်သေးဘူး....။(တရားအသံဖိုင်ပါ ဟောကြားချက်လေးပါ) အသံဖိုင် ဒေါင်းလုပ်လုပ်ချင်ရင်... http://www.mediafire.com/?6u6zht3c5njzr5z တရားအသံဖိုင်အတွက် ဦးဥာဏ်၊ ကိုမောင်ဦးတို့အား ကျေးဇူးတင်ပါသည်..။ Posted by ဒီမိုဝေယံ

Friday, July 22, 2011

တို့တတွေ ဘာလုပ်ကြမလဲ။(တင်မိုး)

အမိနိုင်ငံက ငါတို့ခွာ
အမေရိကမှာ ငါတို့နေ
တို့တတွေ ဘာလုပ်ကြမလဲ။

ဆင်းရဲနိမ့်ကျ၊ မျက်နှာပန်းမလှတဲ့
တို့ဘ၀တို့မြေကို
တို့တတွေ မြှင့်တင်ရမှာပဲ။

မလွတ်လပ်ရင် လွတ်လပ်အောင်လုပ်
ခလုတ်ကန်သင်းတွေကို အငုတ်ရှင်းရမှာပဲ။

တကိုယ်ရေ ကောင်းစားမှုကို
လစ်လျူရှုတန် ရှုရမယ်။

လူထုအကျိုး တနိုင်သယ်ပိုးရမယ်။

အမျိုးသားစိတ် အခြေခံနဲ့
မိခင်နိုင်ငံကို စောင့်ရှောက်ရမှာပဲ။

အစစပြည့်စုံတဲ့၊ သူတို့ဘုံ သူတို့နိုင်ငံမှာ
စည်းစိမ်ခံလို့ ပြည်ပြန်လှရေး
အတ္တအကျိုးငှာ၊ ငါတို့လာခြင်း မဟုတ်။

သူတို့ပညာ သူတို့စေတနာ
ကမ္ဘာလူသားထုကို
ဘယ်လိုများ အကျိုးပြုနိုင်သလဲ
ဆည်းပူးမှု စုဆောင်းမှု
မှတ်သားမှု၊ လေ့လာမှုတွေ
ပြုခဲ့ပြီးနောက်
ကိုယ့်နိုင်ငံထွန်းတောက်အောင်
ဘယ်လောက်များလုပ်ပေးနိုင်သလဲ
ဒီအတွေး ဒီအမြင်နဲ့
အသက်ရှင် နေထိုင်သင့်ပါတယ်။

ကမ္ဘာကြီးမှာ
ငါတငါတည်း၊ သာယာစီးဖို့ မဟုတ်။

အချင်းချင်းကို ကူညီ
တူညီတာတွေ တွဲလုပ်
အယုတ်အလတ်အမြတ်မရွေး
ကိုယ့်သွေးချင်းတွေ ကြင်နာ
မြန်မာဟာ မြင့်မြတ်တဲ့ နိုင်ငံသားရယ်လို့
ဂုဏ်ယူဖွယ် စိတ်ထားနဲ့
တရား ချစ်သူတွေ ဖြစ်ရမယ်။

သူ့နိုင်ငံကိုလေးစား
ကိုယ့်နိုင်ငံကို တိုးပွားအောင်
အများသူငါ ကြိုးစားကြပါစို့။

တင်မိုး
၁၀ ဒီဇင်ဘာ ၂၀၀၆

Tuesday, July 19, 2011

လွတ်လပ်ရေးဖခင်

မိတ်ဆွေကောင်းစာကြည့်တိုက် (၂ ) ပြည့် နှစ်ပတ်လည် အခမ်းအနားနှင့် ၆၄ နှစ်ပြည့်အာဇာနည့်နေ့ အခမ်းအနား


From July 19, 2011

Wednesday, July 13, 2011

တကယ့်လွတ်လပ်ရေး တရားတော်

Shwenyawar Sayartaw (တကယ့်လွတ်လပ်ရေးတရားတော်) by demowaiyan


တကယ့်လွတ်လပ်ရေး တရားတော် (ရွှေညဝါဆရာတော်)

  Shwenyawar Sayartaw (တကယ့်လွတ်လပ်ရေး တရားတော်) by demowaiyan
ဘုန်းဘုန်း မင်းသုညအား ကျေးဇူးတင်ပါသည်...။
တကယ့်လွတ်လပ်ရေး တရားတော် ဒေါင်းလုပ်လုပ်ချင်ရင် 


အညံ့ခံကာ နေကြတော့မှာလား အပိုင်း(၂)
ဆောင်းပါးရှင် (မင်းသုည ဗုဒ္ဓတက္ကသိုလ်)

ပြည်သူအပေါင်းတို့ ယနေ့ မြန်မာနိုင်ငံအစိုးရသစ်သည် ဒီမိုကရေစီစနစ်ကို သွားနေပါသည်ဟု သူတို့ဝါဒဖြန့်ရာ သတင်းစာ၊ ဂျာနယ်၊ TV ၊ FM Radio စသည်တို့တွင် တွင်တွင်ကျယ်ကျယ် ဟောပြောရေးပြ စည်းရုံးနေကြပါသည်။ သူတို့တစ်တွေသည် အရှက်တရား မရှိသည့်အတွက်သာ ဒီလို ပြောနေကြခြင်းသာဖြစ်ပါသည်။ အရှက်တရား ရှိသူများသာဆိုလျှင် ဒီလိုပြောရဲမည်မဟုတ်ပါ။ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ လွတ်လပ်စွာဟောပြောခွင့်၊ လွတ်လပ်စွာရေးသားခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့် ၊လွတ်လပ်စွာတွေးခေါ်ယူဆခွင့် ဆိုတဲ့ အခြေအခံအချက်ကြီး လေးချက် ဘာတစ်ခုမှ ယနေ့ထက်ထိ မတွေ့ရသေးလို့ပဲဖြစ်ပါတယ်။ ပါလီမန်ထဲ ပါခွင့်ရရင်တော့ ဒီမိုကရေစီသဘောတရားလေးတွေ ပြောပြလို့တင်ပြလို့ ရမယ်ဆိုပြီးဝင်သွားကြတဲ့ ပုဂ္ဂိုလ်ကြီးတွေ ပြောခွင့်ရဖို့ဆိုတာဝေးစွ အီးတောင်ကျယ်ကျယ် မပေါက်ရဲကြပါဘူး။ ဗိုလ်စုတ်မှူးကြီးသန်းရွှေ ၀တ်ခိုင်းထားတဲ့ ချိတ်ထမိန်လေး တွေဝတ်ပြီး ယောက်ျားရင့်မာကြီးတွေကနေ ဘာမှပြန်မပြောရဲတဲ့ ဂန်ထူးဘ၀ကို ရောက်သွားကြတာ သနားစရာ ကောင်းလိုက်တာ။ ဆရာကြီးဦးဝင်းတင်ပြောတဲ့စကားနဲ့ပြောရမယ်ဆိုရင် နွားသတ်ရုံအပို့ခံရတဲ့ နွားတွေလို လည်ဆင်းပေးနေကြရပြီ။ သူတို့သာတကယ် ယောက်ျားပီသကြမည် သတ္တိရှကြမည်ဆိုလျှင် အပြောနှင့် အလုပ်ညီစွာ လုပ်ပြနိုင်ရပေမည်။ အခုတော့အပြောတခြား အလုပ်တခြား ဖြစ်နေကြပေပြီ။ လွတ်လပ်စွာ ဟောပြောခွင့်ကို ပြည်သူတွေရဖို့ဝေးစွ ပြည်သူတွေ ကိုးကွယ်အလေးအမြတ်ပြု ယုံကြည်အားထားရာဖြစ်တဲ့ သံဃာတော်များပင်လျှင် မရကြပေ။

ရွှေည၀ါဆရာတော်သည် သာသနာတော်အတွက် ကျေးဇူးများသော ဆရာတော်တစ်ပါးဖြစ်ပါသည်။ နှစ်စဉ် သံဃာတော် အပါးတစ်ထောင်ကျော်ကို ဆရာတော်ရဲ့ကျောင်းတိုက်မှာ ယမိုက်၊ ပဌာန်း၊ ဓမ္မာစရိယ စာဝါများကို ပို့ချသင်ကြားပေးနေသည်။ 


 သံဃာတော်အပါး ခုနှစ်ရာကျော် သီလရှင် အပါး နှစ်ရာကျော်အား အဆင့်မြင့် ဗုဒ္ဓတက္ကသိုလ်ဆိုင်ရာ ကျမ်းစာများကို သင်ကြားပြသပေးလျက်ရှိပါသည်။ ဆရာတော်ကဲ့သို့ သာသနာတော်အတွက် ကျေးဇူးများသော ထင်ရှားကျော်ကြားသော ဆရာတော်တစ်ပါးကိုပင် ဗုဒ္ဓဘုရားရှင်ရဲ့ တရားတော်များ ဟောပြောခွင့်မရှိလို့ ပိတ်ပင်ထားခြင်းသည် လွတ်လပ်စွာဟောပြောခွင့်၊ လွတ်လပ်စွာကိုးကွယ်ခွင့် များကိုလုံးဝချိုးဖေါက်ထားခြင်းဖြစ်ပေသည်။ မိမိတို့ကိုးကွယ်ပူဇော်ရာ သံဃာတော်များကို ဗုဒ္ဓဘုရားရှင်ရဲ့တရားတော်များ ဟောပြောခွင့်မရှိလို့ ပိတ်ပင်ထားခြင်းသည် ဘယ်သံဃာ ဘယ် မ ဟ န ဆရာတော် ဘယ်ပြည်သူ ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလို ဟု စော်ကားပြလိုက်ခြင်းပင်ဖြစ်ပေသည်။

ပြည်သူလူထုများဆင်းရဲဒုက္ခရောက်နေခြင်းမှလွတ်မြောက်ပါစေဆိုပြီး မေတ္တာသုတ်ရွတ်ကာ မေတ္တာပို့ကြတဲ့ သံဃာတော်များ ၀ါးရင်းဒုတ်နှင့် ရိုက်သတ်ခံရ၊ သေနတ်နှင့် ပစ်သတ်ခံခဲ့ကြရသည်။ ကျောင်းတိုက်တွေ သူပုန်စခန်းစီးသလို အစီးခံအဖမ်းခံခဲ့ကြရသည်။ သံဃာတော်အပါး ၂၆၅ ပါး၊သီလရှင် ၁၀ ပါး ၊၂၀၀၇ ခုနှစ်စက်တင်ဘာလမှစလို့ ယနေ့အထိအကျဉ်းကျခံနေရဆဲ နှိပ်စက်ညှင်းပန်း ခံနေရဆဲဖြစ်ပါသည်။ သံဃာတော်များ လွတ်မြောက်ရေး သံဃာတော်များအားလုံးနှင့် ပြည်သူလူထုတစ်ရပ်လုံးမှာ တာဝန်ရှိသည်။ လျစ်လျူရှု့မနေကြပါနှင့်။ တာဝန်မဲ့ လစ်လျူရှု့ခြင်းသည် လူယုတ်မာတို့၏ လမ်းစဉ်သာဖြစ်သည်။

ပြည်သူအပေါင်းတို့…. မိမိတို့ရဲ့ လွတ်လပ်ရေးမိမိတို့ကိုယ်တိုင်ပါဝင်တိုက်ပွဲဝင်မှ ရနိုင်မည်။ အညံ့ခံမနေကြပါနှင့်။ အားလုံးလက်တွဲညီညီ သစ္စာရှိရှိဖြင့် တစ်နိုင်ငံလုံး လှည်းနေ လှေအောင်းမြင်းဇောင်းမကျန် ပူးပေါင်းပါဝင်တိုက်ပွဲဝင်ကြဖို့ အချိန်ကြရောက်နေပါပြီ။ မိမိတို့ရပ်ကွက် ကျေးရွာ မြို့နယ် အတွင်းစည်းရုံးရေးဆင်းကြပါ။ ကြောက်မနေကြပါနှင့်။ အစိုးရသစ်ရဲ့ လုပ်ငန်းမှန်သမျှကို ၀ိုင်းဝန်းဆန့်ကျင် တော်လှန်ကြပါ။ သံဃာ့သပိတ်၊ ကျောင်းသားသပိတ်၊ တောင်သူလယ်သမား သပိတ်၊ အလုပ်သမားသပိတ် သပိတ်စုံနိုင်င်အောင်ဝိုင်းဝန်း စည်းရုံးကြပါ။ အားလုံးညီညာမှ ပြည်သာမည်ဖြစ်ပါသည်။ တာဝန်သိသိ သစ္စာရှိရှိဖြင့် တိုင်းပြည်အတွက် ပေးစပ်ဝံ့သော အာဇာနည် သူရဲကောင်းများ ဖြစ်နိုင်ကြပါစေဟု ဆန္ဒပြုရင်း………


တော်လှန်ရေးသစ္စာဖြင့်
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

ဝေဖန်အကြံပြုစာများရေးပို့မည်ဆိုလျှင် ကြိုဆိုလျက်….
king.issariya@gmail.com
www.king-zero.com

Tuesday, July 12, 2011

မြက်ရိုင်းထဲကကြေးရုပ် (တင်မိုး)

မြက်ရိုင်းထဲတွင်
ထိုင်ဆဲမလှုပ်၊ ဆန်းကြေးရုပ်။

သမိုင်းများစွာ
ဖြတ်သန်းလာတော့
ငါသည်မြက်ရိုင်း
နေရာတိုင်းကို
သမိုင်းပြရုပ်
ဆန်းကြေးရုပ်ကို
ကျွန်ုပ်တို့ မေ့ခဲ့ကြပြီ။

ဆန်း၏လမ်းစဉ် တို့မမြင်တော့
ကျေးဇူးရှင်မှန်း မသိစွမ်းတော့
ဆန်း၏ဂုဏ်ပုဒ် ဆန်းကြေးရုပ်က
တိမ်မြုပ်ခဲ့ပြီ အတိတ်ဆီ။

ဗိုလ်ချုပ်အောင်ဆန်း
ခင်းသောလမ်းက
လွမ်းစရာပင် အလှမ်းကွာခဲ့ပြီ။

ဗိုလ်ချုပ်လက်တွင်
စာရွက်လိပ်ထား
ကြေးဝါပြားကို
ရောင်းစားဖို့ရာ
ခွာခဲ့ရှာပေါ့
လက်မှာ စာရွက်မဲ့ခဲ့ပြီ။

ဗိုလ်ချုပ် ဟောရ
မောရ သောကအများ
ကျောကမကြား ဖြစ်ခဲ့ပြီ။

လွတ်လပ်ရေးကို
သွေးနှင့်ရင်း၍
အပ်နှင်းခဲ့ရ
သူ့ဘဝကို မြေချသင်္ဂြိုလ်ခဲ့ကြပြီ။

သမိုင်းနာလည်း
နာမှန်းမသိ
တို့မထိတော့
တို့၏အကျိုး၊ တို့ထုတ်ပိုးကို
အမျိုးသားရေး၊ တို့မတွေးအား
အရေးတော်ပုံ၊ တို့မဖြုံအား
တို့ယုံသည်က၊ တို့ကောင်းစားဖို့
အများအရေး တို့မတွေးအား
ကိုယ့်ရေးကြည့်ရာ၊ ကိုယ်လိမ္မာဖို့
အရာရာတွင်၊ ကိုယ်ကျိုးမြင်က
မီးစင်ကြည့်၍ က,တတ်ပြီ။

ဗိုလ်ချုပ်ကြေးရုပ်
မြက်ရိုင်းအုပ်လည်း
မခုတ်တော့ပဲ
မျက်နှာလွှဲပြီ
နေမြဲနေကြပါစေတော့....

တင်မိုး

စာအုပ်မရှိတဲ့ စာကြည့်တိုက်

မောက္ခ နိုင်ငံတကာသတင်း

E-mail Print PDF

ယခု အနောက်မှ တက္ကသိုလ်နှင့် ကောလိပ်အချို့တွင် စာအုပ်မရှိတဲ့ စာကြည့်တိုက် (bookless library) များ ခေတ်စား လာသည်။
အမေရိကန် ပင်ဆဲလ်ဗေးနီးယားပြည်နယ် ဖီလာဒဲလ်ဖီယားမြို့ကြီးရှိ Drexel တက္ကသိုလ်တွင် သုတေသနဌာန စာကြည့်တိုက်အသစ်ကို ပြီးခဲ့တဲ့လမှာ ဖွင့်လှစ်ခဲ့ပြီး၊ စာအုပ်များ မထားဘဲ ကွန်ပျူတာများသာ ထားရှိသည်ဟု စာကြည့်တိုက် တာဝန်ခံ Danuta Nitecki က စီအင်အင် သတင်းဌာနကို ပြောခဲ့သည်။
ကွန်ပျူတာများစွာကို စီတန်း ချထားပြီး၊ ဖီလာဒဲလ်ဖီးယား တက္ကသိုလ်ရဲ့ ‘အီးဘွတ်’ နှင့် အခြား အီလက်ထရောနစ် စီဒီများ စုစုပေါင်း ၁၇၀ သန်း ကို စာဖတ်သူများ အလွယ်တကူ အသုံးပြုနိုင်ဖို့ စီစဉ်ပေးထားသည်ဟု ဆိုသည်။
စာကြည့်တိုက်သစ်ကို ဒီဇိုင်း ဆွဲပေးခဲ့သူ Scott Erdy ကလည်း ပရိဘောဂတွေ ထိုင်ခုံတွေ ကွန်ပျူတာတွေကို နံရံတွေကို စိတ်ကြိုက် ပုံစံနေရာအမျိုးမျိုး ရွှေ့နိုင်အောင် စီစဉ်ပေးခဲ့ကြောင်း ပြောသည်။ သူက “ကျနော်တို့ စာအုပ်တွေ ထားဖို့ အဆောက်အဦ ဆောက်တာမဟုတ်ဘူး၊ ကျောင်းသားတွေ သင်ယူလေ့လာဖို့၊ အသိပညာ ဖလှယ်ဖို့ အဆောက်အဦကို ဆောက်ထားတာ” ဟု ရှင်းပြသည်။ စာကြည့်တိုက် အဆောက်အဦတွင် စာအုပ်များအတွက် နေရာမရှိတော့သော အခြေအနေသို့ ရောက်ခဲ့ပြီ။
၂၀၀၀ ခုနှစ်မှာ အမေရိကန် Kansas State University က စာအုပ်မဲ့ စာကြည့်တိုက်ကို ပထမဆုံး စတင်ဆောင်ရွက်ခဲ့ပြီး၊ အင်ဂျင်နီယာ ကျောင်းသားများအတွက် ကွန်ပျူတာခန်းများ၊ အီးဘွတ်များ စီစဉ်ပေးခဲ့သည်။ နောက်ပိုင်း Texas တက္ကသိုလ်နှင့် အခြား တက္ကသိုလ်များတွင် စာအုပ်မထား စာကြည့်တိုက်များကို ထူထောင်လာကြသည်။
ယခု ‘စာအုပ်တွေ မထားတော့ရင် စာကြည့်တိုက်ဆိုတာ အဓိပ္ပါယ် ရှိပါဦးမလား’ ဆိုတဲ့ မေးခွန်းကို ဆွေးနွေးလာကြသည်။
မောက္ခ နိုင်ငံတကာသတင်း
Source: AFP
http://www.maukkha.org/index.php?option=com_content&view=article&id=1613:-bookless-library&catid=120:2010-10-11-07-37-22&Itemid=374 

ကမ္ဘာ့လူဦးရေနေ့နှင့် သန်း ၇ ထောင် ပြဿနာ

မောက္ခ နိုင်ငံတကာသတင်း

E-mail Print PDF

၁၉၈၇ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့တွင် ကမ္ဘာ့လူဦးရေ သန်း ငါးထောင် ပြည့်ခဲ့ပြီးနောက်၊ ကုလသမဂ္ဂက ထိုနေ့ကို ‘Five Billion Day’ ဟု ကြေငြာခဲ့သည်။ နောက်နှစ်နှစ်အကြာမှာ
၎င်း ဇူလိုင် ၁၁ ရက်နေ့ကို ‘ကမ္ဘာ့ လူဦးရေနေ့’ အဖြစ် နှစ်စဉ် သတ်မှတ်သွားမည့်အကြောင်း ထပ်မံကြေငြာခဲ့သည်။
ကမ္ဘာ့လူဦးရေနေ့ ကို အသိအမှတ်ပြုရခြင်းမှာ မိသားစု စီမံကိန်း၊ ကျားမ တန်းတူညီမျှရေး၊ ဆင်းရဲမွဲတေမှု၊ မိခင်နှင့်ကလေး ကျန်းမာရေး၊ သက်ကြီးရွယ်အို စောင့်ရှောက်မှု စတဲ့ အရေးကြီးတဲ့ ပြဿနာများအပေါ် လူအများသတိပြု ဖြေရှင်းကြဖို့ နှိုးဆော်ခြင်း ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ကုလသမဂ္ဂ ခန့်မှန်းချက်အရ ယခု ၂၀၁၁ အောက်တိုဘာ ၃၀ ရက်နေ့တွင် ကမ္ဘာ့လူဦးရေ သန်း ၇ ထောင် (၇ ဘီလီယံ) ပြည့်မည်ဖြစ်သည်။ နှစ် ၂၀ အတွင်း ၄၀ ရာခိုင်နှုန်း တိုးပွားလာပြီး၊ ၁၉၆၈ ခုနှစ် ကထက် လူဦးရေ နှစ်ဆ ကမ္ဘာဂြိုဟ်ပေါ်တွင် နေထိုင်လာခြင်း ဖြစ်သည်။
၁၈၀၄ ခုနှစ်တွင် ကမ္ဘာ့လူဦးရေ ၁ ဘီလီယံ သာ ရှိခဲ့သည်။ နောက် ၁၂၃ နှစ် ကြာသောအခါ ၂ ဘီလီယံ အထိ တက်ခဲ့သည်။
လူဦးရေ ကျွမ်းကျင်ပညာရှင်များ အဆိုအရ ကမ္ဘာအနှံ့ မွေးဖွားနှုန်း ကျဆင်းနေသော်လည်း၊ ယခု ၂၁ ရာစု အလယ်အထိ ကမ္ဘာ့လူဦးရေ ဆက်တိုးပွားနေဦးမည်ဟု ခန့်မှန်းထားသည်။ အဆက်မပြတ် တိုးပွားနေမှာက ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဖြစ်သည်။ လူ ၁၀၀ မွေးတိုင်း ၉၇ ယောက် မှာ စားဝတ်နေမှု၊ မညီမျှမှု ပြဿနာပေါင်းစုံ အမြဲတက်နေတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဖြစ်သည်။  ၂၁၀၀ ခုနှစ် ယခု ရာစုနှစ်အဆုံးတွင် ကမ္ဘာ့လူဦးရေ ၁၀ ဘီလီယံ (သန်း ၁ သောင်း) ထိ ရှိလာမည်ဟု ခန့်မှန်းထားသည်။

Wednesday, July 6, 2011

Food and water donations at the rubbish dump

Food and water donations at the rubbish dump


About 300 migrants from Burma (which includes around 100 children of all ages) are currently living in dismal conditions on the rubbish dump of Mae Sot, a town on the Thai-Burmese border. The families fled arbitrary arrest, forced labor, rape, and killing by the Burmese military. They arrived at the border of Thailand with hopes of leading a life free of human rights abuses.
They earn a meager income by collecting and re-using plastic and other refuse. But living at the dump site comes with a very serious threat to health and security. The people face significant risks to their health, including skin, chronic respiratory diseases and sickness from drinking contaminated water from the near by lake and the well on the rubbish dump.
For this reason we have established the ‘Clean Water Fund’ to pay for the running costs of a water purification system for the people of the rubbish dump of Mae Sot. To date funds raised have enable us to purchase a filtration system, but this will require regular filter replacements if it is to remain effective.

LIFESAVER Gerry Can is an innovative water purification device that can remove debris, bacteria and viruses from water utilizing a unique membrane filtration system. With filtration, it effectively creates fresh water instantly and safely.
For us to be able to ensure the continued use of the Lifesaver Gerry Can, we are depending upon your help. The system will be bought and shipped, but the ongoing costs of the replacement filters that will be required about once a month will be 57.00 UK sterling.
If you want to support this project with a donation large or small please contact Sally Morningstar, sally@sallymorningstar.com or use our Paypal account with the keyword ‘clean water’ contact@thebestfriend.org