Sunday, June 24, 2012

မြန်မာမလေးများ

ကမ္ဘာ့ လူဦးရေ သန်း ၇၀၀၀ ကျော်တွင် သန်း ၉၀၀ နီးပါးသည် မျက်မှောက်ခေတ် အမျိုးသမီးငယ်လေးများဖြစ် ပြီး ကမ္ဘာ့ မိသားစုအနာဂတ်ဘ၀အတွက် ဖန်တီးရှင်များလည်းဖြစ်ကြပါသည်။ ဤမျိုးဆက်သည် အဖိုးတန် ရတနာလေးများပင်ဖြစ်သည်။
ကမ္ဘာ့ နိုင်ငံများတွင် အသက် ၂၀ မှ ၂၄ နှစ်ကြား အမျိုးသမီး ၆၄ သန်းသည် အသက် ၁၈ နှစ်မတိုင်မီ လက်ထပ်ထိမ်းမြားခဲ့ကြပြီး၊ အမျိုးသမီး ၁၄ သန်းသည် အသက် ၁၅ နှစ်မှ ၁၉ နှစ်ကြား မီးဖွားနေကြကြောင်း၊ UNICEF ကထုတ်ပြန်သော ၂၀၀၉ ခုနှစ် ကမ္ဘာ့ ကလေးသူငယ်များ၏ အခြေအနေအထူးထုတ်စာစောင်တွင် ဆိုထားသည်။ သမိုင်းတစ်လျှောက် အမျိုးသမီးများသည် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမူရေးစသည့် ကဏ္ဍများစွာတို့ တွင် အခွင့်အရေးမရသည့်အပြင်

Monday, June 4, 2012

The Progressive Rambler: Exiled

The Progressive Rambler: Exiled

Saturday, June 2, 2012

ဒေါ်အောင်ဆန်းစုကြည် တော်ပေမယ့် NLD လူထုဆက်ဆံရေး ညံ့


ဘယ်နေရာသွားသွား ဝိုင်းအုံနေတဲ့ သတင်းထောက်တွေကြားက ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ- Reuters)
နှစ် ၂၀ ကျော်အတွင်း ပြည်ပခရီးစဉ်ထွက်လာခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံခရီးသည် သတင်း မီဒီယာများ၏ စိတ်ဝင်စားမှု အများဆုံး ဖြစ်သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ သတင်းမီဒီယာများနှင့် ဆက်ဆံရေးသည် အလွန်ညံ့ဖျင်းကြောင်း ဝေဖန်ခံနေရသည်။
ယင်းသို့ဝေဖန်မှုကို အမေရိကန် ထိပ်တန်းသတင်းစာ နယူးယောက်တိုင်းမ်၏ သတင်းထောက် သောမတ်စ်ဖူလာက စတင်ဖော်ထုတ် ရေးသားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ် ကြိုတင်ပြင်ဆင်မှုသည် “စိတ်ကူးပေါက်သလို လုပ်နေပုံ ပေါ်” ကြောင်း သူက ရေးသားခဲ့သည်။
ဘန်ကောက်မြို့တွင်ကျင်းပပြုလုပ်သော ကမ္ဘာ့စီးပွားရေး ဖိုရမ်သို့ တက်ရောက်လာသော အခြား နိုင်ငံတကာ ခေါင်းဆောင်များ၊ ပညာရှင်များ၊ သံတမန်များ၊ အခြား ဧည့်သည်တော်များထက် သတင်း မီဒီယာများ၏ စိတ်ဝင်စားမှုကို အများဆုံး ဖမ်းစားထားခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် သုဝဏ္ဏဘူမိလေဆိပ်သို့ ဆိုက်ရောက်လာပုံမှာ လျှို့ဝှက်သိုသိပ်လွန်းနေသည်။ သတင်းဌာနများကို ခရီးစဉ်နှင့်ပတ်သက်ပြီး ဘာမျှ အတည်ပြုပြောဆိုနိုင်ခြင်း မရှိခဲ့ချေ။