Monday, July 30, 2012

ဆရာကြီးဒေါက်တာ ဦးသော်ကောင်းနှင့်တွေ့ဆုံခြင်း

မေး- ဆရာက ထိုင်းတက္ကသိုလ်က ပါမောက္ခတွေအကြောင်းပြောလို့ ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံတွေမှာရှိတဲ့ တက္ကသိုလ်တွေအပေါ် ဆရာ့အမြင် သိပါရစေ။
ဖြေ- ကျွန်တော်က ထိုင်းကို ဥပမာပေး ဖြေမိတော့၊ ထိုင်းတက္ကသိုလ်တွေက ပညာတတ် လေ့ကျင့်ပျိုးထောင်ပုံကို ပြောပြချင်ပါတယ်။ ဇင်းမယ်တက္ကသိုလ်နဲ့ ချူလာလွန်ကွန် တက္ကသိုလ်တွေမှာ စာတမ်းတွေ သွားဖတ်ဖူးပါတယ်။ ဆရာတို့ ရန်ကုန်တက္ကသိုလ် လျှမ်းလျှမ်းတောက်နေချိန်တုန်းက ဇင်းမယ်တက္ကသိုလ် ရှိတောင် မရှိသေးပါဘူး။ ဇင်းမယ်တက္ကသိုလ်ကို ၁၉၆၄ ဇန်နဝါရီမှာ စတည်ခဲ့ တာပါ။ ချူလာကတော့ ရန်ကုန်တက္ကသိုလ်ထက် စောတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက ချူလာလည်း ခေတ်မီတက္ကသိုလ်ကြီး မဖြစ်သေးဘူး။ အခုတော့ ချူလာရော ဇင်းမယ်ပါ တကယ့် တက္ကသိုလ်ကြီးတွေ ဖြစ်သွားပြီ။

သုံးဘက်မြင်ဒိုင်မေးရှင်းကို တီးခေါက်ကြည့်ခြင်း။

သုံးဘက်မြင်ဒိုင်မေးရှင်းကို တီးခေါက်ကြည့်ခြင်း။
မောင်ခင်အေးတင့်(မဒေါက်)။ ဇူလိုင် ၂၇၊ ၂၀၁၂


၂၀၁၁ခုနှစ် အောက်တိုဘာလက ၀န်ကြီး ၁၃-ဦးကို ဦးဆောင်လာတဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ အိန္ဒိယ၀န်ကြီးချုပ်တို့ အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီမှာ ၄-ရက်ကြာ တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံအကြား နိုင်ငံရေး၊ စီးပွားရေးနဲ့ နယ်စပ်ရေးရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမဲ့ ဆုပ်ဆုပ်ကိုင်ကိုင်တော့ ဘာမှ ထွက်ပေါ်လာခဲ့ခြင်း မရှိပါဘူး။
အခု မေလ(၂၈) ရက်နေ့မှာတော့ ၂၅-နှစ်အတွင်း အိန္ဒိယနိုင်ငံရဲ့ အဆင့်မြင့်ဆုံး ၀န်ကြီးချုပ်မက်မိုဟန်ဆင်းဟာ ဦးသိန်းစိန် ကြံ့ဖွတ်အစိုးရ သက်တမ်း ၁-နှစ်ပြည့်ပြီးတဲ့နောက် ပထမဆုံးအကြိမ်အဖြစ် ဗမာပြည်ကို သုံးရက်ကြာ သမိုင်းတွင်မယ့် ခရီး စဉ်အဖြစ် လာရောက်ခဲ့ပြီး ဒီခရီးစဉ်မှာ ဗမာနိုင်ငံရဲ့ လူ့သားအရင်းအမြစ် တည်ဆောက်ရေး၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုး ရေး၊ စိုက်ပျိုးရေးနဲ့ ကာကွယ်ရေးကဏ္ဍတွေမှာ အကူအညီပေးသွားရေးနဲ့ မြန်မာ-အိန္ဒိယဆက်ဆံရေးကိုလည်း ပိုမို လမ်းပွင့် စေနိုင်တဲ့ အခွင့်အလမ်းအဖြစ် အိန္ဒိယနိုင်ငံထုတ် သတင်းစာတွေမှာ ဖော်ပြထားတာက အားကောင်းကောင်းနဲ့ ဖွံ့ဖြိုးနေတဲ့ အိန္ဒိယရဲ့ စီးပွားရေးအတွက် လောင်စာလိုအပ်မှုရှိသလို ဗမာပြည်အပေါ် တရုပ်ရဲ့ဩဇာလွှမ်းမိုးမှာကို စိုးရိမ်တယ်ဆိုတဲ့ အချက်ကို ဒီခရီးစဉ်က ထုတ်ဖော်ပြသလိုက်တာလည်း ဖြစ်ပါတယ်။

Monday, July 23, 2012

ဗိုလ်ချုပ်အောင်ဆန်းအကြောင်း (၉)



ပြောသလိုလုပ်၍ လုပ်သလိုပြောသော ဗိုလ်ချုပ်အောင်ဆန်း

ဗိုလ်ဥတ္တမကျော်

          ။။အောက်ပါ မိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ -ခု မတ်လ ၁၃ ရက်နေ့ နံနက်အချိန်တွင် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်းပွဲ ဠ် ဗမာ့တပ်မတော် စစ်သေတာပတိ နှင့် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော မိန့်ခွန်းတစ်ရပ်ဖြစ်ကြောင်း ။သူကျဆုံးသွားခဲ့ရသော ဤဇူလိုင်လတွင် သူ့အားပြန်ပြောင်း သတိရမိသည့်အားလျှော်စွာ သူ၏ ပြောင်မြောက်သော မိန့်ခွန်းကို ရှာဖွေ ဖော်ပြလိုက်ရခြင်းဖြစ်ကြောင်း။။


*****************************************************************************

ရဲဘော်တို့----

          ယနေ့ ရဲဘော်တို့ အစုအချို့ဟာ  စစ်ဗိုလ်လောင်းကလေးများအဖြစ်  ဘွဲ့အဆင့်အတန်းကို ခံယူ ကြရတော့မယ်။

          ယနေ့အထိ ရဲဘော်တို့ဟာ  ကျောင်းသားများဖြစ်ပြီး  တာဝန်ရယ်လို့ မိမိတို့အပေါ်မှာ မရှိကြသေး ဘူး။

Saturday, July 21, 2012

မိတ်ဆွေကောင်းစာကြည့်တိုက်ဆရာတော် ဟောကြားတော်မူသော "ဓမ္မပန်းကုံး ပန်ဆင်သုံးလူတိုင်းပြုံးရမည်


မိတ်ဆွေကောင်းစာကြည့်တိုက်ဆရာတော် ဟောကြားတော်မူသော "ဓမ္မပန်းကုံး ပန်ဆင်သုံးလူတိုင်းပြုံးရမည်

http://www.mediafire.com/?ry31u7d2p25ar7n

Thursday, July 19, 2012

ယနေ့ ကျရောက်တဲ့ (၆၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အာဇာနည်ဗိမာန်မှ မြင်ကွင်းများ..

ယနေ့ ကျရောက်တဲ့ (၆၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အာဇာနည်ဗိမာန်မှ မြင်ကွင်းများ..


 ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း လွမ်းသူပန်းခွေ ချစဉ်...
လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား အမေစုနှင့်အတူ ပြည်တွင်း ပြည်ပမှ မြန်မာပြည်သား တိုင်းရင်းသား ညီအကို မောင် နှမများမှ အလေးပြုအပ်ပါတယ်...

Monday, July 16, 2012

တရားဥပဒေအထက်မည်သူမှမရှိရ

ခလရ (၂၀)တပ်ရင်းမှ ဗိုလ်မှူး ဦးမင်းသိန်းထွန်းအား ပလက်ဝမြို့နယ်မှ မုဒိန်းမှုဖြင့် တရားစွဲ
Written by သဇင်ဥ    Sunday, 15 July 2012 14:22    PDF Print E-mail
imagesရခိုင်ပြည်နယ် ပလက်ဝမြို့နယ်တွင် ခလရ (၂၀) စစ်ကြောင်းမှူး ဗိုလ်မှူး ဦးမင်းသိန်းထွန်းအား ဂူဝကျေးရွာ (ခမီးအုပ်စု)မှ မုဒိန်းမှုဖြင့် တိုင်ကြားတရားစွဲဆိုထားရာ ယခုလတတိယအပတ်ထဲတွင် စစ်ဆေးရန်ရှိကြောင်း သိရှိရသည်။
ပလက်ဝမြို့နယ် ဂူဝကျေးရွာ (ခမီးအုပ်စု)မှ အလယ်တန်းပြကျောင်းဆရာမ ဒေါ်နုနုခင်မှတဆင့် တရားစွဲဆိုခြင်းဖြစ်ပြီး အမှုအား စစ်ဆေးမေးမြန်းရန် စစ်တွေ တရားရုံးတော်သို့ ဇူလိုင် ၁၅ ရက်နေ့အရောက် သက်သေထွက်ဆိုဖို့ ခေါ်ယူထားကြောင်း ဒေါ်နုနုခင် အသိုင်းအ၀ိုင်းမှ ပြောသည်။
အတင်းအဓမ္မမ မုဒိန်းမှုပြုကျင့်ခံရတဲ့ မိန်းခလေးကို ပြောဖို့အတွက် သည်းခံပါရှင်၊ ဟုတ်ကဲ့ခမီးအမျိုးသမီးလေးပါ၊ ဆရာမ နုနုခင်ကို ၁၅ ရက်နေ့ စစ်တွေသို့အရောက် ခေါ်ထားပါတယ်၊ အဲဒီကိုရောက်တာနဲ့ ဒကစ(ဒေသကွပ်ကဲရေးမှူး) ကိုအသိပေးပြီး စစ်တပ်တရားခုံရုံးမှာ စစ်ဆေးဖို့သိရပါတယ်၊ 


မြန်မာကျောင်းဆရာလစာ တိုးမြှင့်သော်လည်း အိမ်နီးချင်းနိုင်ငံများနှင့် ၇ ဆ ခန့် ကွာဟနေဆဲ

လူမှုစီးပွား အကျပ်အတည်းများကြောင့် မြန်မာကျောင်းဆရာဆရာမ အများစုကြီးမှာ စား၊ ၀တ်၊ နေရေး အခက်အခဲ များစွာကို ရင်ဆိုင် နေကြရဆဲ ဖြစ်သည်။ ထို့အပြင် အခြားသော အပြင်အလုပ်များ လုပ်ကိုင်၍ လည်းကောင်း၊ ကျူရှင်ဖွင့်၍လည်းကောင်း ဘ၀အကျပ်အတည်းကို ပင်ပန်းကြီးစွာ ဖြေရှင်းနေရဆဲလည်းဖြစ်၏။

သို့ဖြစ်ပါ၍ ပထမအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေး၏ ပထမဆုံးနေ့တွင် ပညာရေး ဒု-၀န်ကြီး ဦးအေးကြူက အခြေခံပညာ ၀န်ထမ်းများ၏ လစာ တိုးမြှင့်မည့်ကိစ္စရပ်ကို တင်သွင်းဆွေးခြင်းကို မြန်မာ ကျောင်းဆရာထုက ကြိုဆိုလိုက်ကြောင်း သတင်းရရှိပါသည်။
ပထမဆုံးအကြိမ် ကျောင်းဆရာများ၏ လူမှု ဘ၀အရည်အသွေးအတွက် စဉ်းစားတင်သွင်းသည့် အဆိုပါ ပြောကြားချက်တွင် ကျောင်းအုပ်များ၏ လစာနှုန်းထားများကို တိုးမြှင့်သွားမည်ဟု ဆိုပါသည်။ အလယ်တန်းကျောင်းအုပ် ၂၂၃၁ ဦးကို လက်ရှိလစာနှုန်း (၅၉၀၀၀-၁၀၀၀-၆၄၀၀၀) မှ (၁၀၀၀၀၀-၂၀၀၀-၁၁၀၀၀၀) သို့ လည်းကောင်း၊ မူလတန်းကျောင်းအုပ် ၃၆၁၆၈ ဦးကို လက်ရှိ လစာနှုန်း  (၅၃၀၀၀-၁၀၀၀-၅၈၀၀၀) မှ (၅၉၀၀၀-၁၀၀၀-၆၄၀၀၀) နှုန်းသို့ လည်းကောင်း တိုးမြှင့်လိုက်ခြင်းဖြစ်သည်။ မူလတန်းပြဆရာ၊ ဆရာမဦးရေ ၆၀၀၀၀ ကိုလည်း အလယ်တန်းပြ ရာထူးသို့လည်းကောင်း စိစစ် တိုးမြှင့် ခန့်ထားမည်ဖြစ်ကြောင်းဖြင့် ထုတ်ဖော် ပြောကြားသွားခဲ့သည်။

Sunday, July 15, 2012

ဗမာနိုင်ငံ နဲ့ မြန်မာလူမျိုး

တူမောင်ညို။ ဇွန် ၃၀၊ ၂၀၁၂
မြန်မာ ဆိုတာ လူမျိုးရဲ့နာမည်

ဒေါက်တာသန်းထွန်း- မြန်မာသမိုင်းရှာတော်ပုံ စာအုပ် စာမျက်နှာ (၁၀၃- ၁၀၄) တွင် ယခုလိုဖေါ်ပြထားပါသည်။

“မြန်မာလို့ခေါ်ရင်အစပထမလူမျိုးကိုပဲခေါ်တာဖြစ်တယ်။ နောက်တစ်နေရာ တစ်နေရာတည်းမှာပဲ မြန်မာတွေ အနေကြာတော့ သူတို့နေတဲ့ နေရာကိုပါ မြန်မာစု၊ မြန်မာရွာ၊ မြန်မာပြည်လို့ခေါ်တယ်၊ မွန်ကျောက်စာ (ခရစ် ၁၁၀၂ ) ထဲမှာ မြန်မာ ကို မိရ်မာ (မွန်ကျောက်စာ ၉ခ/၄၂၊ဒီ ၂၄၊ အိပ်ခ်ျ ၁၂) လို့ရေးထားတာတွေ့ရတယ်။ ထိလိုင်မင် (၁၀၈၄ – ၁၁၁၃) လက်ထက် နန်းသစ် ဆောက်တဲ့ အခါ မွန်၊ ပျူနဲ့ မိရ်မာ လက်သမားတွေပါတယ်လို့ ဆိုပါတယ်။

လမြတ်ဝါဆို


လမြတ်ဝါဆို
သန္ဓေ တောထွက် ဓမ္မစက်
ဟောမြွက် သံချို လမြတ်ဝါဆိုလို့
မိန့်ဆိုခဲ့ကြ ၀ါဆိုလပေါ့
ဒါပေမဲ့..စဉ်းစားကြည့်ကြ
ဒို့နိုင်ငံရဲ့ဒီဝါဆိုလ သမိုင်းရိုင်းခဲ့ရပေါ့
ဘုရားလောင်းတော်က
စည်းစိမ်အာဏာပါဝါတွေကိုစွန့်ပစ်
ချမ်းသာစစ်တွေ့ရမယ်လို့
တောထွက်ပစ်တဲ့ဒီလမှာ
မိမိအာဏာရရေး တဖက်သက်စောင်းပေးပြီး
အာဏာသိမ်းပစ် ကျောင်းသားတွေကိုပါသတ်ပစ်လို့
ဒို့ကျောင်းသားတွေရဲ့သွေး မြေမှာခခဲ့ကြရဒီဝါဆိုလပေါ့
တိုင်းပြည်ရဲ့ကျေးဇူးရှင်
ဗိုလ်ချုပ်ဒို့ဖခင်နှင့် အာဇာနည်သခင်များ
သွေးမြေကျခဲ့ရဒီဝါဆိုလပေါ့
ဒို့ပြည်သူတွေက ဒီလကိုအထွဋ္ဋ်အမြတ်ထား
ဒါပေမဲ့ အာဏာရှင်တွေက
လောဘရမက်ပွါး ရမ်းကားသွားလိုက်ကြတာ
အော်...ယနေ့ထိအောင်ပါဘဲလား...
                                        မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

လူယုတ်မာ ဗိုလ်စုတ်နေ၀င်း မြန်မာ့သမိုင်းစာများကိုဖျက်ဆီးခဲ့ပေမဲ့


မြန်မာ့သမိုင်းကို ကယ်တင်ခဲ့သူ


ဒေါ်မော်နီကာမြမောင်သည် ရန်ကုန်ရှိ ဗြိတိသျှကောင်စီတွင် ၃၈ နှစ်ကြာ အမှုထမ်းခဲ့ပြီး ၁၉၇၉ တွင် MBE ဆုတံဆိပ်ချီးမြှင့်ခံရသည်။ ၂၀၀၈ ခုနှစ် အသက် ၉၁ နှစ်အရွယ်တွင် ကွယ်လွန်သည် (ဓာတ်ပုံ – British Council)
ရန်ကုန်မှာရှိတဲ့ ဗြိတိသျှကောင်စီ စာကြည့်တိုက်ဟာ မြန်မာ့သမိုင်းနဲ့ ယဉ်ကျေးမှုဆိုင်ရာ အထင်ကရ အစိုးရ စာကြည့်တိုက် ဖြစ်ပါတယ်၊ ဒါပေမယ့် အဲ့ဒီစာကြည့်တိုက်မှာ သူမတူအောင် စုဆောင်းထားတဲ့ စာအုပ်စာတမ်းတွေကို အခုလို ထိန်းသိမ်း စောင့်ရှောက် ထားနိုင်တဲ့အပေါ် အမျိုးသမီး တယောက်ကို ကျေးဇူး အထူးတင်ရပါလိမ့်မယ်။
ဒေါ်မော်နီကာ မြမောင်တယောက် မြန်မာဝတ်လုံတော်ရ ဦးပါစီမြမောင်ရဲ့  အင်္ဂလိပ်ဇနီးသည် အဖြစ်နဲ့ ၁၉၃၇ ခုနှစ် အောက်တိုဘာလမှာ ရန်ကုန်မြို့ကို ပထမဆုံး ရောက်လာခဲ့ပါတယ်။ ဦးပါစီမြမောင်ဟာ တရားသူကြီးတယောက်ရဲ့ သားဖြစ်ပြီး ကိန်းဘရစ်ခ်ျ (Cambridge) တက္ကသိုလ်၊ စိန့်ဂျွန်းကောလိပ် (St. John’s College) ကနေ ဘွဲ့ရခဲ့သူပါ။

သမိုင်းတကွေ့မှ ဂျီစီဘီအေခေါင်းဆောင်ကြီး ဦးချစ်လှိုင်

သန်းဝင်းလှိုင်
ဇူလိုင် ၁၄၊ ၂၀၁၂


၁၉၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၉ ရက် မှ ၃၁ ရက်အထိ ပြည်တွင်ကျင်းပခဲ့သော ဝိုင်အမ်ဘီအေအသင်းကြီး၏ မြန်မာနိုင်ငံလုံးဆိုင်ရာ အဌမအကြိမ်မြောက်ညီလာခံတွင် လူမျိုးစုံ၊ ဘာသာပေါင်းစုံ နယ်ချဲ့ဆန့်ကျင်ရေးကို ကျယ်ပြန့်စွာဆောင်ရွက်နိုင်စေရန်အတွက် ဝိုင်အမ်ဘီ အေကို မြန်မာတိုင်းရင်းသားအသင်းများ၏ အသင်းချုပ်ကြီးဟု ပြောင်းလည်းခေါ်ဝေါ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ယင်းအသင်းချုပ်ကြီးကို အင်္ဂ လိပ်ဘာသာဖြင့် General Council of Burmese Association ဟု ခေါ်သောကြောင့် အင်္ဂလိပ်စကားလုံးလေးလုံးမှ ထိပ်ဆုံးအက္ခရာများ ကိုယူ၍ အတိုကောက် ဂျီစီဘီအေ (G.C.B.A) ဟု အတိုကောက်ခေါ်တွင်ခဲ့ကြသည်။

Thursday, July 12, 2012

ထာဝရ သူငယ်ချင်းများဆိုက်မှ ကူးယူဖေါ်ပြပါသည်။

ကျွန်တော် သိလို့တတ်လို့တော့ မဟုတ်ဘူးခင်ဗျ။
ဖတ်မိသလောက်လေး ပြန်မျှပါတယ်ဗျာ။
(၁) လူခိုးမှုရာဇသတ်ကြီးပုဒ်မ ၃၆၃ - ငွေဒဏ်(သို့မဟုတ်) ထောင်ဒဏ် ၇ နှစ်ထိ
လူငယ်ချင်းဘယ်လောက်ပဲချစ်ချစ် အသက်၁၆နှစ်အောက်မိန်းကလေးက ခိုးရာလိုက်ပြေးလို့
မိဘသဘောမတူရင် လူခိုးမှုမြောက်ရောဗျ ။

(၂) ပုဒ်မ ၃၆၆
မိန်းကလေးက သဘောမတူပဲ အခြားတစ်ယောက်နဲ့ပေးစားဖို့ခိုးတာ ၊ သွေးဆောင်ခေါ်ယူတာ
(ဥပမာ-သူငယ်ချင်းကြိုက်နေတဲ့ ကောင်မလေးကို မိန်းကလေးအလိုမပါပဲ ၀ိုင်းခိုးပေးတာမျိုး။
မိန်းကလေးက သဘောမတူရင် ၊ အသက်မပြည့်ရင် အမှုဖြစ်သတဲ့ဗျ။)
ပိုဆိုးသွားတာက မိန်းကလေးတစ်ယောက်ကို သဘောမတူပဲ အခြားတစ်ယောက်နဲ့မတရားသဖြင့်
ကာမစပ်ယှက်ဖို့ ကြံစည်လုပ်ဆောင်တယ်ဆိုရင် ပုဒ်မ ၃၆၆-က နဲ့အရေးယူနိုင်ပြီး ထောင်ဒဏ်
၁၀နှစ်ထိ ချနိုင်ပါတယ်တဲ့။


Wednesday, July 11, 2012

ထိုင်းနိုင်ငံချင်းမိုင်မြို့မှ ကိုယ့်မြန်ပိုင်ကျောင်းကို ထိုင်းနိုင်ငံမှမတရားသိမ်းယူတာကို လက်ပိုက်ကြည့်ကာ ကိုယ့်သာသနာ ကိုယ့်နိုင်ငံအတွက် ဘာမှမကူညီတဲ့မဟန နှင့် န အ ဖ သူခိုးအစိုးရ


Monday, July 9, 2012

ရင်နာစရာကောင်းတဲ့ မြန်မာစစ်သားတွေရဲ့ဘဝ

ငမန်း ဆိုတာ ဒီလိုပါ
ခက်ခဲ ကြမ်းတမ်းလှတဲ့ DSA ဗိုလ်လောင်းဘ၀ကို ဖြတ်ကျော်ရတာဟာ ဘယ်လောက် ခက်ခဲ တယ်ဆိုတာ ပြောပြရင် မယုံနိုင်စရာပါပဲ။ DSA ကိုစတက်တဲ့ ပထမနှစ် ဗိုလ်လောင်းဘ၀ဟာ အရပ်သား ဘ၀ကနေ စစ်သားဘ၀ကို စတင်ကူးပြောင်းရတဲ့ ကာလဖြစ်လို့ အဲဒီ အချိန်မှာ ဗိုလ်လောင်း ဘ၀ကို အရှုံးပေးပြီး ဘ၀ ပျက်သွားရတဲ့ လူတွေ မနည်းပါဘူး။ တကယ်တော့ ဗိုလ်လောင်း ဘ၀ဆိုတာ တကယ့် အဖြူထည်လေး တွေပါ။ သူတို့တွေဟာ ဒီကနေ့ တပ်မတော်ရဲ့လက်ရှိ အခြေအနေ တွေကိုလဲ ဘာမှ ဂဃဏန နားမလည် ကြသေး ပါဘူး။

၁၀၀ မှာ ၉၅ ယောက်က တကယ်နိုင်ငံတော်ကို ချစ်လို့ တပ်မတော်ကို အထင်ကြီးပြီး ၀င်လာတဲ့ သူတွေပါ။ အားလုံးဟာ တစ်သွေး၊ တစ်သံ၊ တစ်မိန့် ဆိုတဲ့ ပုံသွင်းမှုကို ကျေကျေနပ်နပ်ကြီး ခံယူထားကြတဲ့ အချိန်ပါ။ တကယ်လည်း စစ်တက္ကသိုလ်ရဲ့ အရိပ်အောက်မှာ အဆင့် အတန်းမရွေး အားလုံး တန်းတူဆိုပြီး မှတ်ထင် ခံယူခဲ့ကြတာပါ။ ဒါပေမဲ့ … အဲဒီခံယူချက်တွေဟာ စစ်တက္ကသိုလ် ရောက်ပြီး ….. ထပ်ပြောရရင် ဆေးအောင်ပြီး ဗိုလ်လောင်း ဘ၀ရောက်လို့ တစ်ပတ်လောက် အကြာမှာဘဲ အဲဒီ ခံယူချက်တွေအားလုံး မြောင်းထဲရောက် ကုန်ပါတော့တယ်။ “မင်းက တပ်ရင်းမှူးသားလား” လို့ အမေးခံရပြီး ရင်ဘတ်ကို အုန်းခနဲ လက်သီးနဲ့ ထိုးထည့် လိုက်တာက “ငါက တိုင်းမှူးသားကွ” ဆိုတဲ့ အနောက်တောင်တိုင်း တိုင်းမှူးရဲ့သား ဒုတိယနှစ် ဗိုလ်လောင်း ကျောင်းသား တိုးနိုင်မန်းပါ။ အထိုးခံရတဲ့ ပထမနှစ် ဗိုလ်လောင်းကို တပ်ရင်းမှူး သားမှန်းသိလို့ အပြစ်မရှိ အပြစ်ရှာထိုး တာပါ။ နောက်ပိုင်း သိလာရတာက တိုးနိုင်မန်းဟာ ပထမနှစ် ဗိုလ်လောင်း ဘ၀ကိုလည်း အိပ်ရင်း စားရင်း ကျော်ဖြတ်လာခဲ့သလို ဒုတိယနှစ် ဗိုလ်လောင်းဘ၀မှာလဲ ပထမနှစ် ဗိုလ်လောင်းတွေ အူတုန် သည်းတုန် ကြောက်ရတဲ့ စီနီယာဖြစ်လာ ခဲ့ပါတယ်။

Friday, July 6, 2012

မမေ့သင့်တဲ့ ၇ ဇူလိုင် မှတ်တမ်း သမိုင်းဆိုတာ မေ့သင့်တဲ့အရာမဟုတ် သမိုင်းသေရင် ဘ၀တွေသေမယ် အမျိုးဘာသာ သာသနာ ကွယ်မယ် နိုင်ငံ ကွယ်ပျောက်မယ် အားလုံးတာဝန်သိသိ သစ္စာရှိရှိဖြင့် ၀ိုင်းဝန်းတွန်းလှန်ကာကွယ်ကြပါ။

မမေ့သင့်တဲ့ ၇ ဇူလိုင် မှတ်တမ်း သမိုင်းဆိုတာ မေ့သင့်တဲ့အရာမဟုတ် သမိုင်းသေရင် ဘ၀တွေသေမယ် အမျိုးဘာသာ သာသနာ ကွယ်မယ် နိုင်ငံ ကွယ်ပျောက်မယ် အားလုံးတာဝန်သိသိ သစ္စာရှိရှိဖြင့် ၀ိုင်းဝန်းတွန်းလှန်ကာကွယ်ကြပါ။

Tuesday, July 3, 2012

နှလုံးသမားများအကြွမစောကြစေဖို့...

အားကိုမျော်လင့်စရာကင်းမဲ့နေတဲ့ ဗမာပြည်ကျန်းမာရေးစနစ်အခြေနေကို ကောင်းကောင်း ဖွင့်ပြထားပါတယ်။ နှလုံးသားများအကြွမစောကြစေဖို့...
ကျွန်တော် မြန်မာနိုင်ငံကို အလည်အပတ်သွားရာကနေ အင်္ဂလန်ကို ပြန်ရောက်ပြီး
ရက်ပိုင်းပဲ ရှိပါသေးတယ်။ နိုင်ငံခြားရောက် မြန်မာအများစုလိုပဲ
ကိုယ့်မြေသံယောဇဉ်ရှိသူမို့ မြန်မာနိုင်ငံသတင်းကို မဖတ်တဲ့နေ့ဆိုတာ
မရှိသလောက်ပါပဲ။ နှစ်သစ်ကူးနေ့မှာ Internet သတင်းဖတ်ရင်းနဲ့
ဒေါက်တာနေ၀င်းမောင်ရဲ့ သတင်းကို ဖတ်မိလိုက်တော့
မယုံနိုင်အောင်ကိုဖြစ်မိတယ်။

၁၉၈၈ ခုနှစ်တုန်းက ကျွန်တော်မန္တလေးပြည်သူ့ဆေးရုံကြီးမှာ အလုပ်သင်ဆရာဝန်
တာဝန်ကျနေတုန်းက ဒေါက်တာနေ၀င်းမောင်ကို ဆုံခဲ့ဖူးပါတယ်။ သူ့ရဲ့ညီဖြစ်သူ
ဒေါက်တာနေလင်းမောင်က ကျွန်တော်နဲ့ ခင်မင်ရင်းနှီးသူ တစ်ဦးပါ။

ပြည်သူ့ဂုဏ်ရည် ဇကာတင် ရွေးချယ်ခံရသူများအား ဂုဏ်ပြုပွဲအခမ်းအနား..


ပြည်သူ့ဂုဏ်ရည် ဇကာတင် ရွေးချယ်ခံရသူများအား
ဂုဏ်ပြုပွဲ

"မြန်မာပြည်သားချင်း ရိုင်းပင်းကူညီ ပြည်သူ့ဂုဏ်ရည်"ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဖွဲ့စည်းထားတဲ့ ပြည်သူ့ဂုဏ်ရည် အဖွဲ့၏ ၂၀၁၂ နှစ်အတွက် ပြည်သူ့ဂုဏ်ရည် ဆန်ခါတင်ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအား ဂုဏ်ပြုပွဲအခမ်း အနားကို ရန်ကုန်မြို့၊ဗဟန်းမြို့နယ်၊တော်ဝင်နှင်းဆီခန်းမ၌ ၂၈-၆-၂၀၁၂ နေ့လည့် ၁း၀၀ မှ ၃း၀၀ ထိအစီအစဉ် (၆) ရပ်ဖြင့် ကျင့်ပပြုလုပ်ခဲ့ပါတယ်။

ပညာမြင့်မှ လူမျိုးတင့်မယ်ဆိုလျှင်

ပညာမြင့်မှ လူမျိုးတင့်မယ်ဆိုလျှင်
ဒေါက်တာဓမ္မပိယ။ ဇူလိုင် ၂၊ ၂၀၁၂
စိုးမိုးရေးနဲ့ လိုက်နာကျင့်သုံးရေး
            ယနေ့ နိုင်ငံတော်အစိုးရ၏ တိုင်းပြု၊ ပြည်ပြု ပေါ်လစီများသည် အသွင်ကူးပြောင်းရေးကာလ၌ အရေးပါလှသည်။ နိုင်ငံရေးပေါ်လစီ၊ စီးပွားရေးပေါ်လစီ၊ ကျန်းမာရေးပေါ်လစီ၊ ပညာရေးပေါ်လစီ-စသည်ဖြင့် ပြုပြင်ပြောင်းလဲစရာတွေက များလွန်းလှသည်။ ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ စံနစ်တကျ အသွင်ကူးပြောင်း နိုင်ရေးအတွက် ပေါ်လစီအရပ်ရပ်ကို နိုင်ငံတော်အစိုးရမှ ပြဋ္ဌာန်းသတ်မှတ် ပေးလျက်ရှိသော်လည်း ပြည်သူများအပေါ် ဥပဒေစိုးမိုးရေးနှင့် ပြည်သူများမှ ဥပဒေကို လိုက်နာကျင့်သုံးရေးအပိုင်း၌ ချိန်ခွင်လျှာ မညီမျှသကဲ့သို့ ဖြစ်နေသည်။ အဘယ်ကြောင့်ပါနည်း။
            မြန်မာလူမျိုးနှင့် မြန်မာလူမျိုးတို့ကိုးကွယ်သော ဘာသာတရားကြောင့်ပေလော။ သို့မဟုတ် စည်းမဲ့ ကမ်းမဲ့နှင့် အနေကြာလာခဲ့၍ စည်းကမ်းများကို လိုက်နာကျင့်သုံးရန် ခက်ခဲနေခြင်းမျိုးလော။  မြန်မာနိုင်ငံ သမိုင်းတစ်လျှောက်လုံး၌ ဗုဒ္ဓတရားတော်များကို မြန်မာပြည်သူ၊ ပြည်သားများ အချိန်ကြာမြင့်စွာ လိုက်နာကျင့်သုံးနေထိုင်ခဲ့ကြ၍ အကျိုးဆက်အနေနဲ့ ကျေးဇူးသိမှု၊ ကျေးဇူးပြုမှု၊ စာနာမှု၊ ကြင်နာမှုနှင့် မိတ်ဆွေကောင်းပီသမှု-စသည့် ဗုဒ္ဓစ်(စ်) ဖီလိုဆိုဖီများသည် ပြည်သူများ၏နှလုံးသားဝယ် အမြုတေပမာ တည်ရှိနေခဲ့သည်။ သို့သော် လူကြီးက မိမိ၏လက်အောက်ခံ လူငယ်များကိုသာ မြှောက်စားခြင်မျိုး၊ ရာထူးကြီးသူက မိမိလက်အောက်ရှိ ရာထူးငယ်သူများအား ကြည့်ရှုစောင်မခြင်းမျိုး၊ လုပ်ဖေါ်ကိုင်ဖက် အချင်းချင်း လာဘ်ပေး၊ လာဘ်ယူမှု စသော မှားယွင်းသော လုပ်ဆောင်မှုမျိုးကို နားလည်ပေးခြင်းမျိုး-စသည်တို့သည် ဗုဒ္ဓတရားတော်များနှင့် လျော်ညီသည်တော့မဟုတ်ပါ။

ဘာသာညီအစ်ကိုများ

ဘာသာညီအစ်ကိုများ
မန္တလေးဘုန်းကြီး ၊ ဇူလိုင် ၂၊ ၂၀၁၂
          ခရစ်ယာန်ဘာသာ၊ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာ ဘာသာကြီး လေးရပ်အနက် ကမ္ဘာ့လူဦးရေ သန်း ပေါင်း ခြောက်ထောင်ရှိရာ ခရစ်ယန်ဘာသာ သန်းပေါင်း ၂၁၀၀၊ အစ္စလာမ်ဘာသာ သန်းပေါင်း ၁၃၀၀၊ ဟိန္ဒူဘာသာ သန်းပေါင်း ၁၀၀၀၊ ဗုဒ္ဓဘာသာ သန်းပေါင်း ၃၇၆ သန်း ဟု စာရင်းကို တွေ့ဖူး၏။
          ကျန်ဦးရေတစ်ချို့ ဘာသာမဲ့နေကြ၏။ တစ်ချို့ နတ်ကိုးကွယ်၏။ ဤသို့ကြားဖူး၏။ ကမ္ဘာ့တိုက်ကြီး လေးတိုက် အာရှ တိုက်၊ ဥရောပတိုက် စသည် ကမ္ဘာအရပ်ရပ် ဘာသာစုံပြန့်နှံ့လျက်ရှိ၏။ ဗုဒ္ဓဘာသာတို့အတွက် ဗုဒ္ဓဘုရားက မေတ္တာကို အထူးဦးစားပေး ဟောခဲ့သော်လည်း တစ်ချို့ ဗုဒ္ဓဘာသာတို့သည် ဘာသာခြားတို့အပေါ် မေတ္တာမထားနိုင်ကြဘဲ မုန်းတီးရေး ဝါဒကို ဖန်တီးလိုကြ၏။
          ဘဝရှင် မင်းတုန်းမင်းတရားကြီးလက်ထက် ဘာသာခြားတို့သည် မန္တလေးမြို့ကစ၍ အလျှို အလျှို ဝင်ရောက် လာကြ၏။ တားမရ ဆီးမနိုင်ဖြစ်၍ ဗုဒ္ဓဘာသာဝါဒ မေတ္တာ ကရုဏာကို လက်သုံးပြုလျက် သေနတ်ပစ်အတတ်၊ အမြောက်ပစ် အတတ်ကို တတ်မြောက်ရန်သင်ကြားစေကာ တတ်မြောက်သည့်အခါ ကာကွယ်ရေးဌာန ၀န်ထမ်းလုပ်စေလျက် အစ္စလာမ် ဘာသာဝင် မွတ်စလင်လူမျိုးတို့ကို သိမ်းသွင်းစည်းရုံးထားသည် ကြာဖူး၏။