Sunday, July 15, 2012

လမြတ်ဝါဆို


လမြတ်ဝါဆို
သန္ဓေ တောထွက် ဓမ္မစက်
ဟောမြွက် သံချို လမြတ်ဝါဆိုလို့
မိန့်ဆိုခဲ့ကြ ၀ါဆိုလပေါ့
ဒါပေမဲ့..စဉ်းစားကြည့်ကြ
ဒို့နိုင်ငံရဲ့ဒီဝါဆိုလ သမိုင်းရိုင်းခဲ့ရပေါ့
ဘုရားလောင်းတော်က
စည်းစိမ်အာဏာပါဝါတွေကိုစွန့်ပစ်
ချမ်းသာစစ်တွေ့ရမယ်လို့
တောထွက်ပစ်တဲ့ဒီလမှာ
မိမိအာဏာရရေး တဖက်သက်စောင်းပေးပြီး
အာဏာသိမ်းပစ် ကျောင်းသားတွေကိုပါသတ်ပစ်လို့
ဒို့ကျောင်းသားတွေရဲ့သွေး မြေမှာခခဲ့ကြရဒီဝါဆိုလပေါ့
တိုင်းပြည်ရဲ့ကျေးဇူးရှင်
ဗိုလ်ချုပ်ဒို့ဖခင်နှင့် အာဇာနည်သခင်များ
သွေးမြေကျခဲ့ရဒီဝါဆိုလပေါ့
ဒို့ပြည်သူတွေက ဒီလကိုအထွဋ္ဋ်အမြတ်ထား
ဒါပေမဲ့ အာဏာရှင်တွေက
လောဘရမက်ပွါး ရမ်းကားသွားလိုက်ကြတာ
အော်...ယနေ့ထိအောင်ပါဘဲလား...
                                        မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

0 comments:

Post a Comment