Wednesday, August 22, 2012

သူတို့တတွေဘာကြောင့်အောင်မြင်ကြတာလဲ



Harvard University
ဒီဓာတ်ပုံဟာ ဟားဗတ်တက္ကသိုလ် စာကြည့်တိုက်ရဲ့ နံနက် ၄ နာရီ ပါ။ တော်တော်လေးကောင်းလို...့ ဘာသာပြန်ပေး လိုက်တာပါ။ အောင်မြင်မှုရရှိခဲ့သူတွေရဲ့နောက်ကွယ်မှာ ဘယ်လောက်ထိ ကြိုးစားအားထုတ်ခဲ့ရတာရှိသလဲဆိုတာကို ဒါလေးကသက်သေ ပြနေပါတယ်။ ဟားဗတ်တက္ကသိုလ်ကဆရာတွေ ပြောပြလေ့ရှိတာကတော့ သင်ဘ၀မှာစိတ်တိုင်းကျဖို့နဲ့ ကောင်းတဲ့ဝေဖန်မှုရချင်ရင်တော့ ဟားဗတ်တက္ကသိုလ်မှာ ပညာသင်နေတဲ့အချိန်နေရောင်နဲ့ ထိတွေ့ဖို့အချိန်မရှိဘူး။
ကမ္ဘာ့ထိပ်ဆုံးကျောင်းတစ်ကျောင်းအနေနဲ့ ဟားဗတ်က နာမည်ကြီးပုဂ္ဂိုလ်တွေ အများကြီးမွေးထုတ်ပေးခဲ့တယ်။ အဲ့ထဲမှာ နိုဘယ်လ်ဆုရှင် ၃၃ဦး၊ အမေရိကန်သမ္မတ ၇ဦး နဲ့ နယ်ပယ်အသီးသီးက ထူးချွန်ထက်မြတ်သူတွေပါတယ်။ ဘာကြောင့် ဟားဗတ်ဟာ သူတို့ရဲ. မွေးရပ်ဇာတိဖြစ်နေတာလဲ။ ဟားဗတ်ကျောင်းသားတွေဟာ ဘယ်လို စိတ်ဓာတ် နဲ.တွေးခေါ်မှုတွေကိုရရှိခဲ့ ကြတာလဲ။ ဒီအဖြေကိုလူပေါင်းများစွာ လိုက်ရှာနေကြတယ်။

Saturday, August 18, 2012

အရက်ကို တာရှည် အလွန်အမင်းသောက်ခြင်း၏ ကျန်းမာရေးဆိုးကျိုး ၁၂ ရပ်


အရက် အလွန်အကျွံသောက်ပြီး အမူးလွန်တာကြောင့် အသည်းခြောက် ရောဂါလို ရောဂါတွေအပြင် ကားတိုက်တာကြောင့် ထိခိုက်မှုတွေလည်း ဖြစ်နိုင်ခြေ ရှိပါတယ်။လေ့လာမှုတွေအရ အရက်ကို အချိန်ကြာကြာနဲ့ အလွန်အကျွံ သောက်တာကြောင့် အောက်ပါ ဆိုးကျိုးတွေကို ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။
၁. သွေးအားနည်းရောဂါ
အရက်ကို အလွန်အမင်း သောက်တာကြောင့် သွေးနီဥကနေ အောက်ဆီဂျင် သယ်ယူနိုင်မှု ပမာဏ ပုံမှန်အောက် လျော့နည်းသွားနိုင်ပါတယ်။ ဒီအခြေအနေကို သွေးအားနည်းရောဂါလို့ ခေါ်ပြီး ပင်ပန်းနုံးချည့်တာ၊ အသက်ရှူမဝတာနဲ့ ခေါင်းထဲ ရီတီတီ ဖြစ်တာစတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။
၂. ကင်ဆာရောဂါ

Friday, August 10, 2012

ကိုယ့်အမျိုးဘာသာ သာသနာ ဘယ်လိုကာကွယ်ကြမှာလဲ



        မိမိတို့အမျိုးဘာသာ သာသနာ မကွယ်ပျောက်ဖို့ အားလုံးမှာတာဝန်ရှိပါတယ်။ကိုယ့်အမျိုးကိုယ့်ဘာသာကို ကာကွယ် ထိန်းသိမ်းမှုအားနည်းခြင်းကြောင့်ကွယ်ပျောက်သွားခဲ့ကြရသောသာဓကများစွာရှိခဲ့ပါတယ်။တချိန်က ဗုဒ္ဓသာသနာ နေလိုလလို ထွန်းတောက်ခဲ့သော အိန္ဒိယ၊ အာဖကန်နစ္စတန်၊မလေးရှား၊အင်ဒိုနီးရှား၊စကာင်္ပူ စသည်နိုင်ငံများသည် လက်တွေ့သာဓက များဖြစ်ပါတယ်။မိမိတို့နိုင်ငံသည်လည်း ထိုကဲ့သို့လစ်လျူရှု့ထားကြမည်ဆိုလျှင် အမျိုးဘာသာ သာသနာ ကွယ်ပျောက်သွား မှာဖြစ်ပါတယ်။ဒါကိုကောင်းစွာ သင်္ခန်းစာယူ၍ သတိတရားရှိရှိဖြင့် ၀ိုင်းဝန်းကာကွယ်မြင့်တင်ကြဖို့ အားလုံးမှာ တာဝန် ရှိကြပါတယ်။ မိမိတို့အမျိုး  ဘာသာသာသနာကို ကာကွယ်နိုင်ဖို့ တခြားဘာသာတွေက ဘယ်လိုထိုးဖေါက် လွှမ်းမိုးဖို့ကြိုး စားနေကြသလဲဆိုတာကိုလဲ ကောင်းစွာသိရှိကြဖို့လိုပါတယ်။စာရေးသူတို့ သာသနာ့ တက္ကသိုလ်တက်ရောက်ပညာ သင်ကြား စဉ်က တခြားဘာသာခြားတွေရဲ့ ကြိုးစားအားထုတ်ပုံတွေ သူတို့ရဲ့ထိုးဖေါက်မှုတွေအကြောင်းတွေကို ကောင်းစွာသင်ကြား နာယူခဲ့ရပါတယ်။ သာသနာ့တက္ကသိုလ်ကနေဗုဒ္ဓတက္ကသိုလ်(မန္တလေး) ရောက်တော့လည်း ဆက်လက်သင်ယူရပါတယ်။
                   စာရေးသူတို့စတုတ္ထနှစ်ရောက်လို့ ကျောင်းဖွင့်ပွဲ အခမ်းအနားမှာ တက္ကသိုလ်ကြီးရဲ့ ဂေါပက ဥက္ကဌ ကြီးပြောကြားသွားတဲ့စကားလေးကို အခုထက်ထိအမြဲကြားယောင်နေမိပါတယ်။ဒကာကြီးပြော သွားတာကတော့ သူ့ဘ၀ရဲ့ ကိုယ်တွေ့အတွေ့ကြံလေးတစ်ခုဖြစ်ပါတယ်။မန္တလေးမြို့ကြီးမှာ မီးအကြီးအကျယ်လောင်တော့ သူတို့အိမ်မီးထဲပါသွားပါတယ်။ ရှိတာလေးတွေ ဘာမှမယူလိုက်နိုင်ပါဘူး။နေစရာမရှိတော့လို့ သူ့ရဲ့ဆရာတော်ကျောင်းမှာ ခိုကပ်ပြီးသွားနေရပါတယ်။ သူယူထားတဲ့ဇနီးက ဘာသာခြားပါ။ သူအဟောအပြောကောင်းလို့ဗုဒ္ဓဘာသာ ထဲကိုတော့ရောက်နေပါပြီ။ဒါပေမဲ့သူတို့ ဘက်က တော့နည်းမျိုးစုံနဲ့ သူတို့ဘာသာထဲပြန်ပါရေးအတွက်အမြဲကြိုးစားနေလျက်ပါပဲ။ မီးလောင်လို့ဒုက္ခရောက်နေတာကိုသိ သွားတဲ့ သူ့ရဲ့ဇနီးဘက်က အဒေါ်တွေက ဒါကိုအခွင့်ကောင်းယူပြီး သူ့ဇနီးကိုလာဆွယ်ပါတယ်။ဒို့ဘာသာထဲကိုပြန်ဝင်ရင် တိုက်တစ်လုံး ကားတစ်စီးနဲ့ အရင်းအနှီးငွေထုတ်ပေးမယ်လို့လာစည်းရုံးပါတယ်။ဒါကိုသူ့ရဲ့ခင်ပွန်း ကိုပြောပြတော့ ဒီဒကာကြီးက တော်တော် သတ္တိကောင်းတယ် လုံးဝငြင်းပယ်လိုက်ပါတယ်။လုံးဝမယူဘူး နင်တို့ဘာသာထဲလည်းလုံးဝမ၀င်နိုင်ဘူးပေါ့။ 

Tuesday, August 7, 2012

အစွမ်းထက်သည့်မြင်းခွရွက် ဘယ်လိုသုံးကြမလဲ


မြင်းခွါပင်ဆိုလျှင် မြန်မာလူမျိုးတိုင်း သိကြပါတယ်။ မြင်းခွါပင်ဟာ အပင်ငယ်လေးဖြစ်တယ်။ မြေကြီးမှာကပ်ပြီး
ပေါက်ပွားတယ်။ အဆစ်ကလေးတွေက အမြစ်များထွက်လာတယ်။ အဲဒီအဆစ်ကလေးများက အညွန့်နှာမောင်း ထွက်လာပြီး မျိုးဆက်များကို ပွားလေ့ရှိတယ်။ သူ့အရွက်ကလေးဟာ မြင်းသတ္တဝါရဲ့ခွါနဲ့တူလို့ သူ့ကို မြင်းခွါပင် လို့ခေါ်ခြင်းဖြစ်တယ်။
မြင်းခွါပင်လေးများဟာ ရေစပ်စပ်ရှိတဲ့နေရာမှာ ပိုပြီးပေါက်ပွားတယ်။ တဆောင်းလုံး၊ တမိုးလုံးမှာ
မြင်းခွါပင်ကလေးများဟာ မြန်မာပြည်အနှံ့မှာ အလေ့ကျပေါက်တယ်။ မြန်မာပြည်ဟာ စွတ်စိုထိုင်းမှိုင်းတဲ့ ရာသီဥတုရှိတယ်။ ဒီလိုရာသီဥတုမျိုးရှိတဲ့ ရေ,မြေမှာ မြင်းခွါပင်လေးဟာ သိပ်ကြိုက်တာပေါ့။ သူ့အပွင့်လေးက ဖြူဖြူလေး၊ သူ့အသီးငယ်ထဲက အစေ့က အပြား အလျားလိုက် သေးငယ်တဲ့အမြှောင်း ကိုးမြှောင်းပါတယ်။

ပူးပေါင်းကြသည်ဟု ဆိုရာဝယ်

ပူးပေါင်းဆောင်ရွက်မှုများကို ခြေရာခံကြည့်ယင် ၈၈ မျိုးဆက်ကနေ စလာတာ မဟုတ်ပါဘူး။ ၈၈ ခေါင်းဆောင်တွေက ဒီချုပ်လိုပဲ ဆုံးဖြတ်ခဲ့လို့ အစိုးရနဲ့ လက်ရှိပူးပေါင်းဆောင်ရွက်မှုများကို လုပ်နေခြင်းပါ။ ဒီလိုပူးပေါင်းဆောင်ရွက်တယ့်နေရာမှာ

၁။ ဒီချုပ်က လွှတ်တော်နိုင်ငံရေးထဲ ဝင်ပြီး ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်မယ်။

၂။ ၈၈ မျိုးဆက်များက လူမှုနိုင်ငံရေးနဲ့ ဒီမိုကရေစီတိုက်ပွဲကို ဝင်မယ်။

ဒါက အခြေခံပါ။


လွှတ်တော်နိုင်ငံရေးဟာ အမျိုးသားနိုင်ငံရေးမဟုတ်

ဒီချုပ်က သူ့မှာ လက်နက်ကိုင်တပ်မတော် မရှိပါ။ လက်နက်ကိုင်တပ်မတော်ကလည်း သူ့ဘက်မှာ မရပ်တည်ပါ။ လက်နက်ကိုင်တပ်မတော်က သူ မွေးထုတ်လိုက်တယ့် ပြည်ခိုင်ဖြိုးဘက် ပါနေတယ်။ စစ်အစိုးရတုန်းက ထိပ်တိုက်ရင်ဆိုင်မှုကနေ ခြေကုန်လက်ပမ်းကျနေတုန်း ပြည်ပဖိအားကလည်း ရှိနေလို့ နှစ်ဖက်စလုံးက ပူးပေါင်းဆောင်ရွက်ကြဖို့ အားထုတ်လာကြတာ ဖြစ်ပါတယ်။

ဒီလို ပူးပေါင်းဆောင်ရွက်တယ့်နေရာမှာ ဒီချုပ်ဘက်က နိုင်ငံရေးသိက္ခာ အနည်းငယ် ချခဲ့ရပါတယ်။ ဒီချုပ်ရွေးချယ်ခဲ့တယ့် လွှတ်တော်နိုင်ငံရေးဟာ အမျိုးသားနိုင်ငံရေးမဟုတ်၊ ပါတီနိုင်ငံရေးဖြစ်လို့ ဒီမိုကရေစီအင်အားစုတွေကြားမှာ အမာဂိုဏ်း၊ အပျော့ဂိုဏ်း၊ ရေသာချောင်ခိုဂိုဏ်းတွေ ပေါ်ပေါက်လာရတယ်။