Thursday, November 15, 2012

ကနေဒါက CFOB အသင်း ရိုဟင်ဂျာများဘက်က လိုက်ဖို့ဖိအားပေးခံနေရခြင်း (အညွန်း - တင်မောင်ထူး၊ အမှူဆောင်ညွန်ကြားရေးမှူး၊ CFOB ၀က်ဆိုက်) ဥမ္မာဦး ဘာသာပြန် နိုဝင်ဘာ ၉ ၊ ၂၀၁၂

လပေါင်းများစွာစဉ်းစားပြီး နောက်ကျွန်တော်ဟာ CFOB (Canadian Freinds of
Burma) အဖွဲ့ရဲ့ကွန်ယက်ထဲမှာဖြစ်နေတဲ့ပြသနာကိုဖွင့်ဟဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
CFOB အဖွဲ့ဟာ ၁၉၉၀ ခုနှစ်ထဲက မြန်မာပြည်လူ့အခွင့်အရေးရရှိရေးအတွက် လှုပ်ရှားဆောင်ရွက်ခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။
ယခုအခါမှာ ကျွန်တော်တို့အဖွဲ့ဟာ အထူးသဖြင့် လက်ရှိရခိုင်ပြည်မှာဖြစ်နေတဲ့ ပြည်တွင်းနေရခိုင်ဗုဒ္ဓဘာသာများနဲ့ ရိုဟင်ဂျာလို့ ခေါ်တွင်ထားတဲ့ ရိုဟင်ဂျာမူစလင်များအကြား ပဋိပက္ခတွေမှာ ရိုဟင်ဂျာမူစလင်များ ဖက်ကနေ လိုက်ဖို့ အပြင်းအထန် ဖိအားပေးခံရပါတယ်၊
ဘယ်လောက်ထိ ဖိအားပေးခံရသလဲဆိုရင်ဖြင့် CFOB ဟာ ကနေဒါ
အဖွဲ့အစည်းများ စုပေါင်းထားတဲ့ကော်မတီဖြစ်တဲ့ Canadain NGOs Committee on
Burma (CNC) ကနေ ဖိအားပေး ထုတ်ပယ်ခံခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။
အထူးသဖြင့် CNC ရဲ့အဓိကအသင်းဝင်အဖွဲ့ဖြစ်တဲ့ အိုတဝါမှာအခြေစိုက်တဲ့ Inter
Pares လို့ခေါ်တဲ့အဖွဲ့ဟာ အမြဲတမ်းဆိုသလို CFOB
ကို ရိုဟင်ဂျာမွတ်စလင်အဖွဲ့တွေကို ထောက်ခံခိုင်းပါတယ်။ မထောက်ခံလို့ဘက်မလိုက်လို့ ငွေကြေးထောက်ပံ့မှုတွေကို ရပ်တန့်ပြီး တခြားအဖွဲ့အစည်းတွေဆီက ထောက်ပံ့ကြေးတွေပါ မရအောင်၊ ရပ်တန့်အောင်ပါ လိုက်လံပိတ်ပင်ခဲ့ပါတယ်။
သိသာထင်ရှားစေတာကတော့ ကျွန်တော်တို့ရဲ့မြန်မာပြည်အရေး လုပ်ဆောင်ပေးနေတာကိုပါ ရပ်ဆိုင်းသွားစေချင်တဲ့ ရည်ရွယ်ချက်ပါရှိတယ်။ တကယ်တော့ CFOBဟာ လွတ်လပ်သော အဖွဲ့အစည်းအဖြစ် ရပ်တည်နေတာဖြစ်ပြီး မည်သည့်လက်အောက်ခံမှမဟုတ်ပါ။ CFOBဟာ လူတိုင်းအတွက် အခြေခံလူ့အခွင့်အရေးရရှိအောင် လုပ်ကိုင်ပေးနေပြီး ယခုဖြစ်ပွါးခဲ့သော ရခိုင်ပြည်အရေးတွင်လည်း တဘက်ဖက်တွင် ရပ်တည်နေသည်ဟု မမြင်စေလိုပါ။
ဤသည်ကို Inter pares မှ နားမလည်ဘဲ အတင်းပင် ဘက်လိုက်ခိုင်းခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့အနေဖြင့် လွတ်လပ်သောအဖွဲ့အစည်းရဲ့ ရုံးတွင်းဆိုင်ရာ ပေါ်လစီအပေါ် ဝင်ရောက်စွက်ဖက်နေသည်ဟု ခံစားနားလည်မိပါသည်။
တဖက်မှာလည်းကျွန်တော်တို့သိထားသော Inter
Paresအဖွဲ့ဟာ CIDA လို့ခေါ်တဲ့ အဖွဲ့အစည်းကနေတဆင့် ရရှိထားတဲ့ ကနေဒီယန်းများရဲ့ အခွန်ဆောင်ထားတဲ့ ငွေကြေးတွေကို ရိုဟင်ဂျာအဖွဲ့အစည်းတွေရဲ့မီဒီယာတွေနှင့်
သူတို့၏အကျိုးဆောင်နေသောအဖွဲ့အစည်းများဖြစ်တဲ့ Kaladen Press နဲ့ Arakan
Projects တို့ကို ငါးရာခိုင်နှုန်း နှစ်စဉ် ထောက်ပံ့နေတာကိုနေတာတွေ့ရပါတယ်။

Tuesday, November 6, 2012

ဝိမုတ္တိသုခ စေတီတော် စုပေါင်းငွေပဒေသာပင်လှူဒါန်းပွဲ


ငြိမ်းချမ်းရေးအဓိပ္ပါယ်ဖေါ်ဆောင်ပွဲ ၊Thebestfriend library