Saturday, March 24, 2012

ရွှေည၀ါဆ၇ာတော်၏ သာသနာပြုလုပ်ငန်းစဉ်များ

Thursday, March 22, 2012

စုပေါင်းရှင်ပြုပွဲနှင့် တရားပွဲများ



Wednesday, March 21, 2012

သြကာသ ကန်တော့ခန်း ရှင်းလင်းချက်

မြန်မာနိုင်ငံတွင် သြကာသအစချီသော ကန်တော့ခန်းသည် ပုဂံခေတ် ရှင်အရဟံမထေရ်လက်ထက်မှ စတင်ပေါ်ပေါက်လာခဲ့သည်။ သြကာသ ကန်တော့ခန်းမှာ မူကွဲအမျိုးမျိုးရှိလေသည်။ အများစုလက်ခံထားသည့် ကန်တော့ခန်း နှင့် ရှင်းလင်းချက်ကို ဖော်ပြပေးပါမည်။

သြကာသ ကန်တော့ချိုး
သြကာသ သြကာသ သြကာသ ကာယကံ ၀စီက မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ပထမ ဒုတိယ တတိယ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရား ရတနာ တရားရတနာ သံဃာရတနာ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော် မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။

ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတို့မှအခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။
(သြကာသ ကန်တော့ခန်းရှင်းလင်းချက်)
 သြကာသ    ။    ။     အခွင့်၊ ခွင့်ပြုတော်မူပါ။ (ရှိခိုးခွင့် ပြုတော်မူပါ။ ကန်တော့ခွင့်ပြုတော်မူပါဟု ခွင့်တောင်းခြင်းဖြစ်သည်။ ရိုသေမှုကို အလေးအနက်ပြုလိုသောကြောင့် သြကာသ ကို သုံးကြိမ် ရွတ်ဆိုကြရသည်။)

Tuesday, March 20, 2012

သတ္တုတွင်းဝန်ကြီးဌာနက The Voice Weekly ဂျာနယ်ကို အသရေဖျက်မှုပုဒ်မဖြင့် ရန်ကုန်မြို့ ဒဂုံမြို့နယ်တရားရုံးတွင် စတင် တရားစွဲဆိုလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။


“သတ္တုတွင်းဝန်ကြီးဌာနက ညွှန်ကြားရေးမှူးအဆင့်ရှိတဲ့ အရာရှိတွေနဲ့ ဥပဒေအကြံပေးတွေ လွန်ခဲ့တဲ့ အပတ်က တရားရုံးကို ရောက်လာပြီး The Voice ဂျာနယ်ကို အသရေဖျက်မှုနဲ့ အရေးယူပေးဖို့ ဦးတိုက်လျှောက်တယ်။ ဂျာနယ်ထဲမှာ ရေးထားတဲ့သတင်းကြောင့် ၀န်ကြီးဌာနရဲ့ ဂုဏ်သိက္ခာကျဆင်းလို့ အသရေဖျက်မှုပုဒ်မနဲ့ တရားစွဲတယ်” ဟု ဒဂုံမြို့နယ်တရားရုံးမှ ဥပဒေ၀န်ထမ်းတဦးက အတည်ပြု ပြောကြားသည်။

Monday, March 19, 2012

စစ်မှန်တဲ့ဒီမိုကရေစီလမ်းကိုလျှောက်လှမ်းနိုင်ဖို့ N L D ပါတီကိုမဲပေးကြပါစို့

Friday, March 16, 2012

အမြတ်မထွက်ခြင်းနှင့် သည်းခံခြင်း -အတွေးအမြင်စာစဉ် (၁၂၀)


အမြတ်မထွက်ခြင်းနှင့် သည်းခံခြင်း
            အခါတစ်ပါး၌ဘုရားရှင်သည် ရဟန်းငါးရာခြံရံလျက် ရာဇဂြိုလ်ပြည်မှ နာဠန္ဒသို့ ခရီးရှည်ကြွတော်မူသည်။ ထိုအချိန်တွင် သုပ္ပိယပရိဗိုဇ်သည်လည်း ပရိဗိုဇ်ပရိသတ်ခြံရံလျက် ဘုရားရှင်ပရိသတ်နောက်မှလိုက်ကာ ရာဇဂြိုလ်မှ နာဠန္ဒသို့ပင် ခရီးရှည်သွားလေသည်။ သုပ္ပိယပရိဗိုဇ်က “ရဟန်းဂေါတမဟာ သဗ္ဗညု(အလုံးစုံကို သိသူ)မဟုတ်ဘူး။ ကြံဆပြီး ပြောတာ ဟောတာ” စသည်ဖြင့် ကဲ့ရဲ့စွပ်စွဲစကား ပြောကြားလျက် နောက်ကလိုက်ပါလာခဲ့လေသည်။
            လမ်းခုလတ် သရက်ဥယျာဉ်တွင် နေဝင်ခါနီးနားခိုကြရာ၌လည်း ဘုရားရှင်အုပ်စုကတစ်ဖက်၊ ပရိဗိုဇ်အုပ်စုက တစ်ဖက် ယှဉ်လျက်နေကြလေသည်။ သုပ္ပိယပရိဗိုဇ်သည် တစ်ညလုံးရှေးနည်းနှင့် ကဲ့ရဲ့စွပ်စွဲစကားများ ပြောဆို နေပြန်လေသည်။ 

အတွေးမှန် အမြင်မှန်(အတွေးအမြင်စာစဉ်- ၁၄၇)

အတွေးမှန် အမြင်မှန်
        ပင်ကိုယ်သဘောအားဖြင့် အစုအဝေး၊ အသိုင်းအဝိုင်းနှင့် အပြန်အလှန်အဖော်သဟဲပြုကာ နေထိုင်တတ်ကြသည့် လူသားအချင်းချင်း ညီညီညွတ်ညွတ်စည်းစည်းလုံးလုံး ရှိကြသည်နှင့်အမျှ လူ့ဘောင် ပတ်ဝန်းကျင်သည်လည်း တိုးတက် ဖွံ့ဖြိုးသာယာနိုင်လိမ့်မည်ဖြစ်သည်။ စည်းလုံးညီညွတ်ခြင်းသည် လူ့အဖွဲ့အစည်း လူ့အသိုင်းအဝိုင်းတို့အတွက် ဆောင်ရွက်မှု များ မှန်ကန်ဖို့လိုသည်။ စည်းလုံးညီညွတ်မှုရှိကြမှလည်း လူသားတို့၏လုပ်ဆောင်ချက်များသည် ထိရောက်မှုရှိနိုင်မည် ဖြစ်သကဲ့သို့ အောင်မြင်မှုများလည်း ရရှိနိုင်ကြလိမ့်မည်သာဖြစ်သည်။
            သို့သော် “လူတစ်ကိုယ် စိတ်တစ်မျိုး” ဆိုသည့်အတိုင်း လူ့အသိုင်းအဝိုင်း၊ လူ့အဖွဲ့အစည်းများအတွင်း စည်းလုံး ညီညွတ်မှုရအောင် တည်ဆောက်ကြရသည်မှာ လွယ်ကူသည်တော့ မဟုတ်ပေ။ လူအမျိုးမျိုး စိတ်အထွေထွေဖြစ်ရကား လူ့ဘောင်လောက၌ အမြင်ကျဉ်းကြသူများ၊ သဘောထားသေးသိမ်ကြသူများ၊ စေတနာမဲ့ကြသူများ၊ အထင်အမြင် သေးတတ်ကြသူများ၊ မာန်မာနကြီးလွန်းကြသူများကြောင့် စည်းလုံးညီညွတ်မှု ပျက်ပြားသွားခဲ့ကြရသည့် ဖြစ်ရပ်ပေါင်း များစွာ လူ့သမိုင်းတစ်လျှောက်၌ အထင်အရှားရှိခဲ့သည်။ လူသားအချင်းချင်း တစ်ဦး၏စကားကို တစ်ဦးက နားထောင်၊ တစ်ဦး၏အမြင်ကို တစ်ဦးက လက်ခံ၊ တစ်ဦး၏သဘောကို တစ်ဦးက နားလည်သဘောပေါက်ကြသဖြင့် လူ့အသိုင်းအဝိုင်း တစ်ခုလုံး ဖွံ့ဖြိုးစည်ပင်ဝပြောခဲ့သည့်ကာလများ ရှိခဲ့သည်ကိုလည်း သမိုင်းမှတ်တမ်းများ၌ ဖတ်ရှုလေ့လာမှတ်သား မိကြပေလိမ့်မည်။ 

Thursday, March 15, 2012

ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲ အပိုင်း (၂)

Wednesday, March 14, 2012

ဧပြီလ ၁ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲ အတွက် အနုပညာရှင်တွေရဲ့တိုက်တွန်းချက်

တော်လှန်သော သတင်းစာဆရာ – ဂျာနယ်ကျော်ဦးချစ်မောင်

မောင်စွမ်းရည်

မတ်လ ၁၃၊ ၂၀၁၂
ကျနော်တို့ ငယ်ငယ်တုန်းက “စာပေ” ရှိတာကို ဘယ်လိုများစတင် သတိပြုမိလာသလဲလို့ပြန်တွေးမိတဲ့ အခါတွေရှိပါတယ်။ မူလတန်း အထက်တန်းဆင့် ကျောင်းသားအရွယ်မှာအိမ်က လူကြီးမိဘတွေ စာကြောင်း ပေကြောင်းပြောပြပုံတွေကိုနားစွင့်မိပါပြီလို့ သတိရပါတယ်။ “စာကြောင်းပေကြောင်း” ဆိုတာ ဘုရားစာလဲ မဟုတ်။ ကျောင်းစာထဲမှာလဲ မပါတာကိုခေါ်ရမှာပေါ့နှော်။ အဲဒီကာလမှ ကျနော်မိဘတွေနဲ့ ဦးကြီးဦးလေး၊ ဒေါ်ကြီး ဒေါ်လေးတွေဟာ သူတို့ ဖတ်ကြတဲ့ စာအုပ်တွေအကြောင်းကို တယောက်နဲ့ တယောက် သဘောထားဖလှယ်ကြတာမျိုးတွေရှိပါတယ်။ သူတို့ပြောကြတဲ့ စာအုပ်တွေအကြောင်းထဲမှာ “သူလိုလူ” ဆိုတာပါခဲ့ကြောင်း အမှတ်ရနေပါတယ်။
“သူလိုလူ” ဆိုတာ ဂျာနယ်ကျော်မမလေးရေးတဲ့ ဂျာနယ်ကျော်ဦးချစ်မောင် အကြောင်းလို့လဲ တဖြည်းဖြည်းသိလာတယ်။ ဦးချစ်မောင် ထုတ်ဝေတဲ့ “ဂျာနယ်ကျော်” ဆိုတာတွေကိုလဲ ဖတ်ရဘူးပါတယ်။ ဦးချစ်မောင်ဆိုသူဟာ စာသိပ်ဖတ်တယ်၊ စာသိပ်ရေးတယ်၊ အိမ်သာသွား ရင်တောင် စာရေးစာဖတ် မပျက်စေရဘူးဆိုတာလဲ ခဏမကြာပြောဖူးကြပြီး ကျနော်ဦးကြီး ဦးလေးများဟာ ဦးချစ်မောင်ကို အတုယူပြီး အိမ်သာသွားရင် စာအုပ်ယူသွားလေ့ရှိပါသတဲ့။

မြန်မာ့ရုပ်မြင်သံကြားမှာ ထုတ်လွှင့်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ရုပ်သံဖိုင်


http://www.demowaiyan.co.cc/2012/03/blog-post_13.html

မြန်မာ့ရုပ်မြင်သံကြားမှာ ထုတ်လွှင့်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ရုပ်သံဖိုင်

Monday, March 12, 2012

အမျိုးသ္မီးများ၏ နေရာ

အမျိုးသ္မီးများ၏အဆင့်အတန်း၊ နေရာ၊ ရပိုင်ခွင့်၊ အခွင့်အရေးနှင့် အမျိုးသ္မီးများအပေါ် ထားရှိသော သဘောထားအမြင်များမှာ ဘာသာတရား အလိုက်၊ ဒေသအလိုက်၊ နိုင်ငံလူမျိုးအလိုက် မတူညီပေ၊၊ အချို့သော ဘာသာနှင့်၊ နိုင်ငံလူမျိုးများတွင် အမျိုးသ္မီးများကို နေရာပေးမှု၊ အရေးပေးမှု၊ အဆင့်ပေးမှု အားနည်းသည်ကို လေ့လာရသည်၊၊ ဆက်ဆံမှုတွင်ပင် အမျိုးသ္မီးများကို နိမ့်ကျစွာဆက်ဆံလေ့ရှိ သည့် ဘာသာတရားများစွာကို တွေ့ရသည်၊၊
ဟိန္ဒူဘာသာ၊
ခရာစ်ယာန်ဘာသာ၊
ဗုဒ္ဓဘာသာ၊
မူစလင်ဘာသာ၊ အသီးသီးတို့တွင် အမျိုးသ္မီးများအပေါ် နေရာပေး၊ အဆင့်သတ်မှတ်ပုံခြင်း လွန်စွာ ကွာခြားသည်၊၊ အရှင်၏ ယ္ခုစာတမ်းထဲတွင် အခြားဘာသာများ၏ အမျိုးသ္မီးးများအပေါ် သဘောထားအမြင်ကို အသေးစိတ်မဖော်ပြတော့ဘဲ၊ ဗုဒ္ဓဘာသာ၏ အမျိုးသ္မီးများအပေါ် မည်သို့ မည်ပုံသဘောထားသည်၊ နေရာပေးသည်၊ အဆင့်သတ်မှတ်သည်၊ ဆက်ဆံသည်တို့ကိုသာ ပါဠိစာပေ အထောက်အထားများဖြင့် ဖော်ပြမည်ဖြစ်ပါ သည်၊၊

Sunday, March 11, 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယနေ့ မော်လမြိုင် လူထုဟောပြောပွဲ မြင်ကွင်း ဓာတ်ပုံများ..

Sunday, March 11, 2012  ဒီမိုဝေယံ  No comments


ဘယ်လောက်ပဲ အတိုက်အခိုက်တွေ၊ မတရားမှုတွေ၊ လိမ်လည်မှုတွေရှိပါစေ.. အဘွားစုနဲ့ ခွပ်ဒေါင်းတွေ
မုချအောင်ရမည်တဲ့... အနာဂတ်ရဲ့ ရာမည ခွပ်ဒေါင်းမြေး..
ခွပ်ဒေါင်းဘွားဘွားနဲ့ ခွပ်ဒေါင်းမြေးတွေပါ မကျန်ပါဝင်တဲ့ မော်လမြိုင် လူထုပရိသတ်
သိန်းချီတဲ့ ရာမညဋ္ဌာနီ မော်လမြိုင် လူထုပရိသတ်.. 

Friday, March 9, 2012

Interview with Saffron Monks - U Pyinnyar Nanda - About U Gambira -

Sunday, March 4, 2012

ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်..

Sunday, March 04, 2012  ဒီမိုဝေယံ  1 comment



ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်
မတ်လ (၁) ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးပွဲတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က တာဝန် ထမ်းဆောင်မှု တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြောကြားလိုက်သည့် မိန့်ခွန်းကို ကျွန်တော် ရေဒီယိုမှ နားမထောင်မိ၊ ရုပ်မြင်သံကြားမှ တိုက်ရိုက်လွှင့်မှုကိုလည်း မကြည့်ရှုမိခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော ကျွန်တော်တို့ လူမှုရေးသမားများသည် အချိန်နှင့်တပြေးညီ နာရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် ပြည်သူလူထုတို့၏ လိုအပ်ချက်၊ တောင်းဆိုချက် အကူအညီရလိုမှုတို့ကို နံနက်မှ ညအချိန် အိပ်စက်သည့် အချိန်ကာလအထိ ပေးဆပ်မှုတို့ကို နေ့တဓူဝ နားရက်မရှိ လုပ်ကိုင်ပေးဆပ်နေရ၍ ဖြစ်တော့သည်။

မတ်လ (၂) ရက်နေ့တွင် ရောက်ရှိလာသော မြန်မာ့အလင်းသတင်းစာကို လူမှုရေးအလုပ်ရပ်နား သော ညနေပိုင်းအချိန်တွင် သမ္မတကြီး၏ မိန့်ခွန်းကို အကြိမ်ကြိမ်ဖတ်ရှုမိသည်။ ပြည်သူတွေရဲ့ဆန္ဒကို အကောင်အထည်ဖော်ပေးနေသော သမ္မတကြီး၏ မိန့်ခွန်းအပြည့်အစုံကို ပြည်သူလူထု တစ်ဦးအနေဖြင့် ဖတ်ရှုကာ လူမှုရေးသမားတစ်ယောက်အနေဖြင့် ခံစားကြည့်မိတော့သည်။

နိုင်ငံရေး
နိုင်ငံရေးကို ကျွန်တော်ရိုးရှင်းစွာပြောရလျှင် ကျွန်တော် နားမလည်၊ ရွံရှာသည်။ မုန်းတီးခဲ့သည်။ ကျွန်တော်သိခဲ့သော နိုင်ငံရေးမှာ - ကျွန်တော်လူ့ဘဝထဲရောက်ပြီး သုံးလေးနှစ်အရွယ်တွင် ကျွန်တော်၏ မိဘဘိုးဘွားပိုင် နိုင်လွန်စက်ရုံကြီးကို ထိုအချိန်ကာလ၌ နိုင်ငံတော်သမ္မတကြီးဖြစ်ခဲ့သော ဦးနေဝင်းမှ သိမ်းပိုက်ခဲ့ခြင်း၊ အဖိုးနှင့်အဖေတို့ကို အင်းစိန်ထောင်ထဲသို့ မတရားထည့်သွင်းခံရခြင်းတို့ပင်ဖြစ်သည်။ ထို့နောက် ၇-တန်း ၈-တန်းအရွယ်တွင် နိုင်ငံတော်၏ အထင်ကရ ပုဂ္ဂိုလ်တစ်ဦးဖြစ်သော ကမ္ဘာ့ကုလသမ္မဂ္ဂ အထွေထွေအတွင်းရေးမှူး ဦးသန့်၏ ဈာပနအခမ်းအနားမှစ၍ ဦးသန့်အရေးအခင်း။ ထို့နောက် ကျွန်တော်၏ အဖိုးနှင့်ဖခင်တို့ကို မတရားဖမ်းဆီးထောင်ချခဲ့သော ကျွန်တော်တို့၏ သမိုင်းကြောင်းကို ဖိနှိပ် ခဲ့သော စစ်အာဏာရှင် (မ.ဆ.လ)တို့ကို ပြည်သူတစ်ရပ်လုံးက ဆန္ဒပြတောင်းဆိုခဲ့သော ၈၈ အရေးအခင်းတို့ ပေါ်ပေါက်လာခဲ့သည်။ ၈၈ အရေးအခင်းကာလတွင် ကျွန်တော်သည် ဒုတိယနှစ် ရူပဗေဒနှင့် ရုပ်ရှင်သရုပ် ဆောင် လုပ်ကိုင်စဉ်ဖြစ်သည်။ ပြည်သူကို လုပ်ကျွေးပြုပေးနေသူ၊ မတရားမှုကို ငုံ့မခံတက်သော စိတ်ဓါတ် တို့ဖြင့် ကျွန်တော်သည် ချီတက်ဟောပြောပွဲများတွင် ပါဝင်လှုပ်ရှားခဲ့သည်။ သို့သော် ကျွန်တော်နိုင်ငံရေး ကို မယုံကြည်ခဲ့။ မတရားဖိနှိပ်မှုကို လက်မခံနိုင်၍ ပါဝင်လှုပ်ရှားခဲ့ခြင်းဖြစ်သည်။ ၈၈ အရေးအခင်းတွင် ကျွန်တော်တို့ ကျောင်းသားပြည်သူ၊ ရဟန်သံဃာများ များစွာအသက်ဆုံးရှုံးခဲ့ရသည်။ ကျွန်တော့်၏ တပည့် ဖြစ်သူ ကရင်အမျိုးသားလေး “အဘီး” တစ်ယောက်လည်း အသက်ဆုံးခဲ့ရသည်။

Thursday, March 1, 2012

သင်သည်လည်းလူ ဘယ်လိုလူလဲ

သင်သည်လည်းလူ ဘယ်လိုလူလဲ

မာသာထရီဇာ လူလော့ကလာတော့
လူတွေကိုကူညီသွား မေတ္တာတွေပွါးသမို့
သူ့ကိုချစ်ကြတမ်းတကြ၏။
အာဏာရှင်ဟစ်တလာ လူလောကလာတော့
လူတွေကိုသတ် လွန်နှိပ်စက်လို့
သူ့ကိုမုန်းကြ မတမ်းတကြ။
ဒို့ရဲ့ဖခင် သခင်ဗိုလ်ချုပ်အောင်ဆန်း
ဒို့ပြည်မှာ သူစွမ်းတော့
လူတွေကိုကူညီသွား မေတ္တာပွါးသမို့
သူ့ကိုတမ်းတ လွန်ချစ်ကြ၏။
အာဏာရှင်ယုတ် နေ၀င်းဗိုလ်စုတ်
ဒို့ပြည်မှာသူအုပ်ချုပ်တော့
တိုင်းပြည်လည်းစုတ် လူလည်းစုတ်မို့
သူ့ကိုမုန်းကြ သတ်ချင်ကြ၏။
ဒို့ပြည်ရဲ့မိခင် အောင်ဆန်းစုကြည်သခင်ရဲ့
ကြင်နာ မေတ္တာ ကရုဏာ တရား
ပြည်သူတွေပေါ်ထားသမို့
ပြည်သူလည်းချစ် ကမ္ဘာလည်းချစ်ပေါ့။
အာဏာရှင်ကြီးသန်းရွှေ
ဒို့ပြည်ကို သူမွှေလို့
သခင်ဘ၀မှ ကျွန်ဘ၀တွေဖြစ်ရ
နွံထဲနှစ်ရ လူလုံးမလှသမို့
သူ့ကိုမုန်းကြ ရှင်းချင်ကြ၏။
ဒီမယ်အမောင် သင်….ဤလူ့ဘောင်ကို
ရောက်တုန်းရောက်ခိုက် ရောက်သခိုက်မှာ
သင်သည်လည်းလူ ဘယ်လိုလူလဲ
လူတွေချစ်ရ တန်ဖိုးရသလား
လူတွေမုန်းပွါး အာဃာတထားသလား
သင့်ကိုယ်သင်မေး ပြန်စစ်ဆေးပါ
သင်သည်လည်းလူ ဘယ်လိုလူလဲ…..

                                                      မင်းသုည(ဗုဒ္ဓတက္ကသိုလ်)