Thursday, September 27, 2012

“Nyam!”- The Scaffolding…….



Nyam!”- The Scaffolding…….
In Myanmar, it can be learnt today that there are many different concepts on ‘Scaffolding’. And we also need to analyse on these concepts- how do we see or how do we think of it?  We see some people easily talk and do it. So no sooner had they become successful in their work than they insulted their boss and neglected the gratitude of their boss as they thought that the scaffolding must be destroyed after the pagoda was completed.
These existed in the history of Myanmar. Narapatae, who became the king because of minister Rajasakyan, disliked a word of Rajasakyan which was told him, and asked the minister, “Minister, what to do after the pagoda is finished?”, and he answered, “After it is finished, the scaffolding must be destroyed.” Then, the king  dismissed him from his post and sentenced him to leave the country to Dala region. So some groups of people, who like this, found a word to offend their benefactors learning that: “The scaffolding must be discarded after the pagoda is being completed”.
The subject of comparison and the object of comparison mainly depend on the doers. Today, these comparisons are being used as they like. Anything will not be fine if these comparisons do not agree with each other. Again and again we should ask ourselves. And it is essential to carefully analyse ourselves that what we want to be, if we want to destroy the scaffolding, or if we want to climb up to a higher place using the scaffolding.

ခေတ်လူများ၏ မှတ်စု ဂျာနယ်မှ(ဓမ္မစကား ) ငြမ်း



          ယနေ့မြန်မာနိုင်ငံမှာ ငြမ်းနှင့်ပတ်သတ်ပြီး အယူအဆအမျိုးမျိုးကွဲပြားနေကြတာကိုတွေ့ရပါတယ်။ မိမိတို့လည်းငြမ်း နှင့်ပတ်ပြီး ဘယ်လိုမြင်ထားလဲ ဘယ်လိုသဘောထားလဲဆိုတာကို သေချာပြန်လည် စစ်ဆေးဖို့လိုပါ တယ်။တချို့က အလွယ် ပြောအလွယ်လုပ်လာကြပါတယ်။ဘုရားပြီးငြမ်းဖျက်ရတယ် ဆိုပြီး မိမိလုပ်ငန်းအောင်မြင်သွားတာနဲ့တပြိုက်နက်မိမိရဲ့ ကျေးဇူးရှင် တွေကိုစော် ကားမော် ကားပြုကား ကျေးဇူးကမ်းလာတွေကိုတွေ့နေရပါတယ်။
          ဒါတွေဟာ မြန်မာသမိုင်းမှာကတည်းက ရှိခဲ့ပါတယ်။ရာဇသင်္ကြန်အမတ်ကြီးကြောင့် မင်းဖြစ်လာတဲ့ နရပတေ့ မင်းက အမတ်ကြီးရဲ့ သူ့အပေါ်ပြောလိုက်တဲ့ စကားလေးတစ်လုံးကို မကြိုက်တာနဲ့ အမတ်ကြီးကိုမေးပါတယ်။ ‘’အမတ်ကြီး ဘုရားပြီးရင်ဘာလုပ်ရသလဲလို့’’ မေးတော့ အမတ်ကြီးက “ဘုရားပြီးရင်ငြမ်းဖျက်ရပါတယ်” လို့ပြောလိုက်ပါတယ်”။ ဒါနဲ့ အမတ်ကြီးကိုရထူးကချပြီး ဒလကြိုပည် နှင်ဒဏ်ပို့လိုက်ပါတယ်။ဒါကိုသဘောကျသွားကြတဲ့အုပ်စုက အမှန် ထင်ပြီး ကျေးဇူးရှင် တွေကို စော်ကားဖို့ သူတို့အတွက်စကားတစ် လုံးရလိုက်ပါတယ်။ ဘုရားပြီး ရင်ငြမ်းဖျက်ရ တယ်ပေါ့။

သူတို့လေးတွေရဲ့ဘ၀ ဘယ်သူတွေမှာတာဝန်ရှိသလဲ



   ၁၉၉၈ ခုနှစ်ဝန်းကျင် စာရေးသူ နိုင် ငံတော်ပရိ ယတ္တိသာသနာ့ တက္ကသိုလ်ကိုတက်ရောက်ပညာသင်ကြားနေစဉ်က အတွေ့အ ကြုံတကယ့်အဖြစ် အပျက်လေး တစ်ခုကို ဆွေးနွေးတင်ပြချင်ပါသည်။စာရေးသူသည်ငယ်စဉ်ကိုရင်ဘ၀တည်းက သူငယ်ချင်း တွေနဲ့ အမေး အဖြေဆွေးနွေးပွဲတွေလုပ်ရတာကို သဘောကျကြိုက်နှစ်သက်ပါသည်။ တဖြည်းဖြည်းနဲ့စာတွေ ကိုမှတ်ရင်းဖတ် ရင်းဆွေးနွေးဖိတ်ခေါ်ရင်းဖြင့် ကျောင်း သူကျောင်းသူကျောင်း သားများပါ ၀င်ရောက် ပါဝင်ကာ မေးခွန်း များမေးမြန်းဆွေးနွေး လာပါ သည်။ဒီအ ထဲမှာ မေးခွန်းတွေ လည်းတော်တော်စုံသလို သူတို့တွေရဲ့ ဘာသာသာသ နာနဲ့ပတ်သတ်ပြီးမြင်နေ ကြတဲ့ အမြင်တွေအယူအ ဆတွေကိုလည်း တင်ပြဆွေးနွေးလာပါသည်။
          စာရေးသူ သာသနာ့တက္ကသိုလ်စာမေးပွဲဖြေပြီးလို့ မိမိတို့မြို့စာသင်တိုက်ကိုပြန်ပြီးခေတ္တသီတင်းသုံးနေချိန်ဖြစ်ပါ သည်။စာရေးသူရဲ့ ရဟန်းဒါယကာ သားအောင်အောင် နဲ့သူ့သူငယ်ချင်း စာရေး သူကျောင်းမှာ ရောက်နေ တာသိလို့ သူတို့  ရောက်ချလာပါသည်။အောင်အောင်က ဦးဇင်းလေးဒါတပည့်တော်လျှောက်ပြထားတဲ့ ထားဝယ်က တပည့်တော်နှင့်ကျောင်း နေဘက် စက်မှုတက္ကသိုလ် တတိယနှစ်ကျောင်းသားလေ သံဃာတော်တွေကို မဆည်းကပ်မကိုးကွယ်တော့ဘူး စွန့်လိုက်ပြီ ဆိုတာသူပေါ၊့ သူကိုပြောဆိုဆုံးမပေးပါအုံးဘု ရား။အောင်အောင်သည်သူငယ်ချင်းကောင်းပီသပေသည် သူ့သူငယ်ချင်းကို လမ်းမှားမရောက်စေချင်ပါ၊ သူတတ်နိုင်သမျှပြောဆိုဆွေးနွေးပြခဲ့ပါသည် မရပါ။ဘယ်လိုမှပြောပြစည်းရုံးလို့မရတော့ကြောင်း ကိုအရင်က ပြောပြထားတာရှိလို့ စာရေးသူက သိလိုက်ပါသည်။