Saturday, July 13, 2013

သမိုင်းရိုင်းခဲ့ရတဲ့ဒီဇူလိုင်လ



သမိုင်းရိုင်းခဲ့ရတဲ့ဒီဇူလိုင်လ
ဇူလိုင်တစ်ဆယ့်ကိုး
ဆယ့်ကိုးဇူလိုင် မမေ့နိုင်မို့
မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့ရ ဒီဇူလိုင်လပေါ့
အာဇာနည်ခေါင်းဆောင်တွေက
တနိုင်ငံလုံးရဲ့ကောင်းစားရေး
အသက်ပေးဆွေးနွေးနေကြ ဒီဇူလိုင်လမှာ
ယုတ်မာသူ ဂဠုန်စော
မဟုတ်တာတွေသူပြောပြီး
အကြံပက်စက် သူ့ရဲ့စနက်ကြောင့်
ဗိုလ်ချုပ်နှင့်တကွ အာဇာနည်တွေရဲ့သွေး
မြေမှာခခဲ့ကြရ သမိုင်းရိုင်းခဲ့ရ ဒီဇူလိုင်လပေါ့
ကျနေရတဲ့ပြည်သူ့မျက်ရည်
ထက်ဝေစေဖို့အကြောင်းဖန်
ဗိုလ်နေ၀င်းအကြံ ယုတ်မာပြန်တော့
မိုးပေါ်ထောင်မပစ် တဲ့တဲ့ပစ်လို့
ဒို့ကျောင်းသားတွေရဲ့သွေး
မြေမှာခခဲ့ကြရ သမိုင်းရိုင်းခဲ့ရ ဒီဇူလိုင်လပေါ့။
                                          မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

0 comments:

Post a Comment