Wednesday, October 23, 2013

ဝိမုတ္တိသုခစေတီတော်မြတ်ကြီး စုပေါင်းငွေပဒေသာပင်လှူဒါန်းပွဲ


ဓမ္မစကား


Friday, October 18, 2013

စုပေါင်းငွေပဒေသာပင်လှူဒါန်းပွဲ

ထိုင်းနိုင်ငံ၊မဲဆောက်မြို့၊နန့်တည်ကျေးရွာ၊နန့်
တည်ကျောင်းတိုက် တွင်မြန်မာပြည်သားများ စုပေါင်းတည်ထားကိုးကွယ်သော စေတီတော်မြတ်ကြီး အတွက် စုပေါင်းငွေပဒေသာပင် လှူဒါန်းပွဲနှင့် ၀ါကျွတ်ပွဲတော် စုပေါင်းအလှူဒါနပြုပွဲရှိပါသည်။သီတင်းကျွတ်လပြည့်၊
၁၉.၁၀.၂၀၁၃ စနေနေ့ မနက်ဖြန်နံနက် ကားများဖြင့်စုပေါင်းသွားရောက်ကြမည်ဖြစ်ပါသည်။
 လိုက်ပါလိုသူများ မိတ်ဆွေကောင်း
စာကြည့်တိုက်သို့နံနက်
(၇)နာရီအရောက်လာရောက်ကြပါရန်တိုက်တွန်း
နိုးဆော်လိုက်ပါသည်

Wednesday, October 16, 2013

ဗုံး..ဗုံး…ဘာဗုံးလဲ



ဗုံး..ဗုံး…ဘာဗုံးလဲ
ဗုံး..ဗုံး..အမေရိကမှာကွဲတော့
ဘယ်သူခွဲသလဲ ဘယ်သူတွေပါသလဲ
ဘယ်သူတွေဟာ အဓိကတရားခံလဲ
နောင်ဆက်မခွဲရဲရအောင်
အခုသမ္မတ ဟိုအရင်ကသမ္မ
ဝန်းထမ်းနှင့် စစ်တပ်
ပြည်သူနှင့်ရဲ အားလုံးလက်တွဲလို့
မြေလှန်ရှာကြ ဖေါ်ထုတ်ခဲ့ကြ
သူတို့တွေ တာဝန်တွေကျေကြပေါ့….
ဗုံး…ဗုံး…မြန်မာနိုင်ငံမှာကွဲတော့
ချိန်ကိုက်ဗုံးတွေမှာ ပြည်သူတွေသေခဲ့ကြရ
မီးလောင်ဗုံးမှာ မီးတွေလောင်ကျွမ်းခံကြရတဲ့
သံဃာတော်တွေရဲ့ဘဝ
လက်သည်တရားခံက အခုထိမပေါ်
အခုဗုံးတွေကျပြန်တော့ အင်မတန်ထူးခြား
အမောင်ရဲမှုးကြီးပြောလိုက်ပုံများ
ဗုံးထောင်သူတွေကို ကျေးဇူးတင်
သမ္မတနှင့် ၀န်ကြီးတွေကဘာမှမ၀င်
တာဝန်ယူမှု တာဝန်ခံမှုဆိုတာဘာမှမရှိလို့
ကဲသိရင်ပြောကြ အခုပေါက်တဲ့ဗုံး
ဘယ်သူ့ဗုံးလဲ    ဘာဗုံးလဲ…
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

Monday, October 14, 2013

ဓမ္မပန်းကုံး ပန်ဆင်သုံး လူတိုင်းပြုံးရမည်

ဓမ္မပန်းကုံး ပန်ဆင်သုံး လူတိုင်းပြုံးရမည်
          ကျနော်တို့တတွေသည် ငယ်စဉ်ကလေးဘ၀အရွယ်မှစလို့ ယနေ့ချိန်ထိစာပေတွေဖတ်မှတ် ဆည်းပူး လေ့လာ သင်ယူ နေကြရပါတယ်။ ဒါကိုဘယ်အထိ လုပ်နေရမှာလဲဆိုရင် သေဆုံးသည်အထိလုပ်နေကြရမှာဖြစ်ပါတယ်။ဘာလို့လဲဆိုရင်ပညာဆို တာမဆုံး နိုင်သောကျယ်ပြန့်သောခရီးဖြစ်လို့ပါပဲ။မဆုံးနိုင်သော ကျယ်ပြန့်သော ပညာခရီးကိုလျှောက်ဖို့မိမိတို့မှာ ကိုယ်ပိုင် တွေးခေါ်စဉ်းစားနိုင်ဖို့လိုပါတယ်။ယနေ့ကမ္ဘာ့ပညာ့ရေးကိုကြည့်ရင် ဒီအချက်ကို ကောင်း စွာတွေ့ရ မှာဖြစ်ပါတယ်။ဒါပေမဲ့ယနေ့ ထိမြန်မာ့ပညာရေးသည် ဒါရေးဒါကျတ် ဒါတွေမှတ် ဒါတွေဖြေအဆင့်က မလွန်မြောက်သေးပါဘူး။မိမိတို့ငယ်စဉ်ကစာတွေသင်ခဲ့ ၇ဖတ်ခဲ့ရပါတယ်။သင်ခဲ့ရတဲ့စာပေတွေ ဖတ်မှတ်ခဲ့တဲ့ စာပေတွေကို ပြန်ဖတ်ကြည့်ပါ ပြန်စဉ်းစာကြည့်ပါ။ယနေ့အတန်းတွေ မြင့်လာတယ်၊ ဘွဲ့ကြီးတွေရလာတယ် ဒါပေမဲ့ ကိုယ်ငယ်ငယ်ဖတ်ခဲ့မှတ်ခဲ့သင်ခဲ့တဲ့စာတွေကို ပြန်ဖတ်ကြည့်တဲ့အခါမှာ ငယ်စဉ် ကလိုပဲ ဘာမှပြောင်းပြီးတိုး တတ်ပြီးမမြင်ဘူးဆိုရင် မိမိအားနည်းတာကိုမြင်ရပါမယ်။ပြင်ရပါမယ်။
          မိမိတို့ငယ်စဉ်က သူငယ်တန်းဖတ်စာမှာ ‘’ခ” ခရေးကုံးမလေးပြုံး ဆိုတာကိုသင်ခဲ့ရပါတယ်။ငယ်စဉ်သူငယ်တန်းဘ၀မှာ ဖတ်စာအဖြစ် ရေးတတ်ဖတ်တတ်ရင် လုံလောက်ပေမဲ့ အခုလိုအတန်းတွေမြင့်လာ တက္ကသိုလ်ကြီးတွေ ရောက်ဘွဲ့ကြီးတွေ ရပြီးပါမှ သူငယ်တန်းဖတ်စာကို ဖတ်ကြည့်တဲ့အခါမှာ ငယ်စဉ်ကလေးဘ၀ အရွယ်ကလိုပဲ “ခ” ခရေးကုံးမလေးပြုံး လောက်နဲ့ နိဂုဏ်းချုပ်မယ်ဆိုရင်တော့ ပညာသင်ရကျိုးနပ်မည်မဟုတ်ပါ။မိမိတို့ပညာတွေသင်ကြားသည်မှာ ငယ်စဉ်ကလေး ဘ၀နဲ့ အတွေး အခေါ်အယူအဆတွေမတူချင်လို့ တိုးတက်မြင့်မားချင်လို့ ပိုမိုကျယ်ပြန့်စွာ နားလည်ချင် လို့သင်ကြားကြခြင်းဖြစ်ပါတယ်။ ငယ်စဉ်ကလေးဘ၀လိုပဲ မတွေးခေါ်တတ်ဘူး မစဉ်းစားတတ်ဘူး ဖတ် တတ်ယုံအဆင့်မှာပဲဆိုရင် မိဘတွေကမိမိတို့ကို ပညာသင် ပေးလိုက်ရတာဟာ အဟောသိကံ အချည်းအနှီးပါပဲ။ အခုတင်ပြပေးထားတဲ့ ခ ခရေးကုံးမလေးပြုံးဆိုတာကို ဆွေးနွေး အဖြေရှာ ကြည့်ကြရအောင်ပါ။စာရေးသူက ဒီလိုဆွေးနွေးပြလို့ စာရေးသူနဲ့အတွေးတူရမယ်။ဒီလိုပဲ တွေးရမယ် လို့မဆို လိုပါဘူး။ မိမိတို့လည်း မိမိရှု့ထောင့်ကနေ ကြိုက်သလိုတွေးခေါ် ယူဆလို့ရပါတယ်။ စာရေးသူ မြင် သလောက်လေး ကို ချပြပြီးဆွေးနွေး အဖြေရှာ ကြည့်ခြင်းဖြစ်ပါတယ်။ 

Friday, October 11, 2013

သေမှာကြောက်သောစိတ်



အတွေးအမြင်စာစဉ် အမှတ်(၁၉၂)
                                                သေမှာကြောက်သောစိတ်
          လူသည်သေမှာကြောက်သည်။သေမှာကြောက်ခြင်းသည် လူပီသခြင်းဖြစ်၏၊ဗုဒ္ဓဘာသာ ကျမ်းဂန်များအလိုအ၇ဆိုလျှင် လောက၌ သေမှာမကြောက်သူ လေးဦးသာရှိသည်။ဘုရား၊ ပစ္စေကဗုဒ္ဓာ၊ ရဟန္တာနှင့် ဆင်မြင်းနွားလားဥဿဘ အာဇာနည် တို့ဖြစ်လေသည်။
          သေမှာကြောက်သော လူ့သဘာဝနှင့် စပ်လျဉ်း၍ နပိုလီယံ၏စစ်သူကြီး ဒဗိုးပြောခဲ့သောစကားကို နှောင်းလူတို့ ကိုးကားလေ့ရှိသည်။တစ်ခါသော် စစ်သည်သစ်တစ်ဦးသည် စစ်မြေပြင်တွင် သူရဲဘောကြောင်နေခဲ့၍ တပ်မှူး တစ်ဦးက အသက်သေရမှာ သည်လောက်တောင်ကြောက်နေရသလားဟု ချိုးချိုးနှိမ်နှိမ် ပြစ်တင်ကြိမ်းမောင်းနေသည်ကို စစ်သူကြီးဒဗိုး ကြားသွားသည်။ထိုအခါ ကြိမ်းမောင်းနေသူတပ်မှူးကို ခေါ်ခိုင်းပြီး ဤသို့ပြောသည်ဆို၏။
          “ ဘယ်သူလဲကွ၊ အသက်သေရမှာ မကြောက်ရဘူးလို့ပြောနေတာ၊ အသက်သေရမှာ မကြောက်ဘူးဆိုတဲ့…..ဒီကိုလာ ခဲ့စမ်း’’
          စစ်သူကြီးဒဗိုးက လူတိုင်းသေရမှာကြောက်ကြသည်သာ၊ သို့သော် သေရမှာ ကြောက်သောစိတ်ထက် ပို၍ကြီးမြတ် သော အကြောင်းကို ဖော်ထုတ်ပေးနိုင်လျှင် အသက်ကိုစွန့်ရဲသွားလိမ့်မည်ဟု သွန်သင်ခဲ့သည်။
          ကြောက်လန့်နေသော နောက်လိုက်ငယ်သားများကို ရဲဆေးတင်ပေးဖို့မှာ ခေါင်းဆောင်၏အလုပ်ဖြစ်သည်။ကြောက်နေ သူကို ကြောက်ရကောင်းလာဟု ကြိမ်းမောင်းနေရုံဖြင့် ထိုနောက်လိုက်ဆီမှာ သတ္တိတွေဝင်လာမည်မဟုတ်ချေ။ကြောက်စိတ်ကို လွှမ်းမိုးနိုင်သော၊ ကြောက်စိတ်ကို တဒင်္ဂဘေးချိတ်ထားစေနိုင်သော ၊ ရည်မှန်းချက်ကြီးများ၊ အကြောင်းကြီးများကို ခေါင်းဆောင် ကဖော်ထုတ်ပေးရသည်။စစ်သူကြီးဒဗိုးက ကြောက်စိတ်လမ်းလွှဲပေးရေး ပညာပေးခဲ့ခြင်းဖြစ်သည်။

Thursday, October 10, 2013

အဖြူရောင်လွင်ပြင်မှ အမှတ်တရ စာစုများ အမှတ်စဉ်(၉)



အမှာစာ
          အဖြူရောင်လွင်ပြင်မှ အမှတ်တရ စာစုများ စာအုပ်ကို ၁၉၉၉ ခုနှစ် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်ကို တက်ရောက်ပညာသင်ကြားခွင့်ရစဉ်မှစပြီးထုတ်ဝေခဲ့ပါသည်။စာရေးလိုသူ စာရေးဆရာဖြစ်ချင်သူ မိမိ၏ကလောင်စွမ်း ရည်ကို အရည်အသွေးထက်မြတ်လာဖို့ မွေးဖွားပေးရာ လေ့ကျင့်ပေးရာ ဌာနလေးတစ်ခု ဥယျဉ်လေးတစ်ခုဆိုရင်မမှားပါဘူး။ဒီဌာနလေး ဒီဥယျဉ်လေးက မွေးထုတ်ပေးလို့လိုက်လို့ စာရေးဆရာဖြစ်သွားသူတွေ စာရေးဆရာမဖြစ်ကြသေးပေမဲ့ စာရေးဆရာဖြစ်အောင် ဆက်လက်ကြိုးစားကာ ရေးသားနေကြသူတွေ ရှိနေကြပါသည်။ဒါတွေသည်ပင် အဖြူရောင်လွင်ပြင်မှ အမှတ်တရစာစုများ စာပေ ဥယျဉ်လေးရဲ့ ဖေါ်မပြနိုင်သည့်ရလဒ်အသီးအပွင့်များပင်ဖြစ်ပါသည်။
          မိမိတို့ရဲ့ကလောင်စွမ်းရည်များကိုသည့်ထက်ပိုမို အစွမ်းထက်လာအောင် စာပေတွေများများဖတ်စေချင်ပါသည်။များ များဆွေးနွေးစေချင်ပါသည်။များများရေးစေချင်ပါသည်။မိမိရဲ့ဝန်းကျင်မှာ မိမိလိုပဲကလောင်စွမ်းရည်သွေးချင်နေကြသော မိတ် ဆွေများကိုလည်း ဒီစာပေဥယျဉ်လေးမှာ ၀ိုင်းဝန်းပါဝင်ရေးသားကြဖို့တိုက်တွန်းပြောကြားပေးစေလိုပါသည်။မိတ်ဆွေကောင်း တို့မည်သည် မိမိမိတ်ဆွေကို ကောင်းရာဘက်သို့ပါအောင် ရောက်အောင် အမြဲစွဲဆောင်ပေးနေဖို့လိုပါသည်။ယနေ့မြန်မာ နိုင်ငံသည် မိတ်ဆွေကောင်းတော်တော်ရှားပါးလာသော နိုင်ငံတစ်နိုင်ငံဖြစ်လာပါသည်။မိမိဝန်းကျင်ကို ငဲ့စောင်းကာ ကြည့် ကြည့်ပါ။ ကောင်းသည့်ဘက်နှင့် မကောင်းသည့်ဘက် ဘယ်ဘက်ကို ပိုမိုစွဲဆောင် တိုက်တွန်းနေကြပါသနည်း။မကောင်းသည့် အမှောင်ဘက်ဖြစ်သော ချဲထိုး ၊ဘောလောင်း ၊ကြက်တိုက်၊ အရက်သောက်၊ မူးယစ်သေစာ၊အသင်းအဖျင်းပြော စသည့်အရာများ လမ်းလွဲ များဘက် ကို စွဲဆောင်နေ သူတွေ စိတ်ဓါတ်ကျရာကျကြောင်းများကိုပြောဆိုတိုက်တွန်းနေသူတွေက ပိုမိုများပြား လာနေ ပါသည်။ လူအများစုကလည်း အဲဒီဘက်ကို အဟုတ် ထင်ကာ ဒီနေ့ဘယ်ဘုန်းကြီး ဘယ်ဘိုးတော် ချဲဂဏန်းပေးမလဲ၊ ဘယ်ဘုန်းကြီးဂဏန်းပေးတာမှန်တယ်ဆိုပြီး ယနေ့ထိ ကဆုန်ေ ပါက်ပြေးလွှားရှာ နေကြဆဲဖြစ်ပါသည်။ ၀မ်းနည်းစရာ အင်မတန် ကောင်း လှပါသည်။ ၀ိုင်းဝန်းဆန့် ကျင်ကန့်ကွက်သင့်ကြပါသည်။

Tuesday, October 8, 2013

ရွှေဝါရောင်တော်လှန်ရေး (သို့မဟုတ်) ငြိမ်းချမ်းရေးခရီးသည်များ



 ရွှေဝါရောင်တော်လှန်ရေး (သို့မဟုတ်) ငြိမ်းချမ်းရေးခရီးသည်များ

          သံဃာတော်များလျှောက်လှမ်းခဲ့ကြသော ရွှေဝါရောင်တော်လှန်ရေးခရီးကား ယခု ၁၈.၉.၂၀၁၃ မှာ ၆ နှစ်ပြည့်ခဲ့ပါပြီ။ သံဃာတော်အ၇ှင်မြတ်များ အသက် သွေး ချွေး ခန္ဓာကိုယ်ကိုစတေးပြီး လမ်းမပေါ်ထွက်လာ ကြရခြင်း၏ရည်ရွယ်ချက်မှာ မြန်မာ ပြည်သူ ပြည်သားများခံစားနေကြရသော ဆင်းရဲမွေတေမှုများ ပညာရေး နိမ့်ကျမှုများ တိုင်းရင်းသားအချင်းချင်း စစ်မက်ဖြစ်ပွါး နေမှုများကို ပပျောက်စေလိုသည် ။မြန် မာပြည်ကြီးကို ထိုသို့သော ဒုက္ခအ၀၀ တွေမှကင်းလွတ်စေကာ ငြိမ်းချမ်းရေးအမြန်ရစေ လိုသည်။ ထိုကောင်းမြတ် လိုသော စေတနာ မေတ္တာများ၏ ပေါင်းစုကာတွန်းအားပေးလိုက်သောကြောင့် သံဃာတော်များ လမ်း မပေါ်ကို ထွက် ကာ မြတ်စွာ ဘုရားရှင်၏  ငြိမ်းချမ်းရေးမေတ္တာ သုတ်များရွတ်ဆိုကာလျှောက်လှမ်း လာ ကြခြင်းဖြစ် ပါသည်။
          သံဃာတော်များ ယခုကဲ့သို့စဖြစ်သွားရခြင်း၏သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုလျှင် မြန်မာပြည်သူပြည်သားများ သည် စစ်အာဏာ ရှင်ကြီးများ၏အောက်မှာ နှစ်ပေါင်းမြောက်များစွာ ဒုက္ခတွေခံနေကြရသည်။ထိုဒုက္ခတွေသည် တနေ့တခြား တိုးပွါးများလာကာ ရပ်တည်လို့ မရသည့်အခြေအနေ ထိရောက်လာခဲ့ကြသည်။ စစ်အစိုးရ သည်ထိုဒုက္ခများကို ပြေလည်အောင် ဖြေရှင်းမပေးသည့်အပြင် ဒုက္ခတွေ ထပ်တိုးစေ ရန် လောင်စာ ဆီ ဈေးနှုံးများကို အဆမတန်တိုးမြှင့်လိုက်ကြသည်။လောင်စာဆီ အဆမတန်မြင့်မား လာမှုကြောင့် ကုန်ဈေးနှုံးများလည်း အဆမတန် တိုးမြင့်လာကြ သည်။ ထိုဈေးနှုံးများကြီးမြင့်လာလေ ပြည်သူ့ ဘ၀သည် ဒုက္ခတွေပိုများလေလေဖြစ်လာခဲ့သည်။ထိုဒုက္ခဆင်းရဲကိုဖြေရှင်းပေးရန် (၈၈) ကျောင်း သားခေါင်းဆောင် များ လမ်းလျှောက် ဆန္ဒပြတောင်း ဆိုလာကြသည်။ ကိုထင်ကျော်ဆိုင်းဘုတ်ကိုင်ကာ တကိုယ်တော် လမ်းလျှောက် ဆန္ဒပြလာသည်။  န အ ဖ စစ်အစိုး ရသည်ဖြေ၇ှင်း မပေး သည့်အပြင်(၈၈)  ကျောင်းသားခေါင်းဆောင်များကို ဖမ်းဆီးထောင် ချပစ်သည်။ ပြည် သူပြည်သား များ၏ ဆင်းရဲဒုက္ခ သည် တနေ့တခြားတိုးပွါး လာသည်။ သံဃာတော်များသည် ဆွမ်းကွမ်းကအစ ခက်ခဲလာတော့ သည်။ သံဃာနှင့်ပြည် သူ၊ ပြည် သူနှင့်သံဃာသည် ကိုင်းကျွန်းမှီ၊ကျွန်းကိုင်းမှီ အပြန်အလှန်မှီ တွယ်ပြီးရပ်တည် ကာ နေကြရသည်။

Sunday, October 6, 2013

ဆရာကြီး ဦးဘခင်နှင့် ဆရာကြီး ဦးဂိုအင်ဂါ တို့ ဟောကြားသော တရားတော်ဖြစ်ပါသည်။

Friday, October 4, 2013

(၆) နှစ်မြောက်ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည် အခမ်းအနား ရန်ကုန်မြို့

(၆) နှစ်မြောက် ရွှေဝါရောင်နှစ်ပတ်လည် အခမ်းအနား မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

(၆) နှစ်မြောက် ရွှေဝါရောင် နှစ်ပတ်လည် အခမ်းအနား