Thursday, October 10, 2013

အဖြူရောင်လွင်ပြင်မှ အမှတ်တရ စာစုများ အမှတ်စဉ်(၉)



အမှာစာ
          အဖြူရောင်လွင်ပြင်မှ အမှတ်တရ စာစုများ စာအုပ်ကို ၁၉၉၉ ခုနှစ် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်ကို တက်ရောက်ပညာသင်ကြားခွင့်ရစဉ်မှစပြီးထုတ်ဝေခဲ့ပါသည်။စာရေးလိုသူ စာရေးဆရာဖြစ်ချင်သူ မိမိ၏ကလောင်စွမ်း ရည်ကို အရည်အသွေးထက်မြတ်လာဖို့ မွေးဖွားပေးရာ လေ့ကျင့်ပေးရာ ဌာနလေးတစ်ခု ဥယျဉ်လေးတစ်ခုဆိုရင်မမှားပါဘူး။ဒီဌာနလေး ဒီဥယျဉ်လေးက မွေးထုတ်ပေးလို့လိုက်လို့ စာရေးဆရာဖြစ်သွားသူတွေ စာရေးဆရာမဖြစ်ကြသေးပေမဲ့ စာရေးဆရာဖြစ်အောင် ဆက်လက်ကြိုးစားကာ ရေးသားနေကြသူတွေ ရှိနေကြပါသည်။ဒါတွေသည်ပင် အဖြူရောင်လွင်ပြင်မှ အမှတ်တရစာစုများ စာပေ ဥယျဉ်လေးရဲ့ ဖေါ်မပြနိုင်သည့်ရလဒ်အသီးအပွင့်များပင်ဖြစ်ပါသည်။
          မိမိတို့ရဲ့ကလောင်စွမ်းရည်များကိုသည့်ထက်ပိုမို အစွမ်းထက်လာအောင် စာပေတွေများများဖတ်စေချင်ပါသည်။များ များဆွေးနွေးစေချင်ပါသည်။များများရေးစေချင်ပါသည်။မိမိရဲ့ဝန်းကျင်မှာ မိမိလိုပဲကလောင်စွမ်းရည်သွေးချင်နေကြသော မိတ် ဆွေများကိုလည်း ဒီစာပေဥယျဉ်လေးမှာ ၀ိုင်းဝန်းပါဝင်ရေးသားကြဖို့တိုက်တွန်းပြောကြားပေးစေလိုပါသည်။မိတ်ဆွေကောင်း တို့မည်သည် မိမိမိတ်ဆွေကို ကောင်းရာဘက်သို့ပါအောင် ရောက်အောင် အမြဲစွဲဆောင်ပေးနေဖို့လိုပါသည်။ယနေ့မြန်မာ နိုင်ငံသည် မိတ်ဆွေကောင်းတော်တော်ရှားပါးလာသော နိုင်ငံတစ်နိုင်ငံဖြစ်လာပါသည်။မိမိဝန်းကျင်ကို ငဲ့စောင်းကာ ကြည့် ကြည့်ပါ။ ကောင်းသည့်ဘက်နှင့် မကောင်းသည့်ဘက် ဘယ်ဘက်ကို ပိုမိုစွဲဆောင် တိုက်တွန်းနေကြပါသနည်း။မကောင်းသည့် အမှောင်ဘက်ဖြစ်သော ချဲထိုး ၊ဘောလောင်း ၊ကြက်တိုက်၊ အရက်သောက်၊ မူးယစ်သေစာ၊အသင်းအဖျင်းပြော စသည့်အရာများ လမ်းလွဲ များဘက် ကို စွဲဆောင်နေ သူတွေ စိတ်ဓါတ်ကျရာကျကြောင်းများကိုပြောဆိုတိုက်တွန်းနေသူတွေက ပိုမိုများပြား လာနေ ပါသည်။ လူအများစုကလည်း အဲဒီဘက်ကို အဟုတ် ထင်ကာ ဒီနေ့ဘယ်ဘုန်းကြီး ဘယ်ဘိုးတော် ချဲဂဏန်းပေးမလဲ၊ ဘယ်ဘုန်းကြီးဂဏန်းပေးတာမှန်တယ်ဆိုပြီး ယနေ့ထိ ကဆုန်ေ ပါက်ပြေးလွှားရှာ နေကြဆဲဖြစ်ပါသည်။ ၀မ်းနည်းစရာ အင်မတန် ကောင်း လှပါသည်။ ၀ိုင်းဝန်းဆန့် ကျင်ကန့်ကွက်သင့်ကြပါသည်။

          မြန်မာနိုင်ငံကြီးတကယ်တိုးတက်ကောင်းမွန်ဖို့မှာ ပြည်သူပြည်သားအားလုံးမှာ တာဝန်ရှိပါသည်။အားလုံးတက်ညီလက် ညီဖြင့် မခိုမကပ်ကြိုးစားပြီး ၀ိုင်းဝန်း တည်ဆောက်ကြမှသာ လျှင် ပြန်လည်တိုးတက်ကောင်းမွန်လာမှာဖြစ်ပါသည်။မြန်မာနိုင်ငံ သည်နှစ်ပေါင်း(၅၁) နှစ်တိုင်တိုင် စစ်အာဏာ ရှင်ကြီးများအောက် မှာစိတ်တိုင်းကျ အကွက်ချဖျက်ဆီး ခံခဲ့ကြရသည်။မြန်မာနိုင်ငံ သားများရဲ့ ပညာရေး၊ လူမှုရေး၊စီးပွါးရေး၊ ဘာသာရေး၊ စိတ်ဓါတ်၊စည်းကမ်း အရာအားလုံးဖျက်ဆီးခံ လိုက်ကြရသည်။ထိုအမွေ ဆိုးများသည် အားလုံးရဲ့ရင် ထဲကို ရောက်မှန်းမ သိရောက်အောင် ပို့ဆောင်ပေးထား ခဲ့သည်။ထိုအမွေဆိုးများကိုသေချာစွာ သတိ ဖြင့်စစ်ဆေး ကာ တိုက်ဖျက်ပစ်ဖို့လိုပါသည်။ထိုအမွေဆိုးများကို မတွန်းလှန်မတိုက် ဖျက်နိုင်သမျှကာ လပတ်လုံး လုံးဝပြန် လည်  ကောင်းမွန်လာ မည်မဟုတ်ပါ။ထိုအမွေဆိုးများသည် ဘာနှင့်တူသလဲဆိုရင် အင်မတန်အနံ့ဆိုးတဲ့ အမှိုက်ပုံပေါ် မှာနေကြသူတွေ နှင့်တူပါသည်။ကာလကြာမြင့်စွာ အမှိုက်ပုံပေါ်မှာအနေကြာလာသည့်အတွက် အမှိုက်ပုံကြီးက အနံ့ဆိုးတွေသည် သူတို့အ တွက်နံသည်ဟုမထင် နှာခေါင်းယဉ်လာကြပါသည်။နှာခေါင်းယဉ်သည်ဟု အလွယ်ပြောနေကြသော် လည်းတကယ်မှာ ထိုသူများ ရဲ့နှာခေါင်းသည် ကာလကြာလာတော့ ဆိုးသည့်အနံ့များကို ဦးနှောက် ဆီရောက်အောင် သတင်းပို့ရမှာကို မပို့ပေးနိုင် တော့ခြင်းဖြစ်ပါသည်။ ထိုအခါဦးနှောက်ကလည်း ဒီအနံ့ဆိုးတွေဟာ ဘာမှမဖြစ်ပါဘူးလို့ အလွယ်လက်ခံဆုံးဖြစ် သွားပါတော့သည်။ အဲဒီလိုလက်ခံလိုက်သည့် အတွက် ဒီနေရာမှာပဲ ကာလမြောက်များ စွာကြာဆက်လက်ပြီးနေပါတော့သည်။ အဲဒီလို ဆက်ပြီး နေလိုက်သည့် အတွက် ဒီမိသားစုတွေသည် ကျန်းမာရေးဆိုးကျိုးတွေကို အမြဲမပြတ်ခံ စားနေကြရပါသည်။
          ယနေ့မြန်မာနိုင်ငံသည်လည်း စစ်အာဏာရှင် အမှိုက်ပုံကြီးပေါ်မှာကာလ မြောက်များစွာကြာနေလာခဲ့ရသည့် အတွက် မိမိတို့ကိုယ်တိုင် ဘယ်အရာဟာ အမှားတွေလဲ၊ ဘယ်အရာဟာ ရှက်စရာကောင်းတဲ့လုပ်ရပ်တွေလဲလို့ မဝေဘန်မ ပိုင်းခြားနိုင်  တော့ပါဘူး။တခါတလေ မိမိကိုယ်တိုင် အာဏာရှင်ကို မကြိုက်ပါဘူးပြောပြီး မိမိကိုယ်တိုင် အာဏာ ရှင်တွေရဲ့ လုပ်ရပ်တွေကို လိုက်လုပ်နေမိတာတွေကို တွေ့ရှိနေရပါသည်။အာဏာရှင်များသည် သူတို့ရဲ့ကွန်ယက်တွင်း ကို ၀င်လာအောင် နည်းမျိုးစုံ ပရိယာယ်မျိုးစုံဖြင့် စည်းရုံးနေလျက်ရှိပါသည်။တချို့လဲ သူတို့ရဲ့ကွန် ယက်တွင်းမှာ သက်ဆင်းမိကာ နာမည်ဆိုးတွေပင်ရလာ ပါတော့သည် ။သေချာသတိထား စစ်ဆေးကာ ပညာဥာဏ်ဖြင့် ဆင်ခြင်စဉ်စားကြဖို့လိုပါသည်။ယခုအချိန်အခါသည် ပိုမို၍သတိ ထားဆင်ခြင်ရမည့် အချိန်ရောက် လာပါသည်။ပိုမို၍ဥာဏ်ပညာကိုအသုံးချရမည့်အချိန်ကိုရောက်လာပါသည်။ မိမိတို့၏ ကိုယ်ပိုင် အသိဥာဏ်များ ထက်မြတ်သည်ထက် ထက်မြတ်လာဖို့ စာပေတွေများများဖတ်ကြပါ။စာပေဆွေးနွေးပွဲတွေ များများ လုပ်ကြပါ။ စာပေ၀ိုင်းတွေ၊ စာကြည့်တိုက်တွေများများထောင်ကြပါ။ စာပေပြိုင်ပွဲတွေ၊ စာပေဟောပြောပွဲတွေများ များလုပ်ကြပါ။အသိဥာဏ် ထက်မြတ်သော မျိုးဆက်သစ်လူငယ်များ ပိုမိုများပြား လာအောင် ၀ိုင်းဝန်းကြိုးစား အားထုတ်ကြပါ။ မိမိတို့၏အတ္တ မာန်မာန များကိုစွန့်ပစ်ကာ အများပြည် သူကောင်း စားရေး လမ်းကြောင်းပေါ်ကို ရောက်အောင်လျှောက်ကြပါ။ မိမိတို့ဖတ်မှတ် ထားသော ဆွေးနွေးထားသော အတွေး အခေါ်ကောင်းများကို စာများရေးသားကာ တဆင့်ပြန် လည် ဖြန့်ဝေပေးကြပါ။မိမိအပါအ၀င် မိမိဝန်း ကျင်ကြီးကို ကြာလေပိုမို ကောင်းမွန်သော စိတ်ထားဖြူစင်သော ခွင့်လွှတ်သည်းခံနိုင်သော သဘောထားကြီးသော အများလေးစားတန်ဖိုး ထားရသော စံပြခေါင်း ဆာင်ကောင်းများဖြစ်အောင် အတူတကွလက်တွဲညီညာစွာဖြင့် ၀ိုင်းဝန်းကြိုးစားကြ ပါဟုတိုက် တွန်းနိုးဆော်လိုက်ပါသည်။
          တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်အနှစ်နာခံ၍တာဝန်သိသိသစ္စာရှိရှိဖြင့် ကြိုးစားဆောင်ရွက်နိုင်ကြသော အာဇာနည်သူ ရဲကောင်းများဖြစ်နိုင်ကြပါစေဟုတိုက်တွန်းရင်း………………………….
                                                                                                       မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

         

0 comments:

Post a Comment