Tuesday, December 31, 2013

နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ



နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ
ရက်တွေမှ လတွေပြောင်း
လတွေမှ နှစ်တွေပြောင်းလို့
ရာစုနှစ်တွေလည်းပြောင်းခဲ့ပြီ။
ဟိုးကမ္ဘာဦးအစ
ကျောက်ခေတ်မှ ကြေးခေတ် သံခေတ်
သိပ္ပံခေတ်ကိုပြောင်း ပြောင်းလည်းမှုတွေလည်းများလှပြီ။
ရာစုနှစ်တွေဘယ်လိုပြောင်းပြောင်း
ခေတ်တွေကဘယ်လိုပြောင်းပြောင်း
မပြောင်းလဲပဲကျန်ခဲ့တာက ဒို့နိုင်ငံ
ဒို့တတွေ မတွန်းလှန်ဘူးဆိုလျှင်
ခေတ်ဟောင်း၊စနစ်ဟောင်း၊အကျင့်ဟောင်း

ဒီလူဟောင်းတွေက ဘယ်တော့မှမပြောင်းကြ
သူတို့တွေမပြောင်းသမျှ ဒို့တတွေအမြဲခံနေရမှာမို့
နှစ်သစ်တိုင်းမှာ ပြည်သူတွေပြုံးပျော်ရွင်ဖို့အရေး
အနာဂါတ်ကိုမျော်ကာတွေးကာ
ခေတ်ဟောင်း၊စနစ်ဟောင်း၊အကျင့်ဟောင်း
ဒီလူဟောင်းတွေကို ၀ိုင်းဝန်းပြောင်းလဲပြစ်ကြပါစို့……..
                                       မင်းသုည(ဗုဒ္ဓတက္ကသိုလ်)




0 comments:

Post a Comment