Tuesday, December 31, 2013

အလေ့အကျင့် ဇွဲလုံ့လ၀ီရိယသည် ပြည့်စုံပြီးမြောက်ခြင်းကို ဖြစ်စေသည်။



Practice make perfect .အလေ့အကျင့်သည် ပြည့်စုံပြီးမြောက်ခြင်းကိုဖြစ်စေသည်။ခြေလေးကြောင်းရှိတဲ့ တိရိစ္ဆာန်တစ်ကောင် မိမိကျောပေါ်မှာ အင်မတန်စော့ကစားတတ်တဲ့ မျောက်ကို တင်ပြီး ကြိုးတမ်းပေါ်မှာ လမ်းလျှောက်ခြင်း ဆပ်ကပ်ပြခြင်းဆိုတာ တကယ်မလွယ်တဲ့အလုပ်ဖြစ်ပါတယ်။တကယ်မလွယ်တဲ့ တကယ်ခတ်ခဲတဲ့ အလုပ်ပင်ဖြစ်စေကာမူ တကယ်ပြီးပြည့်စုံသည့် အဆင့်ကို ရောက်အောင်လေ့ကျင့်ပေးလိုက်သည့် အခါတကယ်အောင်မြင်သွားပါသည်။တိရစ္ဆာန်ကိုတောင် ရအောင်လေ့ကျင့်ပေးနိုင်သေးလျှင် တိရစ္ဆာန်ထက်အစစအရာရာသာ ပါတယ်လို့ခံယူထားကြတဲ့ လူသားတွေသည် အဘယ့်ကြောင့် မပြည့်စုံပဲ မအောင်မြင်ပဲ၇ှိရမည်နည်း။
ပြည့်စုံပြီးမြောက် အောင်မြင်ချင်ရင် ကိုယ်မျော်မှန်းတဲ့ပန်းတိုင်ကို ရောက်ချင်ရင် တကယ်ပြည့်စုံအောင် မရရအောင် လေ့ကျင့်ပါ။အလေ့အကျင့် ဇွဲလုံ့လ ၀ီရိယ ဥာဏ်ပညာတွေပြည့်စုံသွားတဲ့နေ့ သင့်ကို သင်မျော်မှန်းတဲ့ပန်းတိုင်မှာ တွေ့ရသောနေ့ဖြစ်ပါလိမ့်မည်။
မိတ်ဆွေများအားလုံးနှစ်သစ်မှာ အောင်မြင်မှု ပြီးပြည့်စုံမှုတွေနှင့် ဆုံတွေ့နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။
ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

0 comments:

Post a Comment