Wednesday, July 31, 2013
ဝိမုတ္တိသုခ စေတီတော်
မိတ်ဆွေကောင်းစာကြည့်တိုက်ဆ၇ာတော် တ၇ားပွဲ
ထီး
ထီး
မိုးလုံမလားလို့
ယူဆောင်းမိ
ဒါပေသိအရွက်ကစုတ်ချာ
ရိုးတံက နုံချာချာမို့
အရင်ကလည်းမိုးတွေမိ
အခုလည်းမိုးတွေမိ
နောင်လည်းမိုးတွေမိနေအုံးမှာလားစိုးရိမ်မိ
ဘယ်သူ့မှာတာဝန်ရှိသလဲ
ဆောင်းသူလား ထီမှာလား။
                               မင်းသုည(ဗုဒ္ဓတက္ကသိုလ်)
Saturday, July 13, 2013
သမိုင်းရိုင်းခဲ့ရတဲ့ဒီဇူလိုင်လ
သမိုင်းရိုင်းခဲ့ရတဲ့ဒီဇူလိုင်လ
ဇူလိုင်တစ်ဆယ့်ကိုး
ဆယ့်ကိုးဇူလိုင် မမေ့နိုင်မို့
မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့ရ ဒီဇူလိုင်လပေါ့
အာဇာနည်ခေါင်းဆောင်တွေက
တနိုင်ငံလုံးရဲ့ကောင်းစားရေး
အသက်ပေးဆွေးနွေးနေကြ ဒီဇူလိုင်လမှာ
ယုတ်မာသူ ဂဠုန်စော
မဟုတ်တာတွေသူပြောပြီး
အကြံပက်စက် သူ့ရဲ့စနက်ကြောင့်
ဗိုလ်ချုပ်နှင့်တကွ အာဇာနည်တွေရဲ့သွေး
မြေမှာခခဲ့ကြရ သမိုင်းရိုင်းခဲ့ရ ဒီဇူလိုင်လပေါ့
ကျနေရတဲ့ပြည်သူ့မျက်ရည်
ထက်ဝေစေဖို့အကြောင်းဖန်
ဗိုလ်နေ၀င်းအကြံ ယုတ်မာပြန်တော့
မိုးပေါ်ထောင်မပစ် တဲ့တဲ့ပစ်လို့
ဒို့ကျောင်းသားတွေရဲ့သွေး
မြေမှာခခဲ့ကြရ သမိုင်းရိုင်းခဲ့ရ ဒီဇူလိုင်လပေါ့။
                                          မင်းသုည(ဗုဒ္ဓတက္ကသိုလ်)
Thursday, July 11, 2013
ဆရာတော် ဦးဇောတိက လွတ်လပ်သောစိတ်စာအုပ်မှ
ဆရာတော် ဦးဇောတိက လွတ်လပ်သောစိတ်မှ
Plato: "A house that has a library in it has a soul."
စာကြည့်တိုက်ရှိတဲ့ အိမ်မှာ အသက်ဝိဥာဏ်ရှိတယ်။
(ဒီနေရာမှာ အသက်ဝိဥာဏ်ဆိုတာ အတ္တကို မဆိုလိုဘူး။ အသိဥာဏ်ကို တင်စားပြီး ပြောတာ
အသိဥာဏ်ရှိမှ အသက်ဝင်တယ်။)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စာဖတ်တဲ့သူများတဲ့ နိုင်ငံဟာ ပိုပြီးတိုးတက်တယ်လို့ သုတေသနပြုထားတဲ့
စာတမ်းတွေ ဖတ်ရတယ်။ ပြောရဲဆိုရဲတဲ့သူတွေ၊ ဆွေးနွေးရဲတဲ့သူတွေ များဖို့လိုတယ်။
ပြောရဲဆိုရဲဖို့ဆိုတာ ပညာ ဗဟုသုတ များမှ ဖြစ်နိုင်တယ်။ ပညာမတတ်တဲ့သူဟာ မပြောရဲဘူး။
မဆိုရဲဘူး။ ဘားမှ မဝေဖန်တတ် မပြောတတ်တဲ့သူတွေဟာ သိုးတွေလိုပဲ။ သိုးတွေလိုလူတွေ
များနေရင် အဲဒီ အသိုင်းအဝိုင်းဟာ မတိုးတက်နိုင်ဘူး။
လူတွေ စာများများဖတ်ဖို့ လိုပါတယ်။ အထူးသဖြင့် လွတ်လပ်မှု ကြောင်း
တရားမျှတမှုအကြောင်းတွေကို များများဖတ်ဖို့ လိုတယ်။ များများ ဆွေးနွေးကြဖို့လိုတယ်။
အရာရာတိုင်းဟာ စိတ်ကနေ စ,ပါတယ်။ စိတ်ထဲမှာ အသက်ဝင်နေတဲ့အရာဟာ
မကြာခင်မှာ အကောင်အထည် ပေါ်လာမယ်။ စိတ်ထဲမှာ အသက်မဝင်သေးရင် ကောင်အထည်
ပေါ်နိုင်ဘူး။ ဒါကြောင့် ကိုယ်လိုချင်တဲ့ အရာဟာ ကိုယ့်စိတ်ထဲမှာ အသက်ဝင်နေရမယ်။
အသက်ဝင်တဲ့ စိတ်ကူကို စိတ်ကူးနိုင်တဲသူတွေသာ မဖြစ်နိုင်ဘူးလို့ ထင်ကြတာကို ဖြစ်အောင်
လုပ်နိုင်ကြတယ်။
Tuesday, July 9, 2013
စည်းလုံးခြင်းသည်အင်အား
စည်းလုံးခြင်းသည်အင်အား
          ငယ်ငယ်ကစာသင်ကျောင်းမှာ သင်ခဲ့ကြရပါတယ်။စည်းရုံးခြင်းသည်အင်အား တစ်ချောင်းတည်းသော်ကျိုး၏ အစည်း လိုက်သော် မကျိုးဆိုပြီး အဖိုးအိုက သားသုံးယောက်အား ထင်းစည်းကိုဖြေပြီး တစ်ချောင်းဆီချိုးခိုင်းသော်ကျိုးပြီး အစည်းလိုက် ချိုးခိုင်းကာ မကျိုးခြင်းကိုဥပမာပေးကာဆုံးမပုံကိုစာသင်ခဲ့ကြရပါတယ်။ဒါပေမဲ့လည်းယနေ့မြန်မာနိုင်ငံသားအများစုသည်ထိုစာကိုသင်ခဲ့ကြပါလျက်အချင်းချင်းလုံးဝမညီညွတ်ကြအချင်းချင်းရန်တွေဖြစ်နေကြသည်။ညီအစ်ကိုမောင်နှမချင်းရန်တွေဖြစ်ကြအမွေတွေလုကြ လို့နောက်ဆုံးရဲတွေရှေ့နေတွေတရားသူကြီးတွေစားသွားကြသည်။အဖွဲ့အစည်းတွေတည်ထောင်ကြသည်နောက်ဆုံးမတည့် ကြကွဲကြပြဲကြ ချကြလို့မြန်မာ ဆိုရင်မညီညွတ်ဘူး ဒီလိုချည်းပဲလို့ပြောဆို လာကြပြီ။မြန်မာနိုင်ငံအတွင်း ပြည်သူပြည်သား အချင်းချင်းမတည့်ကြရန် တွေဖြစ်ကြသည်။ ဘုန်းကြီးအချင်းချင်းမတည့်ကြ ကျောင်းတွေလုကြရန်တွေဖြစ်ကြသည်။ တိုင်းရင်း သားအချင်းချင်းလည်း မတည့်ကြကွဲကြပြဲကြသည်။ စည်းလုံးမှုမရှိကြပါ။စည်းလုံး ခြင်းသည် အင်အားလို့ ပါးစပ်က တဖွဖွ ပြောရင်း ယနေ့ထိ စည်းလုံးညီညွတ်မှု မရနိုင်ပဲကွဲကြပြဲကြရန်တွေဖြစ်ဖြစ်ကြ ဒုက္ခတွေဗလပွ ဖြစ်နေကြရခြင်းသည် အဘယ့် ကြောင့်ပါနည်း။ ၀ိုင်းဝန်း အဖြေရှာ ဆွေးနွေးကြဖို့လိုပါသည်။
          မြန်မာနိုင်ငံတွင်စာသင်နည်းများပြင်ကြဖို့လိုပါသည်။ယနေ့ထိစာသင်နေကြရသည်မှာဒါရေးဒါမှတ်ဒါကျတ် ကြက်တူရွေး စာသင်နည်းစနစ်ဖြင့် သွားနေကြခြင်းမှာ အင်မတန်ဝမ်းနည်းစရာကောင်းလှပါသည်။ဒါကိုပြင်စေချင်လို့ ဆရာကြီးမင်းသုဝန်က ပညာပေးကဗျာ ရေးစပ်သီကုံးကာ ပညာပေးခဲ့ပါတယ်။ဒါပေမဲ့ ရွတ်ဆိုကောင်းလို့ရွတ်ခဲ့ရတာနဲ့ပဲ နိဂုဏ်းတွေချုပ်ခဲ့ကြရပါတယ်။ ဆရာကြီးရေးခဲ့တဲ့ကဗျာလေးကတော့ အားလုံးသင်ခဲ့ကြ ရွတ်ဖတ်ခဲ့ရတဲ့ ကြက်တူရွေးကဗျာလေးပဲဖြစ်ပါတယ်။
          ကြက်တူရွေး ကြက်တူရွေး
          ရွှေခဲကြက်တူရွေး
          ညီပုလေး ကိုစာအံသင်
          ရွှေခဲစာအံသင်
          ညီလေးခင်က စာပြန်တုံး
          ရွှေခဲစာပြန်တုံး
          ရွှေခဲမရေးနိုင်
          ငေးမှိုင်ရှာပေါ့ ကြက်တူရွေး
          ရွှေခဲကြက်တူရွေး။  
Monday, July 8, 2013
အတ္တာဟိ အတ္တနော နာထော
အတ္တာဟိ အတ္တနော နာထော
        မြတ်စွာဘုရားရှင်သည် တရားတော်များကို ဟောကြားသည့်အခါမှာသူ၏တပည့်များကို  ကိုယ်ပိုင်ဥာဏ်အသိ ပညာဖြင့် နာစေချင်ပါသည်။ကိုယ်တိုင်နားလည်အောင်စဉ်းစား တိုင်ပင် ဆွေးနွေးကာအဖြေ၇ှာစေချင်ပါသည်။မြန်မာနိုင်ငံသည် ကိုယ်ပိုင် အသိဥာဏ်ထွန်းတောက်အောင် မကြိုးစားပဲ သူများသိတာ သူများနားလည်တာလောက်မှာ လမ်းဆုံးနေကြတာများပါသည်။ဒါ ကြောင့်မြန်မာနိုင်ငံတွင် ဘယ်ဆရာတော်ကြီးက ရဟန္တာတဲ့ ဘယ်ပုဂ္ဂိုလ်ကြီးက ပဂ္ဂိုလ်ထူးတဲ့ဆိုရင် ရောက်အောင်ပြေးပြီး လက်ကောက်တွေ ရွှေဆွဲကြိုးတွေ ပိုက်ဆံတွေ ပုံအောလှူကြပါသည်။ပြီးတော့မှ မဟုတ်ဘူးတဲ့ အဲဒီပုဂ္ဂိုလ်ကြီးက လိမ်သွားတယ် တဲ့ဆိုတော့မှကိုယ့်ရှိတာလေးတွေကပါသွားပါပြီ။တချို့ဆို အဲဒီပုဂ္ဂိုလ်ကြီးတွေနောက်ကို ဇနီးတွေ သမီးတွေပါအစစ်ပါ သွားကြပါသေးသည်။
       စာရေးသူတို့ ကွမ်းခြံကုန်းမြို့က ကျောင်းကုန်းရွာမှာ ဦးပေါ်ဦးဘုရား လို့အမည်ရတဲ့ ဥာဏ်တော် တော်တော်မြင့်တဲ့ ရပ်တော်မူ ရုပ်ပွါးတော်တစ်ဆူရှိပါသည်။စာရေးသူရဟန်းဖြစ်ခါစ ၁၉၉၆ ခုနှစ်မှာ ဦးပေါ်ဦးဘုရား ရောင်ချည်တော်လွှတ်လို့ဆိုပြီး အနယ်နယ် အရပ်ရပ်က ညစဉ်လာရောက်ဖူးကြပါသည်။ဘုရားပုံတွေလည်း အတော်ရောင်းကြရပါသည်။အလှူငွေတွေက သိန်းပေါင်း ထောင်နဲ့ချီပြီရသွားပါသည်။၁၅ ရက်လောက်ကြာမှ ဘုရားအတွင်း ဓါတ်ကြိုးလေးများမြုပ်ကာ ခြုံပုတ်ထဲတနေရာက ခလုပ်နှိပ်နေသည်ဆိုသည့်သတင်းကိုကြားကြတော့မှ ပါသွားပြန်ပြီဆိုပြီး ၀မ်းနည်းပတ်လက်ဖြစ်ကြပါသည်။
Saturday, July 6, 2013
်from small to great
နိမ့်ရာမှမြင့်ရာသို့
From small to great
       မိမိတို့သည် ဗုဒ္ဓမြတ်စွာဘုရားရှင်၏တပည့်များဖြစ်ကြသည့်အတွက် ကိုယ့်ဆရာ၏ မူဝါဒလမ်းစဉ်ကို သေချာသိအောင်လေ့လာ ဖို့သလို သိပြီးသည့်နောက်မှာလည်း တကယ်လက်တွေ့ကျင့် ဆောင်ဖို့ လိုပါသည်။ ဗုဒ္ဓ၏၀ါဒသည် သိအောင်လေ့လာ သိအောင်ကျင့်ရတဲ့ ၀ိဇ္ဇာ၊စရဏ အသိနဲ့အကျင့် ပေါင်းစပ် ထားတဲ့ ၀ါဒဖြစ်ပါသည်။ ဒီလိုတကယ်လက်တွေ့ ကျင့်ဆောင်မှသာလျှင် တဖြည်းဖြည်း နိမ့်ရာမှ မြင့်ရာသို့ ရောက်ရှိလာမှာဖြစ်ပါသည်။
                          ကမ္ဘာလောကကြီးသည် ဗုဒ္ဓမပွင့်ထွန်းမပေါ်ပေါက်မီက ၀ိဇ္ဇာဆိုတဲ့အလင်းဓါတ်ကိုမရကြသေးပဲ အမှောင်အတိကျနေသေးတာကိုတွေ့ရပါတယ်။မြတ်စွာဘုရားရှင်နှင့် ဝေရဉ္စာပုဏ္ဏားကြီးတွေ့တဲ့အခါ ဝေရဉ္စာ ပုဏ္ဏားကြီးက မြတ်စွာဘုရားရှင်သည် သူ့ကိုခရီးဦးကြိုဆိုမှု အရိုအသေပေးမှုမပြုလုပ်ရ ကောင်းလား ဆိုပြီးရန်တွေ့ ပါတယ်။ဘာလို့လဲဆိုတော့ ဝေဉ္စာပုဏ္ဏားကြီးက အသက် (၈၀) မြတ်စွာဘု၇ားရှင်က သက်တော် ၃၅ နှစ်ဆိုတော့ အသက်အားဖြင့် ငယ်သည့်အတွက် အသက်ကြီးတဲ့သူ့ကို အရိုအသေပေးသင့်တယ်လို့ပြောပါတယ်။ အဲဒီအခါမှာ မြတ်စွာဘုရားရှင်က ဝေရဉ္စာပုဏ္ဏားကြီးကို ဥပမာနှင့်တကွရှင်းပြပါတယ်။ပုဏ္ဏားကြီး သင့်အိမ်မှာ ကြက်မ ကြီးတစ်ကောင်ဟာ ကြက်ဥ (၁၂) လုံးဥထားပါတယ်။အဲဒီ (၁၂) လုံးထဲကနေပြီး တစ်ကောင်သောကြက်ဟာ သူများသောကြက်ဥတွေထက် (၁) ရက်စောပြီး ပေါက်လာပါတယ်။အဲဒီကြက်ကလေးပေါက်ပြီးမှ တခြားသော ကြက်တွေ ပေါက်ပါတယ်။အဲဒီအုပ်စုထဲမှာ ဘယ်ကြက်ကို အကြီးဆုံးလို့ပြောမလဲပုဏ္ဏားကြီးတဲ့။ အဲဒ်ီမှာ ပုဏ္ဏားကြီးက (၁) ရက်စောပြီးပေါက်လာတဲ့ ကြက်ကို အကြီးဆုံးလို့ပြောပါ့မယ်။ အဲဒီမှာ မြတ်စွာဘုရားက ဟုတ်တယ် အားလုံးသော သတ္တ၀ါတွေဟာ အ၀ိဇ္ဇာတည်းဟူသော ဥခွံအတွင်းထဲမှာပိတ်မိနေကြတယ်။ ငါဟာ အဲဒီ အ၀ိဇ္ဇာတည်း ဟူသော ဥခွံအတွင်းကနေပထမ ဦးဆုံးစောပြီး ထွက်လာတဲ့သူ လွတ်မြောက် လာတဲ့သူ ဖြစ်တယ်လို့ပြောလိုက်မှ ဝေရဉ္စာပုဏ္ဏားကြီးသဘောကျလက်ခံသွားပါတယ်။
please share to your friend
ဘယ်သူပိုရူးသလဲ
မ၇ှိပညာ ဗလာနတ္ထိ
အာဏာပဲ၇ှိသည်မို့
ရေ၊ မြေ ၊ တော၊ တောင် ကျောက်သံ ပတ္တမြား
ရှိတာကုန်ရောင်းစားမည်
ဘာမှတ်သလဲ
ငါဟဲ့ အာဏာရူး
သင်တို့ပါရူးရင်
၂၀၁၅ မှာ တိုင်းပြည်ရဲ့အာဏာပါဝါ
ငါတို့ကိုသာဆက်လွှဲကြည့်  
မြန်မာပြည်ပါ  မကျန်၇ှိစေရဘူး
                            မင်းသုည(ဗုဒ္ဓတက္ကသိုလ်)
please share to all
တိုင်းပြည်ရဲ့တရားခံ ဒို့တွန်းလှန်စို့
တိုင်းပြည်၏အဓိကရန်သူ …သူဘယ်သူလဲ
ရန်သူမိတ်ဆွေ ဒို့မကွဲလေသမျှ
အရင်ကလည်းခံခဲ့ရ ..အခုလည်းခံနေရ
နောင်လည်းခံရအုံးမည်…
နောင်ဝယ်နောင်တ ခံကြရမှ
သတိရရင် ထိုဝယ်နောင်တ သုံးမရမို့
နောင်တမရခင် သတိဝင်ကာ
ဒို့ပြည်သူပြည်သားအချင်းချင်း သူငါမညင်းဘဲ
ခံသူခံဘက် ဒို့တတွေလက်ချင်းယှက်လို့
သွေးစည်းညီညာကြိုးစားပါမှ
ဒို့တတွေမျှော်မှန်း ဒီမိုကရေစီအောင်ပန်းကို
လျှောက်လှမ်းနိုင်မှာမို့ တိုင်းပြည်၏အဓိကတရားခံကို
ရှာဖွေငြင်းဆန် ဒို့တွန်းလှန်စို့……
                             မင်းသုည(ဗုဒ္ဓတက္ကသိုလ်)