Thursday, February 6, 2014

ဓါးတချောင်းရဲ့ရာဇ၀င်





ဓါးတချောင်းရဲ့ရာဇ၀င်
ဒီဓါးသွားပေါ်မှာ ပျားရည်တွေသုတ်လိမ်းထားလို့
လျက်မိသူတွေလည်း လျှာတွေပြတ်ခဲ့ရပေါ့
ရွှေချထားတဲ့ဒီဓါးနဲ့ထိုးသတ်ခံခဲ့ရလို့
သေပွဲဝင်ခဲ့ရသူတွေလည်းများခဲ့ရပေါ့
ဒီဓါးသွားနဲ့ပဲ ရန်သူကိုကာကွယ်ပါတယ်ပြောပြီး
ရန်သူစစ်တွေကတော့တယောက်မှမသေ
တကယ်သေကြလေတာကကိုယ့်ပြည်သူတွေ
ကဲအခုလဲကြည့်ကြပေတော့
ဒီဓါးကိုမှ ပျားရည်ကိုပဲမြင် ရွှေချထားတာကိုပဲမြင်ပြီး
သူတို့တတွေဟန်ဆောင်ကောင်းကြလေတော့
ကျောချလို့မှ ဓါးပြမှန်းမသိ
ဖွတ်ထွက်လို့မှတောင်ပို့မှန်းမသိ
ခြုံထားတဲ့သိုးရေ ကွာကျလို့မှဝံပုလွေမှန်းမသိ
မင်းသားခေါင်းစွပ်ကျွတ်ကျလို့မှ ဘီလူးမှန်းမသိရင်
ဒီထက်မိုက်မဲတဲ့သူဘယ်သူရှိလိမ့်ဦးမလဲ
                                                      မင်းသုည(ဗုဒ္ဓတက္ကသိုလ်)


0 comments:

Post a Comment