Wednesday, February 12, 2014

ပြဒါးတစ်လမ်းသံတစ်လမ်း



အူဝဲအူဝဲသံကုန်ဟဲ၍
အဖေါ်မပါ ကိုယ်ဗလာဖြင့်
လောကထဲကိုရောက်ခဲ့သူ
သူအရွယ်ရောက်လာ
သူမှာ အသိပညာ လွန်များပါ၍
လောကကောင်းကျိုး နိုင်ငံကျိုးကို
သက်စွန့်ကြိုးပန်း ထမ်းရွက်သူ
သူ့ ကိုမှီရှာ လောကမှာလည်း
နေ့ စဉ်နှင့်အမျှ ချမ်းသာရ၏

ဟော----ဗြုန်းကနဲဆို
သူကိုလုပ်ကြံ သတ်ဖြတ်ရန်ကြောင့်
သူ၏နိဂုဏ်း ဘ၀ဆုံးတော့
သူကိုတမ်းတ ငိုကြွေးကြ၏

တစ်ယောက်သောသူမှာ
 အသိပညာ မရှိပါ၍
လောကကောင်းကျိုး နိုင်ငံအကျိုးကို
ဘာမှမကြည့် သူမသိပါ
သူသိတာတွေ ဖေါ်ပြချေက
ဘယ်သူသေသေ ငတေမာပြီးရော
ထင်ရာပြော၍
လောကဆိုးကျိုး ပြုတတ်သူ
ဟော--သူ့ကိုကျတော့
မသေခင်က သေကြစေကြောင်း
တစ်လောကလုံးက ပြည်သူအပေါင်း
ဆုမွန်တောင်းသည်
ဆင်ခြင်ကြဖွယ် လမ်းနှစ်သွယ်။
                                            မင်းသုည (ကွမ်းခြံကုန်း)

၁၉၉၉ ခုနှစ် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)မှာနေစဉ် ရေးသားဖြန့်ဝေပေးခဲ့သောကဗျာဖြစ်ပါသည်။


0 comments:

Post a Comment