Wednesday, December 3, 2014

ပညာရေးစုံညီပွဲတော်မှာ ၀င်ပြိုင်စဉ်က ဆုရရှိခဲ့တဲ့ ဦးဇင်းရဲ့တူ မောင်ကောင်းမြင့်မြတ်ဖြစ်ပါတယ်။



ပညာရေးစုံညီပွဲတော်မှာ ပထမတန်း၊ဒုတိယတန်း၊တတိယတန်းကျောင်းသားတွေနဲ့အတူ ပုံပြောပြိုင်ပွဲဝင်ခဲ့ရာ ဒုတိယဆုဆွတ်ခူးရရှိခဲ့တဲ့ ၄ နှစ်အရွယ် မူကြိုကျောင်းသား ဦးဇင်းရဲ့တူ မောင်ကောင်းမြင့်မြတ်ဖြစ်ပါတယ်။ပြာသိုလ် လဆန်း(၆)ရက်နေ့ဆိုရင် (၅)နှစ်ပြည့် မွေးနေ့ကိုရောက်ပါပြီ။သူရဲ့မွေးနေ့အလှူမှာ ညတရားပွဲလာဟောပေးပါလို့ သူကိုယ်တိုင်ပင့်ထားလို့ တရားသွားဟောပေးရအုံးမှာဖြစ်ပါတယ်။သူရဲ့အမေက သူ့ကိုမွေးနေ့လုပ်မပေးဘူးပြောလို့ ရွာမှာ သီတင်းကျွတ်ပွဲတော် ကပွဲတွေမှာ သူကိုယ်တိုင်ဝင်ကပြီး ဆုရတဲ့ ပိုက်ဆံတွေကို ဆုဗူးထဲမှာ အလှူလုပ်ဖို့ဆိုပြီး ထည့်ထားပါတယ်။ဦးလေးထက်တော်တဲ့ တူတော်မောင်အတွက် ရွာကိုပြန်ပြီး တရားဟောကြွရောက်ချီးမြင့်ပေးရအုံးမှာဖြစ်ပါတယ်။
ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ

ပညာရေးစုံညီပွဲတော် ပုံပြောပြိုင်ပွဲမှာ ၀င်ပြိုင်ခဲ့တာကို ပြန်ပြောပြပါအုံးဆိုလို့ ပြန်ပြောပြခဲ့တဲ့ဦးဇင်းရဲ့တူ မောင်ကောင်းမြင့်မြတ်ပါ။



ပညာရေးစုံညီပွဲတော်မှာ ပထမတန်း၊ဒုတိယတန်း၊တတိယတန်းကျောင်းသားတွေနဲ့အတူ ပုံပြောပြိုင်ပွဲဝင်ခဲ့ရာ ဒုတိယဆုဆွတ်ခူးရရှိခဲ့တဲ့ ၄ နှစ်အရွယ် မူကြိုကျောင်းသား ဦးဇင်းရဲ့တူ မောင်ကောင်းမြင့်မြတ်ဖြစ်ပါတယ်