Wednesday, September 9, 2015

အရှင်နာဂသေနရှင်းလင်းပြောပြသော မဘသ အကြောင်းတစေ့တစောင်း


ပြီးခဲ့တဲ့အပတ်က ရန်ကုန်ပြန်ရောက်စဉ် သူငယ်ချင်းဖြစ်သူ အရှင်နာဂသေနနဲ့ တွေ့ချင်တာနဲ့ ဖုန်းဆက်ပြီးချိန်းလိုက်တော့ သူငယ်ချင်းလည်းရန်ကုန်ရောက်နေတာနဲ့ ရွှေတိဂုံဘုရားနားက
သူငယ်ချင်းဖြစ်သူ အရှင်တေဇောသာရရဲ့ကျောင်းမှာတွေ့ဆုံဖြစ်ခဲ့ကြပါတယ်။ ဒါနဲ့စာရေးသူက သူငယ် ချင်းဖြစ်သူ အရှင်နာဂသေန ကို အရှင်ဘုရားရေ ပြီးခဲ့တဲ့ ၀ိဘဇ္ဖပဲ့တင်သံ စာအုပ်မှာ
အရှင်ဘုရားနဲ့ မန္တလေးမှာ တွေ့ဆုံစဉ်က အရှင်ဘုရား မဘသ နဲ့ပတ်သတ်ပြီး ဆွေးနွေးပြတာလေးကို တပည့်တော်ကြိုက်လို့ ထည့်ပြီးဖေါ်ပြတာ တော်တော် များများက ကြိုက်လို့ဆိုပြီး လာပြောကြတယ်ဘုရား။
ဖေ့ဘုတ်ပေါ်မှာလည်း တင်လိုက်တာ တော်တော် လေးကြိုက်ကြတယ်။ ၀ိုင်းပြီးလည်း ရှယ်ကြတယ်ဖြန့်ဝေ
ကြတယ်ဘုရား။အခုလည်း ဒုတိယအုပ်မှာ အရှင်ဘုရားရဲ့ အမြင်လေးကို
ဆက်ပြီးထည့်ချင်လို့ဘုရားဆွေးနွေးပြပါအုံးဘုရားလို့ဆိုလိုက်တော့ သူငယ် ချင်းဖြစ်သူက “ အရှင်ဘုရားရေ တပည့်တော်လည်း မပြောချင်ဘူးဘုရား ကိုယ့်သံဃာတွေ အကြောင်း ဆိုတော့
တပည့်တော်က အကောင်းပဲပြောချင်တာဘုရား ဒါပေမဲ့ ကောင်းတာတွေပြောချင်လို့ လိုက်ကြည့်တယ် အရှင်ဘုရား အဆိုးတွေကခပ်များများဖြစ်နေတယ်ဘုရား။
ဟိုနေ့ကတော့ မဘသတွေလှုပ်ရှားမှုတွေလိုက်ကြည့်ရင်း မန္တလေး မဘသ နှစ်ပတ်လည်ပွဲမှာ မဘသ အဖွဲ့ဝင်တစ်ပါးဖြစ်တဲ့ ရန်ကင်း၊ဥယျဉ်ကျောင်းဆရာတော် ဦးဇောတိက
တင်ပြဆွေးနွေးတဲ့အချက်တွေတော်တော် ကောင်းတယ်ဘုရား။ဆရာတော်တင်ပြဆွေးနွေးပြတာကြည့်ပါအုံးဘုရား……….
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)၏ ဖွဲ့စည်းတည်ထောင်သည့် (၂)နှစ်ပြည့် အထိမ်း အမှတ် နိုင်ငံလုံးဆိုင်ရာ မဘသညီလာခံကြီးသို့ ကြွရောက်တော်မူလာကြကုန်သော
သံဃာတော်အရှင်မြတ်တို့ဘုရား . .. ။မန္တလေး ဥယျာဉ်စာသင်တိုက်မှ တပည့်တော် ဇောတိကအား သံဃာတော်အရှင်မြတ်တို့ထံ လျှောက်ထားခွင့်
ပြုတော်မူပါဘုရား။မဘသအဖွဲ့သည်သာမညအဖွဲ့ မဟုတ်ပါ။ လူနတ်ဗြဟ္မာတိရစ္ဆာန် များပါမကျန်သတ္တ လောက ကြီးတစ်ခုလုံးကိုလောဘ၊ ဒေါသ၊ မောဟစသော ကိလေသာ အညစ်အကြေးများ ကင်းဝေးစေပြီး
ငြိမ်းချမ်းသည့် လောကကြီးကို တည်ထောင်ပေးသွားသည့် မြတ်ဗုဒ္ဓ၏ တပည့်သံဃာတော်များဖြင့် ဖွဲ့စည်းထား သောအဖွဲ့အစည်းဖြစ်ပါသည်ဘုရား။ သို့ဖြစ်၍ တပည့်တော်တို့၏ ရည်မှန်းချက်ပန်းတိုင်သည်လည်း
မြန်မာပြည် အမျိုးသားအားလုံး ငြိမ်းချမ်းစွာ နေထိုင်ရေးဟု ဖြစ်ရပါမည်။မဘသအဖွဲ့သည် ဗုဒ္ဓဘာသာ လူမျိုးများ၏သာအားကိုးရာမဖြစ်သင့်ပါ။ မြန်မာပြည်ဖွား ၊ နိုင်ငံတော်မှ နိုင်ငံသားဟု အသိအမှတ်ပြုပြီးသား
ခရစ်ယာန်ဖြစ်စေ၊ အစ္စလာမ်ဖြစ်စေ၊ ဟိန္ဒူဖြစ်စေ၊ နတ်ကိုး ကွယ်သူဖြစ်စေလူသားအားလုံး၏ ကိုးကွယ်ရာ အားထားရာဖြစ်သင့်ပါသည်။

Saturday, January 17, 2015

မောင်ကောင်းမြင့်မြတ် မွေးနေ့အလှူတော်မင်္ဂလာတွင် ဆရာတော်မင်းသုည(ဗုဒ္ဓတက္ကသိုလ်) ဟောကြားတော်မူသော မင်္ဂလာရှိသောလူ မင်္ဂလာရှိသောနိုင်ငံ



မောင်ကောင်းမြင့်မြတ်မွေးနေ့အလှူတော်မင်္ဂလာပွဲတွင် ဆရာတော်မင်းသုည(ဗုဒ္ဓတက္ကသိုလ်)ဟောကြားတော်မူသော မင်္ဂလာရှိသော လူ မင်္ဂလာရှိသောနိုင်ငံတရားတော်