Tuesday, June 29, 2010

ဥာဏ်စမ်းပဟေဠိ ဖြေကြည့်ကြရအောင် ၎

ဟိုးရှေးရှေးတုန်းက ဗာရာဏသီပြည်မှာ ပုဏ္ဏား(၇)ယောက်ရှိတယ်။သူတို့ဗေဒင်၊နက္ခက်တွေတွက်ပြ ဟောပြပေးပြီးစီးပွါးရှာတာ အသပြာ ၅၀၀ ရာရတယ်။အဲဒီခောတ်က ငွေ၅၀၀ ဆိုတော့တော်တော်တန်
ဖိုးရှိတာပေါ့။ဒါနဲ့သူတို့က ငါတို့အားလုံးပေါင်း ၇ ယောက်ဖြစ်နေတော့ ပိုက်ဆံနောက်ထပ်၂၀၀ ရအေင်
ထပ်ရှာအုံးမယ်။ ၇၀၀ ရမှတစ်ယောက်တစ်ရာ ခွဲယူမယ် ။အခုအမျိုးသမီးတစ်ယောက်ဆီမှာ အပ်ထားကြမယ်လို့ပြောတော့အားလုံးသဘောတူတာနဲ့ သူတို့အမျိုးသမီးတစ်ယောက်ထံမှာအပ်ပါတယ်။အမျိုးသမီးကို
ငါတို့အခု အပ်ထားတဲ့ ငွေကို ငါတို့အခုအပ်ထားတဲ့ သူ (၇)ယောက်ပြည့်မှပေးပါ။မပြည့်ရင်မပေးပါနဲ့
ဆိုပြီး အပ်ပြီးတော့သွားကြပါတယ်။ ဒါနဲ့သူတို့လည်းခရီးဆက်ကြပါတယ်။အဲဒီအမျိုးသမီးအိမ်နဲ့ မလှမ်း
မကမ်းမှာ မြစ်တွေ့တာနဲ့ ငါတို့ခေါင်းလျှော်ရေချိုးကြရအောင်ဆိုတော့ သူတို့မှာ ခေါင်းလျှော်ရည်ကပါ
မလာဘူး။သူတို့ထဲက ပုဏ္ဏားတစ်ယောက်က သူသွားတောင်းမယ်ဆိုပြီးသွားတောင်းပါတယ်။
ဟိုယောက်တော့ပုဏ္ဏားက တို့အပ်ထားတဲ့ပိုက်ဆံပေးလိုက်ပါဆိုတော့ အမျိုးသမီးက ခုနှစ်ယောက်
ပြည့်မှပေးနိုင်မယ်ဆိုတော့ ပုဏ္ဏားကမယုံရင်လှမ်းမေးကြည့်ဆိုတော့ အမျိုးသမီးက လှမ်းမေးပါတယ်။
တောင်းခိုင်းလိုက်တာဟုတ်သလားဆိုတော့ ပဏ္ဏားတွေကလည်း ခေါင်းလျှော်ရည်မေးတယ်အောင့်မေ့လို့
ဟုတ်ပါတယ်လို့ ၆ ယောက်လုံးက အော်ပြောကြပါတယ်။အမျိုးသမီးလည်း ဟုတ်ပြီဆိုပြီး ပိုက်ဆံငါးရာ
ပေးလိုက်ပါတယ်။ပုဏ္ဏားကအဲဒီပိုက်ဆံယူပြေးပါတယ်။နောက်ပုဏ္ဏားပျောက်နေလို့မသင်္ကာလို့ အမျိုး
သမီးထံပိုက်ဆံသွားမေးတော့ ခုနက တင်ပေးလိုက်ပြီ။အသင်တို့လှမ်းမေးတော့ တောင်းခိုင်တာဟုတ်တယ် ဆိုလို့ပေးလိုက်ပြီ။ဒါဆိုမရဘူး ရော်ပေးရမယ်ဆိုပြီးဘုရင့်ထံခေါ်သွားပါတယ်။ ဘုရင့်ရှေ့ရောက်တော့
ဖြစ်ကြောင်းကုန်စင်ပြောပြတော့ ပုဏ္ဏားတွေပြောတဲ့အတိုင်း ၇ ယောက်မပြည့်ပဲ ပေးတဲ့အတွက် ပြန်ရော်
ပေးလိုက်လို့အမိန့်ချပါတယ်။မရော်နိုင်ရင် ပုဏားတစ်ယောက်စီမှာ ၆ လဆီလှည့်ပြီးကျွန်ခံစေလို့အမိန့်ချပါ
တယ်။ကျွန်လိုက်ခံနေရပါတယ်။အမျိုးသမီးကြီးဆီမှာ သမီးလေးတစ်ယောက်ရှိပါတယ်။အဲဒီအမျိုးသမီးလေး
ကပညာကျိုးစားရှာပါတယ်။စာတွေတအားဖတ်ပါတယ်။သူအမေကိုဘာလို့အခုလိုကျွန်ခံနေတာလဲမေးတော့
အကြောင်းစုံသိသွားတဲ့အခါမှာ ဟာအမေဒါဆိုဘာလို့ကျွန်ခံရမှာလဲ လာအမေ ဘုရင်နန်းတော်သွားမယ်
ဒီအမှုကိုကျမရင်ဆိုင်မယ်ဆိုပြီးနန်းတော်ကိုသွားပါတယ်။ဒီအမှုကိုဘုရင်ကြီးဆီမှာပုဏ္ဏားတွေကိုပြန်ခေါ် ခိုင်းပြီးအမှုရင်ဆိုင်လိုက်တာ အဲဒီသားအမိနိုင်သွားပါတယ်……ကဲဇာတ်လမ်းကတော့ ဒါပါပဲ…..အမေးကတော့ အဲဒီအမျိုးသမီးလေးနေရာမှာနေပြီး အမျိုးသမီးလေး ဘယ်လိုလွတ်မြောက်အောင်အမှုရင်ဆိုင်သွား
တယ်ဆိုတာကို …အမျိုးသမီးလေးကိုယ်စားဖြေပေးစေချင်ပါတယ်…….မဖြေနိုင်ရင်ကျွန်ဘ၀ကမလွတ်ပဲ
နေမယ်နော်….ကဲပြောနေကြာတယ်ဝိုင်းဝန်း ဖြေကြည့်ကြပါအုံးစို့……….
မှတ်ချက်….သူများအဖြေကိုအရင်မကြည့်ပဲမှားမှားမှန်မှန် ကိုယ်ပိုင်ဥာဏ်ဖြင့်ဖြေပေးစေလိုပါတယ်။
ဦးကင်း

Monday, June 28, 2010

သပြေညို

သပြေညို

သူ့ ခေါင်းမှာတဲ့ သပြေညို
ငါ့ ခေါင်းမှာတဲ့ သပြေညို။

တို့ပြေမှာ တို့မေ ကမ်းပါတဲ့
သပြေညို ရွှေဘိုပန်းဟာက
လန်းလျက်ပါကို။

ဘာမလျှော့လေနဲ့
လာတော့မကွဲ့ ရွှေပဟိုရ်
လေချိုကအသွေး။

လင်းကြက်အဆော်
ကွင်းထက်မှာ တူပျော်ပျော်နဲ့
ရောင်နီမှာ အောင်စည်ရွမ်းရအောင်
သပြေညို ရွှေဘိုပန်းရယ်နဲ့
လှမ်းကြစို့လေး။ ။
ဆရာ မင်းသုဝဏ်

Friday, June 25, 2010

ဥာဏ်စမ်းပဟေဠိ ဖြေကြည့်ကြရအောင်

ခရုတစ်ကောင်ဟာတစ်နေ့ကို ၂ပေအမြင့်ထိတက်တယ်။ဒါပေမဲ့ တစ်ရက်ပြည့်ရင်တစ်ပေ ပြန်လျောကျတယ်။၅ပေအမြင့်ရှိတဲ့တိုင်ထိပ်ကိုရောက်အောင် အဲဒီခရုဟာဘယ်နှစ်ရက်

တက်ရမလဲ…..ကြိုးစားဖြေပေးကြပါ။

မှန်တဲ့သူကို ပင်လဲကမ်းခြေက ခရုလေးတွေကောက်ပေးမယ်။

ကျန်းမာပျော်ရွှင်ကြပါစေ

ဦးကင်း

www.thebestfriend.org

ဥာဏ်စမ်းပဟေဠိ ဖြေကြည့်ကြရအောင်

တစ်ခါက အမျိုးသမီးနှစ်ယောက်လမ်းလျှောက်လာကြရာ လမ်းမှာ ဦးစပ်စုနဲ့ တွေ့ပါလေရော။
ဦးစပ်စုက မေးတယ် ညီးတို့နှစ်ယောက်ဘယ်လိုဆွေမျိုးတော်ကြလဲပေါ့ ဒီတော့ အကြီးဖြစ်တဲ့
အမျိုးသမီးက အငယ်ဖြစ်တဲ့အမျိုးသမီးကို လက်ညိုးထိုးပြပြီးတော့ သူ့မရဲ့ဦးလေးက ကျမရဲ့
ဦးလေးကို ဦးလေးတော်တယ်လို့ဖြေလိုက်ပါတယ်။အဖြေက ……သူတို့နှစ်ယောက်ဘယ်လို
အမျိုးတော်ကြသလဲဆိုတာကို ဆွေမျိုးစပ်ပေးစေချင်ပါတယ်။သူတို့နှစ်ယောက်ဘယ်လိုဆွေမျိုးတော်
ကြသလဲပေါ့။
ကဲဘယ်သူတွေဆွေမျိုးစပ်တော်သလဲ …..ပြိုင်ကြည့်ကြရအောင်…………..
ကျန်းမာပျော်ရွှင်ကြပါစေ
ဦးကင်း
www.thebestfriend.org

Thursday, June 24, 2010

ဥာဏ်စမ်းပဟေဠိ ဖြေကြည့်ကြရအောင်

တခါက ညီအစ်ကိုသုံးယောက်ရှိတယ်
သူတို့သုံးယောက်တောနက်ကြီးထဲကိုဝင်သွားတယ်
ညီအစ်ကိုသုံးယောက်တစ်ယောက်တစ်ကွဲစီဖြစ်သွားတယ်
ပထမဆုံးညီငယ်က သရက်ပင်ကြီးတစ်ပင် တွေ့တယ်
သရက်သီးတွေအကုန်လုံးကိုခူးချလိုက်တယ်
ပြီးတော့အညီအမျှသုံးပုံ ပုံလိုက်တယ်
တစ်ပုံကိုသူယူသွား နှစ်ပုံကိုသူ့အစ်ကိုတွေအတွက်ထားခဲ့တယ်
နောက်ညီသရက်ပင်အောက်ရောက်လာတယ်
သရက်သီးနှစ်ပုံကိုတွေ့တယ်
ဒါနဲ့ သူလည်းသုံးပုံအညီအမျှပုံတယ် ဒါပေမဲ့တစ်လုံးပိုနေတယ်
သူလည်း သူအတွက်တစ်ပုံရယ် ပိုတဲ့တစ်လုံးရယ်ယူပြီးပြန်လာတယ်
နောက် အကိုအကြီးဆုံးလည်းသရက်ပင်အောက်ရောက်လာတယ်
သူကတော့လောဘကြီးတဲ့သူဆိုတော့ မပုံတော့ဘူး ညီတွေရတာမရတာမစဉ်းစားတော့ဘူး
အဲဒီကျန်နေတဲ့သရက်သီးတွေအကုန်ယူလာတယ်။
တောအပြင်ဘက်ရောက်လို့ သ၇က်ပင်ကြီးအကြောင်းပြောကြရင်း သူတို့ရလာတဲ့
သရက်သီးတွေကိုကြည့်လိုက်တော့
သရက်သီးတွေက
အညီအမျှထပ်တူဖြစ်နေကြတယ်။ဒါကြောင့်.....ပထမဦးဆုံးညီငယ်ခူးလိုက်တဲ့
သရက်သီးတွေ ဘယ်လောက်
အရေအတွက်ရှိလဲ......ဖြေပေးကြပါ။
မှန်တဲ့သူသရက်သီးကြွေးမယ်......
ကျန်းမာကြပါစေ
မင်းသုည (ကွမ်းခြံကုန်း)

နေ့ထူးနေ့မြတ်

နေ့ထူးနေ့မြတ်
လက်ချိုးလို့တွက်ရေစစ်ရင်
ခရစ်သကúúရာဇ်က 1945 ခုနှစ်
မွေးတဲ့လက ဂျွန်လတစ်ဆယ့်ကိုး
တကမ္ဘာလုံးက မော်ကွန်းထိုးလို့ မှတ်တမ်းတင်
ငြိမ်းချမ်းရေး နိုဘယ်(လ်) ဆုရှင်
အောင်ဆန်းဆုကြည်သခင်ရဲ့
အသက် (၆၅)နှစ်ပြည့် အားလုံးမမေ့နိုင်တဲ့
မွေးနေ့မြတ်ပေါ့သူငယ်ချင်း
ဒေါ်စုပေးတဲ့ ငြိမ်းချမ်းရေးအလင်း
ဒို့ပြည်မှာ လင်းခဲ့လို့ အားလုံးအလင်းရ
တစ်ကမ္ဘာလုံးက အသိအမှတ်ပြုကုန်ကြပြီသူငယ်ချင်း
ဒို့ရဲ့မြန်မာပြည်မှာ လေးဆယ့်ရှစ်နှစ်ကြာ
စစ်အာဏာအမှောင်ကျ အားလုံးကန်းကုန်ကြလို့
လမ်းတွေလည်းပျောက် ဘယ်လျှောက်ရမှန်းမသိ
ထွက်ရာလမ်းမသိ ဖြေမရှိချိန်
ဒေါ်စုက ဦးဆောင်လို့ မီးထွန်းပြ
ငြိမ်းချမ်းရေး အလင်းရောင်ရကြလို့
ဒို့တတွေ ညီညွတ်ကြကာ လက်တွဲလျှောက်
ဟောတစ်ယောက် ဟောတစ်ယောက်နဲ့
အာဏာရှင်တွေလည်း တဖြည်းဖြည်းပျောက်သွား
ဒီလိုသာရှေ့ ဆက်သွားကြရင်
ဒို့ရဲ့မြန်မာပြည်မှာ
အာဏာရှင်မှိုင်းတွေ ကွာကျ
တစ်နေ့ဒီမိုကရေစီ အမှန်ရမှာမို့
ဒေါ်စုရဲ့ အသက် (၆၅) နှစ်ပြည့်
မွေးနေ့မြတ်မှသည်
အသက်ရာကျော် ရှည်ပါစေကြောင်း
ဒို့တတွေ အားလုံးက စုပေါင်းလို့ လက်အုပ်ချီ
ဘုရား၊ တရား၊ သံဃာ တွေနား
ချဉ်းကပ်သွားလို့ ကုသိုလ်ပြု
ဒို့ပြုသမျှကောင်းမှု မွေးနေ့ရှင်ဒေါ်စု
သာဓုခေါ်လို့ အန္တရာယ်တွေကင်း
ဘေးကင်းလို့ ကျန်းမာ စိတ်ချမ်းသာစွာဖြင့်
ငြိမ်းချမ်းရေးအလင်းတန်း
မြန်မာမက ကမ္ဘာကျအောင်
ထွန်းတောက်နိုင်ပါစေ တောင်းဆုချွေသည်
ဆုတောင်းတိုင်းသာ ပြည့်ပါစေ။
နို့ဘိုး ဒုက္ခသည်စခန်းတွင်ကျင်းပသောဒေါ်အောင်ဆန်းစုကြည်
အသက် (၆၅) ပြည့်မွေးနေ့တွင်ရွတ်ဖတ်ခဲ့သောကဗျာဖြစ် ပါသည်။
မင်းသုည (ဗုဒ္ဓတက္ကသိုလ်)

Saturday, June 12, 2010

ရင်နာလိုက်တာဗျာ

ရင်နာလိုက်တာဗျာ
ကမ္ဘာမှာ ဘယ်နိုင်ငံကိုကြည့်ကြည့်
သူတို့တွေရဲ့စစ်တပ်
တိုင်းပြည်အတွက်
အသက်တွေပေး ဘ၀တွေစတေးရင်း
ပြည်သူသာအမိ ပြည်သူသာအဖဆိုပြီး
ပြည်သူကောင်းစားရေး
ပြည်သူလွတ်မြောက်ရေး
ပြည်သူအန္တရာယ် ကာကွယ်ရေး
သူတို့အလေးပေးလို့ ဆောင်ရွက်ခဲ့ကြ
သိပ်ကိုဂုဏ်ယူရပေါ့။
ဟယ်…ငါတို့နိုင်ငံကစစ်တပ်
ပြည်သူကိုနှိပ်စက် ရဟန်းသံဃာကိုပစ်ကာသတ်
စစ်တပ်သာအမိ စစ်တပ်သာအဖဆိုတဲ့
စာမတတ်သူ မျိုးဖျက်တွေရဲ့စကား
သူတို့ယုံစားကြလို့
ပြည်သူကြွေးထား ထမင်းကိုစားပြီး
ပြည်သူတာဝန် ဘာတစ်ခုမှမကျေပွန်ပဲ
ပြည်သူကိုပြန်စော်ကား ရမ်းကားနေလိုက်ကြတာ..
ရင်နာလိုက်တာဗျာ…….
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

Friday, June 11, 2010

အားလုံးသတိ အမြဲရှိကြ

အားလုံးသတိ
မြန်မာပြည်သား လူအများကား
စားစရာကမရှိ နေစရာကနာဂစ်ထိ
သောက်စရာကရေမရှိ
ဒါတွေသိ န.အ.ဖ
ဘယ်သူတွေမသာကြွကြွ
သူတို့ကတော့ဟန်ကျ
မြန်မာ့သယံဇာတ
ကျွန်းသစ် ကျောက်သံပတ္တမြား
ဂတ်စ်ငွေ့တွေပါကုန်ုရောင်းစားပြီး
ရလာသမျှ ဒေါ်လာသိန်းသန်းပိုက်ဆံ
န.အ.ဖ ဗိုလ်စုတ်တွေထံအကုန်ရောက်
ဆောက်လိုက်တဲ့နေပြည်တော်သစ်
ဘယ်သူတွေကျွန်ဖြစ်ဖြစ်
ဇွတ်အတင်းညစ်ကာ
ငါ့အာဏာသာပဓါန ဘယ်သူတွေမသာကြွကြွဆိုပြီး
၂၀၁၀ ရွေးကောက်ပွဲ သူတို့နွဲတော့မယ်
အားလုံးသတိ အမြဲရှိကြ
စစ်ကျွန်မဖြစ်ချင်က
တော်လှန်ရေးတိုက်ပွဲအပြတ်ဆင်နွှဲကြ။
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)