မေးခွန်းလေးတွေမဖြေရတာကြာလို့ပျင်းသွားပြီထင်တယ်။
ကဲဆက်ပြီးဖြေကြည့်ကြရအောင်ပါ။
တစ်ခါက ကျေးတစ်ကောင်ဟာရေတော်တော်ငတ်နေပါတယ်။
ရေသောက်ချင်တာနဲ့ရေလိုက်ရှာလိုက်တာ ရေအနည်းငယ်သာပါတဲ့ ရေကရားလေးတစ်ခုကိုတွေ့ပါတယ်။
သူဘယ်လို့မှသောက်မရဖြစ်နေပါတယ်။ရေက ဖင်ပိုင်းမှာအနည်းငယ်သာရှိပါတယ်။သူ့နှုတ်တီးနဲ့ကမမှီဖြစ်နေပါတယ်။
တကယ်လို့ရေကရားလေးလဲကျသွားမယ်ဆိုလည်း မြေကြီးပေါ်ဖြစ်နေတော့ လဲကျရင်လဲ ရေကမြေကြီးထဲအကုန်ဝင်သွားရင်
သောက်မရဖြစ်ပြန်ရော.....ဒါနဲ့ကျေးငှက်လေးဟာ စဉ်းစားရင်းနဲ့ ဘယ်လိုသောက်ရင်ရနိုင်မယ်ဆိုတာကိုသိသွားပါတယ်။
ကဲအဲဒီကျေးငှက်လေး ဘယ်လိုကြိုးစားပြီးရေကိုရအောင်သောက်သွားပါသလဲ.......
လိုလျှင်ကြံဆနည်းလမ်းရ ကြံဆဖြေဆိုနိုင်ကြပါစေ................
ကျန်းမာချမ်းသာကြပါစေ
ဦးကင်း
မှတ်ချက်......သူများအဖြေအရင်မကြည့်နဲ့နော်....
Thursday, July 29, 2010
ဥာဏ်စမ်းပဟေဠိ ဖြေကြည့်ကြရအောင်၆
Tuesday, July 27, 2010
ခွပ်ဒေါင်းအာဇာနည်စိတ်ဓါတ်
်နှလုံးသားကိုတံတားခင်း
အသက်နဲ့ရင်းရတဲ့လွတ်လပ်ခြင်းဆိုတဲ့ဂုဏ်
ဒီမိုကရေစီအရေးတော်ပုံမှာ
တိုင်းပြည်အတွက်အသက်ကိုပေးစပ်
အမြဲမပြတ်တိုက်ခဲ့တဲ့
ခွပ်ဒေါင်းဇာနည်တွေရဲ့စိတ်ဓါတ်
တကယ်မွန်မြတ်တယ်ဆိုတာ
အားလုံးအသိပဲသူငယ်ချင်း
တိုက်ပွဲမှာ မကျခင်က
မှာကြားခဲ့တဲ့ ခွပ်ဒေါင်းပျိုတွေရဲ့စကား
တိုင်းပြည်လွပ်လပ်ရေး မရသေးသ၍
ငါ့ကိုဘယ်တော့မှ အမျှမပေးနဲ့တဲ့
ခွပ်ဒေါင်းဇာနည်တွေရဲ့
ရဲရင့်ပြတ်သားတဲ့စကား
ဒို့နားဝမှာ အမြဲကြားနေရတယ်သူငယ်ချင်း
ဒါကြောင့်…..စစ်မိစ္ဆာတွေရဲ့အောက်
ဘယ်တုံးကမှ ဒူးမထောက်လက်မမြောက်
ကျောင်းနံရံတစ်ဝိုက်ဒေါင်းအလံတွေပြန်စိုက်နိုင်အောင်
အသက်ကိုပေးဘ၀ကိုစတေးရင်း
အဆုံးအဖြတ်တိုက်ပွဲမှာ အနိုင်ဆင်နွှဲကြစို့သူငယ်ချင်း……
ကျောင်းသားတပ်မတော်မှတိုက်ပွဲဝင်လျက်ရှိသောခွပ်ဒေါင်းရဲဘော်များအတွက်
ဂုဏ်ပြုသောအားဖြင့်……
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)
Saturday, July 10, 2010
ထလော့မြန်မာ ထလော့
တို့တိုင်းပြည်
ထလော့မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေ တို့ရွာမြေ၀ယ်
စေတီစပါး များလည်းများ၏
များပါလေလည်း တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင် ယာစကာမျိုး
တညှိုးညှိုးနှင့် ပုထိုးမြင့်မောင်း
ကျောင်းကြိုကျောင်းကြား လှည့်လည်သွားလျက်
မစားလေရ ၀မ်းမဝ၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။
ထလော့မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေ တို့ရွာမြေ၀ယ်
ရေချိုသောက်ရန် မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား များလည်းများ၏
များပါလေလည်း တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင်
မြင်သာမြင်ရ မစားရ၍
တောက ပြိတ္တာဖြစ်မည်တည်း။
ထလော့မြန်မာ မြန်မာထလော့
အားမပျော့နှင့် မလျှော့လုံ့လ
သူကစ၍ ငါကအားလုံး
လက်ရုံးမြားမြောင် ဉာဏ်မြားမြောင်နှင့်
စွမ်းဆောင်ကြလေ ဆောင်ကြလေလော့
ဤမြေဤရွာ ဘယ်သူ့ရွာလဲ
ဤယာစပါး ဘယ်သူ့စပါးလဲ
ထားလော့တာဝန် ပွန်လော့လုပ်ငန်း
ဉာဏ်ရှေ့ပန်း၍ တ၀မ်းတစိတ် ညီစေသတည်း။
-ဆရာဇော်ဂျီ
Thursday, July 1, 2010
ဥာဏ်စမ်းပဟေဠိ ဖြေကြည့်ကြရအောင်၅
ဥာဏ်စမ်းပဟေဠိလေးတွေဖြေကြတာ တွေ့ရလို့အများကြီးဝမ်းသာပါတယ်။ကျေးဇူးလည်းတင်ပါတယ်။
အဖြေတွေက တော်တော်များများမှန်ကြပါတယ်။ဗဟုသုတလည်းရှိတော်တဲ့သူတွေများလို့ပါ။စာရေးသူ
တို့ငယ်ငယ်က သူငယ်ချင်းတွေတစ်ယောက်တစ်လှည့်ဆီ မေးခွန်းမေးဖြေတွေလုပ်ကြတာ အင်မတန်
ပျော်စရာလည်းကောင်း ဗဟုသုတလည်းရ ဥာဏ်ပညာလည်းတိုးတက်ပါတယ်။စာရေးသူအနေနဲ့တိုက်
တွန်းချင်တာက အဖြေကိုမိမိ ဥာဏ်စွမ်းရှိသလောက်မှားမှားမှန်မှန် ဖြေပေးစေချင်ပါတယ်။
အခုတစ်ခါမေးချင်တာကတော့ ဗဟုသုတ မေးခွန်းပဲဖြစ်ပါတယ်။အလံတွေနဲ့ ပတ်သတ်ပြီးမေးမှာဖြစ်ပါ တယ်။နိုင်ငံတော်အလံ၊အဖွဲ့စည်းကိုယ်စားပြုအလံတွေ သူအဓိပ္ပါယ်နဲ့သူရှိကြပါတယ်။ဒီလိုပဲ စာရေးသူ
တို့ကိုးကွယ်နေတဲ့ ဗုဒ္ဓဘာသာကိုယ်စားပြု သာသနာ့အလံကလဲ အဓိပ္ပါယ်တွေရှိနေပါတယ်။မိမိတို့သာ
သာသနာ့အလံနဲ့ပတ်သတ်ပြီးလေ့လာဘူးသူတွေရှိမယ်။မလေ့လာဘူးသူတွေလည်းရှိမယ်။လေ့လာ
ဘူးသူတွေက မလေ့လာဘူးသူတွေကို ဗဟုသုတမျှဝေမဲ့မေးခွန်းလေးဖြစ်ပါတယ်။ တန်ဖိုးရှိတဲ့
မေးခွန်းတွေဟာမိမိ အရည်အချင်းကိုစမ်းသပ်တဲ့မှတ်ကျောက်ဖြစ်ပါတယ်။မှတ်ကျောက်တင်နိုင်ကြပါစေ။
၁။သာသနာ့အလံကိုမည်သည့်ပုဂ္ဂိုလ် မည်သည့်နိုင်ငံသားကစတင်တည်ထွင်ခဲ့ပါသနည်း။
၂။ဘယ်နှစ်ခုနှစ်မှာစတင်တည်ထွင်ခဲ့ပါသနည်း။
၃။သာသနာ့အလံပေါ်တွင်ရှိသောအရောင်များသည် ဘာကိုကိုယ်စားပြုထားပါသနည်း။
ဆွေနွေးအကြံပြုချင်ပါသည် ……ထိုင်းနိုင်ငံပြည်သူပြည်သားများသည် သူတို့ဘုရင်ကိုတအားလေးစား
ကြပါသည်။တအားလေးစားခြင်းကိုအသိအမှတ်ပြုသောအားဖြင့် သူတို့ဘုရင်တံဆိပ်ပါ အ၀ါရောင်အလံများ
ကိုတစ်နိုင်ငံလုံး အိမ်တွေ၊ကျောင်းတွေ၊ဘုရားတွေ၊လမ်းတွေ၊ဆေးရုံတွေ၊နေရာတိုင်းမှာစိုက်ထူကြသည်။
အ၀ါရောင်အင်္ကျီများကို ၀တ်ကြသည် လက်မှာပတ်ကြသည် ဆောင်သွားကြသည်။
စာရေးသူတို့နိုင်ငံမှာလည်း သံဃာတော်တွေသည်မိမိအသက်ကိုပေးကာ အင်္ဂလိပ်လက်ထက်မှသည် ယနေ့ခောတ်အထိခောတ်အဆက်ဆက်သာသနာ့တော်ကိုအသက်ပေးကာကွယ်ခဲ့ကြသည်။
သာသနာတော်ကြီးမပျောက်ပျက်ပဲယနေ့ထက်ထိ ကိုးကွယ်ဆည်းကပ်နေနိုင်ခြင်းမှာသံဃာတော်တွေရဲ့ ဂုဏ်ကျေးဇူးတွေကြောင့်ဖြစ်ပါသည်။သံဃာ တော်တွေသည်ပြည်သူပြည်သားတွေအတွက်တကယ် လေးစားစရာဖြစ်သည်။သံဃာတော်များသည် ယနေ့အန္တရာယ်ကျရောက်နေပါသည်။အချို့လူဝတ် မလဲချင်ဘဲလူဝတ်လဲကြရသည်။တချို့ပုန်းနေကြရသည်။တချို့ထွက်ပြေးနေကြရသည်။သံဃာတော်
များမရှိတော့လျှင် မိမိတို့ကိုးကွယ်ရာ သာသနာတော်လည်းရှိတော့မည်မဟုတ်ပေ။သာသနာတော်သည်
မိမိတို့ဗုဒ္ဓဘာသာတွေ့ရဲ့အသက်ဖြစ်သည်။သာသနာမရှိလျှင်မိမိ အသက်ရှင်ခြင်းသည်လည်း အချီးအနှီး
အသက်ရှင်ခြင်းပင်ဖြစ်ပေသည်။ဒါကြောင့်မိမိသာသနာတော်ကြီးမပျောက်ပျက်ရအောင်
မိမိတို့ကုယ်စီကိုယ်စီတာဝန်အသီးသီးရှိကြပါသည်။တာဝန်သိသူသည် တာဝန်ရှိပါသည်။တာဝန်ကို
သူတော်ကောင်း သူမြတ်
လောင်းအာဇာနည်တွေသာ သိကြပါသည်၊ သိသည့်အလျောက်လည်းပေးစပ်ကြပါသည်။မိမိသာသနာ
တော်ကြီးကို လေးစားအသိအမှတ်ပြုသောအားဖြင့် သာသနာ့အောင်လံတံခွန်ဖြစ်သော သာသနာ့
အလံများကို အိမ်များ၊ကျောင်းများ၊ဘုရားများ၊လမ်းများ စသည့်နေရာအနှံ့အပြား တွင်စိုက်ထူးပေးခြင်း၊
သာသနာ့စက္ကူအလံများကို နံရံများတွင်ကပ်ခြင်း၊ဘုရားရင်ပြင်များပေါ်တွင်ကျဲဖြန့်ခြင်း၊လူအများအား
ဆောင်ထားရန်ဖြန့်ဝေခြင်း၊ လက်ဆင့်ကမ်းဖြန့်ဝေ ပြောကြားပေးခြင်းဖြင့်ဝိုင်းဝန်းကာတက်ညီလက်ညီ
ကြိုးစားဆောင်ရွက်ပေးကြပါရန်တိုက်တွန်းနိုးဆော်ပန်ကြားအပ်ပါသည်။
သာသနာ့အောင်လံလွင့်ထူကြလော့
ဒို့ပြည်ဒို့ရွာ
ဒို့သာသနာကို
ဒို့ကာကွယ်ဖို့အသိ
ဒို့မှာတာဝန်ရှိပြီမို့
ဒို့သာသနာ မကွယ်ပရေး
ဒို့အရေး
ဒို့သာသနာ့အန္တရာယ်
ဒို့ကာကွယ်
ဒို့သာသနာ့အလံ
ဒို့အောင်လံမို့
ဒို့ဘုရားကျောင်းကန်
ဒို့အိမ်ပါမကျန်
ဒို့ရဲ့အောင်လံ
ဒို့သာသနာ့အလံကို
ဒို့ရဟန်းပြည်သူ
ဒို့စိုက်ကာထူမည်
အဓမ္မဘေးဝေးပါစေ
မသူတော်ဘေးဝေးပါစေ။ ။
ဦးကင်း