Monday, August 30, 2010
Saturday, August 28, 2010
Steven kaboggoza မှ အရှင်ဗုဒ္ဓရက္ခိတ ဖြစ်လာသူ
အာဖရိကတိုက်၊ ယူဂန်ဒါ နိုင်ငံငယ်လေးက
ခရစ်ယာန်မိသားစုမှာ Steven ကို ၁၉၆၆-ခုနှစ်က ဖွားမြင်ခဲ့တာပါ။ သူဟာ ငယ်ငယ်က
ဘာသာတရားဆိုလို့ ခရစ်ယာန်နဲ့ အစ္စလာမ် ၂-ခုတည်းသာရှိတယ်လို့ ထင်ခဲ့တာပါ။ ၁၀
ကျော်သက်အရွယ်ရောက်မှ အိန္ဒိယနိုင်ငံမှာ ဂေါတမ ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦး
ပေါ်ထွန်းခဲ့ဖူးကြောင်းကို နာမည်လောက်သာ ကြားဖူးခဲ့သူပါ။ အရွယ်ရောက်လာတဲ့ အခါမှာ
သူဟာ အိန္ဒိယနိုင်ငံကို နိုင်ငံခြားပညာသင် သွားခဲ့ပါတယ်။ အဲဒီမှာ ထိုင်းလူမျိုး
ရဟန်းတော် ၂-ပါးနဲ့ ခင်မင်ခဲ့ပြီး ဗုဒ္ဓဝါဒကို အနည်းငယ် လေ့လာခွင့်ရခဲ့ပါတယ်။
ထိုင်းဘုန်းတော်ကြီး ၂-ပါး မရှိတော့တဲ့နောက်ပိုင်း သူဟာ ဗုဒ္ဓဝါဒကို
ဆက်လက်လေ့လာဖို့ သိပ်ပြီး စိတ်ဝင်စားခဲ့တယ်။ အဲဒီမှာ သူက တိဗတ်ဘုန်းတော်ကြီး
ဒလိုင်းလားမားရှိရာကို သွားရောက် အရိုအသေပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့
ထိုင်းနိုင်ငံမှာ လေ့လာဖို့ဆုံးဖြတ်ပြီး စားဝတ်နေရေးအတွက် နိုင်ငံခြားသား
ခရီးသွားတွေများတဲ့ ဒေသတစ်ခုမှာ ဒိုင်ဗင်ပစ်၊ ရေကူး နည်းပြလုပ်ခဲ့ပါတယ်။ သူ့ဘဝဟာ
အတိုင်းအတာတစ်ခုပြည့်ပြည့်စုံစုံ နေခဲ့ရပါတယ်။ သူဟာ လောကီဥစ္စာပြည့်စုံမှုတွေ မှာ
ဘယ်လိုမှ မမွေ့လျော်နိုင်တော့တဲ့ နောက်ပိုင်း လက်ရှိအလုပ်ကို စွန့်လွှတ်ပြီး
အမိခင်နိုင်ငံကို ပြန်သွားခဲ့ပါတယ်။
မိသားစုနဲ့ ဆွေမျိုးတွေက သူ့ကို ခရီးဆောင်အိပ်ကြီးသယ်ဆောင်ပြီး ပြန်လာမဲ့
အောင်မြင်တဲ့ စီးပွားရေး သမားကြီးအဖြစ် မျှော်လင့်ခဲ့ကြတာပါ။
သူ့ကိုတကယ်တွေ့လိုက်ရတော့ ဗုဒ္ဓဘာသာစာအုပ်တွေနဲ့ ဒိုင်ဗင်ပစ်၊ ရေးကူးရာမှာ သုံးတဲ့
ပစ္စည်းတွေသယ်လာတဲ့ ဆံပင်ရိတ်ထားတဲ့ ယောဂီတစ်ယောက်ဖြစ်နေတာကို တွေ့လိုက်ရတယ်။
အခြားလူတွေအတွက်တော့ ရေကူးစရာ ပင်လယ်မရှိ တရားဆွေးနွေးစရာ ဗုဒ္ဓဘာသာဝင် မရှိတဲ့
နိုင်ငံကို ဒါတွေသယ်လာတယ် ဆိုတော့ ထူးဆန်းနေကြတယ်။ ထိုင်းနိုင်ငံက ပြည့်စုံတဲ့
ဘဝကို စွန့်ပစ်ခဲ့တော့ အချို့က မင်းစိတ်မှ မှန်သေးရဲ့လား ဆရာဝန်ပြပါလားလို့
နောက်ကြတယ်။ သူကတော့ တရားစာအုပ်တွေဖတ် တရားအားထုတ်နဲ့သာ ကိုယ့်ဟာကိုယ်နေခဲ့တယ်။
(သူမရှိတော့တဲ့ နောက်ပိုင်းမှာ သူအလုပ်၊လုပ်ခဲ့တဲ့ အပန်းဖြေစခန်းလေးဟာ ဆူနာမီဒဏ်
ခံလိုက်ရတော့ ခင်မင်ရင်းနှီးသူတွေ များစွာရုတ်တရက်သေဆုံးသွားတဲ့
သတင်းကိုကြားခဲ့ရတယ်။ ဆရာတော်အလောင် လျာတွက်လည်း သံဝေဂယူစရာတွေ ဖြစ်ခဲ့ပါလိမ္မယ်။
ကျွန်တော်ကတော့ သာသနာပြုဖို့ လူဖြစ်လာတဲ့ ပုဂ္ဂိုလ်ဖြစ်တာကြောင့် နတ်ကောင်း
နတ်မြတ်တွေများ စောင့်ရှောက်နေသလားလို့ တွေးမိသေးတယ်။)
အချို့သော ဆွေမျိုးတွေက ဆိုရင် စာအုပ်တွေ အားလုံးမီးရှို့ဖျက်ဆီးပစ်ဖို့နဲ့
ဘိုင်ဘယ်တစ်မျိုးတည်းကိုသာ ထိုင်ဖတ်နေဖို့၊ သူ့ကို ခရစ်ယာန်ဘာသာဝင် ပြန်ဖြစ်လာဖို့
စည်းရုံးကြသေးတယ်။ သူ့ကို အချို့ကလည်း ဆိတ်ကလေး၊ ကြက်ကလေးတွေ စားဖို့
လက်ဆောင်အဖြစ်ပေးပြီး ကြိုဆိုကြတယ်။ ဗုဒ္ဓဘာသာဝင်ဖြစ်လာတဲ့ ယောဂီလူငယ် Steven က
အကောင်တွေ သတ်တာကို မလိုလားတော့ဘူး။ အထူးသဖြင့် သူ့အတွက် သတ်မှာကို လုံးဝ
မဖြစ်စေချင်ဘူး။ ဗုဒ္ဓဘာသာဝင် မရှိတဲ့ဒေသမှာ သူဟာတစ်ဦးတည်း တရားအားထုတ်နေတယ်။
တိုင်ပင်စရာမိတ်ဆွေနဲ့ နည်းခံစရာ ဆရာမရှိတဲ့ဘဝမှာ သူမနေနိုင်တော့ဘူး။
ပိုမိုပြည့်စုံတဲ့ အမှန်တရားကို ရှာဖွေဖို့ သူဟာ အမိမြေကို
နောက်တစ်ကြိမ်စွန့်ခွာရပြန်တယ်။
တောင်အမေရီကား မြောက်အမေရီကားမှာ ဝိပဿနာတရားတွေ အားထုတ်ခဲ့တယ်။ Tathagata
Meditation Center TMC မှာ တရားအားထုတ်ခွင့်ရတယ်။ နောက်ပိုင်းမှာတော့ သူဟာ
ရဟန်းဝတ်ဖို့ကို ဆုံးဖြတ်လိုက်တယ်။ TMC စင်တာကပဲ ဗီယက်နာမ်ဆရာတော်တွေ၊
မြန်မာဆရာတော်ကြီးတွေရဲ့ ကျေးဇူးနဲ့ သာကီဝင်မင်းမျိုးမှ ရဟန်းပြုသွားသော
သိဒ္ဓတ္ထဂေါ်တမ ဘုရားရှင်ရဲ့ သားတော်အဖြစ်ကို ရယူခဲ့တယ်။ ဗုဒ္ဓရက္ခိတ ဘွဲ့တော်နဲ့
မြင့်မြတ်သော ရဟန်းဘဝကို ခံယူလိုက်တယ်။
ရဟန်းပြုပြီးတဲ့ နောက်ပိုင်း ဆရာတော်ဟာ အိန္ဒိယနိုင်ငံ တောင်ကြားဒေသတစ်ခုမှာ
တရားအားထုတ်နေရရင် ကောင်းမလား၊ အမိမြေကို ဓမ္မမျိုးစေ့ချပေးရရင် ကောင်းမလားလို့
အတွေး ၂-မျိုးဝင်လာတယ်။ မြန်မာဆရာတော်ဘုရားကြီး ဦးပဏ္ဍိတက ယူဂန်ဒါ နိုင်ငံမှာ
သာသနာပြုဖို့ကို အားပေးတော်မူခဲ့တယ်။ အမေရိကန်လူမျိုး အချို့ကတော့ ဗုဒ္ဓဘာသာဝင်
တစ်ဦးမှ မရှိတဲ့ဒေသမှာ ရဟန်းတပါးအဖြစ် နေဖို့ မလွယ်ကူနိုင်ကြောင်း
စားဖို့နေဖို့ပင် အခက်အခဲရှိနိုင်ကြောင်းတွေကို ပြောကြသေးတယ်။ နောက်ဆုံးတော့
ဆရာတော်အရှင် ဗုဒ္ဓရက္ခိတဟာ အမိမြေကို ပြန်ပြီး ဗုဒ္ဓသာသနာ ပြုဖို့ ဆုံးဖြတ်လိုက်တယ်။
အမိမြေကို မပြန်ခင် အိန္ဒိယ၊ မြန်မာ၊ သိရီလင်္ကာနိုင်ငံတွေကို
အလည်အပတ်သွားရောက်ခဲ့သေးတယ်။ သိရီလင်္ကာနိုင်ငံ ဘာသာရေး အဖွဲ့အစည်းတစ်ခုက
သူ့အပြန်လမ်းအတွက် ဗုဒ္ဓရုပ်ပွားဆင်းတုတော် ၂-ဆူထဲက တစ်ဆူကို လက်ဆောင်အဖြစ်
ယူသွားဖို့ ပေးလိုက်တယ်။ သူကလည်း အရွယ်ကြီးမားတဲ့ ရုပ်ပွားတော်ကို
ယူဖို့ဆုံးဖြတ်ခဲ့တယ်။ ဗုဒ္ဓဆင်းတုတော်ကြီးကို လေယာဉ်နဲ့ သယ်ဆောင်ရာမှာ
ကင်ညာနိုင်ငံအရောက် အခက်အခဲတွေနဲ့ ကြုံခဲ့ရတယ်။ ဘုန်းတော်ကြီးကို မဖူးမြင်ဖူးတဲ့
လူတွေက သူ့ကို အထူးအဆန်း ဖြစ်နေကြတယ်။ ဒေသခံ Maasai လူမျိုးစုတစ်ခုရဲ့
ဝတ်စားဆင်ယင်မှုနဲ့ ဆင်တူနေလို့ Maasai မဟုတ်ဘဲ ထေရဝါဒ ဗုဒ္ဓဘာသာဝင်
ရဟန်းတော်တစ်ပါးဖြစ်ကြောင်းကို ရှင်းပြခဲ့ရတယ်။
အိမ်ပြန်ရောက်လိုက်တော့ မိခင်ဖြစ်သူက တအံ့တသြဖြစ်ရတယ်။ သားရဟန်းကိုကြည့်ပြီး
Steven မှဟုတ်ရဲ့လားလို့ မေးသေးတယ်။ ဟုတ်မှန်ကြောင်း ပြောပြတော့ မယ်တော်ကြီးဟာ
သားဖြစ်သူကို အိမ်အရောက် ပြန်ပို့ပေးသော God ကို ကျေးဇူးတင်ကြောင်း ပြောသေးတယ်။
သားဖြစ်သူကတော့ သူ့ကို အိမ်ရောက်အောင် ပြန်လည်ပို့ဆောင်ပေးသော ဘုရားသခင်ဆိုတာ
လုံးဝမရှိကြောင်း ကောင်းကောင်းနားလည်နေတယ်။ ဒါပေမဲ့ အမေဖြစ်သူ စိတ်အနှောင်အယှက်
မဖြစ်စေချင်လို့ ဘာမှ မပြောပဲနေခဲ့တယ်။
ဗုဒ္ဓဆင်းတုတော်ကြီးနဲ့ သင်္ဃန်းဝတ်ကြီးနဲ့ အိမ်မှာကြာကြာနေလို့ မသင့်တော်တာကြောင့်
ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းလေး ဖြစ်လာအောင် အားထုတ်ရတယ်။ အမေရိကန်နိုင်ငံ TMC စင်တာက
ဆရာတော်ဘုရားကြီးတွေ ကျေးဇူးနဲ့ ယူဂန်ဒါ နိုင်ငံမှာ ပထမဆုံးသော ထေရဝါဒ ဗုဒ္ဓဘာသာ
စင်တာတစ်ခုကို ဖွင့်လစ်နိုင်ခဲ့ပါတယ်။
သတင်းသုံးရာ၊ ဆွမ်းခံရာ၊ အစစ နားမလည်သူတွေများလို့ အခက်အခဲ အမျိုးမျိုးတွေ့ရပါတယ်။
မြန်မာပြည်က ပါလာတဲ့ သံဃာတော်များကိုင်တဲ့ ယပ် ကို တင်းနစ်ကစားနည်းတစ်မျိုးအတွက်
ဘတ်တန်လို့ထင်သူတွေ၊ သပိတ်ကို ဗုံးထင်သူတွေ၊ ဘောလုံးထင်သူတွေ
ဝတ်စားဆင်ယင်မှုကိုကြည့်ပြီး တိုင်းရင်းဆေးရောင်းတဲ့ Maasai ထင်သူတွေ စသဖြင့်
အမျိုးမျိုးသော အခက်အခဲတွေ ရှိခဲ့ပါတယ်။ ဆွမ်းခံထွက်လို့ ဆွမ်းလောင်းရကောင်းမှန်း
သိသူကလည်း မရှိသလောက် ရှားခဲ့ပါတယ်။ ဒါပေမဲ့ ဆရာတော်ကတော့ ဖိနပ်မပါ ချေဗလာနဲ့
ကြိုးစားပြီး ဆွမ်းခံထွက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့
ဆင်းရဲသားများကတောင် ဆွမ်းလှူဖို့ သဒ္ဓါတရားတွေ ဖြစ်လာကြပါတယ်။
အမေရိကန်နိုင်ငံမှာရှိတဲ့ မိတ်ဆွေအချို့ရဲ့ အဆက်အသွယ်နဲ့ ယူဂန်ဒါနိုင်ငံမှာ
နေထိုင်နေကြတဲ့ ထိုင်းမိသားစုတွေ၊ သိရီလင်္ကာမိသားစုတွေရဲ့ လိပ်စာကို ရခဲ့ပါတယ်။
မယ်တော်ကြီးကိုပါ အတူတကွ အဆိုပါ မိသားစုတွေဆီကို ကြွခဲ့ပါတယ်။ ထိုင်းလူမျိုးတွေက
စုပေါင်းဖွင့်ထားတဲ့ စားသောက်ဆိုင်ကို ရောက်ခဲ့ပါတယ်။ ထေရဝါဒပုံစံ စနစ်တကျ
သင်္ဃန်းရုံထားတဲ့ ဆရာတော်ကို ဖူးမြှော်ရလို့ ထိုင်းလူမျိုးတွေဟာ
ဆွမ်းကိုလည်းလောင်းလှူကြ ရိုသေစွာ ရှိခိုး ကန်တော့ကြတာတွေ့တော့ မယ်တော်ကြီးက
အလွန်တရာ အံ့သြခဲ့ပါတယ်။ သိရီလင်္ကာလူမျိုးကလည်း စက်ရုံတစ်ခုရဲ့ ပိုင်ရှင်
အရပ်မြင့်မြင့် လူကြီးလူကောင်းတစ်ယောက်ပါ။ ဆရာတော်ကို မြင်တာနဲ့ ဗုဒ္ဓဝါဒီတို့
ထုံးစံအတိုင်း ရိုသေစွာရှိခိုးကန်တော့ပါတယ်။ အဲဒီအချိန်မှာ မယ်တော်ကြီးရဲ့
စိတ်ခံစားမှုသဒ္ဓါတရားကို မြင်လို့ ဆရာတော်က လက်ျာတော်ရံ အရှင်သာရိပုတ္တရာ ရဲ့
မယ်တော်ကြီး ချွတ်ခန်းကို သတိရခဲ့ပါတယ်။ ထိုင်းလူမျိုးတွေက ဆိုရင်
ယူဂန်ဒါနိုင်ငံမှာ ဆရာတော် သီတင်းသုံးသရွေ့ ဆွမ်းအဖို့ကို တာဝန်ယူပါရစေလို့ လျှောက်ထားလိုက်ပါသေးတယ်။
အိမ်ကို ပြန်ရောက်တော့ တစ်ချိန်တုန်းက ခရစ်ယာန်ဘာသာဝင်ဖြစ်ခဲ့ပြီး
လောလောဆယ်အနေအားဖြစ် အစ္စလာမ်ဘာသာဝင်ဖြစ်နေခဲ့သည်မှာ ၁၀-နှစ်ခန့် ကြာပြီဖြစ်သော
မယ်တော်ကြီဟာ ဗုဒ္ဓဆင်းတုတော်ရဲ့ တင့်တယ်လှတဲ့ ရူပကာယတတော်ကို
ကြည်ညိုတတ်ပြီဖြစ်ကြောင်း နဲ့ ဗုဒ္ဓဝါဒကို လေ့လာလိုကြောင်း သားရဟန်းပြောပါတယ်။
သားဖြစ်သူက တရာဓမ္မတွေ ဟောပြလို့ မယ်တော်၊ နှစ်မတော်နဲ့ ယောက်ဖ၊ တူ/တူမ များအပြင်
မိတ်ဆွေအချို့နဲ့ အနည်းငယ်သော ယူဂန်ဒါ နိုင်ငံသားတွေဟာ သရဏဂုံသုံးပါးနဲ့ ငါးပါးသော
နိစ္စသီလတို့ကို တည်ဆောက်သူ ဗုဒ္ဓရဲ့တပည့်သာဝကများ ဗုဒ္ဓဘာသာဝင်များ ဖြစ်လာကြပါတယ်။
အခုတော့ အာဖရိကတိုက်ရဲ့ ရတနာမြေ ဖြစ်သော ယူဂန်ဒါနိုင်ငံ the pearl of Africa မှာ
ဗုဒ္ဓဝါဒဟာ စတင်လို့ အမြစ်တွယ်ခဲ့ပါပြီ။
ဆရာတော်ဟာ ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ညီလာခံကြီးကိုလည်း
ယူဂန်ဒါနိုင်ငံတော် ကိုယ်စားပြုအနေနဲ့ ပထမဆုံး တတ်ရောက်ခွင့်ရခဲ့ပါတယ်။ King Oyo
of Tooro ယူဂန်ဒါနိုင်ငံက Tooro ဒေသရဲ့ဘုရင်လေး Oyo ဟာလည်း ဆရာတော်နဲ့အတူ
အစည်းအဝေးကို တတ်ရောက်ခဲ့ပါတယ်။ မကြာသေးခင်က မြန်မာနိုင်ငံမှာ
သီတဂူဆရာတော်ဘုရားကြီး ဦးဆောင်ကျင်းပခဲ့တဲ့ ထေရဝါဒဗုဒ္ဓဘာသာ တက္ကသိုလ်ပေါင်းစုံ
အစည်းအဝေးကြီးကိုလည်း တတ်ရောက်ခဲ့ပါတယ်။ ယူဂန်ဒါနိုင်ငံ Kampala မြို့တော်က
University of Makere ရဲ့ဖိတ်ကြားချက်ကြောင့် ဟောပြောပွဲတစ်ခုကို
ဟောပြောခဲ့ရပါတယ်။ အမေရိကန်နိုင်ငံ မဆာချူးဆက် တက္ကသိုလ်မှာလည်း အခါအားလျော်စွာ
ဟောပြောမှုတွေ ပြုလုပ်ပါတယ်။ အဲဒါတွေကတော့ ဆရာတော်ရဲ့ အောင်မြင်မှုတွေပါပဲ။
ဆရာတော်ရဲ့ အကြောင်းကို အင်္ဂလိပ်လိုဖတ်ပြီး မှတ်မိသလောက် မြန်မာလို ပြန်ချရေးတာပါ။
အတိမ်းအစောင်းလေးတွေ ပါနိုင်ပါတယ်။ Uganda Buddhist Centre
စာမျက်နှာမှာတော့ ဆရာတော်ရဲ့ ဟောတရားတွေကို Mp3 ဖိုင်အဖြစ်ရနိုင်ပါတယ်။
ဂျပန်နိုင်ငံမှာပြောခဲ့တဲ့ ဟောပြောမှုကို ဗီဒီယို ဖိုင်အဖြစ်လည်း
တင်ပေးထားတာတွေ့ရပါတယ်။ ယူဂန်ဒါ ထေရဝါဒ ဗုဒ္ဓဘာသာ စင်တာမှာ ကလေးငယ်တွေကို
အာဟာရကျွေးမွေးခြင်းနဲ့ ဓမ္မစာပေသင်ကြားပေးခြင်းအတွက် မြန်မာအမျိုးသမီးတစ်ဦးက
ကူညီပေးနေတယ်လို့လည်း သိရပါတယ်။
ဆရာတော် မြန်မာပြည်မှာ ရိုက်ထားတဲ့ ဖိုတိုတွေကိုတော့ ကျွန်တော်လည်း
ဒေါင်းလုပ်ချပြီး ကျွန်တော့် မာတိပလိုင်းမှာ တင်ထားပါတယ်။ အဲဒီဓါတ်ပုံတွေကတော့
ဒီမှာ (http://ywetwar.multiply.com/photos/album/5/5)ပါ။
လေးစားစွာဖြင့်
ကိုရွက်ဝါ။
***************
ဓမ္မရဲ့ အရသာ သိသူတွေကတော့ မြန်မာစာမတတ်ဘဲနဲ့ ဗုဒ္ဓဘာသာဝင်တွေတောင် ဖြစ်ကုန်ကြပြီ
မြန်မာရဟန်းတော်ကြီးတွေရဲ့ စာပေတွေကို အင်္ဂလိပ်ဘာသာပြန်တွေဖတ်ပြီး
လူတကာဖတ်စေချင်လို့ ပြန်ညွှန်းနေကြပြီ။ ဗုဒ္ဓရဲ့ ဟောတရားကို ရဟန်းပညာရှိ
လူပညာရှိတွေများစွာက မြန်မာဘာသာနဲ့ စာတွေပေတွေ တွင်တွင်ကျယ်ကျယ်ရေးခဲ့ကြတာတောင်
မြန်မာပြည်ဖွား ညီနောင်အချို့က ပိဋကတော်ကို
- ဘုရားဟော မူရင်းဟုတ်ပါ့မလား၊
- ဗုဒ္ဓက ဘာကျမ်းဂန်တွေများ ထားခဲ့လို့လဲ၊
- လေးသင်္ချေကမ္ဘာတသိန်းကို ဘယ်သူသက်သေပြနိုင်လို့လဲ၊ အစရှိတဲ့
မေးခွန်းတွေနဲ့ အချိန်ကုန်ပြီး ဓမ္မအရသာ ဝေးနေကြတယ်။ ဘယ်သူမှ
အတည်ပြုမပေးနိုင်တော့တဲ့ မေးခွန်းတွေ နဲ့ အချိန်မကုန်ကြစေဖို့ သတိပေးပါရစေ။
လေးသင်္ချေကမ္ဘာတစ်သိန်းဆိုတာကို မယုံကြည်နိုင်ရင် ပုံပြင်လို့
သဘောထားလိုက်ကြပါ။ အဲဒီဇာတက ဆိုတဲ့ ကျမ်းဂန်ကိုလေ့လာကြည့်ရင် အဓိကအားဖြင့်
ချီးမြှောက်ထားတဲ့ ကျင့်စဉ်က ပါရမီ ၁၀-ပါး ကျင့်စဉ်တရားပါ။ ဘဝနေထိုင်ရေး
မူဝါဒအနေနဲ့ အဓိကပေးသွားတာက စရိယာ ၃-ပါး အကျိုးမျှော်တရားပါ။
ပါရမီ ၁၀-ပါးဟာ တကယ့်ငြိမ်းချမ်းရေး လမ်းစဉ်မဟုတ်ဘူးလို့ ဘယ်သူငြင်းနိုင်သလဲ။
စရိယာ ၃-ပါးဟာ ပြည့်စုံတဲ့ အတွေးအခေါ်မဟုတ်ဘူးလို့ ဘယ်သူငြင်းနိုင်လဲ။ အဲဒီထက်
ပိုမိုငြိမ်းချမ်းတဲ့ လမ်းစဉ်တရားတွေ၊ ပြည့်စုံတဲ့ အတွေးအခေါ်အယူအဆတွေ ပိဋကစာပေ
ပြင်ပမှာ ရှိပါသလား။ ဘိုင်ဘယ်မှာ ရှိပါသလား၊ ကုရ်အာန်မှာ ရှိပါသလား။
နိဗ္ဗာန်ရောက်ကြောင်း အဘိဓမ္မာကြီးတွေကို မပြောသေးဘူးနော် အလောင်းတော်ဘဝက
ကျင့်စဉ်တရားနဲ့ အတွေးအခေါ်လေးပဲ ချပြထားတယ်။ အခြားကျမ်းမှာ အဲဒီလောက်
အဆင့်မြင့်မြင့် ကျွန်တော်ကတော့ မတွေ့ဖူးဘူး။
ဗုဒ္ဓဘာသာဝင်အဖြစ် မခံယူရင်တောင် ဒီကျင့်စဉ်၊ ဒီအတွေးအခေါ်တွေဟာ လောကအကျိုးပြုတဲ့
တရားတွေဖြစ်တယ်ဆိုတာ သာမာန်အတွေးအခေါ်ရှိရင် လူတိုင်းသိတယ်။ ကျွန်တော်ကတော့
အဲဒီကျင့်စဉ်တွေအတွက် ပိဋကကို ဂုဏ်ယူတယ်။ ပိဋကကို ယှဉ်ရဲတဲ့ ကျမ်းရှိရင် ယူခဲ့ကြ။
အဲဒီကျမ်းကို လေးစားစွာ ဦးထိပ်ပန်ဆင်ထားလိုက်မယ်။ အဲဒီကျမ်းပြုသူကို တစ်သက်စာ
ဆရာတင်လိုက်မယ်။ လေးသင်္ချေနဲ့ ကမ္ဘာတသိန်းဆိုပြီး ကိန်းဂဏန်းအတွက် သိပ်ပြီး
ကဲ့ရဲ့ချင်သူတွေအတွက် အဲဒီဇာတက တွေကပေးတဲ့ ပါရမီ ၁၀-ပါး ကျင့်စဉ်တရားကို ချရေး
ပြလိုက်တယ်။ ဘယ်စာပေဖတ်ဖတ် အနှစ်သာရကို ရှာတတ်ပါစေလို့လည်း ဆုတောင်းပေးလိုက်တယ်။
၁. ဒါန ပါရမီ= ပေးကမ်းစွန့်ကြဲလှူဒါန်းမှုကို ဖြည့်ကျင့်ခြင်း။
၂. သီလ ပါရမီ= သီလစောင့်ထိန်းမှုကို ဖြည့်ကျင့်ခြင်း။
၃. နိက္ခမ ပါရမီ= ကာမဂုဏ်မှ ထွက်မြောက်မှုကို ဖြည့်ကျင့်ခြင်း။
၎. ပညာ ပါရမီ= ဉာဏ်ပညာတိုးပွါး ရင့်ကျက်မှုကို ဖြည့်ကျင့်ခြင်း။
၅. ဝီရိယ ပါရမီ= ဇွဲလုံ့လ စွမ်းပကားကြီးမားရန် ဖြည့်ကျင့်ခြင်း။
၆. ခန္တီ ပါရမီ= သည်းခံခွင့်လွှတ်မှုကို ဖြည့်ကျင့်ခြင်း။
၇. သစ္စာ ပါရမီ= အမှန်အတိုင်းပြော၍ ပြောသည်အတိုင်း ဖြည့်ကျင့်ခြင်း။
၈. အဓိဋ္ဌာန ပါရမီ= စိတ်ဆုံးဖြတ်သည့်အတိုင်း ခိုင်မြဲစွာလိုက်နာ ဖြည့်ကျင့်ခြင်း။
၉. မေတ္တာ ပါရမီ= သူတပါးအကျိုးစီးပွါး လိုလားမှုကို ဖြည့်ကျင့်ခြင်း။
၁၀. ဥပေက္ခာ ပါရမီ= ချစ်ခြင်း မုန်းခြင်းမရှိ ကောင်းဆိုးနှစ်တန် ခံနိုင်ရည်ရှိစေရန်
ဖြည့်ကျင့်ခြင်း။
ရွက်ဝါဆိုဒ်မှ ကူးယူဖော်ပြပါသည်။
Tuesday, August 24, 2010
Thursday, August 19, 2010
ဗုဒ္ဓဘာသာကို “ကမ္ဘာ့ အကောင်းဆုံး” ဘာသာတရားတရားအဖြစ် ဆုရွေးချယ်ချီးမြှင့်
ဗုဒ္ဓဘာသာကို “ကမ္ဘာ့ အကောင်းဆုံး” ဘာသာတရားတရားအဖြစ် ဆုရွေးချယ်ချီးမြှင့်
ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့အခြေစိုက်အပြည်ပြည်ဆိုင်ရာဘာသာရေးနှင့်
အသိဥာဏ်မြင့်မားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ဗုဒ္ဓဘာသာကို
“ကမ္ဘာ့အမွန်မြတ်ဆုံး၊ အကောင်းဆုံး” ဘာသာတရားအဖြစ် ဆုချီးမြှင့်ခဲ့ပါတယ်။
အဆိုပါ အထူးတစ်လည်ချီးမြှင့်ခဲ့တဲ့ဆုကို ကမ္ဘာ့ဘာသာပေါင်းစုံမှ ကိုယ်စားလှယ် ၂၀၀
ကျော်ကရွေးချယ်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး
ပို၍၀မ်းမြောက်အံ့သြဖွယ်ကောင်းသည်မှာ ပါဝင်ရွေးချယ်သည့်
ဘာသာရေးခေါင်းဆောင် အများစုက အဆိုပါအဖွဲ့အစည်းတွင်အဖွဲ့ခွဲဝင်
အနည်းဆုံးဖြစ်သော ဗုဒ္ဓဘာသာကို မိမိတို့ ဘာသာထက်ကျော်လွန်ပြီး ဆန္ဒမဲပေးခဲ့
ကြခြင်းဖြစ်သည်။
ပါဝင်ဆန္ဒမဲပေးခဲ့သူလေးဦးက ပြောဆိုခဲ့ရာတွင်…
အဆိုပါအဖွဲ့ကြီး၏သုတေသနညွန်ကြားရေးမှူး Jonna Hult က ” ဒီကမ္ဘာ့အမွန်မြတ်ဆုံး၊
အကောင်းဆုံး ဘာသာတရားဆုကို ဗုဒ္ဓဘာသာက
ရရှိတာအံ့သြစရာမရှိပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ကမ္ဘာပေါ်မှာ
ဗုဒ္ဓဘာသာကြောင့် ဖြစ်ပွားပေါ်ပေါက်ခဲ့တဲ့ စစ်ပွဲဆိုတာမရှိခဲ့ပါဘူး။
တစ်ခြားဘာသာများနဲ့ မတူတာကအဲဒါပါပဲ။ တစ်ခြားဘာသာတွေက အကယ်၍ဘုရားသခင်သာ
မှားယွင်းခဲ့ယင်ဆိုတဲ့ အတွေးနဲ့ လက်နက်တွေကို အရံသင့် ထားကြပါတယ်။
ဗုဒ္ဓဘာသာဝင်တစ်ယောက်ဟာ(ဘာသာရေးအတွက်နဲ့) စစ်တိုက်တာကို တွေ့ရဖို့
အတော်ခဲယဉ်းပါတယ်။ တစ်ခြားဘာသာဝင်တွေရဲ့ အစဉ်အလာအလေ့အထနဲ့ ဆန့်ကျင်စွာပဲ
ဗုဒ္ဓဘာသာဟာ ကိုယ်ကိုယ်တိုင်ကျင့်ကြံတဲ့ တရားကိုသာသူများကို
ဟောကြားခဲ့တာပါပဲ” လို့ဆိုခဲ့ပါတယ်။
Belfast
မြို့မှ ကက်သလစ်ဘုန်းတော်ကြီး Ted O’Shaunghnessy ကတော့ ကက်သလစ်သာသနာကို
မြတ်နိုးကိုကွယ်ပေမယ့် လူသားတွေကိုမေတ္တာဂရုဏာထားရန် ဟောကြားပြီး
လူသားတွေကိုပဲ သတ်ဖြတ်ကာ ဘုရားသခင်ရဲ့ အလိုဆန္ဒ နားလည်ပါတယ်လို့ ပြောကြတာက
စိတ်အနှောက်အယှက်အဖြစ်ရဆုံးပါပဲ။ ဒါကြောင့် မွန်မြတ်တဲ့ ဗုဒ္ဓဘာသာကို မဲပေးခဲ့တာပါလို့ အမိန့်ရှိခဲ့ပါတယ်။
ပါကစ္စတန်က မွတ်ဆလင်ဘာသာရေးခေါင်းဆောင် Tal Bin Wassad ကလည်းဒီအဆိုကိုသဘောတူထောက်ခံခဲ့ပါတယ်။
အဆိုပါအဖွဲ့ကြီးရဲ့ပါကစ္စတန်နိုင်ငံမွတ်စလင်အစည်းအရုံးဆိုင်ရာ မဲပေးရေး
အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ သူက “ကျွန်တော်ဟာ
အစ္စလာမ်ဘာသာကိုနှစ်နှစ်ကာကာ ယုံကြည်သူတစ်ယောက်ပါ။ သို့သော်လည်း
ပုဂ္ဂိုလ်ရေးဆိုင်ရာ ခံစားချက်ထက် ဘာသာရေးကို အကြောင်းပြပြီး
အမျက်ဒေါသတွေထွက်ကြ၊ သွေးမြေကျကြရတာတွေကို တွေ့မြင်ခံစားရပါတယ်။
ဗုဒ္ဓဘာသာဝင်တွေကတော့ အဲဒါကို သိမြင်နားလည်သဘောပေါက်ခဲ့ကြပါတယ်။
ပြောရယင်ကျွန်တော့်ရဲ့ အရင်းနှီးဆုံးမိတ်ဆွေတစ်ချို့ဟာ ဗုဒ္ဓဘာသာဝင်တွေပါ ”
လို့ပြောခဲ့ပါတယ်။
အစ္စရေးနိုင်ငံ ဂျေရုဆလင်မြို့က ဂျူးဘုန်းတော်ကြီး Shmuel Wasserstein ကတော့
“ကျွန်တော်လဲ ကျွန်တော့်ဘာသာဖြစ်တဲ့ ဂျူဒါအစ်ဇင် ကိုနှစ်သက်မြတ်နိုးပါတယ်။
ကိုယ့်ဘာသာမို့ကိုယ် ဒါဟာကမ္ဘာ ပေါ်မှာ အကြီးမြတ်ဆုံး ဘာသာတရားလို့
လည်းထင်ပါတယ်။ ဒါပေမယ့် ရိုးရိုးသားသားဝန်ခံရယင် ကျွန်တော်ဟာ
နေ့စဉ်ဂျူးဘာသာအရ ၀တ်မပြုခင် ၀ိပဿနာတရားကိုကျင့်ကြံ အားထုတ်နေတာ ၁၉၉၃
ခုနှစ်ကတည်းကပါ။ ဒါကြောင့် အခုလို မဲပေးလိုက်ပါတယ်” လို့ ပြောလိုက်ပါတယ်။
သို့သော် စိတ်မကောင်းစရာ အချက်တစ်ခုက အဆိုပါအဖွဲ့ကြီးအနေဖြင့်
ထိုဆုကိုလက်ခံမည့်သူတစ်ယောက်ကိုမျှ မတွေ့ခဲ့ရပေ။ သူတို့
ဆက်သွယ်ပြောဆိုသမျှ ဗုဒ္ဓဘာသာဝင်အားလုံး ကထိုဆုကိုလက်ခံဖို့ ငြင်းပယ်
ခဲ့ကြခြင်းဖြစ်သည်။
အဘယ်ကြောင့် ထိုဆုကိုလက်ခံရန် ငြင်းဆန်ရကြောင်းမေးမြန်ခဲ့ရာ မြန်မာဗုဒ္ဓဘာသာအသင်း
ဘုန်းတော်ကြီး ဂုရတ္တက “ယခုလိုမိမိတို့ဘာသာကို
အသိအမှတ်ပြုချီးမြှင့်သည့်အတွက် ၀မ်းမြောက် ကျေးဇူးတင်ကြောင်း၊ သို့သော်
ဒီဆုကို အမြတ်ဆုံး လွတ်မြောက်မှုနိက္ခမဓါတ်၊နိဗ္ဗာနဓါတ်
ကြိုးစားအားထုတ်ကာရရှိနိုင်သည့် လူသား အားလုံးကို မိမိတို့
မျှဝေပေးအပ်ပါကြောင်း…” မိန့်ကြားခဲ့ပါတယ်။
http://blog.beliefnet.com/onecity/2009/07/freedom-from-religion-bud...
Tuesday, August 17, 2010
Ashin Issariya (aka King Zero): “We need unity. We need to act and work hard.”
Ashin Issariya (aka King Zero): “We need unity. We need to act and work hard.”
September 27 will be the third anniversary of the brutal crackdown on the peaceful Saffron Revolution in Burma in 2007. Since then many monks have been arrested, forcibly disrobed, and put into jail and forced labor camps. Others have been forced into hiding. Some have fled to Thailand, while others are still hiding inside the country. While their struggle for peace and freedom goes on, the world seems to have forgotten about them. I recently spoke with Ashin Issariya, one of the leaders of the Saffron Revolution, about the current situation of the Burmese monks.
“The situation in Burmese monasteries is increasingly difficult these days. The military tries to control everything. Especially the senior monks are under strict and constant supervision. The regime wants to know exactly which monks are working for democracy, which monks are politically active. The senior monks are obligated to give this information to the regime. This brings them [senior monks] to a very dangerous and difficult situation. Even if they want to support politically active monks, they cannot do so easily.
Some senior monks are also in hiding because of this. Some monks change their color, which means they give up their robes and wear lay peoples’ clothes, in order to stay inside the country. Others have to flee and go to Thailand, India, or Bangladesh. So it is very, very difficult now.
However, many monks are still finding ways to boycott the regime. Many of the monasteries don’t accept offerings from officers of the military regime. Some senior monks are too afraid to decline an offering from the regime because if they do so the monastery can be closed and the senior monks can be sent to jail. Because of this, some monks accept their donations even though they don’t want to.
Buddhist monks in Burma face many difficulties these days
Buddhist monks in Burma face many difficulties these days
In years since the Saffron Revolution, around 60 monasteries have been closed in many different parts of the country. The regime has closed certain monasteries and sealed them off. Recently near Shwedagon Pagoda three monasteries were closed. At that time it was the Buddhist Lent period. During this time of the year Buddhist monks are not allowed to travel. So these monks faced a lot of troubles because they had to move to other monasteries.
I am still in close contact with leaders of the monks, political leaders, and also student leaders. We can be in touch through the Internet, phone, and messengers. While moving from one city to another or even walking on the street, monks are checked all the time. Since 2007, every time they go out they are followed by military intelligence agents and asked a lot of questions. This makes it very difficult for a monk to move around. There are different ID cards for monks from different divisions. These ID cards are checked all the time.
Also, inside the monasteries there are informers dressed as monks. The military regime wants to know exactly who is politically active. They are afraid of the monks. They know the monks are able to organize a lot of people to demonstrate again. They know that most people listen to the monks, and that is a great threat to the regime.
But the monks know each other very well. Most have been living together as monks for a long time. In this way they can know if someone is an informer or a real monk. Most informers have been monks for only a short time.
Many monks are still hiding in Burma. I hear about it a lot. Some hide by going from place to place. Some disrobe [giving up the monk hood] even though they do not want to do this. Others, who cannot live in the city anymore, are hiding in the jungle. They build meditation centers in the jungle.
If it becomes too dangerous for a politically active monk to live inside the country because he is constantly followed or someone has found out they are working politically, they have to flee the country. The military regime will try to find out his monastery. They will come to the senior monk and ask a lot of questions. “Is this monk living in this monastery?” The senior monk will usually tell his disciple to move to another place when this happens.
The laypeople know the situation very well and hide monks in their houses and help them to get from one place to another. Laypeople really help the monks a lot.
For Burmese monks who come to Thailand it is very difficult to find a place in a Thai monastery. Most Thai monasteries don’t accept Burmese monks. Many monks have told me about their difficulties. They applied to live in a Thai monastery, but they were rejected. The abbot will give a lot of reasons for this, for example, ‘This monk is not good, it will not be good for other monks if he stays here’. But the true reason is that the Thai monks think they might get problems with Thai or Burmese authorities, and because of this reason they don’t want to accept Burmese monks.
In Thailand it is not allowed for a monk to stay in a lay person’s house. So these monks have to be very careful. They cannot go out in the evening, because they might get followed by the police and get found out that they are not living in a monastery. For this reason they can also not take part in the morning alms rounds to collect food.
In the Mae Sot area we can move freely. But going to Chiang Mai or Bangkok is difficult. For this a passport or some kind of valid ID is needed. Many monks don’t have that because they had to flee fast. If we want to go to Chiang Mai we need to go to an office and apply for permission.
Many Saffron Revolution monks are now in Nu Po refugee camp
Many Saffron Revolution monks are now in refugee camps
Some monks eventually go back to Burma, but those who cannot go back have to go to a refugee camp if they cannot find a monastery to accept them.
Now everyone sees things in terms of ‘Before the Election’ and ‘After the Election’. Most of the people in our country are very poor. They do not have enough money to buy food. Because of this reason we know there should be demonstrations again, but we don’t know when they will happen. From the Saffron Revolution, we know it is not enough if the leaders are only monks. We need the leadership of the next uprising to be made up of monks, students, and democratic politicians. We are working on creating the situation so that the next demonstrations will be even larger and more effective than 2007.
You are a founding member of the All Burma Monks Alliance. What is the position of the All Burma Monks Alliance towards the upcoming elections?
The All Burma Monks Alliance has never accepted this election because it is based on the 2008 constitution. If you accept the election, you have to accept the constitution. It is not a democratic constitution. Political parties have never had a chance to organize or to speak out freely. The military regime will only change the color of their clothes. They may change their uniform, but it has nothing to do with democracy. They have never gone the democratic way.
For this reason, we monks from the All Burma Monks Alliance have never accepted this election.
Do you, as well as the monks still inside Burma, get support from other monks who are living abroad now?
Only a few monks from abroad are actually working together with us. Maybe when they are so far away they start to forget about our struggles. I have many contacts with monks inside Burma. I try to support them and help in any way with information, money, or whatever they need.
But the monks who are living in America, or other countries, don’t support us. We have no contact. I want to say to them, in this time all monks need to unite. Unity is very important.
I’m in contact with many many people and monks here. As you know I’m living in Mae Sot, and there are many Burmese migrants and refugees here. Monks from Burma can come here easily.
Ashin Issariya (aka King Zero) during the Saffron Revolution
Ashin Issariya (aka King Zero) during the Saffron Revolution
How do you think should the Burmese people act now?
I want to say to the Burmese people and the monks, in these times with our country’s situation so difficult, we need to unite. We need unity. We have to try to make a new, clear way for our country to improve. We have to try to demonstrate again.
Burmese people need to boycott the election 100%. On the election day, they should not vote at all. I encourage them to stay home and ignore the election – or, better yet is if they demonstrate in the street against the election. But they should not vote at all. This will show that we do not accept the legitimacy of the election.
We all agree that we can never accept the election of this military regime. If we don’t accept it, we have to try to do something. Only talking is not enough. We have to do something. We have to work for our country. For example, we need to speak out that we do not accept this 2010 election. Whenever we talk and wherever we are. We need to write it on paper, on the money, on the wall, everywhere. At this moment too many people are only saying it in a monastery or in a house. We need to act and work hard!
By Ashin Issariya (aka King Zero), Alexandra Rösch, Garrett Kostin
http://www.thebestfriend.org/2010/08/17/we-need-unity/#more-3997
http://mizzima.com/edop/interview/4251-interview-with-abma-member-ashin-issariya-.html
Monday, August 16, 2010
Saturday, August 14, 2010
Seven eleven elections
Seven eleven elections
Today – Friday 13th August, which is believed by some in Western countries to be an unlucky day – the long awaited election date in Burma was announced: on 7th November of this year, Burmese people can cast their votes in what has no chance of being free or fair elections.
What is The Best Friend's opinion on these elections and what will happen in the lead up tothem?
King Zero:
“It's for sure that the junta will win these upcoming elections. As soon as the votes are cast, theywill declare their victory. This is not good for the Burmese people. The junta will only change their clothes, not the system.
We hope, we believe in the people. People power is very important, especially now. We need to demonstrate again. We need to speak out and disagree with all this.”
“As The Best Friend we agree with and support the viewpoint of the NLD, but I would like to make a suggestion to the NLD: please send out a clear message to the people now. The people do not know what the NLD wants and what is happening to the people. We suggest to the NLD to give a clear message: what are they planning to do for the people. Now, this is not clear. People do not know now. And they are waiting to hear it.”
“The people are trying to do something, to prepare some action. They do not like these elections.They must become active and do something. At the moment, many people inside Burma are poor.
They have no food, no money. Life is very difficult inside these days. The people are also angry.They have big problems surviving. We notice it here in Mae Sot: more and more people from Burma flee to Mae Sot.”
“I connect with the people inside, via telephone and email. I also hear about what's happening inside and about the mood and atmosphere through visitors. They explain to me about inside. We are distributing strickers and pamphlets to inform the people and to try and encourage the people to stand up, take action and speak out.”
“I don't really want to live abroad. I only want to live inside Burma. I'm needed there. I want to help my people.”
Ashin Kovida:
“The elections are good, I agree with the idea, but they should be free and fair. And all political prisoners should be released. If not, we need international pressure; the international community must get involved. We need serious action from them, verbal action. They must speak out and make official statements, instead of remaining quiet. With one voice they should reach a statement about
the release of political prisoners and about the election, that it should be all inclusive.”
“The countries in the West should persuade neighbouring countries of Burma, like the ASEAN, to pressure the regime. And to speak out for justice. Political parties that register should be free to campaign and have freedom of press.”
“I like the concept of the 'no-vote', but many people don't know exactly what this means and that you also have a choice not to vote. They live in fear. And the junta doesn't care, they are ready to announce their victory. They own the whole media, all tv, all magazines and newspapers. They can announce anything they want.”
“Now that the election date has been announced, I'm curious what will happen. Of course, the elections will not be fair. I want to know how they will go about it. As The Best Friend, we speak on behalf of the people. We don't speak on behalf of organisations or parties.” “The elections should be welcomed if anybody wants to vote for democracy, but they should be free and fair. And elections alone are not enough to bring democracy and freedom to Burma. All parties should be able to participate. If not, the international community should warn the regime that they
will not legitimise and recognise the results and the resulting government.”
Wednesday, August 4, 2010
ဥာဏ်စမ်းပဟေဠိ ဖြေကြည့်ကြရအောင် ၇
ဥာဏ်စမ်းပဟေဠိဖြေကြည့်ကြရအောင် ၇
ဒီတစ်ခါမေးမဲ့မေးခွန်းလေးက ဇာတ်နိပါတ်ထဲကဖြစ်ပါတယ်။
ဘောဂပြည်မှာ ဥာဏရာဇာမင်းကြီးဆီမှာ ဗလနှင့် သောမ ဆိုပြီးမင်းသားနှစ်ပါးရှိပါတယ်။
ဗလကတော့ ဘုရင့်ရဲ့သားဆိုပြီးတော့ ကြမ်းတမ်းတယ် ရိုင်းစိုင်းတယ်။ဘယ်သူကိုမှဂရုမစိုက်ဘူး... သူလာရင်
လမ်းဖယ်မဖယ်ပေးရင် အကုန်ဝင်တိုက်ပါပဲ။တစ်နေ့ ဗလသည် မြင်းကိုစီးလျက် မင်းပွဲသဘင်သို့လာပါတယ်။လမ်းမှာ ခရီးသွားအဖိုးအိုတစ်ယောက်ကိုလမ်းမဖယ်ပေးရမလားဆိုပြီးမြင်းနဲ့ တိုက်လိုက်ပါတယ်။အဖိုးအိုလည်းလမ်းဘေးလိမ့်ကျသွားပါတယ်။ဒီလိုပါဘဲ ယုတ်မာတဲ့သူတွေဟာ အာဏာရှိလာပြီဆိုရင် အာဏာကိုအကြောင်းပြပြီး ထင်ရာစိုင်းတတ်ပါတယ်။ဗလရဲ့ ညီ သောမမင်းသားကတော့ သနားကြင်နာတတ်ပါတယ်။လမ်းမှာ သူ့အစ်ကိုတိုက်လိုက်လို့လဲကျနေတဲ့အဖိုးအို ကိုသေချာစွထူမပေးပါတယ်။ခြေထောက်နာသွားတာကိုတွေ့ရတဲ့အတွက် သူစီးလာတဲ့မြင်းကို အပိုင်ပေးလိုက်ပါတယ်။အဖိုးကြီးက၀မ်းသာစွာနဲ့ဘဲ သူဆီမှာပါလာတဲ့ သုတကျမ်းရတနာ ကိုလက်ဆောင် ပေးလိုက်ပါတယ်။မင်းသားသည်အစအဆုံးဖတ်တယ်လေ့လာတယ်။ဗလကတော့ စာမဖတ်ပေမဖတ် ရမ်းကားစော်ကားပြီးနေပါတယ်။
အိမ်နီးချင်းတိုင်းပြည်တစ်ပြည်မှ သံအဖွဲ့သည် ဘောဂပြည်သို့လာပြီး မင်းကြီးရဲ့တိုင်းပြည်သည် ပညာရှိ များပေါများသည် ဒါကြောင့် မေးခွန်းသုံးခုပါပါသည်။ဖြေကြားပေးပါဟုလျှောက်ထားပါသည်။
ထိုမေးခွန်းသုံးခုမှာ ၁။အရိုးသာ အတောင်အမြီးဖြစ်သော ငှက်သည်အဘယ်ငှက်နည်း။
၂။အသားသာ အတောင်အမြီးဖြစ်သော ငှက်သည်အဘယ်ငှက်နည်း။
၃။အမွေးသာ အတောင်အမြီးဖြစ်သော ငှက်သည်အဘယ်ငှက်နည်း။
ထိုမေးခွန်းကို မင်းနှင့်တကွဘယ်ပညာရှိမူးမတ်တွေကမှမဖြေနိုင်ခဲ့ပါဘူး။အကိုဗလ လူရမ်းကားကတော့
ဒီလိုခက်ခဲသောမေးခွန်းကိုမေးရပါမည်လားဆိုကို သွားဖမ်းဆီးပြီးသတ်မည်လုပ်နေလို့ မလုပ်ပါနဲ့လို့တား
ဆီးလို့မရတဲ့အတွက် ဘုရင်ကိုယ်တိုင်သူ့သားဗလကိုတိုင်းပြည်ကနှင်ထုတ်လိုက်တယ်။တို့တိုင်းပြည်လည်း ဒီလိုကြမ်းတမ်းယုတ်မာတဲ့သူတွေကိုနှင်ထုတ်နိုင်ရင်ကောင်းမယ်နော်…..ဘယ်သူမှမဖြေနိုင်တဲ့ မေးခွန်းသုံး သွယ်ကို သုတရတနာကျမ်းဖတ်ထားတဲ့ ညီငယ်သောမ သူတော်ကောင်းလေးက ဖြေဆိုနိုင်လိုက်လို့ အားလုံးက ၀ိုင်းဝန်းချီးကြူးကာ အိမ်ရှေ့မင်းသားအဖြစ်ချီးမြင့်မြောက်စားလိုက်ပါသည်။
ကဲအားလုံး သောမနေရာက ဖြေကြည့်ပေးကြပါအုံးလို့တိုက်တွန်းရင်း…….
မြန်မာနိုင်ငံမှာ ပညာရှိသူတော်ကောင်းများထွန်းကား၍ သူယုတ်မာများဘေးမှကင်းဝေးကြပါစေ…
ဦးကင်း…..