Tuesday, January 31, 2012
ပြည်ပရောက် မြန်မာပညာတတ်များ အလိုရှိသည်
ဆရာတွေ နားနေခန်းမှာ ရွှေမြန်မာတွေတင်တဲ့ သတင်းတွေကို ဟိုကလစ် ဒီကလစ် လုပ်နေတဲ့အချိန် အရပ်အမောင်းက မနိမ့်မမြင့်၊ အသားအရေကလည်း ဥရောပတိုက်သားနဲ့မတူ၊ အာရှသားတွေရဲ့ အသားအရေ မျိုးလည်းမဟုတ်တဲ့ အသက် ၃၀ နီးပါး ခန့်မှန်းရတဲ့ လူရွယ်တဦး CDC ကျောင်းအုပ်ကြီး ရုံးခန်းကို ၀င်ရောက်လာပါတယ်။ သူ့ကို ခေါ်လာတဲ့ ပုဂ္ဂိုလ်၊ ရွှေ့ပြောင်း အလုပ်သမား ပညာရေး အတိုင်ပင်ခံ ကိုသိန်းနိုင်က မိတ်ဆက်ပေးပါတယ်။
သင့်ကိုသင် မေးဖို့ မေးခွန်း ၁၀၀
သူတပါးကို ကိုယ်က ဝေဖန်အကဲဖြတ်ရသည်မှာ လွယ်သည်။ သို့ရာတွင် ကိုယ့်ကိုယ်ကိုယ် ဝေဖန်စိစ်ရသည့်အခါ ညှာတာခွင့်လွတ်တတ်ခြင်း၊ ဘက်လိုက်တတ်ခြင်း၊ အထင်ကြီးတတ်ခြင်း၊ လက်တွန့်တတ်ခြင်း၊ စသည်တို့ကြောင့် မှန်ကန်ပြတ်သားခြင်း မရှိတတ်ပေ။ ထိုသို့ဖြစ်တတ်သောကြောင့် ပြုပြင် ရာတွင်လည်း မထိရောက်၊ အမှန်မရောက်ဘဲ ရှိတတ်ပေသည်။
သို့ရာတွင် သူတပါးကို ဝေဖန်သည့်အခါ အပြစ်ကို ကွက်ကွက်ကွင်းကွင်း မြင်ရတတ်သည်။ ထို့ကြောင့် မိမိကိုယ်ကို အကဲဖြတ်ရာတွင် အမှတ်ပေးစနစ်ကို အသုံးပြုရန် လိုသည်။ ယခုအခါ အလှမယ်ရွေးပွဲ၊ လက်ဝှေ့ ပြိုင်ပွဲ၊ လူရွေးပွဲ၊ စာပေပြိုင်ပွဲ စသည်တို့တွင် အကဲဖြတ်များထား၍  ထိုအကဲဖြတ်များက ကောင်းခြင်း၊ စိတ်ကျေနပ်မှုရခြင်းတို့ကို သီးခြားအမှတ်ပေး၍ ဆန္ဒပြုကြရပေသည်။ အမှတ်ပေးရန် စံများကိုလည်း ဦးစွာ ညှိနှိုင်းရေးဆွဲ၍ ထိုစံအတိုင်း အကဲဖြတ် အမှတ်ပေးလေ့ ရှိကြသည်။
အကျဉ်းစံ အရှုံးသမား၏ အညှင်းခံနှလုံးသား(ရေးသားသူ ဆရာတော် ၀ီရသူ)
အကျဉ်းစံ အရှုံးသမား၏ အညှင်းခံ နှလုံးသား (ဆရာတော် ဝီရသူ)
သမိုင်း၏တရားခံ(ရေးသားသူ ဆရာတော် ၀ီရသူ)
သမိုင်း၏တရားခံ (ရေးသားသူ ဆရာတော် ဝီရသူ)သမိုင်းတရားခံ (ဆရာတော် ဝီရသူ)
Thursday, January 26, 2012
ရိုသားစွာကြိုးစားခြင်းဖြင့် ဘဝအောင်မြင်မှုပန်းတိုင်ဆီသို့
မပုကြွယ်နှင့်ခရုငယ်ဆိုတာ မြန်မာပြည်သားတိုင်း နားရည်ဝနေတဲ့ ပုံပြင်တစ်ပုဒ်ပါ။ ဆရာဆရာမတွေရဲ့ပါးစပ်ဖျားမှာတစ်တွတ်တွတ် ရွတ်ဆိုပြနေတဲ့ပုံပြင်ပါ။ကျတိုင်းကျတိုင်း ပြန်တက်ပြီး  နောက်ဆုံးတိုင်ထိပ်ပေါ်ကိုရောက်ရှိသွားတဲ့ခရုငယ်ကိုအတုယူပြီးးအတန်းထဲမှာ အညံ့ဆုံးဖြစ်တဲ့ မပုကြွယ်ဟာမရဘူးလို့ဆုံးဖြတ်ထားတဲ့စာကို အခေါက်ခေါက်ပြန်ပြီးကျက်လိုက်တာ အတန်းထဲမှာ အတော်ဆုံးလူဖြစ်သွားတယ်ခင်ဗျ။
အတွေးအမြင် (စာစဉ်-အမှတ် -၁၆၁၊ ၂၀၀၃ မတ်လ)
ဖောင်စီးလူခုနှစ်မျိုး
လူသားသည် ဘဝကို ကျင်လည်ရခြင်းမှာ အဆုံးအစမရှိသော သမုဒ္ဒရာပြင်ကျယ်တွင် မျောနေသည့် ဖောင်ပေါ်၌ လိုက်ပါနေခြင်းနှင့် တူသည်ဟူသော ဒဿနအမြင်တစ်မျိုးရှိသည်။
ကွဲပြားခြားနားသော လူတို့၏ စရိုက်များသည် ဖောင်ပေါ်၌ ပါရှိသော လူခုနစ်မျိုးနှင့်တူသည်။ ဘဝ၏ ကောင်းရာမှန်သမျှသည် ဒုက္ခကို မြှူဆွယ်ခြင်းသာဖြစ်သည်ဟု တွေးနေသော အဆိုးမြင်ဝါဒီလည်း တစ် ယောက်။ ယနေ့ကို ပျော်ပျော်ခံစားပါဟု ဆိုသော အတ္တဗဟိုပြုဝါဒီလည်း တစ်ယောက်။ (သူသည် ဖောင်ပေါ်တွင် ဇိမ်အကျဆုံး နေရာကို ရရှိရန် တတ်နိုင်သရွေ့အစွမ်းကုန် ကြိုးစားသည်။)
ရှေ့မှာ ရွှေကမ္ဘာကြီးရှိသည်။ မိုးကုတ်စက်ဝိုင်းထဲမှာ ရွှေကမ္ဘာကြီးကို တွေ့တော့မည်ဟု အမြဲတမ်း လှမ်း ကြည့်နေသော အကောင်းမြင်ဝါဒီလည်းတစ်ယောက်။ ခရီးစဉ်မှတ်တမ်းကို ရေးသားရန် အချိန်ရနေသော အကဲခတ်သမားလည်းတစ်ယောက်။(သူသည် ပင်လယ်လှိုင်း၊ ဖောင်နှင် ခရီးသွားဖော်တို့၏ အခြေအနေတို့ကို မှတ်တမ်းတင်ပြီး အကဲခတ်နေတတ်သည်။
ပြည်ဖျက်ခင်ညွှန့် ဘာကြောင့်ဒေါ်လာ ၅၀၀၀ ရခဲ့သလဲ
ကြာသာပတေးနေ့၊ ဇန်နဝါရီလ ၂၆၊ ၂၀၁၂
ဇေကမ္ဘာခင်ရွှေက ခင်ညွန့်ကို တလ အမေရိကန်ဒေါ်လာ ငါးထောင် (ကျပ်ငွေ သိန်း ၄၀ကျော်) လစာပေးမယ်လို့ ဆိုတယ်။
ခင်ညွန့်ရမဲ့လစာ တလ ဒေါ်လာ ငါးထောင်ဆိုတာ ဖိလစ်ပိုင်သမ္မတလစာထက် ၄ ဆများပါတယ်။ ဗီယက်နမ်သမ္မတလစာထက် အဆ၂၀ များတယ်။ ထိုင်းဝန်ကြီးချုပ်လစာထက် ၂ ဆနီးပါးများတယ်။ သဘောကတော့ ခင်ညွန့်ကို သိက္ခာမကျအောင် အာဆီယံခေါင်းဆောင်တွေနဲ့ ခင်ရွှေက ကြေးတန်းညှိပေးလိုက်တာ ဖြစ်ပါတယ်။
Wednesday, January 25, 2012
မလွှတ်ရသေးသောနိုင်ငံရေးအကျဉ်းသားများစာရင်း
Pri02_thumb_medium200_141အကျဉ်းထောင်များအတွင်း ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသားများ စာရင်းဖြစ်ပါသည်။  ဤစာရင်းများတွင် အမှားအယွင်း အချို့ရှိနိုင်ပါသည်။  ဤအတွက် အကြံဥာဏ်ပေး နိုင်ဖို့ ဖုန်းနံပါတ် များလည်း ထည့်ပေးထားပါသည်။ ဤစာရင်းများအားလုံးကို နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှပြုစုထားခြင်း ဖြစ်ပါသည်။
 http://www.phophtaw.org/burmese/index.php/news/local-news/1066-2012-01-25-11-08-24.html
Tuesday, January 24, 2012
ခွင့်လွှတ်ခြင်း
တင်တင်
ခွင့်လွှတ်ခြင်းဆိုတာ သူတစ်ပါးရဲ့ အပြစ်ကို ဖြေလွှတ်ပေးလိုတဲ့ သဘော ကိုယ့်မှာရှိနေပါမှ သို့မဟုတ် တစ်ဖက်သားအပေါ် အေးချမ်းတဲ့ အမြင်နဲ့ ရှုမြင်သုံးသပ်တတ်မှုကိုယ့်မှာ ရှိနေပါမှ အဆင်ပြေချောမွေ့မှာပါ။
သို့သော် ခွင့်လွှတ်နိုင်ဖို့အတွက်တော့ အရာရာ ထည့်သွင်းစဉ်းစားသင့်ပါတယ်။ သူကျူးလွန်တဲ့ အပြစ်ဟာ ဘယ်လိုအပြစ်မျိုးလဲ၊ ဘာအကြောင်းကြောင့်  ခွင့်လွှတ်သင့်သလဲ၊ ခွင့်လွှတ်ပေးပြီးတဲ့နောက် ဘာအကြောင်းဆက် အကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်သလဲလို့ သဘောထားကြီးမြင့်မှုကို ပြသနိုင်ရမှာ ဖြစ်ပေမယ့် မစူးစမ်းမဆင်ခြင်ဘဲ ခွင့်လွှတ်မှုဟာ အချို့ကိစ္စတွေမှာ အဆိပ်ပင်ရေလောင်းဖြစ်တတ်တယ်။
Monday, January 23, 2012
အတွေးအမြင် အမှတ် (၁၇၃) ၂၀၅ ဇွန်လ
ဆူကြုံနိမ့်မြင့်ကွာခြားမှု
ယဉ်ကျေးမှုနှစ်မျိုးရှိသည်။ ပထမတစ်ခုမှာ နေထိုင်စားသောက်မှုသဘာဝဖြစ်သည်။ ဒုတိယတစ်ခုမှာ တွေးခေါ်မြော်မြင်မှုဖြစ်သည်။ နေထိုင်စားသောက်မှုဘဝအတွင် ပထဝီအနေအထား၊ သမိုင်း၊ စီးပွားရေး၊ လူတိုင်း စိတ်ပိုင်းဆိုင်ရာ ပတ်ဝန်းကျင်တို့ ပါဝင်သည်။ ဂီတ၊ သတင်း၊ ပန်းချီ၊ ဗိသုကာ၊ ကျန်းမာသန့်ရှင်းရေးအ လေ့အထများဖြစ်သည်။ ဤယဉ်ကျေးမှုသည် လူမှုအဖွဲ့အစည်း၏ အခြားအလုံးစုံသော ရသအလှခံစားမှု၏ စိုက်ခင်းမြေဘောင်ဖြစ်သည်။
အခြားယဉ်ကျေးမှုတစ်ခု၏ တွေးခေါ်မြော်မြင်မှု ဖွံ့ဖြိုးရေးဘဝသည် လူမှုအဖွဲ့အစည်းအတွင်း တွေးခေါ် ခဲ့၊ ဖွံ့ဖြိုးခဲ့သည်များနောက် အကောင်းဆုံးအညွှန့်ဆုံးတို့၏ ပါးလွှာသော်လည်း အဖိုးတန်သော အလွှာကလေး ဖြစ်သည်။ ယင်းသည် ပန်းနှင့်တူ၏ ပန်းစိုက်ခင်းမြေဘောင်နှင့်ပန်းကို တစ်မျိုးတစ်စားတည်း ထား၍ မရသကဲ့သို့ ရောထွေးစဉ်းစားလျှင်လည်း အကျိုးမရှိပေ။
ကမ္ဘာ့နိုင်ငံများသည် အဘယ်ကြောင့် ဖွံ့ဖြိုးမှုကွာခြားခဲ့ကြသနည်း။ ယနေ့ကမ္ဘာကြီးတွင် အဘယ် ကြောင့်ဆူကြုံနိမ့်မြင့်ဒေသများ ကွဲပြားခြားနားနေကြသနည်း။ ထိုသို့ဖြစ်ရခြင်းမှာ နိုင်ငံများ၏ တည်နေရာ ပထဝီ အနေအထားနှင့် ပတ်ဝန်းကျင်အခြေအနေများကြောင့် လော။ လူမျိုးအသီးသီး၏ ဗီဇနှင့် စွမ်းရည်များ ကွာခြား၍ လော။ နိုင်ငံတစ်ခုချင်း၏ သမိုင်းရေးရာအခြေအနေများကြောင့်လော စသည့် “လော” ပေါးများစွာဖြင့် သုတေသီ များက အဖြေထုတ်ယူကြည့်ခဲ့ကြသည်။
ယင်းသို့ ထုတ်ယူကြည့်သော အဖြေများအနက် မျက်မြင်အနေအထားအရ ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများ သည် ကမ္ဘာကြီးတွင် အပြင်လိုက် အကန့်လိုက်တည်ရှိနေမှုကို အခြေခံစဉ်းစားလျက် နိုင်ငံများ၏ ဖွံဖြိုးမှုကွာခြား ခြင်းသည် ပထဝီတည်နေရာကြောင့် ဖြစ်သည်ဟု အချို့သော သိပ္ပံပညာရှင်များက အဖြေထုတ်ယူခဲ့ကြသည်။ ကမ္ဘာ့သမပိုင်းနှင့် အအေးပိုင်း(တောင်ဘက်ခြမ်း)သည် ဖွံဖြိုးမှုနိမ့်ကျနေသည်ကို သာဓကပဖြစ် ဖော်ထုတ်ကြ သည်။
ရာသီဥတု အနေအထားသည် လူတို့၏ ကာယ၊ ဥာဏ၊ အားထုတ်မှုအပေါ်ရိုက်ခတ်မှုရှိသည်။ လူတို့သည်၏ ကျန်းမာရေးအပေါ်လည်း အကျိုးသက်ရောက်မှုရှိသည်ကို တွေ့ကြရသည်။ သမပိုင်းနှင့် အအေးပိုင်းဒေသ ရာသီဥတုသည် လူတို့အား ဖျက်လက်တက်ကြွစွာ ဇွဲနပဲကြီးစွာအားထုတ်မှုကို ပြုလုပ်နိုင်စေ သည်။ ပူအိုက်စိုစွတ်သော အပူပိုင်းဒေသ ရာသီဥတုတွင် နေထိုင်သူများသည် ကြာရှည် တည်တံ့စွာ ဇွဲနပဲစိုက် ထုတ်နိုင်စွမ်းမရှိဟု သုတေသီများက ပြောကြားသည်။
ဖွံဖြိုးတိုးတက်မှု(အောင်မြင်မှု)ရရှိရန် ကံ၊ ဥာဏ်၊ ဝီရိယ သုံးတန်သုံးဖြာအားမျှညီညွှတ်ဖို့ လိုအပ်သည်။ ကမ္ဘာ တောင်ဘက်ခြမ်း နေသူများသည် မြောင်ဘက်ခြမ်းသားများနှင့် ကံချင်းတူ၊ ဥာဏ်ချင်းတူသည်ထား ဝီရိယ ပို၍ ဖြည့်သွင်းပေးဖို့ လိုမည်ဖြစ်ပေသည်။ ထိုနည်းတူစွာ ချမ်းသာပြီးသူများနှင့် ယှဉ်လျှင် ဆင်းရဲတွင်း ထဲရှိနေသေးသူများက ပို၍ တက်ကြွလှုပ်ရှားကြဖို့ လိုအပ်သည်မှာ ဓမ္မတာဖြစ်ပေသည်။(စာစဉ်-၁၇၃၊ ၂၀၀၅ ဇွန်)
တကမ္ဘာလုံးက လေးစားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
Sunday, January 22, 2012
အကာနှင့်အနှစ် ဘယ်အရာကိုချစ်မြတ်နိုးကြမလဲ
http://www.mediafire.com/?dlgs8r965khr3k7
ဦးဝီရသူရဲ့ ရဲ့ရင့်တဲ့ခြေလှမ်းနှင့်သူ့ရဲ့ပြတ်သားဆုံးဖြတ်ချက်
The famous monk Ashin Virathu has been released from prison in Mandalay recently after spending nine years behind bars. He has since refused to wear his monk robe and is still wearing his prisoner uniform as a form of protest instead.
Ashin Virathu protest is aimed at the actions of the Maha Nayaka Sangha Council. He says that even though the Sangha Counsil has the responsibility to protect the monks, the Council restricts and disrobes monks and closes monasteries.
“If the Sangha Council will work for the monks, I will wear my robe again.”
In a Dhamma talk he explained “Why am I wearing a prisoners robe? Even though I want to wear my monk robe I am now stuck in a prisoner uniform. This is a Buddhist country and monks never break any laws but still monks are sent to jail. Why is that so, why are monks sent to jail?”
၈၈မျိုးဆက် ကျောင်းသားများရဲ့ ကြေငြာချက်အပေါ် ရွှေညဝါဆရာတော်ကြီးနှင့် သံဃာတော်များမှ ထောက်ခံကြောင်း ကြေငြာချက်ထုတ်ပြန်..
မနေ့ကတော်ဝင်စင်တာမှာကျင်းပတဲ့၈၈မျိုးဆက် ကျောင်းသားများရဲ့ ကြေငြာချက်အပေါ် ရွှေညဝါဆရာတော် ကြီးနှင့် သံဃာတော်များမှ ထောက်ခံကြောင်း ကြေငြာချက်ထုတ်ပြန်..
 ၈၈မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်...
Saturday, January 21, 2012
ယနေ့ မကွေးပရိယတ္တိစာသင်တိုက်မှာ ပြုလုပ်တဲ့ ပြန်လည်လွတ်မြောက်လာတဲ့ ရွှေဝါရောင် သံဃာတော်များရဲ့ ဒုတိယအကြိမ် သိမ်ထပ်မင်္ဂလာအခမ်းအနား..
ဦးက္ကုန္ဒက မဂ္ဂင်ကျောင်း
 ယနေ့ သိမ်က္ခာထပ် သံဃာတော်များ စာရင်း
၁။ ဦးက္ကုန္ဒက မဂ္ဂင်ကျောင်း
၂။ ဦးစန္ဒာသီရိ
၃။ ဦးဂမ္ဘီရ မဂ္ဂင်ကျောင်း
၎။ ဦးက္ကုသရိယ မဂ္ဂင်ကျောင်း
၅။ ဦးကေလာသ မန္တလေး
၆။ ဦးပဏ္ဏ၀ံသ ရန်ကုန်တိုင်းရဟန်းပျိုအတွင်းရေးမှူး
၇။ ဦးပဏ္ဏိတ မှော်ဘီကျောင်း
၈။ ဦးသဒ္ဓမ တွံ့တေးကျောင်း
၉။ ဦးရေ၀တ ချောက်
၁၀။ ဦးတိလောက
၁၁။ ဦးဝိသုဒ္ဓ
၁၂။ ဦးရေ၀တ
၁၃။ ဦးဝါယမ
၁၄။ ဦးစန္ဒိမာ
၁၅။ ဦးဆန္ဒာဓိက
၁၆။ ဦးတေဇ၀န္တ
၁၇။ ဦးဃောသိတ
၁၈။ ဦးနန္ဒ
၁၉။ ဦးဝိလာသက္က
၂၀။ ဦးဣသာရိယ
၂၁။ ဦးသုမန
၂၂။ ဦးသုမန(ခ)စာရေးဆရာမင်းဆက် မန္တလေး
၂၃။ ရှင်စန္ဒာဝရ
၂၄။ ဦးပညာစာရ (စစ်တွေ)
Friday, January 20, 2012
တရားနာဖိတ်ကြားလွှာ
Thursday, January 19, 2012
ရွှေညဝါဆရာတော်ကြီးသည် အမျိုးဘာသာ၊ သာသနာအတွက်နှင့် အများအကျိုးအတွက် ကျောင်းတိုက်မှ ထွက်ခွာရန် ဝန်ခံကတိ လက်မှတ် ထိုးပေးခဲ့ပါသည်..။ ဤစကားသည် မှန်ပါသည် ဤမှန်ကန်သော သစ္စာစကားကြောင့် အဓမ္မဝါဒီများ ကျဆုံးပါစေ...။
Thursday, January 19, 2012  ဒီမိုဝေယံ  1 comment
 ယနေ့ ကျောင်းတိုက်မှ မြင်တွေ့ရတဲ့ ရွှေညဝါဆရာတော်ကြီး..
ရွှေညဝါဆရာတော်ကြီး ယနေ့သာဓုကျောင်းတိုက်မှ ဖယ်ရှားပေးမည်ဟု ဝန်ခံလက်မှတ် ကတိထိုး ပေးလိုက်ပါတယ်..။ အလုပ်ကပြန်လာလာချင်း ဒီသတင်းကို ကြားရတဲ့ အတွက် အင်မတန်မှ စိတ်မကောင်းဖြစ်ရပါတယ်..။ လောလောဆယ် ဒီသတင်းနဲ့ ပတ်သက်ပြီး ဘာမှမရေးနိုင်သေးခင် တခုပဲပြောလိုက်ပါမယ်..။
Wednesday, January 18, 2012
သာသနာ့အာဇာနည်များရဲ့ သိမ်ထပ်အလှူတော်မင်္ဂလာပွဲ
အမှန်တရားအတွက် ရဲရဲရင်ဆိုင်မယ့် ရွှေညဝါဆရာတော်ကြီးနဲ့ ကျွန်တော်တို့ရဲ့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ..(ဓာတ်ပုံ ၂)
Wednesday, January 18, 2012  ဒီမိုဝေယံ  No comments
ယနေ့ရောက်ရှိလာတဲ့ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ..
ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ ကိုဂျင်မီ၊ မမီးမီး၊ မနီလာသိန်း၊ မမာမာဦး၊ ကိုစိုးထွန်း၊ ကိုကိုကြီး(စမ်းချောင်း)၊ ကိုဇော်ရဲဝင်း၊ ကိုခင်မောင်ကြည်၊ ကိုဆန်နီ၊ ကိုတွက်ကီ(အမေရိကား)၊ ဇော်ထက်ကိုကို၊ ကိုကြီးသန်း၊ ကိုမင်းသူရိန်၊ ကိုအောင်သူ၊ ကိုဇေယျ၊ ကိုဇော်ဇော်မင်း၊ မဌေးဌေးဝင်း၊ မစန်းစန်းမော်။
ဓာတ်ပုံ ဒီမိုဝေယံ..
ယနေ့ ရွှေညဝါဆရာတော်ကြီးအား သွားရောက် တွေ့ဆုံ ဂါရဝပြုခဲ့ကြတဲ့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ (ဓာတ်ပုံ ၁)
Wednesday, January 18, 2012  ဒီမိုဝေယံ  1 comment
ရွှေညဝါဆရာတော်..၊ ကိုမင်းကိုနိုင်၊ မနီလာသိန်း၊ မမာမာဦး
ချိတ်ပိတ်ခံ ကျောင်းနှစ်ကျောင်း အရှင်ဂမ္ဘီရ ပြန်ဖွင့်
ရန်ကုန် (မဇ္ဈိမ) ။        ။ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် ၆ ထပ်ကြီး ကျောင်းတိုက်ဝင်းအတွင်း ချိတ်ပိတ်ခံထားရ
သော ကျောင်းတိုက် နှစ်ခုအား ဆရာတော် အရှင်ဂမ္ဘီရ က အင်္ဂါနေ့ နံနက် ၉ နာရီခွဲခန့်တွင် ပြန်ဖွင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ ချိတ်ပိတ်ခံထားရသော ကျောင်းတိုက်များမှာ သာသနာ့ဂုဏ်ရည် ကျောင်းတိုက်နှင့် သာသနာ့သိပ္ပံ
ကျောင်းတိုက်တို့ ဖြစ်ကြောင်း ၆ ထပ်ကြီး ကျောင်းတိုက်ဝင်းမှ သံဃာတော်တပါးက မဇ္စျိမကို ပြောသည်။
mkin
၂ဝဝ၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုအပြီး ချိတ်ပိတ်ခံထားရသော ရန်ကုန်မြို့ ၆ ထပ်ကြီးဝန်းအတွင်းမှ သာသနာ့ဂုဏ်ရည် ကျောင်းတိုက်အား အရှင်ဂမ္ဘီရ က ၁၇.၁.၂ဝ၁၂ ရက်နေ့က လာရောက်၍ သော့ဖျက် (ဓါတ်ပုံ မဇ္ဈိမ)
ရဲရဲဝံ့ဝံ့ တည်တည်ငြိမ်ငြိမ်နဲ့ အဆုံးတိုင် ရင်ဆိုင်ဖြေရှင်းသွားဖို့ အသင့်ရှိနေပါကြောင်း.. ရွှေညဝါဆရာတော်မိန့်ဆို...
ရဲရဲဝံ့ဝံ့ တည်တည်ငြိမ်ငြိမ်နဲ့ အဆုံးတိုင် ရင်ဆိုင်ဖြေရှင်းသွားဖို့ အသင့်ရှိနေပါကြောင်း.. ရွှေညဝါဆရာတော်မိန့်ဆို...
 ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၇)ရက်နေ့က ရွှေညဝါကျောင်းတိုက်ကို ကြွရောက်လာတဲ့ နိုင်ငံတော် သံဃမဟာနာယက ဥက္ကဋ္ဌဗန်းမော် ဆရာတော်ကြီးရဲ့ ပုံပါ..။ ဗန်းမော်ဆရာတော်ကြီးဟာ ရွှေညဝါက ဖွင့်လှစ်ထားတဲ့ ဗုဒ္ဓတက္ကသိုလ်ရဲ့ အဓိပတိဖြစ်ပါတယ်..။ အင်မတန် ရိုးသားဖြူစင်၊ သီလ၊ သမာဓိနဲ့ ပြည့်စုံပြီး အများကြည်ညိုတဲ့ ဗန်းမော်ဆရာတော်ကြီးဟာ ရွှေညဝါဆရာတော်အား အမိန့်စတင်ထုတ်ပြန်တဲ့ နိုဝင်ဘာလ (၂၈)ရက်နေ့က ကျင်းပတဲ့ ၄၇ပါးစုံညီ အစည်းအဝေးမှာ ပါဝင်ခဲ့ခြင်းမရှိသလို ထုတ်ပြန်စာအား သိရှိခြင်းမရှိခဲ့ပါဘူး။
Tuesday, January 17, 2012
မပြောချင်ပဲပြောရအုံးမယ်…. အပိုင်း(၃)
မပြောချင်ပဲပြောရအုံးမယ်…. အပိုင်း(၃)
          စာရေးသူအနေနဲ့ကဗျာတွေ၊ဆောင်းပါတွေအများကြီးရေးသားဖြန့်ဝေခဲ့ပါတယ်။ဒါပေမဲ့မရေးချင်ဆုံးအကြေင်းအရာတခုကို ပြောပါ ဆိုရင်အခုရေးနေရတဲ့ မဟာသံဃာနာယကဆ၇ာတော်ကြီးများအကြောင်းပဲဖြစ်ပါတယ်။ကိုယ့်နိုင်ငံ ကိုယ့်သာသနာရဲ့ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများအကြောင်းကို စာရေးသူအပါအ၀င်မည်သူမဆို အကောင်းကိုသာပြောချင်ရေးချင်ကြပေမည်။ ဒါကြောင့်လည်း မဟန ဆရာတော်ကြီးများရဲ့ မကောင်းတာတွေကိုအများကြီး တွေ့ခဲ့မြင်ခဲ့ကြ ပေမဲ့ အောင့်အီးသည်း ခံရေငုံနှုတ် ပိတ်ကာ နေခဲ့ကြသည်မှာ ကာလတွေပင်အတော်ကြာခဲ့ကြပါပြီ။မပြောချင်လို့မပြောပဲနေခဲ့တာကို မဟန ဆရာတော် တွေသည် ပိုမိုအတင့်ရဲဆိုးဝါးလာခဲ့သည် မပြောလေပိုဆိုးလေဖြစ်လာခဲ့သည်။သူတို့သည် ယခု ရန်ဗုဒ္ဓတက္ကသိုလ်၊ သာဓုပရိယတ္တိစာသင် တိုက်ကြီး၏ ပဓာနနာယက ဆရာတော် ဦးပညာသီဟ အားမတရားအမိန့်များ ထုတ်ပြန်လာခဲ့သည်။ ဆရာတော်အပါ အ၀င်သံဃာတော်များနှင့် ဒါယကာ၊ဒါယိကာမအပေါင်း တစ်သောင်းကျော်က လက်မှတ်များရေးထိုးကာ အသနားစာတင်ကာ လျှောက်ထားခဲ့သော်လည်း မဟာသံဃာ့နာယက ဆရာတော်ကြီးများသည် သံဃာတော်များမျက်နှာ၊ ဒါယကာဒါယိကာမ များမျက်နှာ သာသနာ့မျက်နှာဘယ်သူ့မျက်နှာကိုမှမထောက်ပဲ န အ ဖ ဗိုလ်ချုပ်ကြီးများ၏မျက်နှာ တစ်ခုတည်းကိုထောက်ကာ မိမိအာဏာတည်မြဲရေးအတွက် အသနားခံစာကို လုံးဝပယ်ချခဲ့သည်မှာ မဟာအမှားကြီး တစ်ရပ်ဖြစ်ပေသည်။
               စာရေးသူရေးပြပြောပြချင်နေခဲ့သည်မှာ ၁၉၉၈ ခုနှစ်နိုင်    ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ကမ္ဘာအေး ၊ ရန်ကုန်)ကိုတက်ရောက်ပညာသင်ကြားခွင့်ရချိန်ကပင်ဖြစ်ပါသည်။မဟန ဆရာတော်ကြီးများနဲ့ အနီးကပ်ကမ္ဘာအေးကုန်း မြေတစ် ခုတည်းမှာ အတူတူနေခွင့်ရခဲ့တာမို့ကောင်းကောင်းကြီးသိရှိခဲ့ပါသည်။
          စာရေးသူပြောပြခဲ့သလို မဟန ဆ၇ာတော်ကြီးများအကြောင်း ရေးမယ်လို့ ကလောင်တံကိုကိုင်လိုက်တိုင်း မကောင်းပါ ဘူးလေဆိုပြီး ပြန်ချထားလိုက်တာ အခုချိန်ထိဆိုရင်မမှားပါဘူး။အခုတော့နောက်ဆုံး သည်းခံနိုင်မှုစွမ်းရည် ကျော်လွန်သွားပြီမို့ စာရေးသူအပါအ၀င် ၀ိုင်းဝန်းရေးနေကြတာ အင်တာနက် စာမျက်နှာတွေမှာ ပလူပျံနေပါပြီ။မိမိသိထားတဲ့ မဟနဆရာ တော်ကြီးများရဲ့ အမှားတွေကို ချမပြရင် နောင်ဒါတွေကို ပင်အမှန်ထင်ပြီးဆက်လျှောက်နေကြမည်ဆိုလျှင် သာသာနာ တော်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးတွေဖြစ်ကြလိမ့်မည်။ဒါကြောင့်မရေးချင်မပြောချင်ပဲ ဆက်လက်ရေးသားဖြန့်ဝေပေးနေရ ခြင်းဖြစ်ပါသည်။ 
ရွှေည၀ါဆရာတော်ဆရာတော်အတွက် သာဓုခေါ်ဆိုခွင့်
  ရွှေည၀ါဆရာတော်ဆရာတော်အတွက် သာဓုခေါ်ဆိုခွင့်
ရွှေပြည်စိုး၊ ဇန်န၀ါရီ ၁၆၊ ၂၀၁၂
       ကြည့်မြင်တိုင်၊သာဓုကျောင်းတိုက်မှ ဆရာတော် ဦးပညာသီဟ အား“ သံဃာအဖွဲ့များ၏  အဆုံးမကို မနာခံသူ” ဟု ၄၇ပါးစုံညီအစည်းအဝေးက ဆုံးဖြတ်ကြောင်း နဲ့ “လူဝတ်လဲရန်၊ ကျောင်းမှထွက်ခွါရန်မဟန ၏ခွင့်ပြုချက်မရဘဲကျောင်းတိုက်တွင် မည်သည့်သင်တန်းမှ ဖွင့်လှစ်ခြင်းမပြုရန်” ဟူသော ၁၂-၁၂-၂၀၁၁ ပါညွှန်ကြားချက်ကို ၁၅-၁၂-၂၀၁၁ နေ့ထုတ် ဧရာဝတီ၊ မဇ္ဈိမ အင်တာနက် သတင်းစာမျက်နှာများမှာ တွေ့လိုက်ရပါတယ်။
 အငြိုးကြီးလှချိ၊ သဘောထားသေးလှချိ
မဟန (နိုင်ငံတော် သံဃ မဟာနာယက) အဖွဲ့က ဘာကြောင့်ခုလို ပြင်းထန်တဲ့ညွှန်ကြားချက်တွေ ထုတ်ရသလဲလို့  ဆက်လက်လေ့လာတဲ့အခါ ဆရာတော်ဦးပညာသီဟ ဟာတရားဟောခွင့်တနှစ် (၁၀၊ ဖေဖေါ်ဝါရီ၊ ၂၀၁၁ မှ ၉၊ ဖေဖေါ်ဝါရီ၊ ၂၀၁၂) ပိတ်ထားတာကို မလိုက်နာဘဲ တရားဟောလို့ ခုလို အရေးယူတာလို့သိရပါတယ်။
၁၅-၁၁-၂၀၁၁ နှစ်တွင် မန္တလေး NLD ရုံး၌ “ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ ” ကျင်းပစဉ် ဆရာတော်က သြ၀ါဒ ဆုံးမစကားပြောကြားတာကို တရားဟောတာလို့ မန္တလေး မဟန က မှားယွင်းစွာ သတင်းပို့တာဖြစ်တယ် လို့ ဦးပညာ သီဟက ဆိုထားပါ တယ်။ (မဇ္ဈိမ၊ ၁၅-၁၂-၂၀၁၁)
စစ်ထောက်လှမ်းရေးခေတ်က အဖမ်းခံရတဲ့ ဦးရာဇဓမ္မ နဲ့ အင်တာဗျူး
ဇန်န၀ါရီ ၁၅၊ ၂၀၁၂ ဇန်န၀ါရီ ၁၃ ရက်နေ့ သာယာဝတီ အကျဉ်းထောင်မှ လွတ်မြောက်လာသည့် ဦးရာဇ ဓမ္မ
“အစိုးရအနေနဲ့ ရိုးသားဖို့လိုတယ်။ ပွင့်လင်းဖို့လိုတယ်။ အပြောင်းအလဲကို ရဲရဲတင်းတင်းဖော်ဆောင်ဖို့လိုတယ်”
တိုင်းပြည်အုပ်ချုပ်တဲ့ ပုဂ္ဂိုလ်များ မင်းကျင့်တရား ဆယ်ပါးနှင့်ညီစေဖို့ စာပေရေးသား ဖြန့်ဝေတဲ့ ဦးရာဇဓမ္မ ကို ၂၀၀၃ ခုနှစ်မှာ အမှုနဲ့ ဖမ်းဆီးပြီး ပုံနှိပ်ဥပဒေ ၁၇၊ အရေးပေါ် စီမံချက် အက်ဥပဒေ ၅ (ည) ပုဒ်မတို့ဖြင့် ထောင်ဒဏ် ၁၉ နှစ် အပြစ်ပေးခံခဲ့ရပါတယ်။
ထောက်လှမ်းရေးခေတ်မှာ အစိုးရကို ဝေဘန်ရေးသားတဲ့ အတွက်ကြီးလေးတဲ့ အပြစ်ဒဏ် ချမှတ်ခံရတဲ့ သံဃာတပါးဖြစ်ပါတယ်။
၈ နှစ်ကျော် အကျဉ်းကျခံရပြီးနောက် ယမန်နေ့က အကျဉ်းသား ၆၅၁ ဦးလွတ်ပေးရာမှာ သာယာဝတီ အကျဉ်းထောင်မှ လွတ်မြောက်လာပါတယ်။ ဦးရာဇဓမ္မနဲ့ YPI က မေးမြန်းထားတာကို ဖေါ်ပြပေးလိုက်ပါတယ်။)
Monday, January 16, 2012
Aung San Suu Kyi Live Chat with Virginia Tech (with myanmar subtitles)
မဂ္ဂင်ကျောင်းတိုက် ပြန်ဖွင့်၊ ကျောင်းထိုင် ဆရာတော်နှင့် ဦးဇင်း ၂ ပါးသီတင်း သုံးနေပြီ
မဂ္ဂင်ကျောင်းတိုက် ပြန်ဖွင့်၊ ကျောင်းထိုင် ဆရာတော်နှင့် ဦးဇင်း ၂ ပါးသီတင်း သုံးနေပြီ
မေသင်္ကြန်ဟိန်(ရွှေမြစ်မခ)။ ဇန်န၀ါရီလ ၁၅၊ ရန်ကုန်မြို့ (မိုးမခက ပြန်လည်တင်ပြသည်)
  ဒီနေ့ မဂ္ဂင်ကျောင်းတိုက် ပြန်ဖွင့်နေပြီ ကျောင်းထိုင်ဘုန်းဘုန်းနဲ့ ကိုယ်တော် ၃ ပါးသီတင်းသုံးနေပြီဆိုလို့ ကျမ မဂ္ဂင်ကျောင်းတိုက်ကို ရောက်ခဲ့ပါတယ်။
  ဒီနေ့မှ ကျောင်းကိုပြန်ဖွင့်လိုက်တဲ့အတွက် ကျောင်းထဲမှာ အရာရာဟာ ဖရိုဖရဲဖြစ်နေပါတယ်။ ကျောင်းရဲ့ ကြမ်းခင်းတွေကလည်းပြိုပျက်နေသလို၊ ကျောင်းမှာ ပြတင်းပေါက်တံခါးရွက်တွေ မရှိတော့တဲ့ ဟာလာဟင်းလင်းကျောင်း ဖြစ်နေပါပြီ။
Sunday, January 15, 2012
အပြောင်းအလဲ အပြောင်းအလဲနဲ့ စကားလုံးလှလှတွေနဲ့ ကဗျာဆန်ဆန်တွေ လျှောက်မလုပ်နဲ့
ဇန်န၀ါရီ ၁၅၊ ၂ဝ၁၂ဦးဂမ္ဘီရ (ဓာတ်ပုံ – ??)
၂၀၀၇ သံဃာ့ အရေးအခင်းကာလတွင် အာဏာပိုင်များက ၀င်ရောက် စီးနင်းခဲ့ပြီး ချိတ်ပိတ်ခံထားရသော ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်ရှိ မဂ္ဂင်ကျောင်းတိုက်သို့ စနေနေ့နံနက်က ရောက်ရှိလာခဲ့သော ဦးဇင်း ဦးဂမ္ဘီရအား ၀ိုင်ပီအိုင်က တွေ့ဆုံမေးမြန်းထားသည်။
ဝိုင်ပီအိုင်။ ။ဦးဇင်းတို့ လွတ်လာပြီဆိုတော့ ဗမာပြည်ဟာ အပြုသဘောဆောင်တဲ့အပြောင်းအလဲတစ်ခုဖြစ်နေပြီလို့ပြောနိုင်ပြီလားဘုရား၊
ဦးဂမ္ဘီရ။ ။ ပြောင်းလဲတယ်ဆိုတာ လက်ရှိအနေအထားမှာ ကျုပ်မနေ့က ထောင်ကလွတ်လာတယ်၊ ဒီနေ့ ရန်ကုန်ပြန်ရောက်တယ်။ ဒါကတော့ အသေချာဆုံးပဲ၊ ကျန်တာတွေကတော့ ဘာတွေပြောင်းလဲတယ် ဆိုတာ သေချာ မသိရသေးဘူး၊ သိပ်တော့ မထူးခြားသေးပါဘူး။
လက်ရှိအနေအထား ဘာသုံးသပ်မိသလဲ ဆိုတော့ ခင်ဗျားတို့ ပြောတာ ကျုပ်ကြားနေရတာလည်း တော်တော် ဒေါသထွက်တယ်။ အများကြီး ပြောင်းလဲသွားပြီ၊ အများကြီး တိုးတက်သွားပါပြီ အများကြီးအခွင့်အရေးတွေရသွားပြီဆိုတာ ၊ အဲဒါခင်ဗျားတို့ အရင်တုန်းက မတရားဖိနှိပ်ခံထားခဲ့ကြရတာကို၊ အဲဒီကနေ နည်းနည်းလေး အခွင့်အရေး မစို့မပို့လေး ရတာကိုပဲ တကယ့် အခွင့်အရေးကြီး ရနေသလို၊ အရင်ကနဲ့ သွားတိုင်းတာကို…
ဝိုင်ပီအိုင်။ ။ မြန်မာပြည်ရဲ့ လက်ရှိအနေအထားကရော အရင်ကထက်စာရင်တော့ ပိုပြီး ပွင့်ပွင့်လင်းလင်း ရှိလာတယ်လို့ မမြင်ဘူးလားဘုရား။
ရွှေည၀ါဆရာတော် အသနားခံစာ ပယ်ချခံရမှုနှင့် ပတ်သက်၍ နိုင်ငံရေး အကျဉ်းသားဟောင်းများမှ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော် တစ်ပါးချင်းစီအား လိုက်လံတွေ့ဆုံ၍ လျှောက်ထားမေးမြန်းမည်..
Sunday, January 15, 2012  ဒီမိုဝေယံ  4 comments
ရွှေည၀ါဆရာတော်နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ တွေ့ဆုံစဉ်...
၁၄ ဇန်န၀ါရီ ၂၀၁၂
ယနေ့ညနေပိုင်းက နိုင်ငံရေးအကျဉ်းသာဟောင်းများသည် ရွှေည၀ါဆရာတော် ဦးပညာသီဟကို သွားရောက်တွေ့ဆုံ၍ သံဃမဟာနာယက အဖွဲ့မှ (ရွှေည၀ါဆရာတော်၏ အသနားခံစာကို) ငြင်းပယ်လိုက်သည့် ကိစ္စနှင့်ပတ်သတ်၍ ဆွေးနွေးကြသည်ဟု သိရသည်။
ရွှေည၀ါဆရာတော်၏ အသနားခံစာကို ငြင်းပယ်လိုက်ခြင်းသည် ဆရာတော်အား ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းတိုက်မှ ဖယ်ရှားမည့် အကြောင်းကိုသာ (သံဃမဟာနာယက အဖွဲ့မှ) ဆက်လက် အတည်ပြုလိုက်ခြင်း ဖြစ်သည်။ ရွှေည၀ါဆရာတော်သည် ၁၅. ၁၂. ၂၀၁၁ နေ့စွဲဖြင့် အသနားခံစာ ပြန်လည်တင်ပြခဲ့ခြင်းကို သံဃမဟာနာယက အဖွဲ့၏ တတိယအဖွဲ့ခွဲမှ ၂၁. ၁၂. ၂၀၁၁ နေ့တွင်ကျင်းပသော အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ငြင်းပယ်လိုက်ကြောင်း သိရသည်။
Official Statement on 13 January Amnesty
The Best Friend warmly welcomes the release of political prisoners, including many of our friends such as U Gambira, U Ghosita, and U Kheminda, and members of The Best Friend including Ma Thanda Tun and Ko Nyo, as a significant step forward. However, we still have to continue the struggle for complete and irreversible democratic progress, and we ask the international community to continue to support genuine democratization in Burma.
We must be watchful that the government and military do not turn backwards again. We know that the changes we have seen have been the results of the struggle of the people. That is why we have to continue to support the people who are struggling for real democracy. We can not only sit back now and expect an honest change to come from the government.
မြန်မာနိုင်ငံတော်အစိုးရ မဟာနာယက ဆရာတော်ကြီးများသို့....
မဟန ဆရာတော်ကြီးမျာသို့..
Saturday, January 14, 2012
ဘ၀စာစီစာကုံး ဘယ်လိုသီကုံးကြမလဲ? အပိုင်း (၈) တရားတော်
http://www.mediafire.com/?impnxyfcfl759rm Map FM Radio ...စနေနေ့တိုင်း နံနက် ၉ နာရီမှ ၁၁ နာရီထိ ဟောဖေါ်ညွှန်ပြပေးသောတရားတော် ဘ၀စာစီစာကုံး ဘယ်လိုသီကုံးကြမလဲ? အပိုင်း (၈) တရားတော်
ရွှေညဝါ ဆရာတော်၏ အသနားခံစာ ပယ်ချခံရ
မဲဆောက် (မဇ္ဈိမ) ။       ။ ရွှေညဝါ ဆရာတော် ဦးပညာသီဟ က သာဓုကျောင်းတိုက်တွင် ဆက်လက် သီတင်းသုံးခွင့်နှင့် သာသနာပြုလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ခွင့်ပြုရန် အသနားခံ တင်ပြထားခြင်းအား ရန်ကုန်တိုင်း သံဃာ့မဟာ နာယက အဖွဲ့က ပယ်ချလိုက်ကြောင်း သိရသည်။
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ သာဓုကျောင်းတိုင်းမှ ဦးပညာသီဟ မှ အသနားခံ တင်ပြလာခြင်းနှင့် စပ်လျဉ်း၍ မူလစီရင်ချက်အတိုင်းသာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း သံဃာ့မဟာ နာယက အဖွဲ့၏ အကြောင်းပြန် ညွှန်ကြားစာအရ သိရှိရခြင်းဖြစ်သည်။
“အကြောင်းပြန်စာက ဒီနေ့မှရောက်လာတာ ဆရာတော်က ဘယ်လိုဆုံးဖြတ်မယ်။ ဘာဆက်လုပ်မယ် ဆိုတာတော့ မသိရသေးဘူး။ ဆရာတော်က ခရီးထွက်နေတာ နိုင်ငံခြားခရီးစဉ်ကနေ ဒီနေ့မှ မြန်မာပြည်ကို ပြန်ရောက်မှာ”
ဟု ရွှေညဝါ ဆရာတော်ကြီး၏ အနီးကပ် တပည့်ရင်းဖြစ်သူ ဦးသူရိယ က မဇ္ဈိမကို မိန့်ကြားသည်။
Thursday, January 12, 2012
လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွတ်မြောက်လာသူများ
လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွတ်မြောက်လာသူများ
ရွှေမြစ်မခ
by Myit Makha Mediagroup on 13 Jan, 2012http://www.myitmakhamediagroup.com/detail.php?newid=557
မြင်းခြံထောင်မှ ၁၃ ဦးတွင် ၁၃ ဦးလုံး လွှတ်
တောင်ကြီး ထောင်မှ ၁၁ ဦးတွင် ၁၀ ဦးလွှတ်၊ ၁ဦး ကျံန်(ဦးရွှေထူး)
ဘူးသီးတောင်ထောင်မှ ၁၀ ဦးတွင် ၉ ဦးလွှတ်၊ ၁ဦးကျန်မ(အေးမင်းဖြိုး)
သာယာဝတီထောင်မှ ၁၀ဦးတွင် ၁၀ဦးလွှတ်
ဗန်းမော် ထောင်မှ အကုန်လွှတ်
ကျောက်ဖြူထောင်မှ ၉ ဦးလွှတ်
သရက်ထောင်မှ ၉ ဦးလွှတ်၊ ၉ ဦးကျန်
ဖားအံ့ထောင်မှ အားလုံးလွှတ်
(ကျန် ထောင်စာရင်းများကို ဆက်လျက် ဖော်ပြပေးပါမည်)
နာမည်စာရင်းနှုင့်တကွ ဖော်ပြပေးနိုင်ရန် ကြိုးစားနေပါသည်။
လွှတ်မြောက်သူများ အမည် စာရင်း
၁ ကိုမင်းကိုနိုင်
၂ ဦးခင်ညွှန်(ထောက်လှမ်းေ-ဟောင်း)
၃ ဦးကိုကိုကြီး
၎ ဦးခွန်ထွန်းဦး
၅ ကိုဋ္ဌေးကြွယ်
၆ ဘန်ဒိတ်ထွန်း
၇ မမီးမီး
၈ ဦးဂမ္ဘီရ
၉ မနီလာသိန်း
၁၀ ကိုဥာလင်း
၁၁ မသက်သက်အောင်
၁၂ ကိုဇော်ဇော်မင်း
၁၃ ကိုဂျင်မီ
၁၄ ကိုမျိုးအောင်နိုင်
၁၅ ကိုသန်းတင်
၁၆ ကိုလှမျိုးနောင်
၁၇ ကိုသက်ဇော်
၁၈ အံ့ဖွယ်ကျော်
၁၉ ဒေါက်တာ မင်းထွန်း
၂၀ ကိုဇေယျာ
၂၁ ကိုမြအေး
၂၂ ကိုသန်းတင်
၂၃ ကိုသက်ဇော်
၂၄ ကိုပြုံးချို
၂၅ ကိုဇော်သက်ထွေး
၂၆ မန္ဒနာမင်း
၂၇ ဦးညီပု
၂၈ ဦးစိုးင်းညွှန့်လွင်
၂၉ကိုနေဘုန်းလတ်(နေမျိုးကျော်)
၃၀ မင်းဟန်
၃၁ မဟန်နီဦး
၃၂၊ သန်စင်အောင်
၃၃ ၊ကျော်ကျော်နိုင်
၃၄ နန္ဒစစ်အောင်
၃၅ ၊ပြည့်ဖြိုးအောင်
၃၆  ဦးဘမြင့် ဒေါ်မာမာဦး
၃၇  ကိုကျော်စွာဋ္ဌေး
၃၈  ဒေါက်တာဝင့်သူ၊
၃၉ ကရင် စောနေထူး
၄၀စစ်ထောက်လှမ်းရေး ဒုဗိုလ်မှူးကြီးဟောင်း စိုးညွန့်
၄၁  ဦးစိုင်းလှအောင်
၄၂ ကိုသီဟသက်ဇင်
၄၃ ကိုကျော်ဝင်း
၄၄ ဦးထွန်းညို
၄၅၊ ဦးပြည်ကျော်
၄၆ ဒေါက်တာသက်လွင်
၄၇ ကိုသန်းတင်(ခ)ကိုကြီးသန်း၊
၄၈  ကိုပြည့်ဖြိုးလှိုင်၊
၄၉ ကိုအောင်အောင်ကျော်၊
၅၀  ကိုဇေယျာဦး(ဧရာဝတီ)၊
၅၁   ဦးပုရစ်
၅၂ ၊စည်သူမောင်
၅၃ သန့်စင်မျိုး၊
၅၄ အောင်ဇော်ဦး
၅၅ ၊ကျော်ဝင်းဆန်း
၅၆ ၊မောင်မောင်လတ်
၅၇ ၊ဦးပြည်ကျော်
၅၈ ကို၊ကျော်မင်း
၆၀ စည်သူဇေယျ
၆၁ကျော်ကိုကို
၆၂၊ ကိုမောင်ကံ၊
၆၃ ကိုဇော်မင်းဦး
၆၄ ၊ကိုဇော်ဝင်း
၆၅ ကိုအောင်ကျော်ကျော်
၆၆ ကိုသူ၇စိုး
၆၇ မန်းဇော်ထွေး
၆၈ ကြည်စိုး
၆၉ ဇေယျာအောင်၊
၇၀ ကိုမျိုးမင်းသန်း
၇၁ ၊ဦးဝီရသူ
၇၂ ဒေါက်တာ တင်မင်းထွဋ်
၇၃ ရဲမြတ်ဟိန်း
၇၄ မျိုးကျော်ဇင်
၇၅ ကိုအောင်သူ
၇၄ မျိုးကျော်ဇင်
၇၅ ကိုအောင်သူ
၇၆ အောင်ကျော်ဦး
၇၇ ကိုဝေလင်း
၇၈ ကိုမြင့်စိုး
၇၉ ကိုရဲမြင့်
၈၀ မျိးမင်းဇော်
၈၁ ကိုသီဟ
၈၂ ကိုညွှန့်အောင်
၈၃ ဦးအုန်းသန်း
၈၄ ကိုကျော်ဇင်လင်း
၈၅ ဒေါ် ၀င်းမြမြ
၈၆ မတင်တင်မြ၈၇ ဦါ်ဘမြင့်
၈၈ ဒေါက်တာဝင်းသူ
၈၉ ဆရာဇော်
၉၀ အောင်အောင်ရှဲ
၉၁ ဂျက်နက်ခိုင်
၉၂ကို ထွန်းထွန်းဦး
၉၃ ကိုထွန်းထွန်းနိုင်
၉၄ ကိုမြတ်ကို (GW)
ဆက်လျက်ဖော်ပြပေးပါမည်
ကွန်ဖျူးရှပ်ပြောတဲ့ မြင့်မြတ်သော အမျိုးကောင်းသား၊ အမျိုးကောင်းသမီး ဟုတ်မဟုတ် ဆုံးဖြတ်ရာ၌ စဉ်းစားရမည့် အချက် ၉ ချက်ရှိသည်။ယင်းတို့မှာ
ကွန်ဖျူးရှပ်ပြောတဲ့ မြင့်မြတ်သော အမျိုးကောင်းသား၊ အမျိုးကောင်းသမီး ဟုတ်မဟုတ် ဆုံးဖြတ်ရာ၌ စဉ်းစားရမည့် အချက် ၉ ချက်ရှိသည်။ယင်းတို့မှာ
For the Perfect gentleman there are nine considerations.
These are ….
  1. A desire to see clearly when he looks at something;
..အရာတစ်ခုကိုကြည့်လျှင် ပီပြင်ပြတ်သားစွာ မြင်ရအောင်ကြည့်လိုသော ဆန္ဒ၇ှိခြင်း။
ပီပြင်ပြတ်သားစွာ မြင်အောင်ကြည့်ခြင်းဆိုတာ ကောင်းစွာသဘောပေါက်နားလည်အောင်ကြည့်ခြင်းကိုဆိုလိုခြင်းဖြစ်ပါတယ်။
  1. A desire to hear every detail when listening to something;
အကြောင်းအရာတစ်ခုကို နားထောင်လျှင် အသေးစိတ်ကြားသိအောင် နားထောင်လိုသော ဆန္ဒရှိခြင်း။
  1. A desire to present a tranquil countenance;
တည်ငြိမ်အေးချမ်းလိုသော မျက်နှာနေမျက်နှာထားကို ပြလိုသော ဆန္ဒရှိခြင်း။
  1. A desire to present an attitude of respect;
လေးစားမှုသဘောထားကို ပြလိုသောဆန္ဒ၇ှိခြင်း။
  1. A desire to be sincere in his work;
သူ့စကားများတွင် ရိုးသားဖြူစင်သောစကားများ ပါဝင်စေလိုသောဆန္ဒရှိခြင်း။
  1. A desire to be careful in his work;
သူ့အလုပ်တွင် သတိကြီးစွာထား၍ လုပ်ကိုင်လိုသောဆန္ဒရှိခြင်း။
  1. A willingness to enquire further into anything about which he has doubts;
သူသံယရှိနေသော ကိစ္စများတွင်ထပ်မံမေးမြန်းလိုသောဆန္ဒရှိခြင်း။
  1. A willingness to bear in mind the difficulties consequent on anger;
ဒေါသဖြစ်စေမည့်အခက်အခဲများကို စိတ်ထဲ၌ မြိုသိပ်ထားလိုသောဆန္ဒရှိခြင်း။
  1. A willingness to consider moral values when presented with the possibility of profit.
အကျိုးအမြတ်ရရှိနိုင်သည့် အလားအလားများနှင့်ရင်ဆိုင်ရသည့်ကိုယ်ကျင့်တရား တန်ဖိုးများကို လက်ခံစဉ်းစားလို သောဆန္ဒရှိခြင်း………………
               (The Analects of Confucius, chapter 16).
Tuesday, January 10, 2012
လွတ်လပ်ရေးအငြိမ့် ဇာဂနာအဖွဲ့နှင့်သီးလေးသီး
Monday, January 9, 2012
NLD ပါတီဝင်အဖြစ် တရားဝင်လျှောက်ထားလိုရပါပြီ။ အားလုံးလက်ဆင့်ကမ်းပြောကြားစည်းရုံးကြပါ
၂၀၁၂ခုနှစ် ဇန်န၀ါရီရီလ ၉ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဆိုင်းဘုတ်တင်အခမ်းအနားပြုလုပ် ကျင်းပခဲ့ပြီး ပါတီဝင်လျှောက်လွှာတစ်သန်းခန့်ကို ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးသို့ ရောင်းချပေးခဲ့ ကြောင်း သိရှိရသည်။
“ပါတီလျှောက်လွှာကို ရုံးချုပ်က တစ်သန်း ထုတ်တယ်၊ အဲ့ဒါကို ပြည်နယ်နဲ့တိုင်းမှာရှိတဲ့ အဖွဲ့ချုပ်အဖွဲ့ဝင် တွေကို ပြန်ရောင်းပေးတယ်၊ အဲ့ဒီမြို့နယ်မှာရှိတဲ့ မည်သူမဆို အဖွဲ့ဝင်တွေဆီကနေ ဖောင်ဝယ်ဖြည့်ပြီး ပါတီဝင်အဖြစ် လျှောက်ထားလို့ရပါတယ် “ဟု အန်အယ်လ်ဒီ ပါတီဝင်တစ်ဦးဖြစ်သူ ဦးနိုင်းနိုင်းက ပြောသည်။
ပါတီဝင်လျှောက်လွှာတစ်စောင်လျှင် ၁၀၀ ကျပ်နှုန်းဖြင့်ရောင်းချပေးလျှက်ရှိပြီး သက်ဆိုင်ရာမြို့နယ်အလိုက် မိမိမြို့နယ်ရှိ အန်အယ်လ်ဒီအဖွဲ့ဝင်များထံတွင် ၀ယ်ယူနိုင်ကြောင်း သိရှိရသည်။
Saturday, January 7, 2012
နာရေးကူညီမှုအသင်း(ရန်ကုန်) ၏ကြိုးပမ်းဆောင်၇ွက်ချက်များ
ဦးကျော်သူတို့ ရဲ့  လုပ်ဆောင်ချက်တွေ from Thida on Vimeo.
Friday, January 6, 2012
သမ္မတကြီးကို ကိုယ်ဖော်တဲ့ဆေး ကိုယ်တိုင်စားရဲလားဆိုတာ ကိုစမ်းသပ်လိုက်ပါပြီ။ခွင့်မပြုရင်တော့အဖြေပေါ်ပြီ။ကဲစောင့်ကြည့်ကြစို့
ကျပ် ၅၀၀၀ တန်ဖုန်း ရောင်းချပေးမည့် ဦးလွင်နိုင်ဦး နှင့် တွေ့ဆုံခြင်း
ငွေကျပ် ငါးထောင်ရှိရုံဖြင့် ဂျီအက်စ်အမ်မိုဘိုင်းလ်ဖုန်း ၀ယ်ယူသုံးစွဲနိုင်မည်ဖြစ်ကြောင်း ဇန်န၀ါရီလ ၃ ရက်နေ့က ရန်ကုန်မြို့ ပါ့ခ်ရွိုင်ရယ်လ် ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မိုဘိုင်းလ်ဖုန်းဝန်ဆောင်မှုပေးမည့် ရွှေပြည်တံခွန်ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြောကြားခဲ့သည်။ အဆိုပါ သတင်းနှင့် ပတ်သတ်ပြီး The Messenger ဂျာနယ်က ဦးလွင်နိုင်ဦးနှင့် ဆက်သွယ်မေးမြန်းထားချက်များကို ဖော်ပြလိုက်ပါသည်။ 
--၂၀၁၂ နေ့ ပါ့ခ်ရွိုင်ရယ်လ်မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ၅၀၀၀ တန် ဂျီအက်စ်အမ်ဖုန်းတွေကို ဒီနှစ်ထဲမှာ စတင်ချပေးမယ်လို့ အသိပေးပြောခဲ့တဲ့အပေါ်မှာ ပြည်သူတွေဘက်က မယုံမရဲ ဖြစ်နေကြတာတွေ ရှိနေပါတယ်။ အဲဒီအပေါ်မှာ ရွှေပြည်တံခွန်အနေနဲ့ ဘယ်လို ဖြေရှင်းပေးနိုင်ပါမလဲ။
လူသားစာကြည့်တိုက် ဘေဂျင်းတွင် ပထမဦးဆုံးဖွင့်လှစ်
စိတ်ဝင်စားဖွယ်ရာဖြစ်သည့် ဖတ်ရှုနေသော စာအုပ်ထဲမှ ဇာတ်ကောင်နှင့် တွေ့ဆုံဆွေးနွေး လိုပါသလား။ ဖြစ်နိုင်ချေ ရှိနေလေသည်။ ဘေဂျင်းမြို့ စာချစ်သူများအတွက် ဤကဲ့သို့သော အခွင့်အလမ်းကို အသက် ၂၈ နှစ် အရွယ် အမျိုးသမီးတစ်ဦး စတင် အကောင်အထည် ဖေါ်လိုက်ခြင်းပင်။
ယခု ခရစ္စမတ်နေ့တွင် သူမ ငယ်စဉ်က အိပ်မက်ကို လီဇင်နင်းက လက်တွေ့ အကောင်အထည် ဖေါ်နိုင်ခဲ့ သည်။ "လူသားစာကြည့်တိုက်" ကို တကယ့်လူသား အစစ်များဖြင့် ဖွင့်လှစ် နိုင်လိုက်ခြင်းဖြစ်၏။ ဘေဂျင်းအတွက် ပထမဆုံးသော လူသားစာကြည့်တိုက်လည်းဖြစ်သည်။ စာဖတ်သူ တဒါဇင်ကျော်နှင့် "ရှင်သန်နေသော စာအုပ်" ခြောက်ယောက်တို့က သူတို့၏ ဇာတ်လမ်းများ၊ တွေးခေါ်စဉ်းစားမှုများကို အပြန်အလှန် မျှဝေ ဆွေးနွေးနေကြခြင်းပင်။
Wednesday, January 4, 2012
Burma Independence (January 4 1948).mpg