Wednesday, February 29, 2012

ကျောင်းတိုက်က ထွက်မှာမဟုတ်လို့ ဦးဃောသိတ မိန့်ကြား

ရန်ကုန်မြို့ ငါးထပ်ကြီးဘုရား လိပ်ပြာကန် ကျောင်းတိုက်က စာချဆရာတော် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးဃောသိတက မိမိကို ကျောင်းတိုက်ကနေ ထွက်ခွာဖို့ သံဃ မဟာနာယကအဖွဲ့က အမိန့်ထုတ်ထားပေမယ့် အဲဒီကျောင်းမှာပဲ ဆက်လက် သီတင်းသုံး နေထိုင်မယ်လို့ အာအက်ဖ်အေကို မိန့်ပါတယ်။

RFA

ဆရာတော်ဦးဃောသိတအား ကျောင်းမှ ထွက်ခွာပေးရန် ၊ မဟန တွဲဖက်အကျိုးတော်ဆောင် ဆရာတော် ကိုယ်တိုင် လက်မှတ်ရေးထိုး။”

 အိုးဝေအောင် အိုးဘားမား

”ဆရာတော်ဦးဃောသိတအား ကျောင်းမှ ထွက်ခွာပေးရန် ၊ မဟန တွဲဖက်အကျိုးတော်ဆောင် ဆရာတော် ကိုယ်တိုင် လက်မှတ်ရေးထိုး။”
(ဆရာတော် ဦးဃောသိတ)
၂၀၀၇ခုနှစ် ရွှေဝါရောင် လှုပ်ရှားမှု အပြီး -ထိုင်ဝမ်သို့ ကြွသွားသော ရန်ကုန်မြို့၊ဗဟန်းမြို့နယ်၊ငါးထပ်ကြီးမြောက်ရပ်ကွက်၊လိပ်ပြာကန်တိုက်၊အလယ်ကျောင်းကြီး၏၊
ဒုတိယ တိုက်အုပ်ဆရာတော် ဦးဃောသိတ (သာသနာ မှတ်ပုံတင် အမှတ် ၁၂/ကခက(သ)၀၀၀၁၂၆) သာသနဓဇ ဓမ္မာစရိယ) ကို ၂၀၀၉ခုနှစ် ၈လပိုင်း ၂၆ရက်နေ့တွင် ထိုင်ဝမ်မှ အပြန်တွင် စစ်အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး၊
ပြည်ပအခြေစိုက် သံဃာ့ဥသျှောင်အဖွဲ့နှင့် ဆက်သွယ်မှု+နိုင်ငံတော်ဆန့်ကျင်မှု+တရားမ၀င် နိုင်ငံခြားငွေ လက်ဝယ်ထားရှိမှု အစရှိသော ပုဒ်မ ၁၇/၁။ ၁၃/၁ ။ ၂၄/၁။တို့ဖြင့် တရားစွဲဆိုပြီး ထောင်ဒဏ် (၇)နှစ်ချမှတ်ခဲ့ပါသည်။

ထို့နောက် အင်းစိန်ထောင်မှ ရမည်းသင်းထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသည်။ ဆရာတော်သည် ထောင်ထဲတွင်နေထိုင်ရင်း ၂၀၁၂ခုနှစ် ၁လပိုင်း ၁၃ရက်နေ့ တွင် ရမည်းသင်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ပါသည်။

ထို့နောက် ဆရာတော်သည် မိမိကျောင်းဖြစ်သော ရန်ကုန်မြို့၊ဗဟန်းမြို့နယ်၊ငါးထပ်ကြီးမြောက်ရပ်ကွက်၊လိပ်ပြာကန်တိုက်၊အလယ်ကျောင်းကြီးတွင် ပြန်လည် သီတင်းသုံးနေထိုင်ခဲ့ပြီး၊ သာသနာရေးကိစ္စများ ဆောင်ရွက်နေရင်း၊ ဆရာတော်သည် ၂၀၁၂ခု ဇန်န၀ါရီ ၂၄ရက် နေ့စွဲဖြင့် ကျောင်းမြေနေရာ ကျူးကျော်မှု ကန့်ကွက်စာတခုကို (သက်တော်၇၀ ၊၀ါတော် ၅၀ ရှိ ကျောင်းထိုင်ဆရာတော် ဦးဇောတိက မှ လွဲ၍) ကျောင်းတိုက်သံဃာတော်များ၏ လက်မှတ်ဖြင့် ထုတ်ပြန်ခဲ့ပါသည်။

ဆရာတော် ဦးဃောသိတ ဓမ္မာစရိယ ဓမ္မကထိက စာချဆရာတော်ကို မ ဟ န ကိုရင်ကြီးများအဖွဲမှပိုက်ဆံရရှိသည့်အတွက်ကျောင်းတိုက်မှနှင်ထုတ်

ဆရာတော် ဦးဃောသိတ ဓမ္မာစရိယ ဓမ္မကထိက စာချဆရာတော်ကို မ ဟ န ကိုရင်ကြီးများအဖွဲ့သည် အကျင့်ပျက် နေသောကျောင်းထိုင်ဆရာတော်ထံမှ ပိုက်ဆံရရှိသည့်အတွက်ကျောင်းတိုက်မှနှင်ထုတ်
http://burmese.dvb.no/archives/21812

Saturday, February 25, 2012

တိုင်းပြည်ကိုချစ်မြတ်နိုးသူတိုင်း သတိထားသင့်တဲ့ မတ်လ ၁၄ ရက် မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်အငြင်းပွားမှု

တိုင်းပြည်ကိုချစ်ပါတယ်ဆိုတဲ့သူတိုင်း သိသင့်သိထိုက်တဲ့သတင်းတစ်ပုဒ်ပါ။ တစ်ချိန်ချိန်မှာ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ရေပိုင်နက်အငြင်းပွားမှုတိုင်းကို ကျင့်ထုံးတစ်ခုအနေနဲ့ စံပြုရမယ့် မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်အငြင်းပွားမှုဆိုင်ရာဆုံးဖြတ်ချက်ကို နိုင်ငံတကာရေပိုင်နက်အငြင်းပွားမှု ဖြေရှင်းရေးခုံရုံးက ချမှတ်တော့မှာဖြစ်ပါတယ်။ ဒီလိုအရေးကြီးတဲ့ အချိန်မှာ ကျွန်တော်တို့တွေ ဘာတွေပြင်ဆင်ပြီးပြီလဲ။ ဘာလုပ်ဖို့လိုလဲ၊ ဘာလုပ်ကြမှာလဲ။ တကယ်တမ်းပြောရရင် နည်းနည်းနောက်တောင်ကျနေပါပြီ။ သူများတွေ စေလိုရာစေ၊ လုပ်ခိုင်းသမျှ ငြိမ်ခံပြီး တိုင်းပြည်ရဲ့ရေပိုင်နက်ကို အပါခံမလား။ တမျိုးသားလုံးစည်းလုံးညီညွတ်စွာနဲ့ တောင်းဆိုကြမလား၊ ငါတို့တွေ ဘာလုပ်ကြမှာလဲ။ အစိုးရနဲ့ အတိုက်အခံဆိုပြီး ခွဲခြား ပြစ်တင်နေဦးမှာလား။ နည်းလမ်းပေါင်းစုံရှာပြီး ကိုယ့်မြေကိုယ့်ရေကို တစ်လက်မမျှအပါမခံရလေအောင် နည်းပေါင်းစုံနဲ့ ကာကွယ်ရတော့မယ့် အချိန်ပါ။ အစိုးရနဲ့ အတိုက်အခံ တို့စည်းလုံးညီညွတ်စွာနဲ့ ပြည်သူပြည်သားတွေကို ဦးဆောင်မှုပြုရတော့မှာပါ။ ရှင်းရှင်းပြောရရင် ကြားဖြတ်ရွေးကောက်ပွဲမှာ အရွေးမခံရတာက နောက် ၄နှစ်စောင့်ရင် အမတ်ဖြစ်နိုင်ပါသေးတယ်။ အကယ်၍ ကိုယ့်ရေပိုင်နက် တစ်လက်မမျှ ပါသွားပြီဆိုရင် နောက်တစ်သက်လုံး ပြန်ရနိုင်မည်မဟုတ်ပါ။ ...................................................................................................................................


ကဲ ဒီမှာကြည့် ဘင်္ဂလားက တောင်းတဲ့ ရေပိုင်နက်နော်..... ရခိုင်ပြည်နယ် ကမ်းရိုးတန်း တစ်ဝက်မကဘူး ခပ်တည်တည်နဲ့ တင်တောင်းထားတယ်ဗျာ..... ငယ်ငယ်တုန်းက ပထ၀ီဝင်ထဲမှာပါတဲ့ ရခိုင်ပြည်နယ်ထဲက ကျွန်းတစ်ခုကိုပါ သူတို့ပိုင်နက်ထဲ ဆွဲထည့်သေးတယ်...... လိုအပ်လို့ စစ်ဖြစ်လာရင် မြန်မာပြည်ကို ဆော်ဖို့၊ နှက်ဖို့ဆိုပီး လွန်ခဲ့တဲ့ နှစ်တွေထဲက ပါကစ္စတန်ရဲ့ စစ်ရေး ဖိုရမ်တွေမှာ မြန်မာပြည် လက်နက်ဝယ်တာတွေ၊ စစ်ရေးအခြေအနေတွေ၊ တပ်အပြောင်းအရွှေ့တွေကို ဒီကောင်တွေ ဆွေးနွေးနေကြတယ် .... ကျွန်တော်တို့ စီမှာတော့ အချင်းချင်း လှည့်ပါတ် ဆော်ဖို့ပဲ စဉ်းစားနေကြတယ်.... မြန်မာပြည်ထဲမှာ အပ်ပျောက်၊ ဖိနပ်ပျောက်ကအစ အတိအကျ သိကြတဲ့လူတွေ ဒါမျိုးတွေမှာ အသံမထွက်ကြဘူး....

Sunday, February 19, 2012

အချင်းချင်းသစ္စာဖေါက်ခဲ့ပြီ


အချင်းချင်းသစ္စာဖေါက်တဲ့ မ ဟ န
ဗုဒ္ဓဘုရားရှင်လက်ထက် ဒေ၀ဒတ်ရှိစဉ်ကပေါ့
ဗုဒ္ဓမြတ်စွာဘုရား တပည့်တော်အား
ငဲ့ညှာသနား အာဏာလွှဲပြောင်းပေးပါဘုရား
လျှောက်ထားတဲ့စကား ဗုဒ္ဓဘုရားကြားတော့
ဒီမယ်ဒေ၀ဒတ် ငါဘုရားမြတ်ကိုယ်တော်တိုင် အာဏာမပိုင်ပါ…
သံဃာ့ထံမှာ ဓမ္မ၀ိနယ ရှိနေကြ၍
ထိုလမ်းအညီနေနိုင်ပြီ။
အခုတော့ ခေတ်သစ် ဒေ၀ဒတ် ခေတ်ပျက် မဟန
မိမိအာဏာရဖို့အရေး ကိုယ့်သံဃာသွေး ကိုယ်ပြန်သောက်
အချင်းချင်းသစ္စာဖောက်ခဲ့ပြီ။
ဓမ္မနှင့်အညီတရားဟောပြ ဦးပညာသီဟကို
ကျောင်းကနှင်ထုတ် သူတို့အဟုတ်ယုတ်ကြပြီ။
မိမိသံဃာတော်များ အပြစ်မရှိငြားပဲထောင်နန်းစံရ
 နှိပ်စက်ကျလို့ ကျောင်းတွေပိတ်ချိန်
ညိမ်စိမ်နေကြ ဘာမှမဖွင့်ဟ မ ဟ န က
ကိုယ့်ကျောင်းကိုယ်ပြန်နေ သံဃာတော်တွေကို
သခင့်အလိုကျ အမိန့်ထုတ်ပြကာ
မိမိအာဏာရဖို့အရေး ကိုယ့်သံဃာသွေး ကိုယ်ပြန်သောက်
အချင်းချင်းသစ္စာဖောက်ခဲ့ပြီ။
ဘောလောင်း ချဲထိုး မိန်းမပိုးပြီး
ပျက်ဆီးကာနေ ကျောင်းတိုက်တွေကို
ဘာမှမဖွင့်ဟ ခွင့်ပြုနေကြ မ ဟ န က
သာသနာ့ အရေး အသက်ပေးဆောင်ရွက်
ထမ်းရွက်ကြပေသံဃာတော်တွေကို
မိမိစော်ကား ပြုပေငြားဟု
အမိန့်ထုတ်ကာ ယုတ်မာလာကြ မ ဟ န သည်
 မိမိအာဏာရဖို့အရေး ကိုယ့်သံဃာသွေး ကိုယ်ပြန်သောက်
အချင်းချင်းသစ္စာဖောက်ခဲ့ပြီ။
မှတ်ချက်။        ။ဓမ္မစစ်ဓမ္မမှန်သံဃာတော်များဘက်မှာ မရပ်တည်ပဲ မိမိအာဏာစည်းစိမ်တည်မြဲရေးအတွက် ခိုင်းတာမှန်သမျှ
လိုက်လုပ်အမိန့်ထုတ်ကာ သံဃာတော်များအချင်းချင်းအား သစ္စာဖေါက်နေသော မ ဟ န ဆရာတော်များအား            ပစ္စည်းလေးပါး လှူဒါန်းရန်သင့်မသင့်စဉ်းစားကြစေလိုပါသည်။သတိ အဆိပ်ပင်ရေလောင်း မဖြစ်ဖို့အရေးကြီးပါသည်။

                                                           မင်းသုည(ဗုဒ္ဓတက္ကသိုလ်)










နိုင်ငံအတွက် ခေတ်အဆက်ဆက် အသက်တွေပေးလှူနေကြရသည်။ဘယ်တော့ နိဂုဏ်းချုပ်ပါလိမ့်။

<iframe width="560" height="315" src="http://www.youtube.com/embed/W4w_uAeayeE" frameborder="0" allowfullscreen></iframe>

အာဏာစက်ထက် ခဲတံချွန်စက်ကမှ ပိုအသုံးဝင်ဦးမယ်.... (ရွှေဝါရောင် ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီရအား အာဏာစက်ဖြင့် အရေးယူမည်)

Sunday, February 19, 2012  ဒီမိုဝေယံ 


ဗန်းမော်ဆရာတော်ကြီးရဲ့ ဓမ္မစက်နဲ့ထုတ်ပြန်ခဲ့တဲ့ အမိန့်စာကို ပယ်ချတဲ့
အာဏာပိုင်တွေကို ဘာစက်နဲ့ အရေးယူမလဲ...

Friday, February 17, 2012



သာသနာ့အန္တရာယ် ဒို့ကာကွယ်
ပရိယတ္တိ၊ပဋိပတ္တိ၊ပဋိဝေဓ
မူလသုံးဖြာ သာသနာမှာ
အခြေမူလ ပရိယတ္တိဟာ ပဓာနမို့
မူလခံတပ် မပျက်ရလေအောင်
နွေရာသီမှာ ယမိုက် ပဋ္ဌာန်း
အဆင့်မြင့်ဓမ္မာစရိယတန်းရယ်
ပြီးတော့….ကမ္ဘာကိုသာသနာပြန့်ပွါးစေဖို့
ဗုဒ္ဓတက္ကသိုလ်ပညာရပ် အဖက်ဖက်က တက်ကျွမ်းကြရလေအောင်
သင်ကြားပို့ချ ပေးဝေငှရာဌာန
အခုတော့ ခေတ်သစ် ဒေ၀ဒတ်တို့ရဲ့လက်ချက်နဲ့ ပျက်ရတေ့မယ်
ဆရာတော်နောက်ဆုံးနှုတ်ဆက် ဆွမ်းခံထွက်စဉ်
လှူဒါန်းကြသူ ဒါယကာ ဒါယိကာမတတို့ရဲ့
သောကမျက်ရည်တွေ ပင်လယ်ဝေနေကြရပြီလေ…
ဒို့နိုင်ငံ ဒို့သာသနာ……
အင်္ဂလိပ်နဲ့ဂျပန် တိုင်းတစ်ပါးသားရဲ့လက်ထက်
ဒီလောက်ရက်စက်မခံခဲ့ကြရ
အခုတေ့…. တိပိဋကဓရ၊ဘိဝံသ၊ဓမ္မကထိက၊ပဓာနနာယက
သံဃာတော်တွေအားလုံးလည်း ထောင်နန်းတွေစံခဲ့ကြရ
ကျောင်းတိုက်တွေလည်း ဖျက်ဆီးချိတ်ပိတ်ခံရ
သံဃာတော်သွေးတွေလဲ
ရွှေတိဂုံဘုရား ခြေတော်ရင်းမှာ မြေခခဲ့ကြရပေါ့..
မြန်မာမှာ ဥဒါန်းသွင်မဲ့နေ့
၁၉ ရက် ၂ လ ၂၀၁၂ နေ့ပေါ့..
သာသနာကိုချစ်သူ၊သာသနာပြုသူ
သာသနာတော်ကို ပြန့်ပွါးစေသူရဲ့ရလဒ်
ကျောင်းတိုက်ကထွက်ရမယ်တဲ့…
သာသနာကို ဖျက်ဖို့ကြံကြတဲ့
ဒင်းတို့ရဲ့ခြေလှမ်းအစ ဒို့တတွေ ငုံ့ခံကြရင်..
ဒို့ဗုဒ္ဓရဲ့သာသနာ ဒို့ရဲ့အမိမြေမှာ
မြန်မကြာ ခွဲခွါရတော့မှာမို့
အားလုံးသတိ အစဉ်အမြဲရှိဖို့..
သာသနာအရေး ဒို့အရေး…..
သာသနာ့တာဝန် ဒို့တာဝန်….
သာသနာ့အလုပ် ဒို့အလုပ်….
သာသနာ့အန္တရာယ် ဒို့ကာကွယ်ဖို့..
ဒို့တစ်တွေ စည်လုံးညီညွတ်စွာဖြင့်
တွန်းလှန်တိုက်ပွဲဝင်ကြပါစို့…….
မှတ်ချက်။        ။သာဓုပရိယတ္တိ စာသင်တိုက်၊ ဗုဒ္ဓတက္ကသိုလ်ကြီး၏ ပဓနနာယကဆရာတော် ဦးပညာသီဟ (ရွှေည၀ါဆရာတော်)၁၉.၂.၂၀၁၂ နေ့ကျောင်းတိုက်က ထွက်ပေးရမည်ကို ရေးစပ်သီးကုံးထားခြင်းဖြစ်ပါသည်။
                                                                  မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

ကြာသာပတေးနေ့က ရွှေညဝါဆရာတော်ကြီးနဲ့ ကြည်ညိုသူ ဒကာ၊ ဒကာမများရဲ့ ဆွမ်းခံကြွချီပြီး တနေ့တာ လူမှုရေးဆောင်ရွက်ချက်များ..

Friday, February 17, 2012  ဒီမိုဝေယံ  No comments


သံပန်းတွေ သံတံခါးတွေ ခြားနေပေမယ့်လည်း ရွှေညဝါ ဆရာတော်ကြီးအား ကြည့်မြင်တိုင် အထက(၅)မှ ဆရာ၊ ဆရာမများမှ ယခုလို လှူဒါန်းကြပါတယ်။ 

အညတရအကျဉ်းသားရဟန်းတော်များ (၁၃) အရှင်ကုမုဒ (ခ) ကျော်ဝင်း

ရှင်ပညာနန္ဒ ဖေဖ၀ါရီ ၁၇၊ ၂၀၁၂

အမည်- အရှင်ကုမုဒ (ခ) ကျော်ဝင်း
မွေးဖွားရာဒေသ – (—) စဥ့်ကူးမြို့ နယ်၊ မန္တလေးတိုင်း။
မွေးသက္ကရာရာဇ် – ၁၉၆၂
အဖမ်းခံရသည့်နေ့စွဲ – ၁၉၈၉
ပုဒ်မ – ၆ (၁) ၁ ၀/၁၄ (ဃ) ၆ (က) (ခ) ၅
စီရင်ချက်ချနေ့ နေ့စွဲ – ဇန်န၀ါရီ ၂၂၊ ၁၉၉၁
ချမှတ်ခံရသည့်ထောင်ဒဏ် – (၁၁) နှစ်။
နေခဲ့ရသည့်ထောင်များ – ပြည်၊ သာယာဝတီ၊ လွိုင်ကော်ရေအားလျှပ်စစ်စီမံကိန်း (လုပ်အားပေးစခန်း) ရှေ့တန်းစစ်မျက်နှာ။
လွတ်မြောက်သည့်နေ့ - ၁၉၉၄ ခုနှစ်။
● ရှစ်လေးလုံးအရေးအခင်းကာလ
၁၉၈၈ အရေးအခင်းဖြစ်တော့ ပြည်မြို့ ဇောတိကာရုံပါဠိတက္ကသိုလ်မှာ ပရိယတ္တိစာပေသင်ကြားဘို့ ရောက်ရှိနေပါတယ်။ အရေးအခင်းဖြစ် တာနဲ့ကြုံတော့ အခြားသံဃာတော်တွေနဲ့အတူ လူသတ်သမားအစိုးရ အလိုမရှိဆိုတဲ့ ဆိုင်းဘုတ်ကိုင်ဆောင်ပြီး ရှေ့ဆုံးကနေ ပါဝင်လှုပ်ရှား ခဲ့ပါတယ်။ အခြားသံဃာတော်တွေနဲ့အတူ လူထုလှုပ်ရှားမှုတွေမှာပါဝင်ဆောင်ရွက်ရင်း ၁၉၈၉ ခုနှစ်မှာ အခြားသံဃာတော် (၇) ပါးနဲ့အတူ အဖမ်းခံရပြီး ပြည်မြို့ရဲစခန်းမှာ လေးပတ်ကြာ ချုပ်နှောင်ထားခြင်းခံခဲ့ရပါတယ်။ ညဘက်အချိန်တွေမှာ ဦးခေါင်းကိုအိပ်နဲ့စွပ်တာခံရပြီး အရက်မူးမူးနဲ့ ရဲတွေရဲ့ရိုက်နှက်တာ၊ ဆဲဆိုတာတွေကို ပြည်မြို့ကရဲစခန်းမှာ လေးပတ်ကြာ နေ့စဉ်ခံခဲ့ရပါတယ်။ အဲဒီနောက် ဘုန်းကြီး (၇)ပါးလုံးကို ပြည်ထောင်ကိုပို့လိုက်ပါတယ်။

နိုင်ငံရေးသမားတွေရဲ့အသုံးချခံ မဖြစ်ဖို့ ရွှေည၀ါ ဆရာတော်ကို အာဏာပိုင်တွေ လျှောက်ထား

ရွှေည၀ါ ဆရာတော်အနေနဲ့ နိုင်ငံရေးသမားတွေရဲ့အသုံးချခံ မဖြစ်ဖို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က စေလွှတ်တဲ့ ကိုယ်စားလှယ်တွေ ဒီကနေ့ လာရောက် လျှောက်ထားခဲ့တယ်လို့ ဆရာတော်က အာအက်ဖ်အေကို မိန့်ကြားပါတယ်။
(ဒီမိုဝေယံ website)
ရွှေညဝါဆရာတော် ဦးပညာသီဟ 

Thursday, February 16, 2012

ပြည်သူတွေ မျက်ရည်ဖြိုင်ဖြိုင် ကျနေခဲ့ရတဲ့ ရွှေညဝါဆရာတော်ကြီးရဲ့ ဒုတိယနေ့မြောက် ဆွမ်းအလှူခံကြွရောက် ချီးမြှင့်ပွဲ

Friday, February 17, 2012  ဒီမိုဝေယံ  


ဆရာတော်ကြိးကို ကြည်ညိုတဲ့ ကျွန်တော်တို့ပြည်သူတွေ မတရားလုပ်ရပ်အတွက် မချိတင်ကဲ မျက်ရည်ကျခဲ့ကြရတယ်ဗျာ..
 ဒီကနေ့ ၁၆ရက်နေ့ မနက်ပိုင်းက ရွှေညဝါဆရာတော်ကြီးနဲ့ နောက်ပါ တပည့်သံဃာတော်များမှ ကျေးဇူးရှင် ဒါယကာ၊ ဒါယိကာမများအား ဆွမ်းခံကြွရောက် ချီးမြှင့်ခဲ့ပါတယ်..။

Wednesday, February 15, 2012

အလုပ်လက်မဲ့ ပြဿနာ ဖြေရှင်းဖို့ ပြင်ဆင်ပြီးဖြစ်ဟု ဒေါ်စုပြော

ချင်းမိုင် (မဇ္ဈိမ) ။        ။ မြန်မာနိုင်ငံ၏ အလုပ်လက်မဲ့ ပြဿနာကို ဖြေရှင်းရန် ပြည်ပနိုင်ငံများနှင့် အဖွဲ့အစည်းများ၏ အကူအညီ ရယူ၍ ဆောင်ရွက်ရန် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံ၏ အဓိက ပြဿနာမှာ ဆင်းရဲမွဲတေမှုဖြစ်ပြီး ဆင်းရဲခြင်းကို ဖြစ်စေသည့် အကြောင်းမှာ အလုပ်လက်မဲ့ များပြားခြင်းဟု ဗုဒ္ဓဟူးနေ့မနက်က မရမ်းကုန်းမြို့နယ် ပါတီစည်းရုံးရေး ဟောပြောပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည် က ထည့်သွင်း ပြောဆိုသွားခြင်း ဖြစ်သည်။

မြှင့်တင်ကြရမည့်စိတ်ဓာတ်(အတွေးအမြင်စာစဉ် (၁၅၁)၊ အောက်တိုဘာ၊ ၂၀၀၁)


မြှင့်တင်ကြရမည့်စိတ်ဓာတ်
         
          စိတ်ဓာတ်သည် လူတို့၏အားမာန်ဖြစ်သည်။ စိတ်ဓာတ်တက်ကြွသည့်အခါ အရာရာကို အားမာန်အပြည့်ဖြင့် လုပ်ဆောင်နိုင်စွမ်း ရှိသည်။ စိတ်ဓာတ်ကျသည့်အချိန်၌မူ မည်သည့်အမှုကိစ္စကိုမဆို လုပ်ဆောင်လိုစိတ်ကင်းကာ အားမာန်ကုန်ခန်းသွားတတ်ပေသည်။
            စိတ်တွင် နှစ်မျိုးရှိရာ လူတို့၏အားမာန်ကို ပြည့်ဖြိုးစေသည့်စိတ်နှင့် လူတို့၏အားမာန်ကို ပျက်ပြားစေသည့် စိတ်ဖြစ်သည်။ စိတ်ဓာတ်တက်ကြွပြီး အားမာန်အပြည့်ဖြင့် လုပ်ကိုင်ဆောင်ရွက်လိုက်သည့်အခါ လူတို့၏ အတွေးအခေါ်များသည် တော်တည့် မှန်ကန်နိုင်သည်။ ယုံကြည်ချက်များကို ခိုင်မာစေပြီး မျှော်လင့်ချက်များပေါက်မြောက် အောင်မြင်နိုင်သည်။ တစ်ချိန်တည်းတွင် ရဲစွမ်း သတ္တိများဖြစ်ထွန်းစေနိုင်ပြီး မှန်ကန်သည့်ဆုံးဖြတ်ချက်များကိုလည်း ချမှတ်နိုင်လိမ့်မည်ဖြစ်သည်။ စိတ်ဓာတ်ကျဆင်းသွားသည့်အခါမျိုး တွင်မူ စိတ်အားငယ်ရတတ်သည်။ စိုးရိမ်ပူပန်မှုကြောင့် သောကအထွေထွေကြုံရတတ်သည်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု အားနည်းလာတတ်သည်။ အရာရာကိုမှန်မှန်ကန်ကန် မဆုံးဖြတ်နိုင်ဘဲ ဒွိယ သံသယစိတ်များ ဖြစ်ပေါ်လာကာ တွေဝေသွားတတ် ကြသည်။
            သို့ဖြစ်ရာလူတိုင်းသည် မိမိ၏ စိတ်ဓာတ်အားမာန်ကို ခိုင်မာနေအောင် အစဉ်အမြဲ မြှင့်တင်နေကြရမည်။ စိတ်ဓာတ် ကြံ့ခိုင်နေရေးသည် လူတိုင်းအတွက် အရေးကြီးသည်။ လူတစ်ဦးချင်းစီအလိုက် စိတ်ဓာတ်ကြံ့ခိုင်နေဖို့လိုအပ်သကဲ့သို့ လူသားအားလုံး၊ လူ့အဖွဲ့အစည်းအားလုံးသည်လည်း ကြံ့ခိုင်သည့်စိတ်ဓာတ်မျိုးရှိနေကြဖို့ လိုပေလိမ့်မည်။ စိတ်ဓာတ်ကြံ့ခိုင်နေမှသာ မိမိတို့ကြံစည်၊ လုပ်ကိုင်၊ ပြောဆိုလှုပ်ရှားမှုများသည် တိုးတက်အောင်မြင်ဖြစ်ထွန်းလိမ့်မည်သာဖြစ်သည်။ သို့ကြောင့် အရာရာကို ဇွဲကောင်းကောင်းဖြင့် ကြိုးပမ်းလုပ်ဆောင်နေနိုင်ကြမည်ဆိုပါက မအောင်မြင်စရာ အကြောင်းမရှိနိုင်ပေ။

Tuesday, February 14, 2012

ဦးလောကနာ

The water is pure that flows. The monk is pure that goes.
ရေဟာ အမြဲတမ်း စီးနေမှ သန့်ရှင်းတယ်။ သာသနာပြုရဟန်းဟာ သာသနာတော်အတွက် အမြဲတမ်းကြိုးစာဆောင်ရွက်နေမှ သန်း၇ှင်းကောင်းမွန်တယ်။ (ဦးလောကနာထ)

အီတာလျံဘုန်းတော်ကြီး ဦးလောကနာထ၏ ကမ္ဘာလှည့်တရား ( Ebook Reader Size) - ဓမ္မာစရိယဦးဌေးလှိုင်

ဆရာတော် ဦးဝိစိတ္တာဘိဝံသ (ဦးဝီရသူ ဟောပြောပွဲ) ဒို့ဗမာဘယ်လဲ

စာရေးသူတို့ မန္တလေးမှာနေစဉ် ဆရာကြီးဦးဥုတ်ကျော်ဓမ္မကထိက သင်တန်း၌ ဆရာတော်ဦးရသူ လာဟောပြောပါသည်။

ရွှေညဝါဆရာတော်မှ သံဃာတော်၊ သီလရှင်များနှင့် ဆွမ်းအလှူခံကြွချီ၍ ကျေးဇူးရှင် ဒါယကာ၊ ဒါယိကာမများတို့အား အမှတ်တရ နှုတ်ဆက်မည်...

  ဒီမိုဝေယံ 


လာမည့် ၁၉ရက်နေ့မှာ မဟနမှ သာဓုကျောင်းတိုက်မှ ထွက်ခွာပေးရန် နောက်ကွယ်မှ တစုံတခုသော ဖိအား ပယောဂဖြင့် အတင်းအကြပ် လုပ်ဆောင်ခြင်းခံနေရတဲ့ ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အကျိုးတော်ဆောင်ချုပ် ရွှေညဝါဆရာတော်ကြီးမှ ကျေးဇူးရှင် ဒါယကာ၊ ဒါယိကာမများတို့အား အမှတ်တရ နှုတ်ဆက်သည့် အနေဖြင့် နောက်ပါ တပည့်သံဃာ သီလရှင်များနှင့်  ဆွမ်းအလှူခံကြွချီမည် ဖြစ်ကြောင်းသိရှိရပါသည်..။

ဝိမုတ္တိသုခ လွတ်မြောက်မှုချမ်းသာ စေတီတော်ကြီးတွင် ၅ ရက် အသံမစဲ မဟာပဌာန်းပူဇော်ပွဲ ဖိတ်ကြားလွှာ


မြန်မာနိုင်ငံသားများစုပေါင်းလှူဒါန်းငွေ
ဖြင့်တည်ဆောက်ဆဲ ၀ိမုတ္တိသုခ စေတီ
တော်မြတ်ကြီးအတွင်း အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ၅ ရက် တိုင်တိုင်ကျင်းပပူဇော်မည်ဖြစ်ပါသည်။
မြန်မာနိုင်ငံသားများနှင့်တကွ ကမ္ဘာသူ ကမ္ဘာသားအားလုံး ကျရောက်နေကြသော ဘေးဒုက္ခဆင်းရဲ အပေါင်းမှ လွတ်မြောက်ကြပါစေ။

Monday, February 13, 2012

ဓမ္မစကား ခေတ်လူများ၏မှတ်စု ဂျာနယ် အမှတ်စဉ် (၅)မှ


ဓမ္မစကား
          မြတ်စွာဘုရားရှင်ဟောကြားတော်မူသော တရားတော်များကို စနစ်တကျသေချာ ကျနစွာလေ့လာစေချင်ပါသည်။မိမိလေ့လာမှုအားနည်းလျှင်အားနည်းသလောက် သဘောပေါက်နားလည် မှုလွဲနိုင်ပါသည်။တချို့ကမြတ်စွာ ဘုရားဝါဒကို လောကုတ္တရာသက်သက် နိဗ္ဗာန်လမ်းစဉ်တစ်ခု သာဟောထားသောဝါဒ ဟုထင်မှတ်မှားတတ်ကြပါသည်။လုံးဝမဟုတ်ပါ လောကီ လောကုတ္တရာ နှစ်ဖြာပြည့်စုံသော ၀ါဒဖြစ်ပါသည်။လော ကီမှာကြီးပွါးအောင်မြင်ဖို့ဟော ထားသောတရားများမြောက်များ စွာရှိပါ သည်။အဓိပတိ တရားလေးပါး ကိုဆွေးနွေးပြချင်ပါသည်။ အဓိပတိရဲ့အဓိပ္ပါယ်မှာ အကြီးအမှုးဖြစ်ပါသည်။ လူတစ်ယောက်ကြီးပွါး အောင်မြင်ဖို့ ကိုယ်လိုရာပန်းတိုင်ကိုရောက်နိုင်ဖို့ မရှိမဖြစ်တကယ်လိုအပ်သောတရားလေးပါးဖြစ်ပါသည်။
          ထိုတရားလေးပါးမှာ ၁။ဆန္ဒာဓိပတိ ။ ၂။ဝီရိယာဓိပတိ။ ၃။စိတ္တာဓိပတိ။ ၄။ဝီမံသာဓိပတိ တို့ဖြစ်ပါသည်။တကယ်အောင် မြင်ကြီးပွါးလိုသောသူတိုင်း ထိုတရားလေးပါးကို တနေ့တခြား ပိုမိုကြီးထွားအောင်စနစ် တကျလေ့ကျင့် ပေးဖို့ လိုပါ သည်။မိမိ ရင်ထဲက လိုချင်မှု ဆန္ဒဓါတ်သည် လေ့ကျင့်ပေးမှုမရှိပါက အဓိပတိ ဆိုတဲ့အင်းအားကြီးထွားမှုအဆင့်ကိုရောက်မလာပဲ သာမာန် အဆင့်ဖြင့် နိဂုဏ်းချုပ်သွားပါလိမ့်မည်။သာမာန် သူလိုငါလို လိုချင်ကာမတ္တ ဖြစ်ချင်ကာ မတ္တသာမာန် ဆန္ဒဖြင့်ဘယ်လိုနည်းနှင့်မျှ အောင်မြင် ကြီးပွါးနိုင်မည်မဟုတ်ပါ။လူအများစု ကြီးပွါးအောင်မြင်မှု ပန်းတိုင်နှင့်လွဲချော်နေကြချင်းမှာ ဆန္ဒာဓိပတိကို ကောင်းစွာသဘော မပေါက်မလေ့ကျင့် လို့ပဲဖြစ်ပါသည်။ ကမ္ဘာမှာ အောင်မြင် ကျော်ကြားသူမှန် သမျှကိုကြည့် မည်ဆိုလျှင် ဆန္ဒာ ဓိပတိ  အားကောင်း  သောအချက်ကိုကောင်းစွာတွေ့ရမည်ဖြစ်ပါသည်။

Friday, February 10, 2012

ဦးဂမ္ဘီရပြန်လည်လွတ်မြောက်လာကြောင်းသတင်းရရှိ

ညအကာလအချိန် ရဲကား ၃ စီးဖြင့်ပင့်ဆောင်သွားသော သံဃာ့တပ်ပေါင်းစုခေါင်းဆောင် ဦးဂမ္ဘီရအား ယနေ့ည ၈ နာ၇ီ ၃၀ အချိန် ပြန်လည်လွှတ်ပေးလိုက်သည်ဟု သတင်းရရှိပါသည်။

ကျောင်းတိုက်နှစ်တိုက်ကိုချိတ်ဖွင့်၊ ကျောင်းတိုက်နှစ်တိုက်ကိုအာဏာပြ ချိတ်ပိတ်

ကျောင်းတိုက်နှစ်ကိုချိတ်ဖွင့်၊ ကျောင်းတိုက်နှစ်တိုက်ကိုအာဏာပြချိတ်ပိတ် လင့်

Thursday, February 9, 2012

ရွှေဝါရောင် ဦးဆောင်ဆရာတော် ဦးဂမ္ဘီရ ပြန်လည် ဖမ်းဆီးခံရခြင်းနှင့် ရွှေည၀ါ ဆရာတော် ပြန်လည် တရားဟောခွင့် မရသေး...

ရွှေဝါရောင် ဦးဆောင်ဆရာတော် ဦးဂမ္ဘီရ ပြန်လည် ဖမ်းဆီးခံရ

ရွှေညဝါဆရာတော်အား တိုင်းသံဃနာယကမှ ကျောင်းတိုက်မှ အတင်းအကြပ်ဖယ်ရှားရန် လက်မှတ် ရေးထိုးစဉ်က
သွားရောက် အားပေးခဲ့တဲ့ အရှင်ဂမ္ဘီရအား တွေ့ရစဉ်
(ဓာတ်ပုံ ဒီမိုဝေယံ)

ရွှေဝါရောင်ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီရအား ယနေ့ မနက်(၂)နာရီက ရဲအထူးသတင်း တပ်ဖွဲ့မှ ခေတ္တသီတင်းသုံး နေထိုင်နေတဲ့ လယ်တီဝိပဿနာ ကျောင်းတိုက်မှ လာရောက်ခေါ်ယူ သွားကြောင်း သိရှိရပါတယ်...။ မနေ့က အရှင်ဂမ္ဘီရအား ခေတ္တတွေ့ဆုံခွင့်ရခဲ့တဲ့ သူတစ်ဦးမှ ပြောဆိုရာမှာတော့ မဂ္ဂင်ကျောင်းတိုက်အား ပြန်လည်ဖွင့်လှစ် သီတင်းသုံးနေထိုင်မှုနှင့် ပတ်သက်ပြီး နိုင်ငံတော် သံဃမဟာနာယက မနေ့က ခေါ်ယူထားကြောင်း ယင်းအတွက် လာရောက် ခေါ်ဆောင်မည့် သူအား စောင့်မျှော်နေသော်လည်း ၎င်းသွားရောက် တွေ့ဆုံသည့် အချိန်အထိ လာရောက် ခေါ်ဆောင်ခြင်း မရှိသည့်အတွက် သွားရောက်နိုင်ခြင်း မရှိခဲ့ကြောင်း အရှင်ဂမ္ဘီရမှ မိန့်ကြားခဲ့တယ်လို့ ဆိုပါတယ်...။ ထို့အတွက်ကြောင့် မဟနရဲ့ သြဝါဒပေးမယ့်ပွဲ ပျက်သွားတာ ဖြစ်နိုင်ကြောင်း သွားရောက်တွေ့ဆုံခဲ့သူ တဦးမှဆိုပါတယ်..။

ကြမ္မာငင်တဲ့ မဂ္ဂင် (ပြည်တွင်းရွှေ့ပြောင်း ရွှေဝါရောင် သံဃာတော်များ အကြောင်း)

သေးသိမ်သည့် လုပ်ရပ်များကြောင့် နိုင်ငံနှင့် ပြည်သူ၏ အနာဂတ်ကို မထိခိုက်စေချင်

written by အောင်မောင်း
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး နယ်လှည့်စည်းရုံးရေး ခရီးစဉ်အဖြစ် ထားဝယ်မြို့သို့ သွားရောက်ခဲ့ရာ ထားဝယ်ဒေသခံ ပြည်သူလူထုကြီးက တစ်ခဲနက် ကြိုဆိုထောက်ခံခဲ့ကြပြီး ကောင်းချီးမင်္ဂလာများ ပေးခဲ့ကြသည်။ လူထုခေါင်းဆောင်အနေဖြင့် ထားဝယ်မြို့သို့ နှစ်ပေါင်း နှစ်ဆယ်အကြာမှ နောက်တစ်ကြိမ် ပြန်ရောက်ခဲ့ရခြင်း ဖြစ်သည်။ ၁၉၈၉ခုနှစ်က လူထုခေါင်းဆောင်၏ ထားဝယ်ခရီးစဉ်တွင် ထားဝယ်လူထုကြီးအနေဖြင့် တစ်ခဲနက် ထောက်ခံ ကြိုဆိုခဲ့ကြသည်။ ထို့နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထိန်းသိမ်းခံရပြီး ထားဝယ်လူထုကြီးသာမက ပြည်သူလူထု တစ်ရပ်လုံး စစ်အာဏာရှင်အောက်တွင် နှစ်ပေါင်းများစွာ ဖိနှိပ်ထားခဲ့ရသည်။ ဆိုရလျှင် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ လအနည်းတွင်မှသာ နိုင်ငံရေး ဆိုသည့် စကားလုံးကို ပြောရဲဆိုရဲသည့် အဆင့်မျှသာရှိလာသည့် အခြေအနေတွင် ထားဝယ်သားတွေမှာ ဖိနှိပ်မှုများစွာ ခံခဲ့ရသည့်တိုင် လက်ရှိအခြေအနေ တွင်လည်း စောင့်ကြည့်မှုများ ရှိနေသည့်တိုင် ၎င်းတို့၏ သတ္တိတွေ တစ်စက်မျှလျော့မသွားကြောင်း လူထုခေါင်းဆောင်ကို လွန်ခဲ့သည့် နှစ်နှစ်ဆယ်ကျော်က ကြိုဆိုခဲ့သည်ထက် ပို၍ကြိုဆိုခဲ့ခြင်းဖြင့် သက်သေပြလိုက်ခြင်းဖြစ်သည်။ အချိန်အခါမပေး၍ နိုင်ငံရေးဘက်တွင် အာရုံစူးစိုက်မှု နည်းပါးသော်ငြား ထားဝယ် လူထု၏ နိုင်ငံရေးစိတ်ဓာတ် သေမသွားကြောင်း ပြသလိုက်ခြင်းလည်း ဖြစ်ပါသည်။

ရွှေညဝါဆရာတော် တရားပြန်ဟောခွင့်မရသေး

ဘာသာရေးတရားဟောခွင့် ၁ နှစ် ပိတ်ပင်ခံထားရတာ လာမယ့် သောကြာနေ့မှာ ပြည့်မှာဖြစ်ပေမဲ့ - တရားဟောခွင့်ကတော့ မရရှိသေးဘူးလို့ ရွှေညဝါဆရာတော် ဦးပညာသီဟ က မိန့်ကြားပါတယ်။ ဒါကြောင့် ဟောကြားဖို့ရာ လက်ခံထားခဲ့တဲ့ တချို့တရားပွဲတွေကို ဖျက်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီအခြေအနေ အသေးစိတ်ကိုတော့ ရွှေညဝါဆရာတော်ကို ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်း က တင်ပြပေးထားပါတယ်။
ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ် သာဓု ပရိယတ္တိ စာသင်တိုက်မှာ ရွှေညဝါဆရာတော် ဦးပညာသီဟကို တရားဟောကြားခွင့် နိုင်ငံတော် သံဃာ့မဟာနာယက-က ၁ နှစ်ပိတ်ပင်ထားခဲ့တာ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့မှာ ပြည့်မှာဖြစ်ပေမယ့် သာသနာရေးဝန်ကြီးဌာနက ခွင့်မပြုတာကြောင့် လက်ခံထားတဲ့ တရားပွဲတွေကို ဖျက်ခဲ့ရတာဖြစ်တယ်လို့ ရွှေညဝါဆရာတော်က ဗွီအိုအေကို မိန့်ကြားပါတယ်။
“ဘုန်းကြီးက ၁၁ ရက် ၁၂ ရက်နေ့ဆိုရင် တရားပွဲတွေကို လက်ခံထားတယ်။ ပထမဆုံး ကြွရမယ့်နေရာက တာချီလိတ်။ ဒီတာချီလိတ်က သာသနာရေး ဦးစီးမှူးကနေ တရားပွဲက ပိတ်ထားတယ်ဆိုရင် ဖွင့်တဲ့စာလေးလည်း လိုပါတယ်ဘုရားတဲ့။

မြန်မာနိုင်ငံကြီး တကယ်ပြောင်းလဲဖို့


မြန်မာနိုင်ငံ တကယ်ပြောင်းလဲဖို့
ယနေ့မြန်မာနိုင်ငံမှာ အပြောင်းအလဲနဲ့ပတ်သက်ပြီး တော်တော်လေးပြောဆိုရေးသားလာကြသည်။ တချို့ကလည်း မြန်မာနိုင်ငံကြီး ပြောင်းလဲလာပြီလို့ပြောကြသည်။ တချို့ကလည်း မပြောင်းလဲသေးဘူးလို့ ပြောကြ၊ရေးကြသည်။ ကမ္ဘာ့နိုင်ငံအသီးသီးကလည်း မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ပြောင်းလဲလာပြီ၊ မပြောင်းလဲ သေးဘူး စသည်ဖြင့် အသံတွေကျယ်သည်ထက်ကျယ်လာသည်။ ဘယ်သူတွေဘာတွေပင်ပြောပြော အရေးကြီး သည်က မြန်မာနိုင်ငံသားအများစုကြီးရဲ့ နှလုံးသားများ တကယ်ပြောင်းလဲပြီလား၊ မပြောင်းလဲ သေးဘူးလား။ ဒါဟာအရေးကြီးပါသည်။
မြန်မာနိုင်ငံသည် ၁၉၆၂ခုနှစ် မတ်လ(၂)ရက်မှ ယနေ့ ၂၀၁၂ခုထိ နှစ်ပေါင်း၅၀ကြာအောင် စစ်အာဏာရှင်တွေက သူတို့လို အဆိုးတွေ၊ အကြမ်းတွေ၊ အရိုင်းတွေ၊ အငြိုးတွေ၊ အာဃာတတွေ၊ ယုတ်မာမှုတွေ၊ ကောက်ကျစ်မှု တွေ၊ မသမာမှုတွေ၊ ခေါင်းပုံဖြတ်မှုတွေ၊ တကိုယ်ကောင်းဆန်မှုတွေ၊ ဘယ်သူသေသေ ငတေမာရင် ပြီးရော ဆိုပြီး ဖြတ်စားလာဘ်စားမှုတွေ စသည့် အဆိုးပေါင်းများစွာလက်ထပ်သင်ပြပေးခဲ့သည်။ 

ဘ၀ကို ၁၀၀ ရာခိုင်နှုန်း အောင်မြင်မှုပေးနိုင်တဲ့ အရာကတော့ စိတ်နေစိတ်ထား

အင်္ဂလိပ် အက္ခရာ ABCD . . . Z အထိဆိုရင် ၂၆ လုံး ရှိပါတယ်။ အဲဒီ

အက္ခရာတွေကို ဒီလိုနံပါတ်စဉ်တွေ ထိုးပြီး စီကြည့်ရအောင် . . .
A=1, B=2, C=3, D=4, E=5,
F=6, G=7, H=8, I=9, J=10,
K=11, L=12, M=13, N=14, O=15
P=16, Q=17, R=18, S=19, T=20
U=21, V=22, W=23, X=24, Y=25, Z=26
အဲဒီလို စီပြီးသွားရင်တော့ သက်ဆိုင်ရာ အက္ခရာကို ကိုယ်စားပြုတဲ့
နံပါတ်တစ်ခုစီ ရှိသွားပါပြီ။
ကဲ ဘ၀မှာ ရာနှုန်းပြည့်အောင်မြင်ဖို့ ဘာအရေးကြီးဆုံးလဲ တွက်ကြည့်ကြစို့။
၁။ အလုပ်ကြိုးစားခြင်း (Hard Work)
H+A+R+D+W+O+R+K
8+1+18+4+23+15+18+11= 98 %
အဲဒါကြောင့် အလုပ်ကြိုးစားခြင်းဟာ ၉၈ ရာခိုင်နှုန်း အောင်မြင်နိုင်ပါတယ်။

Wednesday, February 8, 2012

နှစ်(၆၀)ကျော်က ပင်လုံစာချုပ်နှင့် အော်ဟစ်နေသော တိုင်းရင်းသားအရေး......









                        ကျွန်တော် အွန်လိုင်းပေါ်မှာ လျှောက်ကြည့်ရင်းနဲ့.... သတင်းလေးတစ်ပုဒ်ဖတ်ရတယ်ဗျာ... စိတ်ဆင်းရဲစရာ သတင်းပါ
ဒီ .... သတင်းလေးကို မတင်ပြခင်မှာ   ဟိုး ယခင် နှစ်ပေါင်း (၆၀)ကျော်က ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၊
နိုင်ငံရေး ခေါင်းဆောင်ကြီးများ၊ ဒေသအလိုက် တိုင်းရင်းသားခေါင်းဆောင်ကြီးများ စုပေါင်းလက်မှတ်ရေးထိုးခဲ့တဲ့ပင်လုံစာချုပ်အကြောင်း
ကိုလဲ သတိရမိပါတယ်.....ပင်လုံစာချုပ် ချုပ်ဆိုရတဲ့  ရည်ရွယ်ချက်ကတော့.....   အင်္ဂလိပ်က မြန်မာပြည်ကို  လွတ်လပ်ရေးပေး မယ်လို့
ကြေငြာ တဲ့ အခါမှာ  တောင်တန်းနဲ့ ပြည်မကို  ခွဲခြားချန်လှပ်ထားခဲ့တဲ့ အတွက်  တစ်တိုင်းတစ်ပြည်လုံး  တစ်ချိန်တည်း  တစ်ပြိုင်တည်း
လွတ်လပ်ချင်တဲ့ အတွက် စုပေါင်းလက်မှတ်ရေးထိုးပြီး လွတ်လပ်ရေးတောင်းဆိုခဲ့တဲ့ စာချုပ်ဖြစ်ပါတယ်......
                           ပင်လုံစာချုပ်အကြောင်း နဲနဲ လေ့လာရအောင်ပါ..............
ပင်လုံစာချုပ် (၁၉၄၇)

မြန်မာပြည် ဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ ဝန်ကြီးအချို့နှင့် စော်ဘွားအားလုံးတို့အပြင် ရှမ်းပြည်၊ ကချင် တောင်တန်းဒေသ များနှင့် ချင်းတောင်တန်း ဒေသများမှ ကိုယ်စားလှယ်များတို့ တက်ရောက်ကြသော ပင်လုံမြို့တွင်ကျင်းပသည့် အစည်းအဝေးကြီး၌ ကြားဖြတ် မြန်မာအစိုးရနှင့် ချက်ချင်း ပူးပေါင်းလိုက်ခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေးကို ပိုမို၍ လျှင်မြန်စွာ ရရှိ လိမ့်မည်ဟု အစည်းအဝေးတက်ရောက်သူ အဖွဲ့ဝင်တို့က ယုံကြည်ကြသည့်အတိုင်း တညီတညွှတ်တည်း အောက်ပါအတိုင်း သဘောတူ ညီကြသည်။

အမေ

အမေ
အမေ့ရဲ့မေတ္တာ အမေ့ရဲ့သစ္စာ
အမေ့ရဲ့ကရုဏာ အကြင်နာတွေအောက်မှာ
ကျနော်တို့ပြည်သူတွေဟာ
အမေ့ရင်ခွင်မှာ ခိုလုံချင်ပေမဲ့
ခိုလုံခွင်မရခဲ့တာ ကာလတွေကြာခဲ့ပြီပေါ့
အခုလိုခိုလုံခွင့်ရချိန်လေးမှာ
အမေ့မေတ္တာတွေ ပြည်သူကိုပေးဝေနေလိုက်တာ
ကြည့်ရသူအပေါင်း ဂုဏ်ပေါင်းခလို့
ပီတီဝေဖြာ ကြည်နူးလိုက်တာအမေရာ။
အမေ့ကိုတမ်းတမက်ခဲ့ရတဲ့အိမ်မက်တွေ
အခုတော့ဆန္ဒပြည့်ပြီအမေ
အမေနဲ့ပြည်သူလက်တွဲကူရှေ့ကိုဆက်
ကြားဖြတ်ရွေးကောက်ပွဲမှတည်အထွေထွေရွေးကောက်ပွဲ
အမေ့တို့ပါတီ ပါဝင်ကာဆင်နွှဲရင်
အမေ့ဘက်မှာပြည်သူအတူရှိနေပြီမို့
အမေ့ရဲ့မေတ္တာကရုဏာ သစ္စာကိုတိုင်တည်ပြု
အဓိဌာန်ပြုလိုက်မယ် အမေ့ရဲ့ပါတီ သေချာပြီအမေရေ
 နိုင်ကိုနိုင်ရမယ်လေ။ 
                                                                                    မင်းသုည