Monday, April 30, 2012

လူဝတ်လဲလိုက်ရသည့် ဦဂမ္ဘီရ စိတ်ကျန်းမာရေးအတွက် ဆေးဝါးကုသနေရ

လူဝတ်လဲလိုက်ရသည့် ဦဂမ္ဘီရ စိတ်ကျန်းမာရေးအတွက် ဆေးဝါးကုသနေရ
http://burmese.dvb.no/archives/24657

လူ့ဗာလနှင့် ပညာရှိ

အကြောက်တရားဘာကြောင့်ဖြစ်

ကြောက်လျှင်လွဲ ရဲလျှင်မင်းဖြစ်

ဘဒ္ဒန္တ အရိယာဘိဝံသ (သ.စ.အ)ဓမ္မာစရိယ၊ ဝဋံသကာ ဟောကြားသော ဘယာသုတ်တော်

Tuesday, April 24, 2012

Interview with U WIn Tin - Burmese Parlilament Reasonable ?

လွှတ်တော်ထဲမှာ ဆင်ခြင်တုံတရား ရှိသလား
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ ဧပြီ ၂၄၊ ၂၀၁၂
ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ အတိုက်အခံ အင်န်အယ်ဒီပါတီက ကိုယ်စားလှယ် ၄၃ ဦး တခဲနက် ရွေးချယ်ခံခဲ့ရတယ်။ ဧပြီလ ၂၃ မှာ ပြန်လည်စတင်မယ့် လွှတ်တော်ညီလာခံမှာ ကိုယ်စားလှယ်သစ်များ တက်ရောက် ကျမ်းကျိန် တာဝန်ထမ်းဆောင်ဖို့ အရေးက အကြပ်အတည်းဖြစ်နေတယ်။ အခြေခံဥပဒေအလိုအရ ကျမ်းကျိန်စာသားမှာ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်အစား လေးစာလိုက်နာလို့ ပြောင်းလဲပြင်ဆင်ပေးရန် အနိုင်ရ အတိုက်အခံပါတီက တောင်းဆိုနေချိန်မှာ အာဏာရကြံ့ဖွံ့အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်အာဏာပိုင်များက ပြင်ဆင်ပေးဖို့ကို အကြောင်းအမျိုးမျိုးပြ ရှောင်လွှဲနေပါတယ်။
ဧပြီလ ၂၃ လွှတ်တော်ညီလာခံ ပြန်လည်စတင်ချိန်မှာတော့ အနိုင်ရ အင်န်အယ်ဒီအမတ်မင်းများ စတင်တာဝန်ထမ်းဆောင်နိုင်ခြင်းမရှိဘဲ အစည်းအဝေးကို စတင်ခဲ့ကြပြီဖြစ်တာကို တွေ့ရပါတယ်။ လေးစားလိုက်နာနဲ့ ကာကွယ်စောင့်ရှောက် စကားလုံး အသုံးအနှုန်း ပြုပြင်ပေးဖို့ဆိုတဲ့ အကြပ်အတည်းအကြောင်းနဲ့ ပတ်သက်ပြီး မိုးမခက ဦးဝင်းတင်ကို ဧပြီလ ၂၃ ရက်နေ့ နံနက်ခင်းက ဆက်သွယ်မေးမြန်းဖြစ်ခဲ့ပါတယ်။
မေး။     ။ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ် ဆိုတဲ့စကားလုံးကို ဆရာတို့က ဘာဖြစ်လို့ အရေးတယူ ပြင်ဆင်ခိုင်းနေရတာလဲ။
ဖြေ။     ။ ၂၀၀၈ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမယ်လို့ ခံဝန်ကတိပြုတဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ကျနော်တို့ ပါတီက ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုခဲ့ဘူး။ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တယ်။ အဲသည်အတွက် ၂၀၁၀ စက်တင်ဘာ ၁၅ မှာ ပါတီကို ဖျက်သိမ်းခံခဲ့ရတဲ့ အခြေအနေထိ ရောက်ခဲ့တယ်။ အဲသည်နောက် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က လွတ်မြောက်လာပြီးတဲ့နောက်မှာ သမ္မတဦးသိန်းစိန်နဲ့ တွေ့တယ်။ အဲသည်မှာ ပါတီကို တရားဝင်ဖြစ်အောင် ပြောင်းလဲစေချင်တယ်။ ဖြစ်နိုင်ရင် ရွေးကောက်ပွဲကို ၀င်စေချင်တယ်ဆိုပြီး ဆွေးနွေးမှုတွေ ဖြစ်လာတယ်။

Friday, April 13, 2012

ရှင်လေးပါး သေလေးပါးပြဿနာများ

အမေး။ ။သေလေးပါး ရှင်လေးပါးအကြောင်းကို သိချင်ပါတယ်ဘုရား၊တပည့်တော်အပါအ၀င် အများသူငါသိအောင် ဖြေကြားပေးတော်မူပါ ဘုရား။

အဖြေ။ ။ရှင်လေးပါး သေလေးပါးကို လောကီ လောကုတ်ခွဲပြီးပြောရရင်ပိုရှင်းပါ့မယ်။ ရှင်လေးပါးကို လောကအနေနဲ့ ပြောရရင်..
ရှင်လေးပါးအကြောင်းဟာ ကျမ်းကြီးကျမ်းခိုင်တွေမှာ မလာပါဘူး။

Sunday, April 8, 2012

တရားပွဲ ဖိတ်ကြားလွှာ


တရားပွဲ


တန်ဆောင်မုန်းလဆုတ် (၈) ရက် ၂၀၁၀ ခုနှစ်က မိတ္ထီလာခရိုင် ၀မ်းတွင်းမြို့နယ် ပင်းတလဲ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မြ ၏ ငွေကြေးခြိမ်းခြောက်တောင်းဆိုမှုကိုခံရသော အမျိုးသမီးတစ်ယောက်အကြောင်း ……….


           မဝါဝါခိုင်သည် ငွေကြေးအရင်းအနှီး မရှိသောကြောင့် ကာယလုပ်အားကိုသာ တစ်နေ့တာ စားဝတ်နေရေးဖြေရှင်းဖို့အတွက် ကြိုးစားရုန်းကန်နေရသော လက်လုပ်လက်စားအမျိုးသမီးတစ်ဦးဖြစ်သည်။ လက်လုပ်လက်စားဖြစ်သောကြောင့် တောထဲတွင် အလေ့ကျ ပေါက်ရောက်လျှက်ရှိသော ဇီးဖြူသီး နှစ်ပြည်ခန့် ကို ခူးယူကာ ရောင်းချရန်အတွက် ပြုလုပ်ခဲ့ပါသည်။ ၎င်းကိစ္စရပ်ကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မြ မှသိသောအခါ မဝါဝါအောင်ကို ခေါ်ယူကာ ဇီးဖြူသီး ခူးယူမှုမှာ သစ်တောခုတ်မှု ဥပဒေ (၆၁) အရ အစစ်ဆေးအမေးမြန်းမရှိပဲ ထောင်ချ၍ ရနိုင်ကြောင်း ခြိမ်းခြောက်ခဲ့ပါသည်။ထို့နောက် ၎င်း ကိစ္စအားပြဿနာတစ်စုံတစ်ရာ မဖြစ်ပေါ်စေချင်လျှင် ဒါဏ်ငွေ အားလုံးအတွက် (၄၀၀၀၀) လေးသောင်းကျပ်ပေးရမည်ဟု ခြိမ်းခြောက်ကာ တောင်းဆိုခဲ့ပါသည်။ 

Friday, April 6, 2012

သာသနာဖျက်ဆရာတော် မ ဟ န ကြီးများရဲ့အမိန့် .....တရားမဟောရ....

ဓမ္မာစရိယ မ​အောင်ရင် နယ်လှည့်​တရား​မ​ဟောရ ​အေး​နိုင်
ဓမ္မာစရိယတန်း ​ မ​အောင်မြင်​သေး​တဲ့​ ဘုန်း​ကြီး​၊​ လူ၊​ မယ်သီလရှင်​တွေကို နယ်လှည့်​တရား​ပွဲ​တွေမှာ ​ဟော​ပြောခွင့်​ ပိတ်​ကောင်း​ပိတ်ပင် နိုင်​စေမယ့်​ “နယ်လှည့်​ဓမ္မကထိက ဂုဏ်အင်္ဂါ ၉ ချက်” ကို နိုင်ငံတော်သံဃမဟာနာယက က ထုတ်ပြန်လိုက်ပါတယ်။
ဒါနဲ့ ​ ပတ်သက်လို့​ ဒီထုတ်ပြန်ချက်ကို လက်ဝယ်ရထား​တဲ့​ ရန်ကုန်တိုင်း​ ပုဇွန်​တောင်မြို့​နယ် ​ရွှေ​တောင်​ကျောင်း​တိုက်က ​ကျောင်း​ထိုင်ဆရာ​တော် ဦး​ပဏ်ဏဝံသ ​ခေါ် ဦး​ပြည်​ကျော်ကို ကို​အေး​နိုင်က ​မေး​မြန်း​ထား​ပါတယ်။
“တ​ပေါင်း​ လပြည့်​ကျော် ၃ ရက်က​နေပြီး​ လပြည့်​နေ့​ထိ ၄၇ ပါး​စုံညီ အစည်း​အ​ဝေး​ ကျင်း​ပတယ်။ အဲဒါသံဃာ ဒွါဒဿမ ၁၅ ကြိမ်​မြောက် အစည်း​အ​ဝေး​ ဆုံး​ဖြတ်ချက်အရ ဆိုပြီး​ နယ်လှည့်​ဓမ္မကထိက ဂုဏ်အင်္ဂါ ၉ ချက်ဆိုပြီး​ ထုတ်လိုက်တာ။ အဲဒီ​တော့​ ဒီဂုဏ်အင်္ဂါ ၉ ချက်ထုတ်တဲ့​အခါမှာ အဓိက အချက်က​တော့​ နိုင်ငံ​ရေး​၊​ စီး​ပွား​ရေး​၊​ လူမှု​ရေး​တွေကို မ​ဟောရဘူး​။ ဓမ္မာစရိယတန်း​ ​အောင်ရမယ်။ အဲလို အစရှိတာ​တွေကို ​ပြောတာ​လေ။ နယ်လှည့်​ဓမ္မကထိက ဆို​တော့​ မြန်မာနိုင်ငံမှာက နယ်လှည့်​ဓမ္မကထိက ၃ မျိုး​ရှိတယ်။

Tuesday, April 3, 2012

စိတ်မှာအသိဥာဏ်နည်းရင် ရိုင်းတယ်၊ စိတ်မှာအသိဥာဏ်များရင် ယဉ်ကျေးတယ်။ အရှင်ဆန္ဒာဓိကရဲ့ ဆုံးမစာ


ဘယ်သူကဲ့ရဲ့ကဲ့ရဲ့ ဘုရားမကဲ့ရဲ့အောင်နေ၊
စိတ်မှာအသိဥာဏ်နည်းရင် ရိုင်းတယ်၊
စိတ်မှာအသိဥာဏ်များရင် ယဉ်ကျေးတယ်။

ဆဲဆိုတာသူ့အလုပ် သည်းခံတာကိုယ့်တာဝန်၊
ကဲ့ရဲ့တာသူ့အလုပ် သည်းခံတာကိုယ့်တာဝန်၊
ချစ်စရာကောင်းတာသူ့အလုပ်၊ မချစ်မိအောင်သည်းခံတာကိုယ့်တာ
ဝန်၊
မုန်းစရာကောင်းတာသူ့အလုပ်၊ မမုန်းမိအောင်သည်းခံတာကိုယ့်တာဝန်။

စိတ်မပူလောင်ချင်ရင် ဘယ်သူ့ကိုမှမချစ်ပါနဲ့၊
စိတ်မဆင်းရဲချင်ရင် ဘယ်သူ့ကိုမှမမုန်းပါနဲ့။

ကိုယ့်ကိုကိုယ်စိတ်ကောင်းရှိတယ် ၊ သဘောထားကြီးတယ်လို့ ယူဆထားရင်၊
ကြီးတဲ့အပြစ်သေးအောင်၊ သေးတဲ့အပြစ် ပပျောက်အောင် ပြုလုပ်နိုင်စွမ်းရှိရမယ်။

သူတစ်ပါးရဲ့အမှားချို့ယွင်းချက် ကို အပြစ်မြင်၊ အပြစ်တင်မယ်ကြံတိုင်း၊
ငါ့မှာရော အမှားလုံးဝမရှိဘူးလား လို့ ဆင်ခြင်နှလုံးသွင်းနိုင်မယ်ဆိုရင်တော့၊
သူတစ်ပါးရဲ့လုပ်ရပ်တွေအပေါ် သည်းခံခွင့်လွှတ်နိုင်စွမ်း တိုးပွားလာမှာအမှန်ပဲ။

ဘာသာခြားနှင့်လက်ထပ်သည့်  ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးများအတွက် တ၇ား ဥပဒေက ပေးအပ်ထားသော အခွင့်အရေးများ

ဒီလိုမျိုးတွေ တင်၇တာ နည်းနည်း လန့် ပါတယ် - က်ုယ်ပြောချင်တာက တခြား စာဖတ်သူနားလည်သွားမှာက တစ်မျိုးဖြစ်ပြီး  unintentionally ထိခိုက်မှာစိုးလို့  ပါ ။-ဖတ်ပေးလို့ ကျေးဇူးပါခဗျာ-------။
မန်မာတို့သည် ရှေးနှစ်ပေါင်းများစွာကပင် ကိုယ့်မင်းကိုယ့်ချင်းဖြင့် အုပ်ချုပ်လာခဲ့သည်။ တရားစီရင် ရာတွင်လည်း ရာဇသတ်၊ ဓမ္မသတ်၊ ဖြတ်ထုံးတို့ဖြင့် မှုခင်းများကို စစ်ဆေးလာခဲ့သည်။ နယ်ချဲ့အင်္ဂလိပ်တို့ လက်အောက်သို့ကျရောက်ခဲ့သည့်အချိန်တွင်မူ ကိုလိုနီနယ်ချဲ့တို့သွတ်သွင်းလာသည့် ပြဌာန်းဥပဒေများဖြင့် အမှုများ စီရင်ဆုံးဖြတ်ကြသည်။ ပြစ်မှုဆိုင်ရာဥပဒေ၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ၊ တရားမကျင့်ထုံးဥပဒေ၊ အမွေခံ အက်ဥပဒေ တို့မှာ ၄င်းတို့အိန္ဒိယနိုင်ငံမှတဆင့် ယူဆောင်လာသည့်ဥပဒေများဖြစ်သည်။ သို့သော် မြန်မာလူမျိုးတို့၏ အမွေဆက်ခံရေး၊ လင်မယားကွာရှင်းရေးတို့တွင်မူ ရှေးဓမ္မသတ်များဖြင့်သာ ဆုံးဖြတ်ခဲ့ကြသည်။ အချို့သောအမှုများတွင်သာ ဓမ္မသတ်မသဲကွဲသည်များကို ထိုခေတ်က အမြင့်ဆုံးတရားရုံးဖြစ်သည့် ပရီဗွီကောင်စီက ဆုံးဖြတ်၍ လမ်းညွှန်သဖွယ် ပြဌာန်းပေးခဲ့သည်။
          မြန်မာ့ဓလေ့ထုံးထမ်းဥပဒေအရ မြန်မာအမျိုးသမီးများသည် အမျိုးသားများနှင့်အတူအမွေခွဲဝေရေး၊ လင်မယားကွာရှင်းရေးစသည့် ကိစ္စများတွင် တန်းတူအခွင့်အရေးရှိသည်။ လင်နှင့်မယား နှစ်ဦးသဘောတူ ကွာရှင်းသည့်အချိန်တွင် တိုးပွားလာသော လက်ထက်ပွားပစ္စည်းများကို ညီတူညီမျှခံစားခွင့်ရှိသည်။ သူငယ်ချင်းများ အတွက် အထူးမှတ်စေလိုသည်မှာ  “သြရသ”ဆိုရာဝယ် သားကိုသာမက မိသားစု၌ မိခင်တာဝန်ကို ထမ်းရွက်နိုင်သူ သမီးကိုလည်းဆိုလို၍ ၄င်းသြရသအခွင့်အရေးကို ခံစားနိုင်သည်။ ထို့အပြင် လင်က မယားကို ကြီးလေးသောပြစ်မှုကျူးလွန်လျှင် လည်း ကွာရှင်းခွင့်တောင်းနိုင်၍ လင်ရရှိမည့်ဝေစုပါ ဆုံးရှုံးပါသည်။ ထို့အပြင် လင်သည် မယားအား ဓလေ့ထုံးထမ်းဥပဒေအရဖြစ်စေ၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေအရဖြစ်စေ မယားစရိတ်တောင်းဆိုက ထောက်ပံ့ရန်တာဝန်ရှိသည်။

Sunday, April 1, 2012

အားလုံးအဖြေပေါ်ပြီ၊



ဗိုလ်မင်းအောင်လှိုင်ရဲ့စကားယုံစားရင် အကုန်မှားလိမ့်မယ်

ရွှေပြည်စိုး

ဧပြီ ၁၊ ၂၀၁၂ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ရဲ့စကားကိုယုံရင် အကုန်မှားသွားမယ့်အပြင် ငါးပါးမှောက်ရုံမက သံဃာစင်ပါမှောက်သွား ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဗိုလ်မင်းအောင်လှိုင်ရဲ့ ၆၇ နှစ်မြောက်တပ်မတော်နေ့မိန့်ခွန်းမှာ ဒီလိုပြောတဲ့အပြောမျိုးပြောလာတာ နှစ်ပေါင်း ၂၀ ကျော်လာပြီ။ ဒီနေ့ထိ အပြောနဲ့အလုပ် တခါမှညီတာ မတွေ့ခဲ့ရတာကြောင့်ဖြစ်တယ်။ သူ့ရဲ့တပ်မတော်နေ့မိန့်ခွန်းမှာ – မြန်မာ နိုင်ငံမှာ စစ်တပ်ရဲ့အခန်းကဏ္ဍဟာ တိုင်းပြည်တည်ငြိမ်ရေးအတွက်အရေးကြီးကြောင်း၊ မိမိအနေနဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၊ ပုဒ်မခွဲ (စ) မှာ “တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စေါင့်ရှောက်ရန် အဓိကတာဝန်ရှိတယ်လို့ အတိအကျ ဖော်ပြတာဝန်ပေးအပ်ထားတာဖြစ်တယ်။ ဒါကြောင့် တို့တပ်မတော်အနေနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်တည် ဆောက်ရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိကတာဝန်တရပ်အနေနဲ့ ကာကွယ်စောင့်ရှောက်ရမှာဖြစ်ကြောင်း၊ တပ်မတော်ဟာ အတိတ် တုန်းကလိုပဲ နိုင်ငံရေးမှာ ဆက်ပါဝင်သွားမှာဖြစ်ကြောင်း” မိန့်ကြားသွားတာတွေ့ရပါတယ်။ (ဗွီအိုအေ၊ ၂၇၊ ၃၊ ၂၀၁၂)