မိမိတို့အမျိုးဘာသာ
သာသနာ မကွယ်ပျောက်ဖို့ အားလုံးမှာတာဝန်ရှိပါတယ်။ကိုယ့်အမျိုးကိုယ့်ဘာသာကို ကာကွယ် ထိန်းသိမ်းမှုအားနည်းခြင်းကြောင့်ကွယ်ပျောက်သွားခဲ့ကြရသောသာဓကများစွာရှိခဲ့ပါတယ်။တချိန်က
ဗုဒ္ဓသာသနာ နေလိုလလို ထွန်းတောက်ခဲ့သော အိန္ဒိယ၊ အာဖကန်နစ္စတန်၊မလေးရှား၊အင်ဒိုနီးရှား၊စကာင်္ပူ
စသည်နိုင်ငံများသည် လက်တွေ့သာဓက များဖြစ်ပါတယ်။မိမိတို့နိုင်ငံသည်လည်း ထိုကဲ့သို့လစ်လျူရှု့ထားကြမည်ဆိုလျှင်
အမျိုးဘာသာ သာသနာ ကွယ်ပျောက်သွား မှာဖြစ်ပါတယ်။ဒါကိုကောင်းစွာ သင်္ခန်းစာယူ၍ သတိတရားရှိရှိဖြင့်
ဝိုင်းဝန်းကာကွယ်မြင့်တင်ကြဖို့ အားလုံးမှာ တာဝန် ရှိကြပါတယ်။ မိမိတို့အမျိုး ဘာသာသာသနာကို ကာကွယ်နိုင်ဖို့ တခြားဘာသာတွေက ဘယ်လိုထိုးဖေါက်
လွှမ်းမိုးဖို့ကြိုး စားနေကြသလဲဆိုတာကိုလဲ ကောင်းစွာသိရှိကြဖို့လိုပါတယ်။စာရေးသူတို့
သာသနာ့ တက္ကသိုလ်တက်ရောက်ပညာ သင်ကြား စဉ်က တခြားဘာသာခြားတွေရဲ့ ကြိုးစားအားထုတ်ပုံတွေ
သူတို့ရဲ့ထိုးဖေါက်မှုတွေအကြောင်းတွေကို ကောင်းစွာသင်ကြား နာယူခဲ့ရပါတယ်။ သာသနာ့တက္ကသိုလ်ကနေဗုဒ္ဓတက္ကသိုလ်(မန္တလေး)
ရောက်တော့လည်း ဆက်လက်သင်ယူရပါတယ်။
စာရေးသူတို့စတုတ္ထနှစ်ရောက်လို့
ကျောင်းဖွင့်ပွဲ အခမ်းအနားမှာ တက္ကသိုလ်ကြီးရဲ့ ဂေါပက ဥက္ကဌ ကြီးပြောကြားသွားတဲ့စကားလေးကို
အခုထက်ထိအမြဲကြားယောင်နေမိပါတယ်။ဒကာကြီးပြော သွားတာကတော့ သူ့ဘ၀ရဲ့ ကိုယ်တွေ့အတွေ့ကြံလေးတစ်ခုဖြစ်ပါတယ်။မန္တလေးမြို့ကြီးမှာ
မီးအကြီးအကျယ်လောင်တော့ သူတို့အိမ်မီးထဲပါသွားပါတယ်။ ရှိတာလေးတွေ ဘာမှမယူလိုက်နိုင်ပါဘူး။နေစရာမရှိတော့လို့
သူ့ရဲ့ဆရာတော်ကျောင်းမှာ ခိုကပ်ပြီးသွားနေရပါတယ်။ သူယူထားတဲ့ဇနီးက ဘာသာခြားပါ။ သူအဟောအပြောကောင်းလို့ဗုဒ္ဓဘာသာ
ထဲကိုတော့ရောက်နေပါပြီ။ဒါပေမဲ့သူတို့ ဘက်က တော့နည်းမျိုးစုံနဲ့ သူတို့ဘာသာထဲပြန်ပါရေးအတွက်အမြဲကြိုးစားနေလျက်ပါပဲ။
မီးလောင်လို့ဒုက္ခရောက်နေတာကိုသိ သွားတဲ့ သူ့ရဲ့ဇနီးဘက်က အဒေါ်တွေက ဒါကိုအခွင့်ကောင်းယူပြီး
သူ့ဇနီးကိုလာဆွယ်ပါတယ်။ဒို့ဘာသာထဲကိုပြန်ဝင်ရင် တိုက်တစ်လုံး ကားတစ်စီးနဲ့ အရင်းအနှီးငွေထုတ်ပေးမယ်လို့လာစည်းရုံးပါတယ်။ဒါကိုသူ့ရဲ့ခင်ပွန်း
ကိုပြောပြတော့ ဒီဒကာကြီးက တော်တော် သတ္တိကောင်းတယ် လုံးဝငြင်းပယ်လိုက်ပါတယ်။လုံးဝမယူဘူး
နင်တို့ဘာသာထဲလည်းလုံးဝမ၀င်နိုင်ဘူးပေါ့။