Tuesday, December 31, 2013
ပြက္ခဒိန်ဟောင်းကြီးဘယ်တော့ပြောင်းမလဲ
ပြက္ခဒိန်ဟောင်းကြီးဘယ်တော့ပြောင်းမလဲ
ကမ္ဘာ့နိုင်ငံတကာပြက္ခဒိန်တွေက
တနှစ်ကိုတခါပြောင်းလို့
Happy New Year ဟက်ပီးနယူးရီးယားတွေကျင်းပ
ပြုံးကြပျော်ကြရွှင်မြူးကြပေါ့။
ဒို့မြန်မာနိုင်ငံက ပြက္ခဒိန်
အချိန်နေ့ရက်တွေကမမှန် ဟန်ရေးကတော့တပြပြ
နှစ်ပေါင်းသာ ၅၁ နှစ်ကြာခဲ့ပေမဲ့ အခုထိမပြောင်း
ဟောင်းမြဲသာဟောင်းနေသာမို့
သူများနိုင်ငံတွေပျော်လို့ မပျော်နိုင်ကြ
ပြည်သူအားလုံးငေးမှိုင်နေကြရပေါ့။
                                    မင်းသုည(ဗုဒ္ဓတက္ကသိုလ်)
ငါ့အခန်းထဲက ရွက်စုတ်ပြက္ခဒိန်
ငါ့အခန်းထဲက ရွက်စုတ်ပြက္ခဒိန်
တနေ့တကြိမ်မှန်မှန်စုတ်ဖြဲ
ပြုံးမြဲပြုံးလျက် တာဝန်ကျေပွန်ထမ်းခဲ့ပြီ။
နှစ်ဟောင်းကုန်လို့ နှစ်သစ်ကိုပြောင်း
သူ့ကိုလွှတ်ပြစ်စိတ်မညစ်ဘူး
မျိုးဆက်သစ်တွေ ထမ်းအုံးမည်။
အဟောင်းပျောက်သွား အသစ်ရောက်လာ
လောကဓမ္မတာ နားလည်တာမို့
သူ့ကို လူတွေကြည့်ရ တန်းဖိုးထားရ မေ့မရ။
                                                                 မင်းသုည(ဗုဒ္ဓတက္ကသိုလ်)
အလေ့အကျင့် ဇွဲလုံ့လ၀ီရိယသည် ပြည့်စုံပြီးမြောက်ခြင်းကို ဖြစ်စေသည်။
Practice make perfect .အလေ့အကျင့်သည် ပြည့်စုံပြီးမြောက်ခြင်းကိုဖြစ်စေသည်။ခြေလေးကြောင်းရှိတဲ့ တိရိစ္ဆာန်တစ်ကောင် မိမိကျောပေါ်မှာ အင်မတန်စော့ကစားတတ်တဲ့ မျောက်ကို တင်ပြီး ကြိုးတမ်းပေါ်မှာ လမ်းလျှောက်ခြင်း ဆပ်ကပ်ပြခြင်းဆိုတာ တကယ်မလွယ်တဲ့အလုပ်ဖြစ်ပါတယ်။တကယ်မလွယ်တဲ့ တကယ်ခတ်ခဲတဲ့ အလုပ်ပင်ဖြစ်စေကာမူ တကယ်ပြီးပြည့်စုံသည့် အဆင့်ကို ရောက်အောင်လေ့ကျင့်ပေးလိုက်သည့် အခါတကယ်အောင်မြင်သွားပါသည်။တိရစ္ဆာန်ကိုတောင် ရအောင်လေ့ကျင့်ပေးနိုင်သေးလျှင် တိရစ္ဆာန်ထက်အစစအရာရာသာ ပါတယ်လို့ခံယူထားကြတဲ့ လူသားတွေသည် အဘယ့်ကြောင့် မပြည့်စုံပဲ မအောင်မြင်ပဲ၇ှိရမည်နည်း။
ပြည့်စုံပြီးမြောက် အောင်မြင်ချင်ရင် ကိုယ်မျော်မှန်းတဲ့ပန်းတိုင်ကို ရောက်ချင်ရင် တကယ်ပြည့်စုံအောင် မရရအောင် လေ့ကျင့်ပါ။အလေ့အကျင့် ဇွဲလုံ့လ ၀ီရိယ ဥာဏ်ပညာတွေပြည့်စုံသွားတဲ့နေ့ သင့်ကို သင်မျော်မှန်းတဲ့ပန်းတိုင်မှာ တွေ့ရသောနေ့ဖြစ်ပါလိမ့်မည်။
မိတ်ဆွေများအားလုံးနှစ်သစ်မှာ အောင်မြင်မှု ပြီးပြည့်စုံမှုတွေနှင့် ဆုံတွေ့နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။
ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ
မင်းသုည(ဗုဒ္ဓတက္ကသိုလ်)
နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ
နှစ်သစ်မှာပျော်ရွှင်နိုင်ကြပါစေ
ရက်တွေမှ လတွေပြောင်း
လတွေမှ နှစ်တွေပြောင်းလို့
ရာစုနှစ်တွေလည်းပြောင်းခဲ့ပြီ။
ဟိုးကမ္ဘာဦးအစ
ကျောက်ခေတ်မှ ကြေးခေတ် သံခေတ်
သိပ္ပံခေတ်ကိုပြောင်း ပြောင်းလည်းမှုတွေလည်းများလှပြီ။
ရာစုနှစ်တွေဘယ်လိုပြောင်းပြောင်း
ခေတ်တွေကဘယ်လိုပြောင်းပြောင်း
မပြောင်းလဲပဲကျန်ခဲ့တာက ဒို့နိုင်ငံ
ဒို့တတွေ မတွန်းလှန်ဘူးဆိုလျှင်
ခေတ်ဟောင်း၊စနစ်ဟောင်း၊အကျင့်ဟောင်း
Saturday, December 21, 2013
အသိနောက်မကျစေနဲ့
အသိနောက်မကျစေနဲ့
ဖွတ်ထွက်ကာမှ
တောင်ပို့မှန်းသိ
မင်းသားခေါင်းစွပ် ကျွတ်ကျကာမှ
ဘီလူးမှန်းသိ
ခြုံထားတဲ့သိုးရေ ကွာကျကာမှ
ဝံပုလွေမှန်းသိ
သေချာကြည့်မိတော့
လူတွေ၊သိုးတွေ၊တော တောင် သယံဇာတတွေ
ဘာမှမရှိတော့ပါလား။
               မင်းသုည(ဗုဒ္ဓတက္ကသိုလ်)
မြန်မာအမျိုးသမီးဘောလုံးအသင်းရွှေရတယ်
မြန်မာအမျိုးသမီးဘောလုံးအသင်း
မြန်မာနှင့်ထိုင်း ထိုင်းနှင့်မြန်မာဘောလုံးပွဲ
သူနိုင်ကိုယ်နိုင်အပြိုင်နွှဲခဲ့ကြစဉ်
ပွဲစလို့ ဆယ့်တစ်မိနစ်
မြန်မာက ကန်သွင်းပစ်ခဲ့ပေမဲ့
ဒိုင်ရဲ့အညစ်ခံရ ဂိုးမရခဲ့ကြ စိတ်ဓါတ်မကျခဲ့ဘူး။
ထိုင်းဘက်က ကန်သွင်းတဲ့ဘော 
လူကျွန်ဘောပေမဲ့ ဂိုးပေးခဲ့ရ စိတ်ဓါတ်မကျခဲ့ကြဘူး။
ရေကုန်ရေခမ်း အံ့မခမ်းစရာစိတ်ဓါတ်
မနေမနား အစွမ်းကုန်ကြိုးစားသွားကြ
အားကစားစိတ်ဓါတ် တကယ်ပြည့်ဝလို့
ဘယ်သူတွေ မပေးပေး
ဒို့ပြည်သူတွေကပေးလိုက်တယ်
မြန်မာအမျိုးသမီးတွေရွှေရတယ်။
                                                                                    မင်းသုည(ဗုဒ္ဓတက္ကသုလိုလ်)
Monday, December 16, 2013
သဒ္ဓါတရား (သို့မဟုတ် )ယုံကြည်မှုကိုတည်ဆောက်ခြင်း
                          သဒ္ဓါတရား (သို့မဟုတ် )ယုံကြည်မှုကိုတည်ဆောက်ခြင်း
မြန်မာနိုင်ငံမှာ တချို့သောလူများ သဒ္ဓါတရားနှင့်ပတ်သတ်ပြီး အဓိပ္ပါယ် အမှတ်မှားနေတာ ကို တွေ့ရပါတယ်။လူတစ် ယောက် ပေးကမ်းစွန့်ကြဲလှူဒါန်းနေတာကို တွေ့ရင်ဒီလူသဒ္ဓါတရားတော်တော်ကောင်းတယ်လို့ပြောတတ်ကြပါတယ်။ အဲဒါကိုသူတို့က သဒ္ဓါတရားဆိုတာပေးကမ်းလှူဒါန်းခြင်းလို့ ထင်မှတ်သွားကြပါတယ်။ ပေးကမ်းလှူဒါန်းခြင်း ဆိုတာတိုက်ရိုက် အနက် မဟုတ်ပါဘူး၊ သွယ်ဝိုက်၍ယူရတဲ့အဓိပ္ပါယ် သာဖြစ်ပါတယ်။ သဒ္ဓါတရားရဲ့ တိုက်ရိုက် အနက်အဓိပ္ပါယ်ကယုံကြည်ခြင်း ဖြစ်ပါတယ်။
ယုံကြည်မှုဟာ အလွန်အရေးကြီးပါတယ်။ အလွန်အရေးကြီး သည့် အတွက် မြတ်စွဘုရား သည် နေရာတော်တော်များ များမှာ သဒ္ဓါတရားနဲ့ပတ်သတ်ပြီး အမြဲသင်ပြ ညွှန်ပြတော် မူလေ့ရှိပါသည်။ သင်ပြညွှန်ပြနေ ပါလျှက် အလွဲကိုယုံပြီးလိုက်သွားကြ လို့ဒုက္ခတွေရောက်ကြတာလဲ မရေတွက် နိုင်အောင်ပါပဲ။ သဒ္ဓါတရားကို ပညာနဲ့တွဲယှဉ်ပြီး အမြဲလေ့ကျင့် တည်ဆောက်ပေးနေ ဖို့ မြတ်စွာ ဘုရားရှင်က ဟောကြားလေ့ရှိပါတယ်။ သဒ္ဓါတရားကို ပညာနဲ့မယှဉ်ရင် မျက်ကန်း ယုံကြည်မှု (blind faith) ဖြစ်သွား တတ်ပါတယ်။ အဇာတသတ်ဟာ ဒေ၀ဒတ်ရဲ့ ဈန်တွေ တန်ခိုးစွမ်းအားတွေကို ယုံပြီးပညာနှင့် မယှဉ်နိုင်ခဲ့သည့်အတွက် အမှားတွေ တစ်ခုပြီးတစ်ခုဆက် တိုက်ကျူးလွန်နေမိပါတော့တယ် ။နောက်ဆုံး လုံးဝပြင်လို့မရသော အမှားဖြစ်တဲ့ကျေးဇူးရှင် ဖခမည်းတော်ကိုပင် ပြန်လည် သတ်မိသည် အထိ ဖြစ်သွားပါတော့တယ်။
          မြတ်စွာဘုရား၇ှင်သည် ဈာန်တွေ တန်ခိုးတွေပါဝါတွေကို ယုံခြင်းသည် အမှားဘက်ကို ရောက်သွားနိုင်သည့်အတွက် နောက်ဆုံး ရဟန်းတော်များကို ဈာန်တရားမပြဖို့၊ ဈာန်မဂ်ဖိုလ်တရားများကို မသိပဲမရှိပဲ ဘုန်းကြီးလို ၀ါကြွားလိုသည့် အတွက် ပြောဆိုခဲ့ပါကပါရာဇိကကျစေ ရဟန်းအဖြစ်မှ ဆုံးရှုံးစေဆိုပြီး ကြီးမားတဲ့ဂရုက သိက္ခာပုဒ်ကြီးနဲ့တားမြစ်ထားပါတယ်။ဒီလောက် တားမြစ်ထား ပါလျက် ယနေ့ထိ မြန်မာနိုင်ငံသားအများစုသည် ဈာန်တွေ တန်ခိုးတွေ ပါဝါတွေနောက်ကို လိုက်ကောင်းတုန်းရှိနေ ပါသေးတယ်။ဘယ်မှာ ဘယ်ကိုယ်တော်က ရဟန္တာတဲ့ ဈာန်ပြန်တယ်တဲ့ ဆိုရင် အားလုံးက အဲဒီနေရာကို ရောက်အောင်သွား ကာရွှေတွေငွေတွေ ရှိတာတွေအကုန် ပုံအောလှူပါတော့တယ်။ြ ပီးတော့မှာ လိမ်သွားပြန်ပြီတဲ့ဆိုမှ ပါသွားကြပြန်ပြီ။       
Friday, December 13, 2013
ဆရာညီမင်းညိုရဲ့ ကျွန်တော်သမ္မတဖြစ်ခဲ့လျင်မှ စာပေဟောပြောပွဲပါ
ရွှေည၀ါဆရာတော်ကြီး မိတ်ဆွေကောင်းစာကြည့်တိုက်၊မဲဆောက်မြို့သို့ ရောက်ရှိစဉ် သြ၀ါဒကထာချီးမြင့်ပေးတော်မူသွားပါသည်။
Thursday, December 12, 2013
အဖြူေ၇ာင်လွင်ပြင် အဖြူရောင်နှလုံးသား အဖြူရောင်စိတ်ဓါတ်
အဖြူေ၇ာင်လွင်ပြင် အဖြူရောင်နှလုံးသား အဖြူရောင်စိတ်ဓါတ်
          အဖြူရောင်လွင်ပြင်သည် အဖြူရောင်နှလုံးသားများ အဖြူရောင်စိတ်ဓါတ်များ မွေးဖွါးပေးရာဌာဖြစ်သည်။အားလုံး ရဲ့နှလုံးသားတွေသည် ငယ်စဉ်ကလေးဘ၀ အရွယ်မှာ အရောင်တွေအစိုးမခံရသေးသည့် အဖြူရောင်သက်သက်မျှသာဖြစ်ပါ သည်။ တဖြည်းဖြည်းကြီးပြင်း လာသည်နှင့်အမျှ အနိုင်ကျင့်မှုတွေ တကိုယ်ကောင်းဆန်မှုတွေ အတ္တကို ရှေ့တန်းတင်ကာ ဆုံးဖြတ် မှုတွေ စသည့် မတရားမှုတွေ နှင့် ရင်ဆိုင်ကြုံတွေ့လာကြသည့်အခါ နလုံး သားတွေသည် လောဘတွေ ဒေါသတွေ အညိုးအာ ဃာတတွေ ဥာဏ်ပညာနှင့်မယှဉ်မှု မောဟတရားတွေ အမုန်းမာန်မာန တရားတွေ မနာလုမှုဝန်တိုမှု ဣဿာမစ္ဆရိယ တရားတွေရဲ့ အရောင်စိုးမှုတွေကို ခံလာကြရပါသည်။ ထိုအခါ ပကတိဖြူစင်နေသော နှလုံးသားများသည် တဖြည်းဖြည်း မည်းညစ်ကာ အရောင် ပြောင်းလာပါတော့သည်။
Saturday, November 30, 2013
အတ္တနာဝ ဇာနေယျာထ၊ မိမိကိုယ်ပိုင်အသိဥာဏ်ဖြင့်သိတဲ့အခါ၊
အတ္တနာဝ ဇာနေယျာထ၊ မိမိကိုယ်ပိုင်အသိဥာဏ်ဖြင့်သိတဲ့အခါ၊
When you know by yourself…
             မိမိတို့သည် ဗုဒ္ဓ၏တပည့်များဖြစ်ကြသည့်အတွက် ကိုယ့်ဆရာဗုဒ္ဓရဲ့ဝါဒ လမ်းစဉ်သည် ဘယ်လိုဝါဒလမ်းစဉ်ဖြစ် တယ်ဆိုတာကို သေချာစွာ ဂဃနဏ လေ့လာဖို့လိုပါတယ်။ဗုဒ္ဓရဲ့ဝါဒလမ်းစဉ်သည် ကိုယ်ပိုင်အသိဥာဏ် ထွန်းတောက်အောင် ကြိုးစားရတဲ့ ၀ါဒဖြစ်ပါတယ်။ဒါကို ဗုဒ္ဓမြတ်စွာဘုရားက ကာလမ ပုဏ္ဏာားတွေနဲ့တဲ့အခါ ပြောကြားခဲ့တဲ့စကားလေးကို ကြည့်ခြင်း အားဖြင့်သိနိုင်ပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားက ….ကာလာမပုဏ္ဏားတို့…
          ‘’မာ အနုဿဝေန….သူများစကား ကြားတာများတာနဲ့ မှန်ပြီ(သို့)မှားပြီ၊ တခုခုကို မှားတယ်၊မှန်တယ် လို့ အလွယ် မဆုံးဖြတ်ပါနဲ့တဲ့” ယနေ့ခေတ်ကြီးသည် ပိုပြီးသတိရှိဖို့လိုပါတယ်။မီဒီယာခေတ် အင်တာနက်ခေတ်ကြီးဖြစ်လေတော့ သူများတွေ ပြောထားရေးထားတာတွေ အတော်များပါတယ်။သူများပြော သူများရေးထားတာကို အလွယ်လက်ခံလိုက်မယ်ဆိုရင် ဆိုးကျိုးတွေနဲ့ရင်ဆိုင်ကြရမှာဖြစ်တယ်။
          ‘’မာ ပရမ္ပရာယ…… ဘိုးဘွားစဉ်ဆက် လက်ခံယုံကြည်ခဲ့တဲ့ အယူအဆဖြစ်လို့ မှန်တယ်လို့ အလွယ်မယူဆပါနဲ့။
          မိမိတို့သေချာစဉ်းစားဖို့လိုပါပြီ။ယနေ့ခေတ်ကြီးသည် အသိဥာဏ်ပေါက် ကွဲနေတဲ့ခေတ်ကြီးဖြစ်ပါတယ်။အသိဥာဏ် ကိုဦးစားပေးနေရတဲ့ခေတ်ကြီးထဲမှာ မိမိကိုယ်ပိုင် အသိဥာဏ်ကို အသုံးမချပဲ ၊ ဒါကတော့ တို့ဘိုးဘွားအစဉ်အဆက်လက်ခံခဲ့တာ အကျိုးရှိတာ မရှိတာ၊ သူများတွေဘ၀ နစ်နာသွားတာ ဒါတွေကိုမစဉ်းစားပဲ အလွယ်လက်ခံပြီး လိုက်လုပ်တာ ဟာလုံးဝ ကို ကောင်းတဲ့ လက္ခဏာမဟုတ်ပါဘူး။ လူတွေတော်တော် များများဟာ ရှေးရိုးအစဉ်အလာဟောင်းတွေ မစွန့်ပယ် ချင်ကြပါဘူး။ အဟောင်းတွေကို ဖတ်တွယ် ထားကြရတာကိုပဲ ကျေနပ်နေကြတာများပါတယ်။ ဒါကိုကောင်းကောင်း သိတဲ့ ရှေးရိုးဝါဒီတွေဟာ နည်းမျိုးစုံနဲ့ သူတို့ကွန်ယက်တွင်းက လွတ်ထွက် မသွားရလေအောင် နည်းမျိုးစုံနဲ့ချုပ်နှောင် ထားကြပါတယ်။ ဒါကိုမြတ်စွာ ဘုရားရှင် ကကောင်းကောင်းကြီး သိလို့ ရုံးထွက်နိုင်ဖို့လမ်းမှန်ကို မီးထွန်းပြခဲ့ခြင်းဖြစ်ပါတယ်။