Saturday, November 30, 2013

အတ္တနာဝ ဇာနေယျာထ၊ မိမိကိုယ်ပိုင်အသိဥာဏ်ဖြင့်သိတဲ့အခါ၊



အတ္တနာဝ ဇာနေယျာထ၊ မိမိကိုယ်ပိုင်အသိဥာဏ်ဖြင့်သိတဲ့အခါ၊
When you know by yourself…
             မိမိတို့သည် ဗုဒ္ဓ၏တပည့်များဖြစ်ကြသည့်အတွက် ကိုယ့်ဆရာဗုဒ္ဓရဲ့ဝါဒ လမ်းစဉ်သည် ဘယ်လိုဝါဒလမ်းစဉ်ဖြစ် တယ်ဆိုတာကို သေချာစွာ ဂဃနဏ လေ့လာဖို့လိုပါတယ်။ဗုဒ္ဓရဲ့ဝါဒလမ်းစဉ်သည် ကိုယ်ပိုင်အသိဥာဏ် ထွန်းတောက်အောင် ကြိုးစားရတဲ့ ၀ါဒဖြစ်ပါတယ်။ဒါကို ဗုဒ္ဓမြတ်စွာဘုရားက ကာလမ ပုဏ္ဏာားတွေနဲ့တဲ့အခါ ပြောကြားခဲ့တဲ့စကားလေးကို ကြည့်ခြင်း အားဖြင့်သိနိုင်ပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားက ….ကာလာမပုဏ္ဏားတို့…
          ‘’မာ အနုဿဝေန….သူများစကား ကြားတာများတာနဲ့ မှန်ပြီ(သို့)မှားပြီ၊ တခုခုကို မှားတယ်၊မှန်တယ် လို့ အလွယ် မဆုံးဖြတ်ပါနဲ့တဲ့” ယနေ့ခေတ်ကြီးသည် ပိုပြီးသတိရှိဖို့လိုပါတယ်။မီဒီယာခေတ် အင်တာနက်ခေတ်ကြီးဖြစ်လေတော့ သူများတွေ ပြောထားရေးထားတာတွေ အတော်များပါတယ်။သူများပြော သူများရေးထားတာကို အလွယ်လက်ခံလိုက်မယ်ဆိုရင် ဆိုးကျိုးတွေနဲ့ရင်ဆိုင်ကြရမှာဖြစ်တယ်။
          ‘’မာ ပရမ္ပရာယ…… ဘိုးဘွားစဉ်ဆက် လက်ခံယုံကြည်ခဲ့တဲ့ အယူအဆဖြစ်လို့ မှန်တယ်လို့ အလွယ်မယူဆပါနဲ့။
          မိမိတို့သေချာစဉ်းစားဖို့လိုပါပြီ။ယနေ့ခေတ်ကြီးသည် အသိဥာဏ်ပေါက် ကွဲနေတဲ့ခေတ်ကြီးဖြစ်ပါတယ်။အသိဥာဏ် ကိုဦးစားပေးနေရတဲ့ခေတ်ကြီးထဲမှာ မိမိကိုယ်ပိုင် အသိဥာဏ်ကို အသုံးမချပဲ ၊ ဒါကတော့ တို့ဘိုးဘွားအစဉ်အဆက်လက်ခံခဲ့တာ အကျိုးရှိတာ မရှိတာ၊ သူများတွေဘ၀ နစ်နာသွားတာ ဒါတွေကိုမစဉ်းစားပဲ အလွယ်လက်ခံပြီး လိုက်လုပ်တာ ဟာလုံးဝ ကို ကောင်းတဲ့ လက္ခဏာမဟုတ်ပါဘူး။ လူတွေတော်တော် များများဟာ ရှေးရိုးအစဉ်အလာဟောင်းတွေ မစွန့်ပယ် ချင်ကြပါဘူး။ အဟောင်းတွေကို ဖတ်တွယ် ထားကြရတာကိုပဲ ကျေနပ်နေကြတာများပါတယ်။ ဒါကိုကောင်းကောင်း သိတဲ့ ရှေးရိုးဝါဒီတွေဟာ နည်းမျိုးစုံနဲ့ သူတို့ကွန်ယက်တွင်းက လွတ်ထွက် မသွားရလေအောင် နည်းမျိုးစုံနဲ့ချုပ်နှောင် ထားကြပါတယ်။ ဒါကိုမြတ်စွာ ဘုရားရှင် ကကောင်းကောင်းကြီး သိလို့ ရုံးထွက်နိုင်ဖို့လမ်းမှန်ကို မီးထွန်းပြခဲ့ခြင်းဖြစ်ပါတယ်။

Tuesday, November 19, 2013

တန်ဖိုးထားမှု၏ ပြဌာန်းချက်



တန်ဖိုးထားမှု၏ ပြဌာန်းချက်
          စာပေနှင့် အခြား အတတ်အမျိုးမျိုးကို တတ်မြောက်သူအား ပညာတတ်၊ ပညာရှင် ဟူ၍ အသိအမှတ်ပြုကြသော်လည်း စင်စစ်အားဖြင့် အကောင်းအဆိုးနှင့် အမှား အမှန်ကို ဝေဖန်ပိုင်းခြားတတ်သူသည်သာ ပညာတတ်၊ ပညာရှင် ဧကန်ဖြစ်သည်။ ထို့ထက် ပို၍ကား မှား၊မှန် ၊ကောင်း၊ဆိုး၊ပိုင်း ခြားဝေဖန်တတ်ရုံမက သိနားလည်သည့်အတိုင်းကျင့်ကြံသောသူကို ပညာတတ်၊ ပညာရှင်၊ပညာရှိဟူ၍ တိတိကျကျဆိုနိုင်သည်။
          ‘’လူမိုက်ဟု သိနိုင်သော အမှတ်အသားများကား မကောင်းသော အကြံကို ကြံခြင်း၊ မကောင်းသော စကားကို ပြောခြင်း၊ မကောင်းသော အလုပ်ကို လုပ်ခြင်း တို့တည်း။ဤလက္ခဏာ သုံးရှိသူကား အမျိုးမြတ်သူပင်ဖြစ်စေ၊ ပစ္စည်းကြွယ်ဝသူပင် ဖြစ်စေ၊ အနိုင်ရသူပင်ဖြစ်စေ၊ မည်မဆိုဗာလ(လူမိုက်)ပင်တည်း” ဟူ၍ ပရိတ်ကြီးနိဿယသစ် (မင်္ဂလသုတ်)တွင် သပြေကန်ဆရာတော် ကြီးအရှင်ဝါသေဌာဘိဝံသက ဖွင့်ဆိုခဲ့သည်။
          မကောာင်းတာကို ကြံပြောလုပ်သူသည် ပညာ၏ တန်ဖိုးကို အဘယ်မှာ အလေးထားပါမည်နည်း။လူမိုက်သည် ပညာ၏ ရန်သူဖြစ်၏။လူမိုက်သည် ပညာမရှာ၊ ပညာမယူရုံမက ပညာတတ်သူများကို အခြောက်တိုက် မုန်းတီးလျက် အာဃာတ ရှိတတ် သည်။ပညာတတ်သူကို လူမိုက်က ဒုက္ခပေးတတ်သည်။ကိုယ့်ထက်သာ မနာလို ဟူသော သိမ်ငယ်စိတ်က ပေါက်ဖွါားလာသည့် ရန်လိုစိတ်၏ လှုံ့ဆော်မှုကြောင့် ဒုက္ခပေးခြင်းဖြစ်သည်။
          ပညာရဲရင့် ပွဲလယ်တင့် ဆိုသည်မှာ နေရာတိုင်းတွင် မဟုတ်။ပညာ တတ်ဟူသည် ပညာကို တန်ဖိုးထားတတ်သူများ အကြားတွင် ပွဲလယ်တင့်သည်။ဥစ္စာဓနကိုသာ တန်ဖိုးထားလေ့ရှိသော စီးပွါးရေးသမားများ၏အကြား၌ ပညာဖြင့် ရိုးရိုးသားသား လုပ်စားသော ၀င်ငွေနည်းပါးသူ ပညာတတ်တစ်ယောက်သည် လူရာသွင်းခြင်းမခံရနိုင်ပေ။ ထိုနည်းတူစွာပင် ပညာတတ် ပညာရှင်တို့၏ ပွဲလမ်းတစ်ခုခုဆိုကြပါစို့ ၊ ပညာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲ သို့ ရွှေတုံး ရွှေခဲများ လည်ပင်းမှာရော၊ လက်မှာပါ ဆင်မြန်းထားသော ဖြတ်လမ်းသူဌေးကြီး တစ်ဦး သိန်းထောင်ကျော်တန် မော်တော်ကားကြီးစီးပြီး တက်ရောက်လာစေကာမူ ပညတတ်များက ၄င်းအားအထင်ကြီးမည် ဝေးစွ၊ လူပြက်တစ်ယောက် အဖြစ်သာ သဘောထားကြလိမ့်မည် ဖြစ်သည်။

Thursday, November 7, 2013

ရဟန်းသံဃာတော်များ ရွေးကောက်ပွဲမှာ မဲပေးသင့် မသင့်

 

နိုင်ငံရေးနဲ့ ပတ်သက်လို့ ရဟန်းတော်များကိုယ်တိုင်
ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိင်သင့် မပြိုင်သင့်ဆိုတာ 
သီဟိုဠ်ရဟန်းတော်နဲ့ စာရေးသူ မဆွေးနွေးဘူးပါဘူး။
သီဟိုဠ်နေစဉ် မဲ့ပေးခွင့် ဆိုတာကိုတော့ 
သီဟိုဠ်ရဟန်းတော်တစ်ပါးနဲ့ 
ဆွေးနွေးဘူးပါတယ်။
အဲ့အကြောင်းကို မဲပေးခွင့်ဆိုတဲ့ ခေါင်းစဉ်နဲ့ 
ဆောင်းပါးတစ်ပုဒ် ဒီလိုလေး ရေးခဲ့ဘူးပါတယ်။
သီဟိုဠ်နိုင်ငံမှာရှိတဲ့ရဟန်းသံဃာတော်တွေ 
နိုင်ငံရေးမှာကော ဘယ်လိုပတ်သက်မှုရှိလဲ။
သီဟိုဠ်နိုင်ငံမှာ နေစဉ်အတောအတွင်း 
ပါတီစုံရွေးကောက်ပွဲကျင်းပတာနဲ့ ကြုံဘူးတယ်။
အဲ့တုန်းက သီဟိုဠ်ဘုန်းကြီးကျောင်းတစ်ကျောင်းမှာနေတယ်။
ရပ်ကွက်မဲရုံကို ဘုန်းကြီးကျောင်းထဲက အဆောင်တစ်ဆောင်ရဲ့ အောက်ထပ်မှာ လုပ်ကြတယ်။
မဲပေးချိန်မှာ သီဟိုဠ်ဘုန်းကြီးက ထွက်လာပြီး မဲရုံကို သွားဘို့ ပြင်ဆင်တယ်။
ဒီတော့ အဲ့ဘုန်းကြီးကို စပ်စုဖြစ်တယ်။

သူဘာလို့ ငါ့ထက်သာနေရတာလဲ ?

သူဘာလို့ ငါ့ထက်သာနေရတာလဲ ? ================== (အရမ်းကောင်းတဲ့ မှတ်သားစရာ ပညာပေးစကားဖြစ်ပါတယ်) တစ်ခါက မောင်ဖြူနဲ့ မောင်မဲ ဟာ ဘွဲ့ရပြီးနောက် ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ဝင်လုပ်ကြပါသတဲ့။ နှစ်ယောက်စလုံးဟာ အလုပ်ကို ကြိုးစားလုပ်ကြပါတယ်။ နှစ်အနည်းငယ်ကြာတဲ့အခါ သူဋ္ဌေးက မောင်ဖြူကို အရောင်းမန်နေဂျာ အဖြစ်ရာထူးတိုးပေးလိုက်ပြီး မောင်မဲကတော့ အရောင်းသမားအဖြစ်နဲ့ပဲ လုပ်နေရပါတယ် ။ မောင်မဲဟာ ဆက်ပြီးသည်းမခံနိုင်တော့ပါဘူး။ အလုပ်ထွက်စာရေးပြီး သူဌေးဆီသွားတယ်။ " ဒီမှာသူဌေ့း့ ခင်ဗျားက အလုပ်ကြိုးစားတဲ့သူကိုတန်ဖိုးမထားဘဲ ဖားတဲ့သူကိုမှ ခင်ဗျားက ပ,စားပေး ရာထူးတိုးပေးတာ မဟုတ်လား ။ ဒီတော့ ကျုပ်အလုပ်ထွက်တယ့့် " လို့ ခပ်ပြတ်ပြတ်ပဲ ပြောလိုက်ပါတယ်။ သူဌေးက မောင်မဲ အလုပ်ကြိုးစားတာ သိပါတယ် ။ဒါကြောင့် သူ့သယ်ရင်းနဲ့ သူ့အကြားကွာခြားချက်ကို သူသိစေချင်တာနဲ့ "မင်းအလုပ်မထွက်ခင် ဈေးထဲသွားပြီး ဖရဲသီးသည်ရှာပေးနိုင်မလား " လို့ မေးပါတယ်။ မောင်မည်း ခေါင်းညိတ်တော့ " အေ့း့ ဖရဲသီး တစ်ကီလိုကို ဘယ်ဈေးလဲ မေးခဲ့စမ်းကွာ " လို့ခိုင်းတယ်။ မောင်မဲလည်းထွက်သွားပြီး မကြာခင်ပြန်ရောက်လာပါတယ်။ " တစ်ကီလို ၁၂ ဒေါ်လာပါဆရာ" သူဌေးက "အေ့း့ ဒီမေးခွန်းကိုပဲ မင်းသူငယ်ချင်းမောင်ဖြူကိုလည်း ငါမေးဦးမကွာ " ဆိုပြီး မောင်ဖြူကို ခေါ်ပါတယ်။ စောစောကလိုပဲ ခိုင်းပါတယ်။ မောင်ဖြူပြန်လာတော့ " သူဌေးခင်ဗျာ့း့ ဖရဲသီးသည် တစ်သည်ပဲ တွေ့ခဲ့ပါတယ့့် တစ်ကီလိုကိုတော့ ၁၂ ဒေါ်လာပါ့ ၁ဝ ကီလိုယူရင် ဒေါ်လာ၁ဝဝ နဲ့ ရပါမယ့့် လောလောဆယ်သူ့မှာ ဖရဲသီးအလုံး ၃၄ဝ ရှိပါတယ့့် ဆိုင်မှာခင်းထားတာက ၅၈လုံးပါ့ တစ်လုံးကို ၁၅ ကီလိုလောက်ရှိပါတယ့့် မနေ့ကမှ တောင်အရပ်က ဝယ်လာတာပါ့ အားလုံး လတ်လတ်ဆတ်ဆတ်တွေ ချည်းပါပဲ့ ဖုန်းဆက်ချင်ရင် ဒီမှာသူ့ ဖုန်နံပါတ်ပါ့ " မောင်မဲဟာ သူ့သယ်ရင်းနဲ့ သူရဲ့ခြားနားချက်ကို သိသွားပြီး သူ့သယ်ရင်းကို အရမ်း အထင်ကြီးလေးစားသွားပါသတဲ့ ။ အလုပ်မထွက်တော့ပါဘူး ။သယ်ရင်းဆီက လေ့လာသင်ယူစရာတွေရှိသေးတယ်လေ့  ပိုပြီးအောင်မြင်နေသူတွေဟာ အကြောင်းအရာတစ်ခုကိုပဲ အများနဲ့မတူ ပိုပြီး မြင်တတ် တွေးတတ် နက်နက်ရှိုင်းရှိုင်း နားလည်တတ်တဲ့သူတွေပါ ။ မနက်ဖြန်အတွက်မင်းတွေးနေချိန်မှာ သူကနှစ်နဲ့ချီပြီးတွေးပြီးသွားပြီ ။ ရက်နဲ့နှစ်ဆိုတာ ၃၆၅ဆ ၁ ဆ ကွ။ ကဲ့ သယ်ရင်း မင်းရော မင်းဘဝအတွက် ရှေ့ကိုဘယ်လောက်များ ကြိုစဉ်းစားထားပြီလဲ ။ မင်းဘယ်လောက်များ နက်နက်ရှိုင်းရှိုင်း တွေထားပြီလဲ့  Credit-> Nyein Chan @[247035342103172:274:Putao Media]

Sunday, November 3, 2013

အတ္တကိုအိမ်ဆောက်နေကြသူများသို့



အတ္တကိုအိမ်ဆောက်နေကြသူများသို့
ကိုးကွယ်ကြတာက ဗုဒ္ဓ
တဖွဖွရွတ်ကြတာကအနတ္တ
တည်ဆောက်နေကြတာအတ္တမာန်မာန
ငါသာလျှင်ပဓါန ငါ့မိသားစုသာအဓိက
ဒီဘ၀အတွက်ပါမက  
နောက်ဘ၀အတွက်ပါတည်ဆောက်နေကြ
နတ်ပြည်မှာဗိဗ္မာန်ပေါက်
ချမ်းသာတွေရောက်၇င်ပြီးေ၇ာ
ဘယ်သူတွေဘာတွေပြောပြော
မသမာတာတွေ သမာတွေလာမပြောနဲ့
ငါ့အတ္တအိမ်ခိုင်ခံ့ရေး ငါအမြဲတွေးမယ်
အတ္တအိမ်ကြီးတည်ဆောက်မယ်။
                                               မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

သစ်ချောက်ပင်ကြီးများ



သစ်ချောက်ပင်ကြီးများ
သစ်တစ်ပင်ကောင်းရင်
ငှက်တစ်သောင်းမှီခိုအောင်းနိုင်တယ်တဲ့
ဒါပေမဲ့
မှီအောင်းစရာသစ်ပင်ကရှားပါး
ခိုနားမိတဲ့သစ်ပင်ကျတော့ အရိပ်ကမရ
ကိုင်းကပါကျိုးကျ
ဒုက္ခတွေတော့ရကုန်ကြပြီ။
                                                                                              မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

                     မှတ်ချက်။                     ။ကျောင်းမြေရောင်းစားသောအကျင့်ပျက်ကျောင်းထိုင်ဘုန်းကြီးဦးဇောတိကကို သံဃာပိုင်ကျောင်းအား ရောင်းစားပိုင်ခွင့်မ၇ှိကြောင်းကိုငါးထပ်ကြီး၇ှိသံဃာတော်များနှင့်တကွလက်မှတ်ထိုးကာ သံဃာ့မဟာ နာယက ဆရာတော်ကြီးများကို လျှောက်ထား တိုင်ကြားပါသည်။ သို့ပါသော်လည်း အကျင့်ပျက်ကျောင်း ထိုင်ဘုန်းကြီးသည် သံဃာ့မဟာနာယကကို ငွေပေးနိုင်သဖြင့် အရေးယူ ဆောင်၇ွက်ခြင်းမပြုပဲ ငွေမပေးနိုင်တဲ့ သူငယ်ချင်းဖြစ်သူ တိုက်အုပ်စာချဆရာတော် ဦးဃောသိက ( သာသနဓဇဓမ္မာစရိယ၊  ဓမ္မကထိက)အား သံဃာ့မဟနဆရာတော်များသည် အမိန့်ဖြင့် မောင်းထုတ်ပါသဖြင့် သီတင်းကျွတ်လပြည့် ကျော်(၁) ရက်နေ့က ယခုသီတင်းသုံးနေထိုင်ရာ ငါးထပ်ကြီး၊ လိပ်ပြာကန်တိုက်၊ အလယ်တိုက်ကြီးကျောင်းမှ ထွက်ပေးခဲ့ရသည်ကို သူငယ်ချင်း ဖြစ်သူအတွက်  စပ်ဆိုထားသော ကဗျာဖြစ်ပါသည်။