Wednesday, September 30, 2009

*ရောမရောက်တိုင်း ရောမလို ကျင့်သင့်ပါသလော…*

ရောမရောက်တိုင်း ရောမလို ကျင့်သင့်ပါသလော…*
[ အကြောင်းအမျိုးမျိုးကြောင့်ပြည်ပရောက်နေတဲ့ သူငယ်ချင်းတွေအတွက် မျှဝေပေးတာပါ ]
``When in Rome do as the Romans do.​ ရောမရောက်ရင် ရောမလိုကျင့်`` ဟူသော စကားပုံတစ်ခု ရှိ၏။ ဤစကားပုံသည် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရပ်ခြား ရောက်နေကြသူများအား မိမိတို့ရောက်ရှိနေသော နိုင်ငံအသီးသီး၏ မတူညီသည့် ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ စသည်တို့နှင့် အံဝင်ခွင်ကျ ဖြစ်စေရန် သူ့နိုင်ငံရောက်လျှင် သူ့စည်းကမ်း၊ သူ့ယဉ်ကျေးမှု၊ သူ့ဓလေ့ထုံးစံအတိုင်း လိုက်နာကျင့်သုံး နေထိုင်ကြရန် သတိပေးတိုက်တွန်း လမ်းညွှန်ပေးသည့် စကားပုံဖြစ်၏။ မှန်၏။ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသကဲ့သို့ ကမ္ဘာ့နိုင်ငံအသီးသီးတွင် မတူညီသည့် ယဉ်ကျေးမှုဓလေ့ စရိုက်များရှိပြီး ထိုမတူညီမှုများကြောင့်ပင် အနေအထိုင်၊ အပြောအဆို၊ အလုပ်ကိုင်များတွင် တစ်နည်းနည်းဖြင့် ဒုက္ခတွေ့ကြသည်သာ ဖြစ်၏။ ထို့ကြောင့်လည်း ထိုဒုက္ခများကို အဆင်ပြေကျော်လွှားနိုင်စေမည့် နည်းလမ်းတစ်ခုအဖြစ် သူ့နိုင်ငံ၊ သူ့စည်းကမ်း၊ သူ့ယဉ်ကျေးမှုအတိုင်း လိုက်နာနေထိုင်နည်းကို လက်ခံကျင့်သုံး လာကြခြင်းဖြစ်၏။ ရောမရောက်ရင် ရောမလိုကျင့်သင့်သည်ဟု ပြောဆိုတိုက်တွန်းလာကြခြင်း ဖြစ်၏။ သူ့နိုင်ငံ၊ သူ့စည်းကမ်း၊ သူ့ယဉ်ကျေးမှုများအတိုင်း လိုက်နာကျင့်သုံးပါက အမှန်တကယ်လည်း အဆင်ပြေလာသည်ကို သတိပြုမိကြမည် ဖြစ်၏။ သို့သော် ``နေရာတကာတိုင်းမှာ ရောမရောက်တိုင်း ရောမလို ကျင့်သင်သလား``ဟု မေးစရာဖြစ်လာ၏။ မတူညီသည့် ဘာသာတရား၊ ယဉ်ကျေးမှုများနှင့် ဖွဲ့စည်းထားသည့် လူ့အဖွဲ့အစည်းတွင် ဆိုင်ရာဆိုင်ရာ လက်ခံကျင့်သုံးရမည့် စည်းကမ်းဥပဒေများသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံတူညီမှု မရှိဖြစ်နေသောကြောင့် ထိုနိုင်ငံမှာနေသဖြင့် ထိုနိုင်ငံအတိုင်း လိုက်နာရန်အတွက် မိမိတို့တစ်သက်လုံး ထိန်းသိမ်းကျင့်သုံးလာသည့် အကျင့်တရားများ၊ ယုံကြည်မှုများ စသည်တို့ကို ပယ်စွန့်ပြီး ``ဘာပဲဖြစ်ဖြစ် လိုက်နာကျင့်သုံးသင့်သလား``ဟု စောဒကတက်စရာ ဖြစ်လာ၏။ အထူးသဖြင့် ထေရ၀ါဒဗုဒ္ဓဘာသာ အဆုံးအမ အကျင့်သီလတို့ကို လက်ခံလိုက်နာ ကျင့်သုံးနေကြသည့် မြန်မာဗုဒ္ဓဘာသာများအတွက် ပိုပြီးမေးခွန်းထုတ်စရာ ဖြစ်လာ၏။ သူ့နိုင်ငံမှာ နေသည့်အခိုက် အဆင်ပြေစေရန် တစ်ခုတည်းကို ကြည့်ပြီးဘာပဲဖြစ်ဖြစ် လက်ခံလိုက်နာကျင့်သုံး ကြမည်လော…

စာဖတ်သူများ မည်သို့စဉ်းစားလက်ခံမည် ဆိုသည်ကို မသိသော်လည်း စာရေးသူ၏ တစ်သီးပုဂ္ဂလခံယူချက် အနေဖြင့်ကား မကျင့်သုံးသင့်ဟု ထင်မိ၏။ ရောမရောက်ရင် ရောမလိုကျင့်ဟု ဆိုသော်လည်း ရောမရောက်တိုင်း ရောမလိုမကျင့်သင့်ဘဲ ကျင့်နိုင်သည့်အရာ ကျင့်သင့်သည့် အရာများကိုသာ လက်ခံလိုက်နာ ကျင့်သုံးသင့်သည်ဟု ခံယူမိ၏။ သူ့နိုင်ငံမှာ နေသည့်အခိုက် အဆင်ပြေစေမှု တစ်ခုတည်းကို ကြည့်ပြီး မိမိ၏ ကိုယ်ကျင့်သီလများ ပေးဆပ်လိုက်ရသည်အထိ မတူညီမှုများကိုကား လက်ခံလိုက်နာ ကျင့်သုံးမှု မပြုသင့်ဟု ထင်မိ၏။ စာရေးသူ၏ ဤယူဆချက်သည် လွဲကောင်းလွဲနိုင်သော်လည်း ဤယူဆချက်သည် စာရေးသူ ယခုလက်ရှိနေထိုင်သည့် နိုင်ငံ၏ အစဉ်အလာ ယဉ်ကျေးမှုများကို လက်ခံကျင့်သုံးနေကြသည့် ရွှေမြန်မာများ၏ လက်တွေ့ဘ၀များကိုကြည့်ကာ ကောက်ချက်ချမိခြင်းဖြစ်၏။

စာရေးသူ ယခုလက်ရှိ နေထိုင်သာသနာပြုနေသည့် နိုင်ငံကို တိုက်ရိုက်အမည် မဖော်လိုသော်လည်း ဤနိုင်ငံသည် အရက်ကို အလွန်နှစ်နှစ်ကာကာ သောက်သုံးဧည့်ခံသည့် ဓလေ့ထုံးစံရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်၏။ မည်သည့်ပွဲမဆို အရက်မပါလျှင် မပြီးသည့်အနေအထားမျိုး ဖြစ်နေ၏။ အရက်မပါလျှင် အလုပ်မဖြစ်သကဲ့သို့ အရက်မသောက်လျှင်လည်း အပေါင်းအသင်းပင် မရှိနိုင်သည့် အနေအထား ရှိ၏။ ယောက်ျားလေး၊ မိန်ကလေး၊ လူကြီးလူငယ်၊ စသည်ခွဲခြားမှု မရှိဘဲ ၀ိုင်းထိုင်မိလျှင် အရက်နှင့်သာ အစပြုတတ်၏။ အရက်မသောက်တတ်သူသည် သူတို့နှင့်အံဝင်ခွင့်ကျ မရှိဘဲ တစ်ဖြေးဖြေး ဘေးရောက်သွားတတ်သည်အထိ အရက်ယဉ်ကျေးမှုက လွှမ်းမိုးနေ၏။ ထိုသို့သော အခြေအနေမျိုးတွင် မလာမဖြစ်လာပြီး အလုပ်လုပ်နေကြသည့် ရွှေမြန်မာများအတွက် သူ့နိုင်ငံသားများ၊ အထူးသဖြင့် အလုပ်ရှင်များနှင့် အဆင်ပြေစေရန်အတွက် သူတို့နှင့်အတူ လိုက်ပြီးသူ့ထုံးစံအတိုင်း နေထိုင်ခြင်းသည်သာ အကောင်းဆုံးအနေအထား ဖြစ်နေ၏။ တစ်ဘက်ကလည်း မိမိတို့ ကိုးကွယ်သည့် ဘာသာတရား အဆုံးအမ အကျင့်သီလများကို ချိုးဖောက်ရာ ရောက်နေ၏။ မည်သို့လက်ခံကြမည်နည်း။ မိမိတို့၏ ကိုယ်ကျင့်သီလကို အပျက်ခံပြီး တဒင်္ဂအခိုက်အတံ့ အဆင်ပြေစေရန်အတွက် သူ့ဓလေ့ထုံးစံကို လိုက်လုပ်ကြမည်လော… ရောမရောက်နေသည့်အတွက် ရောမလို လိုက်ကျင့်ကြမည်လော… စသည်ဖြင့် မေးခွန်းထုတ်စရာ ဖြစ်လာ၏။

ထိုအခက်အခဲသည် လူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းတွင်သာမက စာရေးသူတို့ ဘာသာရေးပိုင်းအထိ ရိုက်ခတ်မှုဖြစ်လာ၏။ ဗုဒ္ဓဘာသာဟု ဆိုသော်လည်း ဗုဒ္ဓဘာသာတွင်လည်း မတူညီသည့် ဂိုဏ်းကွဲများရှိသည်ကို အားလုံးသိကြပြီးဖြစ်၏။ အထူးသဖြင့် ထေရ၀ါဒ၊ ဗုဒ္ဓဘာသာနှင့် မဟာယာနဗုဒ္ဓဘာသာ ဟူသည့် ဂိုဏ်းကြီးများမှာ ပိုမိုထင်ရှား ကျော်ကြားလျက်ရှိသည်ကို တွေ့ကြရမည်ဖြစ်၏။ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုဟူသော ငါးနိုင်ငံကို ထေရ၀ါဒဗုဒ္ဓဘာသာ ကိုးကွယ်သည့် နိုင်ငံဟူ၍ သိကြပြီး တရုတ်၊ ဂျပန်၊ ကိုရီးယား၊ တိဗက်၊ မွန်ဂိုစသော နိုင်ငံများကို မဟာယာန ဗုဒ္ဓဘာသာကိုးကွယ်သည့် နိုင်ငံများဟု ယေဘုယျအားဖြင့် ဆိုနိုင်၏။ ထေရ၀ါဒဟူသည် ဘုရားဟောတရားတော်များကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ နုတ်ပယ်ခြင်းမရှိ ပကတိအတိုင်း လက်ခံလိုက်နာ ကျင့်သုံးသည့် ဗုဒ္ဓဘာသာဟု ထေရ၀ါဒ နိုင်ငံများက လက်ခံယူဆသကဲ့သို့ မဟာယာန ဗုဒ္ဓဘာသာသည်လည်း မြတ်စွာဘုရားရှင်၏ တရားတော်များကို လူတိုင်းလွယ်ကူရှင်းလင်းစွာဖြင့် ပုဂ္ဂိုလ်မရွေး၊ အဆင့်အတန်းမရွေး နားလည်သဘောပေါက်စေရေး ဟူသော ရည်ရွယ်ချက်ဖြင့် အားလုံးနှင့်အဆင်ပြေစေရန် ခေတ်ကာလာအခြေအနေသို့ လိုက်၍ ဘုရားဟောဓမ္မများကို ပိုမိုကျယ်ပြန်စွာ ဖြန့်ဝေပေးနေသည့် ဘာသာဟု မဟာယာနနိုင်ငံများက ဆိုကြပေမည်။ သို့သော် မဟာယာနဗုဒ္ဓဘာသာ၏ မျက်မှောက်ခေတ်အခြေအနေများကို ကြည့်ပါက အားလုံးနှင့်အံဝင်ခွင်ကျ ဖြစ်စေရန် လိုက်နာကျင့်သုံးရာမှ မြတ်ဗုဒ္ဓ၏ မူရင်းဒေသနာတော်များမှာ မူရင်းအတိုင်း မရှိတော့ဘဲ တိမ်မြုတ်ပျောက်ကွယ် လာသည်ကို တွေ့ရပေ၏။ နိုင်ငံတစ်ခု၏ အခြေအနေနှင့် အံဝင်ခွင်ကျ ဖြစ်စေရန် လိုက်နာနေထိုင်ရာမှ ဘုရားဟောဓမ္မ အစစ်အမှန်များ တဖြည်းဖြည်း လွဲမှားလာသည်ကို တွေ့ရ၏။ ထို့ကြောင့်လည်း မျက်မှောက်ခေတ် မဟာယာန နိုင်ငံအချို့တွင် ရဟန်းတော်များအတွက် နေလွဲညစား စားမှုသည် အထူးအဆန်း မဟုတ်တော့သည့်အပြင် အရက်သောက်၍ရသည့်ဂိုဏ်း၊ အိမ်ထောင်ပြု၍ရသည့် ဂိုဏ်းများအထိ ဂိုဏ်းများကွဲပြားလာခြင်းကြခြင်း ဖြစ်သည်ဟု ဆိုနိုင်၏။ ဤသည်မှာ နေရာဒေသတစ်ခုတွင် အဆင်ပြေစေရန် လိုက်နာကျင့်သုံးရာမှ၊ တစ်နည်းအားဖြင့် ဆိုရသော် ရောမရောက်ရင် ရောမလိုကျင့်သုံးရာမှ မူရင်းအစစ်အမှန်များ တိမ်မြုတ်ပျောက်ကွယ်ရခြင်း ဖြစ်သည်ဟု ယူဆရမည့် အချက်တစ်ချက်ပင် ဖြစ်၏။

စာရေးသူတို့ ယခုလက်ရှိရောက်နေသည့် နိုင်ငံတွင် စာရေးသူတို့၏ ကိုယ်တွေ့အရ အံ့သြစရာများနှင့် ကြုံတွေ့ခဲ့ရ၏။ ရောက်ရောက်ချင်း မဟာယာန ဘုန်းတော်ကြီးတစ်ပါးကို တွေ့လိုက်ရပြီး ထိုင်ပဲရှိခိုးရမလို လက်အုပ်ပဲချီပြီး အရိုအသေမျှ ပြုပေးရမလို အနေအထားနှင့် ကြုံတွေ့ရ၏။ အဘယ့်ကြောင့်ဆိုသော် ထိုဘုန်းတော်ကြီးသည် ဆံပင်အရှည်လူပုံစံ ဖြစ်နေပြီး အနားတွင်လည်း ထိုဘုန်းတော်ကြီး၏ ဇနီးမိန်းမပါ ရှိနေသောကြောင့်ဖြစ်၏။ ထိုအခြေအနေတွင် စာရေးသူတို့ မည်သို့လုပ်သင့်သနည်း။ ထေရ၀ါဒရှုထောင့်မှ ကြည့်လျှင် အလွန်လက်ခံရန် ခက်ခဲသည့်အနေအထား ဖြစ်နေ၏။ ထို့ကြောင့် ထိုအခိုက်မှာ ရှိမခိုးတော့ဘဲ လက်အုပ်ချီ၍သာ အရိုအသေပြုမိ၏။ ထို့အပြင် မဟာယာန ဘုန်းတော်ကြီးများနှင့် လူကြီးအချို့က ၎င်းတို့နိုင်ငံသည် အလွန်အေးသဖြင့် မြန်မာရဟန်းတော်များ၏ သင်္ကန်းတော်သည် အအေးဒဏ်ကို ခံနိုင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့ဝတ်သကဲ့သို့ မဟာယာနဘုန်းတော်ကြီး အ၀တ်အစားများကို ပြောင်းဝတ်သင့်ကြောင်း၊ အအေးဒဏ်ခံနိုင်ပြီး စာပေများပိုမိုလေ့လာနိုင်ရန် ညစာစားပြီး ၎င်းတို့နေသကဲ့သို့ သောက်စားနေသင့်ကြောင်း တစ်ယူသန်အစွဲမထားဘဲ ရောမရောက်ရင် ရောမလိုကျင့်သင့်ကြောင်း စသဖြင့် တိုက်တွန်းပြောဆိုကြ၏။ စာရေးသူတို့မှ ``ရောမရောက်ရင် ရောမလိုကျင့်သင့်သည် ဆိုသော်လည်း ကျင့်သင့်သည့်အရာ ကျင့်နိုင်သည့်အရာများကိုသာ ကျင့်နိုင်မည်ဖြစ်ကြောင်း ဘုရားဟော ဓမ္မများ၊ ၀ိနည်းသိက္ခာပုဒ်များနှင့် ဆန့်ကျင်သည့်အရာများကိုကား လိုက်နာပြီး မကျင့်နိုင်ကြောင်း`` ပြောဆိုလိုက်၏။ ထိုအတိုင်းပင် စာရေးသူတို့ကိုယ်တိုင် ရာသီဥတုဒဏ်ကို ခံနိုင်မည့်နည်းများဖြင့် ထေရ၀ါဒ ရဟန်းတော်အသွင်ကို မပျောက်စေဘဲ နေထိုင်လာခဲ့သည်မှာ ယခုဆိုလျှင် ငါးနှစ်ကျော် ခြောက်နှစ်ထဲ ရောက်လာခဲ့ပြီ ဖြစ်ပါသည်။ ဤကဲ့သို့ နေပြလိုက်ခြင်းကပင် ထေရ၀ါဒ၏စံ ထေရ၀ါဒအသွင်ကို ပိုမိုပေါ်လွင်စေခဲ့၏။ တစ်ယူသန်အစွဲ ထားခြင်းမဟုတ်ဘဲ အမှားအမှန်ကို ခွဲခြားကာ နေပြလိုက်ခြင်း ဖြစ်၏။ ရောမရောက်တိုင်း ရောမလို မကျင့်ဘဲ ကျင့်သင့်သည့်အရာ၊ ကျင်နိုင်သည့်အရာများကိုသာ ကျင့်ပြလိုက်ခြင်းဖြစ်၏။

ထို့အတူပင် နိုင်ငံရပ်ခြား အသီးသီးတွင် ရောက်နေကြသည့် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များသည်လည်း စာရေးသူတို့ ကျင့်သုံးသကဲ့သို့ ကျင့်သုံးသင့်၏။ သူ့နိုင်ငံ သူ့ယဉ်ကျေးမှု၊ ဓလေ့ထုံးစံအတိုင်း လိုက်နာကျင့်သုံး နေထိုင်သင့်သော်လည်း မိမိတို့ ကိုးကွယ်ယုံကြည်ထားသည့် ဘာသာတရား အဆုံးအမများနှင့် ဆန့်ကျင်သည့် ဓလေ့ထုံးစံများကိုကား မလိုက်နာ မကျင့်သုံးသင့်ပေ။ ၎င်းတို့အရက်ယဉ်ကျေးမှုကို လိုက်၍ မိမိတို့၏ ခါးဝတ်ပုဆိုးကဲ့သို့ လုံအောင်ထိမ်းရမည့် သုရာမေရယဟူသော ကိုယ်ကျင့်သိက္ခာပုဒ်ကို ပယ်စွန့်သည်အထိ မလိုက်သင့်ပေ။ တစ်ခါသာအမုန်းခံပြီး မိမိတို့ဘာသာတရား အဆုံးအမအရ မသောက်သင့်ကြောင်း၊ မသောက်နိုင်ကြောင်း ပြောဆိုငြင်းပယ်လိုက်လျှင် မိမိတို့ကို အတင်းအဓမ္မ ရိုက်နှက်ချုပ်နှောင်ပြီး ပြုလုပ်ကြလိမ့်မည်ဟု မထင်ပေ။ ခဏတာ အဆင်ပြေမှုကို ကြည့်ပြီး ပစ္စုပ္ပန် သံသရာ နစ်မွန်းစေမည့် လုပ်ရပ်များကို မလုပ်သင့်ပေ။ မိမိတို့ လုပ်နိုင်သည့်အရာ၊ လုပ်ပေးသင့်သည့် အရာများကိုသာ လိုက်နာလုပ်ဆောင်သင့်ပေသည်။ အခိုက်အတံ့ပင် ဖြစ်သော်လည်း မကောင်းမှုဟူသည် အစမလုပ်မိခြင်းက ပိုကောင်း၏။ အစလုပ်မိပါက အဆုံးမရှိဖြစ်တတ်ပြီး နောက်ပိုင်းမလုပ် မနေနိုင်အောင် ဖြစ်တတ်သည်ကို အထူးဆင်ခြင်သင့်လှ၏။ အရက်သောက်ခြင်းမှမဟုတ် အခြားမည်သည့် အကုသိုလ်မျိုးမဆို မလုပ်ဘဲ နေသည်က အကောင်းဆုံးဖြစ်၏။

ထို့ကြောင့် ဤနေရာမှာ စာရေးသူ တိုက်တွန်းလိုသည်မှာ `ရောမရောက်ရင် ရောမလိုကျင့်`ဟု ဆိုသော်လည်း ရောမရောက်တိုင်း ရောမလို မကျင့်သင့်ဘဲ ကျင့်သင့်သည့်အရာ ကျင်နိုင်သည့်အရာများကိုသာ လိုက်နာကျင့်သုံးကြရန်၊ မိမိတို့၏ ကိုယ်ကျင့်သီလ ပျက်စေမည့် အရာများကိုကား သံသရာနှင့်ရင်းပြီး မကျင့်သုံးကြရန် နှင့် တစ်ဘ၀၊ တစ်ခဏကို မကြည့်ဘဲ သံသရာကိုကြည့်ပြီး လိုက်နာကျင့်သုံးကြရန်.. စသည် စသည်တို့ ဖြစ်ပါကြောင်;….

ဦးဝိစိတ္တ ဘလော့မှ ကူးယူဖော်ပြ မျှဝေပါသည်။

GO TOWARDS

ကမ္ဘာAနှံ့ က “ရွှေ”…တံဆိပ် လော်စပီကာ တွေ
ကူပါ ကယ်ပါ တကြော်ကြော်ေAာ်နေရတဲ့
ကျွန်တော့်ရဲ့  မွေးရပ်မြေ Aကြောင်း နဲ့ 
ခင်ဗျားတို့ နားထဲကို သံရည်ပူ လောင်းပါရစေ ။
ဆရာဝန်တွေက ဆေးရောင်း
Aင်ဂျင်နီယာတွေက ဈေးရောင်း
တော်သူတွေAကုန် ဘေးဂျောင်း
လူငယ်တွေ Aကုန် Aတွေးစောင်း
ခွင်ရှာနိုင်မှ သူဌေးလောင်း ဖြစ်နိုင်မယ်။
ညာU့်ငှက်မလေး တစ်ယောက်က ဖောက်သည်မျှော်

မိန်းမတန်ဖိုးကို ရောင်းဖို့ စောင့်နေမယ်နော်တဲ့။
ဈေးသည်မလေးတစ်ယောက်က ဝယ်သူမျှော်
Aကြွေးပင်လယ်ကြီးထဲ ကယ်သူမပေါ်
ခေတ်ကြီးကိုက လည်သူဆော်။
ရှေ့ နောက် မစU်းစားမိခဲ့တဲ့ မောင်နှံ
ရှိသမျှ ပစ္စည်းလေးတွေကို ပေါင်နှံ
မွေးလာမယ့် ကလေးကတော့ Aချောင်ခံ။
ဂျာနယ်တွေက Aတင်းAဖျင်း ရောင်းစား
လူပွဲစားတွေက Aချင်းချင်း ရောင်းစား
လူတစ်ချို့ က လမ်းမတွေပေါ်မှာ တောင်းစား
ကလေးငယ် တစ်ယောက် မျက်နှာငယ်လေးနဲ့ ကျောင်းသွား
ပါရာဒို တစ်စီးက ဗွက်တွေ စင်ေAာင် မောင်းသွား။
ငါတို့ ငိုသံတွေကို
Aိမ်နီးချင်း နိုင်ငံတစ်ချို့ က မကြားချင်ယောင်ဆောင်နေကြတယ်။
ဖျာခင်းချင်သူ တစ်ချို့ ကလည်း သနားချင်ယောင်ဆောင်နေကြတယ်။
မီးခဲကိုင်ထားရသလိုပဲဆိုတဲ့ စေတနာရှင်တို့ ၊
Uီးတည်ချက် ဆယ့်နှစ်ရပ်နဲ့  လူ့ ပြည်ကိုဖျက်နေတာလား။
ခင်ဗျားတို့ စကားလုံး ကြီးကြီးတွေက ကော်ပီ သံစU်ပါ။
တစ်ပြည်လုံးလည်း နားညU်းနေပြီ…ေAာ်ဂလီ ဆန်ချင်စရာ။
ကိုယ့်ကိုယ်ကို ပြန်ကြည့်မိတော့လည်း
မနှစ်ကလည်း ဒီနေရာ
ဒီနှစ်လည်း ဒီနေရာ
ရပ်နေလည်း ဒီလောက်
ပြေးသွားလည်း ဒီလောက်မို့ 
ငါ့ ခြေထောက် တွေကတောင် ငါ့ကို ပြောတယ်။
သူတို့ ဆက်မလျှောက်ချင်တော့ဘူးတဲ့။
ငါ့လက်တွေကလည်း သစ္စာဖောက်ပြန်တယ်။
Aရှုံးပေး လက်မြှောက်ပြီး ထောက်ခံတယ်။
ဒီလိုနဲ့ ...
စိတ်ထဲမှာပဲ သိမ်းထားနေရတဲ့ Aိပ်မက်တွေလည်း ခေါက်ရိုးကြေ။
ဖြစ်ချင်တာနဲ့ ဖြစ်လာတာတွေက ဇောက်ထိုးတွေ။
လူ့ သက်တမ်း တစ်ဝက်ကျိုးပြီဆိုတဲ့ Aချက်ပေးသံတွေလည်း မြည်လာပြီ။
ကျန်တဲ့သက်တမ်း တစ်ဝက်ကို ဆက်လျှောက်လှမ်းဖို့ တောင် Aီလာပြီ။
“ဆန်တစ်ပြည်ကို ၁၅၀၀ တောင်” Aဲဒါ AဘွားညU်းတဲ့ Aသံ။
“မြန်မာပြည်ဟာ ဘယ်သူမှ မနေချင်ကြတော့တဲ့ Aရပ် ဖြစ်သွားပြီ” Aဲဒါ ခါးသီးတဲ့ Aမှန်။
ဒီကြားထဲ…
နာဂစ်က တစ်ချက်မွှေ့ 
Eရာဝတီက လူတွေခမျာ Aသက်စေ့
တစ်ချို့ လူတွေကလည်း Aကွက်ရွှေ့ 
Aစိုးရ ကုလားထိုင်ကတော့ တစ်ချက်မရွေ့ 
မြန်မာပြည်ကြီးကတော့ ဝမ်းဗိုက်ဟောင်းလောင်းနဲ့ Aခက်တွေ့။
AစိုးရကAစ သူခိုးဓားပြ တွေဆို
ပေါင်းစားတတ်မှ မိုးကျရွှေကိုယ်
တိုင်းပြည်တစ်ခုလုံး ပိုးကျနေလို့ 
သူများဆီမှာ ကျွန်ခံဖို့ goကြပေဗျို့ ……..။

သီတဂူဆရာတော်၏ ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များသို့ပန်ကြားလွှာ

မြတ်စွာဘုရားသည် သူ၏မြောက်မြားစွာသော နေ့စဉ်လုပ်ငန်းတို့တွင် သတ္တလောကကြီး၏ အခြေအနေကို တစ်နေ့နှင့်တစ်ညဥ့်လျှင် ခြောက်ကြိမ်မျှကြည့်ရှုတော်မူခြင်းတည် အလွန်အရေးပါသော လုပ်ငန်းကြီးတစ်ရပ်အဖြစ် ပါဝင်ပါသည်။ သတ္တလောကကြီး၏ အခြေအနေသည် သို့မဟုတ် ဒေသတစ်ခု။ သတ္တ၀ါတစ်စုစု၏ အခြေအနေသည် ကာမရာဂ လွန်ကဲသောင်းကြမ်းသည်ဟု မြင်တော်မူလျှင် ထိုကာမရာဂကိုငြိမ်အောင်ထိန်းသိမ်းဖို့ သမ္မာကျင့်စဉ်ကို ညွှန်ပြတော်မူသည်။

ရံခါ ဒေသတစ်ခု သတ္တ၀ါတစ်စုစုမှာ သို့မဟုတ် မင်းစိုးရာဇာတို့လောကမှာ အာဏာမက်မောမှုတည်းဟူသော အကြောင်းကြောင့် သတ်ဖြတ်နှိပ်စက်ခြင်းများသည်ကို မြင်တော်မူလျှင် ဒေါသကိုနှိမ်နှင်းဖို့ မေတ္တာလမ်းစဉ်ကို ညွှန်ကြားတော်မူသည်။

ရသေ့ ရဟန်း ယောဂီ သမဏဗြဟဏတို့အား အညာလမ်းစဉ်ကို လိုက်နာကျင့်သုံးကြဖို့ ဟောကြားတော်မူသည်။

ထိုသို့မြတ်စွာဘုရားသည် သတ္တ၀ါလောကကြီး၏ အခြေအနေကို ရှုမြင်သုံးသပ်ကာ အခြေအနေအားလျော်စွာ ကျင့်သုံးပုံနည်းစနစ်များကို ဟောကြားညွှန်ပြတော်မူသည်ကိုကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များသည် မျက်စိနှင့်နားကို ကျယ်ကျယ်ဖွင့်ကာ လောကကြီး၏ အခြေအနေကို အစဉ်မပြတ် ကြည့်ရှုသုံးသပ်နေသင့်ပါသည်။

လူ့လောကကြီး၏ လိုအပ်ချက်အရ အစဉ်မတ်ြကြည့်ရှု ဖြည့်စွက်ပေးဖို့ရန်မှာ ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များ၏ တာဝန်တစ်ရပ်ဖြစ်ပါသည်။ ကျွန်ုပ်တို့ဘာသာရေးခေါင်းဆောင်များ ဓမကိုဖြန့်ချိခြင်းသည် လူ့လောကကြီး၏ လိုအပ်ချက်နှင့်ကိုက်ညီဖို့အရေးကြီးပါသည်။ ဓမ္မနှင့်လူသား တစ်ထပ်တည်းကျအောင် ဖြန့်ချိနိုင်ပါမှ လူ့လောကကြီး၏ လိုအပ်ချက်ပြည့်စုံမည်ဖြစ်ပါသည်။

သို့မှသာ လူသားအများစုတို့က ဘာသာရေးခေါင်းဆောင်တို့သည် လူ့လောကကြီးအတွက်မရှိမဖြစ်လိုအပ်သော ပုဂ္ဂိုလ်များဖြစ်ကြသည်ဟု ယုံကြည်စိတ်ချ ကေးဇူးတင်လာကြမည်ဖြစ်ပါသည်။ သိပ္ပံနှင့် နည်းပညာတစ်ဟုန်ထိုးတိုးတက်ထွန်းကားလာသောယနေ့ခေတ်တွင် လူ့လောကကြီး၏ လိုအပ်ချက်ကို မဖြည့်စွက်နိုင်သောလောကနှင့် ဓမ္မကို တစ်သားတည်းကျအောင် ဦးမဆောင်နိုင်သော ဘာသာရေးခေါင်းဆောင်တို့ကို လူသားတို့က တစ်နေ့တခြား လူ့လောကကြီး၏ အပိုအလျှံများသဖွယ် မြင်လာနေကြပြီး သိပ္ပံနှင့် နည်းပညာသည် သာလျှင် လောကကို ကောင်းကျိုးပြုသည်ဟု တစ်ဖက်သတ်မြင်လာနေကြပေပြီ။ သို့သော် ထိုသိပ္ပံနှင့် နည်းပညာသည် လောကကောင်းကျိုးကို ပြုပင်ပြုငြားသောလည်း လူလောကကြီးကို လူညွန့်တုန်းအောင် သတ်ဖြတ်နှိပ်စက်သည်မှာလည်း ယင်းတို့ပင်ဖြစ်ကြသည်ကို သတိပြုကြရန် လိုအပ်လှပါသည်။ တက်ထရာဆိုင်ကလင်းဆေးသည် အဖျားပျောက်ဆေးတို့တွင် အကောင်းဆုံးပင်ဖြစ်သောလည်း အစာအိပ်ကို လောင်ကျွမ်းစေကာ ရောဂါတစ်မျိုးထပ်တိုးစေသည်မျာလည်း ထိုဆေးပင်ဖြစ်ပါသည်။ (၅၊၈၊၁၉၄၇)ရက်တွင် ဂျပန်နိုင်ငံရှိ နာဂါဆာကီနှင့် ဟီရိုရှီးမားမြို့တို့မှာ လူသိန်းပေါင်းများစွာကို သတ်ခဲ့သောအဏုမြူဗုံးသည် သိပ္ပံဆရာများတီထွင်ခဲ့သောလက်နက်ပင်မဟုတ်ပါလော။

ဘာသာရေးတိုင်သည် လူသားတို့၏ စိတ်နှလုံးကို သူ့နည်းသူ့ဟန်ဖြင့် အသီးသီး ငြိမ်းချမ်းမှုပေးနိုင်ကြပြီး လူသားတို့စိတ်နှလုံးကို ယဉ်ကျေးစေနိုင်သည်ဟု ကျွန်ုပ်တို့ယုံကြည်မျှော်လင့်ပါသည်။ ယနေ့မျက်မှောက်ခေတ်တွင် ကျွန်ုပ်တို့ဘာသာရေးခေါင်းဆောင်အားလုံးသည် လူ့လောကကြီး၏ မရှိမဖြစ်လိုအပ်သော ပုဂ္ဂိုလ်များဖြစ်ကြောင်းလူသားအများစု နာလည်ခံယူလာအောင် ကျွန်ုပ်တို့အားထုတ်ကြရမည်ဖြစ်ပါသည်။

မြတ်ဗုဒ္ဓလက်ထက်တော်ကာလက ကုရုတိုင်း၊ ထုလ္လကောဋ္ဌိကမြို့သို့ မြတ်စွာဘုရားရောက်သွားသောအခါ မြတ်ဗုဒ္ဓ၏ဓမ္မကို နာကြားရသဖြင့် ဘီလျံနာသူဌေး ရဋ္ဌပါလရဟန်းပြုခဲ့သည်။ ဘီလျံပေါင်းများစွာသော ပစ္စည်းဥစ္စာတို့ကိုစွန့်ကာ ရဟန်းပြုခဲ့သော အရှင်ရဌပါလကို ကောရဗျမင်းကြီးက အောက်ပါအတိုင်း မေးလျှောက်ပါသည်။

(အရှင်ဘုရားသည် ထိုမျှကြီးကျယ်သော ပစ္စည်းဥစာတွေကိုစွန့်ပြီး မည်သည့်ချမ်းသာသုခကိုမြင်ကာ ရဟန်းပြုခဲ့ပါသနည်း)

အရှင်ရဌပါလာက ပြန်လှန်ကာ မေးခွန်းထုတ်ပါသည်။

(ဒကာတော်မင်းကြီး ရသေ့ရဟန်းတို့အပေါ်မှာ သင်သည် အဘယ်ကဲ့သို့မြင်ပါသနည်း)

မင်းကြီးကဆိုပါသည်။

(လူတွေဟာ စီးပွားပျက်သောကြောင့်လည်းကောင်း။ ဆွေမျိုးပျက်သောကြောင့်လည်းကောင်း။ အိုမင်းရင့်ရော်သောကြောင်လည်းကောင်း။ ကျန်းမာရေးပျက်သောကြောင့်လည်းကောင်း။ စားဝတ်နေရေး အခက်တွေတဲ့လူတွေဟာ ဘာသာရေးခေါင်းဆောင် ၀င်လုပ်ပြီး စားစရာ။ ၀တ်စရာ။ နေစရာ တွေကိုရှာကြတာပဲ)

တိုင်းပြည်နှင့် လူသားတွေအတွက် ဘာအကျိုးကျေးဇူးမှမပြုသည့်အဓိပ္ပါယ်ကို မင်းကြီးကဆိုလာသည်။ ဘာသာရေးခေါင်းဆောင်တွေဟာ လူပိုတွေ အချောင်သမားတွေလို့မြင်တဲ့ အမြင်ရှိသူအချို့ ဗုဒ္ဓရှင်တော် လက်ထက်တော် အခါကပင်လျှင် ရှိဖူးပါသည်။ ပညာမဲ့သော လူသားတို့ ထိုသို့မြင်သည်မှာ အလွန်အရေးမကြီးလှသော်လည်း ကောရဗျမင်းကဲ့သို့ မင်းစိုးရာဇာတို့က ထိုအမြင်မျိုးရှိသည်မှာ ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များ သတိပြုစရာပင်ဖြစ်ပါသည်။

အရှင်ရဌပါလာ၏အဖြေမှာ-----

၁။ ဒကာတော်မင်းကြီး သတ္တ၀ါလောကကြီးတစ်ခုလုံး တလှုပ်လှုပ်ဖြစ်နေသည်။

သတ္တ၀ါလောကကြီးတစ်ခုလုံးမှာ တည်ငြိမ်မှုမရှိဘူး။ ငါသည် ဗုဒ္ဓသာသနာတော်တွင် ဘ၀၏တည်ငြိမ်မှုကို တည်ဆောက်ဖို့ ၀င်ရောက်လာခြင်းဖြစ်ည်ဟုဖြေပါသည်။

အရှင်ဘုရား၏ဘ၀တည်ငြိမ်မှုကိုဘာနှင့်တည်ဆောက်သလဲဟု မင်းကြီးကမေးလျှင်-

အရှင်ရဌပါလက ငါ့ဘ၀ရဲ့တည်ငြိမ်မှုကို ဓမ္မဖြင့်တည်ဆောက်နိုင်ခဲ့သည်ဟုဖြေကြားလိုက်သည်။

၂။ ဒကာတော်မင်းကြီး သတ္တ၀ါလောကကြီးတစ်ခုလုံးမှာ မီးဟုန်းဟုန်းတော်လောင်နေပါသည်။ ငါသည် မြတ်ဗုဒ္ဓ၏ သာသနာတော်တွင် တဟုန်းဟုန်းတောက်လောင်နေသောမီးကို ငြိမ်းအေးစေဖို့ဝင်ရောက်လာခြင်းဖြစ်သည်။ ဘ၀မီးတောက်မီးလျှံများကို ဓမ္မဖြင့် ထိန်းချုပ်နိုင်ခဲ့သည်ဟု ဖြေတော်မူခဲ့ပါသည်။

၃။ ဒကာတော်မင်းကြီး သတ္တ၀ါလောကကြီးတစ်ခုလုံး အို နာ သေ သုံးမျိုးတို့နှိပ်စက်သောအခါ ဘယ်တန်ခိုးရှင်မှ ထိမ်းချုပ်လို့မရဘူး။ ထို့ကြောင့် ထိုဒုက္ခသုံးမျိုးတို့ကို ထိန်းချုပ်ဖို့ ငါသည် သာသနာတော်သို့ ၀င်ရောက်လာခဲ့သည်။ ထိုဒုက္ခ သုံးမျိုးတို့ကို ငါသည်ဓမ္မဖြင့် ထိန်းချုပ်နိုင်ခဲ့သည်ဟုဖြေတော်မူခဲ့ပါသည်။

၎။ ဒကာတော်မင်းကြီး သတ္တ၀ါလောကကြီးတစ်ခုလုံးမှာ ပစ္စစည်းဥစ္စာ ရာထူးအာဏာတွေဆိုတာ တကယ်စင်စစ် ကိုယ်ပိုင်ဥစာအဖြစ် ဘာကိုမှ မပိုင်ဆိုင်ကြဘူး။ ငါ့ဥစာဟုပြောနေကြသောလည်း နှစ်ပေါင်းတစ်ရာထက်ပိုကာ ပြောဆိုပိုင်ဆိုင်ခွင့်မရှိကြဘူး။ နှစ်တစ်ရာမပြည့်မီမှာ ထိုပိုင်ဆိုင်မှုအားလုံးတို့ကို စွန့်လွှတ်ကြရစမြဲဖြစ်သည်။ သို့ဖြစ်ခြင်းကြောင့် ဗုဒ္ဓသာသနာတော်တွင် ငါသည် ကိုယ်ပိုင်ဥစာရှာဖို့ ၀င်ရောက်လာခဲ့ခြင်းဖြစ်သည်။ ငါကျင့်ထားသောဓမ္မအာလုံးတို့ကို ငါပိုင်ခဲ့လေပြီဟု ဖြေတော်မူခဲ့ပါသည်။

၅။ ဒကာတော်မင်းကြီး သတ္တ၀ါလောကကြီးတစ်ခုလုံးသည် မည်သည့် ပစ္စည်း မည်သည့်ရာထူးအာဏာတို့ မည်မျှပင်ရထားကြစေကာမူ အလိုမပြည့်နိုင်အောင်ဖြစ်နေကြသည်။ အလိုရှိနေသမျှ မည်သို့ပင်ဖြည့်ကြသောလည်း အလိုကားမပြည့်ကြပေ။ အလိုမပြည့်မီမှာပင် လူသားအားလုံးတို့ သေကြရမည်ဖြစ်သည်။ ထို့ကြောင့် ငါသည် မြတ်ဗုဒ္ဓသာသနာတွင် ငါ၏အလိုဆန္ဒတို့ကို ပစ္စည်းဥစ္စာ ရာထူးအာဏာတို့ဖြင့် မဖြည့်ဘဲ ဓမ္မဖြင့် ဖြည့်ခဲ့လေပြီ။ လိုသည်ဆိုသည့် လောဘ၏နေရာ ဓမ္မဖြင့် အစားထိုးနိုင်ခဲ့သဖြင့် ကျွန်ုပ်အလိုပြည့်ခဲ့လေပြီဟု ဖြေတော်မူခဲ့ပါသည်။

၆။ ဒကာတော်မင်းကြီး လူသားတို့သည် (လိုသည် လိုသည်) ဆိုသည့် လိုအပ်ချက်ကိုရှာဖွေဖြည့်စွက်ကြရာတွင် လိုအပ်ချက်တို့ကို အဆုံးမသတ်နိုင်ခဲ့ကြသည့်အတွက်ကြောင့် တဏှာလောဘ၏ ကျေးကျွန်များအဖြစ်သာဖြစ်ခဲ့ကြရလေသည်။ ငါသည် တဏှာ၏ကျေးကျွန်အဖြစ်ကလွတ်ဖို့ရန်အတွက်သာ ရဟန်းဝတ်ခဲ့သည်ဟု ဖြေတော်မူခဲ့ပါသည်။

ထိုသို့လျှင် အရှင်ရဋ္ဌပါလ၏ မွန်မြတ်သောမှန်ကန်သော ရဟန်းပြုခြင်း၏ရည်ရွယ်ချက်တို့ကို မင်းကြီးကြားသောအခါ အလွန်ပင်ကျေနပ်နှစ်သက်ခဲ့လေသည်။ ကျေနပ်နှစ်သက်ခြင်းကြောင့် သူစွပ်စွဲခဲ့မိသောအပြစ်တို့ကို တောင်းပန်ဝန်ချကန်တော့ခဲ့သည်။ ထိုနေ့မှစကာ ရတနာသုံးပါးကိုကိုးကွယ်ပါ၏ဟု လျှောက်ထားခဲ့လေသည်။

သို့ဖြစ်ခြင်းကြောင့် ယနေ့နိုင်ငံအသီးသီး လူမျိုးအသီးသီး စီးပွားရေးအကြပ်အတည်းတို့နှင့်ရင်ဆိုင်ကြုံတွေ့နေကြရသောကာလတွင် နိုင်ငံအသီးသီးရှိ လူသားတော်တော်များများ အလုပ်လက်မဲ့ဖြစ်ကာ စားဝတ်နေရေး အခက်အခဲတွေ့နေကြသည်ကို ကျွန်ုပ်တို့ဘာသာရေးခေါင်းဆောင်များအားလုံး မြင်တွေ့နေကြရပြီးဖြစ်ပါသည်။ စီးပွားရေး အကြပ်အတည်း နိုင်ငံရေးအကြပ်အတည်း ဘာသာရေးအကြပ်အတည်း ထိုသုံးခုတို့သည် တခြားစီ မနေကြဘဲ အပြန်အလှန်မှီတွယ် ကာနေတတ်ကြပေသည်။ နိုင်ငံရေးစီးပွားရေး အကြပ်အတည်းကြောင့် လူအများစု အလုပ်လက်မဲ့ဖြစ်နေကြရသည်ကိုကြည့်ကာ ကျွန်ုပ်တို့ခေါင်းဆောင်များ ဘာသာရေး အလုပ်လက်မဲ့မဖြစ်ရလေအောင် အထူးသတိပြုကြရမည်ဖြစ်ပေသည်။

ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ မိမိတို့လုပ်ဆောင်ကြရမည့် လူမှုရေး အကျိုးပြုလုပ်ငန်းများ၊ ပိဋကတ်သင်ကြားပို့ချရေးလုပ်ငန်းများ၊ ကမ္မဋ္ဌာန်းကျင့်ကြံအားထုတ်ရေးလုပ်ငန်းများကို ယနေ့ခေတ်တွင် နှစ်ဆတိုးကြိုးစားကာ လုပ်ဆောင်ကြရမည်ဖြစ်သည်။ အရှင်ရဌပါကကို ကောရဗျမင်းကြီးစွပ်စွဲသလို အစွပ်စွဲမခံကြရလေအောင် ကြိုးစားကြရမည်ဖြစ်ပေသည်။ ကောရဗျမင်းကြီးကဲ့သို့ ဘာသာရေးခေါင်းဆောင်တို့အပေါ် အထင်အမြင်သေးကြသည့် လူတို့၏ စိတ်နှလုံးကို ကျေနပ်နှစ်သိမ့်မှုရအောင် အရှင်ရဌပါလကဲ့သို့ အားထုတ်ကြရမည်ဖြစ်သည်။ ထို့ပြင် လှုပ်ရှားနေသောကမ္ဘာကို တည်ငြိမ်မှုရှိအောင် ကြိုးစားဖို့မှာ ကျွန်ုပ်တို့၏ တာဝန်ဖြစ်ပေသည်။ ကမ္ဘာကို တုန်လှုပ်စေသော လူတွေထဲမှာ ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များ မပါဝင်ဖို့ အရေးကြီးပါသည်။ လူ့လောကကြီး၏ လိုအပ်ချက်တို့ကို ကျွန်ုပ်တို့ဝိုင်းဝန်းဖြည့်စွက်ပေးနိုင်ကြဖို့ အားထုတ်ကြရမည်ဖြစ်ပါသည်။ လိုအပ်ချက်ဆိုသည်မှာ စိတ်ဓါတ်ရေးရာ လိုအပ်ချက်ကိုဆိုလိုပါသည်။ သို့မှသာ ကမ္ဘာ့လူသားအများစုကဘာသာရေးခေါင်းဆောင်တို့သည် ကမ္ဘာ့လူသားအားလုံးတို့အတွက် ကျေးဇူးပြုတတ်သောအထူးအားကိုးထိုက်သော ပုဂ္ဂိုလ်များဖြစ်သည်ဟု သိမြင်လာကြမည်ဖြစ်ပါသည်။ ထိုသည်ကား ကျွန်ုပ်၏ တောင်းဆိုမှုပင်ဖြစ်ပါသတည်း။

ပူလောင်နေသောကမ္ဘာမှာ ကျွန်ုပ်တို့သည် ကိလေသာမီး သောကမီး စစ်မီးတို့ကို ငြိမ်းသတ်နိုင်သော ပုဂ္ဂိုလ်များအဖြစ် ကမ္ဘာ့ရေးရာမှာပါဝင်ကြရမည်ဖြစ်ပါသည်။ ကမ္ဘာလောကကို မီးဝိုင်းရှို့သော လူတွေထဲမှာ ကျွန်ုပ်တို့မပါဝင်နိုင်ပေ။ ကျွန်ုပ်တို့ဘာသာရေးခေါင်းဆောင်များသည် လူသားတို့ခံမှ ဘာကိုမျှ မတောင်းဆိုကြပါ။ သို့သော် “Jealousy ကို Joy သို့ပြောင်းကြပါ။ Evil ကို Good သို့ပြောင်းကြပါ။ Ignorance ကို Enlightenment သို့ပြောင်းကြပါ။ အ၀ိဇ္ဇာမှ ၀ိဇ္ဇာသို့ ပြောင်းကြပါ” ဟူသော Change ကိုတကယ်ပဲ တောင်းဆိုလိုပါသည်။


သီတဂူ စန်းလပမာချမ်းမြသာယာရှိကြပါစေ။

သီတဂူဆရာတော်
စစ်ကိုင်း


Posted by အရှင်နာယကာလင်္ကာရ

http://www.manatphyan.com/ မှကူးယူဖော်ပြပါသည်။

သရဏဂုံ ဆောက်တည်ခြင်းအကျိုး

ပဒုမုတ္တရမြတ်စွာဘုရားရှင် ပွင့်တော်မူစဉ် ကာလက ဖြစ်သည်။ ရှေးလွန်ခဲ့သော ကမ္ဘာတသိန်းထက်၌ ဆန္ဒ၀တီပြည်တွင် မိအိုဖအိုတို့ကို လုပ်ကျွေးနေသော အမျိုးကောင်းသားတဦးရှိသည်။ ထိုအမျိုးကောင်းသားသည် တနေ့သောအခါ ပဒုမုတ္တရ မြတ်စွာဘုရား၏ လက်ယာတော်ရံ အဂ္ဂသာဝ အရှင်နိသဘမထေရ်မြတ်ထံသို့ ရိုသေစွာသွားရောက်ကာ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ-
ဟု ရွတ်ဆို၍ သရဏဂုံ ဆောက်တည်၏။

ထိုအမျိုးကောင်းသားသည် အနှစ်တသိန်းကာလပတ်လုံး သရဏဂုံကို ထိန်းသိမ်းဆောက်တည်ခဲ့၏။ ထိုဆောက်တည်ခဲ့သော အကျိုးကြောင့် သေလွန်သောအခါ နတ်ပြည်သို့ရောက်၍ ၈-ပါးသောအကျိုးတို့ကို ခံစားရ၏။
ထိုအကျိုး ၈-ပါးတို့မှာ-

ထိုအကျိုး ၈-ပါးတို့မှာ-
၁။ နေရာမရွေး ပူဇော်ခံရခြင်း။
၂။ ဉာဏ်ပညာ လွန်စွာ ထက်မြက်ခြင်း။
၃။ များစွာသော စည်းစိမ်ချမ်းသာ ရှိခြင်း။
၎။ အားလုံး၏ ကြည်ညိုချစ်ခင်မှုကို ခံရခြင်း။
၅။ အသားအရောင် ရွှေရောင်အဆင်း တောက်ပခြင်း။
၆။ အရာရာ မိမိအလိုကျ ဖြစ်ခြင်း။
၇။ မိတ်ပျက်ခြင်းမရှိ၊ ပေါများသောမိတ်ဆွေ ရှိခြင်း။
၈။ ဂုဏ်သတင်း မွှေးပျံ့ကျော်စောခြင်း ဖြစ်၏။

ထို့နောက် ထိုဘ၀မှစုတေပြီး သိကြားမင်းအဖြစ် အကြိမ် ၈၀၊ စကြာမင်းအဖြစ် ၇၅-ကြိမ်၊ ပဒေသရာဇ်မင်းအဖြစ်ကား မရေတွက်နိုင်အောင် ဖြစ်ခဲ့သည်။

နောက်ဆုံး ဂေါတမမြတ်စွာဘုရား လက်ထက်တွင် သာဝတ္ထိပြည်၌ ချမ်းသာကြွယ်ဝသော သူဌေးအိမ်၌ လူ့အဖြစ်ရရှိခဲ့သည်။
ထို့နောက် ၇-နှစ်သားအရွယ်၌ ရဟန္တာတပါးထံ သရဏဂုံယူစဉ် ကမ္ဘာတသိန်းထက်က ဆောက်တည်ခဲ့သော သရဏဂုံကို
သတိရပြီး ပီတိဖြစ်ကာ ၀ိပဿနာဉာဏ်စဉ် ရ၍ ရဟန္တာအဖြစ်သို့ ရောက်ရှိလေသည်။

ဘုရားရှင်သည် ထိုသူငယ်ကို ခေါ်၍ ရဟန်းပြုပေးတော်မူ၏။ သရဏဂုံ ဆောက်တည်ခြင်းအကျိုးကြောင့် ရဟန္တာဖြစ်ခြင်းကို အကြောင်းပြု၍ ထိုရဟန္တာအရှင်ကို တိသရဏ ဂမနိယထေရ်ဟု ဘွဲ့မည်ပေး၏။
အပဒါနပါဠိ။ ပ-၃-သုဘူတိဝဂ်။

( မြတ်သစ်ဌေး-မြတ်စေတနာ )
( မြတ်မင်္ဂလာ ၂၀၀၁-ခု သြဂုတ်လ )

သီလကျင့်စဉ်၊သမာဓိကျင့်စဉ်၊ပညာကျင့်စဉ်တွေကိုဖြူဖြူစင်စင်ဖြည့်ကျင့်ကာစိတ်တွေဖြူစင်အောင်ထားတဲ့သူတွေဖြစ်ပြီး
သံသရာဝဋ်ဆင်းရဲမှလွတ်မြောက်ကြပါစေ
ရင်းနှီးလေးစားစွာနှင့်
ရောင်နီ၀၇

တက္ကသိုလ်သောတုဇနဘိက္ခု (ရန်ကုန်)၏ ပြည်သူ့ငြိမ်းချမ်းရေးတိုက်ပွဲ ဆောင်းပါး

ပြည်သူ့ငြိမ်းချမ်းရေးတိုက်ပွဲ

အဓမ္မတရားများဖယ်ရှားပြီး ဓမ္မအစားထိုးရေးလမ်းစဉ် စတင်လှုပ်ရှားပြီ

အဓမ္မတရားများဖယ်ရှားပြီး ဓမ္မအစားထိုးရေးလမ်းစဉ်

Monday, September 28, 2009

Monk Renews Call for Apology or Boycott

By ALEX ELLGEE Monday, September 28, 2009

MAE SOT — “I walked out and saw the Burmese military putting up barriers outside of Shwedagon Pagoda. It did not scare us though, it just made us more determined,” said King Zero, a monk who recently wrote a statement again demanding an apology from the military.

A similar statement two years ago led to the “Saffron Revolution” of September 2007.
Two years ago this month, King Zero, a Burmese monk, was walking back from an Internet café after e-mailing photographs of the previous day’s protests to various media organizations around the world. The monks had been marching in Rangoon for five days and despite receiving information that the soldiers would shoot, they continued.

King Zero, speaking in his library in Mae Sot, Thailand, told The Irrawaddy Burmese monks will never surrender in the fight for democracy.

“The monks will never give up. We will continue to risk our lives so the people of Burma can have freedom from suffering,” he said.

King Zero works with U Gambira, who is now serving a 63-year sentence for his leadership in the uprising, which led to hundreds of thousands of people taking to the streets of Rangoon and other cities in September 2007.

King Zero quietly toured the county handing out pamphlets to monasteries and encouraging monks to participate in peaceful marches. Changing monasteries every day, he worked to create an underground monk network to relay news and information around Burma.

Then on Sept. 7, King Zero wrote the statement that called on the military junta to apologize for its treatment of monks in Pakokku, where dozens were beaten by government soldiers.

Now two years later, King Zero has written another statement calling again on the military to make a public apology by October or risk another boycott of alms from members of the military. If the monks’ new demands are not met, then once again monks will turn over their bowls and refuse donations from members of the military and their families, he said.

Since the statement was announced, the government has launched a widespread crackdown on activists and monks in Burma. In recent weeks, eight monks have been arrested and surveillance has been beefed up with monks being followed and searched around the country.

Despite the current situation, King Zero remains hopeful and determined that the boycott will materialize into an uprising that can overturn the generals.

“In September 2007 they were arresting student leaders like Min Ko Naing, but we carried on. Now they are arresting our fellow monks, but again, we will carry on and never give up,” he said.

The night King Zero returned from witnessing the barricades being put up, the government launched a full scale crack down on the demonstrations. At 1 am, many monks arrested and hauled off to interrogation centers.

Ignoring the threats, thousands took to the streets the next day in defiance of the orders to stop the marches. It took the government five days to start shooting and beating protestors because the battalion stationed in Rangoon refused to attack the monks.

The junta replaced the battalion with the notorious 66th Battalion.

Defectors have reported that the generals indoctrinated the soldiers with the idea that the monks who were demonstrating were bogus and that had been given alcohol before they went into the streets. As a result, the 66th Battalion reaped havoc in the following days, killing and beating demonstrators across Rangoon and creating scenes of violence which filled newspapers and TVs screens around the world.

What had started out as a time of unity and hope, ended up showing the brutality of a dictatorship that would kill monks to hold on to power. By the end of the crackdown, the monastic order was in tatters, with thousands of people imprisoned, and many dead and many and injured.

Despite the carnage, King Zero said that good has come out of the demonstrations because the people of Burma are now more aware and interested in politics, since they saw how the government treated the monks, who enjoy widespread respect.

“Now they know that the generals are not real Buddhists. No real Buddhist can given an order to shoot or beat a monk,” he said. “The generals know in their minds they are not Buddhist, but they pretend they are.
They cannot worship Buddha because they worship power and as long as they do that, they believe they can do what they want.”

The Burmese government has repeatedly criticized monks for straying away from Buddhist teachings and fostering unrest.

For King Zero, there is no doubt in his mind that monks should be involved in the struggle to bring democracy to Burma.

“In my country 90 percent of the people are Buddhist and even though they are poor, they offer a lot to the monks, and we have a responsibility to protect the people. The people’s lives are getting poorer and poorer every day. They don’t have money to eat proper food or to get proper medical treatment. We have a responsibility to protect and help the people. If we cannot change the system, then the situation will just get worse so we decided to risk our lives for the people.”

He said the All Burma Monks Alliance feels a real urgency to deliver change to the people before the 2010 elections, which they believe will only make things worse. They fear that by accepting the elections, the people of Burma will endure increased repression by the government.

King Zero deplores the election and rejects the notion that “something is better than nothing,” arguing that the opposition will be able to do less after the elections because the government will be seen as legitimate and could therefore exercise even more control on domestic and exiled opposition groups.

He said the next few months are crucial for the democracy movement. Like September 2007 took the world by surprise, maybe something will spark an uprising again, like inflation from the new 5,000 kyat note.

No one is sure whether the October boycott will turn into a full scale uprising, but one thing is certain. The Saffron Revolution lives on in King Zero and others who will continue to oppose the rule of the junta until Burma has achieved democracy.

“The Saffron Revolution is far from over,” he said.

http://www.irrawaddy.org/article.php?art_id=16870

ဦးနှောက်ကိုထိခိုက်စေသော အချက်(၁၀)ချက်

၁) စကားနည်းခြင်း
အသိဥာဏ် အတွေးအခေါ်ပိုင်းပါတဲ့ စကားစမြည်မျိုး ပြောပေးခြင်းကြောင့် ဦးနှောက်ရဲ့ စွမ်းရည်ကို တိုးတက်စေပါတယ်။

၂) စိတ်ဝင်စားတက်ကြွစွာ စဉ်းစားတွေးခေါ်မှုမရှိခြင်း
စဉ်းစားတွေးခေါ်ခြင်းဟာ ဦးနှောက်ကို လေ့ကျင့်ပေးဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဦးနှောက်ကို တက်ကြွစေတဲ့ စဉ်းစားတွေးခေါ်မှုတွေ လုပ်မပေးရင် ဦးနှောက်ကို ကျုံ့စေပါတယ်။

၃) ကျန်းမာရေးမကောင်းချိန်မှာ ဦးနှောက်ကို အသုံးပြုခြင်း
ကျန်းမာရေးမကောင်းချိန်မှာ (ဦးနှောက်သုံးရတဲ့) အလုပ်ပြင်းထန်စွာလုပ်တာမျိုး၊ စာကျက် စာဖတ်တာမျိုးတွေဟာ ဦးနှောက်ရဲ့ စွမ်းဆောင်နိုင်မှုတွေကို လျော့ကျစေသလို ဦးနှောက်ကိုလည်း ပျက်စီးစေပါတယ်။

၎) အိပ်ချိန်မှာ ခေါင်းကို ဖုံးအုပ်ထားခြင်း
ခေါင်းကိုဖုံးအုပ်ပြီး (ခေါင်းမြီးခြုံပြီး) အိပ်ခြင်းအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ စုစည်းမှုကို တိုးလာစေပြီး အောက်ဆီဂျင်စုစည်းမှုကိုတော့ လျော့ကျစေတာကြောင့် ဦးနှောက်ကို ပျက်စီးစေတဲ့ အကျိုးဆက်ကို ရစေပါတယ်။

၅) အိပ်ချိန်မလုံလောက်ခြင်း
အိပ်စက်ခြင်းဟာ ဦးနှောက်ကို အနားရစေပါတယ်။ အိပ်ချိန်မလုံလောက်တာမျိုး ရေရှည်ဖြစ်လာတဲ့အခါမှာ ဦးနှောက်ရဲ့ဆဲလ်တွေ သေဆုံးတဲ့နှုန်း မြင့်မားလာစေပါတယ်။

၆) လေထုညစ်ညမ်းခြင်း
ဦးနှောက်ဟာ ကိုယ်ခန္ဓာမှာ အောက်ဆီဂျင်ကို အများဆုံးအသုံးပြုတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ညစ်ညမ်းတဲ့လေကို ရှုသွင်းခြင်းအားဖြင့် ဦးနှောက်ကို အောက်ဆီဂျင်ထောက်ပံ့မှု လျော့နည်းစေပြီး ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။

၇) အချိုများလွန်ကဲစွာစားခြင်း
အချိုဓာတ်တွေ လွန်ကဲနေခဲ့ရင် ပရိုတိန်းဓာတ်နဲ့ အာဟာရတွေ စုပ်ယူမှုကို အဟန့်အတားဖြစ်စေပြီး အာဟာရချို့တဲ့စေတဲ့အပြင် ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ အနှောင့်အယှက် ဖြစ်စေပါတယ်။

၈) ဆေးလိပ်သောက်ခြင်း
ဒါကတော့ ကျွန်တော် ကိုယ်တိုင်လည်းသောက်တာပါ ပဲ (း ဆေးလိပ်သောက်ခြင်းကြောင့် ဦးနှောက်ကို ကျုံ့စေသလို အယ်လ်ဇိုင်းမားရောဂါ (လူရဲ့ မှတ်ဥာဏ်နဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းတွေကို ကျဆင်းစေတဲ့ရောဂါ) ပါ ဖြစ်လာနိုင်ပါတယ်။

၉) လွန်ကဲစွာစားသောက်ခြင်း
လိုအပ်တာထက် ပိုစားသောက်ခြင်းအားဖြင့် ဦးနှောက်ရဲ့ သွေးလွှတ်ကြောတွေကို တင်းမာစေပြီး စိတ်စွမ်းရည်ကိုပါ ကျဆင်းစေပါတယ်။

၁၀) မနက်စာမစားခြင်း
မနက်စာမစားသူတွေရဲ့ သွေးထဲမှာ သကြားဓာတ် ပိုနည်းတတ်ပါတယ်။ အဲဒါရဲ့ အကျိုးဆက်အနေနဲ့ ဦးနှောက်အတွက် လုံလောက်တဲ့အာဟာရ မရတော့ဘဲ ဦးနှောက်ရဲ့ စွမ်းရည်ကို ကျဆင်းစေပါတယ်။

စာရွက်ပေါ်မှသည် လက်တွေ့ တိုက်ပွဲဆီသို့ 

မင်းသွေးသစ်(၂၀၀၇)
(၂၀၀ရ)မျိုးဆက်ကျောင်းသားသမဂ္ဂကျောင်းသားတဦး
28.9.09 (2:59)AM

ဤစာစုလေးကိုမဖတ်ခင် ပထမဆုံးကြိုတင်အသိပေးထားချင်တာကတော့ ဤစာစုဟာ မည်သူ တဦးတယောက် တဖွဲ့ကိုမှ ရည်ရွယ်ရေးထားခြင်းမဟုတ်ပဲမြန်မာနိုင်ငံစစ်အာဏာရှင်စနစ်မှ လွတ်မြောက်ရေးအတွက် အုတ်တချပ် သဲတပွင့်ဖြစ်လျှင်ပင် ရေးရကျိုးနပ်ပြီဟူသော စေတနာသန့်သန့်ဖြင့်သာ ရေးသားခြင်းဖြစ်ကြောင်းကြိုတင် အသိပေးလိုပါသည်။

ယနေ့မြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းကို ကြည့်လျှင် ပြည်တွင်းရှိ နိုင်ငံရေးအင်အားစုများအကြား စစ်အစိုးရ၏(၂၀၁၀) ရွေးကောက်ပွဲကို ၀င်ရေး မ၀င်ရေး ကွဲပြားနေသကဲ့သို့ အယူအဆရေးရာတွင်လည်း ပူးသတ်မည့်အယူအဆ နှင့် မပူးပေါင်းပဲ လုံးဝ ဆန့်ကျင်ရေး အယူအဆဟူ၍ကွဲပြားနေကြသည်။ ၄င်းအကွဲအပြဲအတွင်းတွင် အပစ်အခတ်ရပ်ထားသော ငြိမ်းအဖွဲ့များနှင့် ပြည်သူလူထုမှာေ၀၀ါးသောလမ်းကြောင်းပေါ်သို့ရောက်မှန်းမသိရောက်ကုန်ကြပြီဖြစ်သည်။


ထိုအနေအထားတွင်ပင်(၁၉၉၀)ရွေးကောက်ပွဲကိုအနိုင်ရရှိခဲ့သောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်တိုင်ကလည်းရှေ့လာမည့် တနှစ်အတွင်း ပြည်သူကိုဦးဆောင်၍ လျှောက်လှမ်းရမည့်နိုင်ငံရေးခရီးကြမ်းကြီးအတွက် အဖက်ဖက်မှထိုးနှက်ခံထားရသော ဒဏ်ရာဒဏ်ချက်များစွာကြောင့် များစွာရင်လေးဖွယ်ရာအနေအထားပင်ဖြစ်သည်။ ထိုအခြေအနေတွင် ပြည်ပနိုင်ငံရေး အင်အားအများစုများမှာ ညီညွှတ်နေရမည့်အစား အချင်းချင်းလက်ညှိုးထိုး၍ ငယ်ကျိုးငယ်နာဖော်နေကြသည့်သံသရာမှ ရုန်း မထွက်နိုင်သေးပဲ နစ်ပြီးရင်းနစ်နေကြသည်ကိုစိတ်မကောင်းစွာတွေ့ရှိနေရပေသည်။ တိုင်းပြည်ချောက်ကမ်းပါးကျတော့မည့် အနေအထားတွင်ကယ်တင်နိုင်မည့်ခေါင်းဆောင်ပေါ်ထွက်လာနိုင်မည့်အရေးမှာလဲ လူ့ပြည်မှ အပ်တစင်းနှင့် ဗြဟ္မာပြည်မှ အပ် တစင်း တွေ့ဆုံရေးခက်ခဲသလိုခက်ခဲနေပေသည်။

အဘယ့်ကြောင့် ယခုလိုအခြေအနေထိ ဖြစ်ခဲ့သနည်း။ အမေးရှိကအဖြေရှိရပေမည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း နိုင်ငံ ရေးအင်အားစုများဖြိုခွဲမခံရသေးမှီအချိန်က ပြည်သူတို့ကိုယ်တိုင်မသိလိုက်မသိဘာသာနေလိုက်ခြင်းက ပထမဆုံးအမှား ဖြစ် လျှင် တဗိုလ်ကျတဗိုလ်တက်စနစ်ကို အကောင်အထည်ဖော်မှုနည်းပါးစွာပင် အရာရာတိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို လွန်စွာအားကိုးနေကြခြင်းသည်ဒုတိယအမှားဟုဆိုလျှင်လွန်အံ့မထင်ပါ။ တတိယနှင့်အကြီးကျယ်ဆုံးသောအမှားမှာ အဖွဲ့အ စည်းအသီးသီးရှိနိုင်ငံရေးအင်အားစုများကို ဦးဆောင်နေကြသောဝါရင့်နိုင်ငံရေးသမားကြီးများသည် မျိုးဆက်သစ် ခေါင်းဆောင် များ မွေးမထုတ်ပေးနိုင်ခြင်းနှင့် မိမိတို့အတွေ့အကြုံများကို လူငယ်များအားမျှဝေပေးရန်ပျက်ကွက်ခဲ့ခြင်းပင်ဖြစ်သည်။ ဤ အယူ အဆကိုစောဒတက်လိုကတက်နိုင်သော်လည်း လူတိုင်းလူတိုင်းအမှားမကင်းခဲ့၍သာ ယခုလိုအနေအထားထိ ရောက်ရှိခဲ့သည် မှာငြင်း၍မရသောအမှန်တရားဖြစ်သည်။

အထူးသဖြင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေပါသည်ဆိုသော ဒီမိုကရေစီအင်အားစုများသည်မိမိတို့အမှားအတွက် အမိ မြန်မာပြည်ကိုအခြားသူများထက် ပိုမိုပေးဆပ်သင့်လှသည်။ လူထုခေါင်းဆောင်အကျယ်ချုပ်ကျနေခြင်းကို ဆယ်စုနှစ်တခု ကျော်ကြာ အထူးအလေးအနက်မထားခဲ့ပါပဲ ထောင်ချခံရမည့်ဆဲဆဲတွင်မှ အိပ်နေရာမှလှုပ်နှိုးခံလိုက်ရသလို သတိဝင်လာခြင်း မှာ တိုင်းပြည်အတွက်များစွာနစ်နာလှပေသည်။

ကြေငြာချက်ထုတ်ရုံ၊မြန်မာသံရုံးရှေ့ဆန္ဒပြရုံ၊ ကန်ပိန်းလုပ်ရုံဖြင့်သာ န.အ.ဖကိုဖြုတ်ချနိုင်မည်ဆိုပါက ရှေးမဆွကတည်းကပင် ပြည်သူများတက်ကြွစွာပါဝင်လာပေမည်။ ထိရောက်မှုနှင့်တန်ပြန်ထိရောက်မှုမညီမျှ၍သာ ပြည်သူပါဝင်လာမှုမရှိသည်ကို သတိမပြုမိခဲ့ကြခြင်းပေလော..။သတိမပြုမိချင်ယောင်ဆောင်ခဲ့ကြခြင်းပေလော။န.အ.ဖပြုတ်ကျလျှင်ထောက်ပံ့ကြေးမရတော့ မည့်အရေး တွေးပူ၍ ကျောက်ဆောင်ကို လေနှင့်သာ မှုတ်ခဲ့ကြခြင်းပေလော..။ မည်သို့ပင်ဆိုစေ သွေးစည်းကြရတော့မည့် အခြေအနေတွင် တိုင်းပြည်ချောက်ကမ်းပါးရောက်အောင်တွန်းပို့ပေးနေသော မည်သည့်အလုပ်ကိုမဆို မိမိတို့ရပ်တန့်ရတော့ မည်ဖြစ်သည်။ ညီညွှတ်ရေးအတွက် လိုအပ်ချက်များကိုမဖြစ်မနေ အကောင်အထည်ဖော်ရတော့မည်ဖြစ်သည်။ ဖက်ဆစ်စနစ် တိုက်ဖျက်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ နိုင်ငံ့ခေါင်းဆောင်ကြီးများက ဖ.ဆ.ပ.လအဖွဲ့ချုပ်ကြီးကို အဖွဲ့အစည်း ပေါင်းစုံဖြင့်ညီညွှတ်စွာဖွဲ့စည်းခဲ့ကြသလို ယနေ့အချိန်အခါတွင်လည်း စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအတွက် တခုတည်း သော အဖွဲ့အစည်းကြီးတခု တည်ထောင်ရန်မှာ တိုင်းပြည်လိုအပ်ချက်ကို သိနားလည်သောခေါင်းဆောင်ကောင်းတို့၏ တာဝန်ပင်ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများသည်လည်း ကိုးကန့်ငြိမ်းချမ်းရေးအဖွဲ့ကို သင်ခန်းစာယူ၍မိမိတို့အလှည့် ကျလာ မည့်အချိန်ကိုစောင့်မနေသင့်တော့ပဲ အချိန်မီ တခုတည်းသောလက်နက်ကိုင်မဟာမိတ်တပ်ပေါင်းစုကြီးကို ဖွဲ့စည်းရမည့် အချိန် ရောက်ရှိနေပြီဖြစ်သည်။ အဖွဲ့အစည်းအသီးသီး၏ လူမျိုးစွဲ၊၀ါဒစွဲများနှင့်ပုဂ္ဂိုလ်ရေးမာနများကို ခ၀ါချ၍အချင်းချင်း ယုံကြည်ချက် တည်ဆောက်ရေးသည်အလိုအပ်ဆုံးနှင့်အဖြစ်သင့်ဆုံးသောအလုပ်သာဖြစ်သည်။ အစွယ်ထုတ်ပြပြီးတာတောင် ကျားဟု မမြင် သေးပါက မိမိတို့လောက်ညံ့သောသူကမ္ဘာပေါ်တွင်ရှိနိုင်တော့မည်မထင်ပေ။

န.အ.ဖသည် ပညာရှိနည်းနှင့်ဆုံးမ၍မရသောအစိုးရဖြစ်ကြောင်းကို ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးက သက်သေပြခဲ့ပြီးဖြစ် သည်။ ယခုအချိန်ထိအစိုးရကိုနားချ၍ ရနိုင်လောက်သည်ထင်ပြီး န.အ.ဖနှင့်အပေးအယူလုပ်ချင်နေသေးသည့် လူမိုက်များ အတွက်အချိန်ကုန်ခံမနေပဲပြည်သူများနားမယောင်စေရန်အတွက် မိမိတို့ဘက်မှတိကျသည့်လမ်းကြောင်း၊ ခိုင်မာသည့်အဖွဲ့ အစည်း ချပြနိုင်မှသာ လျှင်ပြည်သူတို့၏ ယုံကြည်ကိုးစားပါဝင်လာခြင်းကိုမြင်တွေ့ရပေမည်။ ဓားလိုအပ်နေချိန်တွင် ဓားမပေးပဲ ရေကြည်ကမ်းနေမိသည့် မိမိတို့အဖြစ်ကို အမြန်သတိပြုမိပြီး ပြုပြင်နိုင်မှသာ အမိမြန်မာပြည်ကြီးကံဆိုးမိုးမှောင်ကျတော့မည့် အရေးမှ နိုင်ငံ့သားကောင်းပီသစွာကယ်တင်နိုင်ပေမည်။ ကျောက်ဆောင်ဖြို့မည့်သူသည် ကျောက်စောင်းရှမှာလောက်တော့ ဖြုံမနေသည့်စိတ်ဓာတ်ထားရှိရပေမည်။

သမိုင်းသည်မိမိတို့လက်ထဲတွင်ရှိသည်။ အလှည့်အပြောင်းသည်ဆုံးဖြတ်ချလိုက်သည့် အချိန်ပိုင်းကလေးပင်ဖြစ်သည်။ ကျွန်ုပ် တို့၏မျိုးဆက်သွေး ကလေးငယ်များကို စာသင်ခန်းထဲတွင်ကမ္ဘာ့အဆင့်မီပညာများကို သင်ကြားခိုင်းမည်လော.. လမ်းများပေါ် တွင်တောင်းစားခိုင်းမည်လော..။ကျွန်ုပ်တို့၏အမျိုးသမီးငယ်များကို တင့်တယ်မှုအပေါင်းနှင့်ကမ္ဘာ့အလယ်တွင်ဝင့်ထည်စေမည် လော…တခြားနိုင်ငံများ၏ပြည့်တန်ဆာတန်းသို့ပို့ပစ်ကြမည်လော…။အမိမြန်မာပြည်ကြီး၏အနာဂါတ်အကောင်းအဆိုးမှာ သင့် လက်ထဲတွင်ရှိသည်။ တွေဝေနေပါက အဖိုးတန်အခွင့်အရေးများဆုံးရှုံးတော့မည်။ မည်သူမှာမှအသက်အပိုမပါပါ။ ခေါင်းတလုံး အပိုမပါပါ။ အမေမွေးသည့်အသက် တိုင်းပြည်အတွက်ပေးဆပ်ပါက မိခင်များမွေးရကျိုးနပ်လှမည်။ ဓားကိုင်မှကြောက်မည့် လူမျိုးသည်၊တရားထိုင်နေရုံနှင့်တော့ပြောင်းလဲမလာပေ။

“ မြန်မာပြည်အနှံ့အပြားတွင်စစ်မောင်းသံကြားပါကခွာရှပ်နေသောစစ်မြင်းများ၊များစွာရှိသည်။တိုက်ပွဲခေါ်သံကိုငံ့လင့်နေသော
ပြည်သူများရှိသည်။တွေဝေခြင်းသည်ဆုံးရှုံးခြင်း၏အစဖြစ်သည်။မိမိတို့အားလုံးစာရွက်ပေါ်မှစကားလုံးများကိုလမ်းမများပေါ်မှ
တိုက်ပွဲများအဖြစ်အသွင်ပြောင်းပစ်ရမည်။ ”

ကျွန်ုပ်တို့ကိုးကွယ်အားထားသော ဗုဒ္ဓကိုယ်တော်တိုင်နန္ဒာပနန္ဒနဂါးမင်းအား အင်အားသုံးဦးနှိမ်ပြီးပါမှ တရားစကားမြွက်ကြား သောသာဓကရှိသည်။ လူရိုင်းများရှေ့မေတ္တာ စကားပြောကြားနေပါကသင်သာလျှင် ဆုံးရှုံးခြင်းကြီးလိမ့်မည်။ တတိုင်းပြည်လုံး ၏ညီညွှတ်ရေးကိုအကောင်အထည်ဖော်ရင်း သင်သည်လည်းတိုင်းပြည်အတွက် “ဓါးကောင်းတလက်ဖြစ်ပါစေ….”


ဒီမိုကရေစီတိုက်ပွဲအတွင်းကျဆုံးခဲ့ကြသောရဟန်းရှင်လူ၊ကျောင်းသားပြည်သူများအားဦးညွှတ်ပါသည်။

Sunday, September 27, 2009

လောဘ

တပ်မက်ခင်မင် လိုချင်မက်မောခြင်း သဘောကို "လောဘ" လို့ ခေါ်ပါတယ်၊ လိုချင်ခြင်းသဘောကို လောဘဆိုပေမယ့် လိုချင်တိုင်းကိုလောဘမခေါ်ရပါ၊ ကာမဂုဏ်ဆိုင်ရာ လိုချင်တိုင်းကို လောဘမခေါ်ရပါ၊ ကာမဂုဏ်ဆိုင်ရာ လိုချင်မှုမျိုးကိုသာ လောဘခေါ်ရပါတယ်။
နိဗ္ဗာန်ကို လိုချင်မှု, စာပေအတတ်ပညာ တတ်ချင်မှု, အလှူဒါနပြုလုပ်ရန် ပစ္စည်းဥစ္စာကို လိုချင်မှု-စတဲ့ ကောင်းတဲ့ဘက်မှာ လိုချင်မှုများကိုတော့ လောဘလို့ မဆိုသင့်ပါ၊ ရှေ့ကပြောပြလာခဲ့တဲ့ ဆန္ဒလို့သာ ဆိုသင့်ပါတယ်။
ဒီလောဘဟာ အာရုံကို တပ်စွဲခြင်းသဘော ရှိပါတယ်၊ တပ်စွဲခြင်းသဘောရှိပါတယ်၊ တပ်စွဲခြင်းသဘောဆိုတာက အာရုံကို ယူကာမတ္တ မဟုတ်ပါဘူး၊ လောဘရဲ့ အကြီးအသေးအလိုက် ထိုက်သည်အားလျော်စွာ တမ်တမ်းစွဲ ငမ်းငမ်းတက် တပ်မက်ခင်မင် လိုချင်တာမျိုးပဲဖြစ်ပါတယ်။

လောဘရဲ့ အာရုံယူပုံကို မျောက်နှဲ့စေးက မျောက်ကို ဖမ်းထားပုံနှင့် ဥပမာ ပြကြပါတ်ယ်၊ သစ်ပင်က ထွက်ကျနေတဲ့ မျောက်နှဲစေးလို့ခေါ်တဲ့ သစ်စေးပုံအနားကို အထူးအဆန်းမြင်ရင် ဆော့ချင်တတ်တဲ့ မျောက်တစ်ကောင် ရောက်လာပါတယ်၊ ဒီတော့ မျောက်က သစ်စေးပုံကို လက်တစ်ဖက်နဲ့ နှိပ်စမ်းကြည့်ပါတယ်၊ သစ်စေးပုံက အဲဒီလက်ကို စေးကပ်ဖမ်းယူထားပါတယ်၊ ပထမလက်ကွာအောင် အခြားဘက်တစ်ဖက်နဲ့
ခွာပြန်တယ်၊ အဲဒီလက်ကိုလဲ စေးကပ်ဖမ်းယူထားပြန်တယ်၊ လက် ၂-ဖက်လုံးကွာအောင် ပါးစပ်နဲ့ကိုက်လို့ ခွာပြန်တယ်၊ ပါးစပ်ကိုလဲ စေးကပ်ဖမ်းယူထားပြန်တယ်၊ လက်ရော, ပါးစပ်ပါ တစ်ခါတည်းကွာအောင် ခြေ ၂-ဖက်နှင့် ဘယ်ပြန် ညာပြန် တွန်းကန်ပြန်တယ်။ ခြေ ၂-ဖက်ကိုလည်း စေးကပ်ဖမ်းယူထားလိုက်ပြန်ပါတယ်၊ ဒီတော့ ကွာလိုကွာငြား သဘောထားပြီး ကိုယ်နဲ့ဖိလို့ ခွာလိုက်တဲ့အခါ အိကနဲနေကာ ခွာလို့မရအောင်
ဖွဲ့နှောင်ထားလိုက်ပါတယ်၊ ဒီလိုပဲ လောဘတရားကလဲ ၆-ပါးသော အာရုံတို့ ထိခိုက်လာရင် တမ်းတမ်းစွဲ ငမ်းငမ်းတက် မခွာရက်အောင် ဖမ်းယူထားတတ်ပါတယ်၊ [ မျောက်နှဲစေးနှင့် လောဘ, မျောက်ရဲ့ လက်ခြေပါးစပ် ကိုယ် ၆-ပါးတို့ တူကြပါတယ်။ ]

ပေမ-သံယောဇဉ်

ဒီလောကကို သားသမီး မောင်နှမ ညီအစ်ကို သမီးခင်ပွန်း-စတဲ့ အိမ်သူ အိမ်သားချင်း ချစ်ခင်မှု, ဆွေမျိုးချစ်ခင်မှု, ဆွေလိုမျိုးလို ချစ်ခင်မှုတွေမှာ ပေမဆိုတဲ့ အမည်နှင့် သုံးစွဲပါတယ်၊ ပေမဆိုတဲ့ ပါဠိစကားက ချစ်ခင်ခြင်းလို့ အဓိပ္ပာယ်ရပါတယ်၊ ဒီချစ်ခင်ခြင်းမျိုးစုံကို သံယောဇဉ် တွယ်တယ်လို့လဲ ခေါ်ကြပါတယ်၊ သံယောဇဉ်ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကတော့ နှောင်ကြိုးပဲ ဖြစ်ပါတယ်၊ ကြိုးနဲ့ ချည်နှောင်ထားသလို တစ်ယောက်ကို တစ်ယောက် မခွဲမခွာရက်အောင် ချည်နှောင်ခြင်းလို့ ဆိုလိုပါတယ်။

တဏှာ

အဆင်း, အသံ, အနံ့, အရသာ, အတွေ့အာရုံမျှမကဘဲ တပ်မက်ငတ်ပြတ်မှုမှာ တဏှာဆိုတဲ့အမည်နဲ့ သုံးစွဲပါတယ်၊ တဏှာဆိုတဲ့ စကားက တပ်မက်ခြင်း, ငတ်ပြတ်ခြင်းလို့ အဓိပ္ပာယ်ရပါတယ်။

ရာဂ

အဆိုပါ ကာမဂုဏ် ၅-ပါး အာရုံတရားတွေထဲက အတွေ့အာရုံ (မေထုန်မှု) ကို အလွန်လိုလားရာမှာ-ရာဂဆိုတဲ့ အမည်နဲ့ သုံးစွဲကြပြန်တယ်၊ ရာဂဆိုတဲ့ စကားက ငြိကပ်စွဲလမ်းခြင်းလို့ အဓိပ္ပာယ်ရပါတယ်။

သမုဒယ

သစ္စာ ၄-ပါး ခွဲစိတ်ဝေဖန်ခန်းမှာတော့ ဒီလောဘကို သမုဒယ သစ္စာဆိုတဲ့ အမည်နဲ့ ခေါ်ဝေါ်သုံးစွဲထားပါတယ်၊ သမုဒယဆိုတဲ့ စကားက ဒုက္ခဖြစ်ကြောင်းလို့ အဓိပ္ပာယ်ရပါတယ်။
ရှေ့က ပြောလာခဲ့တဲ့ ပေမ, တဏှာ, ရာဂလို့ခေါ်ဆိုရတဲ့ လောဘ ရှိနေလို့ ဆင်းရဲဒုက္ခနှင့် ယှဉ်တွဲလို့ တ၀ဲလယ်လယ် နေကြရပါတယ်၊ ယခုနေအခါမှာ သူရော, ငါပါ တွေ့နေကြရတဲ့ ဒုက္ခကြီးငယ် အသွယ်သွယ်က ဒီတဏှာလောဘ သမုဒယကြောင့်သာ ဖြစ်ပါတယ်၊ ဒါ့ကြောင့်လောဘကြီးရင် ဒုက္ခကြီးတယ်၊ လောဘငယ်ရင် ဒုက္ခငယ်တယ်၊ လောဘမရှိရင် ဒုက္ခလဲ မရှိတော့ဘူးလို့ ဆိုလိုပါတယ်။
ဒီလောဘနှင့် အတူတကွ ဖြစ်တဲ့စိတ်ကို လောဘစိတ်, တဏှာစိတ်, ရာဂစိတ်, သံယောဇဉ်စိတ်လို့ ခေါ်ပါတယ်၊ လူကိုတော့လောဘကြီးသူ, တဏှာကြီးသူ, ရာဂကြီးသူ, သံယောဇဉ်ကြီးသူလို့ ခေါ်ရပါတယ်။

မာယာ

ဒီလောဘကိုပဲ မိမိမှာ အပြစ်ရှိလျက် မရှိသလို ဟန်ဆောင်ရာမှာ မာယာလို့လဲ ခေါ်ကြပါသေးတယ်၊ မာယာဆိုတာဟာ မျက်လှည့်သည်နှင့်တူပါတယ်၊ မျက်လှည့်သည် မျက်လှည့်သမားက ကျောက်ခဲကို ရွှေတုံးဖြစ်အောင် လှည့်စားနိုင်သလို မာယာကလဲ လူတစ်ဖက်သား အထင်မှားအောင် ကိုယ့်မှာရှိနေတဲ့ အပြစ်ကို ဖုံးကွယ်တတ်ပါတယ်။
မကောင်းမှု အကုသိုလ်များကို ပြုပြီးနောက် အဲဒီအမှုများ မပေါ်အောင် ပိပိရိရိ ဖုံးကွယ်ခြင်းဟာ မာယာရဲ့ သဘော ဖြစ်ပါတယ်။
ပြုပြီးတဲ့ မကောင်းမှုကို လျှို့ဝှက်ခြင်းဟာ မာယာရဲ့ ကိစ္စ ဖြစ်ပါတယ်။
မာယာနှင့် ပြည်စုံသူဟာ ပြာနဲ့ဖုံးထားတဲ့ မီးကျီးခဲ, ရေထဲရှိတဲ့ သစ်ငုတ်, အ၀တ်ဖြင့် ဖုံးအုပ်ထားတဲ့ လက်နက်နှင့် တူပါတယ်။ ၁

မိန်းမမာယာကြောက်စရာ

ပဒုမမင်းသားက ကန္တာရအလယ်မှာ ညီတော် ၆-ယောက်တို့နှင့် အတူနေရာက ညဉ်ံအခါ ညီတော်များ အိပ်ပျော်နေချိန်မှာ မိမိရဲ့ မယားကို ခေါ်ပြီး တိတ်တဆိတ် ထွက်လာခဲ့ပါတယ်၊ ကန္တာရကထွက်လို့ မြစ်ကြီးတစ်ခုကို ရောက်တဲ့အခါ မယားနှင့်အတူ တဲအုံဆောက်လုပ်နေထိုင်ပါတယ်။၂
တစ်နေ့မှာ မင်းပြစ်မင်းဒဏ်သင့်တဲ့ ခိုးသူတစ်ယောက်ကို လက်ခြေများနှင့် နား, နှာခေါင်းတို့ကို ဖြတ်ပြီး လှေငယ်တစ်ခုပေါ်မှာတင်ကာမြစ်ညာက မျှောလိုက်ကြပါတယ်၊ အနားကို ရောက်လာလို့ ငိုသံကို ကြားရတဲ့အခါ ပဒုမမင်းသားက သနားတာနဲ့ ဆယ်ယူပြီး ဆေးဝါးကုသထားပါတယ်၊ အသားနုတက်လို့ အနာကောင်းလာတဲ့အခါ မယားနှင့်အတူ တဲထဲမှာ ထားပါတယ်၊ သူကိုယ်တိုင်က တောထဲကို သွားပြီး သစ်သီးကြီးငယ်ကို ရှာဖွေနေပါတယ်၊ ရလာသမျှကို ဝေခြမ်းစားသောက်နေပါတယ်။
ပဒုမမင်းသားက သစ်သီးရှာသွားခိုက်မှာ မယားဖြစ်သူက ငတုံးနှင့် ဖောက်ပြန်နေပါတယ်၊ တစ်နေ့မှာ ပဒုမင်းသားကို သတ်လိုက်တဲ့အတွက်
တောင်စောင့်နတ်ကို ပူဇော်ရအောင်လို့ မိန်းမမာယာနဲ့ တောင်ပေါ်ကို ကို သွေးဆောင်ခေါ်သွားပါတယ်၊ တောင်ထိပ်ကို ရောက်လာတဲ့အခါ "မောင်ရေ! မောင်ကမြင့်မြတ်တဲ့ နတ်ဖြစ်ပါတယ်၊ မောင့်ကိုပဲ လက်ဦး ပန်းတွေနဲ့ ပူဇော်လို့ လက်ယာရစ် လှည့်လည်လိုပါတယ်၊ နောက်မှ တောင်စောင့်နတ်ကို ပူဇော်ပါ့မယ်" လို့ ပြောပြီး လင်ကို တောင်ကမ်းပါးပြတ် နားမှာ ရပ်နေစေပါတယ်၊ လက်ယာရစ်လှည့်ကာ ရှိခိုးသလိုလုပ်ရင်း ကျောဘက်ကနေပြီး ကမ်းပါးပြတ်ထဲကို တွန်းချလိုက်ပါတယ်။
ဒီဝတ္ထုမှာ လင်ကို သတ်လိုက်တဲ့အတွက် တောင်စောင့်နတ်ကို ပူဇော်လိုဟန် ဥာဏ်ဆင်ပြီး တောင်ပေါ်ရောက်အောင် ခေါ်သွားတာလဲ မာယာပဲ ဖြစ်ပါတယ်၊ တောင်ပေါ်ကို ရောက်တဲ့အခါ တောင်စောင့်နတ်ကိုထက် လင်ကိုပဲ ချစ်ခင်ကြည်ညို မြတ်နိုးဟန်ဆောင်ပြီး ပူဇော်သလိုလုပ်ကာ တွန်းချ
လိုက်တာလဲ မာယာပဲဖြစ်ပါတယ်။

ရသေ့မာယာ အံ့စရာ

ရှေးအခါ ရွာကလေးတစ်ရွာမှာ သူကြွယ်တစ်ယောက်က ရသေ့တစ်ဦးကို တောထဲမှာ ကျောင်းဆောက်ကိုးကွယ် ထားပါတယ်၊ ခိုးသားဓားပြဘေးကို စိတ်မချရတာနဲ့ ရွှေစင်နိက္ခတစ်ရာကို ရသေ့ကျောင်းနားမှာ မြှုပ်ထားပါတယ်၊ "အရှင်းဘုရား! ဒါကို ခဏကြည့်ရှုစောင့်ရှောက်ထားပါ" လို့လဲ မှာထားပါတယ်၊ ဒီတော့ ရသေ့က "ဟဲ့ဒကာ! ရသေ့ရဟန်းတွေကို ဒီလို မပြောကောင်းဘူး၊ တို့မှာ သူများပစ္စည်းဥစ္စာကို လိုချင်မက်မောမှုဆိုတာ မရှိပါဘူး" လို့
ပြောလိုက်ပါတယ်၊ ဒကာက ရသေ့ကိ ယုံကြည်စိတ်ချစွာနဲ့ ပြန်လာခဲ့ပါတယ်။
ရွှေစင်နိက္ခတစ်ရာဆိုရင် ငါ ချောင်ချောင်လည်လည် အသက်မွေးနိုင်လာလောက်တယ်လို့ ရသေ့က စဉ်းစားပြီးတဲ့နောက် ရက်အနည်းငယ် ကြာတဲ့အခါ အဲဒီရွှေကိုဖော်ယူပြီး မိမိသွားမဲ့ လမ်းနားတစ်နေရာမှာ မြှုပ်ထားလိုက်ပါတယ်၊ နောက်တစ်နေ့ ဒကာ့အိမ်မှာ ဆွမ်းစားပြီးတဲ့အခါ သွားတော့မယ်ဆိုတဲ့ အကြောင်းကို ပြောပါတယ်၊ ဒကာက ဆက်လက်နေထိုင်ရန် တောင်းပန်ပေမယ့် မရတော့ပါ၊ ဒါနဲ့ ဒကာက ခွင့်ပြုလိုက်ရပြီး ရွာတံခါးထိအောင် လိုက်ပို့လိုက်ပါတယ်။
ရသေ့က အတော်လေးသွားပြီးမှ ဆံကျစ်ကြားမှာ သက်ကယ်မြက်ကို ထားပြီး ပြန်လာခဲ့ပါတယ်၊ သူကြွယ်က ဘာ့ကြောင့် ပြန်လာပါသလဲ?-လို့မေးတဲ့အခါ ဒါယကာ သင့်အိမ်မိုးက သက်ကယ်မြက်တစ်ပင် ငါ့ဆံကျစ်မှာ ငြိကပ်ပါလာတယ်၊ ပိုင်ရှင်မပေးတဲ့ ဥစ္စာဟာ ရသေ့ရဟန်းတို့အား မအပ်ပါဘူး၊ ဒါ့ကြောင့် ဒီမြက်ကို ယူပြီး ပြန်လာရတာပဲ-ဆိုတဲ့ ရသေ့ရဲ့ စကားကို ကြားရတဲ့အခါ ရိုးလှတဲ့ သူကြွယ်က အဲဒီနားမှာ စွန့်ထားခဲ့ပြီး ကြွတာပေါ့ဘုရားလို့လဲပြောဆိုပါတယ်၊ သိပ်သံသယ ကုက္ကုစ္စရှိတာပဲလို့ တွေးပြီး အတိုင်းထက်အလွန်လဲ ကြည်ညိုသွားပါတယ်။
အဲဒီအချိန်မှာ ဘုရားလောင်းက သူကြွယ့်အိမ်မှာ တည်းခိုနေထိုင်ပါတယ်၊ ရသေ့ရဲ့ စကားကို ကြားရတယ်ဆိုရင်ပဲ ဒီရသေ့က သူကြွယ်ရဲ့ ပစ္စည်းဥစ္စာ တစ်စုံတစ်ရာကို ယူထားတာ ဖြစ်ပေလိမ့်မယ်လို့ ရိပ်မိသွားပါတယ်၊ ဒါနဲ့ မိတ်ဆွေရဲ့ ဆရာ့ထံမှာ ဘာများအပ်နှံထားတာ ရှိပါသလဲ?၊ အပ်နှံထားရင်သွားကြည့်စမ်းပါဦးလို့ သတိပေးမှ သွားကြည့်တဲ့အခါ ရွှေများကို မတွေ့ရတော့တဲ့အတွက် ဧည့်သည်နှင့်အတူ ရသေ့နောက်ကိ အပြေးအလွှား လိုက်သွား
ကြပါတယ်၊ ရသေ့ကို ဖမ်းပြီး ထူထောင်းရိုက်နှက်လို့ ရွှေကို ယူလာခဲ့ကြပါတယ်။
တို့မှာ သူများပစ္စည်းဥစ္စာကို လိုချင်မက်မောမှုဆိုတာ မရှိပါဘူးလို့ ပြောတာ, ရွှေခိုးပေါ်မှာကို စိုးလို့ သက်ကယ်မြက်ပင် တစ်ပင်ကို ပြန်ပေးတာတွေဟာ မာယာပဲ ဖြစ်ပါတယ်။
ဒီလိုပဲ ဒီပရိယာယ်မာယာစာ အကြီး, အငယ်, အရွယ်အလတ်, မိန်းမ, ယောက်ျား, ဂုဏ်ရှိ, ဂုဏ်မဲ့, ရသေ့ အတန်းအစားမခွဲခားဘဲ လူပေါင်းစုံတို့ရဲ့ သန္တာန်မှာ တည်ရှိနေပါတယ်။
ဒီမာယာကိုပဲ ပရိယာယ်-(ဟန်ဆောင်လှည့်စားမှု), ပလီ-(လိမ်လည်လှည့်ပတ်မှု), အပလိန်း-(ပရိယာယ် မာယာဖြင့် လှည့်ပတ်ပြောဆို-ပြုမူမှု),ပလိစိချောက်ချက်-(အမျိုးမျိုးညာဖြန်းပြောဆိုမှု) လှည့်စားခြင်း, ဟန်ဆောင်ခြင်းလို့ အမျုးမျိုး အဖုံဖုံ ပြောဆိုနေကြပါတယ်။
"ပရိယာယ်တစ်ထောင်, မာယာကောင်တစ်သိန်း, အပလိန်းအနန္တ, သဲကိုးဖျာမလောက်လို့ ရှားပင်က ရှားရွက်တွေကိုပင် ရောနှော၍ ရေတွက်ရသည်" ။ ဒီလိုလဲ ရှေးလူကြီးသူမတု့ ပြောစမှတ် ပြုခဲ့ကြပါတယ်။

မာယာမျိုးစုံ

တစ်ဖက်သားကို မျက်နှာချိုသွေးကာ ဖုံးကွယ်ခြင်း, မျက်နှာပြောင်တိုက် အရေးမစိုက်သလိုလုပ်ကာ ဖုံးကွယ်ခြင်း, ကိုယ်မလေုပ်သလို ဟန်ဆောင်ကာကွယ်ခြင်း, အပြစ်ကင်းဟန် ခပ်ထန်ထန်နဲ့ ဆောင်ကြီးအောင့်ကြီးလုပ်ကာ ဖုံးကွယ်ခြင်း, အပြစ်တင်မယ့်သူ ကြောက်လောကအောင် ခြောက်လို့ ဖုံးကွယ်ခြင်း, အပြစ်တင်မယ့်သူကို မြှောက်လို့ ဖုံးကွယ်ခြင်း-စသည်ဖြင့် မာယာရဲ့ အပြစ်ကာကွယ်ပုံ နည်းများက စုံလင်လှပေတယ်။

သာဌေယျ=

ကောက်ကျစ်စဉ်းလဲမှုကို "သာဌေယျ" လို့ ခေါ်ပါတယ်၊ အခြားသူများ အထင်ကြီးအောင် ကိုယ့်မှာ မရှိတဲ့ဂုဏ်ကို ရှိဟန်ဆောင်တတ်တဲ့လောဘတစ်မျိုးပဲဖြစ်ပါတယ်၊ မာယာက ကိုယ့်မှာရှိတဲ့ အပြစ်ကို ဖုံးကွယ်ပြီး အပြစ်ကင်းသယောင် ဟန်ဆောင် တတ်ပါတယ်၊ သာဌေယျက ကိုယ့်မှာဂုဏ်မရှိဘဲ ရှိသယောင်ဟန်ဆောင်တတ်ပါတယ်၊ ၂-မျိုးလုံးပဲ အလိမ်ဥာဏ်, အကောက်ဥာဏ်, အပလီဥာဏ်မျိုးဖြစ်ပါတယ်၊ ရာဂကြီးသူမှာ မာယာသာဌေယျ-စတဲ့ အကုသိုလ်တရားအများအပြား ဖြစ်တတ်ပါတယ်လို့ ၀ိသူဒ္ဓိမဂ် (၁၊ ၁၀၃)မှာ မိန့်ဆိုချက်လဲ ရှိပါတယ်၊ ဒီသာဌေယျကို "တယ်မာယာသာဌေယျများတဲ့အကောင်ပဲ" လို့ အများအားဖြင့် မာယာနှင့် တွဲဖက်လို့ အသုံးပြုတတ်ကြပါတယ်။

ရဟန်းတော်များနှင့် သာဌေယျ

ရဟန်းတော်တွေရဲ့ အထဲမှာ အချို့က စာပေမတတ်ပေမဲ့ စာပေတတ်သယောင် ဟန်ဆောင်တတ်ပါတယ်၊ စာပေမပို့ချဘဲ ပို့ချသယောင်လဲဟန်ဆောင်တတ်ပါတယ်၊ ကိုယ်ကျင့်သီလ မစင်ကြယ်ဘဲ စင်ကြယ်သယောင်လဲ ဟန်ဆောင်တတ်ပါတယ်၊ ကမ္မဌာန်းတရား အားမထုတ်ဘဲ အားထုတ်သယောင်လဲ ဟန်ဆောင်တတ်ပါတယ်။
ဒီပုဂ္ဂိုလ်မျိုးဟာ သူ့ကို အခြားသူတွေက အဟုတ်ထင်လာအောင် စာတော်ပေတော် ဆရာတော်ကြီးများကိုလဲ မိမ်နှင့်တန်းတူထားကာပြောဆိုရပါတော့တယ်၊ ကိုယ့်ကျင့်သီလ စင်ကြယ်နေတဲ့ ဆရာတော်တွေ, ကမ္မဌာန်းအလုပ် အပတ်တကုတ် ကြိုးစားအားထုတ်နေတဲ့ ဆရာတော်တွေကိုလဲ မိမိနှင့်တန်းတိုထားကာ ပြောဆိုရပါတော့တယ်။
အဲဒီလို ပြောဆိုတဲ့အတွက် သူ့မှာလဲ သံသရာအပြစ် ကြီးလေးလှပါတယ်၊ သူ့ကို အဟုတ်ကြီးထင်လို့ ကိုးကွယ်ကြတဲ့ ဒကာ, ဒကာမတွေမှာလဲ ဘာသာရေးအသိဥာဏ် တိုးမလာတဲ့အပြင် ငွေကုန်ကြေးကျ များသလောက် အကျိုးရလဲ နည်းတတ်ပါတယ်။

လူတွေရဲ့ သာဌေယျ

လူတွေမှာလဲ ခေါင်းဆောင်လုပ်လို့သူအချို့က အကျင့်သီလ မရှိဘဲ ရှိသယောင်, အရည်အချင်းမရှိဘဲ ရှိသယောင်, စွမ်းရည်သတ္တိမရှိဘဲရှိသယောင်, ပစ္စည်းဥစ္စာမရှိဘဲ ရှိသယောင် အာဘောင်အာရင်း သန်သန်နဲ့ ပရိသတ်အလယ်မှာ ဟန်ဆောင်ပြောဆိုတတ်ပါတယ်၊ ပရိသတ်က အဟုတ်ကြီးထင်လို့ သူ့ကို ခေါင်းဆောင်တင်လိုက်တဲ့အခါ ဘာကိစ္စကိုမျှ ပြီးပြတ်အောင် မဆောင်ရွက်နိုင်ဘဲ အစစ အရာရာ ယိုယွင်းပျက်စီးလာတတ်ပါတယ်၊ တိုင်းပြည်အုပ်ချုပ်တဲ့ အထဲမှာသာ ဒီလို ပုဂ္ဂိုလ်မျိုးတွေ များများပါနေပါက တိုင်းပြည်ကလဲ မငြိမ်မသက်, စီးပွားရေးပါပျက်လို့ တိုင်းပြည်ကိုပါ သူများလက်သို့ ထိုးအပ်လိုက်ရုံပဲ ရှိပါတော့တယ်။

မာယာသာဌေယျ၏ဆိုကျိုး

ယခုခေတ်မှာတော့ မာယာသာဌေယျသမားတွေက ပေါများနေတဲ့အတွက် စေ့စပ်ကြောင်းလမ်းပြီးမှ သတို့သားမှာ မိန်းမ-ရှိနေကြောင်း သတို့သမီးဘက်က သိရလို့ ဖျက်သိမ်းရတာ, သတို့သမီးက အကျင့်ပျက်နေကြောင်းကို သတို့သားဘက်က သိရလို့ ဖျက်သိမ်းရတာ, လက်ထပ်ပြီးမှ အဆိုပါကိစ္စမျိုးတွေ ပေါ်လာလို့ စလယ်ဝင် ဖင်မမဲခင်ကကွဲရတာ-ဒိလိုအစရှိတဲ့ ကိစ္စတွေဟာ မကြာခဏ သတင်းစားထဲမှာ ပါလာတတ်ပါတယ်၊ သတင်းစာထဲမှာ
မပါတာက ဘယ်လောက်ရှိမယ်ဆိုတာကိုတော့ ခန့်မှန်းရန်ပင် မလွယ်လှပါ။
ဒီလိုမာယာသာဌေယျ(သမား)က လူတစ်ဦးတစယောက်ကိုလဲ လှည့်ပတ်တတ်ပါတယ်၊ လူအများကိုလဲ လှည့်ပတ်တတ်ပါတယ်၊ တစ်တိုင်းပြည်လုံးကိုလဲ လှည့်ပတ်တတ်ပါတယ်၊ ဘုရားတုဘုရားယောင်သာ ဖြစ်ခဲ့ပါက ကမ္ဘာအနှံ လှည့်ပတ်တတ်ပါတယ်၊ ဒါ့ကြောင့် ဒီမာယာ, သာဌေယျ အလွန်ဆိုးဝါးလှပါတယ်၊ ဒီလိုဆိုးဝါးလှတဲ့ တရားမျိုးရဲ့ လွှမ်းမိုးနှိပ်စက်မှုကို ကိုယ်တိုင်လဲ မခံရ, ကိုယ်နှင့်ဆက်သွယ်တေသူတွေလဲ မခံရအောင် အထူးသတိထားကာရှောင်ကြဉ်သင့်ပါတယ်။
[စာမျက်နှာ -]

[ဗုဒ္ဓအလိုတော်ကျ ကြီးပွားချမ်းသာရေး ကိုယ်ကျင့်မင်္ဂလာ၊ မြောင်းမြပဇ္ဇောတာရုံနှင့် မှော်ဘီ သာသနာ့ဝန်ဆောင်ဆရာတော် အရှင်ကုမာရ] စာအုပ်မှ ကူးယူဖော်ပြသည်။

အကုသိုလ်စေတသိတ် (၁၄) ပါး
၁။ မောဟ | ၂။ အဟိရိက | ၃။ အနောတ္တပ္ပ | ၄။ ဥဒ္ဓစ္စ | ၅။ လောဘ | ၆။ ဒိဌိ | ၇။ မာန | ၈။ ဒေါသ | ၉။ ဣဿာ | ၁၀။ မစ္ဆရိယ | ၁၁။ ကုက္ကုစ္စ | ၁၂။ ထိန | ၁၃။ မိဒ္ဓ | ၁၄။ ၀ိစိကိစ္ဆာ
http://www.mysuboo.com/မှ

ညစ်နွမ်းကြောင်းအမှု -မဇ္ဖပမာဒဋ္ဌာန အကြောင်း

(2007-ခုနှစ်ထုတ် စတင်ဘာလထုတ်မြတ်ပန်းရဂုံ ဓမ္မစာစောင် တွင်ပါသော ခင်မောင်သိန်း(တွံတေး)၏ ´သုရာမေရယ မဇ္ဖပမာဒ ဋ္ဌာနာ ဝေရာမဏိ´ သိက္ခာပုဒ်တွင် ဆေးလိပ် ပါမပါ၊ ကမ္မကိလေသာ တရားတွင် အရက်သေစာ မပါသဖြင့် အရက်သောက်ခြင်းသည် အပြစ်ရှိ´မရှိဟူသော မေးခွန်းကို ဖြေကြားပေးထားခြင်းဖြစ်ပါသည်။)

မဇ္ဖပါနတွင် ဆေးလိပ် ပါ´မပါ။ မဇ္ဖပမာဒဋ္ဌာနတွင် ဆေးလိပ် ပါ´မပါ။ ကမ္မကိလေသတွင် အရက် ပါ´မပါ
အဖြေ….

(က) မဇ္ဖပါန နှင့် မဇ္ဖပမာဒဋ္ဌာနတွင် ဆေးလိပ်`ပါ´မပါ။
´
မဇ္ဖ´ သဒ္ဒါ နှစ်ခုစလုံး အရတူသဖြင့် တစ်ပေါင်းတည်း ဖြေပါမည်။ ခုဒ္ဒကပါဌ အဋ္ဌကထာတွင် ´မဇ္ဖ န္တိ တဒုဘယမေ၀ မဒနီယဋ္ဌေန မဇ္ဖံ´၊ ထိုသုရာ(သေရည်)နှင့် မေရယ(အရက်) နှစ်မျိုးကိုသာလျှင် ယဇ်မူးခြင်း၏အကြာင်းဖြစ်သောကြောင့် မဇ္ဖ-ဟူ၍ ဆိုအပ်၏။
`
ယံဝါ ပနညမ္ပိ ကိဉ္စိ အတ္ထိ မဒနီယံ၊
ယေန ပီတေန မတ္တော ဟောတိ ပမတ္တော၊
ဣဒံ ၀ုစ္စတိ `မဇ္ဖံ´။(ခုဒ္ဒကပါဌ၊ ဋ္ဌ၊ 17)

တစ်နည်းကား= သုရာမေရယမှ တစ်ပါးသော တစ်စုံတစ်ခု ယစ်မူးကြောင်းဖြစ်သော အရာဝတ္ထုကို သောက်သုံး၍ မူးယစ် မေ့လျော့၏ ၊ ထိုယစ်မူးကြောင်းဖြစ်သော အရာဝတ္ထုကိုလည်း မဇ္ဖ ဟုဆိုအပ်၏ဟု နှစ်နည်းဖွင့်ဆိုထားပါသည်။

အထက်ပါ အဖွင့်နှစ်မျိုးစလုံးအရ မူးယစ်မေ့လျော့စေတတ်သော အရက်သေစာအားလုံးသည် မဇ္ဖမည်၏။
ဤတွင် အရက်သောက်ခြင်းကို ရသာရုံဟုဆိုအပ်သော ကာမဂုဏ်တို့၌ ဖောက်ပြန်သော အကျင့်ဖြစ်သောကြောင့် ကာမေသုမိစ္ဆာစာရကံ၌ သွင်းယူသည့်နည်းတူ ဆေးလိပ်သောက်ခြင်းကိုလည်း ကာမေသု မိစ္ဆာစာရကံ၌ သွင်းယူသင့်သည်မဟုတ်ပါလော ဟူငြားအံ့။

ဆေးလိပ်သောက်ခြင်းကို ရသာရုံဟုဆိုအပ်သော ကာမဂုဏ်တို့၌ လွန်လွန်ကျူးကျူး ခံစားခြင်းဟု မုချအားဖြင့် မဆိုသာ။ ဆိုနိုင်သည်ဟုပင်ယူဆလျှင်လည်း ဆေးလိပ်သောက်ခြင်းသည် အရက်သောက်ခြင်းကဲ့သို့ မူးယစ်မေ့လျော့ကာ မကောင်းမှုပြုဖို့ရာ အလားအလာရှိလာသည်မဟုတ်။

ဥစ္စာဆုံးပါး၊ ခိုက်ရန်ပွားခဲ့၊ နာများခြင်းကြောင်း၊ မကောင်းသတင်း၊ တွင်းအင်္ဂါလှန်၊ ပညာဥာဏ်လည်း၊ အားနည်းအောင်ပြု၊ ဤခြောက်ခု၊ သောက်မှုသေရည်ပြစ်။(ပရိတ်ကြီးနိဿယသစ်၊ 178၊ ဒီ၊ 3၊ 148)ဟူသည်နှင့်အညီ အရက်သောက်သူ မျက်မှောက်ဘ၀၌ပင် ခံစားရမည့် အပြစ်ခြောက်ပါးရှိ၏ ။

ထို ခြောက်ပါးတွင် ဆေးလိပ်သောက်သူအား ဥစ္စာဆုံးပါး ယုတ်လျော့ခြင်းနှင့် အနာရောဂါများခြင်းဟူသော အပြစ်များဖြစ်နိုင်၏။ ခိုက်ရန်ဖြစ်ပွားခြင်း၊ မကောင်းသတင်းထွက်ခြင်းများအခါအားလျော်စွာ ဖြစ်နိုင်သည်ဟု ဆိုဦးတော့ အရှက်မရှိတော့သည့် အနေအထား၊ အသိဥာဏ်အားနည်းသည့်အဆင့်ထိတော့ မရောက်နိုင်ပေ။

တစ်ဖန် အရက်ကို မပြတ်မှီဝဲအပ်၊ အကြိမ်များစွာ သောက်သုံးအပ်သူ၏ တမလွန်ဘ၀အကျိုးကား ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာဘုံတို့၌ ဖြစ်တတ်၏။ အောက်ထစ်ဆုံးအကျိုးကား လူဖြစ်လျှင်ပင် အရူးအနှမ်း အဆွံ့အအ ဖြစ်တတ်၏။
ဆေးလိပ်သောက်သူအား ထိုကဲ့သို့သော အပြစ်တွေ ဖြစ်နိုင်သည်ဟု ဆိုဖွယ်အကြောင်းမရှိပေ။ ငွေကုန်ခြင်း၊ ရောဂါရခြင်းများ တူနိုင်သော်လည်း အရက်သောက်သူနှင့် ဆေးလိပ်သောက်သူ နှစ်ယောက်တို့၏ မကောင်းမှု့ ပြုဖို့ အလားအလာ၊ ကောင်းမှု၌ မေ့လျော့ဖို့ အလားအလာရှိပုံခြင်း မတူနိုင်ပေ။

ရသာရုံ၌ ခုံမင်ပုံခြင်းလည်း ထပ်သူမပြုသင့်ပေ။ ထိုကဲ့သို့သာ အကြောင်းရှာလျှင် ကွမ်းစားခြင်း၊ ဆေးငုံခြင်း၊ ပီကေ၀ါးခြင်းမှအစ ထမင်းစားရဖွယ်ပင်မမြင်။
ဤဆိုအပ်ပြီးသော စကားရပ်တို့ဖြင့် မဇ္ဖပုဒ် အဖွင့်အရ မဇ္ဖပါန၊ မဇ္ဖပမာဒဋ္ဌာန တို့တွင် ဆေးလိပ်မသွင်းသင့်ကြောင်းကိုသာ ဆိုသည်။ ဆေးလိပ်သောက်သင့်ကြောင်း ထောက်ခံရေးသားနေခြင်း မဟုတ်ပေ။ ဆေးလိပ်၏ မျက်မှောက် မကောင်းကျိုးကို ဗဟုသုတရှိလျင် ရှိသလောက် လူတိုင်းအသိပင်ဖြစ်၏။

ထို့ပြင်လည်း ဆေးလိပ်သောက်ခြင်းသည် သာမာန်လူအဖို့ အပါယ်လေးပါး ကျရောက်စေနိုင်လောက်သော ဒုစရိုက်မှု မဟုတ် သော်လည်း တရားအားထုတ်နေသော ယောဂီအဖို့ ကြောင့်ကြ စိုက်ဖွယ် တရားအတွက် အနှောင့်အယှက် ပလိဗောဓငယ် စာရင်းဝင်နိုင်၏။

(ခ)ကမ္မကိလေသတွင် အရက်သေစာ ပါ, မပါ။

သုတ် ပါထေယျပါဠိတော် သိင်္ဂါလသုတ်တွင် ပါဏာတိပါတ၊ အဒိန္နဒါန၊ ကာမေသုမိစ္ဆာစာရ၊ မုသာဝါဒ အားဖြင့် ကမ္မကိလေသ (ညစ်နွမ်းကြောင်းအမှု) ကို လေးပါးသာ မြတ်ဗုဒ္ဓဟော တော်မူ၏။ သုရာမေရယ မပါဝင်ပေ။ (ဒီ၊ 3၊ 147)
အကြောင်းကိုရှာသော် မင်္ဂလသုတ်ဒေသနာတွင် အာရတီ ၀ိရတီ ပါပါ၌ ပါပ (ယုတ်မာသောအမှု)အရ သုရာမေရယကို နောက်၌ မဇ္ဖပါနာစ သံယမောဟု ဟောလတံ္တဖြစ်၍ မကောက်ယူရသကဲ့သို့၊ ဤ၌လည်း သုရာမေရယ၏ မကောင်းကျိုး၊ ဆိုးပြစ်ကို နောက်၌ သီးသန့် ဟောလတံ္တဖြစ်၍ ကမ္မကိလေသ (ညစ်နွမ်းကြောင်းအမှု့) စာရင်းထဲမသွင်းဘဲ ငါးပါးသီလမှ ရှေ့ လေးပါးကို သွင်း၍ ဟောထား ခြင်းဖြစ်မည်ဟု ယူဆရပေသည်။


အရှင်ကောဝိဒ (ယော)

မှတ်ချက်...ဆရာကြီးရွှေဥဒေါင်းသည်ပင် ဒီအယူအဆကို မဟာစည်ဆရာတော်ဘုရားအားမေးဖူးကြောင်းကြားသိရဘူး၏။
ဗလိဗောဓ=အလုပ်များခြင်း၊ဗာဟိယ-ပြင်ပအမှုများခြင်းကိုဆိုလိုပါသည်။

http://myatpanyagon.blogspot.com/ မှ

ထောင်လွှားတက်ကြွခြင်းသဘောကို “မာန” လို့ ခေါ်ပါတယ

မာန

ထောင်လွှားတက်ကြွခြင်းသဘောကို “မာန” လို့ ခေါ်ပါတယ်၊ ဒီမာနဟာ ထောင်လွှားတက်ကြွခြင်းသဘော ရှိပါတယ်၊ လောကမှာ ပုဂ္ဂိုလ်အတန်းအစားခွဲရင် -
၁။ သေယျပုဂ္ဂိုလ် = အထက်တန်းစားလူမျိုး၊
၂။ သဒိသပုဂ္ဂိုလ် = အများနှင့် တန်းတူလူမျိုး၊
၃။ ဟီနပုဂ္ဂိုလ် = အောက်တန်းစားလူမျိုး
ဒီလို (၃) မျိုးကို တွေ့နိုင်ပါတယ်၊ တစ်မျိုးတစ်မျိုးမှာ -
က။ သေယျမာန် = အမျိုးဥစ္စာ ပညာအဆင်း အစရှိတာနဲ့ အဖက်ဖက်က သူများထက် သာတယ် - လို့ မှတ်ထင်မှု၊
ခ။ သဒိသမာန် = အမျိုးဥစ္စာ ပညာအဆင်း အစရှိတာနဲ့ သင်းတို့နှင့် ဘာထူးသလဲ - လို့ မှတ်ထင်မှု၊
ဂ။ ဟီနမာန် = သူတို့အောက်ကျတော့ ငါက ဘာအရေးစိုက်ရမှာလဲ - လို့ မှတ်ထင်မှု။
ဒီလို သုံးမျိုးစီ ကွဲပြားနိုင်ပါတယ်။
ဒီ (၉) မျိုးထဲက သေယျပုဂ္ဂိုလ်ရဲ့ သေယျမာန်၊ သဒိသပုဂ္ဂိုလ်ရဲ့ သသိသမာန်၊ ဟီနပုဂ္ဂိုလ်ရဲ့ ဟီနမာန်ဟာ ဟုတ်မှန်တဲ့အတိုင်း မာန်မူခြင်း (ယာထာဝမာန်) မည်ပါတယ်၊ ဒီယာထာဝမာန်မျိုးကို အရဟတ္တမဂ်ကသာ ပယ်နိုင်ပါတယ်။

ဇာတိမာန်
မျိုးရိုးကောင်းတဲ့အတွက် မာန်တက်တာမျိုးကို ဇာတိမာန်လို့ ခေါ်ပါတယ်၊ ယခုခေတ်မှာလဲ အသင့်အတင့် မျိုးရိုးကောင်းသူတွေ ရှိနေတတ်ပါတယ်၊ ဒါပေမယ့် ဟန်ကြီးပန်ကြီးလုပ်ကာ မာန်မာနတက်လောက်အောင် တစ်ဖက်သားကို ကိုယ့်ခြေဖ၀ါးအောက်ကလို မှတ်ထင်ရလောက်အောင် မျိုးရိုးကောင်းကြတာမျိုးတော့ မဟုတ်ပါ။
ရှေးဘ၀က မထောင်လွှားမတက်ကြွ မာန်မာန မကြီးခဲ့လို့ မြင့်မြတ်တဲ့ အမျိုးဖြစ်ရတာကို အကြောင်းပြုပြီး ယခုဘ၀မှာ ထောင်လွှားတက်ကြွ မာန်မာနကြီးနေခဲ့ပါလျှင် နောင်ဘ၀သံသရာမှာ ယုတ်ညံ့အောက်ကျ သူတစ်ပါးရဲ့ ခြေဖ၀ါးအောက်သို့ ရောက်ရမယ့်အရေးကို အဖန်ဖန်တွေးလို့ မိမိရဲ့ စိတ်ဓာတ်ကို ဖြူဖွေးသန့်စင် မာန်မာန မ၀င်အောင် ပြုပြင်သင့်ပါတယ်။

ဓနမာန်
ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝတာကို အကြောင်းပြုလို့ ဖြစ်ပေါ်လာတဲ့ မာန်မာနမျိုးကို ဓနမာန် (ဥစ္စာမာန်) လို့ ခေါ်ပါတယ်၊ ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝသူတွေက ပစ္စည်းဥစ္စာ မရှိသူတွေနှင့် အတူမသွားနိုင်၊ အတူမစားနိုင်၊ အတူစကားမပြောနိုင်ဘဲ မာန်မာနတက်ကာ အဖက်မတန်သလို ဟန်ကြီးပန်ကြီး လုပ်မနေသင့်ပါ၊ ရှေးက အလှူ ဒါနည်းခဲ့လို့ ယုခဘ၀မှာ ဆင်းရဲနေကြရတာပဲလို့ သနားကြင်နာ ကရုဏာသက်ပြီး သူတို့ကို နှုတ်နဲ့လဲ ကူညီသင့်ပါတယ်၊ ကိုယ်နဲ့လဲ ကူညီသင့်ပါတယ်၊ အခြေနေအားလျော်စွာ ပစ္စည်းဥစ္စာ နဲ့လဲ ကူညီသင့်ပါတယ်၊ အဲဒီလို ကူညီလိုက်တဲ့အတွက် မိမိမှာ ဂုဏ်တက်လာစရာသာ ရှိပါတယ်၊ ဂုဏ်ယုတ်စရာ မရှိပါ၊ မိမိမှာ အကြောင်းကိစ္စရှိတဲ့အခါမှာလဲ သူတို့ရဲ့ အကူအညီကို ရနိုင်ပါသေးတယ်၊ ဒါပေမယ့် သူ့ကျေးဇူးကို မသိတတ်ဘဲ အင်မတန် မိုက်တွင်းနက်နေသူတွေကိုတော့ သတိထားသင့်ပါတယ်။
ဒီပစ္စည်းဥစ္စာဆိုတာဟာ တစ်သက်စာမျှသာ ဖြစ်ပါတယ်၊ ဘေးအန္တရာယ်လဲ အလွန်များလှပါတယ်၊ ခိုင်မြဲမှုသဘောလဲ မရှိပါ။ ပစ္စည်းသင်္ခါရ လူသင်္ခါရသာ ဖြစ်ပါတယ်၊ တစ်နေ့မှာ ပစ္စည်းဥစ္စာကဖြစ်စေ၊ ပစ္စည်းဥစ္စာရဲ့ ပိုင်ရှင်ကဖြစ်စေ စွန့်ခွာသွားတတ်ပါတယ်၊ ဒါ့ကြောင့် ဒီဘ၀မှာ ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝသလို နောက်ဘ၀မှာလဲ ချမ်းသာကြွယ်ဝအောင် ဥစ္စာမာန် တက်နေမယ့်အစား အလှူဒါနကို စွမ်းအားအလျောက် ပြုလုပ်ကာ ကိုယ့်နောက်ကိုသာ အပါယူသွားသင့်ပါတယ်။

ပညာမာန်
စာပေတတ်ကျွမ်းသူတွေရဲ့ မာန်ကို စာပေမာန်လို့ ခေါ်ပါတယ်၊ စာပေပညာဆိုတာဟာ မသင့်တော်တာကို မသင့်တော်မှန်းသိအောင် အသိအလိမ္မာကိုလဲ ပေးတတ်ပါတယ်၊ သင့်တော်တာကို သင့်တော်မှန်းသိအောင် အိအလိမ္မာကိုလဲ ပေးတတ်ပါတယ်၊ တစ်ဦးနှင့် တစ်ဦး ပေါင်းသင်းဆက်ဆံရာမှာ ယဉ်ကျေးသိမ်မွေ့အောင်၊ အဆင်ပြေအောင် အသိအလိမ္မာကိုလဲ ပေးတတ်ပါတယ်၊ ဒါပေမယ့် ဒီပညာကို အကြောင်းပြုပြီး မာန်မာနကြီးနေမယ်ဆိုရင် အင်မတန်ရှက်စရာ ကောင်းလှပါတယ်။
ရှေးဘ၀က သူတော်မြတ်တွေကို ချဉ်းကပ်လျှောက်ထား ဆွေးနွေးလာခဲ့တဲ့အတွက် ဒီဘ၀မှာ မိမိကိုယ်တိုင်က ပညာကြီးသူ ဖြစ်လာရပါတယ်၊ ပညာသင်ခွင့်လဲ ရခဲ့ပါတယ်၊ ဒီလို အခွင့်သာလို့ ပညာတတ်လာတဲ့ ပုဂ္ဂိုလ်က အကြောင်းမညီညွတ်လို့ ပညာမသင်ရသူတွေ၊ ပညာသင်ရစေကာမူ ဥာဏ်ထိုင်းလှတဲ့အတွက် ပညာမတတ်သူတွေို့ တွေ့ရတဲ့အခါမှာ မောက်မာမော်ကြွား မာနထားနေမယ့်အစား သနားကြင်နာ ကရုနာထားသင့်ပါတယ်၊ သို့မဟုတ် အခွင့်အခါသင့်ပါက တစ်ဆင့်သင်ကြားပေးသင့်ပါတယ်၊ ပညာမာန်တက်ကာ ကိုယ့်ဘ၀ကို မနစ်နာစေသင့်ပါ။

အဆင်းမာန်
အလှဂုဏ်အတွက် မာန်တက်ခြင်းကို အဆင်းမာန်လို့ ခေါ်ပါတယ်၊ ရှေးဘ၀က အစစ အရာရာမှာ သည်းခံကာ အမျက်ဒေါသ နည်းလာခဲ့တဲ့အတွက်လဲ အဆင်းလှတတ်ပါတယ်၊ ဘုရားဝင်း ကျောင်းဝင်း စသည်တို့ကို သုတ်သင်ရှင်းလင်းခဲတဲ့ အတွက်လဲ အဆင်းလှတတ်ပါတယ်၊ ပန်း စသည်တို့ကို လှူဒါန်းခဲ့တဲ့အတွက်လဲ အဆင်းလှတတ်ပါတယ်၊ ဒီလို ကုသိုလ်ကောင်းမှုတွေကြောင့် ရလာတဲ့ ကိုယ့်အဆင်းကို အကြောင်းပြုပြီး ဟန်ကြီးပန်ကြီး မလုပ်သင့်ပါ၊ အလှမာန်တက်ကာ ဘ၀င်မမြင့်သင့်ပါ၊ အလှဂုဏ်ကိုးကာ မဆိုးသင့်ပါ၊ ရှေးကုသိုလ်ကံကြောင့် ရလာတဲ့ အဆင်းကို အကြောင်းပြုပြီး အကုသိုလ်မာန် တက်နေတာဟာ အင်မတန်မှားတဲ့ ကိစ္စဖြစ်ပါတယ်၊ အပြင်အဆင်းလှသလို အတွင်းစိတ်ကို အစွမ်းကုန် ပြုပြင်လို့ ဣနြေ္ဒရှင် သူတော်စင်တွေ ဖြစ်အောင်သာ ကြိုးစားသင့်ပါတယ်။
လိုရင်းမှာ - ရှေးဘ၀က မထော်ငလွှား မတက်ကြွ မာန်မာန မကြီးခဲ့လို့ ယခု မြင့်မြတ်တဲ့ အမျိုးမှာ ဖြစ်လာရပါတယ်၊ ရှေးဘ၀က အလှူဒါနပြုလုပ်ခဲ့လို့ ဒီဘ၀မှာ ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝလာရပါတယ်၊ ရှေးဘ၀က သူတော်သူမြတ်တွေကို ချဉ်းကပ်လျှောက်ထား ဆွေးနွေးမေးမြန်းလာခဲ့တဲ့အတွက် ဒီဘ၀မှာ ပညာကြီးလာရပါတယ်၊ ရှေးဘ၀က အမျက်ဒေါသနည်းခဲ့၊ ဘုရားဝင်း၊ ကျောင်းဝင်း စသည်ကို သုတ်သင်ခဲ့၊ ပန်း စသည်ကို လှူဒါန်းခဲ့လို့ ယခုဘ၀မှာ အဆင်းလှခဲရပါတယ်၊ ဒီလို မိမိမှာ ကုသိုလ်ကောင်းမှုကြောင့် ရရှိလာတဲ့ အမျိုး၊ ဥစ္စာ၊ ပညာ၊ အဆင်းကို အကြောင်းပြုပြီး မာန်မာနတက်ကြွနေတာဟာ နောင်ယုတ်နိမ့်တဲ့ဘ၀မှာ ဖြစ်စရာ အကြောင်းပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် နောက်နောက် ဘ၀တွေမှာ အဆင့်အဆင့်မြင့်တက်မဲ့ အရေးကို မျှော်တွေးပြီး ထောင်လွှားတက်ကြွ မိမိတို့ရဲ့ မာန်မာနကို အစွမ်းကုန် နှိမ်ချိုးနိုင်ကြပါစေ။

[စာမျက်နှာ ၅၃ မှ ၅၆]


--------------------------------------------------------------------------------

[ဗုဒ္ဓအလိုတော်ကျ ကြီးပွားချမ်းသာရေး ကိုယ်ကျင့်မင်္ဂလာ၊ မြောင်းမြပဇ္ဇောတာရုံနှင့် မှော်ဘီ သာသနာ့ဝန်ဆောင်ဆရာတော် အရှင်ကုမာရ] စာအုပ်မှ ကူးယူဖော်ပြသည်။

မြန်မာနိုင်ငံသူ၊ နိုင်ငံသား၊ ဒါယိကာ၊ ဒါယိကာမ အပေါင်းတို့မှ သံဃာ့တော်အရှင်သူမြတ်များအား ရိုသေစွာလျောက်ထားချက်

မြန်မာနိုင်ငံသူ၊ နိုင်ငံသား၊ ဒါယိကာ၊ ဒါယိကာမ အပေါင်းတို့မှ သံဃာ့တော်အရှင်သူမြတ်များအား ရိုသေစွာလျောက်ထားချက်

အဝေးရောက်သားသမီးများသို့ ..လူထုဒေါ်အမာ

အဝေးရောက်သားသမီးများသို့ 
နိုင်ငံခြား တိုင်းပြည် တခုကို ရောက်နေတဲ့ ကျမ မြေးကလေး နှစ်ဦးဆီက စာများရတယ်။ သူတို့ စာတွေထဲမှာ သူတို့ရောက်တဲ့ နိုင်ငံရဲ့ စီးပွားရေး အဆင့်အတန်း၊ လူမှုရေး အဆင့်အတန်းနဲ့ ပညာရေး အဆင့်အတန်းကို သူတို့ အကဲခတ် တတ်သလောက် အကဲခတ် ပြတာလည်း ပါတယ်။ အဲဒီ တိုင်းပြည်မှာ ကျမတို့ နိုင်ငံလို သယံဇာတ ဘာမှ မကြွယ်ဝဘဲနဲ့ အဲဒီ အဆင့်အတန်းမျိုး ရောက်နေကြတယ် ဆိုတဲ့ သူတို့ စိတ်ထဲ မချင့်မရဲ ဖြစ်ပုံတွေလည်း ပါတယ်။


မြေးမ တယောက်ဆီက စာမှာတော့ သူတို့ ရောက်နေတဲ့ နိုင်ငံမှာ လခလစာ ဘယ်ရွေ့ ဘယ်လောက်ရတယ်၊ မြန်မာငွေနဲ့ တွက်ကြည့်ရင် သိန်းချီ ရနေတဲ့ အဓိပ္ပာယ် ရှိတယ်။ နေရေး ထိုင်ရေးလည်း အစစ အဆင်ပြေတယ်။ ဒါပေမဲ့ သူမပျော်ဘူး၊ အဲဒီ နိုင်ငံမှာ အကြာကြီး မနေချင်ဘူးတဲ့။ အခုထိ သူအလုပ် မလုပ်သေးဘူး၊ သူ့ယောက်ျားပဲ အလုပ် လုပ်နေတယ်။ ပုံတော်ရင်တော့ သူအလုပ်ဝင် လုပ်မယ်။ လုပ်ပြီးရင် ငွေစုမယ်။ နှစ်နှစ် သုံးနှစ် ကြာရင်တော့ သူတို့ ပြန်လာမယ်လို့ ပါပါတယ်။

မြေးယောက်ျားလေးရဲ့ စာထဲမှာတော့ သူတို့ ရောက်နေတဲ့ နိုင်ငံရဲ့ တိုးတက်ပုံတွေ၊ မြန်မာနိုင်ငံထက် မူလက အောက်ကျတဲ့ နိုင်ငံဟာ နှစ်နည်းနည်းလေး အတွင်းမှာ အင်မတန် တိုးတက် အောင်မြင် နေပုံတွေကို အလွန် ဝမ်းပါးပြီး ရေးထားပါတယ်။

ကျမတို့ နိုင်ငံကနေပြီး ထိုင်းလင်း၊ မလေး၊ စင်ကာပူ၊ ဂျပန် စတဲ့ နိုင်ငံတွေမှာ ပညာတတ် လူငယ်တွေ အတော်များများ ရောက်ရှိ နေကြပါပြီ။ အနောက်နိုင်ငံတွေမှာလည်း ရောက်သင့် သလောက်တော့ ရောက်နေကြတာပဲ။ ဒါမျိုးကို အနောက်နိုင်ငံတွေမှာတော့ ဦးနှောက်ယိုစီးမှု Brain Drain လို့ သုံးနှုန်းပါတယ်။ ကိုယ့်နိုင်ငံထဲက ဦးနှောက်ကောင်းတဲ့ ပညာတတ်တွေ တိုင်းတပါး ရောက်ကုန်တာကို နှမြောတဲ့ သဘောပါပါတယ်။

ဒီလို ပညာတတ်တွေနဲ့ အတူ ကျမတို့ နိုင်ငံ တနင်္သာရီတိုင်းဘက်က၊ ကရင်ပြည်နယ်ဘက်က၊ မြစ်ဝက္ဆွန်းပေါ် ဒေသက အလုပ်သမား၊ လယ်သမား လူတန်းစားတွေလည်း အိမ်နီးချင်း နိုင်ငံတွေကို သွားရောက်ပြီး အလုပ်လုပ် နေကြတာ တော်တော်များများ ရှိနေပြီလို့ ကြားရပါတယ်။ ဒီလို လယ်သမားတွေ အလုပ်သမားတွေ ထွက်ခွာသွားမှုကိုတော့ လုပ်အားတွေ ဖိတ်စင် ယိုစီးမှုလို့ ခေါ်ရမယ် ထင်ပါတယ်။ ဒီလူတွေ ဆီကတော့ စာတွေ ဘာတွေ မရနိုင်ပါဘူး။ သူတို့ခမျာမယ် ရရာအလုပ်ကို ပေးသမျှ လခနဲ့ ဝင်လုပ်ပြီး ဖြစ်သလို နေထိုင်ကြရ သူများပေကိုး။

သူများနိုင်ငံတွေကို အခုလို ထွက်ပြီး စီးပွားရှာ နေကြရပေမယ့် သူတို့ အားလုံးဟာ မပျော်ကြဘူး။ အကြာကြီး နေဖို့လည်း စိတ်မကူးကြဘူး။ ငွေရှာလို့ ရရင် အမိနိုင်ငံကို ပြန်လာမှာပဲ ဆိုတာ အားလုံးလောက် နီးပါးရဲ့ စိတ်ထဲမှာ ရှိကြပါတယ်။

ကျမကို အဝေးရောက် ဆွေမျိုးများက တလှည့်တပတ် သူတို့ဆို လာနေပါလားလို့ ခေါ်သူရှိပါတယ်။ ကျမလည်း တခြားလူတွေလိုပါပဲ၊ နိုင်ငံခြားမှာ ပျော်အောင် မနေတတ်ပါဘူး။ ခဏတဖြုတ် မရောက်ဖူးတဲ့ နေရာ၊ မမြင်ဘူးတဲ့ မြင်ကွင်းနဲ့ ရှုခင်းတွေကို ကြည့်ရ၊ မြင်ရပြီးရင် ပြန်ချင်မှာပါ။ ကိုယ့်နိုင်ငံ ကိုယ့်ဒေသလောက် နေပျော်တာ မရှိပါဘူး။ ကိုယ့်လူမျိုးလောက် သဘောကျစရာ ကောင်းတာလည်း မရှိပါဘူး။ ကိုယ့်လူမျိုး အချင်းချင်းနဲ့ပဲ ပေါင်းသင်း ဆက်ဆံချင်တယ်။

ကျမတို့ ဆီမှာ လူမျိုးအလိုက် ရှိနေတဲ့ ဉာဉ်ဆိုးကလေးတွေတော့ ရှိသလောက် ရှိတာပေါ့။ ဥပမာ ပျင်းရိတာ၊ ဇွဲမရှိတာ၊ အနွံအတာ မခံချင်တာ၊ သိပ်အောက်မကျို့ချင်တာ၊ ပျော်ပျော်ပါးပါး ပေါ့ပေါ့တန်တန်နဲ့ အချိန်ကုန်ချင်တာ မျိုးကလေးတွေလေ။

ဒီအားနည်းချက် ချို့တဲ့ချက်မျိုးတော့ ကျမတို့ လူမျိုးမှာ ရှိပါတယ်။ နို့ပေမယ့် ဒါက တသက်လုံး ဘယ်လိုမှ ပြင်မရနိုင်တဲ့ လူမျိုးစရိုက်ကြီး ဆိုပြီး ပစ်မထားဘဲနဲ့၊ ယုံကြည်မှု၊ စည်းလုံးမှု၊ တက်ွ့ကမှုတွေနဲ့ တိုက်ဖျက်ကြမယ်၊ ရှေ့ဆောင် ရှေ့ရွက် ပြုသူတွေက စနစ်တကျ စည်းရုံး ပညာပေးပြီး အားလုံး လက်တွဲ ကြိုးစားကြမယ် ဆိုရင် ပြုပြင်လို့ ရရမှာပေါ့။ ပျော့ညံ့ချက်ဟာ ဘာမို့ ခံနိုင်ရမှာတုန်း။ အရေးကြီးတာက ဒီလိုပြုပြင်မှာက ဘာအတွက်၊ ဘယ်သူ့ဖို့ ပြုပြင်မှာဆိုတဲ့ မှန်ကန်မွန်မြတ်တဲ့ အသိရှိဖို့ပဲ လိုပါတယ်။

ကျမတို့ လူမျိုးဟာ အလွန် အကင်းပါးတဲ့ လူမျိုးပါ။ သင်လိုက်ရင် သိလွယ်မြင်လွယ် တတ်လွယ် သိပ်ရှိပါတယ်။ ဒီအရည်အသွေးဟာ ငွေပေးဝယ်လို့ မရပါဘူး။ ကျမတို့ လူမျိုးနဲ့ တခြား လူမျိုးနဲ့ ယှဉ်ကြည့်စမ်းပါ။ ပညာတတ်ခြင်း ဖြစ်ဖြစ်၊ ပညာမဲ့ အလုပ်သမား လယ်သမား လူတန်းစားခြင်း ဖြစ်ဖြစ် လူမျိုးအလိုက် အကင်းပါး ဖျတ်လတ်မှုက အလွန်ကို သဘောကျစရာ ကောင်းပါတယ်။ အဲဒီတော့ ဘာပညာ ဘာအလုပ်မျိုးကို မဆို ကျမတို့မှာ မသင်ရသေးလို့ မတတ်သေးပေမယ့် သင်ခွင့်ရတဲ့ တချိန် သူများနည်းတူ ရင်ပေါင်တန်းနိုင်တဲ့ အရည်အသွေး အပြည့်အဝ ရှိပါတယ်။ လူဟာ နုံပြီဆိုရင် ဆွဲတိုင်း မပါနိုင်ပါဘူး။ တွန်းတိုင်း မရောက်လာဘူး။ ကျမတို့ လူမျိုးတွေက အနုံအဖျင်း မဟုတ်ကြဘူး။ သိပ်ကို အကင်းပါးတဲ့ လူမျိုး။

ပြီးတော့ ကျမတို့ နိုင်ငံလောက် လုပ်စရာ ကိုင်စရာတွေ ပွေွါ့ကယ်ဝတဲ့ နိုင်ငံမျိုး ဒီကမ္ဘာမှာ အတော်ရှားပါတယ်။ ကျမဟာ အကြောင်း အားလျော်စွာ သူများနိုင်ငံ အတော်များများကို ရောက်ဖူးခဲ့ပါတယ်။

တချို့ စက်မှု အလွန် ထွန်းကားတယ် ဆိုတဲ့ နိုင်ငံကြီးတွေမှာ သူတို့ပိုင် ပြည်တွင်းထွက် ဘာမှ မယ်မယ်ရရ ရှိတာ မဟုတ်ဘူး။ စက်မှုအတွက် သုံးစာရာ ရေနံလို ကျောက်မီးသွေးလို ရှိတာ မဟုတ်ဘဲ သူများနိုင်ငံက ဝယ်သုံးပြီး စက်ရုံတွေကို လည်ပတ် နေကြရတာမျိုး။ တချို့က သတ္တုကို သူများနိုင်ငံက မှာရတာမျိုး။ အထူးသဖြင့် ဥရောပ နိုင်ငံတွေဟာ စားရေ ရိက္ခာလည်း ကိုယ့်မှာက မလုံလောက်၊ စက်ရုံ အလုပ်ရုံတွေ အတွက် ကုန်ကြမ်းလည်း သူများ နှာခေါင်းနဲ့ အသက်ရှုပြီး လုပ်ဆောင် နေကြတာကို တွေ့ရတယ်။

ကျမတို့ နိုင်ငံမှာ ကျမတို့ လူမျိုးတွေ စားဖို့ သောက်ဖို့ ဆိုတာ ကျမတို့ နိုင်ငံထဲက ထွက်တာဟာ လုံလောက်ရုံမက နိုင်ငံခြားတောင် တင်ပို့ ရောင်းချ နေရပါသေးတယ်။ ရိက္ခာ အတွက် ပူစရာ မရှိပါဘူး။ စိုက်ပျိုးနိုင်တဲ့ နေရာ မှန်သမျှမှာသာ စိုက်ပျိုး၊ ငတ်မှာ မပူရပါဘူး။ ရိက္ခာတွင်လား၊ လူမှာ စားဝတ် နေရေးလို့ အရေးသုံးပါး ရှိတယ်။ ဝတ်ဖို့ အရေးကောလို့ မေးလာရင် ဝါဂွမ်းစိုက်လို့ မြန်မာနိုင်ငံ အလယ်ပိုင်းက ကောင်းကောင်းရပါတယ်။ စိုက်လည်း စိုက်နေပါတယ်။ က္ဆွန်ဘဝတုန်းက စတီးဘရားသားတို့လို အရင်းရှင် လက်ဝါးကြီးအုပ်တွေက မြန်မာ ဝါတောင်သူတွေဆီက ဝါဝယ်ပြီး နိုင်ငံခြား တင်ပို့လာ ခဲ့ကြတာပါ။ ကျမတို့ ဥတုရာသီနဲ့ တကယ် လိုက်ဖက်တဲ့ ချည်ထည် ရက်လုပ် ဝတ်ဆင်ဖို့ ကိုယ့်နိုင်ငံထဲကချည်း ပြည့်စုံနိုင်ပါတယ်။

နေရေး အတွက်ကော သူများ နိုင်ငံတွေမှာ မရှိတဲ့ သစ်တောကြီးတွေ ကျမတို့မှာ ရှိတယ်။ ဒီသစ်တောကြီးက ထွက်တဲ့ သစ်နဲ့ အိမ်ဆောက် နေနိုင်တယ်။ နိုင်ငံခြားကို သစ်ရောင်းပြီး တလျှောက်လုံး နိုင်ငံခြားငွေ ရအောင် မြန်မာသစ်နဲ့ ငွေရှာလာခဲ့တဲ့ နိုင်ငံပါ။

စားစရာ၊ ဝတ်စရာ၊ နေစရာတွင်လား ဆိုတော့ ဟုတ်ပါရိုးလား၊ ရေနံတို့၊ ကျောက်မီးသွေးတို့ကလည်း ထွက်နေသေးရဲ့၊ ရွှေငွေ ကျောက်သံ ပတ္တမြားတွေကလည်း နေရာပေါင်း များစွာက ထွက်နေသေးတယ်။ ရှိမှန်း မသိလို့ မတူးဖော် မရှာဖွေ ရသေးတာကလည်း ဘယ်လောက်များ ဦးမယ် မသိဘူး။ တောက်တီး တောက်တဲ့ မမှတ်ပါနဲ့။ တကယ် ချမ်းသာတဲ့ နိုင်ငံပါ။

ဒါကြောင့် ရိုးရိုးကုတ်ကုတ် လုပ်စားနေတယ် ဆိုဦးတော့ လူဦးရေ ထိန်းချုပ်စရာတောင် မလိုသေးဘဲ ဒူးနန့်ပြီး လုပ်ကိုင် စားနေနိုင်တဲ့ နိုင်ငံပါ။

အမိနိုင်ငံဟာ ဒီလို ပွေွါ့ကယ်ဝတာနဲ့ အတူ အမိနိုင်ငံမှာရှိတဲ့ ဘာသာတရားကလည်း သူတပါးကို မေတ္တာ ထားနိုင်တယ်။ ကိုယ့်ထက် ဆင်းရဲ ဒုက္ခရောက်သူကို သနားကရုဏာ သက်နိုင်တယ်။ ကိုယ်နဲ့ အတူရှိသူ၊ ကိုယ့်ထက်သာသူကို ဝမ်းသာ အယ်လဲ သာဓု ခေါ်နိုင်တယ်။ မရှိရင် ဝေစားမယ်လို့ ပေးနိုင် ကွေ္ဆးနိုင်တယ်။ သူတပါးရဲ့ ကျုးကျော် စော်ကားမှုကို သည်းခံခွင့်လွှတ် ချေဖျောက်နိုင်တဲ့ ဘာသာတရားမျိုးကိုလည်း လက်ကိုင် ထားကြသေးတယ်။ တင်းတိမ် ရောင့်ရဲမှုကိုလည်း ကျင့်သုံး လိုက်ကြသေးတယ်။

ကဲ၊ ဘယ်လောက် နေချင်စဖွယ် ကောင်းတဲ့ နိုင်ငံပါလဲ။
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
ဒါနဲ့များ လူတွေ ဘာလို့များ သူများနိုင်ငံတွေ ထွက်ပြီး ရှာဖွေ နေကြရသလဲလို့ မေးလာရင်တော့ ဒါဟာ အခိုက်အတန့် ကိစ္စ၊ အစာဝတော့ ဌာန ပြန်မည့်သူချည်း။ ကျမတို့ နိုင်ငံမှာ လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်း စည်းစည်းလုံးလုံးနဲ့ ညီညီညွတ်ညွတ် အချင်းချင်း လက်တွဲ လုပ်ဆောင်နိုင်ကြရင် ဘာမှ မကြာတဲ့ ကာလမှာ လုပ်စရာ အလုပ်တွေ တောင်ပုံရာပုံ ရှိလာမှာ၊ အဲဒီတော့ အဝေးရောက် သားသမီးတွေလည်း အားလုံး ပြန်လာကြမှာ၊ သူများ နိုင်ငံတွေလို ခုမချမ်းသာ သေးသကောလို့ စိတ်ဓာတ် မကျပါဘူး။ ကျမတို့ဟာ မြန်မာ့ ရေမြေပေါ်က မြန်မာတွေပါ။ ။

လူထုဒေါ်အမာ

Saturday, September 26, 2009

၂၅ရက်နေ့ မိုးမခသတင်းပါ မှတ်ချက်နှင့် ပတ်သတ်၍ အရှင်ထာဝရမှ ရှင်းလင်းချက်။

၂၅ရက်နေ့ မိုးမခသတင်းပါ မှတ်ချက်နှင့် ပတ်သတ်၍ ဓာတ်ပုံပါ ကာယကံရှင် အရှင်ထာဝရမှ ရှင်းလင်းချက်။

မြန်မာရဟန်းတော်များနှင့် နိုင်ငံရေး

မြန်မာနိုင်ငံတော်သမိုင်းမှာ နိုင်ငံရေးအကြောင်းကို ပြောလျှင် ဆရာတော် ဦးဥတ္တမအ
ကြောင်းကို ချန်လှပ်၍ပြောမည်ဆိုက မပြည့်စုံနိုင်ပေ။ ဆရာတော်သည် နိုင်ငံခြားသို့
ပညာတော်သင်သွားရောက်ကာ ဘာသာဗေဒပညာရပ်များ၊ ကမ္ဘာ့ဗဟုသုတ အမြင်များ
ကို သေချာကျနစွာ လေ့လာလိုက်စားခဲ့ပါသည်။ အကြားအမြင်ဗဟုသုတများပြည့်စုံလာ
သည့်အခါ မြန်မာနိုင်ငံကြီးကို အင်္ဂလိပ်နယ်ချဲ့တွေရဲ့ လက်အောက်က လွတ်မြောက်ရမယ်
ဆိုတဲ့ ရည်ရွယ်ချက်နှင့် မြန်မာနိုင်ငံကို ပြန်လာကာ နိုင်ငံရေးတရားများကို စတင်ဟောပါ
တယ်။ အင်္ဂလိပ်အစိုးရကို မြန်မာပြည်ကနေ ရဲရင့်ပြတ်သားစွာ မောင်းထုတ်ခဲ့ပါတယ်။ တစ်
တိုင်းပြည်လုံးက အင်္ဂလိပ်အစိုးရကို မော်တောင်မကြည့်ရဲဖြစ်နေတဲ့အချိန်မှာ ဆရာတော်
က ဘုရင်ခံကရက်ဒေါက် မြန်မာပြည်က ထွက်သွားဆိုတဲ့ ရဲရင့်ပြတ်သားတဲ့ ကြွေးကြော်
သံဟာ တစ်တိုင်းပြည်လုံးကို ညံသွားခဲ့ပါတယ်။ တစ်တိုင်းပြည်လုံးမှာ ကြောက်စိတ်တွေ
လွှမ်းပြီး အမှောင်ဖုံးနေချိန်မှာ ဆရာတော်ရဲ့ ရဲရင့်ပြတ်သားစွာ မကြောက်မရွံ့ မောင်းထုတ်
လိုက်တဲ့အတွက် မြန်မာတစ်နိုင်ငံလုံး အမှောင်ကျနေရာမှ ဆရာတော်ထွန်းပြလိုက်တဲ့အ
လင်းတန်းကြီးကြောင့် တစ်နိုင်ငံလုံး သူ့ကျွန်မခံတွန်းလှန်ကြမယ်ဟေ့လို့ အားလုံးဆုံးဖြတ်ချက်
ချပါဝင်လာခဲ့ပါတယ်။ ဆရာတော်သည် မိမိဘ၀ကို ထောင်ချခံ၊ ဆင်းရဲပင်ပန်းခံကာ တစ်
မျိုးသားလုံးကို ကျွန်စိတ်ဓါတ်ကနေ သခင်စိတ်ဓါတ်ပြန်လည်သွင်းပေးလိုက်ခြင်းဖြစ်ပါတယ်။


ဆရာတော်ပြုစုပျိုးထောင်ပေးမှုကြောင့် သာသနာ့တော်မှာ ဆရာတော်ဦးဝိစာရတို့လို
သာသနာ့အာဇာနည်တွေ ပေါ်ထွန်းလာခဲ့ပါတယ်။ လူုပုဂ္ဂိုလ်တွေထဲမှာလည်း မျိုးဆက်သစ်
ကျောင်းသားအာဇာနည်တွေ၊ ပြည်သူ့အာဇာနည်တွေ ဆက်တိုက် ပေါ်ထွန်းလာခဲ့ပါတယ်။
ဆရာတော်မွေးဖွားပေးခဲ့တဲ့အရှိန်ဟာ တစ်တိုင်ပြည်လုံး လွတ်လပ်ရေးရသည်အထိ အ
ကျိုးများစွာရှိခဲ့သလို၊ ယနေ့အထိလည်း အကျိုးများစွာ ရှိနေဆဲဖြစ်ပါတယ်။ သံဃာတော်
တွေသည် အင်္ဂလိပ်နယ်ချဲ့အစိုးရကို တွန်းလှန်တဲ့နေရာမှာလည်း ရှေ့တန်းက ပါဝင်ခဲ့သ
လို မြန်မာစစ်အာဏာရှင်ကို တွန်းလှန်ရာမှာလည်း ရှေ့တန်းက ပါဝင်ခဲ့ပါတယ်။ ၈ လေး
လုံးအရေးအခင်းမှာ သံဃာတော်အများအပြား သွေးမြေကျခံခဲ့ရ၊ ဖမ်းဆီးခံခဲ့ရ၊ နှိပ်စက်ခံခဲ့
ရတာကို အားလုံးအသိပဲဖြစ်ပါတယ်။ ၁၉၉၀ ပြည့် ပထမအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင်
ကာ နအဖစစ်ဗိုလ်တွေကို သပိတ်မှောက် တိုက်ပွဲဝင်စဉ်မှာလည်း သံဃာတော်တွေရဲ့သွေး
တွေ မြေခခဲ့ကြရပါတယ်။ နအဖ စစ်အာဏာရှင်ကြီးများဟာလည်း သူတို့ကို တော်လှန်သူ
မည်သူ့ကိုမဆို တိပိဋ္ဋဓရ ဆရာတော်ကြီးတွေပါ မကျန် ထောင်ချနှိပ်စက်၊ သတ်ဖြတ်၊ ညှင်း
ပန်းခဲ့ကြပါတယ်။ ရဟန်းပျိုသမဂ္ဂအသင်း၊ သံဃာ့သမဂ္ဂီအသင်း၊ စသည့် သံဃာတွေ ညီ
ညွတ်စွာဖွဲ့ထားတဲ့ အဖွဲ့အစည်းအသီးသီးကိုလည်း ဖျက်ဆီးခဲ့ပါတယ်။ သူတို့ ဘယ်လိုပင်
နှိပ်စက်၊ နှိပ်စက်၊ ဘယ်လိုပင်သတ်ဖြက် သတ်ဖြက် ရဟန်းသံဃာတွေကတော့ နည်းနည်း
လေးမှ နောက်ဆုတ်မသွားခဲ့ပါဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ နည်းမျိုးစုံရှာကာ တိုက်ပွဲဆက်
ဝင်နေကြပါတယ်။ သံဃာတော်တွေ နိုင်ငံရေးထဲ မပါဝင်နိုင်အောင် နည်းမျိုးစုံသုံးကာ အကောက်
ကြံဖျက်ဆီးခဲ့ကြပါတယ်။ ချဲ၊ ဘောလုံး၊ လောင်းကစားပွဲများကို ကျောင်းတိုက်တွေထဲမှာ တရားဝင်
ခွင့်ပြုထားခဲ့ပါတယ်။ သူတို့ ဘယ်လိုပင်ဖျက်ဆီးဖျက်ဆီး တကယ့်သာသနာကိုချစ်၊ နိုင်ငံကို
ချစ်တဲ့သာသနာ့အာဇာနည်တွေရဲ့စိတ်ဓါတ်ကိုတော့ဘယ်လိုမှ မဖျက်ဆီးနိုင်ခဲ့ပါဘူး။ ရ
ဟန်းပျိုသမဂ္ဂအသင်း၊ သံဃာသမဂ္ဂီအသင်းများကို လျှို့ဝှက်စွာ ဖွဲ့စည်းခဲ့ကြပါတယ်။ ရန်
ကုန်ရဟန်းပျိုသမဂ္ဂအသင်းကို ဦးဂမ္ဘီရနှင့်တကွ သံဃာတော်များ လျှို့ဝှက်စွာ ဖွဲ့စည်းခဲ့ကြပါ
တယ်။ မန္တလေး သံဃာ့သမဂ္ဂီအသင်းကို စာရေးသူအပါအ၀င် ယခုထောင်ကျနေသော ဦး
ခေမိန္ဒ၊ ရဲဘက်စခန်းမှ ထွက်ပြေးလွတ်မြောက်သွားတဲ့ ဦးပညာသီရိတို့နှင့်တကွ သံဃာ
တော်များပေါင်းစည်း၍ လျှို့ဝှက်စွာ ဖွဲ့စည်းခဲ့ကြပါတယ်။ အခြားပြည်နယ်တိုင်းအသီးသီး
မှာလည်း သံဃာ့အဖွဲ့အစည်းများကို လျှို့ဝှက်စွာ ဖွဲ့စည်းတည်ထောင်ခဲ့ကြပါတယ်။ သံ
ဃာ့အဖွဲ့အစည်းခေါင်းဆောင်များအချင်းချင်း လျှို့ဝှက်စွာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
နိုင်ငံရေးစာအုပ်စာတမ်းများ၊ နိုင်ငံရေးလှုပ်ရှားမှု CD, VCD , DVD ခွေများကို လျှို့ဝှက်စွာ
ဖြန့်ဝေခဲ့ကြပါတယ်။ ၂၀၀၇ စက်တင်ဘာမှာ ပခုက္ကူမြို့သံဃာတော်များ ငြိမ်းချမ်းစွာ မေတ္တာ
ပို့လမ်းလျှောက်သည်ကို နအဖ စစ်အာဏာရှင်များမှ ကြိုးကွင်းဖြင့်ပစ်ဖမ်းခြင်း၊ ဓါတ်တိုင်မှာ
ကြိုးနှင့်တုတ် သေနတ်ဒင်ဖြင့် ထုခြင်း၊ စစ်ဖိနပ်ဖြင့် ကန်ကြောက်ခြင်းတို့ကြောင့် သံဃာ့အ
ရေးခင်းတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ထိုအရေးခင်းနှင့်ပတ်သတ်၍ သံဃာ့ခေါင်းဆောင်များ
လျှို့ဝှက်စွာ စည်းဝေး ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။ စည်းဝေးဆုံးဖြတ်ချက်အရ သံဃာ
တော်များအား နအဖစစ်အစိုးရမှ မိမိမှားယွင်းကြောင်း ပြန်တောင်းပန်၊ မလိုက်နာပါက သ
ပိတ်မှောက်မည်ဆိုသည့်အကြောင်းကို ကြေငြာချက်ရေးသားကာ BBC , VOA , RFA စ
သည့်သတင်းဌာနများမှ ကြေငြာခဲ့ပါတယ်။ ထိုကြေငြာချက်စာရွက်စာတမ်းများကို မန္တလေး
မုံရွာ၊ ရန်ကုန်၊ ပြည်၊ ပဲခူး၊ ရခိုင် စသည့် ပြည်နယ်တိုင်း အသီးသီးသို့ ဖြန့်ဝေလှုပ်ရှားခဲ့ကြပါ
တယ်။ နအဖ စစ်အစိုးရမှ သံဃာတော်များ တောင်းဆိုထားသည့် အချက်ကို မလိုက်နာ
သည့်အတွက် ၁၈ ရက် စက်တင်ဘာ ၂၀၀၇ မှ စတင်ကာ ပတ္တနိက္ကုဇနကမ၀ါစာရွတ်ဆို
ကာ သပိတ်မှောက်ခဲ့ကြပါတယ်။ ဒါပေမယ့် နအဖစစ်အစိုးရသည် မတောင်းပန်သည့်အပြင်
သံဃာတော်များကို စစ်သေနတ်ဖြင့်ပစ်သတ်၊ ၀ါးရင်းတုတ်ဖြင့်ရိုက်၊ စစ်ဖိနပ်ဖြင့် ကန်ကြောက်ခဲ့
ကြပါတယ်။ ကျောင်းတိုက်ပေါင်း ၆၀ ကျော်ကို သူပုန်စခန်းဆီးသလို အတင်းဝင်ရောက်
သတ်ဖြတ် နှိပ်စက်၊ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြပါတယ်။ နအဖ စစ်အစိုးရသည် နောက်
ထပ်တစ်ကြိမ် သာသနာတော်တစ်ခုလုံးကို စော်ကားလိုက်သည့်အတွက် တတိယအကြိမ်
သပိတ်မှောက်ကံကို ကျူးလွန်လိုက်ပြန်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအတွင်း သံဃာ
တော်များနှင့် ပြည်ပနိုင်ငံအသီးသီးရှိ သံဃာတော်များ စည်းဝေးတိုင်ပင်ကာ နအဖ စစ်အ
စိုးရအား တတိယအကြိမ်သပိတ် ဆင်နွှဲရန် အားလုံး သဘောတူညီခဲ့ကြပါတယ်။ ထိုသ
ဘောတူညီ ဆုံးဖြတ်ချက်အရ လာမည့် အောက်တိုဘာ ၃ ရက်နေ့၊ သီတင်းကျွတ်လပြည့်
ပ၀ါရဏာနေ့တွင် နအဖစစ်အစိုးရကို ပတ္တနိက္ကုဇန ကမ၀ါစာရွတ်ဆိုကာ သပိတ်မှောက်ကြ
မည်ဖြစ်ပါတယ်။ သံဃာတော်များ၏ ဦးဆောင်မှုနောက်တွင် တစ်တိုင်းပြည်လုံး လှည်းနေ
လှေအောင်း မြင်းစောင်းမကျန် အမျိုးဘာသာ၊ သာသနာကို အသက်ပေးကာကွယ်ကြမည်
ဆိုလျှင် နအဖစစ်အစိုးရသည် ဒီတစ်ချီမှာ ကျိန်းသေမုချ ကျဆုံးရတော့မည် ဖြစ်ပါကြောင်း
ကို အသိပေးပြောကြားရင်း…………………………။ ။

မင်းသုည( ကွမ်းခြံကုန်း )

Friday, September 25, 2009

Burma needs true democracy not a junta-sponsored sham

By ASHIN ISSARIYA
Published on September 26, 2009

WHEN THE MILITARY regime closed schools after the 1988 democratic uprising, I had few options other than to become a monk. I eagerly wanted to gain an education in a society plagued with the darkness of ignorance. Being a monk has helped me to better understand and see the reality of life for the people of Burma.


In order to maintain control, the military authorities use coercion, fear and poverty to strip people of their choices. The main decision the majority of people in my country are left with is how to survive day to day. As long as there is a regime that places its own power and profits over the lives of people, myself, other monks and civilians are left with no other option than to utilise our inner strength and continually work for peaceful change.

People often turn to monks for spiritual and physical service, and in return monks are reliant on the alms of the people to sustain our life and work. We are linked together, and when people are too afraid to express their sorrow and needs to the local authorities they often turn to monasteries.

The military regime tells monks and nuns to not get involved in politics, but in our eyes politics concerns all people and not just politicians and big generals. In September 2007, I marched with hundreds of thousands of monks and civilians through the streets of Burma, as part of our duty to end suffering. Our demands were clear and focused on bringing peace and reconciliation to the country.

Though the military tried to cruelly crush the Saffron Revolution, Burma will never be same again. The images of soldiers shooting monks will never be forgotten. The regime's lies were revealed and a new generation of activists was born. Brutality can quiet some people using fear, while others will respond with greater resolve for peace.

There are two distinctly visible and different forces working for peace and stability in Burma.

As the monks marched they chanted the prayer of the Metta Sutra, the prayer for universal love and kindness. Like many other people we want a truly democratic government, one that fully respects the rights of people. This sort of government is attainable in Burma and I hold out firmly for a national system built through cooperation, trust and dialogue.

The military regime, wrongly named the State Peace and Development Council, believes that peace means maintaining complete control - with nobody questioning, thinking or hoping. Totalitarian control is not a necessary evil in order to keep the country together, but it is an evil that is unnecessarily breaking the country apart.

The people of Burma do not want to wait any longer for democracy. The election the military regime is pushing for in 2010 has already been arranged for the people to lose. The military wrote the constitution and they will write the names of the election winners. If the people of Burma accept this then it gives a free ticket for the Burmese generals to stay in power, just in different uniforms. We do not want the farce of governance to continue and we are ready to continue our efforts with undaunted strength.

Many people around the world have spoken out for genuine progression to happen in Burma, joining with the diverse and united voices of Burma's democratic and ethnic leaders.

The benchmarks are clear as to what must happen to have true reconciliation and peace in Burma. All political prisoners must be released, including Aung San Suu Kyi and many of my friends and colleagues who are among the 200 monks and nuns currently enduring imprisonment.

There also must be political dialogue in the country.

If Burma is going to become a peaceful country there must be cooperation between peoples and parties or else the result could be more conflict. Many others and I are ready for the discord to end.

I implore the humanity of the international community, to recognise the connection they share with the people of Burma as fellow humans. We all hold a strong responsibility to one another, to wisely use our compassion to protect each other from fear and suffering.

I also implore people to recognise the global benefits of a truly peaceful Burma. It is absolutely necessary for the international community to move beyond just voicing their concern, and follow their words with concrete actions.

Peace must happen in Burma at some point, and the time is now to achieve it and endure decades of false democracy to reach our goal.
http://www.nationmultimedia.com/2009/09/26/opinion/opinion_30113116.php

Thursday, September 24, 2009

ပြည်သူ့ ရန်သူ


စွမ်းအားရှင်တယောက်ရဲ့ ဓါတ်ပုံပါ။ သူက ကျောက်တံတားမြို့ နယ်မှာနေပါတယ်။ ဘားလမ်းက အလှပြင်ဆိုင်တွေ နဲ့  တခြား လမ်းဘေးဈေးသည်တွေဆီက ဆက်ကြေးကောက်လေ့ရှိပါတယ်။ တနေ့ ကို ကျပ် ၅၀၀၀ လောက်ရတယ်။ သူ့ ခါးမှာ စကားပြောစက်ကို ထိုးထားတယ်။

ပတ္တနိက္ကုဇ္ဇနကံဆောင်ရန် ဆရာတော်ကြီးများတွင် တာဝန်ရှိဟု သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက လျှောက်ထား


လာမည့်အောက်တိုဘာ (၃) ရက်၊ သီတင်းကျွတ်လပြည့် (၁၅) ရက်နေ့တွင် မြန်မာတနိုင်ငံလုံးရှိ သံဃာတော်များ ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက် ကမ္မ၀ါရွတ်ဆိုရာတွင် သံဃာ့နာယကဆရာတော်ကြီးများလည်း ပါဝင်ရန် တာဝန်ရှိသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက ထုတ်ပြန်ကြေညာထားသည်။

“အဲဒါကတော့ ၀ိနည်းဥပဒေကံနဲ့အညီ ဆောင်ရွက်ထားတာဖြစ်တဲ့အတွက်ကြောင့် ဆရာတော်ကြီးတွေမှာလည်း တာဝန်ရှိတယ်။ သူတို့လည်း သံဃာတပါးဖြစ်တယ်။ သူတို့က ပစ္စည်းလာဘ်လာဘကို မကြည့်ဘဲနဲ့ မြတ်စွာဘုရားရဲ့ ၀ိနည်းဥပဒေကိုပဲ ကြည့်မယ်ဆိုရင် သူတို့ ကြိမ်းသေမုချလုပ်ရမှာပဲ။ အဲဒါကို သူတို့ကိုယ်တိုင်က ဆန့်ကျင်ပြီးတော့ အစိုးရဘက်လိုက်မယ်ဆိုရင်တော့ သူတို့ကိုယ်တိုင်က မြတ်စွာဘုရားရဲ့ ၀ိနည်းဥပဒေကို ချိုးဖောက်သောသူဖြစ်တယ်ပေါ့။ ဒါကတော့ ၀ိနည်းဥပဒေကို လေးစားမှု ရှိမရှိနဲ့၊ လိုက်နာမှုရှိမရှိ စံချိန်နဲ့ သတ်မှတ်ရမှာပဲ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးမှ နိုင်ငံခြားရေးရာတာဝန်ခံ အရှင်ဣဿရိယက မိန့်ကြားသည်။

သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက နအဖအနေဖြင့် ဖမ်းဆီးထားသည့်သံဃာတော်များအား ပြန်လွှတ်ပေးရန်နှင့် သာသနာတော်အပေါ် စော်ကားထားမှုများအား ၀န်ချတောင်းပန်ရန် တောင်းဆိုထားပြီး ယင်းသို့မလုပ်ဆောင်ပါက လာမည့် အောက်တိုဘာ (၃) ရက်တွင် နိုင်ငံတ၀န်းရှိ သံဃာတော်အားလုံး သပိတ်မှောက်ကံဆောင်ရန် နှိုးဆော်ထားသည်။ ယင်းသို့ ကံဆောင်ရာတွင် နိုင်ငံတော်သံဃာ့မဟာနာယက ဆရာတော်ကြီးများလည်း သပိတ်မှောက်ကံဆောင်ပေးကြရန် စက်တင်ဘာ (၁၇) ရက်နေ့တွင် ထပ်မံလျှောက်ထားခဲ့သည်။

“ဦးဇင်းတို့ကတော့ ဆရာတော်တွေ တညီတညွတ်တည်းနဲ့ တာဝန်အရှိဆုံးဆိုပြီးတော့ လျှောက်တာပေါ့လေ။ တကယ်လုပ်ပေးဖို့ကတော့ ဆရာတော်တွေ သူတို့တာဝန်ကျေပွန်စွာနဲ့ ထမ်းဆောင်၏၊ မထမ်းဆောင်၏ဆိုတာတော့ ကျိန်းသေပြောလို့မရဘူးပေါ့။ တချို့ဆရာတော်ကြီးတွေကတော့ ထမ်းဆောင်ကြမယ်လို့ စကားအဖြစ်ရထားတာတွေတော့ ရှိတယ်ပေါ့” ဟု အရှင်ဣဿရိယက မိန့်ဆိုသည်။

ပတ္တနိက္ကုဇ္ဇနကံဆောင်မှု ပြုလုပ်သည်ဆိုရာတွင် တတိုင်းပြည်လုံးမှ ကျောင်းများအားလုံး၊ သံဃာတော်များအားလုံး တပြိုင်နက်တည်း သပိတ်မှောက်ကမ္မ၀ါစာကို ရွတ်ဆိုမှ အောင်မြင်ခြင်းမဟုတ်ဘဲ သိမ်တခု ကျောင်းတကျောင်းကျောင်းမှ သံဃာများက ပတ္တနိက္ကုဇ္ဇနကမ္မ၀ါစာများ ရွတ်ဆိုကာ သပိတ်မှောက်ကံဆောင်လိုက်သည်ကို ကျန်သံဃာများက အသိအမှတ်ပြုလိုက်ပါက အထမြောက်သည်ဟု အရှင်ဣဿရိယက ရှင်းလင်းမိန့်ဆိုသည်။

၎င်းက “တတိုင်းပြည်လုံးက သံဃာတော်တွေအကုန်လုံးက လိုက်ပြီးတော့မှ သပိတ်မှောက်ကမ္မ၀ါစာကို ရွတ်ဆိုမှ အောင်မြင်တာမဟုတ်ဘူး။ သိမ်ထဲမှာ သံဃာ (၄) ပါးနဲ့ ပတ္တနိက္ကုဇ္ဇနကမ္မ၀ါစာ ရွတ်လိုက်ပြီဆိုရင်ကို ကျန်တဲ့သံဃာတွေက သပိတ်မှောက်ကံဆောင်တာကို အသိအမှတ်ပြုလိုက်ရင် အထမြောက်သွားတယ်။ သံဃာလုပ်တဲ့ကံဖြစ်တဲ့အတွက်ကြောင့် မဖြစ်မနေ ကျန်သံဃာတွေက လိုက်နာရတယ်။ သံဃာ (၄) ပါးဆိုရင် သံဃာ့ကံဖြစ်သွားတယ်။ အကုန်လုံးက ဒီကံကို လေးစားလိုက်နာရတယ်။ ဒါကြောင့် မဖြစ်မနေ အဲလိုလုပ်ပြီးသွားလို့ မလိုက်နာရင် မြတ်စွာဘုရားရဲ့ဝိနည်းတော်ကို ချိုးဖောက်တဲ့အတွက်ကြောင့် အဲဒီမလိုက်နာတဲ့သံဃာက အပြစ်ရှိသွားတယ်” ဟု မိန့်ဆိုသည်။

နအဖစစ်အစိုးရက သံဃာတော်အပါး (၂၄၀) နှင့် သီလရှင် (၁၀) ပါးတို့အား အကျဉ်းထောင်ထဲတွင် ဖမ်းဆီးအကျဉ်းချထားပြီး ယခုလည်း သံဃာတော်များအား ဆက်လက် ဖမ်းဆီးမှုများရှိနေကြောင်း၊ အချို့သံဃာတော်များမှာ ကျောင်းတိုက်တွင်မနေရဲဘဲ ထွက်ပြေးတိမ်းရှောင်နေရပြီး လူဝတ်လဲကုန်ကြရသည်များ ရှိသဖြင့် သာသနာတော်ပျက်စီးဆုတ်ယုတ်လာသည့် အခြေအနေနှင့်ရင်ဆိုင်နေရကြောင်း သံဃာ့တပ်ပေါင်းစုအဖွဲ့က ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် သာသနာတော်တွင် အန္တရာယ်ကြုံတွေ့လာပါက မြတ်စွာဘုရားချမှတ်ထားသည့် ၀ိနည်းဒေသနာတော်နှင့်အညီ ပတ္တနိက္ကုဇ္ဇနကံဆောင် တားမြစ်ပိတ်ပင် ကာကွယ်ရမည်ဖြစ်သဖြင့် သပိတ်မှောက်ပွဲကို သာသနာတော်တွင် တာဝန်အရှိဆုံး ဆရာတော်ကြီးများကိုယ်တိုင် ဦးဆောင်ပါဝင်ကြရန် လျှောက်ထားတိုက်တွန်းထားသည်။

Wednesday, September 23, 2009

ကင်ဆာရောဂါအတွက်ဆေးတစ်ခွက်

ယနေ့ဂျပန်နိုင်ငံမှာ ဓါတ်စာဖျော်ရည်တစ်မျိုး ခေတ်စားနေပါသည်။ လူအများ စိတ်ဝင်စားလာအောင် စတင်ဖော်ထုတ် ဆော်သြ ခဲ့သူကတော့ ဂျပန်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး အရှင် တိုမီဇာဝ ဖြစ်ပါတယ်။ ထင်ပေါ်ကျော်ကြားလာတဲ့ ဓါတ်စာဖျော်ရည်ကတော့ ``အာလူးစိမ်း`` ဖျော်ရည်ပဲဖြစ်ပါတယ် ။

ဂျပန်နိုင်ငံမှာ အာလူးစိမ်းဖျော်ရည်ကြောင့် ရောဂါ သက်သာပျောက်ကင်းသွားရတဲ့ လူနာတွေ ၊ လူနာရှင်တွေ ဆီက ကျေးဇူးတင်ကြောင်း ပလူပျံသလိုရောက်လာတဲ့စာတွေ အရှင်တိုမီဇာဝ လက်ခံရရှိခဲ့ပါတယ် ။

ဆရာတော်က "ဒီနှစ်ထဲမှာ ကင်ဆာအများအပြားဟာ အာလူးစိမ်းဓါတ်စာ ကို မှီဝဲခဲ့ကြပြီး ပမာဏ တော်တော်များများဟာ သိသိသာသာသက်သာသွားပြီး သေမင်းနှုတ်ခမ်းဝက ပြန်လာနိုင်ခဲ့ကြပါတယ်" ။

အသုံးပြုပုံကတော့ အာလူးအစိမ်း လတ်လတ်ဆတ်ဆတ်ကို ရေစင်အောင်ဆေးပြီး ထုထောင်းပါမယ် ။
ပြီးမှ ပိတ်စိမ်းပါးနဲ့ထုပ်ပြီး အရည်ရအောင်ညှစ်ယူပါမယ် ။ အဲဒီအရည် ဖန်ခွက်တစ်ခွက်မှ နှစ်ခွက် နေ့စဉ်မှီဝဲသွားမယ်ဆိုရင် အသည်းရောဂါ ၊ ဆီးချိုရောဂါ ၊ အစာအိမ်ရောဂါ ၊ကျောက်ကပ်ရောဂါ ၊ နှလုံးရောဂါ ၊သွေးတိုးရောဂါ ခါးနာ ၊ ပုခုံးနာ ၊ ကျီးပေါင်းနာရောဂါတွေ ပျောက်ကင်းစေတယ်လို့ဆိုပါတယ် ။ပျောက်ကင်းကြောင်း အနယ်နယ် အရပ်ရပ်က ထောက်ခံစာများရရှိထားတယ်လို့ဆိုပါတယ် ။

သာဓကတစ်ခုအနေနဲ့ကတော့ ......
မစ္စတာတီဆိုသူသည် နားရွက်အောက်နားမှာ အဖုတစ်ဖု ပေါ်လာတာနဲ့ ဆေးရုံကိုသွားပြီး ကင်ဆာကျိတ် ဖြစ်နေပြီး ခွဲစိတ်ကုသပြီး ဓါတ်ကင်ခဲ့ပါတယ် ။ သို့သော်လဲ ကင်ဆာကလပ်စည်းတွေက အဆုတ်ထိအောင် ပျံနှံသွားပါတယ် ။ သက်ဆိုင်ရာ ဆရာဝန်ကြီးများက ကင်ဆာကလပ်စည်းတွေ ပျံနှံ့ကုန်လို့ ကုသလို့ မရနိုင်တော့ ဘူးလို့ ဆိုပါတယ် ။

အဲဒီနောက် သူဟာ အာလူးစိမ်းဓါတ်စာ အကြောင်းကြားသိရတဲ့အတွက် အရှုံးမရှိဘူးဆိုပြီး သောက်ကြည့်တယ် ။
အညွှန်းအတိုင်း နေ့စဉ်ရက်ဆက် ဇွဲကောင်းကောင်းနဲ့ သောက်ခဲ့ပါတယ် ။ အခုဆိုရင် ကင်ဆာကလပ်စည်းတွေ လျှော့ကျသွားပြီး ထိန်းချုပ်ထားနိုင်တဲ့အတွက် ကျန်းမာရေးနဲ့ ခွန်အား ပြန်ကောင်းလာပါတယ် ။ မူလ အလုပ်အကိုင်လည်း ပြန်ပြီးလုပ်ကိုင်နိုင်ပါပြီ ။

သုတေသီ တိုမီဇသက သူ့ရဲ့ ``ကင်ဆာရောဂါ ကြောက်စရာမလို၊ ကျန်းမာစေကြောင်း နည်းလမ်းကောင်း ``(The way to healthy life ; Cancer not to be feared) ဆိုတဲ့ စာအုပ်ထဲမှာ ကင်ဆာ ရောဂါခွဲစိတ်ကုသခဲ့သည့်တိုင်အောင် လူနာရဲ့အကြောက်တရားကြောင့် ကင်ဆာကလပ်စည်းတွေ ပျံနှံ့ ကုန်ရပါတယ် ။

သူဟာ ကင်ဆာဆေးအဆက်မပြတ်မှီဝဲရပြီး ဓါတ်ကင် ပြီးသွားပြီဆိုတဲ့ သတင်းမကြားရသလောက်ပါပဲ ။ ဒါ့အပြင် ပြင်းထန်တဲ့ ကုထုံးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေရဲ့ အကျိုးဆက်ကို လူနာက ခံစားရပါသေးတယ် ။ အကျိုးဆက်အနေနဲ့ လူနာဟာ ခံတွင်းပျက်ခြင်း ၊ အားအင် ချည့်နဲ့လာခြင်းတို့ဖြစ်လာရပါတယ် ။ အာလူးစိမ်း ဓါတ်စာကို သောက်ခြင်းအားဖြင့် ဘေးထထွက်ဆိုးကျိုးတွေ မခံစားရပဲ လူနာဟာ တစ်နေ့တစ်ခြား အားအင်ပြည့်ဖြိုးလာတာတွေ့ရပါတယ် ။ အာလူးပင်ဟာ ပင်ကိုယ်က အာဟာရပြည့်ဝနေတဲ့ အစာတစ်ခုဖြစ်တဲ့အတွက် အကျိုးမယုတ်ပါဘူး ။ သူ့ကို မှန်မှန်မှီဝဲခြင်းအားဖြင့် ကင်ဆာ ကလပ်စည်းတွေကို ဟန့်ထားစေပါတယ် ။`` လို့ဖော်ပြထာားပါတယ် ။

အာလူးစိမ်း ဓါတ်စာဟာ ကိုယ်တိုင် လွယ်လွယ်ကူကူ ဖော်စပ်နိုင်ပြီး ချက်ချင်းလက်ငင်း သောက်သုံးနိုင်ပါတယ် ။
ပြီးတော့ အဲဒီအချိန်တိုအတွင်းမှာ သူ့ရဲ့ အာနိသင်ကို တွေ့ထိခံစားနိုင်ပါတယ် ။ `` ဓါတ်စာ တစ်ပါတ် နှစ်ပါတ်လောက် သောက်ပြီးတာနဲ့နာကျင် ကိုက်ခဲမှုဝေဒနာတွေ တစ်စတစ်စ လျှော့ပါးသွားပါတယ် ။ ခံတွင်းပြန်ပြီးကောင်းလာမယ် ။ အသားအရေပြန်ပြီးကောင်းလာမယ် ။

အာလူးစိမ်း ဓါတ်စာကို အထူးသဖြင့် ထောက်ခံတဲ့နောက်တစ်ဦးကတော့ ဒေါက်တာ ကိုင်နိုရှိတ ဖြစ်ပါတယ် ။
သူ့အဆိုတွေက `` အာလူးကို ဥရောပတိုက်သားတွေက တစ်ချိန်တုန်းက မဟာပထ၀ီမြေကြီးရဲ့ ပန်းသီး (Apple of the great earth) လို့ခေါ်ခဲ့ကြောင်း သိရပါတယ် ။

အာလူးမှာ အဟာရဓါတ်တွေ စုံစုံလင်လင်ပါရှိပြီး အထူးသဖြင့်ဗိုက်တာမင်စီဓါတ်နဲ့ ထုံးဓါတ်တို့ အများဆုံးပါဝင် ပါတယ် ။ ရှေးဟောင်း ဂျာမန်ဆေးကျမ်းတွေမှာ အာလူးစိမ်းဓါတ်စာရည်ကို ..အစာအိမ်အနာပေါက်ခြင်း ၊ ၀မ်းချုပ်ခြင်းတွေ အတွက်ပေးရကြောင်း ဖော်ပြထားပါတယ် ။

ကင်ဆာကလပ်စည်းတွေကို ထိန်းချုပ်နုင်ခြင်းနှင့်ပါတ်သက်ပြီး အာကိတ တက္ကသိုလ် ဆေးသုတေသန ဌာနက ပါမောက္ခ ကာဂါမိ ကပြောကြားရာမှာ `` ကင်ဆာကလပ်စည်းကို ထိန်းချုပ်စေတဲ့ ဓါတ်ကိုရှာဖွေဖော်ထုတ် နိုင်ခဲ့ပါတယ် ။

အဲဒီဆေးနဲ့ ကြွက်ကလေးတွေ အပေါ်မှာ စမ်းသပ်ကြည့်တဲ့အခါ အလားအလာကောင်းမွန်ကြောင်းတွေ့ရပါတယ် ။
သူဟာ သူ့ရဲ့တွေ့ရှိချက်ကို စာတမ်းပြုစုပြီး မနှစ်က ဂျာမနီနိုင်ငံမှာကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ကင်ဆာညီလာခံ ( International Cancer Society Conference ) မှာ ဖတ်ကြားတင်သွင်းခဲ့ပါတယ် ။

နောက်ဆက်တွဲအနေနဲ့ အာလူးစိမ်းဓါတ်စာ ဖျော်ရည်လုပ်နည်းဟာ အလွန်ပဲလွယ်ကူပါတယ် ။
အရွယ်တူ အာလူး (၃)လုံးကိုယူပြီး ရေစင်အောင်ဆေးပါ ၊ အခွံမနွှာရပါ ။ အစို့ပေါက်လေးများရှိရင် ဖယ်ရှားပေးပါ ။
ပြီးလျှင် အာလူးကို သခွားခြစ်ဖြင့် အစလေးများဖြစ်အောင် ခြစ်ပေးပါ ။ ပြီးက အဲဒီအစလေးများကို သန့်ရှင်းသော ပိတ်စိမ်းပါးစဖြင့် ထုပ်ပြီး (အုန်းနို့ညှစ်သကဲ့သို့) အရည်ညှစ်ယူပါ ၊ အဲဒီအရည်ကိုခွက်ထဲမှာ ထည့်ပြီး အရသာကောင်းအောင် ပျားရည်နဲနဲရောစပ်ပြီး သောက်ပါ ။ အဲဒီအာလူးအရည်ကို နံနက်တိုင်း တစ်ခွက်နှုန်းဖြင့်သောက်ပေးနိုင်ပါတယ် ။

ဖြန့်ဝေသူ၏ အမှာစကား

ယနေ့ကာလခေတ်တွင် ကင်ဆာရောဂါသည် အလွန်အဖြစ်များ၍ ငွေကုန်ကြေးကျ များသောရောဂါဖြစ်ပါသည် ။
ကင်ဆာရောဂါပျောက်ကင်းစေနိုင်သော တိုင်းရင်းဆေး ၊ နိုင်ငံခြားဖြစ်ဆေး အမြောက်အများ ပေါ်ထွက် လျှက်ရှိပါသည်။

ဗုဒ္ဓဘာသာအလိုရ ခန္ဓာရှိ၍ ဝေဒနာရှိဖြင်းဖြစ်ပါသည် ။မိမိပြုသော ကုသိုလ် ၊ အကုသိုလ် အစုစုတို့သည် သံသရာ ပြန်၍ တစ်ဖန် လည်ခြင်းဖြစ်ပါသည် ။ ထို့ကြောင့် စိတ်ဓါတ်မကျဘဲ ၊ အားမငယ်ဘဲ မိမိတို့၏ ရောဂါဝေဒနာများကို စိတ်ဓါတ်ကြံ့ခိုင်စွာ ၊ နည်းလမ်းပေါင်းစုံဖြင့် ကုသရမည့်ဖြစ်ပါသည် ။

မိမိ၏ ကုသိုလ်ကံတရားအကျိုးပေးသော် မိမိနှင့်ကိုက်ညီသော ဆေးဝါးများ ၊ ဆရာသမားများ (အနာနှင့်ဆေးတည့်သော်)တွေ့ ကာ ရောဂါအမြစ်ပြတ်ကာ (လုံးဝ)အရှင်း ပျောက်ကင်းချမ်းသာနိုင်ပါသည် ။

သို့ဖြစ်ရာ အထက်တွက်ဖော်ပြခဲ့သော အာလူးစိမ်းဖျော်ရည်သည် ကုန်ကျစရိတ်နည်းပါးသည့် အပြင် ပြုလုပ်ရန်နည်းလမ်းသည် အလွန်ရိုးရှင်းပါသည် ။ လူသားတို့ စားသုံးသော သဘာဝ သဘာဝ ဓါတ်စာဖြစ်သည့်အတွက်ကြောင့် ဘေးထွက်ဆိုးကျိုးမရှိပါ။ ထို့ကြောင့် ရောဂါဝေဒနာရှင်များ လက်တွေ့အသုံချနိုင်ရန် အကျိုးငှာ ဤ ဆေးနည်းအား တဆင့်ပြန်လည်ဝေငှပေးခြင်း ဖြစ်ပါသည်။
*မှတ်ချက်....အချစ်ကင်ဆာအတွက်တော့ တာဝန်မယူပါ။

မြန်မာ စစ်ခေါင်းဆောင်တွေကို စပိန်နိုင်ငံမှာ တရားစွဲ

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေကို လူသားမဆန်တဲ့ ရာဇဝတ်မှုများ ကျူးလွန်မှု Crime Against Humanity နဲ့ စပိန်နိုင်ငံ တရားရုံးချုပ်မှာ လူ့အခွင့်အရေးအဖွဲ့တခုက အမှုဖွင့် တရားစွဲဆိုလိုက်ပါတယ်။

စပိန်နိုင်ငံ တရားရုံးချုပ်မှာ ပြီးခဲ့တဲ့ သောကြာနေ့က Burma Campaign Spain အဖွဲ့ရဲ့ ညွန်ကြားရေးမှူး မစ္စကွန်ချာ ဘီနို Concha Benos နဲ့ အဖွဲ့ကနေ တရားလိုအဖြစ်နဲ့ အမှုဖွင့် တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

မစ္စကွန်ခြာက မြန်မာစစ်ခေါင်းဆောင်တွေကို နိုင်ငံတကာ ဥပဒေ တွေအရ လူ့အခွင့်အရေး အပြင်းအထန် ချိုးဖောက်မှုတွေအတွက် တရားစွဲဆိုခဲ့တာ ဖြစ်ကြောင်း မစ္စ ကွန်ခြာက RFA ကို ပြောပြသွားတာပါ။

နိုင်ငံတကာ စစ်ရာဇဝတ်မှုခံရုံး ICC နဲ့ နိုင်ငံတကာခုံရုံး ICJ တရားရုံးတို့ သူတို့အဖွဲ့က တင်ပြ တရားစွဲ ဆိုတာ ဖြစ်ပါတယ်။ အခုလို နိုင်ငံတကာခုံရုံးတွေမှာ တရားစွဲဆိုနိုင်ဖို့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ တရားရုံးချုပ်တွေကနေတဆင့် တင်ပြစွဲဆိုရတာ ဖြစ်ပါတယ်။

ချီလီ နိုင်ငံက အာဏာရှင် သမတ ပီနိုရှိရေးတုန်းကလဲ စပိန်တရားရုံးကနေ တဆင့် အခုလို တရာစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ သူအင်္ဂလန်ကို သွားရောက် ဆေးကုသစဉ် ၁၉၉၈ ခုနှစ် အောက်တိုဘာလထဲမှာ သူ့ကို ဖမ်းဆီးခဲ့ပါတယ်။

တချိန်တည်းမှာပဲ မနက်ဖြန် စက်တင်ဘာလ ၂၃ ရက်နေ့မှာ ဝန်ကြီး ဦးဘိုလှတင့် ဦးဆောင်တဲ့ အဝေးရောက် အမျိုးသားညွန့်ပေါင်းအစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ စပိန်နိုင်ကို ရောက်ရှိမှာ ဖြစ်ပြီး၊ စပိန်သမတ အပါအဝင် အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ ရှိကြောင်း မစ္စ ကွန်ချာက ပြောဆိုခဲ့ပါတယ်။

Tuesday, September 22, 2009

Burma: End Repression of Buddhist Monks


Intimidation Intensifies Ahead of Second Anniversary of Crackdown
September 21, 2009

(Bangkok) - Buddhist monks in Burma face continuing repression, intimidation and harsh prison sentences two years after the military government's brutal crackdown on peaceful demonstrations, Human Rights Watch said in a report released today.

The 99-page report, "The Resistance of the Monks: Buddhism and Protest in Burma," written by longtime Burma watcher Bertil Lintner, describes the repression Burma's monks experienced after they led demonstrations against the government in September 2007. The report tells the stories of individual monks who were arrested, beaten and detained. Two years after Buddhist monks marched down the street of the detained opposition leader Aung San Suu Kyi, hundreds of monks are in prison and thousands remain fearful of military repression. Many have left their monasteries and returned to their villages or sought refuge abroad, while those who remained in their monasteries live under constant surveillance.

"The stories told by monks are sad and disturbing, but they exemplify the behavior of Burma's military government as it clings to power through violence, fear, and repression," said Brad Adams, Asia director at Human Rights Watch. "The monks retain a great deal of moral authority, making principled stands by monks very dangerous for a government that doesn't."

The report says that since the 2007 events, thousands of monks have been disrobed (defrocked) and deterred from fulfilling their pivotal role as social mediators in Burmese society. The report also details the crucial social-service role played by monks following the devastation of Cyclone Nargis in 2008 - and the repression faced by many as a consequence.

In a December 2007 report, Human Rights Watch documented 21 deaths as a result of security forces shooting and beating crowds of monks and civilians. Thousands of monks and their supporters were arrested.

Approximately 240 monks are now serving harsh prison terms inside Burma,

including 30-year-old U Gambira, who is serving a 63-year prison term for his role as one of the protest movement's leaders. In the report he is quoted saying:

"We adhere to nonviolence, but our spine is made of steel. There is no turning back. It matters little if my life or the lives of colleagues should be sacrificed on this journey. Others will fill our sandals, and more will join and follow."

U Gambira is now held at an isolated prison in western Burma near the Indian border, where he is reportedly in ill health.

The military government has intensified its surveillance of monasteries, closed down health and social services programs run by local monastic groups in Rangoon and other parts of the country such as Pakokku and Magwe, and continued to disrobe Buddhist monks suspected of political activities. One of the monks Human Rights Watch interviewed in Mandalay said:

"There are military intelligence agents outside, and they watch everyone who goes in and out of the gates. A man from the security services comes every morning and evening to check who of the monks are here, then he leaves."

"That the military government would treat monks engaged in peaceful protests in such an appalling manner shows not only its brutality, but just how out of touch the generals are with the views and sensibilities of ordinary people," Adams said. "This is not surprising, as the government has no popular legitimacy and bases its policies on what will keep it in power, not what the public wants or needs."

The report also traces the long history of activism in the Buddhist Sangha (the Buddhist monkhood). It documents how Buddhist monks have become involved in overt acts of political defiance during periods of great repression in Burma, from the time of British colonialism to anti-military protests following the military coup of 1962, and in major demonstrations against military rule in 1974, 1988, and 1990.

The report also details how the ruling State Peace and Development Council (SPDC) routinely represses community welfare, health, and education initiatives by the monks, while at the same time attempting to utilize Buddhism as a tool to gain political legitimacy, often by building large pagodas and lavishing gifts on selected senior monks and monasteries.

"While the casual observer may see the crimson robes and temple-building in Burma as a sign of religious freedom, the reality is that monks who engage in peaceful resistance have long been targeted by successive military governments," Adams said.

"The Resistance of the Monks" complements the campaign launched by Human Rights Watch on September 16 for the release of political prisoners, including detained monks, ahead of elections planned in 2010. Human Rights Watch called on key actors in the international community, including China, India, the members of the Association of Southeast Asian States (ASEAN), the United States, the European Union, Australia, and the new government in Japan to make it clear that the planned elections will not be considered credible and legitimate if they are held with so many monks, Buddhist nuns, activists and opposition figures in prison.

"Public anger remains high in Burma, and the potential for a repeat of the demonstrations in 2007 is very real unless the international community puts coordinated pressure on the regime to engage in a credible political reform process," Adams said. "It would not be surprising to see monks on the streets again if social grievances are not addressed."

Selected accounts from the report

"For us, it was not politics, but a question of religion. We just went out into the streets to recite metta sutta, loving kindness. We did not advocate violence to overthrow the government...We wanted the government to have a better policy for the people. So we decided to boycott the junta with our bowls turned upside-down. That's called patta nikkujjana kamma. We did not accept food, medicines or anything from the authorities. That's the only way we can fight for our rights. This has nothing to do with politics."

- Buddhist monk U Viccita, talking about his role in the peaceful 2007 demonstrations, Burma, 2008

"The regime's use of mass arrests, murder, torture, and imprisonment has failed to extinguish our desire for the freedom that was stolen from us. We have taken their best punch. Now it is the generals who must fear the consequences of their actions. We adhere to nonviolence, but our spine is made of steel. There is no turning back. It matters little if my life or the lives of colleagues should be sacrificed on this journey. Others will fill our sandals, and more will join and follow."

- Buddhist monk and protest leader U Gambira, November 2007

"I'm being watched all the time. I am considered an organizer. Between noon and 2 p.m., I am allowed to go out of the monastery. But then I'm followed. I had to shake off my tail to come to this meeting today. I'm not afraid, not for myself. I'm not afraid to tell foreign journalists what happened. And I'm prepared to march again when the opportunity arises. We don't want this junta. And that's what everyone at my monastery thinks as well."

- Buddhist monk U Manita, Burma, July 2008

"[S]omething was achieved [in September 2007]. A whole new generation of monks has been politicized. We're educating them. We're still boycotting the military. We are not accepting gifts and offerings from them. One of the reasons why the regime will fall is globalization. No country can be isolated like before. Look at Indonesia, that regime fell. Now it's a democracy. We want the UN's Security Council to take up the Burma issue, that the UN investigates what really happened. ... But China and Russia can use their veto. Please tell the world what's happening in our country!"

- Buddhist monk U Igara, Burma, July 2008