Saturday, January 30, 2010

ဟီးရိုးမှ ဇီးရိုးသို့

ကျုပ်တို့ ဗမာတောသားတွေအတွက်တော့ အပေါင်းဖော်တွေနဲ့ မိုးဦးကျမှာ ဖားရိုက်
ထွက်ရတာ ဘ၀အရသာတခုပဲ၊ အဆိုတော် ကိုထွန်းရွှေက “တအားရိုက်မလေ ဖားမိုက်တွေ
အရီးတုတ်ရဲ့တဲနဘေးမှာ ချက်ပြုတ်စားကာ ဆိုကြကကြ ပျော်သလိုနေနိုင်ကြပေ”
လို့စပ်ဆိုခဲ့တာ အတော် အောင်မြင်ခဲ့တာပဲ၊ အခုထိလဲ မရိုးနိုင်သေးဘူး။
ဖားရိုက်တယ်ဆိုလို့ သိပ်တော့လွယ်တယ် မထင်နဲ့၊ သူ့မှာလည်း ပညာနဲ့သတိ ရှိဖို့လို
တယ်။ ပေါ့ပေါ့သွားလုပ်ရင် ကောက်ကွေးသွားမယ်။ ဖားတွေရဲ့သဘာဝနဲ့ အထာကို သိဖို့လို
တယ်။ ပြီးတော့ ဖားတွေကိုကြိုက်တတ်တဲ့ မြွေတွေရဲ့ အန္တရာယ်ကိုလည်း သတိရှိဖို့ လိုတယ်။
ဒါကြောင့်လည်း မိုးဦးကျဆိုရင် မြွေကိုက်ခံရတဲ့ ဖားရိုက်သမားတွေ နည်းမှမနည်းပဲ။

ဖားတွေရဲ့သဘာဝက တော်လှန်ရေးတံဆိပ်ကပ်ထားတဲ့ ဆူလွယ်နပ်လွယ် လုပ်စား
တွေနဲ့ တူတယ်ဆိုရင် မှားမယ်မထင်ဘူး။ သိတဲ့အတိုင်း ဖားဆိုတာက ရေနေကုန်းနေ သတ္တ၀ါ
မှန်ပေမယ့် ရေမရှိရင်မနေနိုင်ဘူး၊ မရှင်သန်နိုင်ဘူး၊ ရေသိပ်ကြိုက်တယ်ပေါ့။ ဒီတော့ သဘာဝ
တရားက သူ့ကိုမျက်နှာသာပေး ဗီဇသတ္တိတခု ပေးထားတယ်။ ရေရှိတဲ့နေရာကိုသိတယ်၊
ရေခန်းတော့မှာကို သိတယ်၊ ဘယ်နေရာမှာ ဘယ်ချိန်မှာ မိုးရွာမယ်ဆိုတာကို ကြိုသိတယ်၊
ဒါကြောင့် ဗမာတောသား လယ်သမားတွေက ဖားေAာ်သံကို နားထောင်ပြီး မိုးလေကို
တွက်ချက်ကြရတာပဲ။
ဖားဆိုတာကလဲအမျိုးမျိုးရှိတယ်၊ အွန်အွန်နဲ့ တချက်တချက် ပြတ်တောင်းပြတ်တောင်း
အော်တတ်တဲ့ နှစ်ချို့စားဖားကြီးတွေရှိတယ်၊ ‘အုံအင် အုံအင်’ နဲ့ ဆက်တိုက်အော်လိုက်
ခဏနားလိုက် ပြန်အော်လိုက်နဲ့ ဖားအင်းတွေရှိတယ်၊ ‘ကက်ကက် ကက်ကက်’ နဲ့
အော်တတ်ပြီး ရေအ၀သောက် မြေထဲယက်ပြီး ဇိမ်ရစ်နေတတ်တဲ့ သဲဖားဆိုတာ ရှိတယ်၊
တနေရာထဲမှာ အငြိမ်မနေ ဟိုခုန်ဒီလူးနဲ့ ဖားပေါင်စင်းအသေးစား ကျော်စံကေးဆိုတာရှိတယ်၊
အဲဒါအပြင် ဖားရိုက်သမားတွေကို ဒုက္ခအပေးဆုံးကတော့ ဖားလတက်ပဲ။ အရွယ်ကလေးက
လက်မ လောက်နဲ့ တကွင်းလုံးဆူညံနေအောင် အော်နိုင်စွမ်းတယ်။ စားလည်းမစားလောက်
တုတ် လည်းမရိုက်လောက်၊ ဒါပေမဲ့ ဆူညံနေတဲ့ သူတို့အသံကြောင့် ဖားရိုက်သမားတွေ
တခြား စားလောက်သောက်လောက် ဖားကြီးတွေရဲ့အသံကို ဖမ်းရအအတော်ခက်စေတယ်။
ဖားဆိုပေမဲ့ လျော့တော့မတွက်နဲ့ သူလည်းအသားစားသတ္တ၀ါ၊ သူထက်ငယ်တဲ့
သူနိုင်တဲ့ အကောင်မှန်သမျှ အကုန်စားတယ်။ တချို့နှစ်ချို့စားဖားကြီးတွေဆိုရင် ငါးပုစွန်
တွေသာမက တော်တော့Aရွယ် ပုတ်သင်တို့ ငှက်တို့ကိုတောင် ဖမ်းစားနိုင်တယ်။ ပြီးတော့
သိပ်အကင်းပါးတယ်၊ တနေရာအခြေအနေမဟန် တနေရာ အပြောင်းမြန်တယ်။ အခြေဟန်
မည့်နေရာတွေ့လို့ကတော့ သူများတွင်း (ပုစွန်လိုဟာမျိုး) လည်း အဓမ္မ လုယက်နေထိုင်
တတ်တယ်။
ပြောပါပကော ဖားတွေရဲ့သဘာဝက ကျုပ်တို့တော်လှန်ရေးတံဆိပ်ကပ် လုပ်စားတွေနဲ့
တူပါတယ်လို့။ ဒါကြောင့်လည်း ဗမာနိုင်ငံရေးဝေါဟာရတွေထဲမှာ ဖားနဲ့ပတ်သက်တဲ့ စကားလုံး
တွေ အတော်များများ ရှိနေတာပဲ။ “ တုံးအောက်ကဖား” “အထက်ဖား အောက်ဖိ” “ဖော်လံဖား”
“ စားဖားနိုင်ငံရေး” “ နိုင်ငံရေးစားဖား” “ကပ်ဖားရပ်ဖား” “ ဖားစည်းငါးစည်း” ဆိုပြီး များမှများ။
ကျုပ်တို့ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းတောင် “ စားဖား ညီညွတ်ရေး အလိုမရှိဘူး” လို့
ကြောက်လန့်တကြား မိန့်ခွန်းထဲ ထည့်ပြောခဲ့ရသေးတာပဲ။
ဖားအကြောင်း ပြောရင်းနဲ့ ကာတွန်းချစ်ဆွေရဲ့ စကားတခုက ပေါ်လာပြန်တယ်။
သူပြောတာက “ စားဖားတွေ စားဖားတွေ၊ စားဖားတွေကို ဖားစားသူတွေ သိပ်ကြိုက်တယ်” တဲ့။
သူ့စကားအတိုင်းဆိုရင် နိုင်ငံရေးဆိုတာ အဖိနှိပ်ခံလူထုကို ဗန်းပြပြီး စားဖားတွေနဲ့
ဖားစားသူတွေ ပေါင်းပြီးလုပ်စား နေတဲ့ ရိုက်စားလုပ်ငန်းကြီးလို့ ပြောရမလိုပါပဲ။
အားလုံးတော့မဟုတ်ပါဘူး အဓိကခေါင်းဆောင်ပိုင်းနဲ့ ပညာကို သိသာသိပြီး တတ်လည်း
မတတ် ဉာဏ်လေးကောင်းပါရဲ့နဲ့ ပညာရှိဖြစ်ဖို့လဲ အလားလာမရှိတဲ့ လူတတ်ဆိုသူတွေ၊
ကျွမ်းကျင်သူ ဆိုသူတွေပေါ့။ ထောင်သောင်းချီတဲ့ အောက်ခြေရဲဘော်ထုနဲ့ တကယ့်
လူထုခေါင်းဆောင်တွေကတော့ ဘာအကျိုးကိုမှ မမျှော်ကိုးပဲ ဘ၀တွေ အသက်တွေ
ပေးဆပ်ပြီး အကျင်းထောင်တွေထဲ၊ တောတောင်တွေထဲမှာ တိုက်ပွဲဝင်နေကြဆဲပါ။
ဒီရဲဘော်တွေ အကျအဆုံးများပြီး လှုပ်လှုပ်ရှားရှား ဖြစ်လာလေ ခေါင်းဆောင်စားဖားတွေ
ဂွင်ကြလေပဲ အတော်ကို ရင်နာစရာလည်းကောင်း၊ ရွံစရာလည်းကောင်းပါတယ်။
၂၀၁၀ ရွေးကောက်ပွဲဆိုတဲ့ ပေါက္ခရ၀ဿမိုးကြီး ရွာတော့မလိုလို မိုးခြိမ်းသံပေးကာ
ရှိသေး ဖားမျိုးစုံတို့ Aကုန်ညီ ပလုံစီေAာင်ေAာ်နေလိုက်ကြတာ တလောကလုံးကို ဆူညံ
ပွက်လို့ပဲ။ ကိုယ်လာရာလမ်းကို မေ့ချင်ယောင်ဆောင်နေတဲ့ တချို့သော မကျက်တကျက် (
Half Baked) သတင်းသမားတွေ ဖွတာလဲ ပါသပေါ့။ သူတို့ကသာ အမေရိကန်ဘောပွဲက
ဖင်လေးတွန့်လိမ်တွန့်လိမ်နဲ့ (Cheer Leader) တွေလို ရွေးကောက်ပွဲကြီးကို ခုန်ပေါက်ချီးပ
ရွှေကြိုလုပ်နေကြပေမဲ့ ပြိတ္တာကြီးသန်းရွှေက ခုထိ ရွေးကောက်ပွဲ ဥပဒေတို့ အချိန်တို့ကို
မကြေငြာသေးဘူး။ ပုဆိုးထဲ မိုးကြိုသေးပေါက်တဲ့သူလို လူထုကြားမှာ စောက်ရှက်ကွဲကြမှာ
မြင်ယောင်မိပါသေးတယ်။
တကယ်တော့ ဘယ်ချိန် ဘယ်ကာလမှာ ဘယ်လိုလုပ်မယ်မှန်းမသိတဲ့ ရွေးကောက်ပွဲ
ကို မိုးဦးကျဖားများလို တုတ်မမြင် မြွေမမြင် ကွတ်ကွတ်ကက်ကက်၊ အုံအိုင်အုံအင်နဲ့ ချီးပ ရွှေ
ကြိုလုပ်နေကြသူအားလုံးဟာ တချိန်ကတော့ သူရဲကောင်း ဟီးရိုးတွေပေါ့။ လွတ်လပ်ရေး
တိုက်ပွဲခေတ်ကနေ ဒီနေ့ခေတ် (၈၈) ဒီမိုကရေစီ တိုက်ပွဲကာလအထိ ဖိနှိပ်ခံပြည်သူတွေ
လွတ်မြောက်ရေးအတွက် လုပ်ခဲ့ကြတဲ့ တိုက်ခဲ့ကြတဲ့ တချိန်ကဟီးရိုးတွေပေါ့။ ကာလတွေ
ကြာလာတော့ လူထုကို ဗန်းပြပြီး ကိုယ်ကျိုးရှာချင်တဲ့ ဉာင်တွေ၊ ပေါချောင်ကောင်းနဲ့
သူရဲကောင်းဖြစ်ချင်တဲ့ ဗီဇတွေ၊ အချောင်သမားဇာတိတွေ၊ ဖုံးမရ ဖိမရပေါ်လာကြပြီ။
ကိုယ်ကျိုးအတွက် စစ်အုပ်စုကို ဖားရင်းယားရင်းနဲ့ ဇီးရိုး ( ဖိုးသုည ) တွေ ဘ၀ကို
ရောက်သွားကြရှာပြီ။ ဇီရိုးမှ အနုတ်လက္ခဏာမည်းမည်းကြီး ထိပ်ပိတ်ထားတဲ့ ဇီးရိုး၊ ကျန်တဲ့
ဇီးရိုးတွေနဲ့မတူဘူး။ ရူပဗေဒ သင်ဖူးသူတိုင်းသိတယ်၊ ရိုးရိုးဇီးရိုးက တစ်နောက်မှာထား
လိုက်ရင် တစ် ဆယ်လုံးရဲ့အဓိပ္ပါယ် တဆယ်ဖြစ်ပေမဲ့ အနုတ်လက္ခဏာနဲ့ ဇီးရိုးကတော့
သူ့ရှေ့မှာ ကိန်းဂဏန်းတွေ ကြိုက်သလောက်ဖြည့် တစ် တောင်ဖြစ်မလာဘူး။
အဟောသိကံ အနန္တပဲ။
လူထုကို နှိပ်စက်ရုံမက ဘုရားရွှေခွာ ဌာပနတိုက် ဖေါက်နေတဲ့ ပုဂံခေတ်က စကား
နဲ့ပြောရရင် ငရဲမှာ သစ်ငုတ်ဖြစ်မဲ့ စစ်အုပ်စုကို အတ္တအကျိုးအတွက် ဖားရင်းနဲ့
ဒီဘ၀ရောက်သွားကြတာပေါ့။
အဲဒီအထဲမှာ စစ်အုပ်စုရဲ့ သံခြေချင်းဝတ် ပရောဟိတ်လိုလို သုခမိန်လိုလို မောင်စူးစမ်း
တို့ သခင်တင်မြတို့ ထိပ်ဆုံးကပေါ့၊ လွတ်လပ်ရေးတိုက်ပွဲဝင် ဟီးရိုးဘ၀ကနေ ပျက်ရွေ့သွားတဲ့
ဇီးရိုးအကြီးစားကြီးတွေပေါ့ ကြောက်တတ်ရင် အခါခါသေတယ်ဆိုတဲ့ စကားလို ဘ၀မှာ
အကြိမ်ကြိမ် သေနေရတဲ့သူတွေ။ ဖဆပလ၊ မဆလ ခေတ်တွေကနေ ဒီနေ့ခေတ် န၀တ/
နအဖစတဲ့ ဖောက်ပြန်တဲ့ အုပ်စိုးသူအဆက်ဆက်ကို မှောက်ချီလှန်ချီ အသုံးတော်ခံ နေကြရတဲ့
သူတွေပေါ့။
အနှီဇီးရိုးကြီးတွေက အခုလာမယ့် ၂၀၁၀ ရွေးကောက်ပွဲကြီးပြီးရင် ဖြစ်ထွန်းလာမယ့်
နိုင်ငံရေးအခင်းအကျင်းသစ်မှာ သူတို့စကားအတိုင်းပြောရရင် Space (နေရာ) ရှိသတဲ့။
အရပ်သားပါတီ (လူထု) တွေအတွက် နှီးပြားတထောက်စာတောင် နေရာမရှိတဲ့
ဖွဲ့စည်းပုံတကျ စစ်Aာဏာရှင်စနစ်ကို စစ်အုပ်စုအတွက် ဗြောင်လိမ်ပေးနေကြတယ်၊
ဖားတာပေါ့။ သူစကားသူနင်း တနေရာကျပြန်တော့ ဒီရွေးကောက်ပွဲဟာ တခြားပါလီမန်
ဒီမိုကရေစီ ရွေးကောက်ပွဲတွေနဲ့မတူဘူး၊ နိုင်တဲ့ပါတီ အစိုးရဖွဲ့ဖို့ မဟုတ်ဘူးဆိုပြန်တယ်။
အဲဒီအခင်းအကျင်းသစ်မှာ Institution သုံးခုပေါ်လာမယ်၊ Aအဒါတေကွ တပ်မတော်၊
လွှတ်တော်နဲ့ နိုင်ငံရေးပါတီများဆိုပဲ။ တိုင်းပြည်ကို တကယ်စီမံAုပ်ချုပ်မဲ့ အစိုးရ
ဖွဲ့စည်းရေးကျတော့ ဆက်မပြောတော့ဘူး။ ဘယ်ပြောတော့မလဲ အဲဒီထဲမှာ လူထု (ပါတီ)
တွေရဲ့ အခန်းကဏ္ဍမှ မပါတော့ဘဲ။ သူတို့ Aကြောင်းတော့ အထူးဝိတ္တာချဲ့စရာမလိုပါဘူး၊
ဒီဇီးရိုးကြီးတွေဟာ ပီသုံးလုံး (PPP= Professional Political Prostitute) တွေဆိုတာ
Aများကသိပြီးသားပါ။
နောက် ပီသုံးလုံးပိုင်ရှင် နှစ်ချို့စားဖားကြီးကတော့ ပြည်ပက ဟန်ညောင်ရွှေပါ။
စစ်အာဏာရှင်အလိုကျေAာင်ဆန်းစုကြည်နှမလေး ကိစိုတ်ဒုက္ခမျိုးစုံပေးနေတဲ့၊ ဂုဏ်သရေ
ကြီးမြတ်တဲ့ အမိအဖတွေရဲ့ မျိုးဆက်မပီ သွေးဆိုးပြည်ပုပ် သားယုတ်ေAာင်ဆန်းUီးနဲ့
ပိန်မသာလိမ်မသာ၊ ဗမာပြည် ပထမဆုံး သမ္မတကြီးစ၀်ရွှေသိုက်ရဲ့ သားဆိုတဲ့ ဂုဏ်ပုဒ်ကို
ပဲလှော်နဲ့လဲစားနေတဲ့သူပေါ့။ Aပြင်ပန်း Aတော်လယ်ဝယ် ရည်မွန်တယ်၊ စနစ်ကျတယ်၊
လုပ်စားတာလဲ ကြာခဲ့ပြီကိုး။ သူရဲ့ကမ္ဘာ ပတ်လည် ရိုက်စားလုပ်ငန်းကြီးကို စားဖားနဲ့
ဖားစားသူတွေရဲ့ သီးသန့်Aင်ပါယာ (Exclusive Class) ဖြစ်ေAာင် ထူထောင်ထားတယ်။
ဘယ်တော်လှန်ရေးသမားမှ ကပ်လို့မရဘူး၊ လက်ရှိမှာတော့ များစွာသော
သူရဲ့Aင်ပါယာတွေထဲမှာ Aဓိက Aင်ပါယာက AီးဘီAို (EBO= Euro-Burma Office)
ဆိုတာပေါ့။ Aဲဒီထဲမှာ ဗမာဆိုလို့ သူတယောက်ပဲ ဟုတ်ဟုတ် ငြားငြားရှိတယ်။ ကျန်တာ
နိုင်ငံတကာ စားဖားတွေ ဖားစားသူတွေနဲ့ ဖွဲ့ထားတယ်။ ကျုပ်တို့ Aိန္ဒိယဘက်
ဒေလီမှာတောင် AဲဒီAီးဘီAိုရုံးတခု လာဖွင့်ထားသေးတယ်၊ ဗမာတစ်ယောက် မှ မပါဘူး။
ဒေလီမှာ ဘယ်နိုင်ငံရေးAဖွဲ့Aစည်းမှ ရုံးခန်းတောင် တူတူတန်တန်မဖွင့်နိုင်တဲ့
AခြေAနေမှာ AီးဘီAို ရုံးခွဲကတော့ ဒေလီမြို့ရဲ့ ဈေးAကြီးဆုံးဆိုတဲ့ (South Extension)
မှာ AကျAနဖွင့်ထားတယ်။ ကုလားAရာရှိတွေတောင် မမှန်းနိုင်တဲ့ လခစား
ဝန်ထမ်းတွေနဲ့ပေါ့။ ဒေလီက နိုင်ငံရေးစားဖားတချို့ကလွဲရင် ဘယ်နိုင်ငံရေး Aဖွဲ့Aစည်းနဲ့မှ
Aဆက်Aဆံ မလုပ်ဘူး။
ဟိုတလောကတောင် ဟန်ညောင်ရွှေနဲ့ Aသင်းAပင်း စားဖားတသိုက် ဒေလီကို
ခိုးကြောင်ခိုးဝှက် ရောက်လာပြီး ဒေလီက လက်သင့်ရာတသိုက်နဲ့ သူတို့ရဲ့ ရိုက်စား
ရွေးကောက်ပွဲရွှေကြိုAလုပ်တွေ လုပ်သွားကြသေးတယ်။ သူတို့က လာမယ့်ရွေး ကောက်ပွဲ
ဟာ ပကတိ AခြေAနေ (Reality) မှန်ဖြစ်တယ်၊ ဗမာပြည်သူတွေAတွက် Aခွင့်Aလမ်းတခု
( Opportunity ) ဖြစ်လို့ ထောက်ခံကြောင်း ကုလားEည့်သည်တွေကို မျက်စိထဲ သဲပက်
သွားခဲ့ကြတယ်။ ဟိုတုန်းက သူတို့ပဲ ဗမာပြည်ရဲ့ပြဿနာဟာ ဖွဲ့စည်းပုံပြဿနာ
လို့ပြောခဲ့ကြပြီး Aခုတော့ စစ်Aုပ်စုရဲ့ ၂၀၀၈ စစ်ကျွန်ဖွဲ့စည်းပုံက ပြဿနာမဟုတ်
တော့ဘူးတဲ့။ ပြဿနာက မဲဆန္ဒရှင် ပြည်သူတွေရဲ့ နိုင်ငံရေးAသိပညာ( Voter Education)
ကသာ Aဓိကပြဿနာတဲ့။ Voter Education ကို Aဓိကလုပ်ရမယ်တဲ့၊ ဒါကြောင့်
ရွေးကောက်ပွဲဝင်ပြီး မဲဆန္ဒရှင်တွေကို နိုင်ငံရေးAသိပညာ ပေးရမယ်၊ သူတို့Aနေနဲ့ ရွေး
ကောက်ပွဲဝင်မယ့် Aင်Aားစုတွေကိုလဲ ငွေကြေးကAစ ကူညီထောက်ပံ့သွားမယ်လို့
ပြောသွားကြတယ်ဆိုပဲ။ Aဲဒါတွေလုပ်နိုင်ဖို့ လူထုလူတန်းစားAဖွဲ့Aစည်း (Civil Society)
လုပ်ငန်းတွေကို လုပ်ဆောင်သွားမယ်ဆိုပါလား။ နွားပြာကြီးAကြောင်းသိထားတော့ ဒါဟာ
လာမည့် ပေါက္ခရ၀ဿမိုးကြီးကို တွက်ပြီး စားခွက်သစ်ထွင်လိုက်ပြန်ပြီဆိုတာ လူတွေက
သိကြပါတယ်။ ဖားစားသူတွေကတော့ စားရနိုးနဲ့ မပြောတာ၊ စားလက်စလေးတွေ ကျေးဇူးနဲ့
မပြောကြတာ။ တချို့ကျတော့ Aင်ဂျီAိုနဲ့သူတို့ကြားက “ကိုယ့်ဖောက်သည်နဲ့
ကိုယ်ဆက်ဆံရေး” ကိုသိပြီး ပြောလည်းမထူးမှန်းသိလို့ မပြောကြတာပါ။
နောက် နှစ်မချို့တချို့ စားဖားလား ဖားစားလား မကွဲပြားတဲ့ ကျော်ဝင်းတို့လို
ပညာရှင်ဘွဲ့ခံ ဇီးရိုးတွေပေါ့။ သူတို့ကတော့ ရွေးကောက်ပွဲကို ကျောခိုင်းမယ်ဆိုရင် NLD ဟာ
သမိုင်းတရားခံဖြစ်တော့မယောင် တောင်တလုံးမြောက်တလုံး Aင်္ဂလိပ်စကားတွေ ညှပ်ညှပ်ပြီး
တောခြောက်သံပေးကြတယ်၊ သူတို့ထဲက တယောက်ဆိုရင် ကိုယ့်Aမြင်ကို ပြောမိတဲ့ Aပြစ်နဲ့
လူနှစ်ထောင်ကျော်ကို ဖမ်းဆီးသတ်ဖြတ် နှိပ်စက်နေတဲ့ စစ်Aုပ်စုကိုတော့ မျက်မွှေးထော်
လော်လို့မှ မကြည့်ဝံ့ပဲ၊ ကြံ့ဖွံ့လိုစွမ်းAားရှင်လို လက်ကိုင်တုတ်တွေကတောင် မထင်မထင်
သလို ရိုက်နှက်သတ်ဖြတ် ခြိမ်းခြောက်ခံနေရတဲ့ NLD ပါတီကိုပဲ ခေါင်းမာသလိုလို၊
လက်တွေ့မကျသလိုလို ဝေဖန် Aပုတ်ချ သတ္တိပြနေကြတယ်။ ဒါပေမဲ့ NLD နဲ့ဒေါ်စု
နောက်မှာရှိတဲ့ လူထုAားကိုတော့ သိပုံရတယ်၊ ကြောက်ပုံရတယ်။ သူက စစ်Aုပ်စုကိုယ်စား
Aလံရှုးလုပ်တာက NLD ဟာ တကယ့်Aမျိုးသား ရင်ကြားစေ့ရေး လုပ်ချင်ရိုးမှန်ရင်
လာမယ့်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် (၅၀) ရာခိုင်နှုန်းထက်မကျော်ဘဲ ရွေးကောက်ပွဲ
ဝင်သင့်သတဲ့၊ ဒါဆို Aာဏာမမက်ဘူးဆိုတာ ပေါ်လွင်ပြီးတော့ နိဂုံးသိပ်လှသွားမယ်
ဆိုပါလား။ ၀မ်းရေစပ်ခံ မွေးထုပ်ခဲ့တဲ့ သူ့မွေးသမိခင်ရဲ့ ကျေးဇူးဂုဏ်ကိုမှ မထောက်
ေAာ့နှလုံးနာလောက်ေAာင် ဖောက်ပြန်တဲ့ Uီးနှောက်ပါပဲ၊ ဘယ်တရားနဲ့
သံဝေဂယူရမှန်းတောင် မသိတော့ဘူး။
နောက်တမျိုးကတော့ တကွင်းလုံးဆူေAာင်ေAာ်နေတဲ့ ၈၈ ထွက် ဟီးရိုးပျက်
ဖားလတက် တွေပေါ့။ သူတို့ကတော့ စစ်Aုပ်စုမျက်နှာရဖို့ဆိုရင် ဘုရားခန်းလဲ သေးပန်းမယ်
ဆိုတဲ့ ဇီးရိုးဖားလတက်တွေ။ စေ့စေ့ငုငု ပြောရရင် Aထဲမှာ တတိယAုပ်စုလိုလို ၈၈ လိုလို
ပုံမှားရိုက်နေတဲ့ Aင်Aားစုတွေနဲ့ Aပြင်မှာ ဟုေိ ကျာင်းဒီကျောင်းတွေက ခွေးဝင်စားဘွဲ့လေး
တွေကိုင်ထားပြီး လူတတ်လုပ်နေကြတဲ့ လူတွေပေါ့။ ညှိပြီး တိုင်ပင်ကိုက်နေသလား၊ တိုင်ပင်
ကိုက်လို့ ညီနေသလားတော့ မသိဘူး။ Aတွင်းAပြင်ကွဲပေမဲ့ Aလုပ်တာ့ ညီကြတယ်။ သူတို့က
ရွေးကောက်ပွဲ ဆန့်ကျင်တယ်လို့ ယူဆရတဲ့ ခေါင်းဆောင်တွေကို ပစ်မှတ်ထား တိုက်ခိုက်
ကြတယ်။ ဒေါ်ေAာင်ဆန်းစုကြည်၊ Uီးဝင်းတင်နဲ့ လူထုUီးစိန်ဝင်းတို့လို ဖက်ဆစ်စစ်Aုပ်စုနဲ့
သူတို့ရဲ့ငရဲခန်းတွေကို မကြောက်မရွံ့ဘဲ မူပေါ်မှာ ကြံ့ကြံ့ခံနေတဲ့ AစU်Aလာရှိတဲ့
ပုဂ္ဂိုလ်ကြီး တွေကို ကျားကိုခွေးဟောင်သလို ဟောင်နေကြတယ်။
ဒီနေရာမှာ Aကြောင်းတိုက်ဆိုင်လို့ ဟီးရိုးပျက် ဇီးရိုးဖားလတက်တွေနဲ့ Aဖြစ်တူ
ငါးရာငါးဆယ်ဇာတ်တော်ထဲက ၀က်တကောင်Aကြောင်း ပြောရAုံးမယ်၊ ဇာတ်တော်ကိုတော့
AတိAကျ မမှတ်မိတော့ပါဘူး။ သဘောသွားကတော့ တခါက တောAုပ်တခုမှာ ၀က်
တကောင် ရွှံ့လူးနေတယ်။ Aပုပ်ကြိုက်တဲ့ သတ္တ၀ါဆိုတော့ ရွှံ့ပုပ်ပဲနေမှာပေါ့။ ဒီAချိန်မှာပဲ
ခြင်္သေ့တကောင် သူရှိရာကို ဗြုန်းကနဲ ရောက်လာတယ်။ ၀က်လဲ Aတော်လန့်သွားတယ်။
ဒါပေမဲ့ ခြင်္သေ့က ၀က်ကိုဂရုမစိုက်ဘဲ ဒရောသောပါး ၀က်Aပါးက ခွာသွားတယ်၊ ဒါကို
ငရွှေဝက်က ခြင်္သေ့ကြီးက သူ့ကိုကြောက်လို့ ပြေးသွားတယ်လို့ ထင်သွားတယ်။ Aသိခေါင်းပါး
မိုက်မဲတဲ့ ဒီဝက်ဟာ Aခြောက်တိုက်ဘ၀င်မြင့်ပြီး၊ ခြင်္သေ့ကြီးကို ဘယ်လိုမှ နားဝင်ပီယံ
လည်းမဖြစ် သြဇာလည်းကင်းတဲ့ သူ့Aသံနဲ့ ဟိန်းဟောက်သတဲ့၊ စိန်ခေါ်လေသတဲ့။
Aခုဖားလတက် များလိုနေမှာပေါ့။ ဒီတော့ ခြင်္သေ့ကြီးက Aသင်ဝက် ရှိနေတာကို
ငါသိလည်းမသိ၊ မြင်လည်း မမြင်၊ ဂရုလည်းမစိုက်။ Aခုချိန်မှာ ငါဂရုစိုက်နေတာ
တောAုပ်တဖက်က ဆင်ရိုင်းတAုပ်ပဲလို့ ပြောသတဲ့။ ဒါတောင် ၀က်Aန္ဓက ခြင်္သေ့ကြီးကို
တကောင်ချင်းတိုက်ဖို့ စိန်ခေါ်ပြန်သတဲ့။ ဒီတော့ခြင်္သေ့ကြီးက Aိုကေပေါ့။
Aခုတော့Aချိန်မရှိလို့ ဘယ်နေ့ဘယ်နေရာမှာ တုကိကြ မယ်လို့ပြောပြီး ထွက်သွားတယ်။
ဒီတင် ဘ၀င်ရူးဝက်Aန္ဓဟာ ခြင်္သေ့ကြီးသူ့ကို ကြောက်ပြီး ပြေးသွားကြောင်း၊
ဘယ်နေ့မှာ တကောင်ချင်းတိုက်ဖို့ ချိန်းထားကြောင်း ကြွားလုံးထုတ်တော့ တာပေါ့။ မသိတဲ့
သတ္တ၀ါတွေကတော့ ၀က်Aန္ဓကို Aထင်ကြီးသွားကြတယ်၊ ခြင်္သေ့ကြီးကိုတောင် စိန်ခေါ်
တယ်ပေါ့။ ဒါပေမဲ့ ဘုရားလောင်းပညာရှိ ယုန်မင်းနဲ့တွေ့တော့ ယုန်းမင်းက ခြင်္သေ့တွေရဲ့
Aစွမ်းသတ္တိကို ပြောပြတယ်။ တချက်ချင်း ပြောပြောပြီး၊ မင်းမှာကောရှိသလား လို့မေးတယ်။
မရှိဘူး မရှိဘူးနဲ့ နောက်ဆုံးတော့ ခြင်္သေ့Aစွမ်းသတ္တိကို သိပြီး Aကြောက်ကြီး
ကြောက်လာတယ်။ ယုန်မင်းကိုပဲ ကယ်ပါကူပါ ပူဆာတယ်။ ဒါနဲ့ ယုန်မင်းလည်း ဒီဝက်Aန္ဓကို
ငါကယ်မှဖြစ်မယ်ဆိုတဲ့ ဂရုဏာနဲ့ Aကြံတခု ပေးလိုက်တယ်။ ၀က်Aန္ဓလည်း ယုံမင်းပေးတဲ့
AကြံAတိုင်း ချိန်းတဲ့နေ့မှာ ခြင်္သေ့ကြီးနဲ့ သွားရင်ဆိုင်လေသတဲ့။ ဒါပေမဲ့ ခြင်္သေ့ကြီးက Aဲဒီ
ဝက်Aန္ဓကို Aနားတောင် ကပ်မခံဘူး ၀က် သူ့Aနား ချU်းကပ်လာရင်ပဲ ရှောင်ခွာသွားတော့
သတဲ့။ Aကြောင်းရင်းကတော့ ယုံမင်းပေးတဲ့Aကြံက ကေသရာဇာခြင်္သေ့မင်းတို့ဟာ
မစင်ဘင်ပုပ်ကို Aလွန်စက်ဆုတ်ရွံရှာတယ်၊ ဒါကြောင့်ဝက်ကို မစင်ဘင်ပုပ်တွေ
ကိုယ်လုံးပြည့်လူသွားဖို့ Aကြံပေးတယ်။ ဒီလိုနဲ့ ၀က်Aန္ဓလည်း သူတို့Aကြိုက် မစင်ဘင်ပုပ်
လူးသွားတာနဲ့ Aသက်ချမ်းသာရာ ရသွားသတဲ့။ Aခုလည်း ဖားလတက်ဇီးရိုးတွေ
မစင်ဘင်ပုပ်ကျင်းတွေ ရှာထားဖို့ Aကြံပေး လိုက်ပါတယ်။
ဇီးရိုးတွေ Aထူးသဖြင့် Aတွင်းAပြင်က လူတတ်လိုလို ပညာရှင်လိုလိုတွေ သိဖို့က
ဗမာလူထုဟာ ဇီးရိုးဖားAပေါင်းလောက် နိုင်ငံရေးမညံ့ပါဘူး၊ Aကင်းပါးပါတယ်။ ဟိုကျောင်း
ဒီကျောင်းတွေမှာ ဖုံတက်စာAုပ်ကြီးတွေဖတ်ပြီး ဖီလစ်ပိုင်ကဘယ်လို၊ တောင်Aာဖရိကတုံးက
ဘယ့်နှယ်၊ Aင်ဒိုနီးရှားမှာ ဘယ်သို့နဲ့ ကိုယ်နားလည်သလောက် သဘောတရား AတိုAစ
လေးတွေနဲ့ မကိုက်တိုင်း လူထုက နိုင်ငံရေးစိတ်မ၀င်စားဘူး ကြောက်သလေးဘာလေး ပုတ်
ခတ်မနေပါနဲ့ သမိုင်းတဖြတ်တည်းကို ကြည့်ပြီး မနှိုင်းယှU်ပါနဲ့။ ဗမာလူထုဟာ Aိမ်နီးချင်း
တိုင်းပြည်တွေထဲက ကြိုက်တဲ့ ပြည်သူတွေနဲ့ နိုင်ငံရေးရေချိန် နှိုင်းယှU်နိုင်ပါတယ်။ ဘယ်ခေတ်
မှာကြည့်ကြည့် သူခေတ်နဲ့သူ တာဝန်သိခဲ့ကြတယ်၊ တာဝန်ကျေခဲ့ကြတယ်။ နယ်ချဲ့ဆန့်ကျင်
ရေးခေတ်၊ Aမျိုးသားလွတ်မြောက်ရေးခေတ်၊ လွတ်လပ်ရေးခေတ်၊ ပြည်တွင်းငြိမ်းချမ်းရေးတို့
နိုင်ငံတကာ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေမှာ ကြည့်မလား၊ ဒေသတွင်းမှာ ထိပ်ဆုံးကရှိနေ
ပါတယ်။
ပြဿနာရဲ့ Aရင်းမူလဘူတက Uီးဆောင်Aခန်းကဏ္ဍ ခြစားပျက်စီးမှုပဲ၊ ကိုလိုနီခေတ်
ကစလို့ ဒီနေ့ခေတ်Aထိ Uီးဆောင်မှု Aခန်းကဏ္ဍကို စားဖားတွေနဲ့ ဖားစားသူတွေကပဲ
ပုံစံAမျိုးမျိုးနဲ့ ကြီးစိုးချယ်လှယ် နေခဲ့ကြတယ်။ ပယောဂပူးကပ်တာလဲ ပါတာပေါ့။ ကျန်တာ
မကြည့်နဲ့ Aနီးကပ်ဆုံး ကျုပ်တို့ ပြည်ပလှုပ်ရှားမှုကိုပဲကြည့်။ ခေတ်သစ် မစ်ရှင်နရီ
(Missionary) လို့ဆိုရမဲ့ Aင်ဂျီAိုမြှောက်စားသူက သြဇာပေါက် ခေါင်းဆောင်ဖြစ်၊
တိုင်းပြည်ရဲ့ ပကတိAခြေAနေနဲ့ ကိုက်ကိုက် မကိုက်ကိုက် Aထက်ဆရာကြီးတွေရဲ့
ဖော်နည်းကား မျိုးစုံနဲ့ တခုမဟန် တခုကြံ ရမ်းကုAပ်ပုန်းတွေလို ဗမာပြည်ပြဿနာကို
Aဖြေရှာ ကုစားရင်း Aနှစ်၂၀ ကျော် ကုန်ခဲ့တယ်။ လက်တဆုပ်စာတော့ သူဌေးဖြစ်သွား
ကြပြီး လူထုကတော့ ပိုတောင်ဖွတ်သထက်ညစ်သွားခဲ့ရတယ်။
ဗမာလူထုဟာ Aင်္ဂလိပ်လို Aပျော့ဆွဲ ပါးပါးလှီးတဲ့ ကိုလိုနီေAာက်မှာလည်း
နေဖူးတယ်၊ AတုံးAတစ်လိုက် ခုတ်ထစ်တဲ့ ဂျပန်ဖက်ဆစ်ေAာက်မှာလည်း နေဖူးတယ်၊
နောက် ကယ်တင်ရှင်တဖြစ်လဲ Aသွင်မတူ ရန်သူဆိုတဲ့ ဖဆပလ ဆိုရှယ်လစ်တွေေAာက်မှာ
လည်း နေဖူးတယ်။ Aခုနောက်ဆုံး Aကြမ်းဆုံး Aရမ်းဆုံး Aယုတ်ကန်းဆုံး စစ်Aုပ်စု
ေAာက်မှာ နေနေရတယ်။ Aတွေ့Aကြုံတွေ များလှပေါ့။
ဘယ်ခေတ်မှာ ကြည့်ကြည့် လူထုဟာ သူ့ကဏ္ဍရောက်လာရင် တာဝန်ကျေခဲ့ကြတယ်၊
ဖေါက်ပြန်တဲ့ Aုပ်စိုးသူ Aဆက်ဆက်ကို ရဲရဲရင့်ရင့် Aကင်းပါးပါးနဲ့ ဆုံးမခဲ့ကြတယ်။
ဗမာလူထုရဲ့နိုင်ငံရေး Aကင်းပါးမှုကို ၁၉၆၀ပြည့်နဲ့ ၁၉၉၀ပြည့် ရွေးကောက်ပွဲတွေကြည့်ရင်
သိနိုင်တယ်။ စစ်ဝါဒကို တိုက်ဖို့ ၁၉၆၀မှာ Uီးနုကို မဲပေးခဲ့ကြပေမဲ့ ၁၉၉၀ကြတော့ စစ်Aုပ်စုကို
တကယ်တိုက်နိုင်မယ့် ဒေါ်ေAာင်ဆန်းစုကြည်ကို မဲပေးခဲ့ကြတယ်။ ၆၀ခု သူရဲကောင်း Uီးနုကို
မဲမပေးကြတော့ဘူး၊ ၁၃၀၀ ပြည့် Aရေးတော်ပုံနဲ့ ၁၃၅၀ ပြည့် (ရှစ်လေးလုံး)
Aရေးတော်ပုံတွေက ဗမာလူထုရဲ့ သမိုင်းတာဝန်သိမှုနဲ့ ကျေပွန်မှုကို သက်သေထူနေတယ်။
လူထုဟာ တိုင်းပြည်နဲ့လူမျိုးကို ချစ်ပြီး စေတနာမှန်တဲ့ ခေါင်းဆောင်တွေနောက်ကို
လိုက်ဖို့ဝင်မလေးပါဘူး။ ၂၀၀၂/၂၀၀၃ တုန်းက ဒေါ်စုရဲ့ပြည်တွင်းစည်းရုံးရေးခရီးစU်တွေမှာ
Aထင်Aရှားပြခဲ့တယ်။ ဒါတွေကို မမြင်နိုင်ဘူးဆိုရင် Aဲဒီပုဂ္ဂိုလ်ရဲ့Aမြင်ဟာ Aတ္တ
လောဘတွေ၊ မောဟတွေ ပိတ်ဖုံးနေတာ ဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ် Aဲဒီပုဂ္ဂိုလ်ရဲ့
AရိုးAရေတွေထဲမှာ ငပိဓာတ် ကုန်ခန်းပြီးတော့ ထောပတ်လေချU် တက်တာပဲ ဖြစ်ပါလိမ့်မယ်။
ဟီးရိုးပျက် ဇီးရိုးAပေါင်းကို ဗမာလူထုရဲ့ သမိုင်းနဲ့ချီပြီး ဆုံးမတတ်တဲ့ နိုင်ငံရေးကို
ပြောရAုံးမယ်။ ဗမာလူထုဟာ ပြည်သူကို Aကျိုးပြုခဲ့တဲ့ စေတနာထားခဲ့တဲ့ ခေါင်းဆောင်
သို့မဟုတ် Aုပ်ချုပ်သူတွေ၊ ပြည်သူပေါ်မှာ ရက်စက်ကြမ်းကြုတ် Aမြတ်ထုတ်ခဲ့သူတွေကို
ကောင်းရင် ကောင်းတဲ့Aလျောက် ဆိုးရင်ဆိုးတဲ့Aတိုင်း နောက်နှောင်းလူတွေAထိ
သိေAာင် တံဆိပ်ကပ်ပြီး ချီမွန်းခြေကျောက် ဆုံးမတတ်တယ်။ ပြည်သူAပေါ်မှာ
Aကျိုးပြုခဲ့တဲ့ Aနော်ရထာကို နော်ရထာစောလို့ ခေါ်သလို ကျန်းစစ်သားကို မင်းကျန်စစ် လို့
ချစ်ကြည်လေးမြတ်ခေါ်တယ်၊ UီးေAာင်ဇေယျကို Aလောင်းမင်းတရားရယ်လို့ တံဆိပ်ကပ်
ချီးမြှောက်ကြတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ နရသူကိုတော့ ကုလားကျ သို့မဟုတ်
စလေငခွေးလို့ တံဆိပ်ကပ် ခြေကျောက်တယ်။ ညံ့ဖျင်းတဲ့ သီပေါကိုတော့ မဒရပ်ပါမင်းလို့
ကဲ့ရဲ့သမုတ်ကြတယ်။ ဒီလိုပဲ နိုင်ငံလုံးမကျော်ပေမဲ့ လူထုAကြားမှာ စွဲထင်နေတဲ့ ဟီးရိုးနဲ့
ဇီးရိုးပုံရိပ်တွေဟာ ဗမာပြည်Aနှံ့ ဒေသတိုင်းမှာ ရှိနေတယ်။ ကြုံကြိုက်တဲ့ Aခါတိုင်းမှာလည်း
ဟီးရိုးတွေကို ချီးမြှောက်လို့ ဇီးရိုးတွေAကြောင်း ကဲ့ရဲ့ခြေကျောက် နေကြတယ်။ မျိုးဆက်တွေ
တခုပြီးတခု လက်ဆင့်ကမ်း သွားကြAုံးမှာလည်း ဖြစ်တယ်။
ကျုပ်တို့ခေတ်နဲ့ Aနီးဆုံး နမူနာကတော့ ပမညတခေါင်းဆောင် သခင်ချစ်မောင်
ဖြစ်တယ်။ သူ့Aဖြစ်ကတော့ လူတယောက်ထဲရဲ့လုပ်ရပ်ကိုပဲ လူထုက Aကောင်း
AဆိုးAလိုက် ချီးမွမ်းခြေကျောက် ကြတာပါ၊ ၁၉၅၈ ၀င်ဒါမီယာ Aာဏာသိမ်းမှုကြီးကို Uီးနုက
ပါလီမန်မှာ တင်တော့ သခင်ချစ်မောင်က ၀ိဒူရဇာတ်တော်နဲ့ ပမာဆောင်ပြီး Aာဏာသိမ်းမှုကို
ကန့်ကွက်ပါတယ်။ ပါလီမန်မှာ သူရှုံးပါတယ်၊ လူထုနှလုံးသားကိုတော့ေAာင်နိုင်ပါတယ်။
Aာဏာသိမ်းတာကို ဆန့်ကျင်တဲ့ သူ့ရဲ့ကောင်းမှုကို လူထုက ၀ိဒူရသခင်ချစ်မောင် ရယ်လို့
ဘွဲ့တပ် ချီးမြောက်ကြပါတယ်။ ဒါပေမဲ့ ၁၉၆၂ ခုနှစ် Aာဏာသိမ်းတာကိုကြတော့ သခင်ချစ်
မောင်က ဆိုရှယ်လစ်စနစ်ကိုသာ သွားမယ်ဆိုရင် ခွေးကတက်ကပဲ လိုက်ရလိုက်ရလို့
ထောက်ခံမိတဲ့Aတွက် ၀ိဒူရဘွဲ့ပျောက်ပြီး ခွေးကတက်ချစ်မောင်လို့ ကဲ့ရဲ့တံဆိပ်ကပ်ပြီး
လူထုက ခြေကျောက်ကဲ့ရဲ့ဆုံးမလိုက်ပါတယ်။
ဒါ သတိချပ်စရာ သိမှတ်ဖွယ်ရာ ဗမာပြည်သူတွေရဲ့ လူထုနိုင်ငံရေး Aကြောင်း တစေ့
တစောင်းပါပဲ။ Aခုချိန်မှာ စားဖားလား ဖားစားသူလား မကွဲပြားတော့တဲ့ ဟီးရိုးပျက်
ဇီးရိုးများသိဖို့က ဖားတွေရဲ့လားရာဟာ နှစ်လမ်းပဲ ရှိပါတယ်။
တလမ်းက တုတ်စာ။
တလမ်းက မြွေစာ။
ဒါပဲ။
ရဲဘော်ကျော်သန်း
၂၉.၁.၂၀၁၀။
Kyaw_than2004@yahoo.com
Kyaw_t@hotmail.com

Saturday, January 23, 2010

ဒေါသကိုဘယ်လိုပယ်မလဲ

ဒီမေးခွန်းရဲ့ အဖြေကို စာရေးသူ ကိုယ်တိုင်လည်း သိပ်သိချင်နေတာပါ။
ဘာဖြစ်လို့လဲဆိုတော့ တစ်ခါတစ်လေ ဒေါသ ဖြစ်မိတဲ့အခါ ရင်ထဲက
"ဒုတ်. ဒုတ်" ဒုတ် ဒုတ်"နဲ့ အိပ်မပျော်တော့ပါ ဘူး။

ဒေါသဖြစ်တာထက် အိပ်မပျော်တာက ပိုတောင် စိတ်ဆင်းရဲရပါတယ်။
အဲဒီ အိပ်မပျော် တာ တစ်ချက်နဲ့တင် ဒေါသမဖြစ်ချင် တာပါ။ မဖြစ်ချင်
ပေမယ့် ဖြစ်နရတုန်းပါ။ အနာဂါမ် မဖြစ် သရွေ့တော့ ဖြစ်နေရဦးမှာပါ

ဒါကြောင့် ဒေါသကို ဘယ်လို ပယ်ရမလဲ ဆိုတာကို သိပ်သိချင်တာပါ။

မဟာစည်ဆရာတော်ဘုရားကြီးက ဒေါသနဲ့ ပတ်သက်လို့ ၀မ္မိကသုတ်တရားတော်မှာ မျက်မှောက်ခေတ်
တကယ့်ဖြစ်စဉ် ဇာတ်လမ်းလေးတစ်ပုဒ်ကို ထည့်ဟော ထား ဖူးပါတယ်။ ဟောစဉ်တရားတော်က ဒီလိုပါ။

တစ်ခါက.. သုဓမ္မ၀တီပုံနှိပ်တိုက် တိုက်အုပ် ဦးပန်းမောင်ဆိုတဲ့ ဒကာကြီးက မှတ်ဖွယ် ၀တ္ထုကလေး
တစ်ခုကို ပြောပါတယ်။ ဦးပန်းမောင်ဆိုတာကြားကောင်း ကြားဖူးပါ လိမ့် မယ်။

အဲဒီ ဦးပန်းမောင်က ရေဒီယိုထဲကနေပြီးတော့ "မဖြစ်စလောက်တရားတော်"ဟောမယ်ဆိုလို့ "ဘာများ
ဟောမှာ ပါလိမ့်မတုန်း"လို့ဘုန်းကြီးကနားထောင်နေတယ်။

သူ ပြောပုံကမဖြစ်စလောက်ကလေးနဲ့လည်းဒုက္ခဖြစ်တတ်တယ်၊ မဖြစ်စလောက်ကလေးပဲဆိုပြီးတော့မရိုမသေ
မလုပ်လိုက်ပါနဲ့တဲ့။ ဒကာလူရော အဲဒီတုန်းက မကြားလိုက်ဘူးလား၊ မကြားဘူးတဲ့သူတွေကပဲ များပါလိမ့်မယ်။
မဖြစ်စလောက် တရားတော်တဲ့၊ သူ ဥစ္စာကောင်း တယ်၊ အမည်ပေးပုံကလေးကိုက သိပ်ကောင်းနေတယ်။

ဖြစ်ပုံကလည်း ဆန်းတယ်၊ ဘယ်လို လဲဆိုတော့ တစ်ခါက အင်မတန် ရင်းရင်းနှီးနှီး အတူနေကြတဲ့ ဦးပဉ္စင်း
နှစ်ပါး ရှိပါသတဲ့ ။ တစ်ပါးက ရေချိုးနေတယ်။ အဲဒီလို ရေချိုးနေတုန်း သူ့ဖိနပ်ကို တစ်ပါးက ကျီစယ်လိုတဲ့အ
နေနဲ့ ၀ှက်ထားတယ်။ ဟိုရေချိုးနေတဲ့ ဦးပဉ္စင်းကရေးချိုးပြီးတဲ့အခါ ဖိနပ် စီးမယ်လို့ ကြည့်လိုက်တော့သူဖိနပ်
ကို မတွေ့ရဘူး။

မတွေ့ရတော့ အဲဒီ ဦးပဉ္စင်းကလည်း သူ့ဖိနပ်ဝှက်ထားမှန်းသိလို့ ရယ်စရာအနေနဲ့ သူက ပြောတယ်။ ပေါ့ပေါ့
ဆဆ ပြောလိုက်တာပါပဲ။

" ဟေ့… ငါ့ဖိနပ်ကို ဘယ်ခွေးချီသွားမှန်း မသိဘူး" လို့ ပြောလိုက်သတဲ့။ ဒီတော့ ဖိနပ် ၀ှက်ထားတဲ့ ဦးပဉ္စင်းက စိတ်နာလိုက်တာမပြောပါနဲ့ကွာ။" ငါကို ခွေးဖြစ်အောင် ဆိုတယ်"လို့ အတွေးခေါင်ပြီးတော့စိတ်နာလိုက်တာတဲ့။
ဟို ဖိနပ်ရှင် ဥိးပဉ္စင်းကတော့ စေတနာ မပါပါဘူး၊ ခပ်ပေါ့ပေါ့ ပြောလိုက်တာပါပဲ၊စိတ်နာလောက်အောင်လို့ပြော
လိုက်တာ မဟုတ်ပါဘူး။

သူ့ဖိနပ် ပျောက်သွားတော့ ဒီလိုပြောရမှာပဲ။ ဖိနပ် ခွေးချီတယ်လို့ ပြောတာဟာ ပြောရိုး ပြောစဉ်ပဲ။ အပြောခံရတဲ့ ဦးပဉ္စင်းကတော့"ငါကိုခွေးဖြစ်အောင်ပြောရမလား"ဆိုပြီးစိတ်ဆိုးတာနဲ့အုတ်ခဲကြီးနဲ့ ဖိနပ်ရှင်ဦးပဉ္စင်းရဲ့ခေါင်းကိုထု
လိုက် တာ ပျံလွန်တော်မူရှာသတဲ့။

အောင်မယ် ပြောတာကတော့ သူ့ဥစ္စာ မဖြစ်စလောက်ပဲ။ ဒါပေမဲ့ ပြောတဲ့ ဦးပဉ္စင်းမှာ ပျံလွန်တော်မူရတယ်။
အုတ်ခဲနဲ့ ထူတဲ့ ပုဂ္ဂိုလ်လည်း ရာဇ၀တ်ပြစ်မှုကြီး ဖြစ်ရတယ်"။
ဝမ္မိကသုတ်တရားတော် - နှာ၁၃၉၊၁၄၀၊၁၄၁။

စာရေးသူတို့ မမီလိုက်တဲ့ တရားတစ်ပုဒ်ကို ဆရာတော်ဘုရားကြီး ပြန်ဟောပြလို့ သိခွင့် ရတာပါ။ဇာတ်လမ်းလေး
က စာကတစ်ဆင့် ဖတ်ရရုံနဲ့တင် ကြက်သီးထစရာပါ။ စိတ်သဘော မွန်မြတ်မှု လေးတွေကတော့အတိုင်းအတာ
တစ်ခုအထိ ရှိနေမှာပါ။

ဒါပေမယ့် ဖြစ်လာတဲ့ဒေါသကို မထိန်းလိုက်နိုင်တဲ့ အတွက် ကာယကံမြောက် ကျူး လွန် မိသားဖြစ်သွားရတာပါ။
ဒါမျိုးလေးတွေက လူလောကမှလည်း အများကြီးပါပဲ။

ဒေါသအလျောက် ရာဇ၀တ်သင့်နေတဲ့ ထောင်ထဲက သူတွေကို လော့လာကြည့်ရင် ပင်ကိုယ် ဓာတ်ခံအားဖြင့်
စိတ်ထားလေးတွေက ကောင်းကြပါတယ်။ ဒါပေမယ့် ဖျက်ခနဲ ဖြစ်လိုက်တဲ့ ဒေါသကို ဖျက်ခနဲမထိန်းလိုက်နိုင်
တဲ့အတွက်ဖျတ်ခနဲ ပြုမိသွားကြတာပါ။ သတိဝင်တဲ့အခါမှာ အားလုံးကျူးလွန် ပြီးသား ဖြစ်နေပါပြီ။

ဒီလို ကျူးလွန်မိလိုက်တာကို "ငါ ပြုမိလိုက်တာမှ ဟုတ်မှ ဟုတ်ပါမလား" ဆိုပြီး ကိုယ့်ကိုယ်ကိုတောင် မယုံပါဘူး။
ဒါပေမယ့် အရာအားလုံးက နောက်ကျ သွားခဲ့ပါပြီ။ နောက်ဆုံးတော့ လောကပြစ် ဓမ္မပြစ်တွေကို နင့်နင့် ကြီး
ခံစားသွား ရတော့တာပါ။

တကယ်လို့ ဒေါသမဖြစ်ဘဲ မနေနိုင်လို့ ဖြစ်မယ်ဆိုရင်လည်း မနောကံအဆင့် လောက် မှာပဲ ဖြစ်နေပြိး ၀စီကံ ၊
ကာယကံကို ကောင်းကောင်း စောင့်ထိန်း ထားလိုက်နိုင် ရင် အခုလို အဖြစ်ဆိုးကြီးနဲ့ ကြုံရမှာ မဟုတ်ပါဘူး။

အနာဂါမ်မဖြစ်သရွေတော့ ဒေါသက ရှိနေဥိးမှာပါ။ ဒါပေမယ့် ဖြစ်ဦးတော့ မနောကံအဆင့်မှာပဲထိန်းထားလိုက်နိုင်
အောင် ကြိုးစားရပါမယ်။ မနောကံအဆင့် မှာပဲ ဖြစ်နေတာဆိုတော့သူတစ်ပါး မသိပါဘူး။ ဒီတော့ကိုယ့်ကိုလည်း
သူတစ်ပါးက အထင်မသေးတော့ ပါဘူး။ တကယ်လို့ ပက်ကနဲ ပြန်ပြောမိလိုက်ရင် ကိုယ် ဒေါသထွက်တာ လူသိ
သွားပါပြီ ၊ ဒါဆို ကိုယ့်ကိုလည်း အထင်သေးသွားပါပြီ။

ဦးဇင်လေးနှစ်ပါးရဲ့ ဖြစ်စဉ်ကို အားလုံးကြားဖူးတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ နှိုင်း ယှဉ် ကြည့် ရအောင်ပါ။

တစ်ခါတုန်းက ရဟန်းတစ်ပါးဟာ ကျောင်းဆောက်ဖို့ သစ်ပင်ခုတ်ပါတယ်။ အဲဒီ သစ်ပင်မှာသားငယ်တစ်ဥိးနဲ့
နေနေတဲ့ နတ်သမီးက သူနေနေတဲ့ ဗိမာန်ကို မဖျက်ဆီးဖို့ တောင်းပန်ပါတယ်။ ဒါပေမယ့် မရပါဘူး။ ရဟန်းက
စိတ်လက်မာန်ပါနဲ့ ခုတ်ချလိုက်တာနတ်သမီးရဲ့ သားငယ်လေးလက်ကို ထိခိုက်သွားပါတယ်။ဒီတော့နတ်သမီး
က ဒေါသအကြီး အကျယ် ထွက်ပြီး ရဟန်းကို သတ်ပစ်မလို့ ကြံလိုက်ပါတယ်။ ဒါပေမယ့် ဖြစ်နေတဲ့ ဒေါသကို
ထိန်းသိမ်းပြီး မြတ်စွာဘုရားရှင်ကို အကျိုးအကြောင်း သွားလျှောက်ပြပါတယ်။

ဒီတော့ မြတ်စွာဘုရားက
"ချစ်သမီး..ကိုယ့်ရဲ့ ဒေါသကို သိမ်းဆည်းနိုင်ခဲ့တာ သိပ် ကောင်းတာပဲ။ တကယ်လို့ ချစ်သမီးက အဲဒီအရဟန်းရဲ့ အသက်ကိုအန္တရယ်ပြုလိုက်ရင် ချစ်သမီးအတွက် အကုသိုလ်တွေတိုးပွားသွားလိမ့်မယ်"လို့အားပေးနှစ်သိမ့်စကား
ပြောလိုက် ပါတယ်။ ပြီးတော့ မြတ်စွာဘုရားရှင် ကျောင်းအနီးမှာရှိတဲ့ သစ်ပင်တစ်ပင်မှာ နေဖို့ ပေးလိုက် ပါတယ်။

ရဟန်းငယ်လေးကော၊ နတ်သမီးလေးကောဒေါသတော့ ဖြစ်လိုက်ကြတာပါပဲ။ ဒါပေမဲ့ ရဟန်းငယ်လေးက
ကာယကံနဲ့ ၀စီကံကို မထိန်းလိုက်နိုင်ပါဘူး။ နတ်သမီးလေးကကာယကံ နဲ့ဝစီကံကို ထိန်းလိုက်နိုင်ပါတယ်။ ဒေါသဖြစ်တာချင်းအတူတူ ကာယကံနဲ့ ၀စီကံကို ထိန်း နိုင်ခြင်းနဲ့ မထိန်းနိုင်ခြင်းကွာသားပါတယ်။

ဖြစ်စဉ်လေးက စက္ကန့်ပိုင်း ၊ မိနစ်ပိုင်း အတွင်းလေးပါ။ ကိုယ်က ဒီစက္ကန့်ပိုင်း၊ မိနစ်ပိုင်း အတွင်းလေးကို
ကောင်းကောင်း ထိန်းလိုက်နိုင်ဖို့ပါ။ မထိန်းလိုက်နိုင်ရင် ကြီးမားတဲ့ အပြစ်ဆိုး ကျိုးကြီးကို ရလိုက်တော့
တာပါ။

ဒီနေရာမှာ နည်းယူဖို့ကောင်းတာက နတ်မီးသလေးရဲ့ အပြုအမူပါ။ နတ်သမီးလေးက ဖြစ်လာတဲ့ ဒေါသကို
ထိန်းပြီးအားကိုးလေးစားရာ မြတ်စွာဘုရားကိုသွားလျှောက်တာပါ။သွားလျှောက်တာ အမှားမဖြစ်တော့ပါဘူး ။

ကိုယ်က ဒါလေးကို နည်းယူပြီး ဒေါသဖြစ်လာတဲ့ အခါ ကိုယ်လေးစားရတဲ့ တရားအသိ အတော်အတန်ရှိတဲ့ ဆရာသမား၊မိဘမိတ်ကောင်းဆွေကောင်းတစ်ဥိးဥိးဆီပြောပြလိုက်ဖို့ပါ။ဆရာမိတ်ဆွေတွေရဲ့တရားစကားလေး
တစ်ခွန်းလောက် ကြားလိုက်ရရင် ဖြစ်နေတဲ့ ဒေါသ က ပြေသွားတာများပါတယ်။

ဒါလည်း နည်းယူရမယ့် ဒေါသဖြေနည်းတစ်ခုပါ။ ဒေါသ ဖြစ်လာတဲ့အခါ ကိုယ်တိုင် မဆုံးဖြတ်ဘဲ ကိုယ့်ထက်
အသိဉာဏ် အတွေ့အကြုံရှိတဲ့သူကို တိုင် ပင်ပြီးမှ လုပ်တာက အကောင်းဆုံးပါ။ ဒေါသဖြစ်နေတုန်း ကိုယ့်သ
ဘောနဲ့ ကိုယ် ဆုံဖြတ်ရင် မှား တာများပါတယ်။

ဒီတော့ ဒေါသဖြစ်လာပြိဆိုရင် ကိုယ်လေးစားရသူ တစ်ဥိးဦးကို ရင်ဖွင့် ပြောပြလိုက်ပါ။ ရင်ဖွင့်လိုက်၇င် စိတ်က
ပေါ့သွားတာ များပါတယ်။

တစ်ခု သတိထားရမှာက ကိုယ်တိုင်ပင် နည်းခံတဲ့သူက တရားအသိ အားနည်းပြီး "ကိုယ့်ကို ဒီလို စောကားတာ
ငြိမ်ခံမနေနဲ့၊ ပြန်သာ ဆော်ပစ်လိုက်ပါလား၊ ငါဘာကူညိရမလဲ" ဆိုပြီ မြှောက်ပေးတဲ့သူ မဖြစ်ဖို့ောတ့ လိုပါတယ်။
အဲဒီလို တရားအသိအားနည်းတဲ့ လူမျိုးများသွားတိုင်ပင်မိရင်ကိုယ်ကမကျူးလွန်ချင်ဥိးတော့သူကြောင့် ကျူးလွန်
ချင် စိတ်တောင် ဖြစ်သွား ဦးမှာပါ။

လူ သုံးမျိုးတွေ့ရပါတယ်။
ဒေါသမဖြစ်အောင်နေတဲ့သူရယ်၊
ဒေါသဖြစ်ပေမယ့် ကိုယ့်ဖြစ်တဲ့ ဒေါသကို သိပြီး ရတဲ့နည်းတစ်ခုခုနဲ့ ပယ်ပစ်တဲ့သူရယ်၊
ဒေါသဖြစ်ပေမယ့် ကိုယ် ဒေါသ ဖြစ်နေမှန်း မသိဘဲ ဆက်ကာ ဆက်ကာ ဖြစ်နေတဲ့သူ ရယ်ပါ။

တစ်ချို့က ဒေါသမဖြစ်အေင်ကို နေတာပါ။ သူ့ကို ကြည့်လိုက်ရင် ပြုံးပြုံးနဲ့ပါ။ မျက်မှာ ကလည်း ကြည်လင်နေတာပါ။ ဒေါသမဖြစ်တော့ စိတ်က ကြည်နေ၊ စိတ်ကြည်နေတော့ ရုပ် ကပါ လိုက် ကြည်လင်နေတာပါ။

တစ်ချို့ကျတော့ အလိုမရှိတဲ့ အာရုံ တစ်ခုခုကို တွေ့ပြီး ဒေါသတော့ဖြစ်လိုက်တာပါပဲ။ဒါပေမယ့်ကိုယ်ဒေါသဖြစ်နေ
မှန်းကို ချက်ချင်းသိလိုက်ပါတယ်။ သိတာနဲ့ ပယ်လို့ရ တဲ့ နည်း တစ် ခုခုနဲ့ ပယ်ပယ်ပစ်တာပါ။ ဒေါသဖြစ်ပေမယ့်
ဖြစ်တဲ့ ဒေါသက အကြာကြီး တည် မနေ တော့ပါဘူး။

တချို့ကျတော့ ကိုယ်ဒေါသဖြစ်ပေမယ့် ဖြစ်မှန်းကို မသိတော့တာပါ။ ဒါကြောင့် ဒေါသကို ဆက်ကာ ဆက်ကာ
ဖြစ်နေတော့တာပါ။ မနေနိုင်တော့တဲ့ အဆုံး မပြောသင့်တဲ့စကားတွေ ပြောချလိုက်မိရော။ မလုပ်သင့်တာတွေ
လုပ်ချလိုက်မိရော၊
နောက်ဆုံးတော့ ကြီးမားတဲ့ လောကပြစ်၊ ဓမ္မပြစ်ကြီးတွေပါ ကျူးလွန်မိသူ ဖြစ်သွားတော့
တာပါ။ ဒီအခြေနေမျိုး ရောက် သွား ရင် သိပ်ကြောက်ဖို့ ကောင်းတာပါ။

ကိုယ်က ပါရမီအားနည်းသေးလို့ ပထမ အမျိုးအစားမှာ မပါသေးရင်တောင် ဒုတိယ အမျိုးအစားတော့ ပါအောင်
ကြိုးစားရမှာပါ။

ဒေါသဖြစ်လာပြီဆိုရင် ကိုယ်ဒေါသဖြစ်နေတာကို သိလိုက်ဖို့ပါ။ ကိုယ်ရှေ့မှာရှိတဲ့ ခွက် ကလေးကို ထိုင်ကြည့်နေသ
လို ဖြစ်နေတဲ့ ဒေါသလေးကို စိတ်ကလေးနဲ့ ထိုင်ကြည့်နေဖို့ပါ။ တတ်နိုင်သရွေ့ ဒေါသရဲ့ သဘောလေးကို မိနိုင်သမျှ
မိအောင် ကြည့်နေလိုက်ဖို့ပါ။

ဒေါသလေးက ဘယ်လိုလေးလဲ။ ဘယ်လိုလေးဖြစ်နေတာလဲဆိုပြီး ဒေါသရဲ့ သဘော လေးကို သိနေလိုက်ဖို့ပါပဲ။

ဒီတော့ ဒေါသဖြစ်ဖြစ်လာပြီဆိုရင် နှုတ်က လည်း ပြောလိုက်ပါဦး။
"ကိုင်း…ဒေါသရေကြိုက်သလောက်ဖြစ်စမ်း၊ငါကတော့မင်းကိုစိုက်ကြည့်နေမှာပဲ"လို့ပြောပြီးဒေါသကိုသေချာသာ
စိုက်ကြည့်နေလိုက်ပါ။

မျက်စိနဲ့ကြည့်ရမှာတော့မဟုတ်ပါဘူး။စိတ်နဲ့ကြည့်နေရမှာပါ။ရှေ့မှာချထားတဲ့ကော်ဖီခွက်ကလေးကိုသေချာ
စိုက်ကြည့်နေရင် ခွက်ကလေးရဲ့ သဘောလေးကို သိရသလို ဖြစ်နေတဲ့ ဒေါသလေးက ဘယ်လိုလေးလဲ၊
ဘယ်လိုသဘော လေး ဖြစ်နေတာလဲ ဆိုတာ သိအောင် ကြည့်ရမှာပါ။

သိစ ကြည့်စမှာတော့ ဒေါသကလေးက ပျောက်ဦးမှာ မဟုတ်သေးပါဘူး။ သိပါ၊ သိပါ၊ ကြည့်ပါ ကြည့်ပါ
များလာရင် ဒေါသလေးက လျော့လျော့သွားတာ များပါတယ်။ လိုရင်းကတော့ ဒေါသဖြစ်လာရင် ဒေါသကို
ပြန်ကြည့်နေလိုက်ဖို့ပါ။

အဲဒီလို ဒေါသဖြစ်တာလေးကို သိလိုက် တာဟာ အဆင့်မြင့် ၀ိပဿနာနဲ့ ပယ်လိုက် တာပါပဲ။

မဟာသတိပဋ္ဌာန်သုတ်မှာ ဒေါသဖြစ်ရင် ဖြစ်တယ်လို့ သိလိုက်ပါတဲ့ ၊ မြတ်စွာဘုရားက ရိုးရိုးလေးပဲ ပြထားတာပါ။

ကျင့်စမှာတော့ ခက်နေမှာပါ။ ကျင့်ပါများသွားရင် အလေ့အကျင့်ဖြစ်ပြီး လွယ်သွားလိမ့် မယ်။မခက်လှတဲ့ကျင့်စဉ်
လေးကို လက်တွေ့ကျင့်သုံးကြည့်သင့်ပါတယ်။ ကျင့်နေတဲ့ အချိန် မှာ တစ်ဖက်ကလည်း

"ငါ မြတ်စွာဘုရားကိုအကျင့်နဲ့ ပူဇော်နေတယ်၊ငါ မြတ်စွာဘုရားကိုအကျင့်နဲ့ ပူဇော်နေတယ်"လို့ နှလုံးသွင်းနေလိုက်
ပါ။ မြတ်စွာဘုရားကို အကျင့်နဲ့ ပူဇော် နေတာဆိုတော့ မြတ်စွာဘုရားရဲ့ မျက်နှာတော်လေးကို မြင်ယောင်ပြီး မြတ်စွာ
ဘုရားကို အားနာသွားပြီး ဒေါသကို ဆက်ပြီး မဖြစ်ရက်တော့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုောတ့ ကိုယ်က မြတ်စွာဘုရား
ကို အနှို်င်းမဲ့ ကြည်ညိုထားလို့ပါ။

"ဒေါသ ဖြစ်လိုက်တာနဲ့ သိလိုက်ပြီး မြတ်စွာဘုရားကို အကျင့်နဲ့ ပူဇော်လိုက်"၊ "ဒေါ သဖြစ်လိုက်တာနဲ့ သိလိုက်ပြိး
မြတ်စွာဘုရားကို အကျင့်နဲံပူဇော်လိုက်"နဲ့ ကြာလောတော့

ဒုတိယ အမျိုးအစားထဲမှာ ပါသွားပါလိမ့်မယ်။ ဆက်လက်ပြီး ကျင့်သွားမယ်ဆိုရင်တော့ ပထမ အမျိုးအစားထဲမှာ
တောင် ပါသွားတော့မှာပါ။

အဲဒီလိုမှ မပျောက်ရင်" ငါ ဒေါသဖြစ်နေတယ်၊ ငါ ဒေါသဖြစ်နေတယ်"လို့ ထပ်ကာ ထပ်ကာ ဆိုနေလိုက်ပါ။
တကယ်လို့ ဒေါသက အင်အားသိပ်ကောင်းနေရင်လည်း"ငါ ဒေါသဖြစ်နေတယ်၊ ငါ ဒေါသ ဖြစ်နေတယ်"လို့
အသံကို မြှင့်ပြီး ခပ်ကျယ်ကျယ်လေးသာ အော်ဆိုနေလိုက်ပါ။ ရွတ်ဆိုရင်းနဲ့ အသိဉာဏ် ၀င်လာတဲ့အခါ
ဒေါသက လျော့သွားတာ များပါတယ်။

အဓိကကတော့ဒေါသကိုပယ်ချင်တဲ့စိတ်ရှိဖို့ပါပဲ။ ပုထုဇဉ်အလျှောက်ဒေါသကိုမပယ်နိုင်သေး လို့ဒေါသဖြစ်နေ
ရသေးပေမယ့်ကိုယ်ကဒေါသကိုပယ်ချင်စိတ်ရှိဖို့ပါပဲ။ပယ်ချင်စိတ်ကိုအခြေခံပြီးရွတ်နေရင်လျော့လျောသွားတာ
များပါတယ်။

နောက်တစ်ခု သတိ ထားရမှာက ဒေါသဖြစ်နေတဲ့ အချိန်မှာ ကိုယ်ဒေါသ ဖြစ်ရ သူနဲ့ ဘာစကားမှ မပြောမိ
အောင်ရယ် ဘာမှ မလုပ်မိအောင်ရယ် အထူးသတိထားရပါမယ်။ဒေါသထွက်နေတုန်း ပြောလိုက် ပြုလိုက
်ရင် မှားသွားတာများလို့ပါ။

စာထဲမှာ ဘာဖြစ်လို့ ဒေါသဖြစ်ရသလဲလိုတော့ အနိဋ္ဌာရုံနဲ့ အယောနိသောမနသိကာရ ကြောင့်ပါတဲ့။
အနိဋ္ဌာရုံဆိုတာ ကိုယ်မနှစ်သက်တဲ့ အာရုံ ကိုယ်အလိုမရှိအပ်တဲ့ အာရုံပါ။

ကိုယ်မနှစ်သက်တဲ့အဆင်း အသံ အနံ့ အရသာ အတွေ့အထိ ကိုယ်မနှစ်သက်တဲ့ အစား အစညာ
ကိုယ်နှစ်သက်တဲ့ ပစ္စည်း၊ ကိုယ်မနှစ်သက် တဲ့လူ စသည် စသည်တွေကြောင့် ဒေါသဖြစ်ရပါတယ်။

နောက်တစ်ခုက အယောနိသောမနသိကာရ နှစ်လုံးသွင်းမှားမူကြောင့်လည်း ဖြစ်ရ ပါတယ်။

ကိုယ်မနှစ်သက်တဲ့ အနိဋ္ဌာရုံကြောင့်လည်း ဒေါသဖြစ်ရတာဆိုတော့ အနိဋ္ဌာရုံတွေကို မမြင်အောင်
မကြားအောင် ကြိုရှောင်ထားလိုက်ရင်လည်း ဒေါသကို ကြိုတားပြီးသား ဖြစ်နေပါတယ်။

စာမှာတော့ ဒေါသဖြစ်ရခြင်းရဲ့ အကြောင်းရင်းဖြစ်တဲ့ အနိဋ္ဌာရုံနဲ့ အယောနိသော မနသိ ကာရ ကြောင့်လို့
ဆိုပေမယ့် အယောနိသောမနသိကာရ အဓိကကျပါတယ်တဲ့။ဘာဖြစ်လို့လဲ ဆိုတော့ကိုယ်မနှစ်သက်တဲ့
အနိဋ္ဌာရုံနဲ့တွေ့ဦးတော့ ယောနသောမနသိကာရနဲ့ နှစ်လုံးသွင်း လိုက်၇င် ဒေါသ မဖြစ်တော့ပါဘူးတဲ့။

ဒေါသကို ပယ်ချင်တဲ့သူက ဒီစာမှတ်ချက်ကလေးကို သေချာအာရုံပြုထားရမှာပါ။ ကြုံလာတဲ့ အာရုံတိုင်း
ကို ယောနိသော မနသိကာရနဲ့ နှလုံးသွင်းထားလိုက်၇င် ဒေါသဖြစ်နိုင် စရာ မရှိတော့ပါဘူး။

စာထဲမှာ ထပ်ပြထားတာကတော့ အနိဋ္ဌာရုံကို တားလို့မရပါဘူးတဲ့။ ဟုတ်လည်း ဟုတ် ပါတယ်။ ပတ်ဝန်းကျင်
်နဲ့ နေရတာဆိုတော့ ကိုယ်မနှစ်သက်တဲ့ အနိဋ္ဌာရုံကတော့ အရှေ့ အနောက် တောင် မြောက် ၀ဲ ယာကနေ ပေါ်
ချင်သလို ပေါ်ပေါ်နေမှာပါ။ ဘယ်လိုမှ တားလို့ ရမှာ မဟုတ်ပါဘူး။

ယောနသောမနသိကာရကို လက်ကိုင်ထားနိုင်မှ ကိုယ်မဖြစ်ချင်တဲ့ ဒေါသက မဖြစ် မှာပါ။

ဒီတော့ကိုယ်မနှစ်သက်တဲ့ အာရုံကို ယောနိသော မနသိကာရနဲ့ နှလုံးသွင်းတဲ့ အလေ့လေးကိုထပ်ကာထပ်ကာ လေ့ကျင့်ထုံထားနိုင်ရပါမယ်။ လေ့ကျင့်စမှာတော့ ရချင်မှ ရမှာပါ။ လေ့ကျင့်ပါ များလာရင်တော့ အတိုင်းအတာ
တစ်ခုအထိတော့ ရင့်ကျက် သွား တော့မှာပါ။

ဒါကြောင့် ကိုယ်မနှစ်သက်တဲ့ အနိဋ္ဌာရုံတွေ့လိုက်တာနဲ့
"ငါ ယောနိသောမနသိကာရနဲ့ နေမယ်"
"ငါ ယောနိသောမနသိကာရနဲ့ နေမယ်" လို့ ငါးခါခြောက်ခါလောက် ဆင်ခြင်ပစ် လိုက်ပါ။

ဆင်ခြင်မှုကို လျှော့မတွက်ပါနဲ့။ ဆင်ခြင်ပါများရင် အဲဒီဆင်ခြင်မှုကပဲ ယောနိသော မနသိကာရ ဖြစ်ဖို့ အတွက် ကူညီသွားပါလိမ့်မယ်။

ဇာတ်ဝတ္ထုတွေ ထဲမှာ ဆင်ခြင်ရင်းနဲ့ သံဝေဂဖြစ်၊ အဲဒီ သံဝေဂကိုပဲ အခြေခံပြီး ၀ိပဿနာ ဆက်ကူးသွားတာ
တရားထူး တရား မြတ် ရဖို့အထိတောင် အထောက်အပံ့ ဖြစ်တာပါ။

ဒီတော့ ရတာ မရတာထား၊ ဆင်ခြင် စရာရှိတာ တင်းတင်းသာ ဆင်ခြင်နေလိုက်ပါ။ ဆင်ခြင်မှုရဲ့ အကျိုးကိုတော့
ခံစား ရပါလိမ့်မယ်။

ဒေါသ ပယ်နည်းတွေကတော့ စာထဲမှာ အများကြီးပါပဲ။
ဒီတော့ ဆင်ခြင် နှလုံးသွင်းပြီး ပယ်တာရယ်၊ ၀ိပဿနာနဲ့ ပယ်တာရယ်ပဲ ရေးပြလိုက်ပါတယ်။

ကဲ… စာဖတ်သူ၊ ဒေါသဖြစ်လာတဲ့အခါ
"ကဲ… ဒေါသ ၊ မင်းကြိုက်သလောက် ဖြစ်စမ်း၊ ငါကတော့ မင်းကို သေချာထိုင်ကြေည့်နေမှာပဲ" ဆိုပြီး ဖြစ်လာတဲ့
ဒေါသကလေးကို စိုက်ကြည့် နေလိုက်ပါ။ ကြည့်ပါ ကြည့်ပါများလာရင် တစ်နေ့သောအခါမှာ ဒေါသနည်းသူတစ်
ယောက် ဖြစ်သွားပါလိမ့်မယ်။

ရဝေနွယ်(အင်းမ)

Friday, January 22, 2010

အောင်ဆန်းပေးတဲ့မြန်မာပြည်

ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ


(စကားချီး။
လူ့လောကထဲ သူနေခဲ့ရတာက
၃၂ နှစ် ၅ လ ၆ ရက် ထဲရယ်ပါ။
၁၃-၂-၁၉၁၅ မှ ၁၉-၇-၁၉၄၇
နတ်မောက် ဦးသောဘိသကျောင်း
ရေနံချောင်း အမျိုးသားကျောင်း
ရန်ကုန်တက္ကသိုလ်တွေမှ ပညာဆည်းပူးခဲ့၊
၁၉၃၄ ကျောင်းသားသမဂ္ဂအမှုဆောင်နဲ့ နိုင်ငံရေးဘ၀စတင်၊
နိုင်ငံရေး လုပ်သက် ၁၃ နှစ်
အဓိက ဖြတ်သန်းမှုတွေက
သမဂ္ဂ၊ တို့ဗမာ၊ ရဲဘော်သုံးကျိပ်၊ ဖဆပလ
အဓိက အောင်မြင်မှုကတော့
မြန်မာ့လွတ်လပ်ရေး သို့မဟုတ် စတုတ္ထမြန်မာနိုင်ငံတော်)

အရပ် ပုပု
မျက်မှောင် ကုတ်ကုတ်
ပိုသီပတ်သီ အညာသား။

ဘီအေ ကျောင်းသား
စကား မပြော
ပြောရင်မရပ်
ညှင်းသိုးသိုး အရိုးခံ
ခေါင်း အမာဆုံး
ဇွဲ အရှိဆုံး
စိတ်ဓာတ် အပြင်းထန်ဆုံး လူသား။

သူမသိ နားမလည်တာတွေက အများသား
ရေ မကူးတတ်ဘူး
စက်ဘီး မစီးတတ်ဘူး
စန္ဒရား မတီးတတ်ဘူး
သီချင်းကောင်းကောင်း နားမထောင်ခဲ့ရဘူး
မိန်းမ မပိုးတတ်ဘူး
ဘိလပ်ပြန်သန်းကို မေရှင့်သီချင်း ဆိုခိုင်းခဲ့သူ
ချစ်ရတဲ့ နာစ့်မလေးကြည်ကို လူငှားနဲ့ ပိုးခဲ့ရသူ
ဗွီအိုင်ပီဆိုတဲ့ စာတန်းကို အလွန်စက်ဆုပ်ရွံရှာသူ
လမ်းဘေးမှာ ကျောက်ကျောရေသောက်တဲ့ ၀န်ကြီးချုပ်
မင်္ဂလာဆောင်မှာ ခဲဖိုးတောင်းတာ နားမလည်တဲ့သူ
လွတ်လပ်ရေးကို စဉ်းစားရင်း စစ်ဖိနပ် ပြောင်းပြန်စီးတဲ့သူ
လွတ်လပ်ရေးကို စဉ်းစားရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတဲ့သူ
တွေ့ချင်လွန်းလို့ လမ်းမှာတားတဲ့ ရွာသားတွေနဲ့
အတူ လမ်းဘေးမှာ အကြော်စားတဲ့ ၀န်ကြီးချုပ်
သူ့ကိုယ်သူ ပြည်သူတစ်ယောက်အဖြစ်ခံယူတဲ့ ၀န်ကြီးချုပ်
"ကြည်...ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ်"
မိန်းမကို မနက်စာပြင်ခိုင်းတဲ့ သူ့ရဲ့ ကမ္ဘာကျော်စာ
ဗိုလ်ချုပ်အဆင့်ရဲ့ အမှားနဲ့ သာမန်ရဲဘော်အဆင့်ရဲ့ အမှန်ကို
ကွဲကွဲပြားပြားသိတဲ့သူ
လူငယ်ဘ၀၊ လူ့ဘ၀ရဲ့ စည်းစိမ်အရသာတွေ
ခံစားဖို့ အချိန်မရခဲ့တဲ့သူ
သူ့ဖြတ်သန်းမှုမှာ
လွတ်လပ်ရေးဆိုတာ တစ်ခုတည်းနဲ့
ပကတိ ရိုးရှင်းသန့်စင်ခဲ့တဲ့သူ
သူ့ကို ဒဂုန်တာရာက ကင်ပွန်းတပ်
အောင်ဆန်း သို့မဟုတ် အရိုင်းတဲ့။

လုပ်သက်က ခပ်နုနု
ကျောင်းသား ပေါက်စ
သခင် ပေါက်စ
စစ်သား ပေါက်စ
နိုင်ငံရေးသမား ပေါက်စ
ဘ၀တွေက အဖုံဖုံ
အသက်က ၃၀ မရှိ တရှိ။

ဒီအောင်ဆန်း လက်တောက်လောက်လေးကို
ဘာ့ကြောင့်
နေမ၀င် အင်ပါယာကြီး ဒူးထောက်ခဲ့ရပါသလဲ...။

တကယ်ဆိုတော့
ငါတို့ အောင်ဆန်းက
နယ်နယ်ရရ မဟုတ်-
ရိုးသားတဲ့ မြန်မာတွေထက်ပို
ရိုးသားတဲ့ အောင်ဆန်း
သတ္တိပြောင်တဲ့ မြန်မာတွေထက်ပို
သတ္တိရှိတဲ့ အောင်ဆန်း
စွန့်လွှတ်ရဲတဲ့ မြန်မာတွေထက်ပို
စွန့်လွှတ်ပြတဲ့ အောင်ဆန်း၊
ဒီလို အောင်ဆန်း
သူ့သွေးသား အရိုးအချဉ်တွေ အားလုံး
လွတ်လပ်ရေး တစ်ခုတည်းနဲ့ အပြီး
စုစည်းတည်ဆောက်ပြတဲ့ အောင်ဆန်း
တကယ့်အရိုးခံ အောင်ဆန်းပေါ့။

ဒီအောင်ဆန်းကို
လွတ်လပ်ရေးလမ်းဝမှာ ဘွားကနဲ မြင်လိုက်ရရုံပဲ
အောင်ဆန်းရဲ့ဆရာတွေ မှိုင်း၊ မြ၊ ချိုတို့ကအစ
""ငါတို့ အားကိုးပါရစေ"" ဆိုလာကြ၊
ရှေးဘိုးဘွားမိဘပြည်သူတွေက
""ငါတို့ကယ်မယ့် မင်းလောင်းပေါ်ပြီ"" ပြုံးပျော်ကြ
လူငယ်သွေးသောက်မြန်မာတွေက
""ငါတို့ စွန့်ပါရစေ"" ဆိုပြီး ရှေ့ထွက်လာကြ
စုကြ၊ ရုံးကြ၊ စည်းလုံးကြ
တကယ့်ဗမာတွေ
မဟာအောင်ဆန်းအနောက်က
ပြည်သူ့ ဒီလှိုင်းလုံးကြီးတွေရဲ့
တ၀ုန်းဝုန်း ရိုက်ခတ်သံဟာ
အဲဒီအချိန်က ၀ိတိုရိယဘုရင်မကြီးကိုတောင်
အိပ်မက်တွေ အေးခဲစေခဲ့သပေါ့။

အောင်ဆန်းရှေ့ရောက်ရင်
ရှမ်းတွေက ရှမ်းစကားမဆိုကြ
ကချင်တွေကလည်း ကချင်စကားမဟကြ
အောင်ဆန်းကို ယုံကြည်စွာနဲ့
သူတို့ သခင်အဖြစ် သိမှတ်ပြုကြ
အားလုံးသော တိုင်းရင်းသားတွေ။

ဒီပြည်လုံးကျွတ်အားကို စုစည်းနိုင်ခဲ့လိုလည်း
အင်္ဂလိပ်တွေက ဒီအောင်ဆန်းလက်တောက်လောက်နဲ့
တစ်စားပွဲထဲ ၀ိုင်းခဲ့ကြပေါ့
အကင်းပါးသူတွေပီပီ
မတိုက်မီက ရှုံးနေတဲ့ ဒီစစ်ကို
ဒင်းတို့ မတိုက်ဝံ့ကြ
မျက်နှာမပျက် အောင်မြင်စွာ ဆုတ်ခွာမယ့်လမ်းကို
သူတို့ ရွေးခဲ့ကြ
အောင်ဆန်းနဲ့အတွေ့မှာ။

ယုံကြည်အားကိုးတဲ့
မျက်လုံးပေါင်း သန်း ၆၀
အောင်ဆန်းမှာ ရှိတယ်
လွတ်လပ်ရေးကို တရှိုက်မက်မက်တောင့်တတဲ့
နှလုံးသားသန်း ၃၀ အောင်ဆန်းမှာရှိတယ်
အောင်ဆန်းသေဆို သေပြ၀ံ့တဲ့သူ
အောင်ဆန်းမှာ တပြည်လုံးရှိတယ်
ဒီ မျက်လုံးနှလုံးအသက်
ဗို့အားသိန်းသန်းချီ မီးဆလိုက်အားတွေနဲ့
နေမ၀င်အင်ပါယာကို ပြတ်ပြတ်သားသား လှမ်းထိုးလိုက်တဲ့အခါ
အခြောက်တိုက် ဘ၀င်မြင့်နေသူတွေ
အားလုံး အရည်ပျော်သွားခဲ့ကြ။

ဘယ်ရာဇ၀င်မှာ ခင်ဗျားတို့ တွေ့ဘူးလဲ။
ဂျပန်ဆိုတာ မနူးမနပ်မဟုတ်ဘူး။
အင်္ဂလိပ်ဆိုတာက ဝေလာဝေး
သူငယ်နှပ်စားမဟုတ်။
ဒင်းတို့တွေတောင် ရအောင် စည်းရုံးနိုင်တဲ့သူ
အောင်ဆန်း
ဒီအောင်ဆန်းက စစ်ကို မလို
ဒါပေမဲ့ ရရင်ရ မရရင်ချ ဆိုတာ အောင်ဆန်းဝါဒ
လွတ်လပ်ရေးကို အမြန်ဆုံးလိုချင်နေတဲ့
အဲ့ဒီအချိန် ပြည်သူတွေရဲ့
တစ်ဦးတည်းသော ကိုယ်စားလှယ်
ငါတို့ အောင်ဆန်းပေါ့။

အောင်ဆန်း
ဒီအချိန်ဆို
၉၃ နှစ်ရှိပြီ
အောင်ဆန်းပြောမယ်
အဘိုးရဲ့စကား နားထောင်...။

""မမေ့နဲ့
မင်းတို့
ကနေ့ ရှုနေတဲ့ လေဟာ
ငါတို့
မနေ့က ချွေးစက်တွေဆိုတာ
မမေ့နဲ့
မင်းတို့
မြန်မာဆိုတဲ့ စကားတစ်ခွန်းကိုရဖို့
ငါတို့
ဘုံးဘောလအော ကျဆုံးပေးခဲ့ရတာ
မမေ့နဲ့
မင်းတို့
ကမ္ဘာ့မြေပုံပေါ်တက်နိုင်ဖို့
ငါတို့
အလောင်းကောင်တွေဆင့်ပြီး ထမ်းတင်ပေးခဲ့တာ
မမေ့နဲ့။""

မြန်မာလူမျိုးတိုင်းမှာ
အဖေနှစ်ယောက်ရှိတယ်
တစ်ယောက်က
ကိုယ့်သွေးသားအဖေ
ကျန်တစ်ယောက်က
မြန်မာလူမျိုးကို မွေးပေးတဲ့အဖေ
မြန်မာလူမျိုးရဲ့အဖေ
မြန်မာ့အဖေ
အောင်ဆန်းပေါ့။

ကျုပ်အဖေနဲ့အဖိုးဟာ အောင်ဆန်းသားတွေ
အောင်ဆန်းက ကျုပ်အဖိုး
ကျုပ်သားက အောင်ဆန်းရဲ့မြစ်ပေါ့
သူ့အဘိုးကို သူ လွမ်းတတ်နေပြီ
သူ့သားကျရင်လဲ သူ့အဘေးနဲ့
ပေးတွေ့နိုင်ဖို့
အခုကတည်းက အသေအချာ
ကျုပ် မှာထားရအုံးမယ်။

Tuesday, January 19, 2010

သိပ္ပံဆရာတွေ မခန့်မှန်းနိုင်တဲ့ မေတ္တာ

တစ်နေ့က Gtalk message မှာစိတ်ကူးရတဲ့ စာလေးတင်လိုက်မိတယ်......... တကယ့်မေတ္တာစစ်ကို ဘယ်သိပ္ပံဆရာကမှ မတိုင်းတာနိုင်ပါဘူးလို့........အဲဒီကလေ အောက်ပါဇာတ်လမ်းလေး အတွေးဝင်မိတယ်........
အနှိုင်းမဲ့မေတ္တာ….ဖက်ဖူးတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို ကိုယ့်ဘာသာကို နာမည်တပ်ပြီး ပြန်လည်ပြောပေးတာပါနော်။
တောသားလေးည်း စာရေးဆရာကိုတော့မမှတ်မိဘူး။ ဖက်ဖူးတာတော့ကြာနေပါပြီ ။ အခုတော့ အရှင်ဝီရိယ(တောင်းစွန်း) ရေးတဲ့ ဘုန်းရယ် ကံရယ် ကုသိုလ်ရယ်.........ဆိုတဲ့ စာအုပ်ကို ဖက်မိတော့ ပြန်လည် သတိရမိလာလို့ မျှဝေပေးတာပါ။

တစ်ခါက....ဈေးရှိတဲ့ ရွာကြီးတစ်ရွာမှာ ဈေးဖိတ်နေ့ညနေပိုင်းရောက်တဲ့အခါမှာ နောက်နေ့ရောင်းချဖို့အတွက် အမဲသက်လေ့ရှိပါတယ်….. အဲဒီအခါမှာ နောက်နေ့နွားသက်ဖို့ ၀ယ်လာတော့ နွားမကြီးတစ်ကောင်ဖြစ်နေတယ် အဲဒီနွားမကြီးဝယ်လိုက်တော့ နို့မပျက်သေးတဲ့ နွားငယ်လေးတစ်ကောင်ပါလာတယ်။ နွားမကြီးကို နွားသက်ကုန်းပေါ်ခေါ်လာတော့ နွားငယ် သားလေးလည်း ဘာမသိညာမသိနဲ့ လိုက်ပါလာတော့တာပေါ့။ နွားသက်ကုန်းနဲ့ မနီးမဝေးမှာတော့ အရင်ကသက်ထားတဲ့ နွားတွေရဲ့အရိုးအနံ့ရတော့ နွားမကြီးလည်း မိမိကို သက်တော့မယ်ဆိုတာသိတော့ မောင်းလို့မရတော့ဘူးတဲ့။

လူတွေကလည်း နေမ၀င်ခင် ကိစ္စပြီးအောင်လုပ်ရမှာဆိုတော့ နွားမကြီးကို နောက်ကနေမောင်းလို့မရတော့တဲ့ အဆုံး နှာကြိုးကို လှန်ပြီး ရှေ့ကနေတအားဆွဲတော့တယ်။ နွားမကြီးလည်း ကြောက်အားလန့်အားနဲ့ ယက်ကန် ယက်ကန်နဲ့ ရုံးနေတာပေါ့။ အဲဒီအချိန်မှာ နွားသားလေးက ဘာမှမသိရှာဘူးလေ။ တောထဲမှာ မြတ်စားရင်း ဆော့ကစားနေလေရဲ့။ နောက်တော့ပါလာတဲ့လူတွေအားလုံးက နွားမကြီးနှားဖျားကြိုးကို တအားဆွဲကြတော့ နွားမကြီးရဲ့ နှာဖျား အသား တွေပြတ်သွားတော့တယ်။ သွေးတစက်စက်နဲ့ နွားမကြီးလည်း ကြောက်အား လန့်အားပြေးတော့တာပေါ့။

လယ်ကွက်နှစ်ကွက် သုံးကွက်လောက် လွန်တဲ့အခါမှာ ကျန်တဲ့နွားသားငယ်လေးက အမေကိုမတွေ့တော့ အသံပေး အော်လိုက်တော့ နွားမကြီးလည်း ဆက်မပြေးတော့ဘူး နွားသားလေးကိုရပ်စောင့် နေတယ်။ နွားသားလေးနဲ့အတူ နွားသက်သမားတွေက ပါလာတော့ နွားမကြီးလည်း နောက်လယ်ကွက် သုံးကွက်လောက်ဆက်ပြေးပြန်ေ၇ာ ။ အမေနဲ့အတော်ဝေးသွားတော့ နွားသားလေးလည်းဆက်အော်ပြန်တော့ နွားမကြီးလည်းတစ်ဖန် ရပ်စောင့်နေပြန်တယ်။

အဲဒါကို နွားသက်သမားတွေက နွားမကြီးကိုလိုက်နေ့လို့တော့ ဒို့တောနေ၀င်သွားတော့မယ်။ ဖမ်းဖို့တော့မလွယ် တော့ဘူး။ သူ့သားလေးကိုဖမ်းရင်တော့ သူပြန်လာမှာပဲဆိုတဲ့ အကြံကိုရရှိသွားတော့တာပေါ့။ အဲဒါနဲ့ နွားသား လေးကိုဝိုင်းဖမ်းကြတော့တယ်။ နွားသက်ကုန်းမှာ နွားသားလေးကိုကြိုးနဲ့ချီထားပြီး အော်အောင် ၀ိုင်းရိုက် ကြတယ်။ သားလေးရဲ့ မချိမဆံ့အော်သံကိုကြားရတော့ နွားမကြီးလည်းဆက်မပြေးနိုင်တော့ဘူး။ သူ့မှာရှိတဲ့ ဒဏ်ရာကိုရော အသက်ခံရမယ်ဆိုတဲ့အသိကိုပါ မေ့ပြီး သားလေးရှိရာကို ပြန်လှည့်လာတော့တာပေါ့။

နွားသက် သမားတွေကလည်း လက်နက်ကိုယ်စီနဲ့ ကိုင်စောင့်နေကြတာပေါ့။ နွားမကြီးကလည်း သားလေးရှိရာကို တဖြေး ဖြေးလှမ်းလျှောက်လာတယ် ။ သားလေးရဲ့ကိုယ်မှာရှိတဲ့သွေးထွက်နေတဲ့ ဒဏ်ရာတွေကိုလျှာနဲ့ လျှက်ပေးနေ တော့တယ်။ အဲဒီအချိန်မှာနောက်မှာရှိတဲ့ နွားသက်သမားတွေက သူတို့လုပ်ရမယ့်လုပ်ငန်းကို ဆက်လုပ်ကိုင်ကြ တော့တယ်။
ဒါကို မြင့်မိုရ်ဦးရဲ့နောက်ဆုံးရေစင်ပဲဆိုတာ နွားသားလေးကသိချင်မှ သိမယ်ပေါ့နော်။ မြင်းမိုရ်ဦးက တော့ ကွယ်ပျောက်သွားပြီ။
ဇာတ်လမ်းလေးကတော့ အဲဒါပါပဲ...............
ဘုရားရှင်မေတ္တာသုတ်တော်မှာ ဟောကြားတော်မူတဲ့ မာတာယထာ နိယံပုတ၊္တ မာယုသာ ဧကပုတ္တ မနုရက္ခေ ။ လူမိခင်များသာမကဘူး တိရစ္ဆာန်မိခင်များလည်း ရင်သွေးကို အသက်နဲ့လဲပြီး ကာကွယ်ကြတယ် ။
အဲဒါကြောင့် အနှိုင်းမဲ့မေတ္တာကို ဘယ်သိပ္ပံဆရာကမှ မတိုင်းတာနိုင်ပါဘူး။
မိဘကျေးဇူး ဆပ်နိုင်ပါစေ .................
ကိုတောသားလေး........

Monday, January 18, 2010

နိုင်ငံတော်သီချင်းကိုဘယ်သူရေးစပ်ခဲ့သလဲ

ဒီဆောင်းပါးကို ကျွန်တော် january 7 ရက်နေ့ထုတ် 7day news ဂျာနယ်မှာ ဖတ်လိုက်ရပါတယ် ။ အားလုံးလဲသိသင့်တယ်ထင်လို့ပါ။ ဖတ်ရတဲ့သူတွေလဲ ပြန်ပြီး အမှတ်ရအောင် မဖတ်လိုက်ရတဲ့သူတွေလဲ သိရအောင် ကျွန်တော်ဒီ post ကိုတင်လိုက်ရတာပါ။
" ကမ္ဘာမကြေ" သီချင်းသည်ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့သော တိုင်းသိ၊ ပြည်သိ၊ ကမ္ဘာကသိသော သီးချင်းဖြစ်ပါသည်

သို့ရာတွင် သီချင်းရေးစပ်ခဲ့သူ၊ မွေးဖွားပေးခဲ့သူ၊ မူလပိုင်ရှင် အစစ်အမှန်ကိုတော့ သိသူမရှိသလောက်ဟုဆိုရမှာဖြစ်ပါတယ်။ ကမ္ဘာမကြေ သီချင်းကို ရေးခဲ့သူမှာ စန္ဒရားဦးစိန်မြမောင် ဖြစ်ပါသည်။ ယခု သူကွယ်လွန်ခဲ့သည် မှာ ၂ နှစ်နီးပါးရှိခဲ့ပါပြီ။ ဦးစိန်မြမောင်သည် မြန့်မာ့အသံ နှင့်ရုပ်မြင်သံကြားတွင် ကာလပေါ်နှင် ခေတ်ဟောင်းတေး စိစစ်ရေး ဘုတ်အဖွဲ့ဝင်ဖြစ်ပါသည်။ သူသည် ကဏ္ဍစုံ၊ ထောင့်စုံမှ ရသစုံ ပေါ်လွင်သော တေးသီချင်းပုဒ်ရေ တစ်ထောင်ကျော် ရေးသားသီကုံး ခဲ့သူ ၊ မော်ကွန်းဝင်( ပထမအဆင့်)၊ နှင့် ဝဇ္ဇာထူးချွန်ဆု(ဒုတိယအဆင့်)တို့ကို ရရှိခဲ့သူ ဖြစ်ပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရ သည့် ၁၉၄၈ ဇန်နဝါရီ ၄ ရက်နေ့မှာ နိုင်ငံတော်အလံကိုလွှင့်တင်ရမှာဖြစ်သည့်အတွက် ထိုနေ့ နိုင်ငံ တော်အလံတင်ပွဲ အခမ်းအနားတွင် သီဆိုဖို့သီချင်း တစ်ပုဒ်လိုအပ်လာပါသည်။ သည်အတွက် ထိုစဉ်က နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုက ထိုနေ့ အခမ်းအနားတွင် သီဆိုဖို့သီချင်းတစ်ပုဒ်ရေးရန် ဆရာရွှေတိုင်ညွှန့်အား ခေါ်လာပေးရန် ဦးစိန်မြမောင်ကို ပြောပါသည်။ ဦးစိန်မြမောင်က ဆရာရွှေတိုင်ညွှန့် ကွယ်လွန်သွားပြီဖြစ်သည့်အတွက် မရှိတော့ကြောင်း အကြောင်းပြန်ခဲ့ရာ ဦးနုက တခြားတေးရေးဆရာများနှင့် တိုင်ပင်ရေးပေးရန် ဦးစိန်မြမောင်ကို ထပ်မံတာဝန်ပေးလိုကပြန်ပ်ါသည်။ဦးစိန်မြမောင်သည် ဆရာစိန်ဝေလျှံ၊ ဒဂုန်ဆရာတင်၊ စောင်းဦးဘသန်း၊ ဂီတာဦးစိန်အောင်၊ နှင့် ဆရာရန်နိုင်စိန် တို့ကို လိုက်လံခေါ်ဆောင်ခဲ့ပါသည်။ သူတို့အားလုံးစုစည်းရောက်ရှိလာပြီး သီချင်းရေးစပ်ဖို့တိုင်ပင်ရာ ဆရာဦးစိန်ဝေလျှံ နှင့် စောင်ဦးဘသန်းတို့တစ်ယောက်နှင့်တစ်ယောက် စကားများ ရန်ဖြစ်ရာမှ သီးချင်းရေးဖို့ အစီအစဉ် ပျက်ပြားခဲ့ရပါသည်။ နောက်ထပ်သီချင်းရေးစပ်ဖို့ မည်သူ့ကိုမှစည်းရုံးမရတော့ဘဲဖြစ်ခဲ့ရပါသည်။ အကြောင်းစုံကို ဦးစိန်မြမောင်က ဦးနု ထံ တင်ပြခဲ့ရာ ဦးနုက ဦးစိန်မြမောင် တစ်ယောက်ထဲရေးနိုင်ပါက ရေးပေးစေလိုကြောင်း ပြောကြားတာဝန်ပေးလိုက်ပါတော့သည်။ ဦးစိန်မြမောင် သည် ဦးနုအိမ်တွင် တစ်ယောက်တည်းရေးသားစပ်ဆိုခဲ့ရပါတော့သည်။ သီးချင်းအစအဆုံ တစ်ပုဒ်လုံးကို ဆရာဇော်ဂျီဦးဆောင်သော အကဲဖြတ်အဖွဲ့က သီချင်းစာသားများ၊ တစ်လုံးချင်းအသေးစိပ် စိစစ်ပြီး သီချင်းကိုအတည်ပြုခဲ့ကြပါသည်။ အကဲဖြတ်အဖွဲ့ ကအတည်ပြုပြီးနောက် ဝန်ကြီးအဖွဲ့နှင့် လွှတ်တော်အဖွဲ့နှစ်ရပ်လုံးကပါ ထပ်ဆင့်အတည် ပြုခဲ့ကြပါသည်။ ထိုသို့ အဆင့်ဆင့် အတည်ပြုပြီးသော" ကမ္ဘာမကြေ" သီချင်းကိုမြန့်မာ့အသံမှ ဒါရိုက်တာဦးခင်ဇော်က မြန်မာနိုင်ငံသို့ ခေတ်တရောက်နေသော အမေရိကန် တီးဝိုင်တစ်ခု၏ အကူအညီဖြင့် အသံသွင်းခဲ့ပါသည်။ သီချင်းသီဆိုသူက အဆိုတော်ရွှေညာမောင် ဖြစ်ပါသည်။ ထိုသို့ ဖြင့် " ကမ္ဘာမကြေ" သီချင်းသည် မြန့်မာ့လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားတွင် ယူနီဂျက်အလံဖြုတ်ချ ပြီး မြန်မာနိုင်ငံတော်အလံ လွင့်ထူ၇မည့်အချိန်တွင် သီဆိုရမည့် နိုင်ငံတော် သီချင်းဖြစ်လာပါတော့သည်။ လွတ်လပ်ရေးနေ့ ဘွဲ့ထူးဂုဏ်ထူးချီးမြှင့်ပေးအပ်ရာတွင် ဦးစိန်မြမောင် သည် " ကမ္ဘာမကြေ" သီချင်းဖြင့်ဝဏကျော်ထင်ဘွဲ့ကိုထိုက်ထိုက်တန်တန် ရရှိခဲ့ပါသည်။ ဦးစိန်မြမောင်က သူမကွယ်လွန်မီ " ကမ္ဘာမကြေ" သီချင်းကို သူရေးစပ်ခဲ့ကြောင်း ခိုင်မာသောအထောက်အထားတို့ဖြင့်တင်ပြနိုင်ခဲ့ သဖြင့်ယနေ့နိုင်ငံတော်က သူ့အား ဝဇ္ဇာထူးချွန်ဆု(ဒုတိယအဆင့်)အား ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

Sunday, January 17, 2010

ဟာသ ၊ အတူတူရယ်ကြရအောင်

၁)ရှက်လို့
ဒီနေ့ အရှက်ပြိုင်ပွဲကျင်းပတာ သမီးပထမရတယ် မေမေ
ဟုတ်လား ။ ဘာတွေဆုချသလဲ သမီး...
မသိဘူး မေမေ ... ရှက်တာနဲ့ ဆုတက်မယူခဲ့ဘူး....

(၂)ရောဂါဟောင်း
ဆေးကျောင်းဆင်းကာစ ဆရာဝန်တစ်ယောက်သည် သူ့ဆေးခန်းသို့ပထမဆုံးရောက်လာသည့်လူနာကို စမ်းသပ်ရင်း ရောဂါရှာမရသဖြင့် ချွေးပြန်လာသည်။
ထို့နောက် အကြံတစ်ခုရပြီး လူနာကိုမေးလိုက်တယ်...
ခင်ဗျား အရင်က ဒီရောဂါဖြစ်ဖူးလားတဲ့
ဟုတ်ကဲ့။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဖြစဖူးပါတယ်
ဟုတ်ပြီ။ ဒါဆို အဲဒီရောဂါ ပြန်ထတာပဲ

(၃)ရပ်မပေးနိုင်ပါ
ဗျို့ ကားဆရာခဏရပ်ပါဦး။ နောက်က တွယ်စီးတဲ့ လူတစ်ယောက် ပြုတ်ကျကျန်ရစ်ခဲ့လို့။
ကိစ်စမရှိဘူး။ သူ့ဆီက ကားခရပြီးသားပါ။

(၄)မောင့်အချစ်ကပိုပါတယ်
ရှင်က ကျွန်မထက် အရက်ကို ပိုချစ်တယ်ပေါ့လေ ၊ ပြောစမ်း။
မိန်းမရယ် မင်းကိုတစ်ရက်မှာ ၂၄ နာရီလုံးချစ်တာပါ။ အရက်ကိုတော့ တစ်နေ့မှ တစ်ပုလင်းတည်း ချစ်တာပါ။

(၅)ဒီလောက်ပဲတက်ဖို့လိုတယ်
ငါ့သား မင်းကျောင်းနေတာ ကြာလှပြီ။ ၁ ကနေ ၁၀ အထိပဲ ရေတက်ပြီး၊ ဒီထက် ပိုမရေတက်သေးဘူး။ ကြီးလာရင် ဘာလုပ်စားမှာလဲ ။
လက်ဝှေ့ပွဲမှာ ဒိုင်လူကြီးလုပ်စားမယ်။

(၆)ကယ်တော်မူပါ
သူငယ်ချင်း၊ ဘာတွေ အလိုမကျ ဖြစ်ပြီး မျက်နှာရှုံမဲ့နေရတာလဲ။
ငါ့ညီလေကွာ ၊ ဆိပ်ကမ်းမှာ အလုပ်သမားဝင်လုပ်နေတယ်လို့ သတင်းကြားတယ်။
ဒါများဗျာ၊ အလုပ်လုပ်တာပဲဟာကို ၀မ်းသာရမှာပေါ့ ။
ဘယ်ဟုတ်မလဲဗျ ၊ ဒီကောင့်ကြောင့် ကျုပ်တို့တမျိုးလုံး အပြောခံရမှာ။
ကျုပ်တို့ အမျိုးထဲမှာ ဘယ်သူမှ အလုပ်လုပ်စားတာ မရှိဘူး။

(ရ)ဒါလည်းဟုတ်သားပဲ
ကျွန်တော် ခရီးပန်းလာလို့၊ ဒီမှာတစ်ညလောက် တည်းခွင့်ပြုပါဗျာ။
ဟင့်အင်း... အိမ်မှာ လူမရှိဘူးရှင့်။
ခင်ဗျားက လူမဟုတ်ဘူးလား။
ကျွန်မ ဆိုလိုတာက ယောကျာ်းသား မရှိတာကို ပြောတာပါ။
ကျွန်တော်က ယောကျာ်း မဟုတ်လို့လားဗျာ။

(၈)သူ့ကြောင့်မိုပါ
မင်းတို့ဆိုင်က ကြက်ဥတွေ သေးလှချည်လား၊ ခပ်ကြီးကြီးလေးလုပ်စမ်းပါ။
ဒါကတော့ ကျွန်တော်တို့ ဥတာမဟုတ်လို့၊ ကြက်မကို သွားပြောပါ ခင်ဗျာ။

(၉)မှားတက်ပလေ
ဝတ်ချင်သလို ၀တ်နေကြတဲ့ခေတ်ပဲ၊ ဟိုကလာနေတာ အင်္ကျီအကျား၊ ဆံပင်ဖားလျား၊ဘောင်းဘီတို နံ့နံ့ နဲ့ အထီးလား၊ အမလားတောင်
ခွဲလို့မရဘူး။
အဲ့ဒါ... ငါ့သမီးပါ။
အော်... ခွင့်လွှတ်နော်။ ဦးလေးသမီးမှန်း မသိလို့ပြောမိတာပါ။
ဟကောင်ရ... ငါက သူ့အမေကွဲ့။

လူမှူ့ပေါင်းသင်းဆက်ဆံရေးနှင့်အတွေးအခေါ်မြင့်မာရေးသင်တန်း

ဗီဇနှင့်ပတ်ဝန်းကျင်
ကျနော်တို့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေရဲ့ဗီဇအကြောင်းကိုပြောရမည်ဆိုရင် ကျနော်မူလတန်းကျောင်း သားဘဝက ကျနော်ရဲ့သူငယ်ချင်း သူနေထိုင်တဲ့ပတ်ဝန်းကျင်က ဗီဇမကောင်းကြပါဘူး။

ဒါပေမယ့် ကျနော် သူငယ်ချင်းက ဗီဇကောင်းလေးရှိနေတော့ မူလတန်းမှာလဲ အဆင့် (၁) အလယ်တန်းမှာလဲ အဆင့် (၁) ရခဲ့တယ်။အရမ်းတော်ခဲ့တယ်။ဒါပေမယ့် သူမှာပတ်ဝန်းကျင်မကောင်းခဲ့တော့ (၇)တန်း အောင်ပြီး (၈) တန်းကို ကျောင်းတတ် ရမယ့်အချိန်မှာ သူတို့ စီးပွားရေး အဆင်မပြေခဲ့ပါဘူး။သူ့မိသားစုက ကျောင်းမထားတော့ဘူးလို့ပြောတဲ့အချိန်မှာ ကျနော်စိတ်မကောင်းခဲ့ပါဘူး။ သူအဖေကို ကျနော်ပြောခဲ့ပေမယ့် သူအဖေက လက်ခံချင်သလိုရှိပါတယ်။ဒါပေမဲ့ သူပတ်ဝန်းကျင်မှာရှိတဲ့ သူ့ဆွေမျိုးအသိုင်းအဝိုင်းရဲ့ ဗီဇမကောင်းမူကြောင့် ကျောင်းထွက်လိုက်ရပါတယ်။ သူ့ဆွေမျိုးတွေက သူအဖေကို ပြောတယ်။ အကိုသားက အလုပ်လုပ်ရမယ့် အရွယ်ရောက်နေပြီအလုပ်ပဲလုပ်ခိုင်းတော့ပညာတတ်လည်းအလုပ်လုပ်ရမှာပဲမတတ်လည်းအလုပ်လုပ်ရမှာပဲလို့ပြောခဲ့တယ်။ ပတ်ဝန်းကျင်ရဲ့ မကောင်းတဲ့ ဗီဇကြောင့် ကျနော်ကျောင်းတတ်နေတဲ့ အချိန်မှာ ကျနော်ရဲ့သူငယ်ချင်းဟာ အရွယ်နဲ့မလိုက် အောင် အလုပ်တွေလုပ်နေရတယ်။ကြာတော့ ရက်ကွက်မှာရှိတဲ့ မကောင်းတဲ့ အကျင့်စရိုက်ဗီဇရှိတဲ့သူတွေနဲ့ပေါင်းပြီး လောင်းကစားဆော့တတ်လာတယ်။အလုပ်ကအရမ်းပင်ပန်းတော့စိတ်ညစ်လာတယ်။အိမ်ကပိုက်ဆံတွေပါခိုးလောင်းကစားတတ်လာတယ်။ သူအဖေသိသွားတော့ အရမ်းရိုက်တယ် သွေးထွက်သံယိုဖြစ်တဲ့ အချိန်မှာတော့ ကျနော်သူငယ်ချင်းက အိမ်ကထွက်ပြေးပြီး ဘူတာနားမှာမယောင်မလည်လုပ်နေတဲ့ အချိန်မှာ နအဖ စစ်တပ်မှ တပ်ကြပ်ကြီးတစ်ယောက်ခေါ်သွားတဲ့ အတွက်ကြောင့်စစ်သားတစ်ယောက်ဖြစ်သွားပြီ။ဒီလိုပဲစစ်သားတစ်ယောက်အဖြစ်နဲ့စစ်တပ်ထဲမှာတစ်သက်လုံးနေသွားရတော့မှာပါ။ကျနော်ထင်မြင်ချက်ကိုပြောရရင်တော့သူနေထိုင်တဲ့မိသားစုအသိုင်းဝိုင်းရဲ့ဗီဇနှင့်ပတ်ဝန်းကျင်ကောင်းခဲ့မယ်ဆိုရင်တော့ကျ နော်သူငယ်ချင်း တစ်ယောက်ပညာတွေပြည့်စုံပြီး အတွေးခေါ်ကောင်းတွေပိုင်ဆိုင်တဲ့ ပညာတတ်ကြီးတစ်ယောက်ဖြစ်ခဲ့မယ်လို့ ယုံကြည်ပါတယ်။သာဓက တစ်ခုကို ပြောရမယ်ဆိုရင်တော့ ကျနော်တို့ နိုင်ငံမှာရှိတဲ့ ပြည်သူလူထုနှင့် ကျနော်တို့ အဘိုး အဘွား အဖေအမေတို့လေးစားစံပြုလောက်တဲ့လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းနှင့်ဒေါ်ခင်ကြည်တို့ရဲ့သားဦးအောင်ဆန်းဦးနှင့်ဒေါ်အောင်ဆနုးစုကြည်တို့တောင်အမြင်ချင်းမတူကြပါဘူး။မိဖနှစ်ယောက်စလုံးကြည့်မယ်ဆိုရင်မျိုးရိုးဗီဇနှင့်ပတ်ဝန်းကျင်အသိုင်းဝိုင်းဆိုရင် ပြောစရာမလိုအောင် အထူးကောင်းမွန်ပါတယ်။ ဒါပေမယ့် ဦးအောင်ဆန်းဦးဟာ သူမိန်းမ ဆွေးမျိုးအသိုင်းအဝိုင်းနှင့် ပတ်ဝန်းကျင်ဟာနအဖရဲ့အသိုင်းအဝိုင်းဖြစ်နေတာကြောင့်တိုင်းပြည်နဲ့လူမျိုးအကျိုးကိုဘာမှမဆောင်ရွက်ခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုကြည့်မယ်ဆိုရင် အင်္ဂလန်နိုင်ငံသားခံယူလို့ရတာတောင် မခံယူပဲ လင်းယောကျာင်္းနှင့်သားသမီးတွေကို စွန့်လွှတ်ပြီးတိုင်းပြည်နှင့်လူမျိုးလွတ်မြောက်ဖို့အတွက်နအဖကိုတိုက်ပွဲဝင်နေတာယနေ့အချိန်ထိပဲဆိုတာတစ်နိုင်ငံလုံးသိကြပါ တယ်။
နိဂုံးချုပ်အနေဖြင့်ပြောပါရစေဆင်းရဲသည့်လူရဲ့သားသမီးဖြစ်စေ၊ပညာတတ်သည့်လူရဲ့သားသမီးဖြစ်စေဗီဇမျိုးရိုးကောင်းသည့် မိဘကမွေးဖွားလာသည်ဖြစ်စေ ပတ်ဝန်းကျင်အသိုင်းအဝန်းမကောင်းခဲ့လျှင် အဲ့ဒီလူတစ် ယောက်ဟာ ဘယ်တော့မှ အသုံးဝင်လာမှာမဟုတ်ပါဘူး။ဗီဇလေးနည်းနည်းလေးရှိခဲ့တဲ့လူဟာပတ်ဝန်းကျင်ကောင်းခဲ့မယ်ဆိုရင်အထွတ်ထိပ်သို့မရောက်ခဲ့ ရင်တောင်မှဘယ်တော့မှနိမ့်ကျမှာမဟုတ်ဘူးလို့ပြောပါရစေ။ထို့ကြောင့်ဗီဇကောင်းဖို့အတွက်ပတ်ဝန်းကျင်ကောင်းလိုအပ်တယ်လို့တင်ပြလိုက်ရပါတယ်။
မောင်ထိုက် ( ကေတုမတီ )

Saturday, January 16, 2010

ကိုယ်သန့်သူနှင့် စိတ်သန့်သူ

တခါက အထက်အညာ မြို့ကလေးတမြို့တွင် အလွန်ဇီဇာကြောင်သော လူတဦးရှိသည်။
သူသည် အစားအသောက်စားရာ၌ သူတပါးနှင့် ဇွန်းပန်ကန် ခွက်ယောက်ချင်း
ရောနှောပေါင်းစပ် မစားနိုင်ပါ။ ထို့ကြောင့် အများနှင့် ၀ိုင်းဖွဲ့ပြီး
ဘယ်တော့မှ မစားပါ။ မလွှဲမရှောင်သာ၍ စားရလျှင် ထမင်းနှင့် ဟင်းများကို
ပထမဦးစွာ အပြီးနှိုက်ယူထားလိုက်သည်။ သူတပါး နှိုက်ပြီးသား ထမင်းဟင်းကိုမူ
နောက်ထပ် မနိုက်တော့ပါ။ ရှေးက လက်ရည်တပြင်တည်း စားကြပုံကို ပြောပြလျှင်
အော့ကြီး အန်ကြီးဖြစ်၍ ရှောင်သွားတတ်သည်။

တခုသောနွေဦးပေါက်တွင် သူသည် မသွားဖူးသော ခရီးတခုကို သွားရသည်။ သူနှင့်
ခရီးသွားမည့်အဖော်များ ရောက်ချိန်တန်လျက် ရောက်မလာသောကြောင့်
တဦးတည်းထွက်ခွါလာခဲ့သည်။ သူသည် လမ်းခရီး အခြေအနေကို မသိသောကြောင့်
ထမင်းကို အ၀စားခဲ့သည်။ အထုပ်ဖြင့်လည်း ထုပ်ယူလာခဲ့သည်။ ရေကိုလည်း
ဘူးတောင်းနှင့် အပြည့်ထည့်ခဲ့သည်။ သို့သော် လမ်းမှာ
အရိပ်အာဝါသနည်းသည့်အပြင် ရာသီဥတုကလည်း အလွန်ပူပြင်းလှသောကြောင့် ရေခဏခဏ
သောက်ရသည်။ မကြာမီ ရေကုန်သွားလေသည်။

နေမွန်းတိမ်းသောအခါ ပို၍ ပူလာပြီး ချွေးကပိုထွက်လာသည်။ ရေအလွန်ဆာလာသည်။
နောက် ခရီးတတိုင် အတွင်း ရေမတွေ့လျှင် သေရချည်ရဲ့ဟုပင် ညည်းမိလေသည်။
သို့သော် ခရီးတတိုင် မသွားရပါ။ ကုန်းကလေး တခုကို ကျော်လိုက်လျှင်
ဆီးပင်ကလေးများနှင့် ဇရပ်အိုတခုကို တွေ့ရသည်။ ဇရပ်၏
ရှေ့မျက်နှာစာတွင်လည်း ရေအိုးစင်ကလေးတခု ရှိ၏။ သူသည် အလွန်ဝမ်းသာသွားသည်။
ဇရပ်သို့ အပြေးတပိုင်းသွားပြီး ရေအိုးကို ဖွင့်ကြည့်လိုက်သည်။ ရေမှာ
တ၀က်ကျော်ကျော် ရှိနေသည်။ တယ်ကံကောင်းပါလား-ဟု တကိုယ်တည်း ပြောပြီး
ချိတ်ထားသော အိုးမှုတ်ခွက်ဖြင့် ရေတခွက် ခပ်လိုက်သည်။ သို့သော်
ချက်ချင်းမသောက်ဘဲ စဉ်းစားနေလိုက် သေးသည်။

ဤရေမှုတ်သည် သူတကာ သောက်သုံးသော ရေမှုတ်ဖြစ်သည်။ ဘယ်လက်ဖြင့်ကိုင်သူက
ညာနှုတ်ခမ်းမှ သောက်မည်။ ညာလက်ဖြင့်ကိုင်သူက
ဘယ်နှုတ်ခမ်းဖြင့်သောက်မည်-စသည်ဖြင့် တောင်တောင်အီအီ တွေးတောစဉ်းစားသည်။
ထို့နောက် ဤဘက်ကတော့ မည်သူမှ သောက်မည်မဟုတ်-ဟု ယူဆကာ ရေမှုတ်ကို
လက်ကိုင်တပ်ရာဘက်မှ သောက်ချလိုက်သည်။ ဤသို့ ရေနှစ်မှုတ် သုံးမှုတ်လောက်
သောက်ပြီးမှ ကျေနပ်စွာဖြင့် ဇရပ်ပေါ် တက်နားလိုက်သည်။

သူရေသောက်နေစဉ် သူ့လှုပ်ရှားမှုကို စိုက်၍ကြည့်နေသော မျက်လုံးတစုံကိုမူ
သူသတိမထားမိလိုက်ချေ။ ဇရပ်ပေါ်ထိုင်ပြီး ဟိုဟိုသည်သည် မျက်လုံးကစားလိုက်မှ
မလှမ်းမကမ်း ဆီးပင်အောင်တွင် ထိုင်နေသော အနာကြီးရောဂါသည်တယောက်ကို
မြင်လိုက်ရသည်။ ထိုလူမှာ ရောဂါကြောင့် ခြေ၊ လက်၊ နှာခေါင်းများပင်
မပီပြင်တော့။ ဦးခေါင်းပတ်ပတ်လည် ဦးထုပ်ဆောင်းသည့် တ၀ိုက်တွင်
အရေဖတ်များက လန်နေသေးသည်။ နဖူးနှင့် နှာခေါင်းကလည်း ချွေးတွေလား၊ ဘာတွေလဲ
မသိ။ အဆက်မပြတ် စီးကျနေသဖြင့် ပုဆိုးဖြင့် ငုံ့ငုံ့ သုတ်နေရသည်။

ထိုရောဂါသည်သည် မျက်နှာကို ပုဆိုးဖြင့် တချက် ငုံ့သုတ်လိုက်ပြီး ဇရပ်ပေါ်က
လူကို လှမ်းမေးလိုက်သည်။ ဒီမှာ ဇရပ်ပေါ်က လူကြီး ကျွန်တော်တခုလောက်
မေးပါရစေ။ ထိုအခါ ဇရပ်ပေါ်ကလူက ရောဂါသည်ကြီး သူ့အနား လာမည်စိုး၍
ပျာပျာသလဲဖြင့် ပြောပါ ပြောပါ ကြားပါတယ်-ဟုဆိုသည်။
လူကြီးမင်း-စောစောက ရေသောက်တာ ရေမှုတ်လက်ကိုင်ဘက်က ဘာဖြစ်လို့
ကတ်သီးကတ်သတ် သောက်ရ တာပါလဲ ခင်ဗျား-ဟု ရောဂါသည်က မေး၏။

သြော်-ဒါလား ကျုပ်က ဘယ်အရာမဆို သန့်မှကြိုက်တာဗျ။ သူတကာ သောက်တဲ့
ခွက်နှုတ်ခမ်းကနေပြီး ကျုပ်ရေမသောက်နိုင်ဘူးလေ-ဟု ဆိုလျှင် ရောဂါသည်က
သက်ပြင်းတချက်ချလိုက်သည်။ ကျွန်တော်
စိတ်မကောင်းပါဘူး၊ လူကြီးမင်းခင်ဗျား၊ ကျွန်တော်ဟာ အတိတ်ဘ၀က သူများအပေါ်
မာန်မာနကြီး တခွဲသားနဲ့ မတူမတန် ဆက်ဆံခဲ့မိလို့ ထင်ပါရဲ့၊ အခု ဒီဘ၀မှာ
အနာကြီးရောဂါသည် လာဖြစ်ရပါတယ်။ အဲဒီဝဋ်ကြွေးတွေကို ဒီဘ၀ ဒီမျှသာ
ရှိစေတော့ဆိုပြီး လူမှန်းသိစအရွယ်ကတည်းက ငါးပါးပဉ္စသီ မြဲခဲ့ပါတယ်။
ဘယ်သူ့အပေါ်ပဲဖြစ်ဖြစ် စိတ်ကောင်းထားပါတယ်။ ကျွန်တော့ကို
တိရစ္ဆာန်တကောင်လို ဆက်ဆံကြိမ်းမောင်းကြရင်တောင် ဘယ်လိုမှ စိတ်မရှိပါဘူး။
သူတို့နေရာမှာ ငါသာဆိုရင်လဲ ဒီလိုနေမှာပဲလို့ ကိုယ်ချင်းစာပြီး
အများစိတ်အနှောက်အယှက် မဖြစ်အောင် သတိထား နေထိုင်ခဲ့ပါတယ်။ အခု
အများအသုံးပြုတဲ့ ဇရပ်ပေါ်မှာတောင် တက်မနားဘဲ သစ်ပင်အောက်မှာ နေတာကိုသာ
ကြည့်ပါ။

နောက်ပြီး မလွဲမရှောင်သာလို့ အများသောက်တဲ့ သောက်ရေအိုးမှာ ရေသောက်ရရင်လဲ
အများကို ကိုယ်ချင်းစာပြီး အများသောက်တဲ့ခွက်ရဲ့ ဘယ်-ညာ နှုတ်ခမ်းတွေက
မသောက်ပါဘူး။ ဘယ်သူမှမသောက်တဲ့ လက်ကိုင်ဘက်ကသာ ကတ်သီးကတ်သတ်
သောက်ခဲ့ပါတယ်။ အခုတော့ လူကြီးမင်းကလဲ ကျွန်တော့လိုပဲ ကတ်သီးကတ်သတ်
လက်ကိုင်ဘက်က သောက်တယ်ဆိုတော့ စိတ်မကောင်းဖြစ်လို့မေးမိတာပါ-ဟု
နှာတရှုတ်ရှုတ်နှင့်ပြောသည်။ ဤတွင် ဇရပ်ပေါ်မှ လူဇီဇာကြောင်ကြီးမှာ
မည်သို့မျှ အောင့်အည်းနိုင်စွမ်း မရှိတော့ပေ။ သောက်ပြီးသော ရေများသာမက
စားပြီးသား အစာများပါ အကုန် အန်ချလေတော့သည်။

နောက် ငါးနှစ်မျှကြာသောအခါ အထက်ဖော်ပြပါ ဇရပ်အိုနေရာတွင် သစ်လွင်လှပသော
ဆင်ဝင်စမုတ်နှင့် ဘုံအဆင့်ပါရှိသော ဇရပ်ကြီးတဆောင် မျက်လှည့်ပြလိုက်သလို
ပေါ်ပေါက်လာသည်။ ထိုဇရပ်ကြီးသည် ကြီးကျယ်ခမ်းနားရုံမက ဆင်ဝင်စမုတ်၏
တဖက်တချက်တွင်လည်း သောက်ချင့်စဖွယ် ရေအိုးသုံးလုံးစီ ရှိသော ရေအိုးစင်
လှလှကလေးများက နေရာယူထားသေးသည်။ ထို့ပြင် ဇရပ်၏တောင်ဘက်
မလှမ်းမကမ်းတွင်လည်း ရေတွင်းကြီးတတွင်းက ရေငင်မောင်းတံနှင့် ပုံးနှင့်
အသင့်ရှိနေပြန်သည်။ သောက်သုံးရုံမက ချိုး၍ပင် မကုန်နိုင်ချေ။

ထို့ကြောင့် အနှီဇရပ်ကြီးသည် ခရီးသွားတို့အတွက် အလွန်တရာ
ကျေးဇူးများလှသော နားခိုစရာစခန်းကြီးတခု ဖြစ်နေပေသည်။ ထိုဇရပ်၌ နားခို၍
ခရီးဆက်ကြရသော လူအပေါင်းတို့သည် ဇရပ်တကာကောင်းမှုရှင်ကြီးကို မှန်းမျှော်၍
မေတ္တာပို့သကာ သာဓုအကြိမ်ကြိမ် ခေါ်သွားကြကုန်၏။

အများမြင်လောက်ရာ ဇရပ်တနေရာတွင် ရေးထိုးထားသော ကောင်းမှုရှင်အမည်
ကမ္ပည်းစာတန်းကလည်း ထူးခြားလှသည်။ အညတြ လူသူတော်ကြီးကို ရည်စူး၍
------မြို့နေ ဦးသန့်စင်+ဒေါ်မယ်အိုတို့၏ ကောင်းမှု-ဟူ၏။
ဦးသန့်စင်-ဟူသည်မှာ ဦးဇီဇာကြောင်ကြီးပင် ဖြစ်သတည်း။ သူသည်
အနာကြီးရောဂါသည်၏ ပညာပေးခြင်းကို ခံလိုက်ရသည့်နေ့ကစပြီး အမြင်မှန်
ရသွားသည်။ နောင်တတရားလည်း ရသွားသည်။ သူ၏ အများအပေါ် ရွံရှာတတ်သော
ဇီဇာကြောင်မှု စိတ်ဆိုးကြီးကို အများနှင့် အဖန်တလဲလဲ
ရောနှောစားသောက်ခြင်းအားဖြင့် နှိမ်နင်းပစ်လိုက်သည်။ ကြာလာသောအခါ
ရွံရှာတတ်သောစိတ် အလျဉ်းမရှိတော့ရုံမက လူငယ်များနဲ့အတူ
လက်ရည်တပြင်တည်းပင် စားပြလိုက်သေးသည်။ ဤသို့ နေ့ချင်း ညချင်း
ပြောင်းလဲသွားသော သူ့ကို မြို့နေလူထုများက များစွာ အံ့သြကြလေသည်။
တကယ်တမ်းတွင် သူသည် ဇီဇာကြောင်တတ်သည်ကလွဲ၍ စိတ်ရင်းသဘော
ဖြူစင်ကောင်းမွန်သူ ဖြစ်သောကြောင့် မကြာမီ အများ၏ ချစ်ခင်လေးစားမှုကို
ခံရသည်။ မိတ်ဆွေရင်းချာများ ပေါများလာသည်။ စီးပွားမှာလည်း ဒီရေအလား
တိုးတက်လာလေသည်။

ယခင်က သူသည် အလွန်ဇီဇာကြောင်သူဖြစ်သောကြောင့် အသက်လေးဆယ်ကျော်သည်အထိ
အိမ်သူသက်ထားမရှိခဲ့ပေ။ အကျင့်ဆိုးကြီးကို ပြုပြင်လိုက်သည်မှစ၍
မြို့မေတ္တာကို ခံယူရရှိရုံမက ကွမ်းတောင်ကိုင် အချောအလှ မယ်အိ၏
မေတ္တာတုံ့ပြန်မှုကိုပါ ရရှိခဲ့လေသည်။ ဤကဲ့သို့ သူသည်
ခြောက်ကပ်အထီးကျန်လှသော ဘ၀မှ စိုပြည်ချမ်းမြေ့ဖွယ် ကောင်းလှသော ဘ၀သို့
ရောက်ရှိခဲ့ပုံကို တွေ့မိလေတိုင်း သူ့ကို ပညာသားပါပါဖြင့် ဆုံးမပေးခဲ့သော
ရောဂါသည်ကြီးကို သွား၍ သတိရမိလေသည်။ ထိုေ့ကြာင့် ကတညုတ-ကတဝေဒီ
မင်္ဂလာတရားနှင့်အညီ ထိုကျေးဇူးရှင်ကြီး၏ ကျေးဇူးတရားကို
အောက်မေ့သောအားဖြင့် သူနှင့်တွေ့ဆုံခဲ့ရာ ဇရပ်အိုကြီးနေရာတွင် ဇရပ်နှင့်
ရေတွင်းများကို ဆောက်လုပ် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

ထိုဇရပ်ကို လူသူတော်ဇရပ်ကြီးဟု အများက ခေါ်ကြလေသည်။ နောင်သော် လူသူတော်မှ
မည်သို့မည်ပုံ ပြောင်းလဲသွားသည်မသိ။ ဖိုးသူတော်ဇရပ်ဟု ခေါ်ကြပြန်သည်။
၎င်းဇရပ်အနီးမှ တောင်ကုန်းကိုကား ဇရပ်ကုန်းဟု ခေါ်ကြကုန်၏။
နောင်နှစ်ပေါင်း အတော်ကြာလာသောအခါ ဇရပ်ကြီးမရှိတော့ဘဲ ရေတွင်းကို
ဗဟိုပြု၍ လူနေအိမ်ခြေများ ပေါ်ပေါက်လာလေသည်။ ထိုရွာ၏ အမည်သည်လည်း
ဇရပ်ကုန်းရွာဟု တွင်လေသတည်း။

ထိုဇရပ်ကုန်းရွာ၏ အနောက်စူးစူး ကုန်းစောင်းကလေးတွင် အဝေးမှမြင်နိုင်သော
ကျောက်ပုံစုစုကလေးမှာ ရှေ့ယခင်ကစ၍ ယနေ့တိုင်အောင် ရှိနေပါသေးသည်။
ထိုကျောက်ပုံကလေး၏ အောက်တည့်တည့်တွင် ကျေးဇူးရှင် လူသူတော်ကြီး
ထာဝရအိပ်စက်အနားယူလျက် ရှိသည်ကို ဦးသန့်စင် သိမသွားပါချေ။

ထို့ထက်ပို၍ ဆိုရပါလျှင် ဦးသန့်စင်နှင့် တွေ့ဆုံခဲ့သော ထိုအချိန်က
လူသူတော်ကြီးသည် သောက်ရေအိုးထဲမှ ရေကို သူ့ခွက်ထဲသို့ ထည့်ပေးပါရန်
တောင်းပန်၍ ရမည့်သူကို မျှော်နေခဲ့ပါသည်။ ထိုစဉ် ဦးသန့်စင် ရောက်လာ၍
ရေသောက်ပုံကို မြင်ရသောအခါ ရေတောင်းရန် အစီအစဉ်ကို ဖျက်ပြီး
ရေသောက်ပြီးလေဟန်ဖြင့် ဦးသန့်စင်ကို ဆုံးမခဲ့ခြင်းဖြစ်သည်။
တကယ်တမ်းတွင်မူ သူသည် မည်သည့်အခါမှ အများသောက်ရေအိုးတွင် ရေသောက်လေ့
မရှိပါ။ ထိုနေ့ကလည်း ရေမသောက်ဘဲ အငတ်ခံသွားခဲ့ပေသည်။

ထို့အပြင် သူသည် မိမိ၏ လက်ရှိဘ၀ခရီးကြီး နိဂုံးချုပ်ရတော့မည်ကို
ရိပ်စားမိသောအခါ အနောက်ဘက် တောင်စောင်းသို့သွားပြီး
ကျင်းကိုကိုယ်တိုင်တူးကာ ၀င်ရောက်အိပ်စက်ပြီး မိမိဇာတ်ကို မိမိဘာသာ
သိမ်းခဲ့ ပါသည်။ နောက်တနေ့ နွားကျောင်းသူမကလေးများ ရောက်လာသောအခါ လေမှာ
တလူလူလွင့်နေသော စွပ်ကျယ်အဖြူ မည်းညစ်ညစ်တွင် သွေးဖြင့် ရေးထားသည့်
မြေဖို့ပေးခဲ့ကြပါ-ဟူသော စာကိုမြင်ကြရသည်။ မိန်းကလေးများက
သနားကရုဏာသက်မိသောကြောင့် မြေဖို့ရုံသာမက အနီးအနားရှိ ကျောက်တုံးများကို
ယူဆောင်စုပုံပြီး မှတ်တိုင်ကလေးတခုပါ စိုက်ထားပေးခဲ့ကြလေသည်။

ထိုအကြောင်းအရာများကိုလည်း ကွယ်လွန်သူ ဦးသန့်စင်တယောက် သိမသွားခဲ့ပါချေ။
အကယ်၍ သူသာ သိခဲ့မည်ဆိုပါလျှင်---

(ဦးကသာ-လောကမှန်ကူ

ပြဿနာ မရှိသောသူ

ဗင်ဆင့် ပီယာလေ တစ်ယောက် အေးအေးဆေးဆေး လမ်းလျှောက်နေခိုက် သူ့ရဲ့ အကျီင်္စကို နောက်ကနေ ဆွဲတာ ခံလိုက်ရတယ်။ သူ ရုတ်တရက် လှည့်ကြည့်လိုက်တော့ သူ့ဆီမှာ လာပြီး ခဏခဏ ဆေးခန်းလာပြနေသော လူငယ်တစ်ယောက်။ သူက ကြိုးစားဆဲ လုပ်ငန်းရှင်တစ်ယောက် ဖြစ်သည်။ သို့သော် လုပ်ငန်းက မအောင်မြင်သေး။ အတိုက်အခံက အရမ်းများနေသည်။ ထို အတိုက်အခံများကို သူမခံနိုင်။ စိတ်ဖိစီးမှု ဖြစ်သည်။

ပီယာလေ က စိတ်ရောဂါကုဆရာဝန်ဖြစ်သည်။ စိတ်ဖိစီးမှု ခံနေရသူ ၊ စိတ်ဓါတ်ကျဝေဒနာ ခံစားနေရသူများကို သူ ကုသပေးသည်။ သူ့ဆီကို လာသူများ၏ ပြဿနာ အကျိုးအကြောင်းများ ၊ အခြေအနေများကို စီစစ်ဝေဖန်၍ အကောင်းဆိုသော အကြံဥာဏ်များကို သူပေးသည်။ သူ့ဆီသို့ လာသူများတွင် ထိုလူငယ်သည် အလွန်ထူးခြားသည် ပီယာလေ က ဘာမှ မဟုတ်ပါဘူး ဟု ရှင်းပြနေသော ပြဿနာများကို ပင် သူက အလွန်ကြီးကျယ်ပြီး သူ့မှာသာ ဖြစ်နေသော ပြဿနာများဟု ရှုမြင်သည်။ ပြောရင်လည်း ဘယ်လိုမှ လက်မခံ။ ကိုယ်ရှုမြင်တာကို သူက နောက်တစ်မျိုးထပ်ပြီး မြင်ပြသည်။ ဒါကြောင့် ထိုလူငယ် သူဆီလာနေရသော အခေါက်ရေများနေခြင်း ဖြစ်သည်။

သို့သော် ပီယာလေ မှာ စိတ်ဖိစီးမှု ခံနေရသော လူကို အကောင်းဆုံးသော အကြံဥာဏ်ပေးပြီး ကုသပေးရမှာ သူ့အလုပ်မဟုတ်လား။ အခုလည်း ဒီလူငယ်က သူ့ကို နောက်မှ အကျီင်္ဆွဲထားသည်။

“ ဆရာ..၊ ဆရာ့ဆီကို လာတာ ။ ဆရာ့ဆေးခန်းက ပိတ်သွားပြီ အခုပဲ ဆရာ အပြင်ထွက်သွားတယ် ဆိုလို့ ကျွန်တော်လိုက်လာတာ ဆရာ။ ”

ပီယာလေ ဒီလူငယ်ကို သေချာကြည့်လိုက်တော့ သူ့မျက်နှာမှာ စိတ်ပျက်မှုတွေ ၊ စိတ်ညစ်မှုတွေ ၊ ပြဿနာဒဏ်ခံစားနေရတဲ့ ပုံတွေ အထင်းသားပေါ်နေတယ်။ ပီယာလေ ဘာမှ မပြောခင်မှာပဲ လူငယ်က ဆက်ပြောတယ်။

“ ဆရာ ကျွန်တော့် ပြဿနာတွေ အရမ်းများလာတယ် ဆရာ ။ ကျွန်တော် ဆက်ပြီး မခံစားနိုင်တော့ဘူး။ ကျွန်တော့်ကို ကူညီပါဦး။ ပြဿနာတွေက ထောင်သောင်းဆိုတာလို ဖြစ်နေပြီ ဆရာ။ ”

ဒီတော့ ပီယာလေ က လူငယ်ကို သေချာ ကြည့်ပြီ...

“ ကောင်းပါပြီ။ ကျွန်တော် ခင်ဗျားကို သေချာ အကြံပေးပါ့မယ်။ ဒါပေမဲ့ အခု ခင်ဗျား ဆွဲထားတဲ့ ကျွန်တော့် အကျီင်္စကို လွှတ်လိုက်မယ် ဆိုရင် စကားဆက်ပြောပြီး ခင်ဗျားကို ပြဿနာ လုံးဝ မရှိတဲ့ လူတွေ နေတဲ့ နေရာကို ခေါ်သွားပါ့မယ်။ ”

လူငယ့် မျက်နှာ ဝင်းခနဲ့ ဖြစ်သွားတယ်။

“ တကယ်နော် ဆရာ။ ဆရာသာ တကယ်ပြနိုင်မယ် ဆိုရင် ကျွန်တော် ဘယ်နေရာကို မဆို လိုက်ပါ့မယ်။

“ တကယ်ရောက်သွားရင်တော့ ခင်ဗျား သွားချင်မှ သွားတော့မှာပါ။ ”

“ သွားပါ့မယ် ဆရာ။ ကျွန်တော်က ပြဿနာတွေ ကင်းတဲ့ နေရာမှာ နေချင်နေပါပြီ။ ”

“ အင်းလေ။ ခင်ဗျားက တကယ်သွားချင်နေတယ် ဆိုရင်တော့ ကျွန်တော် ခေါ်သွားပါ့မယ်။ ”

ဒါနဲ့ ပီယာလေ က လူငယ်ကို ဦးဆောင်ပြီး ခေါ်လာတယ်။ သူတို့ လေးဆယ့်ငါးမိနစ်လောက် လမ်းလျှောက်ပြီးတော့ ကုန်းမြင့်လေး တစ်ခုပေါ်ကို ရောက်လာတယ်။ ကုန်းမြင့်လေးပေါ်မှာ ပီယာလေက ရပ်လိုက်ပြီး. . .

“ ဒီကုန်းမြင့်လေးရဲ့ အောက်မှာ ပြဿနာ မရှိတဲ့ လူတွေ နေကြတယ်။ ”

“ ဟုတ်လား ဆရာ။ ကျွန်တော်တို့ မြန်မြန်သွားရအောင် ။ ကျွန်တော် ရောက်ချင်နေပြီ။ ”

ဒီလို လူငယ်က ပြောတော့ ပီယာလေ က ဘာမှ မပြောပဲ သူ့ခရီးကို ဆက်ခဲ့တယ်။ သူတို့ ကုန်းမြင့်လေး အောက်ကို ရောက်တော့ ဝန်းပြင်ကျယ်ကြီးကို သံတံခါးနဲ့ ပိတ်ထားတာ တွေ့လိုက်ရတယ်။ ပီယာလေ က အထဲကို သံတံခါးကို တွန်းဖွင့်ရင်း ဝင်လာခဲ့တယ်။ အထဲကို ရောက်တော့ ငုတ်တိုင်လေးတွေနဲ့ စိုက်ထားတဲ့ တိုင်လေးတွေကို ပြရင်း. . . .

“ ဒီနေရာမှာ လူပေါင်း တစ်သိန်းခွဲကျော်ရှိနေတယ်။ သူတို့မှာ ဘာပြဿနာမှ မရှိဘူး။ ဘာလို့လဲ ဆိုတော့ သူတို့က သေနေလို့ပဲ။ ဒါကြောင့် ဒီနေရာကို သချိုင်္င်းကုန်းလို့ ခေါ်တယ်။ သချိင်္ုင်းကုန်းမှာ ရှိနေတဲ့ လူသေတွေမှာ ပြဿနာ မရှိကြဘူး။ သူတို့က ပြဿနာ ငြိမ်းကြတယ်။ ပြဿနာ ဆိုတာ မသေသေးတဲ့ လူတွေဆီမှာပဲ ရှိတယ်။

လူသေတွေမှာ ဘာလို့ ပြဿနာ မရှိတာလည်း ဆိုတော့ သူတို့မှာ ပြဿနာ ရှိလာရင်လည်း သူတို့မှာ ဖြေရှင်းနိုင်ဖို့ အခွင့်အရေးမရှိဘူးလေ။ ဒါကြောင့် ပြဿနာဆိုတာ ဖြေရှင်းနိုင်တဲ့ ၊ ဖြေရှင်းနိုင်စွမ်းရှိနေတဲ့ အသက်ရှင်နေသော လူတွေမှာသာ ဖြစ်တယ်။ ဒါကြောင့် အသက်ရှင်နေတဲ့ လူမှန်ရင် ကိုယ့်မှာ ဖြစ်နေတဲ့ ပြဿနာကို ဖြေရှင်းနိုင်ရမှာပဲ။

ကဲ..ခင်ဗျားကရော..အခု ပြဿနာကို ဖြေရှင်းနိုင်တဲ့ လူလား။ ပြဿနာတွေကို မဖြေရှင်းနိုင်တော့ပါဘူး ဆိုပြီး စိတ်ပျက်လက်လျှော့နေတဲ့ သူလား။ ”

ပီယာလေ ရဲ့ ဒီစကားကြားတော့ လူငယ်က ရှက်သွားသလို မျက်နှာကြီး နီရဲလာပြီး . . .

“ ဟုတ်ပါတယ် ဆရာ။ ကျွန်တော် မှားသွားပါတယ်။ ကျွန်တော်က ကျွန်တော့်မှာသာ ပြဿနာတွေ စုပြုံကျနေတယ် လို့ ခံစားနေရလို့ပါ။ အခုတော့ ကျွန်တော် သိသွားပါပြီ။ ပြဿနာဆိုတာ ဖြေရှင်းနိုင်သူတွေဆီမှာသာ ရောက်လာရတယ် ဆိုတာ။ အသက်မရှိသူတွေမှာ ပြဿနာလည်း မရှိဘူးဆိုတာ ကျွန်တော် သဘောပေါက်ပါပြီ။

အခု အချိန်က စပြီး ကျွန်တော်ဟာ အသက်ရှင်နေတဲ့ လူသားတစ်ယောက် ဖြစ်တယ် ဆိုတာကို သက်သေပြတဲ့ အနေနဲ့ ကျွန်တော့်ဆီရောက်လာတဲ့ ပြဿနာတွေကို အကောင်းဆုံး ဖြစ်အောင် ဖြေရှင်းပါတော့မယ် ဆရာ။ အခုလို ကျွန်တော့်ကို ထင်ထင်ရှားရှားဖြစ်အောင် လက်တွေ့ပြတဲ့ အတွက်လည်း ကျေးဇူးပါဆရာ။ ”

ဒီလိုနဲ့ သူတို့နှစ်ယောက် ဘာမှ မပြောဖြစ်ပဲ တိတ်တဆိတ်နဲ့ ပြန်လာခဲ့တယ်။ ဒီနောက်မှတော့ အမြဲတမ်း ငြီးတွားနေတတ်ပြီး သူ့ဆီမှာသာ ပြဿနာတွေ ဖြစ်နေတယ် လို့ ထင်နေတတ်တဲ့ ကောင်လေးက သူ့ဆီကို ရောက်လာတဲ့ ပြဿနာ တွေကို အကောင်းဆုံးဖြစ်အောင် ရင်ဆိုင်ဖြေရှင်းရင်း အောင်မြင်သော လုပ်ငန်းရှင် တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

ဒီကောင်လေးတော့ ယနေ့မှာတော့ အောင်မြင်နေသော စီးပွားရေးသမား Tom Petters ဖြစ်လာခဲ့ပါတယ်။

လူ့အခွင့်အရေးလေးရပ်

လူသားနှင့်တိရစ္ဆာန်
မတူဟန်ချားနားချက်
၁..တစ်အချက်က
လွတ်လပ်စွာရေးသားခွင့်
၂..နှစ်အချက်က
လွတ်လပ်စွာပြောဆိုခွင့်
၃..သုံးအချက်က
လွတ်လပ်စွာကိုးကွယ်ခွင့်
၎…လေးအချက်က
လွတ်လပ်စွာတွေးခေါ်ခွင့်
ဒီအခွင့်အရေးလေးရပ်ဟာ
တိရစ္ဆာန်မှာမရှိ
လူမှာသာရှိသည်…

ဒီမှာသူငယ်ချင်း..
ဒို့နိုင်ငံမှာ…..
ဒီအခွင့်အရေးလေးရပ်
သေသေချာမှတ်လို့ပြန်စစ်ဆေးပါ။
သင့်မှာဒီခွင့်အရေးလေးရပ်
မရှိလပ်က..
သင်နှင့်တိရစ္ဆာန်
မခြားသဏ္ဍာန်တူနေဟန်မို့
သင်ဟာလူပီသလို့
လူသားစင်စစ်ဧကန်ဖြစ်ချင်ရင်
ဆုံးရှုံးနေတဲ့ဒီအခွင့်အရေးလေးရပ်
တိုင်းပြည်အတွက်ပေးကာအပ်လို့
ထက်ထက်မြတ်မြတ်လက်တွဲညီညီ
တိုက်ပွဲဝင်မည်အားလုံးပါဝင်ဆင်နွှဲကြ….

မင်းသုည(ကွမ်းခြံကုန်း)

Thursday, January 14, 2010

ဂျင်းနီလေးရဲ့ ပုလဲဆွဲကြိုး

ဂျင်နီ လေးဟာ တောက်ပတဲ့ မျက်လုံးလေး တစ်စုံနဲ့ အသက်၅နှစ်အရွယ် ချစ်စရာကောင်းတဲ့ ကလေးမလေး တစ်ယောက်ပါ…

တစ်နေ့တော့ ဂျင်နီနဲ့ သူမအမေတို့ဟာ ကုန်စုံဆိုင်လေးတစ်ခုမှာ ဈေးဝယ်ဖို့ ရောက်နေကြပါတယ်… ဆိုင်ထဲကိုလျှေက်ကြည့်ရင်း တစ်နေရာမှာ လှလှပပလေး လုပ်ထားတဲ့ ပလပ်စတစ်ပုလဲ ဆွဲကြိုးလေးကို ဂျင်နီက တွေ့သွားပြီး သူ့အမေကို ၀ယ်ပေးဖို့ပူဆာပါတယ်

” အင်း လှတော့ လှပါတယ် သမီးရယ် …. ၂.၅ ဒေါ်လာဆိုတာ ဈေးများလွန်းပါတယ်…. ပိုက်ဆံအကုန်အကျ သိပ်များတယ်.. ဒါပေမဲ့ သမီး သိပ်လိုချင်နေတယ် ဆိုရင်တော့ မေမေတစ်ခုပြောမယ်…. ဒီပုလဲဆွဲကြိုးကို မေမေ၀ယ်ပေးမယ် .. ဒါပေမဲ့ အိမ်ပြန်ရောက်ရင် သမီးလုပ်ရမဲ့ အိမ်အလုပ်တွေကို မေမေက စာရင်းနဲ့ လုပ်ပေးမယ်.. အိမ်အလုပ်ကူလုပ်လို့ ရတဲ့ မုန့်ဖိုးကို သမီးက စုထားရမယ်…. ပြီးတော့ သမီးမွေးနေ့ ရောက်တော့မှာကိုလဲ မမေ့ဘူး မဟုတ်လား…… သမီးဖွားဖွားက သမီးကို မွေးနေ့လက်ဆောင် အဖြစ်နဲ့ မုန့်ဖိုးပေးဦးမယ်လေ….. သမီးက အဲဒီငွေတွေကို စုထားပြီး အခုဝယ် လိုက်တဲ့ ဆွဲကြိုးလေးရဲ့တန်ဖိုး ပြည့်တဲ့ တစ်နေ့မှာ သမီးကို ဒီဆွဲကြိုးလေး မေမေထုတ်ပေးမယ်… ကဲ ..သမီးသဘောတူသလား”

ဂျင်နီလေး သဘောတူလိုက်ပါတယ်.. အိမ် အလုပ်တွေကို နေ့တိုင်းနေ့တိုင်း ကြိုးကြိုးစားစား လုပ်ပါတယ်.. ရတဲ့ မုန်းဖိုးလေးတွေ စုထားတယ်…မွေးနေ့ရောက်တော့ သူမရဲ့အဖွားက သူမကို မွေးနေ့လက်ဆောင်အဖြစ် မုန့်ဖိုး ထပ်ပေးလိုက်တဲ့အခါမှာ ဂျင်နီလေးရဲ့ ပုလဲဆွဲကြိုး တန်ဖိုး ပြည့်သွာခဲ့ပြီ… ဒီတော့ ပုလဲ ဆွဲကြိုးလေးကို ဂျင်နီ့အမေက ထုတ်ပေးလိုက်ပါတယ်…..

ဂျင်နီလေးဟာ ပုလဲဆွဲကြိုးလေးကို ဘယ်လောက်တောင် နှစ်သက်မြတ်နိုးသလဲဆိုရင် အချိန်တိုင်း နေရာတိုင်းမှာ အဲဒီဆွဲကြိုးလေးကို ၀တ်ဆင် ထားပါတယ်… ကျောင်းသွားတဲ့အခါ၊ အိပ်တဲ့အခါ ၊သူ့အမေနဲ့ အပြင်ကို ထွက်တဲ့ အခါမှာလည်း ဆွဲကြိုးလေးကို အမြဲတမ်း ၀တ်ဆင်ထား တတ်ပါတယ်… ဆွဲကြိုး မ၀တ်ဆင်တဲ့ အချိန်ဆိုလို့ ရေချိုးတဲ့ အချိန်ဘဲရှိပါတယ်.. ဒါတောင် ဂျင်နီ့အမေက ဆွဲကြိုးလေးကို ၀တ်ပြီး ရေချိုးရင် လည်ပင်းတစ်ခုလုံး အစိမ်းရောင် ဖြစ်သွားတတ်တယ်လို့ ပြောထားတာကြောင့်ပါ…

ဂျင်နီဟာ သူ့အဖေကိုလည်း အရမ်းချစ်ခင်တဲ့ သမီးလေးဖြစ်ပါတယ်… သူ့အဖေကလည်း သူမကို ချစ်ပါတယ်.. ဂျင်နီ ည အိပ်ရာဝင်တိုင်း သူမအဖေဟာ သူထိုင်နေကျ အနှစ်သက်ဆုံး ထိုင်ခုံကလေးကနေ ထလာပြီး ဂျင်နီ သဘောကျတတ်တဲ့ ပုံပြင်တွေကို ဖတ်ပြလေ့ ရှိပါတယ်… တစ်ည … ဂျင်နီ့အဖေက ပုံပြင်ဖတ်ပြလို့ ပြီးသွားတဲ့အခါ ဂျင်နီ့ကိုမေးပါတယ်…

” ဂျင်နီ.. သမီးလေး ဖေဖေ့ကို ချစ်တယ်မဟုတ်လား “

” အို..သမီးချစ်တာ ဖေဖေသိပါတယ်… သမီး အရမ်း ချစ်တာပေါ့ဖေဖေရယ်… ” ဂျင်နီလေးက ပြန်ဖြေပါတယ်…

” ဖေဖေ့ကို ချစ်တယ်ဆိုရင် သမီးရဲ့ ပုလဲဆွဲကြိုးလေး ဖေဖေကို ပေးပါလားသမီး “

” အိုး ဖေဖေရယ် ..ပုလဲဆွဲကြိုးလေးတော့ မယူပါနဲ့နော် .. ရိုစီ ဆိုတဲ့အရုပ်လေး ဖေဖေယူလိုက်နော်… ဖေဖေမှတ်မိသေးလား ..မနှစ်က သမီး မွေးနေ့တုန်းက ဖေဖေပေးထားတဲ့ သမီး အရမ်းသဘောကျတဲ့ အရုပ်လေးလေ.. နော်ဖေဖေ..အဲဒါလေး ယူလိုက်နော်..”

” တော်ပါပြီ သမီးလေးရယ်… ရပါပြီ…….ဖေဖေ မယူတော့ပါဘူး …သမီးလေး အိပ်တော့နော်.. ဂွတ်နိုက် “ သူမပါးလေးကို နမ်းလိုက်ပြီး သူ့အဖေက ပြောလိုက်ပါတယ်..

တစ်ပတ်လောက်ကြာပြန်တဲ့အခါ.. သူမအဖေက ဂျင်နီကို မေးပြန်တယ်.

” သမီး ဖေဖေ့ကိုချစ်လား”

” ဟုတ်ကဲ့ ချစ်ပါတယ်ဖေဖေ “

” ဒါဆို သမီးရဲ့ ပုလဲဆွဲကြိုးလေး ဖေဖေ့ကိုပေးနော်..”

” ပုလဲလေးကိုတော့ မယူပါနဲ့ဖေဖေ… ဖေဖေ့ကို သမီးရဲ့ မြင်းရုပ်ကလေးပေးပါ့မယ် ..အဲဒီအရုပ်လေးဟာလည်း သမီးအကြိုက်ဆုံး အရုပ်လေးပါ… သူ့အမွှေးလေးတွေက အရမ်းနူးညံ့တော့ အဲဒါလေးနဲ့ ကစားရတာ ဖေဖေသဘောကျမှာပါ… ဆံကျစ်လေးတွေ ကျစ်ပြီးဆော့လို့လဲရတယ်လေ ဖေဖေရဲ့…”

“ကဲကဲ…. ဖေဖေမယူတော့ပါဘူး…. သမီးလေးအိပ်တော့….အိပ်မက်လှလှလေးမက်ပါစေနော်…” ပြောပြီး သူမအဖေက ဂျင်နီရဲ့ပါးလေးကို အသာအယာ နမ်းလိုက်ပါတယ်..

ရက်ပေါင်းတော်တော်လေး ကြာသွားပြီးတဲ့တစ်နေ့…. ဂျင်နီ့ဖေဖေက ပုံပြင်ဖတ်ပြဖို့ သူမကုတင်လေးဆီကို ရောက်လာတဲ့အခါ ဂျင်နီလေးက ကုတင်ပေါ်မှာ ထိုင်နေခဲ့ပါတယ်.. သူမနှုတ်ခမ်းလေးတွေ တုန်ရီနေပြီးတော့ ” ဖေဖေ …ဒီမှာကြည့် ” လို့ပြောပြီး လက်ဝါလေးကို အသာ ဖြန့် ပြလိုက်ပါတယ်… လက်ထဲမှာတော့ သူမ အရမ်းနှစ်သက် သဘောကျတဲ့ ပုလဲ ဆွဲကြိုးလေးပါ.. ဆွဲကြိုးလေးကို သူမအဖေရဲ့ လက်ထဲကို ထည့်ပေး လိုက်ပါတော့တယ်… သူမရဲ့ဖေဖေက လက်တစ်ဘက်က ဂျင်နီရဲ့ ပလပ်စတစ် ပုလဲဆွဲကြိုးလေးကို ဆုပ်ကိုင် ထားရင်း နောက်လက်တစ်ဘက်နဲ့ သူ့အင်္ကျီ အိပ်ထဲကို အသာ နှိုက်လိုက်ပါတယ်..

လက် ပြန်အထုတ်မှာ အပြာရောင် ကတ္တီပါ ဘူးလေးတစ်ဘူး ….

ဘူးလေးရဲ့ အထဲမှာတော့ အလွန်လှပ အဖိုးထိုက်တန်တဲ့ ပုလဲအစစ် ဆွဲကြိုးလေး တစ်ကုံး……

သူမအဖေရဲ့ လက်ထဲမှာ ဒီပုလဲအစစ်လေးက ဂျင်နီကို ပေးဖို့ တစ်ချိန်လုံး ရှိနေခဲ့ပါတယ်…ဈေးပေါပေါ ပလပ်စတစ် ပုလဲလေးကို ဂျင်နီလေး စွန့်လွှတ်နိုင်တဲ့တစ်နေ့ ပုလဲအစစ် ဆွဲကြိုးလေးကို ပေးနိုင်ဖို့အတွက် စောင့်နေခဲ့တာပါ….

………………………………………………………………………………………………………………………………………………

ကျွန်မတို့တွေရဲ့ ဘ၀မှာ မကောင်းတဲ့ အလေ့အကျင့်၊ မပေါင်းသင်းအပ်တဲ့ သူငယ်ချင်းမိတ်ဆွေ၊ မလိုလားအပ်တဲ့ ၀ါသနာ ၊ စရိုက်တို့အပေါ်မှာ ငြိတွယ် စွဲလန်း နေတတ်ပြီး စွန့်လွှတ်နိုင်ဖို့ ခက်ခဲလေ့ ရှိပါတယ်… အဲဒီ မလိုလား အပ်တဲ့ စရိုက်တွေ၊ ၀ါသနာ၊ အပေါင်းအသင်းတွေကို စွန့်လွှတ် လိုက်ခြင်း အားဖြင့် ဘ၀မှာ အလွန် အဖိုးထိုက် တန်တဲ့ အခွင့်အရေးကောင်းတွေ လက်ကမ်း ကြိုနေတတ်တာကို သတိပြု သင့်လှပါတယ်… ကျွန်မတို့ရဲ့ လက်ရှိ အလုပ်၊ ဘက်ရှိဘ၀လေးမှာ သာယာ ကျေနပ်နေတတ်ပြီး နောက်ထပ် ခြေလှမ်း တစ်ဆင့် တက်နိုင်ဖို့၊ စွန့်စားဖို့ ၀န်လေး နေတတ် ကြပါတယ်… စွန့်စားမှု၊ စွန့်လွှတ်မှု မရှိဘဲ အခွင့် အရေး ကောင်း တစ်ခုခုကို ဆုပ်ကိုင်မိဖို့ဆိုတာ ခက်ခဲပါတယ်….. တစ်စုံတစ်ခုကို စွန့်လွှတ်လိုက်ရပြီဆိုရင် သူ့နေရာမှာ သူ့ထက် ပို တန်ဖိုးကြီးတဲ့ အရာတစ်ခုခု အစားထိုး ပြန်ပေးဖို့ အဆင်သင့် စောင့်နေပါတယ်ဆိုတာ ဒီ story လေးက ပေးလိုက်တဲ့ သင်ခန်းစာလေး တစ်ခုပါ….

Original from http://www.skywriting.net/inspirational/stories/pearls.html

စွန့်လွှတ်နိုင်ကြပါစေ

Wednesday, January 13, 2010

လွတ်လပ်ရေးနေ့

Peace sport festival

လွတ်လပ်ရေး ရွှေသားမီးတိုင်

အသက် ၃၂ နှစ်သာ ရှိသေးသော လူငယ်တဦးသည် တတိုင်းတပြည်လုံးကို ကတိပေးထားသည်။၁၉၄၇ခုနှစ်။ထိုလူငယ်၏ ကတိကိုလည်း တတိုင်းတပြည်လုံးက ယုံကြည်ကိုးစား နိုးကြားတက်ကြွနေကြသည်။သူ၏ကတိမှာ “တနှစ်အတွင်း လုံးဝလွတ်လပ်ရေး ရစေရမယ်”ဟူ ၍ဖြစ်သည်။ကတိပေးသူ လူငယ်ကား.........

ကိုအောင်ဆန်းသည် တွေးနေသည်။သူ့အဖိုး ဗိုလ်မင်းရောင်သည်လည်း အရေးတော်ပုံတွင် ခေါင်းဖြတ်ခံခဲ့ရသည်။ဆရာစံ၏ လယ်သမားသူပုန် ရဲဘော်ကြီးများသည်လည်း ဦးခေါင်းတွေ ဖြတ်ခံခဲ့ရသည်။၁၉၃၅-၃၆ခုနှစ်ကာလက သူ၏ခေတ်ပြိုင်များသည် ကိုအောင်ဆန်းကို မှုန်ဆန်သော လူငယ်တဦးအဖြစ် စတင်တွေ့ရှိကြရသည်။
စာသင်ခန်းထဲမှာလည်း တွေးသည်။အင်းယားကန်ကြီးဘေး လမ်းလျှောက်ရင်းမှာလည်းတွေးသည်။ပဲခူးဆောင်အပေါ်ထပ်မှ ဆံပင်စုတ်ဖွားနှင့် လှေခါးထစ်များကိုနင်း၍ နင်း၍ဆင်းလာနေရင်းမှာပင် တွေးမိနေသေးသည်။
“သူကလည်း အစဉ်လိုလို နိုင်ငံရေးကိုသာ တွေးနေဟန်တူ၏”
“တက္ကသိုလ်တွင် ရှိစဉ်က ကိုအောင်ဆန်းသည် ပြုံးသောမျက်နှာကို ထားခဲ၏။”..တဲ့။ကဗျာအနုပညာရှင် ဒဂုန်တာရာက သူတွေ့ရှိသော ကိုအောင်ဆန်းကို ရုပ်ပုံလွှာတွင် ဖွဲ့နွဲ့သည်။သူ၏ခေတ်ပြိုင်များကမူ ထိုပုံရိပ်တွေကို နောင်သောအခါ လွမ်းမောဖွယ်တွေအဖြစ် ပြန်လည်အောက်မေ့ သတိရခဲ့ကြရသည်။
၁၉၃၆ခုနှစ်က တိုင်းပြည်သည် အောင်ဆန်းဆိုသောအမည်ကို ထိုခေတ်သတင်းစာများတွင် စတင်တွေ့ရှိလိုက်ကြရချိန်မှာ ထိုလုလင်၏ ရင်အုပ်ထဲတွင် သူတို့ခေတ်တခုလုံး၏ အလွမ်းများ အပြည့်အနင့် သယ်ဆောင်ထားသည်ကို လူတို့က အပြည့်အ၀ မသိနိုင်ကြသေး။
သူ့ရှေ့တွင် မြန်မာပြည်တွင် ဆယ်စုတခု နှစ်ခုမက အချိန်မှစ၍ ကိုလိုနီခေတ် ကိုယ်ကျိုးရှာ ၀ါရင့် နိုင်ငံရေးသမားဟောင်းကြီးများက ရှိနေခဲ့ပြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ကဗျာထဲကအတိုင်း “ငါးထောင်အသပြာစားမာန်ရယ်နဲ့ မာန်ဖီဖီပွား။မယားတောင်ညာခံနှင့် စံသည်တကား”အမည်ထိုက်သည့် ပုဂိုလ်တွေလည်း မြန်မာ့နိုင်ငံရေး ပွဲဦးပွဲကူးထဲမှာ အုတ်အရောေ၇ာ ကျောက်အရောရောပါဝင်။၁၉၃၆ခုနှစ်တွင် ပေးလာသော ကိုအောင်ဆန်းတို့လို အသက် ၂၁နှစ်အရွယ် လူငယ်များ၏ အမျိုးအစားသစ် အမျိုးသားရေး နိုင်ငံရေး လွတ်လပ်ရေး ရည်မှန်းချက်ကို စိမ်းရိုင်းလတ်ဆတ်စွာ ထိတ်ခနဲ တွေ့ကြရသည်။ မည်သို့ အကဲခတ်မလဲ။သမိုင်းခေတ်က လာနေပြီ။၁၉၃၆၊အသက် ၂၁နှစ်။သူပြောပြောနေသော လုံးဝလွတ်လပ်ရေး၊။မင်းငယ်ပါသေးတယ်။ဗြိတိသျှအလိုတော်ရိ ခေတ်အဆက်ဆက် သော့ကိုင်ထားလိုသူ မင်းတိုင်ပင် နိုင်ငံရေးသမားဟောင်းကြီးတွေရဲ့ မဲ့ပြုံး ကြိတ်ပြုံး မလိုတမာ အပြုံးတွေနဲ့ နဖူးတွန့် မျက်စချီ အကြည့်တွေကလည်း အဲဒီခေတ်ထဲမှာ အပြည့်။
သို့သော် ထိုလုလင်များက အမှန်တရားကို ရှာပုံတော် ဖွင့်နေကြပြီ။
တလက်မမှ နောက်ပြန်ဆုတ်ပေးလို့ မရတော့။
ခေါင်းမှာ ဆံပင် ပွယောင်းယောင်း။မျက်နှာက မှုန်ကုပ်ကုပ်။သပ်ရပ်ချောမွေ့မှုမရှိ။ကိုလိုနီ ယန္တရားအကြိုက် အိုင်စီအက် အရာရှိကြီးတွေရဲ့ ရှေ့တော်ပြေး ပုံရိပ်ဖြစ်ရမည့် ပညာတတ် တက္ကသိုလ်ကျောင်းသား အသွင်အပြင်တေါကို သူ့ထံမှာ တွေ့မြင်ရန် ခက်ခဲလှသည်။၁၉၃၆ က ရွှေတောင်ပိုးလုံချည်နှင့် ပြည်တွင်းဖြစ် ဖျငိကြမ်းကို ၀တ်ဆင်ပြီး စင်မြင့်ပေါ်ု၌ စကားပြောသော သူ့ကို ဂျူဗလီဟောတွင် ထိုခေတ်လူငယ်အများက တွေ့မြင်ဖူးကြရသည်။သူ့မှာ လူလတ်တန်းစား ပညာတတ် စရိုက်ဟန်တွေ မတွေ့ရ။သူ့ကိုယ်သူ အတင်းယဉ်ကျေးအောင် သူက ဟန်ဆောင်မလုပ်။ဒါကဖြင့် နာမည်ကျော် ပညာတတ်လူငယ် အိုးဝေမဂဇင်းအယ်ဒီတာပါဘဲလေ။သာမန်လူထဲကလူ.......လမ်းပေါ်မှာ နေရာတကာ တွေ့မြင်နိုင်တဲ့ ပုံသွင်ပါဘဲလေ။ဒါပေမယ့် အဲဒီ ရာဇ၀င်ခေတ်ကြီးရဲ့ သွေးခုန်သံများအားလုံးကို သူဝတ်ဆင်၊သူ့ခေတ်မျိုးဆက်များရဲ့ ပေါင်းရုံးထားတဲ့ စိတ်ဓာတ်စွမ်းအင်များနဲ့ မျက်နှာက ပိုင်းဖြတ်မှုအပြည့်။
၁၉၃၆ခုနှစ် ကိုယ်တိုင်ပင်လျှင် အဲဒီ ၂၁နှစ်အရွယ်လုလင်ရဲ့ သမိုင်းဆန်တဲ့ သွေးခုန်သံတွေဆီက လှပခမ်းနားမှုတွေ ပြန်ရခဲ့ပေါ့။Hell Hound at large(ငရဲခွေးကြီး လွတ်နေပြီ)။နှစ်ဦးကာလ အိုးဝေမဂဇင်းရဲ့ ငရဲခွေးဆောင်းပါက ကိုလိုနီ စိုးမိုးသူ အင်္ဂလိပ်အာဏာပိုင်တွေဆီ လေညင်းကလေးခတ်ပုံက သူတို့ တုန်လှုပ်စရာ။မဂဇင်းစာတည်း မည်သူလဲ။ကိုအောင်ဆန်းပေါ့။ဒီဆောင်းပါး ဘယ်သူရေးသလဲ။မင်း....ပြောပါ။သူ့အဖို့ အကျပ်အတည်းများကို ကျောခိုင်းနောက်လှည့်၍ ရှောင်လွှဲသွားရန် နဂိုကတည်းကပင် သူမကြိုးစားခဲ့။အဲဒီ အညာသား မြန်မာလူငယ်က ငယ်ငယ်ကတည်းကပင် ဒါမျိုးမကြိုးစားခဲ့။နောင်သောအခါ အကြိမ်ကြိမ် ပြန်လည်တသဖို့ ဖြစ်လာခဲ့ရတာပါဘဲ။အားလုံးအကြိုက် ရိုးရိုးစင်းစင်းပါဘဲလေ။၁၉၃၆ခုနှစ်က သူ့အဖြေ။
“မပြောနိုင်ဘူး”
ကိုလိုနီခေတ်ရဲ့ တက္ကသိုလ်မျက်နှာဖြူအာဏာပိုင်တွေက ကိုအောင်ဆန်းကို တက္ကသိုလ်မှ ထုတ်ပယ်ကြောင်ကြေညာ.....။၁၉၂၀ ပထမကျောင်းသားသပိတ်မှ ၁၆နှစ်အကြာ ကိုလိုနီဆန့်ကျင်ရေး ဒုတိယကျောင်းသားသပိတ်ကြီး မွေးဖွားလာပုံအစရဲ့ မဟာသွေးစည်းသံသည် သူ၏ရင်ဘတ်တွင် ပထမ စပေါက်ကွဲခဲ့တာပါဘဲ။
ပဲခူးဆောင် အလယ်ထပ် သူ့အခန်းမှနေ၍ သူသည်အောက်ထပ်သို့ အတွေးဖြင့် ဆင်းလာတတ်၏။၁၉၃၇-၃၈ခုနှစ်က သူ၏ကျောင်းနေဘက်များသည် သူ၏ သပ်ရပ်မှုမရှိ၊သို့သော် စာအုပ်များ ပြည့်နှက် ရှုပ်ပွနေသော သူ့အခန်းကို ပဲခူးဆောင်တွင် တွေ့ဖူးကြသည်မှာ ပြန်တွေးရင် ရာဇ၀င်ကျော် သူရဲကောင်းလုလင်ရဲ့ ဘလွမ်းမောဖွယ်ရာ ကားချပ်တခုပါ။ကံ့ကော်တွေက ဝေလို့။ဆွတ်ပျံ့စိမ်းပြာ အင်းယားရွှေကန်တော်။မြူမှုန်တွေက ပြာရီရီ။သက်ငြိမ်ရှုခင်း အလှအပ။၁၉၃၈ခုနှစ် နှစ်လယ်မှာတော့ အိပ်ရာလိပ်ထမ်းပြီး မြန်မာ့သမိုင်း မုန်တိုင်းထဲဆီ ဇာတ်ဝင်ခန်းတခုကို ရေကျော်ရှိ ဒို့ဗမာ အစည်းအရုံးသို့ သူထွက်ခွာလာခဲ့လေသည်။မိုးစက်တွေက ကျလို့။မဖီးရသေးသော ဆံပင်။အင်္ကျီလျော့ရဲ ကြေမွကိုလည်း မပြင်ဆင်ရသေး။မြန်မာပြည်ရဲ့ ကိုလိုနီ မြေအရိုင်းကို ရင်ဘတ်နဲ့ ထွန်ယက်ဖို့ ဆင်းလာတဲ့အတိုင်းပါဘဲလေ။
အဲဒီခေတ် ဗြိတိသျှ ကိုလိုနီ ဥပဒေပြု လွှတ်တော်ထဲမှာတော့ ရာထူးရာခံနှင့် မြန်မာပြည် ကျွန်ခေတ်မှာ လူရာဝင်ရေး ကိုယ်ကျိုးရှာ ကုလားထိုင်လုပွဲမှာ စီးကရက်မီးခိုးငွေ့များ ယမကာနံ့များဖြင့် ယစ်ဝေကောင်းဆဲပင် ရှိနေသည်။
နောင်.....ဥဒါန်း ဘယ်မကြေစရာ၊
ရာဇ၀င်တင်ထား မျိုးရိုးနွယ်လာ၊
ကဘာတခွင်မှာဖြင့်................
ဗမာအထင်အရှား၊ တို့ခေတ်တွင်မှ......ညံ့ကြတော့မှာလား.............
ကိုအောင်ဆန်းက မြစ်ကို ဖြတ်ကူးသွားသူမဟုတ်။မြစ်ကို အလျားလိုက် စုန်သွားသူ။သူ့တမ်းချင်းတွေကို အဲဒီ ရာဇ၀င် မြစ်ရိုးကြီးအတိုင်း သီဆိုသွားသည်။မြန်မာပြည်သူတွေက နေ့နေ့ညည ကြားနေကြရပြီး စိတ်ထိခိုက်ကာ တမ်းချင်းရှင်ကို ရှာဖွေကြသည်။သို့သော် ရှာစရာ မလိုပါ။တမ်းချင်းရှင်က သူတို့ ရင်အုပ်တွေထဲဆိအထိ သူ့တမ်းချင်းတွေကို ဒက်ဒက်ထိလာဆိုလေသည်။
အခက်အခဲများရှေ့တွင် ကျောခိုင်းပြီး နောက်ပြန်လှည့်မည့် လူစားမျိုးလည်း မဟုတ်ပေ။
I hope for the best but I am prepared for the worst.
အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်တယ်။ဒါပေမယ့် အဆိုးဆုံးကို ရင်ဆိုင်ဖို့လည်း အသင့်ပဲ။(နယူးဒေလီ လေဆိပ်၊၁၉၄၇ခုနှစ်)
၁၉၄၇ခုနှစ်။သူကွယ်လွန်ခါနီးနေရပေပြီ။ရလသာ ကျန်တော့သည်။ထိုနှစ် ဇန်န၀ါရီလသည် ခိုက်ခိုက်တုန် ချမ်းစိမ့်နေပေသည်။သူသည် ကမ္ဘာ့အနောက်ခြမ်း (အင်္ဂလန်)သို့ ခရီးစတင် ထွက်လာခဲ့သည်။အသက် ၃၂နှစ်သာရှိသေးသော ဦးအောင်ဆန်းသည် တိုင်းပြည်ကို တနှစ်အတွင်း လုံးဝလွတ်လပ်ရေး ရစေမယ်ဟု ကတိပေးထားသည်။အသက် ၃၂နှစ်အရွယ် လူငယ်တဦး၏ကတိကို (ထိုခေတ်) သူ၏တိုင်းပြည်ကလည်း မြတ်နိုးမှုတွေအပြည့်နှင့် ယုံကြည်စွဲလမ်းနေကြသည်။အသက်နှင့် မတိုင်းတာ။သူ၏ဖြတ်သန်းမှု သူ၏စိတ်ဓာတ် ရိုးသားမှု သူ၏စွန့်လွှတ်မှု သူ၏သတ္တိ သူ၏သမာဓိ သူ၏ပြည်သူကို ချစ်မြတ်နိုးမှု သူ၏ ကိုလိုနီ ဆန့်ကျင်မှု သူ၏ပြင်းပြစွဲမြဲသော လွတ်လပ်ရေး အသက်ဓာတ်။အမေအိုများက သူတို့သားငယ်လေးဟု ထင်သည်။သူ့ခေတ်ပြိုင် မျိုးဆက်များက သူတို့ရဲ့ သေတူရှင်မကွာ သွေးသောက်ရဲဘော်ဟု တဟုန်းဟုန်းကြွနေသော နိုင်ငံချစ်စိတ်နှင့် ယှဉ်သည့် ကြည်နူးပီတိများ တလှိုက်လှိုက်ဖြစ်ကြရသည်။လူထုက သူတို့ခေါင်းဆောင်ဟု ရာဇ၀င်က မွေးဖွားပေးတာဟု နားလည်နေကြပြီ။လူထုကြီးက သူတို့ရင်ထဲမှာ ကမ္ပည်းထိုးပြီး ခံစားပြီး ဖြစ်သွားကြရပြီ။ခိုင်မာသွားပြီ။“လွတ်လပ်ရေး ဗိသုကာ”ဆိုသော စကားလုံးသည် သမိုင်းခေတ်တွင် နောက်မှ ပေါ်လာသည်။သူ့ကို အကဲဖြတ်လို့ ရသွားပြီ။“နိုင်ငံရေး သုခမိန်”ဆိုသော တန်ဖိုးကို သူကျဆုံးကွယ်လွန်ပြီး ၁၉၅၀ခုနှစ်များတွင်မှ ပညာရှင်များက ကမ္ပည်းတင်ကြသည်။ကနဦးအစတွင် ပြည်သူတို့ကသာ သူတို့ရင်ထဲမှာ အလျင်စောစွာ တလှိုက်လှိုက် စတင်တွေ့ရှိ ခံစား ကမ္ပည်းတင်ခဲ့ရခြင်း။
၁၉၄၇ခုနှစ်မှ ပြန်ငဲ့စောင်း ကြည့်မိသောအခါ သူသည် သူ၂၁နှစ်အရွယ် ၁၉၃၆ခုနှစ်က အဖြစ်များကို ပကတိ ပြန်တေါ့ လွမ်းဆွတ်ရသည်။အိုးဝေမဂဇင်း အယ်ဒီတာ။၁၉၃၈ခုနှစ်က တက္ကသိုလ်ကျောင်းတိုက် ပဲခူးဆောင်မှ သူအိပ်ရာလိပ်နဲ့ထွက်လာပြီး ဒို့ဗမာအစည်းအရုံးသို့ ရှေးရှုထွက်ခွါခဲ့ပုံကို ပြန်ခံစားရသည်။သူ....ကိုလိုနီခေတ်ကြီးထဲမှာ ထန်ပြင်းရိုင်းစိုင်း မာကျောနေသလား။ပင်လယ်ဝါမှာ ခုတ်မောင်းသွားတဲ့ ဟိုင်လီသင်္ဘောကြီးပေါ်မှာ ရုပ်ဖျက်ပုန်းအောင်းပြီး ချစ်လှတဲ့ တိုင်းပြည်နဲ့ ဝေးရာဆီ လျှို့ဝှက်ထွက်ခွါသွားခဲ့ရတာတွေကကော။ထိုသို့ ထွက်ခွါခဲ့ရပုံကို“အရှေ့သို့ ကျွနုပ် ထွက်ခွါလာခဲ့ရသည်မှာ အမှောင်တိုက် အတွင်းသို့ သက်ဆင်းလာခဲ့ရသည်နှင့် တူ၏”ဟု နောင်အခါ ပြန်ရေးခဲ့၏။လူက မှုန်ဆနထန်ပြင်းနေမိရပေမယ့် တိုင်းပြည်ပေါ် ချစ်စိတ်ကိုတော့ ရင်ထဲမှာ နူးနူးညံ့ညံ့ ယုယစွာ ထိန်းလို့။သူ့သစ်စာကို အသက်နဲ့လဲပြီး စောင့်ခဲ့တယ်။သူ့မေတ္တာတရားရဲ့ ချိုမြတဲ့ သင်္ကေတကို ဖော်ပြဖို့တော့ ထွေထွေရာရာ သူ့ဘ၀ တခုလုံးကိုဘဲ အဆုံးတိုင် ပုံပေးထားခဲ့ရလေရဲ့။
အလှည့် အပြောင်းတွေက များလှရဲ့။ထိုအတွင်း သူ့သူငယ်ချင်း ကိုအောင်ကျော်(ဗိုလ်အောင်ကျော်)လည်းဆုံးခဲ့ပြီ။အဲဒီတုန်းက ၁၉၃၈ခုနှစ် အမှောင်တိုက်ထဲမှာ။ကိုအောင်ကျော်လည်း ငယ်ရွယ်လွန်းလှပါသေးသည်။၂၃နှစ်။သူ့ချစ်မိတ်ဆွေ ကိုဗဟိန်း(သခင်ဗဟိန်း)လည်း ၁၉၄၆ခုနှစ်က မန္တလေးတွင် ကွယ်လွ့န်ခဲ့ပြီ။သူသည် လဲလျောင်းငြိမ်သက်နေသော သခင်ဗဟိန်း၏ ရုပ်ကလာပ်ဘေးတွင် စိမ်းစိမ်းမြေ့မြေ့ အောက်မေ့စွာ မိနစ်များစွာ ရပ်တန့်ငေးငိုင် သက်ငြိမ်ရုပ်တုသဖွယ် နေခဲ့မိသည်။သူတို့မျိုးဆက်တွေက ကြွေပွင့်တွေလား။သူ့စိတ်ထဲမှာတော့ သူ့ရဲဘော်များသည် ကြွေလွင့်ကာမှပင် ပိုလို့ မွှေးမြလာပြန်ရဲ့။အချိန်တွေက ကြာသလား။တိုတောင်းသလား။ထိုအတွင်း ဂျပန်ဖက်ဆစ်တော်လှန်ရေးကြီးကိုပင် ခေါင်းဆောင်အဖြစ်နှင့် ဖြတ်သန်းခဲ့ရပြီးပြီ။တမြေ့မြေ့ အောက်မေ့ဖွယ်တွေက များလှပါဘိသည်။သူစာရေးချင်သည်။လွတ်လပ်ရေး ရပြီးလျင် စာရေးဆရာအဖြစ်နှင့်ပင် သူနေတော့မည်ဟု မိတ်ဆေါများကို အကြိမ်များစွာ ပြောမိလေသည်။
အချိန်တွေက သိပ်မရှိတော့ဟု သူထင်နေသည်။အဆက်မပြတ် သူလှုပ်ရှားခဲ့သည်။သမိုင်းမြစ်နဒီကို အလျားလိုက်စုန်ဆန်တုန်း။
ရပ်ကြည့်နေသူတွေ မဲ့သူတွေ ၁၉၃၆ခုနှစ်ကလို မလောက်လေး မလောက်စား သူငယ်လေးလို့ မြင်နေကြဆဲ ၀ါရင့် အလိုတော်ရိကြီးတွေကတော့ အထင်သေး အမြင်သေး စိတ်ဓာတ်အညံ့စားတွေနဲ့ ဆန္ဓစွဲ ရှုမြင်ကြတုန်း။
အခွင့်သာတာနဲ့ သမိုင်းဘီးကို နောက်ပြန်လှည့်ရန်။
သို့သော် ၁၉၃၆ခုနှစ်၊၁၉၃၇ခုနှစ် မဟုတ်တော့။ေ၉၄၇ခုနှစ်ရောက်နေပြီ။၁၀နှစ်အတွင်း လူထုက လုလင်ကို သူတို့ရဲ့ သူရဲကောင်းအဖြစ် ရာဇ၀င်မြောက် မွေးဖွားသန့်စင်မှုကို ဘယ်တော့မှ မမေ့နိုင်ဘဲ ပွေ့ပိုက်ခဲ့ကြရပြီ။
အို....သူတို့ မယုံနိုင်ကြသေးဘူးလား။
ကိုအောင်ဆန်း သခင်အောင်ဆန်း ဗိုလ်ချုပ်အောင်ဆန်း(သို့မဟုတ်)ကိုလိုနီခေတ်ထဲက မြန်မာ့နိုင်ငံရေး ဂန္ထ၀င်ရဲ့ ပုံရိပ်သစ်။

၁၉၄၇ခုနှစ် ဇန်န၀ါရီလ။
နယူးဒေလီမြို့ ၀ယ်လင်တန်လေဆိပ်တွင် ဦးအောင်ဆန်းသည် လောင်းကွတ်ရှည်ကြီးကို ၀တ်ထားရသည်။ဆောင်းလေတွေက အရိုးကွဲအောင် တစိမ့်စိမ့် တိုက်ခတ်နေသည်။နှင်းတွေ တဖွေးဖွေးကျနေသည်။သူသည် အင်္ဂလန်သို့ မြန်မာ့လွတ်လပ်ရေးအတွက် ခရီးထွက်ခဲ့ခြင်း။လုံးဝလွတ်လပ်ရေး.....။တိုင်းပြည်ကိုလည်း သူကတိပေးခဲ့ပြီ။
အာရှတိုက်ဘကီးကို ၀က်ဝံလက်သည်း ဆောင်းရာသီက စူးစူးနစ်နစ် ကုတ်ခြစ်နေသည်။မြောက်ပြန်လေသည် ကတုန်ကယင်။
ကင်မရာ မီးတွေက တဖျတ်ဖျတ်ပွင့်နေသည်။လေဆိပ်တွင် သတင်းစာဆရာများ သတင်းထောက်များက မေးခွန်းတွေ အများအပြားမေးကြသည်။ဦးအောင်ဆန်းကမူ ၁၉၄၇ခုနှစ်အတွက် စိတ်ထဲမှာ တွေဝေစဉ်းစားရန်မရှိ။ရှင်းလင်းပြီးသားဖြစ်သည်။တရားထူထောင်ပြီးသားဖြစ်သည်။သူသည် အနှစ်တရာကျော် ကျွန်ပြုအုပ်စိုးမှုကို အဆုံးသတ်ရန် ရာဇ၀င် အလှည့်အပြောင်းများကို ထိုင်စောင့်နေသူမဟုတ်ဘဲ ကိုယ်တိုင်ရှာဖွေခဲ့သူ ပြုစုခဲ့သူ ဖန်တီးခဲ့သူ တိုက်ပွဲဝင်တော်လှန်ရေးသမား။
အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်တယ်။ဒါပေမယ့် အဆိုးဆုံးကို ရင်ဆိုင်ဖို့လည်း အသင့်ဘဲ။
အကျပ်အတည်းများဆီ သူသွားခဲ့တာလား။အကျပ်အတည်းတွေက သူ့ဆီလာတာလား။
သူက သမိုင်းဖြစ်ပေါ်လှုပ်ရှားမှုဆီ မယိမ်းမယိုင်လာသည်။သမိုင်းခေတ်က သူ့ကို စူးစူးမက်မက် ပြန်ရှာဖွေလေသည်။
သုသည် သမိုင်းခေတ်ကို သယ်ဆောင်သွားသူ ဖြစ်နေပြန်လေသည်။
သူ့အာရုံထဲမှာ တခုတည်းသာရှိသည်။သူ လုလင်ကျောင်းသား ဘ၀ကတည်းက ပဲ့တင်ထပ်အောင် အကြိမ်ကြိမ် အော်ကြီးဟစ်ကြီး ပြောခဲ့ရသောစကား။လွတ်လပ်ရေး။လုံးဝ လွတ်လပ်ရေး။ချစ်လှတဲ့ မြန်မာပြည် လွတ်လပ်ရေး။
သူ့ခေတ်မျိုးဆက်များရဲ့ ဘ၀တွေအားလုံး ပေါင်းရုံးထွေးယှက်ပြီး သူ့ရင်အုပ်ထဲမှာ သိမ်းလိုက်တယ်။လုံးဝလွတ်လပ်ရေး။ဒါကဖြင့် မိုးသောက်ရင် သင် ပိုပြီး လှလာလိမ့်မယ်လို့ သူ့တိုင်းပြည်ကို သူ လွမ်းဆွတိဖွယ် ယုံကြည်မျှော်လင့်ခဲ့ခြင်းပင်ဖြစ်ပေသည်။
မင်းကိုခါး(ကွမ်းခြံကုန်း)


(ဒီဆောင်းပါးထဲမှာ ပါတဲ့ အချက်အလက်တွေကတော့ အားလုံးသိပြီးသားပါ။ဒါပေမယ့် တင်ပြပုံကောင်းတာကြောင့် ခံစားချက် တစုံတရာ ဖြစ်ပေါ်လာမယ်ထင်ပါတယ်။အပြည့်အစုံ ဖတ်ချင်ရင်ဖြင်္င့ ၂၀၀၇ ဇူလိုင်လထုတ် စပယ်ဖြူထဲမှာ ဖတ်နိုင်ပါတယ်။ကျွန်တော်ကတော့ ဒီဆောင်းပါးဖတ်ပြီး မေးခွန်းတခုပေါ်လာပါတယ်။တနှစ်အတွင်း လုံးဝလွတ်လပ်ရေး ရစေရမယ်လို့ ကိုအောင်ဆန်းက ၁၉၄၇ခုနှစ်မှာ တိုင်းပြည်ကို ကတိပေးခဲ့ပါတယ်။ အခုအချိန်မှာလဲ တိုင်းပြည်ကို ကတိပေးနိုင်တဲ့သူ လိုအပ်နေပါတယ်။ဘယ်သူက ကတိပေးနိုင်မှာလဲ။အဖြေရှိပါတယ်။ကျွန်တော်တို့ အားလုံးပါဘဲ။အထူးသဖြင့် ကျွန်တော်တို့ လူငယ်တွေက တိုင်းပြည်ကို ကတိပေးနိုင်ပါတယ်။တိုင်းပြည်ရဲ့ အနာဂတ် ဘယ်လိုဖြစ်နိုင်မလဲဆိုတာ ကျွန်တော်တို့ လူငယ်တွေအပေါ် မူတည်နေပါတယ်။ကျွန်တော်တို့ လူငယ်တွေက တိုင်းပြည်ကို ဘယ်လို ကတိတွေများ ပေးကြမှာလဲ။)

ပြေးလမ်းပေါ်က အိပ်မက်တစ်စုံ

ကျွန်တော်ဟာ တာဝေး အပြေးသမား တစ်ယောက်ပါ… ကြုံတွေ့ရတဲ့ အဖြစ်အပျက် ကလေးကတော့ ကျွန်တော့်ရဲ့ ပြေးလမ်း တစ်ခုပေါ်က အမှတ်တရ လေးပါ ကျွန်တော် မီတာ ၃၂၀၀ အပြေးပြိုင်ပွဲ ၀င်ဖို့အတွက် တစ်ရာသီလုံး လေ့ကျင့်မှုတွေ ကျွန်တော် အကြိမ်ကြိမ် လုပ်နေခဲ့ပေမဲ့ အရင်တုန်းကတည်းက ရထားတဲ့ ခြေထောက် ဒဏ်ရာက ခုချိန်ထိ မသက်သာသေးပါဘူး.. ဒါကြောင့်လဲ ကျွန်တော်ဟာ ဒီပြိုင်ပွဲကို ၀င်သင့် မ၀င်သင့် အတန်တန် စဉ်းစား ခဲ့တယ်.. ဘယ်လိုပင် ဖြစ်စေကာမူ ပြိုင်ပွဲနေ့ရောက်တော့ ကျွန်တော် ၀င်ပြိုင် ဖြစ်ခဲ့ပါတယ်…

အသင့်ပြင်..
နေရာယူ
ဒိုင်း……………….
သေနတ်သံက ကျယ်လောင်စွာ ထွက်လာပြီး ကျွန်တော်တို့လဲ တာလွှတ်တဲ့ နေရာကနေ ပြေးထွက်လာကြပါ တော့တယ်.. မိန်းခလေးတစ်ယောက်က ကျွန်တော့် ရှေ့ကနေ ပြေးနေတာကို ကျွန်တော်တွေ့ရတယ်… ပထမ အပြေးပတ်လမ်း သုံးပတ် ပြည့်တဲ့အချိန်မှာ ခြေထောက်က နာကျင်လွန်းလို့ ထော့နင်း ထော့နင်း ဖြစ်နေပါပြီ.. ကောင်မလေးရဲ့ နောက်မှာ ကျွန်တ်ာဟာ တစ်ဖြေးဖြေး ဝေးပြီး ကျန်ရစ်ခဲ့ပြီ ဆိုတာ ကိုယ့်ကိုယ်ကို သဘောပေါက် မိတယ်.. ဒီအခါမှာတော့ အရှက်တကွဲ ဖြစ်ပြီဆိုတဲ့ စိတ်အနှောက်အယှက်က ပိုပိုပြီး ဖိစီးလာပါတယ်.. ပထမနေရာက ဦးဆောင်ပြေးနေသူ မိန်းခလေးက ကျွန်တော့်ထက် ပြေးလမ်း ၂ပတ် စောနေခဲ့ ပါတယ်..
မိန်းခလေးက ပန်းတိုင်ကို ၀င်သွားတဲ့ အချိန်မှာ ကြည့်ရှုနေတဲ့ ပရိသတ်တွေဆီက ဝေး ဆိုတဲ့ အလွန်ကျယ်လောင် လှတဲ့ လက်ခုပ်သြဘာသံနဲ့ အော်ဟစ် အားပေးတဲ့ အသံကြီးကို ကျွန်တော်ကြားလိုက်ရပါတယ်.. ကျွန်တော့် တစ်သက်မှာ ကြားဖူးသမျှ အားပေးသံတွေထဲမှာ အကျယ်လောင်ဆုံး အသံတွေဘဲ ဖြစ်ပါတယ်.. အဲဒီချိန်မှာ ကျွန်တော် စဉ်းစားလိုက်မိတာက ဒီပြိုင်ပွဲကနေ ကျွန်တော်ထွက်သင့်ပြီဆိုတာပါဘဲ.. ဒီပွဲကို ကြည့်ရှုအားပေးနေတဲ့ ပရိတ်သတ် တွေက ခြေထောက် ထော့နင်း ထော့နင်းနဲ့ ပြေးနေတဲ့ ကျွန်တော့်လို လူတစ်ယောက်ရဲ့ ပန်းတိုင် ၀င်ချိန်ထိ အောင် စောင့်ကြည့်ချင်ကြလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး… ဒါပေမဲ့လည်း ကျွန်တော့် အတွင်းစိတ်ကတော့ ဆက်ပြေး ဖို့ကိုဘဲ တိုက်တွန်းနေခဲ့ပါတယ်..

ပန်းဝင်ဖို့ ပြေးလမ်း ၂ပတ်လောက် ကျန်သေးတဲ့အချိန်မှာ ကျွန်တော့်ခြေထောက်တွေက ဆိုးဆိုးဝါးဝါး နာကျင် ကိုက်ခဲလို့နေပါပြီ.. နာကျင်ခြင်းတွေနဲ့ ခက်ခက်ခဲခဲ ပင်ပန်း ဆင်းရဲခြင်း ကြီးစွာနဲ့ ဆက်ပြေးနေရင်းနဲ့ နောက်နှစ် တွေမှာ ဒီအပြေးပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုတော့ဖို့ ကျွန်တော် ဆုံးဖြတ်ချက် ချလိုက် မိပါတယ်.. တကယ်လို့ ကျွန်တော့်ခြေထောက် ပြန်ကောင်းလာခဲ့ရင်လည်း ကျွန်တော် မပြိုင် ချင်တော့ပါဘူး.. ကျွန်တော့်ထက် ပြေးလမ်း ၂ပတ်စောပြီး ပန်းဝင် သွားတဲ့ မိန်းခလေးတစ်ယောက်ကိုတောင် ကျွန်တော်နိုင်အောင် မပြေးနိုင်ခဲ့တာ ရှက်ဖို့ တော်တော်ကောင်းပါတယ်.. မိန်းခလေးတစ်ယောက်က ကျွန်တော့်ကို အနိုင် ရသွားတဲ့အဖြစ်.. တွေးကြည့် ရင် ကျွန်တော် ဘယ်လောက်များ အသုံးမကျလိုက်တဲ့ လူလဲဗျာ…..

ကျွန်တော် ပန်းဝင်မျဉ်းကြောင်းကို ကျော်ဖြတ်လိုက်တဲ့အချိန်မှာ ခုနက ပထမဆုံးပန်းဝင်သွားတဲ့ မိန်းခလေးကို အားပေးကြသလိုမျိုး ကျယ်လောင်လှတဲ့ အားပေး အော်ဟစ်သံ၊ လက်ခုပ်တီးသံ တွေကို ကြားလိုက်ရပါတယ်.. ဘာတွေ ဒီလောက် အော်ဟစ်နေကြပါလိမ့်… ကျွန်တော် ကိုယ့်ကိုယ်ကို မေးလိုက်မိတယ်… ဟိုကြည့် ဒီကြည့်နဲ့ သေချာအောင် ကျွန်တော် လိုက်ရှာမိတော့ နောက်ပြိုင်ပွဲ တစ်ခုအတွက် ပြိုင်ပွဲဝင်မဲ့လူတွေက နေရာယူနေကြတာ တွေ့ရပါတယ်…. ဒီတော့ သူတို့ကို အားပေး နေကြတာဘဲလို့ တျွန်တော် သဘောပေါက်မိပြီး ရေချိုးခန်းဘက်ကို လျှောက်လာခဲ့ပါတယ်.. အဲဒီချိန်မှာ ပထမဆုံး ပန်းဝင်သွားတဲ့ ကောင်မလေးနဲ့ မမျှော်လင့်ဘဲ ၀င်တိုး မိပါတယ်..

သူက ကျွန်တော့်ကို
“အိုး….. ရှင်က အရမ်း တော်တာဘဲနော်… ဒီလို ရဲရင့်တဲ့ ခွန်အား ၊သတ္တိတွေ ရှင် ဘယ်ကများရပါလိမ့်…”
“ ရဲရင့်တယ်? ”
သူ တစ်ယောက်ယောက်နဲ့ လူမှားနေပုံရတယ်.. ကျွန်တော်က ပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့လူလေ..

“ကျွန်မသာ ရှင့်နေရာမှာဆိုခဲ့ရင် ဒီ ၂မိုင်လောက် ရှိတဲ့ ပြေးပွဲကို ဘယ်လိုမှ ၀င်ပြိုင်နိုင်မယ် မထင်ဘူး.. ပထမ ပြေးလမ်းမှာတင် ထွက်ဖြစ်မှာ သေချာပါရဲ့… ရှင့်ခြေထောက်က ဘာများဖြစ်လို့လဲ … ဒီလောက် နာကျင်နေတဲ့ ကြားက ရှင် ကြိုးကြိုးစားစားနဲ့ ပန်းတိုင်ကို ရောက်အောင် ပြေးနိုင်တယ်နော်… ကျွန်မတို့တွေ ရှင့်ကို အော်ဟစ် အားပေးနေကြတာ ရှင်ကြားတယ်မဟုတ်လား… ပွဲကြည့်တဲ့သူတွေ အားလုံးကလဲ နာကျင်နေ တာတောင် အရှုံး မပေးဘဲ ပြီးအောင် ပြိုင်ပွဲဝင်သွားတဲ့ ရှင့်ရဲ့ စိတ်ဓာတ်ကို ချီးကျုး လေးစားပြီး အားလုံးက လက်ခုပ်တီး၊ အော်ဟစ်ပြီး အားပေး နေခဲ့ကြတာလေ…”

အိုး… အံ့သြစရာပါလား..ကျွန်တော် ယုံတောင် မယုံနိုင်အောင်ပါဘဲ.. တစ်စိမ်းပြင်ပြင် မိန်းခလေးတစ်ယောက်နဲ့ ပွဲကြည့် ပရိတ်သတ်တွေက ကျွန်တော့်ကို အော်ဟစ် အားပေးနေခဲ့တာတဲ့.. အဲလိုအားပေးခြင်းဟာ ဒီပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲစေလိုသောကြာင့်မဟုတ်ဘဲ.. ကျွန်တော့်အား ပြိုင်ပွဲကို ဆက်လက်ပြီး ပြေးစေချင် သောကြောင့်၊ လက့်လျှော့ အရှုံးမပေး စေလိုသောကြောင့် အားပေး နေကြခြင်းသာ ဖြစ်ကြောင်း ကျွန်တော် သိရပါပြီ.. ကျွန်တော့် မျှော်လင့်ချက်တွေ၊ အိပ်မက်တေ
ွ ပြန်လည် တောက်ပလို့ လာခဲ့ပါပြီ… ကျွန်တော်ဆုံးဖြတ်ချက် ချလိုက် ပါတယ်… နောက်နှစ်မှာ အပြေးပြိုင်ပွဲကို ကျွန်တော် ပြန်ဝင်ဖြစ်အောင် ၀င်ပါတော့မယ်..
တော်ပါသေးရဲ့… ကျွန်တော်ရဲ့ ချွတ်ခြုံကျသွားခဲ့တဲ့ စိတ်ဓာတ်နဲ့၊ ပျောက်ရှ သွားတော့မဲ့ အိပ်မက်ကို ပြန်လည် အသက်သွင်းပေးလိုက်သူက ထို ပထမ ရသွား ခဲ့သော မိန်းခလေးသာ ဖြစ်ပါတယ်.. အဲဒီနေ့က ကျွန်တော်ရခဲ့တဲ့ သင်ခန်းစာလေး၂ခုမှာ

ပထမတစ်ခုက တစ်စုံတစ်ဦးဆီက ရလိုက်တဲ့ အကြင်နာတရားနဲ့ အားပေး ချီးကျူးစကားတွေဟာ မမျှော်လင့်ဘဲ လူတစ်ယောက်ရဲ့ဘ၀ကို ကောင်းကောင်းကြီး ပြောင်းလဲ သွားစေနိုင်တယ် ဆိုတာရယ်.
ဒုတိယအချက်က ရဲစွမ်းသတ္တိ နဲ့ စိတ်ဓာတ်ခွန်အား ဆိုတာ ဆုတံဆိပ်၊ အောင်မြင်မှု ဆိုတာတွေနဲ့ တိုင်းတာလို့ မရဘဲ ပြိုင်ပွဲကို ဘယ်လို အခက်အခဲဘဲ ကြုံတွေ့လာပါစေ.. ပြီးဆုံးအောင် ယှဉ်ပြိုင်ခြင်းနဲ့သာ တိုင်းတာသင့်ကြောင်း နားလည်ခွင့်
ရလိုက်ပါတယ်..
ကြီးကျယ်သော ခွန်အားရှိသူ၊ ဘ၀ကိုအောင်နိုင်သူများ ဆိုတာ ပြိုင်ပွဲမှာ အနိုင်ရသူတွေကို ဆိုလိုတာ မဟုတ်ဘဲ ဘ၀မှာ အရှုံးနဲ့ ကြုံတွေ့ရသော်လည်း အလွယ်တကူ အားမလျှော့ဘဲ၊ မလျှော့သောဇွဲ၊လုံ့လတို့နဲ့ ရည်ရွယ်ရာ ပန်းတိုင် ကို ရောက်အောင်
သွားနိုင်တဲ့ သူတွေကိုသာ ခေါ်ဆိုပါတယ်… အခုတော့ ကျွန်တော့်မှာ အိမ်မက်လေး တစ်ခု ရှိလာပါပြီ.. အဲဒီအိပ်မက်လေးက တစ်ခြားမဟုတ်ပါဘူး… အကြီးတန်းအပြေးသမား ဘ၀နဲ့ဘဲ ဖြစ်ဖြစ် ကျွန်တော့် ခွန်အား သစ်တွေနဲ့ အပြေး ပြိုင်ပွဲကို ပြန်ဝင်ပြီး အနိုင်ရအောင် ယှဉ်ပြိုင်ပါမယ်.. အဲဒီချိန်ကျရင် ကျွန်တော် ရှုံးနိမ့်ခဲ့စဉ် က ရခဲ့ဖူးတဲ့ အားပေး ချီးကျူးသံ လက်ခုပ်သံတွေကို ပြန်လည်ရရှိ နိုင်လိမ့်လို့ ကျွန်တော် ယုံကြည်မိပါတယ်… ဒီအိမ်မက်လေးကို ပြန်လည် မွေးဖွားပေးလိုက်တဲ့ ပြေးလမ်းပေါ်မှာ ကျွန်တော့်ထက်အရင် ပန်းဝင်သွားသူ မိန်းခလေး ကို ကျေးဇူးတင် သတိရနေမိမှာပါခင်ဗျာ…………
——————————————————————————————————————
ကျွန်မတို့တွေရဲ့ ဘ၀ ဆိုတဲ့ တာဝေး ပြေးလမ်းတစ်လျှောက်မှာ အခက်အခဲဆိုတဲ့ နာကျင်မှုတွေ၊ ရှုံးနိမ့်မှုတွေနဲ့ လူတိုင်း ကြုံတွေ့ကြမှာပါ.. အဲဒီလို အခက်အခဲတွေ၊ ရှုံးနိမ့်မှုတွေနဲ့ ကြုံတဲ့အခါမှာ ကျွန်မတို့ဟာ လွယ်လွယ်ကူကူနဲ့ လက်လျှော့ အရှုံးပေးကြမလား စဉ်းစားစရာပါ…. ကြီးကျယ် မြင့်မြတ်တဲ့ အောင်နိုင်သူ ၊ မဟာ လူသားဆိုတာ ဘ၀မှာ စီးပွားဥစ္စာ ကြီးပွား ချမ်းသာနေပြီး၊ အောင်မြင်ထင်ရှား ကျော်ကြားနေတဲ့သူတွေကို ခေါ်တာမဟုတ်ဘဲ အခက်အခဲများ၊ ရှုံးနိမ့်မှုများနဲ့ ရင်ဆိုင် ကြုံတွေ့လာတဲ့အခါမှာ လက်လျှော့အရှုံးမပေးဘဲ ပြန်လည်ကြိုးစား ရုန်းကန်ပြီး ဘ၀ပြေးလမ်း ကို ခွန်အားသစ်များနဲ့ ဆက်လက် ယှဉ်ပြိုင်သူများကိုသာ ခေါ်ပါတယ်ဆိုတာ ဒီပြေးလမ်းပေါ်က ရှိလိုက်တဲ့ သင်ခန်းစာ လေးပါ… ကျွန်မတို့လဲ ဘယ်လောက်ကြီးမားတဲ့ ရှုံးနိမ့်မှုနဲ့ ကြုံတွေ့ရပါစေ ဘ၀ ပြေးလမ်းပေါ်က မစွန့်ခွာဘဲ ရှိသမျှ ခွန်အားတို့နဲ့ ရင်ဆိုင် အနိုင်ယူ ကြပါစို့လားရှင်….
“Chicken Soup For the Teenage Soul” မှ Ashley Hodgeson ရဲ့ To Track Down My Dream ကို စိတ်ဓာတ် ကျအားငယ်နေသူများ၊ တနယ်တကျေးမှာ လှုပ်ရှားရုန်းကန် နေကြသူများအတွက် ဘ၀ ခွန်အား သစ်များ ရရှိကြစေဖို့ ဘာသာပြန် ဝေငှပါသည်..
အောင်မြင်ကြပါစေရှင်...........
ချော (အစိမ်းရောင်လွင်ပြင်) www.missgreenlady.com

Tuesday, January 12, 2010

ဒါနဘာကြောင့်ပြုရသလဲ???

အလှူဒါန ဘာကြောင့်ပြုရသလဲ ဆိုတဲ့အကြောင်းကိုရေးသားဖော်ပြချင်ပါတယ်..
ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုး အများစုဟာ အလှူဒါနကို ရက်ရက်ရောရော ပြုကြပါတယ်..တကယ်လှူချင်တဲ့ စိတ်တွေ
သဒ္ဓါတရားတွေလည်း ရှိကြပါတယ်
ဒါပေမယ့် ဘာကြောင့် အလှူဒါနပြုတယ်ဆိုတာကိုတော့ တော်တော်များများမသိကြပါဘူး..

ယခုဘ၀ဒါနပြုရင် နောက်ဘ၀ကောင်းစားမယ် နတ်ချမ်းသာ လူချမ်းသာဖြစ်မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ပဲ အလှူဒါနပြုနေကြတာများပါတယ်..
ဒါကြောင့် ဒါနပြုရခြင်းအကြောင်းကို အရှင်ဇ၀နဟောကြားတဲ့ ဒါနဘာကြောင့်ပြုရသလည်းဆိုတဲ့ တရားတော်မှာ နာကြားလိုက်ရလို့ မသိသေးသူများ သိသွားအောင် ဖော်ပြလိုက်ပါတယ်..
ဒါနပြုတယ်ဆိုတာ မိမိရဲ့  သန္တာန်မှာ ဘ၀အဆက်ဆက်က ဒုက္ခပေးလာတဲ့ စွဲလမ်းတပ်မက်တဲ့ လောဘကိလေသာကြီးကုန်အောင် ပြုတာဖြစ်တယ်...
သီလစောင့်တည်ခြင်း ဘာဝနာပွားများခြင်းတွေလည်း တူတူပါပဲ..သီလစောင့်တည်တယ်ဆိုတာ မိမိရဲ့  သန္တာန်မှာ ရှိတဲ့ ဒေါသဦးဆောင်တဲ့ ကိလေသာတွေ ကုန်ဖို့ စောင့်တည်တာ ဘာဝနာပွားတယ်ဆိုတာဟာလည်း မိမိရဲ့သန္တာန်မှာ ရှိတဲ့ မောဟ ဦးဆောင်တဲ့ ကိလေသာတွေ ကုန်ဖို့ပွားများတာဖြစ်တယ် ..

ဒါနအကြောင်းဆက်ပြောပါမယ်..
ဗုဒ္ဓဘာသာဝင်အများစု အမြင်မှားနေတာတစ်ခုက အလှူဒါနပြုပြီးတိုင်း ဆုတောင်းနေကြတာပါပဲ..တကယ်တော့ ဒါနပြုပြီးရင် ဆုတောင်းစရာမလိုပါဘူး..
ဆရာတော် ဟောကြားတဲ့ ဥပမာလေးကို သဘောကျလို့ ပြန်လည်ဖော်ပြလိုက်ပါတယ်..

ဥပမာလေးက ဒီလိုပါ အလုပ်သမားတစ်ယောက်ဟာ သူ့အလုပ်ကို သူကျေပွန်အောင်လုပ်ပြီးရင် သူပိုက်ဆံရဖို့ လစာရဖို့ ဆုတောင်းစရာမလိုပါဘူး သူသေချာပေါက်ရမှာပါ..
သူအလုပ်လုပ်ရင် လုပ်ခရမှာပါ ဆုတောင်းစရာမလိုပါဘူး

ဒါနပြုခြင်းဟာလည်း အဲဒီသဘောပါပဲ..ကိုယ်ဒါနပြုပြီးရင် ဆုတောင်းစရာမလိုပါဘူး ဒါနရဲ့ အကျိုးကိုက ချမ်းသာတဲ့ အကျိုးကိုပေးပြီးသားပါ...
လိုတာက ကိလေသာကုန်ဖို့နဲ့ နိဗ္ဗာန် ဆုတောင်းဖို့ပဲ လိုပါတယ်.. ပြီးတော့ ဘယ်မှာ ဘယ်လောက်လှူတယ်ဆိုတာလည်း ပြောစရာမလိုပါဘူး..
အပေါ်မှာပြောပြီးပါပြီ မိမိသန္တာန်မှာ ရှိတဲ့ လောဘကိလေသာမီး ဘယ်လောက်ငြိမ်းသွားတယ် ဆိုတာကိုပဲ ကြည့်ရမှာပါ..လူတွေမှာ အမြဲလောင်နေတဲ့ လောဘမီးတွေဟာ ဒါနပြုတဲ့အချိန်မှာ ငြိမ်းသွားတယ်...
တစ်ခါလှူရင် မိမိမှာရှိတဲ့ လောဘတစ်ခါသေပါတယ်..လောဘရှိနေတဲ့ သူဟာ ဒါနပြုလို့မရနိုင်ပါဘူး..

လောဘနှစ်မျိုးရှိပါတယ် သမလောဘနဲ့ ၀ိသမလောဘဆိုပြိး နှစ်မျိုးရှိပါတယ်..
သမလောဘဆိုတာ ညီမျှတဲ့လောဘပါ ..
ဝိသမလောဘဆိုတာကတော့ မတရားရပြိးယူတဲ့ လောဘပါ ခိုးခြင်းနဲ့လည်း တူပါတယ်..
အဲဒီဝိသမလောဘရှိတဲ့ သူဟာ ဖြစ်လေရာဘ၀မှာ သူရဲ့ စည်းစိမ်တွေ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးတက်ပါတယ်..
ဒါကြောင့် အဲလို ၀ိသမလောဘမရှိအောင်တော့ အတက်နိုင်ဆုံး ထိန်းသိမ်းသင့်ပါတယ်...

ဒါနကလည်း ၂ မျိုးရှိပါတယ် ပါရမီ ထိုက်တဲ့ဒါန နဲ့ ပါရမီ မထိုက်တဲ့ ဒါန ဆိုပြီးဖြစ်ပါတယ်..
ပါရမီထိုက်တဲ့ ဒါနဆိုတာ လုံးဝမိမိကောင်းကျိုးကို ထည့်မတွက်ဘူး အလှူခံပုဂ္ဂိုလ် ချမ်းသာဖို့ပဲကြည့်ပါတယ်..တဏှာမပါဘူး ငါမပါဘူး ငါချမ်းသာဖို့မပါဘူး အဲလိုစိတ်နဲ့ ပြုတဲ့ ဒါနဟာ ပါရမီ ထိုက်တဲ့ဒါနဖြစ်ပါတယ်..
ပါရမီမထိုက်တဲ့ ဒါနကတော့ နောက်ဘ၀ချမ်းသာချင်လို့ လှူတာ နာမည်ကြီးချင်လို့လှူတာ လူသိများချင်လို့လှူတာ အဲလိုအလှူမျိုးတွေကို သာသနာပ အလှူလို့ခေါ်ပါတယ် နိဗ္ဗာန်မရနိုင်ပါဘူး..
လိုချင်တဲ့စိတ်နဲ့လှူနေသမျှ နိဗ္ဗာန်မရနိုင်ပါဘူး..
ငါကောင်းစားဖို့လှူတာဆိုရင် ငါဆိုတာ ဒိဋ္ဌိ
ကောင်းစားဖို့ဆိုတာ လောဘ...
ဒိဋ္ဌိ နဲ့လောဘ ဥိးဆောင်မှတော့ ဘယ်လိုမှ နိဗ္ဗာန်ရနိုင်စရာ အကြောင်းမရှိပါဘူး.
.အဲလိုစိတ်နဲ့ ဒါနပြုတာဟာ ပါရမီမထိုက်တဲ့ ဒါနဖြစ်တယ်..

ဒီလောက်ဆိုရင် ဒါနပြုရခြင်းအကြောင်းကို တော်တော်ရှင်းလောက်ပါပြီ..
ဗုဒ္ဓဘာသာဝင်သူတော်စင်များအားလုံး ပါရမီထိုက်တဲ့ ဒါနကိုပြုနိုင်တဲ့ သူတော်ကောင်းများဖြစ်ကြပါစေ.........'

အရှင်တိက္ခညာဏာလင်္ကလာရ ရေးသည်။

ဟင့်အင်း

ဆိုပါတော့ . . .။

ကိစ္စတစ်ခု ကြုံလာတဲ့ အခါ အဲဒီလို ကိုယ်ငြင်းဆိုချင်တာ တကယ်ပဲလား ဆိုတာ ပထမဆုံး သေချာအောင် လုပ်ပါ။ လုပ်ချင်၊ မလုပ်ချင်၊ လုပ်နိုင် မလုပ်နိုင် မသေချာ ဘူးဆိုရင် စဉ်းစားဖို့ အချိန်ဆွဲ လိုက်ပါ။ရှင် တကယ် ဟင့်အင်းလို့ ငြင်းပြီဆိုရင် ဘာကိုမှ သွယ်ဝိုက် ကွေ့ပတ်မပြောပါနဲ့။ ရှင်းရှင်းလင်းလင်း “ဟင့်အင်း” မဖြစ်နိုင်ပါဘူး။ မလုပ်နိုင်ပါဘူး။ မဟုတ်ပါဘူးလို့ ပြောပါ။
. . . . . . .
ရှင့်ဆီမှာ“ဟင့်အင်း” လို့ ငြင်းဆိုဖို့ ကိုယ်ပိုင် အခွင့်အရေး ရှိပါတယ်။ တောင်းပန်ခြင်းဟာ ရှင့်ရဲ့ ငြင်းဆိုမှုကို အားလျော့ စေရုံပဲ တတ်နိုင်တယ်။

စာရေးဆရာမ ဒွိုက်စ် ဝေါလ်တာ(Doyce Waller) ရဲ့“ဟင့်အင်းလို့ ငြင်းကြည့်ရအောင်” (Learn to say no) ဆိုသော စာတမ်း၏ ချိုမြိန် ရှတသော အရေးအသား တချို့ကို မကြာခဏ သတိရနေတတ်သည်။ အများအားဖြင့် ဝေခွဲမရအောင် ဒွိဟ ဖြစ်နေသော အချိန်တွေမှာ ဖြစ်သည်။ ပြီးတော့ စိတ်ကျရောဂါလို စိတ်ဖိစီး ခံနေရသည့် အခိုက်အတန့်တွေမှာ ဖြစ်သည်။ ဟင့်အင်းတဲ့။ ငြင်းကြည့်လိုက် စမ်းပါတဲ့။ မိန်းမသား တစ်ယောက်ကလေ။
ကျွန်တော်တို့ကား ဘ၀မှာ အကြိမ်ပေါင်း မရေတွက်နိုင်အောင် ငြင်းခဲ့ကြဖူးသူချည်းပဲ ဖြစ်ပါလိမ့်မည်။ ကျွန်တော်လည်း ငြင်းခဲ့ဖူးလှပေါ့။ မိဘတွေ အပေါ်မှာ၊ ဆရာ သမားတွေ အပေါ်မှာ၊ အပေါင်း အသင်း မိတ်ဆွေတွေ အပေါ်မှာ၊ အကြီးအကဲတွေ အပေါ်မှာ ငြင်းဆိုခဲ့ကြ၊ ဟင့်အင်းခဲ့ကြဖူးသူချည်း ဖြစ်ပါလိမ့်မည်။

သို့သော် ကျွန်တော်တို့ ငြင်းဆိုကြခြင်းမှာ အခါခပ်သိမ်း မှန်ကန်ရဲ့လား။ ငြင်းဆိုဖို့ အကြောင်းအချက် မှန်ကန်ပြီ ဆိုလျှင်လည်း ငြင်းဆိုပုံ၊ ငြင်းဆိုနည်းရော မှန်ကန်ကြ ပါရဲ့လား။ ကျွန်တော်တို့ ဘယ်လို ငြင်းဆို ခဲ့ကြပါသလဲ။

“၀မ်းနည်းပါတယ်ဗျာ” အဲသလို ပညာတတ်ဆန်ဆန်၊ သိမ်သိမ်မွေ့မွေ့ ငြင်းဆိုခဲ့ခြင်းမျိုးလား။ “မဖြစ်နိုင်လို့ပါဗျာ” ဈေးသည် တစ်ယောက်လို မပွင့်တပွင့်၊ အလျှော့အတင်း ရယူနိုင်သေးသည့် ပုံစံမျိုး ငြင်းဆိုခဲ့တာလား။ “မဟုတ်ဘူး” ဒါမျိုးလား။ ယတိပြတ် ငြင်းဆိုနည်းမျိုးကို နှစ်လိုနှစ်ခြိုက် သုံးစွဲခဲ့တာမျိုးလား။ “ဟင့်အင်း” အဲသလို သိမ်မွေ့ ပျော့ပြောင်းစွာလား။

ဘာပဲဖြစ်ဖြစ် . . .
ငြင်းဆိုပုံ၊ ငြင်းဆိုနည်း ပေါင်းမြောက်များစွာ ရှိနိုင်ပါ သည်။ လူတိုင်းကိုယ်စီမှာ ငြင်းဆိုဖို့ အကြိမ်အတော် များများ ကြုံဆုံ ခဲ့ရပေလိမ့်မည်။ ထိုအခါ တစ်ဖက်က မိမိသဘောထားကို သိရှိရန် ရည်ရွယ်ပြီး တုံ့ပြန် ပြောဆိုခြင်း ဟူသော မူလဦးတည် ချက်ကို ထမြောက်အောင် မြင်စေဖို့သာ အရေးကြီးပါ သည်။ ရိုင်းပျဖို့လည်း မလို အပ်လှပါ။ ငါ . . .သံတွေ တညံညံနှင့် ရိုဟေးညာသံ ချီဖို့လည်း မကြိုးစားသင့်ပါ။ ပြေပြေပြစ်ပြစ်ဖြစ်နိုင်လေ ကောင်းလေပင်ဟု သဘောထားနိုင်ရပါမည်။ တစ်ဖက်လူကို အလေးထားကြောင်း အသိအမှတ်ပြုသည့် အနေနှင့် ဦးခေါင်းကို မညွတ် လျှင်တောင်မှ ငဲ့စောင်းကာ မျက်နှာကြည်လင်စွာ “ဟင့်အင်း” လို့ ချောချောပြေပြေ ပြောထွက်နိုင်ဖို့ ကျွန်တော်တို့ လေ့ကျင့် ယူသင့်ပါသည်။

သို့သော် ထိုဟင့်အင်းနောက်မှာ ကပ်လျက် ပါလာနိုင်သည့် မမြင်ရသည့် ကံကြမ္မာဆိုးတွေကိုလည်း ကျွန်တော်တို့ ကြိုတင် မျှော်လင့်ထားသင့်သည်။ ဤတစ်ခွန်းတည်းသော စကားကြောင့် လက်လွှတ်ဆုံးရှုံး သွားနိုင်သည့် အခွင့်အလမ်းများ၊ အဆင်ပြေမှု များ၊ ခင်မင်နှစ်လိုမှုများ၊ ဥစ္စာဓနများ၊ ဘ၀င်ရွှေ ရောင်ဝင်းပသည့် နေ့ရက်များ၊ ရောင်စုံစက္ကူများ၊ နောက်ဆုံးပေါ် အသုံးအဆောင်များ စသည်စသည်များ။

ကမ္ဘာ တုန်ဟည်းခဲ့သော ဟင့်အင်း အချို့လည်း ရှိခဲ့ပါသည်။ အေသင် အာဏာပိုင်တွေ အပေါ် ဟင့်အင်းဟု ငြင်းဆိုခဲ့သော တွေးခေါ်ရှင်တစ်ဦးမှာ ဆော့ခရတ္တိဖြစ်လေသည်။ ထို တစ်ခွန်းတည်းသော စကားကြောင့် သူလဲလှယ် ရရှိလိုက်သော ဆုလာဒ်မှာ အဆိပ်ရည် ခွက်တစ်လုံးသာ ဖြစ်သည်။ သို့သော် သူ၏ သမိုင်းကား တင့်တယ်ခဲ့လေသည်။ အေသင် အာဏာပိုင်တွေကို လူတွေ မေ့လျောခဲ့သော်လည်း သူ၏ အမည်ကိုကား လူတွေ မမေ့လျော့နိုင်။ သမိုင်းကလည်း ရှက်ရွံ့ စိုးထိတ်စွာ သူ့ အမည်ကို မကြာခဏ ပြန်ပြန် ရွတ်ဆို နေရတော့သည်။ ဆော့ခရတ္တိ၏ “ဟင့်အင်း”သည် အလွန် တန်ဖိုးကြီးမြင့် လှသော “ဟင့်အင်း” ဖြစ်လေသည်။

ဟင့်အင်းဟူသော ငြင်းဆိုချက်ကို ကိုယ်အမူအရာ၊ နှုတ် အမူအရာ၊ အသံမြည်သံစွဲ အလင်္ကာတို့ဖြင့် အမြင့်ဆုံး ပေါင်းစပ် ပေါက်ကွဲလိုက်ခြင်း သင်္ကေတမှာ “ထွီ” ဟူသည့် တစ်လုံးတည်းသော အသံ ဖြစ်လာတော့သည်။ ထိုအသံ၌ ငြင်းဆန်ခြင်း၊ ကန့်ကွက်ခြင်း သဘောလည်းပါသည်။ ဘယ်လိုမှ မလိုက်လျောနိုင်သည့် အနိမ့်ဆုံးယတိပြတ် ပြဋ္ဌာန်းမှုလည်း ပါသည်။ ရွံ့ရှာ စက်ဆုပ်ခြင်း အနက်လည်း ပါသည်။ သည်းသည်းထန်ထန် ဆန့်ကျင်ခြင်း၊ အော့နှလုံး နာခြင်း၊ ဂယက်အနက်လည်းပါသည်။ ကမ္ဘာ ခြားသွားသော အတွေးအမြင်၊ အယူအဆတို့ကို ထုတ်ဖော်ကြေညာခြင်း အမူအရာလည်းပါသည်။
ဝီလျှံ ရှိတ်စပီးယား၏ ကမ္ဘာကျော် လီယာမင်းကြီး ပြဇာတ်၌လည်း လီယာမင်းကြီးသည် အကြိမ်ကြိမ် အခါခါ ငြင်းဆို ခဲ့လေသည်။ သူ၏ ငြင်းဆိုချက်မှာ ဟင့်အင်းဟူသော စကားလုံးထက် အရာ အထောင်မက ပြင်းထန် နက်ရှိုင်းလှလေသည်။

လီယာမင်းကြီးက
“အဲ ဟိုမှာ ငရဲရှိတယ်။ အမှောင်တိုက် ရှိတယ်။ ကန့်နံ့စော်၊ တညှော်ညှော်နဲ့ ငရဲမီးတွင်း ရှိတယ်။ တောက်လို့၊ လောင်လို့၊၊ နံညှော်လို့၊၊ပျက်ပြုန်းလို့။ အမယ်လေး ထွီ”
. . . . . .
လီယာမင်းကြီးသည် ဟင့်အင်းအစား ထွီဟူ၍ နေရာ အချို့မှာ သုံးစွဲခဲ့လေသည်။
မြန်မာ့ သမိုင်းမှာရော မြန်မာ လူမျိုးတိုင်း သိကြသည့် (ကြားဖူး နားဝပဲဖြစ်ဖြစ်)တစ်စီးရှင် သီဟသူနှင့် သူ၏သားတော်များ ဆက်ဆံရေးတွင် ဤသဘောကို တွေ့နိုင်ကြပါသည်။ တစ်စီးရှင် သီဟသူသည် သားတော် အငယ်ဆုံး အသင်္ခယာ စောယွမ်းကို စားကျေးစား လက်ဆင်၊ မြင်း အလုံးအရင်း ပေးပြီး လုပ်ရည်ကြံရည်ကို စုံစမ်း လိုသဖြင့် သားကြီး ဥဇနာ ကိုစောယွမ်းထံ စေလွှတ်ခဲ့သည်။ ဥဇနာ မရောက်ခင် စောယွမ်းထံ ဥဇာနာ လာတိုက်မည့် အကြောင်း ကြိုတင် သတင်းပို့လွှတ်လိုက်သည်။ စောယွမ်း ဆီးကြို တိုက်ခိုက် သဖြင့် ဥဇနာ တပ်ပျက်ပြီး ပြန်ဆုတ် လာရလေသည်။ ထိုအခါ တစ်စီးရှင်က ထွီ . . .ဟူ၍ ကဲ့ရဲ့တော်မူ၏။

ထို့နောက် သားလတ် ကျော်စွာကို စောယွမ်းထံ စေလွှတ်လိုက်ပြန်သည်။ အထောက်တော် ကြိုတင် စေလွှတ်လိုက် သဖြင့် စောယွမ်းလည်း ဆီးကြို တိုက်သဖြင့် တပ်ပျက်ရပြန်သည်။ ထိုအကြောင်းကို ခမည်းတော်ကို လျှောက်တင်သောအခါ မင်းကြီး က ထွီဟူ၍ ကဲ့ရဲ့တော်မူပြန်သည်။

သို့သော် ထိုထွီကား သိပ်ပြီး ကျယ်ကျယ်လောင်လောင်၊ ပြင်းပြင်းထန်ထန်တော့ မဟုတ်ချေ။ သားအငယ်ဆုံး စောယွမ်း အပေါ် နှလုံး ချတော်မူခြင်း တစ်ဝက်၊ သားတော် အကြီးတို့ကို သင်ခန်းစာ ပေးလိုခြင်းက တစ်ဝက်ဖြင့် ကြည်နူးရိပ် ငွေ့ငွေ့သမ်းသော လိုဏ်ခေါင်းသံ မပါသည့် ထွီသံများဟု ယူချင်ပါသည်။

ပုဂံသမိုင်း၌ ပင်လျှင် များစွာသော ဟင့်အင်းတို့ကို တွေ့နိုင်လေသည်။ မင်းယဉ်နရသိင်္ခသည် ခယ်မတော် ဝေဠုဝတီကို အရူးအမူး စွဲလမ်း၍ ညီတော်နရပတိစည်သူကို စစ်ပွဲ မရှိသော စစ်မြေပြင်သို့ စေလွှတ်ပြီး ဝေဠုဝတီကို သိမ်းပိုက်လေသည်။ ထိုအကြောင်းကို သိသော နရပတိစည်သူက ကျွန်ယုံတော် အောင်စွာငယ်ကို စေလွှတ်ပြီး လုပ်ကြံခိုင်းလေသည်။

“နင် ငါ့အမူတော်ကို အသက် စွန့်၍ထမ်း၊ အပြီးသို့ ရောက်လျှင် ငါ့မရီးတော် သုံးပါးတွင် နင်စိတ်ရှိသသူနှင့် ငါသူကောင်းပြုမည်”
စသဖြင့် အမှာစကားပါး လိုက်လေ၏။ အောင်စွာငယ်လည်း မင်းယဉ်နရသိင်္ခကို ရေအိမ်တော် အ၀င်ဝတွင် အောင်မြင်စွာ လုပ်ကြံလိုက်ပြီး နရပတိစည်သူထံ ပြန်လာသည်။ အမှုတော် ပြီးဆုံးခဲ့ကြောင်း လျှောက်တင်သည်။ မရီးတော် မိဖုရား သုံးပါးမှာ အောင်စွာငယ်ကို ပေးအပ်မည် သိသောအခါ နရပတိ စည်သူကို ခခယမ်းယမ်း တောင်းပန်ကြလေသည်။

ထိုအခါ နရပတိစည် သူက သနား စိတ်ဝင်ကာ . . .
“အောင်စွာငယ် နင့်ကို ငါဆို မိပေသည် မှန်၏။ ငါ့မရီးတော် တစ်ပါးပါးကို ပေးပချေသော် ငါဘေးတော် ဘိုးတော်တို့ကို ပြစ်မှားသကဲ့သို့ ရှိအံ့သည်။ နင့်ကို အမျိုးမြတ်သော သူကောင်း သမီး တစ်ပါးပါးနှင့် ငါသူကောင်းပြုမည် . . . ဟု မိန့်တော်မူချေသော် အောင်စွာငယ်က ထွီဟူ၍ မင်းကြီးကို တုံ့ပြန်လိုက်၏။ နရပ တိစည်သူမင်းကြီးလည်း ငါကဲ့သို့သော မင်းကို ၀ံ့ရဲပေသည်ဟု အောင်စွာငယ်ကို ကွပ်လေ၏။ ဤကား မြန်မာ့သမိုင်း အစောင်စောင်၏ ရေးထိုးချက် ကမ္ဗည်းဖြစ်သည်။

အောင်စွာငယ်၏ ထွီသံကို စိစိစစ်စစ် သရုပ်ခွဲကြည့်လျှင် မိဖုရားသုံးပါး အပေါ် တိမ်းမူး တမ်းမက်သည့် ရမ္မက်ကြောင့်တော့ မဟုတ်နိုင်ပေ။ ထို့အတူ ငါ့အရှင်သခင်က ငါ အသက်စွန့်၍ ထီးနန်းရယူပေးခဲ့ ရသော အကျိုးကျေးဇူးကို မိန်းမ တစ်ယောက်မျှ စွန့်ကြဲ ပေးကမ်းရန်တွန့် တိုရသလောဟူသည့် အမျက်ကြောင့်လည်း မဟုတ်နိုင်ပြန်။ ရမ္မက်နှင့် အမျက်ကြောင့်တော့ ထိုထွီသံက သည်မျှ ကျယ်လောင် လိမ့်မည်ဟု ထင်မှတ်ရမှာ အလွန်မှ ခဲယဉ်း လှပါသည်။ အသက်နှင့် လဲလှယ်ခဲ့ ရသော လက်တစ်ဖျစ်စာမျှတို တောင်းလှသော အချိန်ပိုင်း အတွင်း တုံ့ပြန်မှုကို အဘယ်သို့သော အရာက စေ့ဆော်တိုက်တွန်း ခဲ့ပါသနည်း။ မင်းတို့ အမျက်ကို အောင်စွာငယ် မသိရာသလော။

အောင်စွာငယ်သည် မင်းမှုထမ်းကောင်း တစ်ဦးဖြစ်သည်။ ဦးဆွေးဆံမြည့် ဟူသော ဝေါဟာရနှင့်ပင် ထိုက်တန်သည့် အမှုထမ်း တစ်ဦး။ ပြီးတော့ မင်းတို့၏ ကန့်သတ်မဲ့ အမျက်ဒေါသကို လည်းကောင်း၊ အာဏာကို လည်းကောင်း နက်နက်ရှိုင်းရှိုင်း သိပြီး သူဖြစ်သည်။ မိမိ၏ မိဖုရားကို အစ်ကိုတော်က သိမ်းပိုက်လိုက်ကြောင်း လျှောက်တင်ရန် ခရီး ပြင်းနှင်လာခဲ့သော မြင်းခံငပြည့်ကို နှောင့်နှေးရကောင်းလားဟု ဆီးကြို ကွပ်မျက်လိုက်ပုံ၊ အစ်ကိုတော် အရင်းခေါက်ခေါက် မင်းယဉ်နရသိင်္ခကို လုပ်ကြံ သတ်ဖြတ် ခိုင်းပုံတို့ကို အောင်စွာငယ် မေ့လျော့ နေမည်တော့ မဟုတ်။

သို့သော် မိမိ တစ်ကိုယ်လုံးရှိ နှလုံးသွေးများ ရုတ်တရက် ဆူဝှန်တက် လာသော အရှက်နှင့် အော့နှလုံး နာခြင်းတို့ မီးတောက်နေသော လက်ရုံးပိုင်ရှင် ဧကရာဇ်ကို အံတု ဖက်ပြိုင်ရန် ၀န်မလေးတော့ခြင်းဟု ဆင်ခြင်မိပါသည်။ ကတိသစ္စာ ပျက်ယွင်းလာသော မိမိ၏ အရှင်သခင် အပေါ် အရှင်သခင် အဖြစ် ဆက်ဆံခဲ့မိလေခြင်း၊ မိမိ အသက်ကိုပင် စွန့်လွှတ် စွန့်စားပြုခဲ့မိလေခြင်း ဟူသော နောင်တတွေလည်း ပါဝင်ကောင်း ပါဝင်နိုင်ပါသည်။

ကမ္ဘာ့ သမိုင်းနှင့် မြန်မာ့ သမိုင်းတို့တွင် ထိုသို့ ဟင့်အင်းဟူ၍ ရဲဝံ့ရဲစား ပြောကြားခဲ့ သူတွေ မည်မျှ များပြားခဲ့ပါပြီလဲ။ မိမိသဘော မတူနိုင်သည့်ကိစ္စ၊ မိမိ မလိုက်နာနိုင်သော ဖြစ်ရပ်၊ မိမိမဆောင်ရွက် နိုင်သော အနေအထားကို ဟင့်အင်းဟူ၍ ပီပီသသ ပြောကြား လိုက်ရုံနှင့် လုံလောက်ပြီ ထင်ပါသည်။ ခေဠ ၀ါစာဖြစ်မည့် အပြင်းထန်ဆုံး ရေချိန်နှင့် ပေါက်ပေါက်ကွဲကွဲ သုံးစွဲရန် လိုအပ် ပါသေးသလော။

မည်သို့ ဖြစ်စေ . . .
မြန်မာ့ သမိုင်းမှ အောင်စွာငယ်၏ ဟင့်အင်းကတော့ ပဲ့တင်သံတွေနှင့် အလွန်ကျယ်လောင် ရှည်လျားလွန်းလှသည်။ ပြီးတော့ သူ့အသက်နှင့် ထပ်တူပြုရလောက်အောင် ထိုက်တန်လှပါသည်။ ထိုကစားပွဲ၌ အမှန်တကယ် အနိုင်ရရှိသွားသူမှာ နရပတိ စည်သူ မဟုတ်ပေ။

မောင်ခိုင်လတ်

စဉ်းစာပါနော်

၁)ကျွန်တော်တို့က အစာသာစုဆောင်းတတ်တဲ့ ပုရွက်ဆိတ်နဲ့ မတူသင့်ဘူး။ ဗိုက်ထဲကအမျှင်ကိုသာ ထွေးထုတ်တတ်တဲ့ ပင့်ကူလိုလည်း မဖြစ်သင့်ဘူး။ ဝတ်မှုန်ကိုစုပ်ယူ ကျေညက်အောင်ဝါးမျိုပြီးမှ မွှေးကြိုင်ချိုမြိန်တဲ့ ပျားရည်အဖြစ် ပြန်ထုတ်ပေးတဲ့ပျားတွေလို ကျင့်ကြံသင့်တယ်။

၂) ဘယ်လိုအတွေးအခေါ်ရှိရင် ဘယ်လိုအပြုအမှုရှိမယ်။
ဘယ်လိုအပြုအမှုရှိရင် ဘယ်လိုအလေ့အထရှိမယ်။
ဘယ်လိုအလေ့အထရှိရင် ဘယ်လိုအကျင့်စရိုက်ရှိမယ်။
ဘယ်လိုအကျင့်စရိုက်ရှိရင် ဘယ်လိုကံကြမ္မာရှိမယ်။

(၃) စာအုပ်ကောင်းဆိုတာ ဆရာ၊ သူငယ်ချင်းတွေနဲ့ တူတယ်။ ကိုယ့်ဘေးမှာအစဉ်ရှိပြီး ကိုယ့်ဘဝကို အသိပညာ၊ ဗဟုသုတတွေနဲ့ ပြည့်စုံစေတယ်။ မကောင်းတဲ့စာအုပ်က ကိုယ့်အပေါ်မကောင်းတဲ့ သူငယ်ချင်းလိုပဲ ကိုယ့်အကျင့်၊ ကိုယ့်စရိုက်ကို ပျက်ပြားစေပြီး မှေးမှိန်တဲ့ဘဝလမ်းဆီ တွန်းပို့ပေးတယ်။

(၄) စင်ပေါ်(၃)မိနစ်အတွက် စင်အောက်မှာ(၁ဝ)နှစ် ကျင့်ရတယ်။ အဲဒီအောင်မြင်မှုက ကြိုးစားမှုရဲ့ရလဒ်ဖြစ်တယ်။ ဒီလိုကြိုးစားအောင်မြင်တဲ့လူကို ကိုယ့်ရဲ့ဝမ်းသာမှုတွေ ပေးသင့်တယ်။

(၅) "သတင်းကောင်းက အိမ်ထဲအောင်းနေချိန်၊ အတင်းက ကမ္ဘာပတ်ပြီးနေပြီ"
ထိခိုက်မှုတွေထဲမှာ အတင်းစကားနဲ့ ထိခိုက်တာလောက် နာကျင်တာမရှိဘူး။ ကိုယ့်ပါးစပ်မဟခင် စဉ်းစားချင့်ချိန်ပါ။ ပါးစပ်ကထွက်မယ့်စကားတွေ ဦးနှောက်ကိုအရင်ဖြတ်ပါစေ။

(၆) "တောင်တွေကို ရွေ့လျားဖို့လွယ်ပေမယ့် အကျင့်စရိုက်ကို ပြောင်းလဲဖို့ခက်ခဲတယ်"
မကောင်းတဲ့အကျင့်ကို မွေးမြူမိပြီးရင် ပြုပြင်ဖို့ ခက်သွားတတ်တယ်။ ခက်တယ်ဆိုတာကလည်း လူတွေက ကိုယ့်အပြစ်ကို ကိုယ်မမြင်တတ်ကြလို့ပါပဲ။

(၇) "ကိုယ့်အတွက်" လို့ စဉ်းစားမိတာနဲ့တစ်ပြိုက်နက် တစ်ဖက်လူရဲ့ ခံစားချက်ကိုလည်း ထည့်တွက်သင့်တယ်။ သူ့အတွက် ပိုစဉ်းစားပေးသင့်တယ်။ ဒါတွေက ကြင်နာ၊ ယဉ်ကျေးတဲ့အပြင် တစ်ဖက်လူကို လေးစားရာလည်းရောက်တယ်။ လင်မယားကြားမှာ ဒါကိုပိုအလေးထားသင့်တယ်။

(၈) လူ့ဘဝမှာ နေသာရက်၊ မိုးအုံ့ရက်တွေရှိတယ်။ နေသာတယ်ဆိုတိုင်း အမြဲတမ်းနေသာနေမှာ မဟုတ်ဘူး။ တစ်ခါတလေ မိုးကြီးလေကြီးလည်း ကျတတ်တယ်။ မိုးမိသွားတဲ့လူကို လက်ညှိုးထိုး ဟားတိုက်မရယ်ပါနဲ့။ ထီးတစ်ချောင်းနဲ့ သူ့ကိုအကာအကွယ်ပေးလိုက်ပါ။

(၉) စကား၊ စာလုံးတွေက စာအုပ်အဖြစ် ပုံနှိပ်ပြီးရင် အသေဖြစ်သွားပြီ၊ ဒါပေမယ့် လူ့ဦးနှောက်က ရှင်နေသေးတယ်။ သေနေတဲ့ စကား၊ စာလုံး၊ နည်းလမ်းတွေကို ရှင်နေတဲ့ ကိုယ့်ဦးနှောက်ထဲ သွတ်သွင်းပါ။

(၁ဝ) အောင်မြင်လိုစိတ်၊ ကြီးပွားလိုတဲ့ဆန္ဒတွေက ကူးစက်နိုင်တယ်။ အဲဒါတွေကို ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်စိတ်ဓာတ်မှာ ကူးစက်ထားပါစေ။ အဲဒါတွေက ကိုယ်သွားရာလမ်းက ဆူးညှောင့်ခလုတ်၊ အဖျက်အဆီးတွေကို ချေဖျက်ပေးပြီး အောင်မြင်မှုပန်းတိုင်ကို အရောက်ပို့ပေးမယ့် အရာတွေဖြစ်တယ်။