Sunday, July 31, 2011
Saturday, July 30, 2011
စဉ်းစားဆင်ခြင်မှု မရှိဘဲ သင်ယူခြင်းဟာ လုပ်အားဆုံးရှုံးခြင်းပါပဲ' တဲ့
Written by ဒေါက်တာခင်မောင်ညို
''ဘာဆီဂျင်လဲ''
''အောက်ဆီဂျင်ပါ''
''ဘာတိုးပါသလဲ''
''ဓာတ်တိုးပါတယ်''
''ဘာဒိုင်အောက်ဆိုဒ်ပါလဲ''
''ကာဗွန်ဒိုင်အောက်ဆိုဒ်ပါပဲ''
''ဘာလိုချင်ပါလဲ''
''ဟေလိုချင် ပါပဲ''
ကျူရှင်တွေရဲ့ အသံပါ။
ကျူရှင်တွေ အများကြီးရှိသည့် 'ကျူရှင်တန်း'ဟု ခေါ်သော ဆိပ်ကမ်းသာလမ်း အလယ်ဘလောက် နှစ်ခုကို လျှောက်သွားလျှင် ဒီအသံတွေကို ကြားကြရမှာပါ။ ကျောင်းသားတွေ အင်မတန် သဘောကျပြီး ရှေ့ကအမေးကို နောက်က လိုက်အော်ကြသည့် စနစ်ပါပဲ။
''ဘာလိုချင်လဲ'' ဟု ဆရာမက မေးလိုက်လျှင် အတန်းထဲက ကျောင်းသားအားလုံးသည် ''ဟေလိုချင် (Halogen)ပါပဲ''ဟု ဖြေကြပါသည်။ (Halogen)သည် ဓာတုဗေဒ ပစ္စည်းအစု ဖြစ်သည်။ ထိုနည်းကို ''ဘာ Method''ဟု ခေါ်ပါသည်။
ကျူရှင်ကို လာစောင့်သော မိဘများသည် သားသမီးများ စာဆိုနေသံကို ကြားသောကြောင့် ကျေနပ်ကြသည်။
ထိုနည်းကို ဆရာတစ်ယောက်က အောက်ပါအတိုင်း သုံးသပ်ပြထားသည်။
''ဆရာတွေကလည်း သဘောကျတယ်။
Friday, July 29, 2011
Thursday, July 28, 2011
ငါးပါးမမှောက်ကြပါစေနဲ့ (ရွှေည၀ါဆရာတော်)
၂၀၀၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုရဲ့ ဦးဆောင်သံဃာ ဖြစ်တဲ့ အရှင် ဂမ္ဘီရ ခေါ် ဦးစန္ဒောဘာသ
၂၀၀၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုရဲ့ ဦးဆောင်သံဃာ ဖြစ်တဲ့ အရှင် ဂမ္ဘီရ ခေါ် ဦးစန္ဒောဘာသ ဟာ လက်ရှိမှာ ထောင်ဒဏ် ၆၈ နှစ် ကျခံနေရပါတယ်။ အရှင်ဂမ္ဘီရ အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ ဖြစ်ကြတဲ့ သား (၃) ယောက်ကို မြန်မာပြည် အနှံ့က အကျဉ်းထောင်တွေမှာ လိုက်ပြီး ထောင်ဝင်စာတွေ့နေရတဲ့ မိခင် ဒေါ်ရေးကို ပြောဆိုချက်တွေကို ရိုက်ကူးတင်ဆက်ထားပါတယ်။
Wednesday, July 27, 2011
*ဟိုတစ်နေ့က နာဂစ်ဆီသို့*
Tuesday, July 26, 2011
ရွှေဟင်္သာတောရ စတုတ္ထစံကျောင်း ဆရာတော် ဘဒ္ဒန္တ၀ိမလ ၏ သြ၀ါဒကထာ
မှားယွင်းမှုဟူသည်
မောဟမကင်းသူ လူတိုင်းနှင့် ဆက်ဆံ၏။
သူတစ်ပါးမှားလျှင်
အမှန်ရောက်အောင် ငါပြင်မည်။
ငါမှားလျှင်
သူတစ်ပါး အပြင်ကို ငါခံမည်။
ငါ့ကို ပြု ပြင်သူကို
ငါ့ဆရာဟု အသိအမှတ်ပြုမည်။
သူတစ်ပါးအကျိုးကို ငါလိုလားမှ
ငါ့အကျိုးကို သူတစ်ပါး လိုလားမည်။
ငါ့တာဝန်ကို ငါကိုယ်တိုင်သိ၍
ဆောင်ရွက်မည်။
ငါ့ အလိုသို့သာ တစ်ဖက်သတ်လိုက်သူမှာ
ငါ့မိတ်ဆွေမဟုတ်။
သုခ၏ မျိုးစေ့ဖြစ်သော ဒုက္ခကို
ရဲဝံ့စွာ ငါခံယူမည်။
ဒုက္ခ၏ မျိုးစေ့ဖြစ်သော သုခကို
ရဲဝံ့စွာ ငါရှောင်ရှားမည်။
ငါ့ အလုပ်နှင့် တူသောအကျိုးကို
မချွတ် ငါရမည်။
ညောင်တုန်းမြို့၊ရွှေဟင်္သာတောရ စတုတ္ထစံကျောင်း ဆရာတော် ဘဒ္ဒန္တ၀ိမလ ၏ သြ၀ါဒကထာ
Monday, July 25, 2011
အကျယ်ချုပ်ကျ ဦးခင်ညွန့်၏ နောက်ဆုံးအခြေအနေ
ဆိုင်းငံ့ ပြစ်ဒဏ်နှင့် နေအိမ်အကျယ်ချုပ် ကျနေသော စစ်ထောက်လှမ်းရေး
အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း၊ ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်က
စားဝတ်နေရေး အခက်အခဲကြောင့် ဇနီးနှင့် သမီးအား စီးပွားလုပ်ကိုင်နိုင်ရေး
လွတ်လပ်စွာ သွားလာခွင့်ပြုရန် မေတ္တာရပ်ခံခဲ့ကြောင်း နေပြည်တော်နှင့်
နီးစပ်သည့် အသိုင်းအ၀န်းမှ သိရသည်။
ဗုဒ္ဓဘာသာကောင်းတစ်ယောက်၏ စွမ်းအား
Friday, July 22, 2011
တို့တတွေ ဘာလုပ်ကြမလဲ။(တင်မိုး)
အမိနိုင်ငံက ငါတို့ခွာ
အမေရိကမှာ ငါတို့နေ
တို့တတွေ ဘာလုပ်ကြမလဲ။
ဆင်းရဲနိမ့်ကျ၊ မျက်နှာပန်းမလှတဲ့
တို့ဘ၀တို့မြေကို
တို့တတွေ မြှင့်တင်ရမှာပဲ။
မလွတ်လပ်ရင် လွတ်လပ်အောင်လုပ်
ခလုတ်ကန်သင်းတွေကို အငုတ်ရှင်းရမှာပဲ။
တကိုယ်ရေ ကောင်းစားမှုကို
လစ်လျူရှုတန် ရှုရမယ်။
လူထုအကျိုး တနိုင်သယ်ပိုးရမယ်။
အမျိုးသားစိတ် အခြေခံနဲ့
မိခင်နိုင်ငံကို စောင့်ရှောက်ရမှာပဲ။
အစစပြည့်စုံတဲ့၊ သူတို့ဘုံ သူတို့နိုင်ငံမှာ
စည်းစိမ်ခံလို့ ပြည်ပြန်လှရေး
အတ္တအကျိုးငှာ၊ ငါတို့လာခြင်း မဟုတ်။
သူတို့ပညာ သူတို့စေတနာ
ကမ္ဘာလူသားထုကို
ဘယ်လိုများ အကျိုးပြုနိုင်သလဲ
ဆည်းပူးမှု စုဆောင်းမှု
မှတ်သားမှု၊ လေ့လာမှုတွေ
ပြုခဲ့ပြီးနောက်
ကိုယ့်နိုင်ငံထွန်းတောက်အောင်
ဘယ်လောက်များလုပ်ပေးနိုင်သလဲ
ဒီအတွေး ဒီအမြင်နဲ့
အသက်ရှင် နေထိုင်သင့်ပါတယ်။
ကမ္ဘာကြီးမှာ
ငါတငါတည်း၊ သာယာစီးဖို့ မဟုတ်။
အချင်းချင်းကို ကူညီ
တူညီတာတွေ တွဲလုပ်
အယုတ်အလတ်အမြတ်မရွေး
ကိုယ့်သွေးချင်းတွေ ကြင်နာ
မြန်မာဟာ မြင့်မြတ်တဲ့ နိုင်ငံသားရယ်လို့
ဂုဏ်ယူဖွယ် စိတ်ထားနဲ့
တရား ချစ်သူတွေ ဖြစ်ရမယ်။
သူ့နိုင်ငံကိုလေးစား
ကိုယ့်နိုင်ငံကို တိုးပွားအောင်
အများသူငါ ကြိုးစားကြပါစို့။
တင်မိုး
၁၀ ဒီဇင်ဘာ ၂၀၀၆
Tuesday, July 19, 2011
မိတ်ဆွေကောင်းစာကြည့်တိုက် (၂ ) ပြည့် နှစ်ပတ်လည် အခမ်းအနားနှင့် ၆၄ နှစ်ပြည့်အာဇာနည့်နေ့ အခမ်းအနား
|
From July 19, 2011 |
Wednesday, July 13, 2011
တကယ့်လွတ်လပ်ရေး တရားတော်
Shwenyawar Sayartaw (တကယ့်လွတ်လပ်ရေးတရားတော်) by demowaiyan
တကယ့်လွတ်လပ်ရေး တရားတော် (ရွှေညဝါဆရာတော်)
Tuesday, July 12, 2011
မြက်ရိုင်းထဲကကြေးရုပ် (တင်မိုး)
မြက်ရိုင်းထဲတွင်
ထိုင်ဆဲမလှုပ်၊ ဆန်းကြေးရုပ်။
သမိုင်းများစွာ
ဖြတ်သန်းလာတော့
ငါသည်မြက်ရိုင်း
နေရာတိုင်းကို
သမိုင်းပြရုပ်
ဆန်းကြေးရုပ်ကို
ကျွန်ုပ်တို့ မေ့ခဲ့ကြပြီ။
ဆန်း၏လမ်းစဉ် တို့မမြင်တော့
ကျေးဇူးရှင်မှန်း မသိစွမ်းတော့
ဆန်း၏ဂုဏ်ပုဒ် ဆန်းကြေးရုပ်က
တိမ်မြုပ်ခဲ့ပြီ အတိတ်ဆီ။
ဗိုလ်ချုပ်အောင်ဆန်း
ခင်းသောလမ်းက
လွမ်းစရာပင် အလှမ်းကွာခဲ့ပြီ။
ဗိုလ်ချုပ်လက်တွင်
စာရွက်လိပ်ထား
ကြေးဝါပြားကို
ရောင်းစားဖို့ရာ
ခွာခဲ့ရှာပေါ့
လက်မှာ စာရွက်မဲ့ခဲ့ပြီ။
ဗိုလ်ချုပ် ဟောရ
မောရ သောကအများ
ကျောကမကြား ဖြစ်ခဲ့ပြီ။
လွတ်လပ်ရေးကို
သွေးနှင့်ရင်း၍
အပ်နှင်းခဲ့ရ
သူ့ဘဝကို မြေချသင်္ဂြိုလ်ခဲ့ကြပြီ။
သမိုင်းနာလည်း
နာမှန်းမသိ
တို့မထိတော့
တို့၏အကျိုး၊ တို့ထုတ်ပိုးကို
အမျိုးသားရေး၊ တို့မတွေးအား
အရေးတော်ပုံ၊ တို့မဖြုံအား
တို့ယုံသည်က၊ တို့ကောင်းစားဖို့
အများအရေး တို့မတွေးအား
ကိုယ့်ရေးကြည့်ရာ၊ ကိုယ်လိမ္မာဖို့
အရာရာတွင်၊ ကိုယ်ကျိုးမြင်က
မီးစင်ကြည့်၍ က,တတ်ပြီ။
ဗိုလ်ချုပ်ကြေးရုပ်
မြက်ရိုင်းအုပ်လည်း
မခုတ်တော့ပဲ
မျက်နှာလွှဲပြီ
နေမြဲနေကြပါစေတော့....
တင်မိုး
စာအုပ်မရှိတဲ့ စာကြည့်တိုက်
မောက္ခ နိုင်ငံတကာသတင်း
ယခု အနောက်မှ တက္ကသိုလ်နှင့် ကောလိပ်အချို့တွင် စာအုပ်မရှိတဲ့ စာကြည့်တိုက် (bookless library) များ ခေတ်စား လာသည်။
အမေရိကန် ပင်ဆဲလ်ဗေးနီးယားပြည်နယ် ဖီလာဒဲလ်ဖီယားမြို့ကြီးရှိ Drexel တက္ကသိုလ်တွင် သုတေသနဌာန စာကြည့်တိုက်အသစ်ကို ပြီးခဲ့တဲ့လမှာ ဖွင့်လှစ်ခဲ့ပြီး၊ စာအုပ်များ မထားဘဲ ကွန်ပျူတာများသာ ထားရှိသည်ဟု စာကြည့်တိုက် တာဝန်ခံ Danuta Nitecki က စီအင်အင် သတင်းဌာနကို ပြောခဲ့သည်။
ကွန်ပျူတာများစွာကို စီတန်း ချထားပြီး၊ ဖီလာဒဲလ်ဖီးယား တက္ကသိုလ်ရဲ့ ‘အီးဘွတ်’ နှင့် အခြား အီလက်ထရောနစ် စီဒီများ စုစုပေါင်း ၁၇၀ သန်း ကို စာဖတ်သူများ အလွယ်တကူ အသုံးပြုနိုင်ဖို့ စီစဉ်ပေးထားသည်ဟု ဆိုသည်။
စာကြည့်တိုက်သစ်ကို ဒီဇိုင်း ဆွဲပေးခဲ့သူ Scott Erdy ကလည်း ပရိဘောဂတွေ ထိုင်ခုံတွေ ကွန်ပျူတာတွေကို နံရံတွေကို စိတ်ကြိုက် ပုံစံနေရာအမျိုးမျိုး ရွှေ့နိုင်အောင် စီစဉ်ပေးခဲ့ကြောင်း ပြောသည်။ သူက “ကျနော်တို့ စာအုပ်တွေ ထားဖို့ အဆောက်အဦ ဆောက်တာမဟုတ်ဘူး၊ ကျောင်းသားတွေ သင်ယူလေ့လာဖို့၊ အသိပညာ ဖလှယ်ဖို့ အဆောက်အဦကို ဆောက်ထားတာ” ဟု ရှင်းပြသည်။ စာကြည့်တိုက် အဆောက်အဦတွင် စာအုပ်များအတွက် နေရာမရှိတော့သော အခြေအနေသို့ ရောက်ခဲ့ပြီ။
၂၀၀၀ ခုနှစ်မှာ အမေရိကန် Kansas State University က စာအုပ်မဲ့ စာကြည့်တိုက်ကို ပထမဆုံး စတင်ဆောင်ရွက်ခဲ့ပြီး၊ အင်ဂျင်နီယာ ကျောင်းသားများအတွက် ကွန်ပျူတာခန်းများ၊ အီးဘွတ်များ စီစဉ်ပေးခဲ့သည်။ နောက်ပိုင်း Texas တက္ကသိုလ်နှင့် အခြား တက္ကသိုလ်များတွင် စာအုပ်မထား စာကြည့်တိုက်များကို ထူထောင်လာကြသည်။
ယခု ‘စာအုပ်တွေ မထားတော့ရင် စာကြည့်တိုက်ဆိုတာ အဓိပ္ပါယ် ရှိပါဦးမလား’ ဆိုတဲ့ မေးခွန်းကို ဆွေးနွေးလာကြသည်။
မောက္ခ နိုင်ငံတကာသတင်း
Source: AFP
http://www.maukkha.org/index.php?option=com_content&view=article&id=1613:-bookless-library&catid=120:2010-10-11-07-37-22&Itemid=374
ကမ္ဘာ့လူဦးရေနေ့နှင့် သန်း ၇ ထောင် ပြဿနာ
မောက္ခ နိုင်ငံတကာသတင်း
၁၉၈၇ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့တွင် ကမ္ဘာ့လူဦးရေ သန်း ငါးထောင် ပြည့်ခဲ့ပြီးနောက်၊ ကုလသမဂ္ဂက ထိုနေ့ကို ‘Five Billion Day’ ဟု ကြေငြာခဲ့သည်။ နောက်နှစ်နှစ်အကြာမှာ
၎င်း ဇူလိုင် ၁၁ ရက်နေ့ကို ‘ကမ္ဘာ့ လူဦးရေနေ့’ အဖြစ် နှစ်စဉ် သတ်မှတ်သွားမည့်အကြောင်း ထပ်မံကြေငြာခဲ့သည်။
ကမ္ဘာ့လူဦးရေနေ့ ကို အသိအမှတ်ပြုရခြင်းမှာ မိသားစု စီမံကိန်း၊ ကျားမ တန်းတူညီမျှရေး၊ ဆင်းရဲမွဲတေမှု၊ မိခင်နှင့်ကလေး ကျန်းမာရေး၊ သက်ကြီးရွယ်အို စောင့်ရှောက်မှု စတဲ့ အရေးကြီးတဲ့ ပြဿနာများအပေါ် လူအများသတိပြု ဖြေရှင်းကြဖို့ နှိုးဆော်ခြင်း ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ကုလသမဂ္ဂ ခန့်မှန်းချက်အရ ယခု ၂၀၁၁ အောက်တိုဘာ ၃၀ ရက်နေ့တွင် ကမ္ဘာ့လူဦးရေ သန်း ၇ ထောင် (၇ ဘီလီယံ) ပြည့်မည်ဖြစ်သည်။ နှစ် ၂၀ အတွင်း ၄၀ ရာခိုင်နှုန်း တိုးပွားလာပြီး၊ ၁၉၆၈ ခုနှစ် ကထက် လူဦးရေ နှစ်ဆ ကမ္ဘာဂြိုဟ်ပေါ်တွင် နေထိုင်လာခြင်း ဖြစ်သည်။
၁၈၀၄ ခုနှစ်တွင် ကမ္ဘာ့လူဦးရေ ၁ ဘီလီယံ သာ ရှိခဲ့သည်။ နောက် ၁၂၃ နှစ် ကြာသောအခါ ၂ ဘီလီယံ အထိ တက်ခဲ့သည်။
လူဦးရေ ကျွမ်းကျင်ပညာရှင်များ အဆိုအရ ကမ္ဘာအနှံ့ မွေးဖွားနှုန်း ကျဆင်းနေသော်လည်း၊ ယခု ၂၁ ရာစု အလယ်အထိ ကမ္ဘာ့လူဦးရေ ဆက်တိုးပွားနေဦးမည်ဟု ခန့်မှန်းထားသည်။ အဆက်မပြတ် တိုးပွားနေမှာက ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဖြစ်သည်။ လူ ၁၀၀ မွေးတိုင်း ၉၇ ယောက် မှာ စားဝတ်နေမှု၊ မညီမျှမှု ပြဿနာပေါင်းစုံ အမြဲတက်နေတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဖြစ်သည်။ ၂၁၀၀ ခုနှစ် ယခု ရာစုနှစ်အဆုံးတွင် ကမ္ဘာ့လူဦးရေ ၁၀ ဘီလီယံ (သန်း ၁ သောင်း) ထိ ရှိလာမည်ဟု ခန့်မှန်းထားသည်။
Wednesday, July 6, 2011
Food and water donations at the rubbish dump
Food and water donations at the rubbish dump
For this reason we have established the ‘Clean Water Fund’ to pay for the running costs of a water purification system for the people of the rubbish dump of Mae Sot. To date funds raised have enable us to purchase a filtration system, but this will require regular filter replacements if it is to remain effective.
LIFESAVER Gerry Can is an innovative water purification device that can remove debris, bacteria and viruses from water utilizing a unique membrane filtration system. With filtration, it effectively creates fresh water instantly and safely.
For us to be able to ensure the continued use of the Lifesaver Gerry Can, we are depending upon your help. The system will be bought and shipped, but the ongoing costs of the replacement filters that will be required about once a month will be 57.00 UK sterling.
If you want to support this project with a donation large or small please contact Sally Morningstar, sally@sallymorningstar.com or use our Paypal account with the keyword ‘clean water’ contact@thebestfriend.org