Tuesday, November 23, 2010

A message from U Gambira currently in Kalay prison, Sagaing Division.

U Gambira, the leader of the Saffron Revolution has been sentenced to 68 years under section 295(a) and 505(b) of Penal Code by Burma’s military regime in 2008. His sentence was later reduced to 63 years under the Electronics Law.

He has been transferred from Insein prison to Mandalay, to Sagaing, to Khandi and is now in Kalay prison.

His elder brother Ko Aung Kyaw has been sentenced to 14 years under the political law and is now in Taung Gyi prison, his younger brother Ko Aung Ko Ko (Lwin) has been sentenced under the same law to 5 years of prison in Arkan, Kyauk Phyu. Ashin Gambira’s brother-in–law Ko Moe Htet Hlan has been sentenced to 5 years and is now held in Moulmein prison.

Ma Lwin Lwin Myint, U Gambira’s sister and her husband Ko Lu Maw Naing, have been forced to flee their homeland Burma for their own security.

This is U Gambira’s speech transmitted from Kalay prison through his mother Daw Yee and his elder sister Ma Khin Thu Htay on 17 November 2010

1) I want to thank the mayor of the city of Marbengo and the people of Italy for their support for the democratic movement in Burma and for their humanitarian aid. I am very happy and thankful for the letter sent by the Italian mayor to the prison officer with concern of my health and well being. I would like to ask you to continue your support for the democratic freedom movement in Burma. The unconditional release of all political prisoners and national reconciliation are essential for Burma.

2) I have already declared my view on the 2010 election and don’t need to say much more about it. The key point is the 2008 constitution. On the basis of this constitution there can be no free and fair elections. The elections are only aimed at legalizing military power. An election without the participation of Daw Aung San Suu Kyi and with more than 2,000 political prisoners still incarcerated, can only increase the problems inside our country. The people of Burma are aware of this.

3) I am very happy about the release of Daw Aung San Suu Kyi. Now the more than 2,000 political prisoners, including myself, need to be released too. I am confident that Daw Aung San Suu Kyi will prevail with this cause. Daw Aung San Suu Kyi needs to take great care of her health and security.

4) Regarding the generals I would like to stress the importance of national reconciliation through dialogue with the opposition, led by Aung San Suu Kyi.
(Ashin Gambira has demanded this in Khandi prison with a protest. As a result his mouth was filled with cloth and pasted up and he was brutally battered repeatedly).

5) I will forgive and forget the slander, the brutal torture on me and the harassment of my family, committed by the generals and the clerks. I want you all to concentrate on national reconciliation.

6) At the moment my sight is bad. I need spectacle glasses 125. My eyes are hurting. I get visits by a doctor and I am allowed to read. My health has improved, torture and repressions are less here in Kalay prison.

7) U Htar Va Ya has asked me to address the monks in Burma. I want to say “Ah HiTha Thit Sa Ahr Agra Ha”. It is Pali and means: Please continue the peaceful movement with Metta and without violence. As I said before unity and patience are most important.

Please demand the release of Ashin Gambira and write directly to:

Maung Oo
Ministry of Home Affairs, Office No. 10, Naypyitaw
MYANMAR (form of address: Dear Minister)
Fax: (00 95) 67 412 439

Brigadier-General Kyaw Hsan
Ministry of Information, Bldg. (7), Naypyitaw
MYANMAR (form of address: Dear Minister)

Nyan Win, Ministry of Foreign Affairs, Naypyitaw
MYANMAR (form of address: Dear Minister)

Original script in Burmese by Ma Lwin Lwin Myint
English translation by Alexandra Rösch

www.thebestfriend.org

Thursday, November 18, 2010

နိုင်ငံရေးကိုပြက်ရယ်မပြုပါနဲ့

သမိုင်းဆိုတာ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံရဲ့ အသက်ဝိဥာဉ်ဖြစ်တယ်။ အသက်ကို စောင့် ရှောက်သလို၊ ဂရုတ စိုက်နဲ့ ထိန်းသိမ်းစောင့်ရှောက်ရတယ်။ အရိပ်တကြည့်ကြည့်နဲ့ တန်ဖိုး ထား အလေးအမြတ်ပြုရတယ်။

အရှိကိုအရှိအတိုင်းကြည့်
သမိုင်းကို မေ့မပစ်ရ၊ ဖျောက်မပစ်ရသလို ဖျက်လည်း မပစ်ရဘူး။ ကိုယ်ကြိုက်သလို ပြုပြင် တာလည်း မလုပ်ရဘူး။ အရှိကို အရှိအတိုင်း တန်ဖိုးထားထိန်းသိမ်း စောင့်ရှောက်ရတယ်။ သမိုင်းကို ပြန်လည်လေ့လာ သုံးသပ်တဲ့ အခါမှာ သူ့ခေတ်သူ့အခါက အခြေအနေအတိုင်း သုံးသပ်ရတယ်။ ကိုယ့်ခေတ်ကိုယ့်အခါက အမြင်နဲ့ သမိုင်းကို ဆုံးဖြတ်ရင် အမှန်ကို မရနိုင်ဘူး။ သမိုင်းကို ကိုယ့်အတ္တနောမတိနဲ့ မကြည့်ရပါဘူး။ ဆိုရှယ်လစ်စကား လူတိုင်း ပြော နေတဲ့ အချိန်က သမိုင်းဝတ္ထုရေးဆရာများက ရှေးဘုရင်များရဲ့ ပါးစပ်က လုပ်သားပြည်သူတို့၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတို့၊ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးတို့ ဆိုတဲ့ စကားတွေ တွင်တွင်ကြီး ပြောခိုင်းကြတာတွေ ဖတ်ခဲ့ရတယ်။ ပုဂံခေတ် ပဒေသရာဇ်ရှင်ဘုရင်တစ်ပါးရဲ့ အမြင်တွေက၊ နှစ်ဆယ်ရာစု လူမှုတော်လှန် ရေးသမားတစ်ယောက်ရဲ့ အမြင်တွေဖြစ်ပြီး၊ ရှင်ဘုရင့်ပါးစပ်က ဆိုရှယ်လစ်စကားတွေ ထွက်နေတော့ ဖတ်ရ တာ ပေါ့ပျက်ပျကဖြစ်ပြီး ၀တ္ထုအနေနဲ့လည်း မကောင်း၊ သမိုင်းအနေနဲ့လည်း အသုံးမကျဖြစ်သွားတော့တယ်။

Wednesday, November 17, 2010

ကြီးပွားတိုးတက်ကြောင်းတရား ၇-ပါး။

ကြီးပွားကျော်ကြားစေလိုသူတိုင်း လိုက်နာကျင့်သုံးရမည့်တရား ၇- ပါး။ သမ္ပဒါပုဒ်အဖွင့်မှ။
(၁) ဥဋ္ဌာနတော- မပျင်းမရိ လုံ့လရှိသူ၊
(၂) သတိမတော- သတိသမ္ပဇဉ်ရှိသူ၊
(၃) သုစိ ကမ္ပဿ- လုပ်ငန်း၌ သန့်ရှင်းသပ်ယပ် ကောင်းမွန်သူ၊
(၄) နိသမ္မ ကာရိနော- စူးစမ်းဆင်ခြင် ပြီးမှ အလုပ်လုပ်သူ၊
(၅) သည တဿ- ကိုယ်နှုတ်စိတ်တို့ကို နိုင်နင်းစွာစောင့်ထိန်းနိုင်သူ၊
(၆) ဓမ္မဇီဝိနော-တရားသောနည်းလမ်းဖြင့် အသက်မွေးသူ၊
(၇) အပ္ပမတ္တဿ- ကုသိုလ်တရား၌ မမေ့လျော့သောသူ။

အစိန္တေယျ ဘုရားရှိခိုးကြီး

ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူသော
ပကိဏ္ဏက နမက္ကာရ ဗုဒ္ဓဝန္ဒနာ
အစိန္တေယျ ဘုရားရှိခိုးကြီး
နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
(၁) အစိန္တေယျ ၊ အပ္ပမေယျ ၊သေဋ္ဌ ဇေဋ္ဌ ဓ အတုလရမံ ၊ အရဟံ ဘဂဝါ ၊ သမ္မာသမ္ဗုဒ္ဓဿ၊
အနုတ္တရ မာရဇိ၊တိလောကန္တဂူ ၊ သယမ္ဘူ ဘဝိဿရ ၊ ဤသို့စသား အသေင်္ချယျ ၊နာမတံဆိပ်၊ဂုဏ်ဝိသိဌ် ဖြင့်၊ ဇဗ္မူ
ဒိပ်မှတက်၍ ၊ ဘဝဂ် တိုင်ကြေညာလျက် ၊ကာမ ရူပ၊ အရူပ ဟု ၊သြကာသ သုံးရပ် ၊ လောကဓာတ်၌၊ အမြတ်ထက်
အမြတ်၊ သမိုက်အပ်သော၊ လူနတ်ဗြဟ္မာ ၊ မဟာကဝိန်၊ သုခမိန်တို့သည် ၊ ပညိနြေ္ဒ ရှိတိုင်းဖြင့်၊ ခြားပိုင်းတွက်ကျုံး၍ မဆုံး မကုန် နိုင်၊မကြံစည်နိုင်၊ မအံ့သြနိုင်၊ ပြည့်လှိုင်ထွေပြား၊ များပြားကျယ်ဝန်းသော၊ ကျေးဇူးတော် အပုံ၊ ဂုဏ်တော် အပေါင်းနှင့် ပြည့်စုံတော် မူပေထသော…။

Monday, November 15, 2010

သီရိလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော်များ(MSMA)အဖွဲ့မှ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

Scan 0001

ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဥ်းသားများလွတ်မြောက်မှုအတွက်

students


ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဥ်းသားများလွတ်မြောက်မှုအတွက် လန်ဒန် မြန်မာသံရုံးရှေ့ ၌ ကျောင်းသား ၃ ယောက် ၆ နာရီကြာ ၈.၁၁. ၂၀၁၀ မှ ၁၁.၁၁.၂၀၁၀ နေ့  အထိ ၄ ရက်တိုင်တိုင် ဆန္ဒပြခဲ့ ကြစဉ်
ရဲသူရထွန်း
ဝေဝေသ န္တာထွန်း
မယင်းမာ တို့ ပါ

Sunday, November 14, 2010

ဒေါ်အောင်ဆန်းစုကြည်ဖြတ်သန်းခဲ့ရသည့် ရက်စွဲအချို့ နှင့်ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအကျဉ်း ၊အမေစုပြောသောစကားတချို့

၁၉၈၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ - အစိုးရက
စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် စွဲချက်မတင်၊ တရားမစွဲဘဲ
ဒေါ်အောင်ဆန်းစုကြည်ကို သုံးနှစ်ကြာထိန်းသိမ်းခွင့်ဖြင့်
နေအိမ်အကျယ်ချုပ်ချခဲ့။
၁၉၉၀ပြည့်နှစ် - NLD ပါတီက ရွေးကောက်ပွဲတွင်အနိုင်ရ။ အစိုးရက ရွေးကောက်ပွဲရလဒ်ကို လက်မခံခဲ့။
၁၉၉၁ခုနှစ် - ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဗယ်ဆု ရရှိ။
၁၉၉၅ ခုနှစ် ဇူလိုင်လ ၁၀ ရက် - နေအိမ်အကျယ်ချုပ် သက်တမ်းတိုးမှုများ အကြိမ်ကြိမ်ပြုလုပ်ပြီးနောက်
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးခဲ့။ သို့သော် သွားလာမှုကို
အကန့်အသတ်ဖြင့် ခွင့်ပြုခဲ့။


၂၀၀၀ ပြည့်နှစ်စက်တင်ဘာလ ၂၃ ရက်- ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဖြင့် ထပ်မံထိမ်းသိမ်းခဲ့။
၂၀၀၂ ခုနှစ်၊ မေလ ၆ ရက် - ၁၉ လကြာ ထိမ်းသိမ်းပြီးပြန်လွှတ်ပေးခဲ့
၂၀၀၃ ခုနှစ်၊ မေလ ၃၀ ရက် - ဒီပဲယင်းဖြစ်စဉ်အပြီးတွင် သုံးလကြာ လျှို့ဝှက်ထိမ်းသိမ်းထားခဲ့။
၂၀၀၃ ခုနှစ်၊ စက်တင်ဘာလ - ဆေးကုသမှုခံယူရန် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်သို့ ပြန်ခွင့်ပေးခဲ့ပြီ နေအိမ် အကျယ်ချုပ်ဖြင့် ဆက်လက်ထားရှိခဲ့။
၂၀၀၇ ခုနှစ်၊ မေလ - နေအိမ်အကျယ်ချုပ် သက်တမ်းကို အစိုးရက တစ်နှစ်ထပ်တိုးခဲ့။
၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ - ၂၀၀၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့ ထွက်ပြီး သံဃာတော်များကိုဝတ်ပြုခဲ့
၂၀၀၈ ခုနှစ်၊ မေလ - အစိုးရက နေအိမ်အကျယ်ချုပ်ကို သက်တမ်းတစ်နှစ် ထပ်တိုးခဲ့။
၂၀၀၉ ခုနှစ်၊ မေလ - အမေရိကန်နိုင်ငံသား ဂျွန်ယက်တော ဒေါ်အောင်ဆန်းစုကြည်၏
နေအိမ်ခြံဝန်းထဲသို့ ရေကူးလာ ရောက်ခဲ့ခြင်းကို လက်ခံထားခဲ့မှုကြော့င့် ၁၉၇၅
ခုနှစ်နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ
ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၂၂ အရ တရားစွဲဆိုခံရ။ ၂၀၀၉ ခုနှစ်၊
သြဂုတ်လ - နေအိမ်အကျယ်ချုပ်သက်တမ်းကို ၁၈ လ ထပ် မံတိုးမြှင့်ချမှတ်ခံရ။

ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအကျဉ်း


ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၄၅ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့၌ ဗိုလ်ချုပ်အောင်ဆန်း(အာဇာနည်ခေါင်းဆောင်)-ဒေါ်ခင်ကြည်တို့မှ ဖွားမြင်သည်။
ဖခင်ဖြစ်သူ လုပ်ကြံခံခဲ့ရပြီးနောက် မိခင်ဖြစ်သူဒေါ်ခင်ကြည်၊
အကိုများဖြစ်ကြသည့် အောင်ဆန်းလင်း၊ အောင်ဆန်းဦးတို့နှင့်
အတူကြီးပြင်းခဲ့သည်။ အောင်ဆန်းလင်းမှာ အသက် ၈ နှစ်အရွယ်တွင်
ရေနစ်ကွယ်လွန်ခဲ့သည်။ အောင်ဆန်းလင်းကွယ်လွန်ပြီးနောက် တာဝါလိန်းလမ်းအိမ်မှ
အင်းယားကန်အနီးရှိ အိမ်သို့ပြောင်းရွှေ့ခဲ့သည်။ မက်သဒစ်အင်္ဂလိပ်
အထက်တန်းကျောင်း (ယခု ဒဂုံအထက ၁ ) တွင် ပညာသင်ကြားခဲ့ပြီး
ဘာသာစကားသင်ကြားမှုတွင် ထူးချွန်ခဲ့သည်ဟု သိရသည်။ ၁၉၆၀ ပြည့်နှစ်တွင်
မိခင်ဒေါ်ခင်ကြည် အိန္ဒိယနှင့်နီပေါဆိုင်ရာသံအမတ်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပြီး
နောက် ဒေါ်အောင်ဆန်းစုကြည်လည်း လိုက်ပါသွားခဲ့ကာ ၁၉၆၄ ခုနှစ် တွင်
နယူးဒေလီရှိ လေဒီရှရီရမ်ကောလိပ်မှ နိုင်ငံရေးဘာသာရပ်ဖြင့်
ဘွဲ့ဒီဂရီရခဲ့သည်။ အောက်စဖို့ဒ်တက္ကသိုလ် စိန့်ဟုခ်ျကောလိပ်တွင်
ပညာဆက်လက်သင်ကြားခဲ့ပြီး ဒဿနိက၊ နိုင်ငံရေး၊ စီးပွားရေးဘာသာတွဲဖြင့်
ဘီအေဘွဲ့ရခဲ့သည်။ ဘွဲ့ရပြီးနောက် နယူးယောက်တွင် ကုလသမဂ္ဂ၌ သုံးနှစ်မျှ
အလုပ်လုပ်ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်ခဲ့သူ
မိုက်ကယ်အဲရစ်(Michael Aris) နှင့်လက်ထပ်ခဲ့သည်။
သားနှစ်ယောက်မွေးဖွားခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် လန်ဒန်တက္ကသိုလ်
အရှေ့တိုင်းနှင့် အာဖရိကပညာ ဘာသာရပ်ဖြင့် ပါရဂူဘွဲ့ ရရှိခဲ့သည်။၁၉၈၈
ခုနှစ်တွင် ကျန်းမာရေးချို့တဲ့နေသော မိခင်ဖြစ်သူ ကိုပြုစုစောင့်ရှောက်ရန်
မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ ယင်းနောက်တွင်
မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုတွင် ခေါင်းဆောင်အဖြစ်ပါဝင်ခဲ့ပြီး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဦးဆောင်တည်ထောင်သူတစ်ဦး ဖြစ်ခဲ့သည်။






အမေစုပြောသောစကားတချို့ ကိုကောက်နှုတ်တင်ပြလိုက်ပါတယ်

“ ကျမတို့ပြောနေတာ လဲ နိုင်ငံရေးဘဲ။ အားလုံးနိုင်ငံေ ရးဘဲ။ ကျမတို့ပြည်သူတွေ နိုင်ငံရေးကို နားလည်အောင်လုပ် ပါ။ အရှေ့က လုပ်နေတဲ့သူကို အနောက်က လူက ထိန်းနိုင်ရမယ်။ ဒါဟာ ဒီမိုကရေစီဘဲ။ ကျမတို့ ပြည်သူတွေ ထိန်းသိမ်းတာကို ခံပါမယ်။ တခြားသူ ထိန်းသိမ်းတာကို
မခံနိုင်ဘူး။ ကျမ ထိန်းသိမ်းခံရတဲ့ ချိန်မှာ လုံခြုံရေးသမားေ တွ အများကြီး တွေ့ရပါတယ်။ ကျေးဇူးတင်ထိုက် သူကို ကျေးဇူးတင်ပါတယ် ။ ကျမအပေါ် ကောင်းကောင်းဆက် ဆံတဲ့ သူတွေကိုပါ။ ကျေးဇူးကို သိတတ်တဲ့သူက နည်းတယ်။ ကျေးဇူးသိတတ်တဲ့ သူ ရှားတယ် ဆိုတာကို ကျမကတော့ လက်မခံချင်ဘူး။ ကျေးဇူးသိတယ်ဆို တာ
ဘာလဲ။ တယောက်နဲ့တယောက် သည်းခံရမယ်။ အရှေ့က လူက နောက်ကလူကို သိတတ်ရမယ်။
နောက်ကလည်း ရှေ့ကလူကို သိတတ်ရမယ်။ ဒါဟာ ကျမရဲ့ အခင်းအကျင်းဘဲ။”

“ ပြည်သူကြားမှာ အားလုံးကြားမှာ အမျိုးသား ရင်ကြားစေ့ရေးကို ဆက်လုပ်သွားမယ်။ ဘယ်သူဘဲဖြစ်ဖြစ် အဆင်ပြေအောင် လုပ်ချင်ရင် ရတယ်။ စကားပြောချင်လည်း ရတယ်။ ကျမတို့ဘက်က ပြည်သူ့အင်အားတွေ လိုပါတယ်။ အခု ပြည်သူတွေ ကျမတို့ဘက်မှာရှိတယ်ဆိုတာ သိရတယ်။ ပြည်သူရဲ့ယုံကြည်မှု၊ ပြည်သူရဲ့ ထောက်ခံမှုကို ရယူသွားမယ်။ အခု ဘာလုပ်နိုင်တယ် ဆိုတာကို မပြောနိုင်တာ ခွင့်လွှတ်ပါ။ အပြင်ထွက်ထွက်လာ ခြင်း ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုတာကို ပြောတာက နားမလည်ဘဲ ပြောတယ် ဖြစ်မှာစိုးလို့ ပါ။ ကျမတို့အားလုံး အနာခံရပါတယ်။ လုပ်ဖော်ကိုင်ဘက်တွေလည်း အနာခံခဲ့ရပါတယ်။ အနာခံရမယ်ဆိုရင် သည်းခံပြီး အနာခံကြပါလို့ ကျမပြောချင်တယ်။ လိုတော့လိုချင်တ ယ် အနာတော့ မခံချင်ဘူးဆိုတာ တော့ မဖြစ်ဘူး။ အမှားအမှန်ကို ကိုးစားပြီး သိရမယ်။ အမှန်ဘက်က ရပ်တည်ရမယ်။ အမှားအမှန်က တစ်ချိန်လုံး အတည်ယူလို့မရဘူး ။ အချိန်အတိုင်း ပြောင်းလဲမှု ရှိတယ်။ မှန်မှန်ကန်ကန်နဲ့ဖြစ်လာတဲ့ အင်အားကို ဘယ်သူကမှ ဖြိုလို့မရဘူး။”

“ ကျမကို ထိန်းသိမ်းခဲ့တဲ့ လူတွေအပေါ်မှာလည်း ဘာအာဃာတမှာ မရှိဘူး ”

ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း

ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း

Tuesday, November 9, 2010

့ စစ်ပြေးဒုက္ခသည်များမှတ်တမ်း

မှတ်တမ်းများ

Wednesday, November 3, 2010

birthday ကို လက်ရေးဖြင့်ကန်တော့ပါ၏ဆရာ

မျိုးစေ့ချ၍ စိုက်ပျိုးခဲ့ရာ
ပွင့်လာသည့်ပန်း ဖြူ နီ ပြာ ၀ါ ရောင်စုံသန်းပါစေ
ဘယ်ပန်းလှစေ ဘယ်ပန်းမွှေးစေ
ဘယ်ပန်းသန့်လို့ ဘယ်ပန်းခန့်ယဉ်စေ
ဗိုက်နာမမွေးလည်း မွှေးပါစေ
ပန်ဆင်မည်ဆိုသော သဘောထားလည်းမရှိပေ
ညီတူညီမျှ ကြည်ဖြူရွှင်ပြ
ယုယမြတ်နိုး အပင်ပျိုးသလို
တစ်မျိုးတည်းသောစိတ်ထား
ဥယျဉ်မှုးပမာ အနုရှင်တစ်ဦးဟာ
နှလုံးသားလှသော မြတ်ဆရာ

သြော် ...
တပည့်ဟူသမျှ သူ့ဘ၀ သူ့ကမ္ဘာ
မှတ်ယူကာထား ထပ်တူသားလို
အချိန်ခါမလက် ဆုံးမတတ်သော
မြတ်သောထိုသဘောကို နားမလည်ဘူးဆိုသော
တပည့်တွေကိုပင် အမြဲခွင့်လွတ်
စွတ်စွတ်ဖြူဖြူစင် မေတ္တာရှင်
သွန်သင်ပြသ သည်းခံရှာသော မြတ်ဆရာ...
စေတနာနဲ့ ၀ါသနာ အနစ်နာခံကာ
သုံးတန်အရာ မြင့်မြတ်ပါသော
အနန္တဂိုဏ်းဝင် ခေါ်တွင်ကာ
ရွှေကိုမလို ငွေကိုမလို
တိုင်းပြည်အပေါ်ရယူပိုင်ဆိုင်ခြင်းမရှိပါ


အနုပညာခရီးလမ်းအစ
အဆိပ်ဖြန်းသောပန်းလည်းမဖူးပွင့်စေပါ
တိုင်းပြည်ပင်စည် အရေးလည်း
အဆိပ်ဖြန်းသော အပွေးလည်း မပေးတက်လိုပါ
မွှေးစွ တင့်စွ ယဉ်စွ ပန်းနံ့သာ
ပွင့်လန်းဖြာဖို့ ငေးမောရင်းနဲ့
ဘ၀ ခဏ ထောင်တွင်းလွတ်ကင်းစေဗျာ.....


အကိုဆရာ နှင့်တကွ (နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်လွတ်ကင်းကြပါစေ)...

ကြယ်သီး(သီးလေးသီး)