Wednesday, February 1, 2012

ပိုလာဝက်ဝံရဲ့ ပုံပြင်


မြောက်ဝင်ရိုးစွန်းမှာနေတဲ့ ပိုလာဝက်ဝံရဲ့ ပုံပြင်တစ်ပုဒ်ကို ကြားဖူးပါသလား.... ?
အေးခဲတဲ့ မြောက်ဝင်ရိုးစွန်းမှာ ပိုလာဝက်ဝံတွေဟာ ဘုရင်တစ်ဆူလိုပဲ။ ဒါပေမယ့် အက်စကီးမိုး လူမျိုးတွေက ဘာမှ အင်အားထုတ်စရာ မလိုဘဲ အဲဒီဝက်ဝံတွေကို ဖမ်းနိုင်တယ်။

ဘယ်လိုဖမ်းသလဲဆိုတော့ အက်စကီးမိုးတွေက ဖျံတစ်ကောင်ကို အရင်သတ်လိုက်ပြီး ဖျံရဲ့သွေးကို ပုံးတစ်ခုထဲ ထည့်ထားလိုက်တယ်။ အသွားနှစ်ဖက်ပါတဲ့ ဓါးမြှောင်ကို သွေးထဲမှာ စိုက်ထားလိုက်တယ်။ အရမ်းအေးတဲ့အတွက် ဖျံသွေးဟာ အချိန်တိုအတွင်းမှာ ခဲသွားပါတယ်။ အဲဒီခဲသွားတဲ့ ဓါးမြှောင်ပါတဲ့ ဖျံသွေးကို ပုံးထဲကထုတ်ပြီး ရေခဲပြင်မှာ ပစ်ထားလိုက်ရုံပါပဲ။

Tuesday, January 31, 2012

ပြည်ပရောက် မြန်မာပညာတတ်များ အလိုရှိသည်



ဆရာတွေ နားနေခန်းမှာ ရွှေမြန်မာတွေတင်တဲ့ သတင်းတွေကို ဟိုကလစ် ဒီကလစ် လုပ်နေတဲ့အချိန် အရပ်အမောင်းက မနိမ့်မမြင့်၊ အသားအရေကလည်း ဥရောပတိုက်သားနဲ့မတူ၊ အာရှသားတွေရဲ့ အသားအရေ မျိုးလည်းမဟုတ်တဲ့ အသက် ၃၀ နီးပါး ခန့်မှန်းရတဲ့ လူရွယ်တဦး CDC ကျောင်းအုပ်ကြီး ရုံးခန်းကို ၀င်ရောက်လာပါတယ်။ သူ့ကို ခေါ်လာတဲ့ ပုဂ္ဂိုလ်၊ ရွှေ့ပြောင်း အလုပ်သမား ပညာရေး အတိုင်ပင်ခံ ကိုသိန်းနိုင်က မိတ်ဆက်ပေးပါတယ်။

သင့်ကိုသင် မေးဖို့ မေးခွန်း ၁၀၀

သူတပါးကို ကိုယ်က ဝေဖန်အကဲဖြတ်ရသည်မှာ လွယ်သည်။ သို့ရာတွင် ကိုယ့်ကိုယ်ကိုယ် ဝေဖန်စိစ်ရသည့်အခါ ညှာတာခွင့်လွတ်တတ်ခြင်း၊ ဘက်လိုက်တတ်ခြင်း၊ အထင်ကြီးတတ်ခြင်း၊ လက်တွန့်တတ်ခြင်း၊ စသည်တို့ကြောင့် မှန်ကန်ပြတ်သားခြင်း မရှိတတ်ပေ။ ထိုသို့ဖြစ်တတ်သောကြောင့် ပြုပြင် ရာတွင်လည်း မထိရောက်၊ အမှန်မရောက်ဘဲ ရှိတတ်ပေသည်။

သို့ရာတွင် သူတပါးကို ဝေဖန်သည့်အခါ အပြစ်ကို ကွက်ကွက်ကွင်းကွင်း မြင်ရတတ်သည်။ ထို့ကြောင့် မိမိကိုယ်ကို အကဲဖြတ်ရာတွင် အမှတ်ပေးစနစ်ကို အသုံးပြုရန် လိုသည်။ ယခုအခါ အလှမယ်ရွေးပွဲ၊ လက်ဝှေ့ ပြိုင်ပွဲ၊ လူရွေးပွဲ၊ စာပေပြိုင်ပွဲ စသည်တို့တွင် အကဲဖြတ်များထား၍  ထိုအကဲဖြတ်များက ကောင်းခြင်း၊ စိတ်ကျေနပ်မှုရခြင်းတို့ကို သီးခြားအမှတ်ပေး၍ ဆန္ဒပြုကြရပေသည်။ အမှတ်ပေးရန် စံများကိုလည်း ဦးစွာ ညှိနှိုင်းရေးဆွဲ၍ ထိုစံအတိုင်း အကဲဖြတ် အမှတ်ပေးလေ့ ရှိကြသည်။

အကျဉ်းစံ အရှုံးသမား၏ အညှင်းခံနှလုံးသား(ရေးသားသူ ဆရာတော် ၀ီရသူ)

အကျဉ်းစံ အရှုံးသမား၏ အညှင်းခံ နှလုံးသား (ဆရာတော် ဝီရသူ)

သမိုင်း၏တရားခံ(ရေးသားသူ ဆရာတော် ၀ီရသူ)

သမိုင်း၏တရားခံ (ရေးသားသူ ဆရာတော် ဝီရသူ)သမိုင်းတရားခံ (ဆရာတော် ဝီရသူ)

Thursday, January 26, 2012

ရိုသားစွာကြိုးစားခြင်းဖြင့် ဘဝအောင်မြင်မှုပန်းတိုင်ဆီသို့



မပုကြွယ်နှင့်ခရုငယ်ဆိုတာ မြန်မာပြည်သားတိုင်း နားရည်ဝနေတဲ့ ပုံပြင်တစ်ပုဒ်ပါ။ ဆရာဆရာမတွေရဲ့ပါးစပ်ဖျားမှာတစ်တွတ်တွတ် ရွတ်ဆိုပြနေတဲ့ပုံပြင်ပါ။ကျတိုင်းကျတိုင်း ပြန်တက်ပြီး  နောက်ဆုံးတိုင်ထိပ်ပေါ်ကိုရောက်ရှိသွားတဲ့ခရုငယ်ကိုအတုယူပြီးးအတန်းထဲမှာ အညံ့ဆုံးဖြစ်တဲ့ မပုကြွယ်ဟာမရဘူးလို့ဆုံးဖြတ်ထားတဲ့စာကို အခေါက်ခေါက်ပြန်ပြီးကျက်လိုက်တာ အတန်းထဲမှာ အတော်ဆုံးလူဖြစ်သွားတယ်ခင်ဗျ။

အတွေးအမြင် (စာစဉ်-အမှတ် -၁၆၁၊ ၂၀၀၃ မတ်လ)


ဖောင်စီးလူခုနှစ်မျိုး
လူသားသည် ဘဝကို ကျင်လည်ရခြင်းမှာ အဆုံးအစမရှိသော သမုဒ္ဒရာပြင်ကျယ်တွင် မျောနေသည့် ဖောင်ပေါ်၌ လိုက်ပါနေခြင်းနှင့် တူသည်ဟူသော ဒဿနအမြင်တစ်မျိုးရှိသည်။
ကွဲပြားခြားနားသော လူတို့၏ စရိုက်များသည် ဖောင်ပေါ်၌ ပါရှိသော လူခုနစ်မျိုးနှင့်တူသည်။ ဘဝ၏ ကောင်းရာမှန်သမျှသည် ဒုက္ခကို မြှူဆွယ်ခြင်းသာဖြစ်သည်ဟု တွေးနေသော အဆိုးမြင်ဝါဒီလည်း တစ် ယောက်။ ယနေ့ကို ပျော်ပျော်ခံစားပါဟု ဆိုသော အတ္တဗဟိုပြုဝါဒီလည်း တစ်ယောက်။ (သူသည် ဖောင်ပေါ်တွင် ဇိမ်အကျဆုံး နေရာကို ရရှိရန် တတ်နိုင်သရွေ့အစွမ်းကုန် ကြိုးစားသည်။)
ရှေ့မှာ ရွှေကမ္ဘာကြီးရှိသည်။ မိုးကုတ်စက်ဝိုင်းထဲမှာ ရွှေကမ္ဘာကြီးကို တွေ့တော့မည်ဟု အမြဲတမ်း လှမ်း ကြည့်နေသော အကောင်းမြင်ဝါဒီလည်းတစ်ယောက်။ ခရီးစဉ်မှတ်တမ်းကို ရေးသားရန် အချိန်ရနေသော အကဲခတ်သမားလည်းတစ်ယောက်။(သူသည် ပင်လယ်လှိုင်း၊ ဖောင်နှင် ခရီးသွားဖော်တို့၏ အခြေအနေတို့ကို မှတ်တမ်းတင်ပြီး အကဲခတ်နေတတ်သည်။

ပြည်ဖျက်ခင်ညွှန့် ဘာကြောင့်ဒေါ်လာ ၅၀၀၀ ရခဲ့သလဲ

ကြာသာပတေးနေ့၊ ဇန်နဝါရီလ ၂၆၊ ၂၀၁၂
ဇေကမ္ဘာခင်ရွှေက ခင်ညွန့်ကို တလ အမေရိကန်ဒေါ်လာ ငါးထောင် (ကျပ်ငွေ သိန်း ၄၀ကျော်) လစာပေးမယ်လို့ ဆိုတယ်။
ခင်ညွန့်ရမဲ့လစာ တလ ဒေါ်လာ ငါးထောင်ဆိုတာ ဖိလစ်ပိုင်သမ္မတလစာထက် ၄ ဆများပါတယ်။ ဗီယက်နမ်သမ္မတလစာထက် အဆ၂၀ များတယ်။ ထိုင်းဝန်ကြီးချုပ်လစာထက် ၂ ဆနီးပါးများတယ်။ သဘောကတော့ ခင်ညွန့်ကို သိက္ခာမကျအောင် အာဆီယံခေါင်းဆောင်တွေနဲ့ ခင်ရွှေက ကြေးတန်းညှိပေးလိုက်တာ ဖြစ်ပါတယ်။

Wednesday, January 25, 2012

မလွှတ်ရသေးသောနိုင်ငံရေးအကျဉ်းသားများစာရင်း

Pri02_thumb_medium200_141အကျဉ်းထောင်များအတွင်း ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသားများ စာရင်းဖြစ်ပါသည်။  ဤစာရင်းများတွင် အမှားအယွင်း အချို့ရှိနိုင်ပါသည်။  ဤအတွက် အကြံဥာဏ်ပေး နိုင်ဖို့ ဖုန်းနံပါတ် များလည်း ထည့်ပေးထားပါသည်။ ဤစာရင်းများအားလုံးကို နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှပြုစုထားခြင်း ဖြစ်ပါသည်။

 http://www.phophtaw.org/burmese/index.php/news/local-news/1066-2012-01-25-11-08-24.html

Tuesday, January 24, 2012

ခွင့်လွှတ်ခြင်း


တင်တင်
ခွင့်လွှတ်ခြင်းဆိုတာ သူတစ်ပါးရဲ့ အပြစ်ကို ဖြေလွှတ်ပေးလိုတဲ့ သဘော ကိုယ့်မှာရှိနေပါမှ သို့မဟုတ် တစ်ဖက်သားအပေါ် အေးချမ်းတဲ့ အမြင်နဲ့ ရှုမြင်သုံးသပ်တတ်မှုကိုယ့်မှာ ရှိနေပါမှ အဆင်ပြေချောမွေ့မှာပါ။
သို့သော် ခွင့်လွှတ်နိုင်ဖို့အတွက်တော့ အရာရာ ထည့်သွင်းစဉ်းစားသင့်ပါတယ်။ သူကျူးလွန်တဲ့ အပြစ်ဟာ ဘယ်လိုအပြစ်မျိုးလဲ၊ ဘာအကြောင်းကြောင့်  ခွင့်လွှတ်သင့်သလဲ၊ ခွင့်လွှတ်ပေးပြီးတဲ့နောက် ဘာအကြောင်းဆက် အကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်သလဲလို့ သဘောထားကြီးမြင့်မှုကို ပြသနိုင်ရမှာ ဖြစ်ပေမယ့် မစူးစမ်းမဆင်ခြင်ဘဲ ခွင့်လွှတ်မှုဟာ အချို့ကိစ္စတွေမှာ အဆိပ်ပင်ရေလောင်းဖြစ်တတ်တယ်။

Monday, January 23, 2012

အတွေးအမြင် အမှတ် (၁၇၃) ၂၀၅ ဇွန်လ

ဆူကြုံနိမ့်မြင့်ကွာခြားမှု
ယဉ်ကျေးမှုနှစ်မျိုးရှိသည်။ ပထမတစ်ခုမှာ နေထိုင်စားသောက်မှုသဘာဝဖြစ်သည်။ ဒုတိယတစ်ခုမှာ တွေးခေါ်မြော်မြင်မှုဖြစ်သည်။ နေထိုင်စားသောက်မှုဘဝအတွင် ပထဝီအနေအထား၊ သမိုင်း၊ စီးပွားရေး၊ လူတိုင်း စိတ်ပိုင်းဆိုင်ရာ ပတ်ဝန်းကျင်တို့ ပါဝင်သည်။ ဂီတ၊ သတင်း၊ ပန်းချီ၊ ဗိသုကာ၊ ကျန်းမာသန့်ရှင်းရေးအ လေ့အထများဖြစ်သည်။ ဤယဉ်ကျေးမှုသည် လူမှုအဖွဲ့အစည်း၏ အခြားအလုံးစုံသော ရသအလှခံစားမှု၏ စိုက်ခင်းမြေဘောင်ဖြစ်သည်။
အခြားယဉ်ကျေးမှုတစ်ခု၏ တွေးခေါ်မြော်မြင်မှု ဖွံ့ဖြိုးရေးဘဝသည် လူမှုအဖွဲ့အစည်းအတွင်း တွေးခေါ် ခဲ့၊ ဖွံ့ဖြိုးခဲ့သည်များနောက် အကောင်းဆုံးအညွှန့်ဆုံးတို့၏ ပါးလွှာသော်လည်း အဖိုးတန်သော အလွှာကလေး ဖြစ်သည်။ ယင်းသည် ပန်းနှင့်တူ၏ ပန်းစိုက်ခင်းမြေဘောင်နှင့်ပန်းကို တစ်မျိုးတစ်စားတည်း ထား၍ မရသကဲ့သို့ ရောထွေးစဉ်းစားလျှင်လည်း အကျိုးမရှိပေ။
ကမ္ဘာ့နိုင်ငံများသည် အဘယ်ကြောင့် ဖွံ့ဖြိုးမှုကွာခြားခဲ့ကြသနည်း။ ယနေ့ကမ္ဘာကြီးတွင် အဘယ် ကြောင့်ဆူကြုံနိမ့်မြင့်ဒေသများ ကွဲပြားခြားနားနေကြသနည်း။ ထိုသို့ဖြစ်ရခြင်းမှာ နိုင်ငံများ၏ တည်နေရာ ပထဝီ အနေအထားနှင့် ပတ်ဝန်းကျင်အခြေအနေများကြောင့် လော။ လူမျိုးအသီးသီး၏ ဗီဇနှင့် စွမ်းရည်များ ကွာခြား၍ လော။ နိုင်ငံတစ်ခုချင်း၏ သမိုင်းရေးရာအခြေအနေများကြောင့်လော စသည့် “လော” ပေါးများစွာဖြင့် သုတေသီ များက အဖြေထုတ်ယူကြည့်ခဲ့ကြသည်။
ယင်းသို့ ထုတ်ယူကြည့်သော အဖြေများအနက် မျက်မြင်အနေအထားအရ ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများ သည် ကမ္ဘာကြီးတွင် အပြင်လိုက် အကန့်လိုက်တည်ရှိနေမှုကို အခြေခံစဉ်းစားလျက် နိုင်ငံများ၏ ဖွံဖြိုးမှုကွာခြား ခြင်းသည် ပထဝီတည်နေရာကြောင့် ဖြစ်သည်ဟု အချို့သော သိပ္ပံပညာရှင်များက အဖြေထုတ်ယူခဲ့ကြသည်။ ကမ္ဘာ့သမပိုင်းနှင့် အအေးပိုင်း(တောင်ဘက်ခြမ်း)သည် ဖွံဖြိုးမှုနိမ့်ကျနေသည်ကို သာဓကပဖြစ် ဖော်ထုတ်ကြ သည်။
ရာသီဥတု အနေအထားသည် လူတို့၏ ကာယ၊ ဥာဏ၊ အားထုတ်မှုအပေါ်ရိုက်ခတ်မှုရှိသည်။ လူတို့သည်၏ ကျန်းမာရေးအပေါ်လည်း အကျိုးသက်ရောက်မှုရှိသည်ကို တွေ့ကြရသည်။ သမပိုင်းနှင့် အအေးပိုင်းဒေသ ရာသီဥတုသည် လူတို့အား ဖျက်လက်တက်ကြွစွာ ဇွဲနပဲကြီးစွာအားထုတ်မှုကို ပြုလုပ်နိုင်စေ သည်။ ပူအိုက်စိုစွတ်သော အပူပိုင်းဒေသ ရာသီဥတုတွင် နေထိုင်သူများသည် ကြာရှည် တည်တံ့စွာ ဇွဲနပဲစိုက် ထုတ်နိုင်စွမ်းမရှိဟု သုတေသီများက ပြောကြားသည်။
ဖွံဖြိုးတိုးတက်မှု(အောင်မြင်မှု)ရရှိရန် ကံ၊ ဥာဏ်၊ ဝီရိယ သုံးတန်သုံးဖြာအားမျှညီညွှတ်ဖို့ လိုအပ်သည်။ ကမ္ဘာ တောင်ဘက်ခြမ်း နေသူများသည် မြောင်ဘက်ခြမ်းသားများနှင့် ကံချင်းတူ၊ ဥာဏ်ချင်းတူသည်ထား ဝီရိယ ပို၍ ဖြည့်သွင်းပေးဖို့ လိုမည်ဖြစ်ပေသည်။ ထိုနည်းတူစွာ ချမ်းသာပြီးသူများနှင့် ယှဉ်လျှင် ဆင်းရဲတွင်း ထဲရှိနေသေးသူများက ပို၍ တက်ကြွလှုပ်ရှားကြဖို့ လိုအပ်သည်မှာ ဓမ္မတာဖြစ်ပေသည်။(စာစဉ်-၁၇၃၊ ၂၀၀၅ ဇွန်)

တကမ္ဘာလုံးက လေးစားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်

Sunday, January 22, 2012

အကာနှင့်အနှစ် ဘယ်အရာကိုချစ်မြတ်နိုးကြမလဲ

http://www.mediafire.com/?dlgs8r965khr3k7