Tuesday, June 29, 2010

ဥာဏ်စမ်းပဟေဠိ ဖြေကြည့်ကြရအောင် ၎

ဟိုးရှေးရှေးတုန်းက ဗာရာဏသီပြည်မှာ ပုဏ္ဏား(၇)ယောက်ရှိတယ်။သူတို့ဗေဒင်၊နက္ခက်တွေတွက်ပြ ဟောပြပေးပြီးစီးပွါးရှာတာ အသပြာ ၅၀၀ ရာရတယ်။အဲဒီခောတ်က ငွေ၅၀၀ ဆိုတော့တော်တော်တန်
ဖိုးရှိတာပေါ့။ဒါနဲ့သူတို့က ငါတို့အားလုံးပေါင်း ၇ ယောက်ဖြစ်နေတော့ ပိုက်ဆံနောက်ထပ်၂၀၀ ရအေင်
ထပ်ရှာအုံးမယ်။ ၇၀၀ ရမှတစ်ယောက်တစ်ရာ ခွဲယူမယ် ။အခုအမျိုးသမီးတစ်ယောက်ဆီမှာ အပ်ထားကြမယ်လို့ပြောတော့အားလုံးသဘောတူတာနဲ့ သူတို့အမျိုးသမီးတစ်ယောက်ထံမှာအပ်ပါတယ်။အမျိုးသမီးကို
ငါတို့အခု အပ်ထားတဲ့ ငွေကို ငါတို့အခုအပ်ထားတဲ့ သူ (၇)ယောက်ပြည့်မှပေးပါ။မပြည့်ရင်မပေးပါနဲ့
ဆိုပြီး အပ်ပြီးတော့သွားကြပါတယ်။ ဒါနဲ့သူတို့လည်းခရီးဆက်ကြပါတယ်။အဲဒီအမျိုးသမီးအိမ်နဲ့ မလှမ်း
မကမ်းမှာ မြစ်တွေ့တာနဲ့ ငါတို့ခေါင်းလျှော်ရေချိုးကြရအောင်ဆိုတော့ သူတို့မှာ ခေါင်းလျှော်ရည်ကပါ
မလာဘူး။သူတို့ထဲက ပုဏ္ဏားတစ်ယောက်က သူသွားတောင်းမယ်ဆိုပြီးသွားတောင်းပါတယ်။
ဟိုယောက်တော့ပုဏ္ဏားက တို့အပ်ထားတဲ့ပိုက်ဆံပေးလိုက်ပါဆိုတော့ အမျိုးသမီးက ခုနှစ်ယောက်
ပြည့်မှပေးနိုင်မယ်ဆိုတော့ ပုဏ္ဏားကမယုံရင်လှမ်းမေးကြည့်ဆိုတော့ အမျိုးသမီးက လှမ်းမေးပါတယ်။
တောင်းခိုင်းလိုက်တာဟုတ်သလားဆိုတော့ ပဏ္ဏားတွေကလည်း ခေါင်းလျှော်ရည်မေးတယ်အောင့်မေ့လို့
ဟုတ်ပါတယ်လို့ ၆ ယောက်လုံးက အော်ပြောကြပါတယ်။အမျိုးသမီးလည်း ဟုတ်ပြီဆိုပြီး ပိုက်ဆံငါးရာ
ပေးလိုက်ပါတယ်။ပုဏ္ဏားကအဲဒီပိုက်ဆံယူပြေးပါတယ်။နောက်ပုဏ္ဏားပျောက်နေလို့မသင်္ကာလို့ အမျိုး
သမီးထံပိုက်ဆံသွားမေးတော့ ခုနက တင်ပေးလိုက်ပြီ။အသင်တို့လှမ်းမေးတော့ တောင်းခိုင်တာဟုတ်တယ် ဆိုလို့ပေးလိုက်ပြီ။ဒါဆိုမရဘူး ရော်ပေးရမယ်ဆိုပြီးဘုရင့်ထံခေါ်သွားပါတယ်။ ဘုရင့်ရှေ့ရောက်တော့
ဖြစ်ကြောင်းကုန်စင်ပြောပြတော့ ပုဏ္ဏားတွေပြောတဲ့အတိုင်း ၇ ယောက်မပြည့်ပဲ ပေးတဲ့အတွက် ပြန်ရော်
ပေးလိုက်လို့အမိန့်ချပါတယ်။မရော်နိုင်ရင် ပုဏားတစ်ယောက်စီမှာ ၆ လဆီလှည့်ပြီးကျွန်ခံစေလို့အမိန့်ချပါ
တယ်။ကျွန်လိုက်ခံနေရပါတယ်။အမျိုးသမီးကြီးဆီမှာ သမီးလေးတစ်ယောက်ရှိပါတယ်။အဲဒီအမျိုးသမီးလေး
ကပညာကျိုးစားရှာပါတယ်။စာတွေတအားဖတ်ပါတယ်။သူအမေကိုဘာလို့အခုလိုကျွန်ခံနေတာလဲမေးတော့
အကြောင်းစုံသိသွားတဲ့အခါမှာ ဟာအမေဒါဆိုဘာလို့ကျွန်ခံရမှာလဲ လာအမေ ဘုရင်နန်းတော်သွားမယ်
ဒီအမှုကိုကျမရင်ဆိုင်မယ်ဆိုပြီးနန်းတော်ကိုသွားပါတယ်။ဒီအမှုကိုဘုရင်ကြီးဆီမှာပုဏ္ဏားတွေကိုပြန်ခေါ် ခိုင်းပြီးအမှုရင်ဆိုင်လိုက်တာ အဲဒီသားအမိနိုင်သွားပါတယ်……ကဲဇာတ်လမ်းကတော့ ဒါပါပဲ…..အမေးကတော့ အဲဒီအမျိုးသမီးလေးနေရာမှာနေပြီး အမျိုးသမီးလေး ဘယ်လိုလွတ်မြောက်အောင်အမှုရင်ဆိုင်သွား
တယ်ဆိုတာကို …အမျိုးသမီးလေးကိုယ်စားဖြေပေးစေချင်ပါတယ်…….မဖြေနိုင်ရင်ကျွန်ဘ၀ကမလွတ်ပဲ
နေမယ်နော်….ကဲပြောနေကြာတယ်ဝိုင်းဝန်း ဖြေကြည့်ကြပါအုံးစို့……….
မှတ်ချက်….သူများအဖြေကိုအရင်မကြည့်ပဲမှားမှားမှန်မှန် ကိုယ်ပိုင်ဥာဏ်ဖြင့်ဖြေပေးစေလိုပါတယ်။
ဦးကင်း

0 comments:

Post a Comment