Wednesday, November 3, 2010

birthday ကို လက်ရေးဖြင့်ကန်တော့ပါ၏ဆရာ

မျိုးစေ့ချ၍ စိုက်ပျိုးခဲ့ရာ
ပွင့်လာသည့်ပန်း ဖြူ နီ ပြာ ၀ါ ရောင်စုံသန်းပါစေ
ဘယ်ပန်းလှစေ ဘယ်ပန်းမွှေးစေ
ဘယ်ပန်းသန့်လို့ ဘယ်ပန်းခန့်ယဉ်စေ
ဗိုက်နာမမွေးလည်း မွှေးပါစေ
ပန်ဆင်မည်ဆိုသော သဘောထားလည်းမရှိပေ
ညီတူညီမျှ ကြည်ဖြူရွှင်ပြ
ယုယမြတ်နိုး အပင်ပျိုးသလို
တစ်မျိုးတည်းသောစိတ်ထား
ဥယျဉ်မှုးပမာ အနုရှင်တစ်ဦးဟာ
နှလုံးသားလှသော မြတ်ဆရာ

သြော် ...
တပည့်ဟူသမျှ သူ့ဘ၀ သူ့ကမ္ဘာ
မှတ်ယူကာထား ထပ်တူသားလို
အချိန်ခါမလက် ဆုံးမတတ်သော
မြတ်သောထိုသဘောကို နားမလည်ဘူးဆိုသော
တပည့်တွေကိုပင် အမြဲခွင့်လွတ်
စွတ်စွတ်ဖြူဖြူစင် မေတ္တာရှင်
သွန်သင်ပြသ သည်းခံရှာသော မြတ်ဆရာ...
စေတနာနဲ့ ၀ါသနာ အနစ်နာခံကာ
သုံးတန်အရာ မြင့်မြတ်ပါသော
အနန္တဂိုဏ်းဝင် ခေါ်တွင်ကာ
ရွှေကိုမလို ငွေကိုမလို
တိုင်းပြည်အပေါ်ရယူပိုင်ဆိုင်ခြင်းမရှိပါ


အနုပညာခရီးလမ်းအစ
အဆိပ်ဖြန်းသောပန်းလည်းမဖူးပွင့်စေပါ
တိုင်းပြည်ပင်စည် အရေးလည်း
အဆိပ်ဖြန်းသော အပွေးလည်း မပေးတက်လိုပါ
မွှေးစွ တင့်စွ ယဉ်စွ ပန်းနံ့သာ
ပွင့်လန်းဖြာဖို့ ငေးမောရင်းနဲ့
ဘ၀ ခဏ ထောင်တွင်းလွတ်ကင်းစေဗျာ.....


အကိုဆရာ နှင့်တကွ (နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်လွတ်ကင်းကြပါစေ)...

ကြယ်သီး(သီးလေးသီး)

0 comments:

Post a Comment