Tuesday, April 12, 2011

နှစ်သစ်မင်္ဂလာဆုတောင်း

မြန်မာ့သင်္ကြန်

သင်္ကြန်ရဲ့ အဓိပ္ပါယ်မှာ ကူးပြောင်းခြင်းပါပဲ။နှစ်ဟောင်းက နေ နှစ်သစ်ကိုကူးပြောင်းတာကို
ခေါ်တာပါ။ရေသည်အေးမြကြည်လင်စေသည်။အညစ်အကြေးတွေကို ဆေးကြောပေးသည်။
ကုသိုလ်တရားသည် စိတ်နှလုံးကို အေးမြကြည်လင်စေသည်။အကုသိုလ်စိတ်ညစ်ညူးထိုင်းမှိုင်းမှုတွေ
မတရားမှုတွေကို ပပျောက်အောင်ပြုလုပ်ပေးသည်၊ ဆေးကြောပေးသည်။ကုသိုလ်စိတ်တွေဖြစ်နေတဲ့
အချိန်အတွင်း အကုသိုလ်စိတ် ညစ်ညူးမှုတွေဝင်ရောက်ခွင့်မရသည့်အတွက် မိမိသူတစ်ပါးနှစ်ဦးလုံး
ဝမ်းမြောက်ကြည်နူးစိတ်ချမ်းသာကြရ၏။ ရေ၏ဂုဏ်အင်္ဂါနှင့် ကုသိုလ်၏ဂုဏ်အဂါင်္တူတဲ့အတွက်
ရေများဖြန်းပတ်တဲ့အခါ ကုသိုလ်တရားတွေကို အမှတ်ရဖို့ ကုသိုလ်တရားတွေအားထုတ်ဖို့ကို တိုက်တွန်း
သည့်အနေဖြင့်ရေးများဖြန်းပတ်ကြခြင်းဖြစ်ပါတယ်။ဒါကြောင့်သင်္ကြန်တွင်းမှာ သာသနာ့ဘောင်သို့ကိုရင်၊
ရဟန်းအဖြစ်ဝင်ရောက်ကာ တရားအားထုတ်ကြခြင်း၊ ဥပုသ်သီလ စောင့်သုံးကြခြင်း၊မေတ္တာပို့သခြင်းများ
ကိုပြုလုပ်ကြပါသည်။ နှစ်ဟောင်းကုန်ဆုံးလို့ နှစ်သစ်ကိုကူးပြောင်းတော့မှာဖြစ်သည့်အတွက် မိမိရဲ့ နှစ်
ဟောင်းတစ်နှစ်တာ ကိုပြန်လည်စစ်ဆေးသင့်ပါတယ်။ မိမိသာသနာ၊မိမိနိင်ငံအတွက် ဘာတွေတာဝန်
ကျေပွန်စွာထမ်းဆောင်ပြီးပြီလဲ။မိမိကြောင့်ဘယ်လောက်အကျိုးရှိသွားလဲ။မိမိကြောင့်မိမိဝန်းကျင်ကြီး
ဘယ်လောက်ချမ်းသာတွေရသွားကြလဲ။ဒါမှမဟုတ် မိမိဟာ မိမိသာသနာ၊မိမိနိုင်ငံ ကိုဘယ်လောက်
ဆင်းရဲဒုက္ခပေးမိပြီလဲ၊ဘယ်လောက်ဖျက်ဆီးမိနေပြီလဲပြန်လည်စစ်ဆေးပါ။ မိမိကြောင့်မိမိသာသနာ၊မိမိ
နိုင်ငံနှင့်တကွကမ္ဘာလောကကြီးချမ်းသာရတယ်ဆိုရင်မိမိဟာ တကယ်တန်ဖိုးရှိတဲ့လူပဲ။လူအများကလည်း
ကိုယ့်ကိုချစ်မြတ်နိုးလေးစားနေပါလိမ့်မယ်။ မိမိကြောင့်မိမိသာသနာ၊မိမိနိုင်ငံနှင့်တကွကမ္ဘာလောကကြီး
ဟာ စိတ်ဆင်းရဲကိုယ်ဆင်းရဲတွေဖြစ်နေရတယ်ဆိုရင်တော့ မိမိဟာ တန်ဖိုးမဲ့တဲ့သူ လူတိရစ္ဆာန်စာရင်းထဲကိုဝင်သွားပါလိမ့်မယ်။လူအများကလည်း မိမိကို မသေခင်က သေကြပါစေလို့ဆုတောင်းနေကြပါလိမ့်မယ်။
ဒါကြောင့် နှစ်ဟောင်းမှာမှားခဲ့ရင် အမှန်ကိုပြင်လို့ လာမည့်နှစ်သစ်မှာ မိမိဟာ မိမိသာသနာ၊မိမိနိုင်ငံနှင့် တကွကမ္ဘာလေကကြီးကို ကောင်းကျိုးချမ်းသာတွေစွမ်းဆောင်ပေးနိုင်သော တန်ဖိုးရှိသောလူများဖြစ်နိုင်
ကြပါစေကြောင်း နှစ်သစ်မင်္ဂလာဆုတောင်းပေးလိုက်ပါတယ်။
အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ
                                                      မင်းသုည.

0 comments:

Post a Comment